← Chapters

မီးလျှံ ကမ္ဘာ။

Vol. 38 Ch. 523

မီးလျှံ ကမ္ဘာ။

Vol. 38 Ch. 523

“ အစ်ကိုလင်း၊ ဝင်ပေါက်က အဲဒီ ဘက်မှာပဲ။ ”

ဦးတည်ရာ တစ်ရပ် ဆီသို့၊ လက်ညှိုး ထိုးပြသည့် လမ်းကြောင်း အတိုင်း၊ လင်းယွန်က လှမ်းကြည့် လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် ပန်း ထံမှ စိတ်လှုပ်ရှား လာသော ခံစားချက် များကို ရရှိ လိုက်သည်။

“ သွား ရ အောင်။ ”

စိတ်လှုပ်ရှား မှုကို မျိုသိပ် လိုက်ပြီး၊ ဂေါင်မင် နှင့် အတူ၊ လျင်မြန်စွာ ပျံသန်း သွားလိုက် သည်။

ထိုလုပ်ရပ် များကြောင့်၊ လူတိုင်း၏ အာရုံစိုက် မှုကို ခံလိုက် ရသည်။ အကြောင်း ပြချက် မရှိဘဲ၊ မည်သူမျှ ငရဲ တံခါးသို့ သွားရောက်မည် မဟုတ်ခေျ။

အမာခံ တပည့် များသာ ဝင်ခွင့် ရှိသော ကြောင့်၊ ဖြစ်သည်။

“ သူတို့ ဘာလုပ် နေကြ တာလဲ။ ”

“ အပြာရောင် ဝတ်ရုံနဲ့ လူက၊ ပန်း သင်္ချိုင်း ဓားသမား လင်းယွန် ဖြစ်ပုံ ရတယ်။ ”

“ ဟုတ်တယ် အဲဒါ သူပဲ၊ လွန်ခဲ့တဲ့ ဆယ်ရက်က ဂူတန်းကို အနိုင် ယူပြီး၊ အရှက်ခွဲ ခဲ့တာကြောင့်၊ အခုဆို ဂူတန်းက မျက်နှာတောင် မပြဝံ့ တော့ဘူး။ ”

“ သူက အမည်ခံ အုပ်စိုးရှင် တွေရဲ့ အုတ်မြစ်ကို၊ ပြမယ် ဆိုပြီး၊ အမှိုက် တစ်စလို ရှုံးနိမ့် သွားခဲ့ ရတယ်။ ”

“ ဂူတန်းက အကယ်ဒမီကို အရှက် ခွဲ့ခဲ့ တာပဲ၊ အဲ့ဒါတွေ ထားပါ ... သူတို့ နှစ်ယောက် ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ ငရဲ နယ်မြေ ထဲကို ဝင်မို့လား။”

“ မင်း နောက်နေတာ တော့၊ မဟုတ် ပါဖူးနော်။ ”

လင်းယွန်နှင့် ဂေါင်မင်ကို ကြည့်ပြီး၊ လူတိုင်း၏ မျက်နှာ ပေါ်တွင်၊ သံသယများ ဝင်ရောက် လာ ကြသည်။

ရင်ပြင်၏ အလယ် ဗဟိုတွင်၊ ဆန်းကြယ် သည့် ကမ္ဘာသစ် တစ်ခု ဆီသို့၊ ဖြတ်သန်း သွားပုံ ရသော မီးလျှံ ကြိုး တစ်ချောင်း ရှိသည်။

တစ်ခါ တစ်ရံတွင်၊ ရက်စက် ကြမ်းကြုတ်သော သားရဲ ကောင်ကြီး ဟိန်းဟောက် နေသကဲ့သို့၊ အဆိုပါ မီးလျှံ အတွင်းမှ ပေါက်ကွဲ သံများ ကြားနေ ရ တတ်သည်။

“ ဒါက ငရဲ နယ်မြေလား။ ”

ကြောက်မက်ဖွယ် အငွေ့ အသက်ကို သတိ ပြုမိ သဖြင့်၊ လင်းယွန်က မီးလျှံထံ ကြည့်ကာ မေးလိုက် သည်။

“ ဒဏ္ဍာရီ အရတော့၊ ထာဝရ နတ်ဘုရားကြီး တစ်ပါးက၊ နတ်ဘုရား မီးတောက် တစ်ခုကို သန့်စင်ဖို့ အတွက်၊ ဒီနယ်မြေကို ဖန်တီးခဲ့ တာလို့ ဆိုတယ်၊ ... ”

( ထာဝရ နတ်ဘုရားကြီး= ဗြဟ္မာကြီး )

“ ... အခုတော့ ဒီနယ်မြေက စီရင်စု မြို့တော်မှာ ထွက်ပေါ် လာတယ်၊ အကယ် ဒမီ သာ မကဘူး၊ ယန်နန်းတော် အပါ အဝင်၊ အခြားသော အမည်ခံ အုပ်စိုးရှင် အင်အား စုတွေ အကုန်လုံး၊ အသုံး ပြုခွင့် ရှိတယ်၊ ငရဲဘုံ ကို လေးလွှာ ထပ်ခွဲထား ပါတယ်။ ”

ရှင်းပြ လာသော စကားကြောင့် လင်းယွန်က အံ့သြ သွားခဲ့ သည်။ ငရဲ နယ်မြေတွင် ဤမျှ ခိုင်လုံသော ဇာစ်မြစ်ရှိ လိမ့်မည်ဟု၊ မထင် ထားခဲ့ မိပေ။

“ အစ်ကိုလင်း၊ အဲဒီမှာ ရှိတဲ့ တခြားသော အင်အားစု တွေနဲ့၊ ရန် မဖြစ်တာ အကောင်းဆုံး ပါပဲ၊ မင်း တစ်ခုခု ဖြစ်သွားရင်၊ ဒီနယ်မြေရဲ့ တုံ့ပြန် မှုကို ခံရပြီး၊ နောက်ဆက်တွဲ ဆိုးကျိုး တွေက ပြင်းထန် လွန်းတယ်၊ ... ”

“ ... ပုံမှန် အတိုင်း ဆိုရင်၊ လူတိုင်းကို ငရဲဘုံ အတွင်းမှာ၊ တိုက်ခိုက်ခြင်း မပြုဖို့၊ သတိ ပေးထား ကြတယ်၊ နစ်နာမှုက အရမ်း ကြီးမား လို့ပဲ။ ”

လေးနက်သော အမူ အရာဖြင့်၊ ထပ်မံ သတိပေး လာခဲ့သည်။

“ ငါ ... နားလည်ပြီ အစ်ကိုဂေါင်၊ မင်းငါ့ကို ဒီမှာ စောင့်လို့ ရတယ်။ ”

လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ မြေပေါ်တွင် တည်းတည်းကြီး တောက်လောင် နေသော မီးလျှံ ထဲသို့၊ လှမ်းဝင် သွား လိုက်သည်။

မီးလျှံ ထဲတွင် ကွဲလွဲ နေသော နယ်မြေကို၊ ပိတ်ဆို့ ထားသည့် တံခါး တစ်ချပ် ရှိနေ သဖြင့်၊ မည်သို့ပင် ကြိုးစား စေကာမူ မဝင်နိုင် ခဲ့ပေ။

ချက်ချင်းပင် ပတ်ဝန်း ကျင်မှ ရယ်မော သံများ ထွက်ပေါ် လာသည်။ ဤတံခါးအား အမာခံ တပည့် များမှ၊ လွဲ၍ အခြား မည်သူ မဆို ဖြတ်သန်း ဝင်ရောက်ရန်၊ မဖြစ် နိုင်ပေ။

လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊ မိုလင်း ပေးသော သင်္ကေတကို ထုတ်ယူ လိုက်သည်။

နောက် တစ်စက္ကန့် အတွင်းတွင်၊ တံခါး ထံမှ လေဝဲကြီး တစ်ခု ထွက်ပေါ် လာပြီး၊ သူ့အား စုပ်ယူ သွားတော့သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ သူ တကယ် ဝင်သွား တာလား။ ”

“ ဧည့် သင်းထောက် တစ်ယောက်က၊ ငရဲဘုံကို ဘယ်လိုလုပ် ဝင်နိုင် ရတာလဲ။ ”

ထိုမြင်ကွင်းကြောင့် ပတ်ဝန်း ကျင်ရှိ၊ လှောင်ရယ် နေကြသော တပည့်များ အားလုံး အံ့အား သင့်သွား ကြသည်။

အကယ် ဒမီထဲ ဝင်ခဲ့ သည်မှာ လဝက် မျှသာ ရှိသေးသော၊ ဧည့်သင်းထောက် တစ်ယောက်၏ အဆင့် အတန်းပေါ် နားမလည် ခဲ့ပေ။

သူတို့ အားလုံးမှာ အကယ် ဒမီသို့ ရောက်ရှိ လာသည်မှာ၊ တစ်နှစ်မှ နှစ်နှစ် အထိ၊ ကြာညောင်း နေသူများ ဖြစ်သော်လည်း၊ ဤသို့ အခွင့် အရေး မရှိ သေးချေ။

ပြင်ပ တွင်သာ ကျင့်ကြံ နေရမြဲ ဖြစ်သည်။ လင်းယွန်က မည်သို့ အခွင့် အရေး ရရှိ သွားသည်ကို၊ နားမလည် နိုင်ကြ သောကြောင့်၊ စိတ်ရှုပ်ထွေး မိခြင်း ဖြစ်၏။

လူတိုင်း၏ မျက်လုံး များတွင်၊ တွန့်ဆုတ် မှုများ ရှိနေ သော်လည်း၊ ၎င်းကို အားကျ နေဆဲ ဖြစ်သည်။

စုပ်ယူ မှုမှ လွတ်မြောက် သွားချိန်တွင်၊ လင်းယွန်၏ အမြင် အာရုံများ ပြန်လည် ကြည်လင် လာပြီး၊ မီးလျှံများ ဖုံးလွှမ်း နေသော ကမ္ဘာ ကြီးအား၊ မြင်လိုက် ရသည်။

ကောင်းကင်ကြီး တစ်ခုလုံး မှိုပွင့်ကြီး တစ်ပွင့် ကဲ့သို့၊ မီးလျှံ များဖြင့် ဖုံးလွှမ်း နေပေ သည်။

တစ်ခါ တစ်ရံတွင် ရုတ်တရက် ကြွေကျ လာသော မီးတောက် များကြောင့်၊ ထိတ်လန့်စွာ နောက်တစ်လှမ်း ဆုတ်မိ၏။

လောက တစ်ခု လုံးတွင် သိပ်သည်းသော ဝိညာဉ် စွမ်းအင် များဖြင့် ပြည့်နှက် နေပြီး၊ နေရာ အနှံ့၌ သူ့လို စူးစမ်း နေသော လူရွယ် များကို၊ မြင်တွေ့ နိုင်သည်။

ပြီးနောက် လေထဲတွင် မျောနေသော မီးသင့်ကေျာက် တုံးကြီး များကို နင်းဖြတ်ကာ၊ ကောင်းကင်သို့ စတင် ခုန်တက် သွားတော့ သည်။

နယ်ပယ် အသစ်တွင် ထိတ်လန့် နေစဉ်၊ အခြား သူများက သူ့အား ဖြတ်ကျော် သွားခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်း ကျင်ရှိ လူငယ်များ ထံမှ အားကောင်းသော ရောင်ဝါကို သူ ခံစား နိုင်သည်။

၎င်းတို့ အားလုံးမှာ အမည်ခံ အုပ်စိုးရှင် များနှင့်၊ ယန်နန်းတော်၏ အမာခံ တပည့်များ ဖြစ်ရ ပေမည်။

“ ငရဲ နယ်မြေမှာ အလွှာ လေးခု ရှိတယ်၊ မြင့်လေလေ၊ ဝိညာဉ် စွမ်းအင် ပိုသိပ်သည်း လေပဲ၊ စတုတ္ထ အလွှာ မှာ ဆိုရင်၊ ဆန်းကြယ်တဲ့ အာကာသ တစ်ခု ရှိနေ တယ်လို့ ကြားထား တယ်၊ ပထမ အလွှာက အမာခံ တပည့် တွေရဲ့ လိုအပ် ချက်ကို ဖြည့်ဆည်း နိုင်ပုံ မရဘူး။ ”

တီးတိုး ရေရွတ်ပြီး၊ မဆိုင်း မတွပင် ဒုတိယ အလွှာ ဆီသို့ ပျံသန်း သွား လိုက်သည်။

တခြား သူများ ကဲ့သို့ပင် ပထမ အလွှာ၏ လေထုကို မကျေနပ် နိုင်ချေ။ နောက်ဆုံးတွင် မိုလင်း၏ တံဆိပ် ပြားကို အသုံး ပြုရန်၊ တစ်ရက်သာ အချိန် ရပေသည်။

ထို့ကြောင့် လေးနက်သော ခြေလှမ်း ခုနှစ် လှမ်းကို အသုံးပြုကာ၊ ကောင်းကင် ပေါ်သို့ တိုးဝင် လာမိခြင်း ဖြစ်၏။

ရွှေကျီးကန်း တံဆိပ်က နောက်ကျောတွင် တောက်ပ လာပြီး၊ တစ်ဟုန်ထိုး တိုးထွက် သွားသည်။

ကောင်းကင်မှ ကျလာသော မီးတောက်ကြီး များကို ရှောင်လွှဲကာ၊ သဏ္ဍာန်မဲ့ အလွှာ တစ်ခုဖြင့်၊ ပိတ်ဆို့ ထားသော တံခါးဝ ဆီသို့ ရောက်ရှိ လာသည်။

ထို့ကြောင့် တစ်ချက် စူးစမ်း လိုက်ပြီး၊ လက်သီးဖြင့် ထိုးခွဲ ပစ်လိုက်၏။ အတား အဆီး ပြောက်ကွယ် သွားသည်နှင့်၊ ဒုတိယ အလွှာထဲ လှမ်းဝင် လိုက်သည်။

နေရာ အနှံတွင် ကျင့်ကြံ သူများစွာ ရှိနေ၏။ လေထုကို တစ်ချက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီး၊ ခေါင်းယမ်းကာ၊ တတိယ အလွှာ ဆက် သွားရန် ပြင်လိုက်သည်။

ဆယ့်ငါးမိနစ် အကြာတွင် တတိယ အလွှာသို့ ထပ်မံ ရောက်ရှိ လာသည်။ တတိယ အလွှာတွင် ကျင့်ကြံရန်၊ အလယ် အလတ် ယင် အဆင့်၊ ကျင့်ကြံမှု မျိုး လိုပေသည်။

သူ့ အနေဖြင့် ကနဦး ယင် အဆင့် တွင်သာ၊ ရှိသေး သော်လည်း၊ အထွတ် အထိပ် ဒရာကိုဖီ ခန္ဓာ ကိုယ်ကြောင့်၊ ၎င်းနှင့် ယှဉ်နိုင်သည်။

အတိ အကျ ဆိုရ ပါမူ၊ သာမာန် အလယ် အလတ် ယင် အဆင့်၊ ကျင့်ကြံ သူများကို အနိုင်ယူ နိုင်၏။

တတိယ အလွှာတွင် မိုးကုတ် စက်ဝိုင်းကို ဖြတ်၍ မီးတောက်များ မရေ မတွက် နိုင်အောင် ကြွေကျ နေပေသည်။

အာကာပြင် တစ်ခုလုံး မီးလျှံများ နှင့်အတူ၊ အပူ ရှိန်များ လျှံလျှံညီး လာ၏။

တစ်ချိန်တည်း မှာပင်၊ လေထု ထဲတွင် ရှိနေသော မီးစွမ်းအင် များကြောင့်၊ ခရမ်းရောင် ပန်းမှာ၊ ငြိမ်သက် သွားသည်။

ဤအရာက တတိယ အလွှာရှိိ ဝိညာဉ် စွမ်းအင်သည်၊ သူ့ အတွက် လုံလောက် သည်ဟု ဆိုလို ခြင်း ပေပင်။ ယင်းကြောင့် လင်းယွန်က ခေါင်းညိတ် လိုက်သည်။

တိတ်ဆိတ်သော နေရာကို ရှာကာ၊ ထိုင်ချပြီး ကျင့်ကြံရန် ပြင်မိသည်။ မြေပြင်ရှိ အပူရှိန် များက တင်ပါးမှ တဆင့်၊ သူ့ခန္ဓာ ကိုယ်ထဲ စီးဝင် လာ၏။

၎င်းကို ခံနိုင်ခြင်း မရှိ ခဲ့သော်၊ သည်အလွှာ၌ ကြာကြာ နေနိုင်မည် မဟုတ်ချေ။ သူ့ကဲ့ သို့ပင် ထိုင်နေသော၊ အခြား သူများ ခန္ဓာ ကိုယ်တွင်၊ မီးလျှံများ တောက်လောင် နေပေ သည်။

မီးတောက် တစ်ခု စီ၏ အရွယ် အစားများ၊ ကွဲပြား သည်ကို၊ သတိပြု မိ၏။ အချို့သော မီးတောက် များမှာ သုံးပေ ဝန်းကျင်သာ ရှိပြီး၊ အချို့က ပေ သုံးဆယ်ကျော် လေသည်။

ပေ သုံးဆယ်ကျော် တောက်လောင် နေသည့်၊ မီးတောက် တိုင်းတွင်၊ လျှပ်စီးများ ဖြစ်ပေါ် နေသည်။

၎င်းလျှပ်စီး များထဲရှိ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် အတက် အကျကို၊ အဝေး မှပင် ခံစား နိုင်သည်။

“ လျှပ်စီး ကြောင်းက ကြောက်မက်ဖွယ် ကောင်းပြီး၊ စွမ်းအင် ပမာဏ ပိုများ ပုံရတယ်၊ … ”

ထိုဖြစ်စဉ် အောက်တွင် ကျင့်ကြံ နေနိုင်သော သူမျိုးမှာ၊ နေသာ စီရင်စု၏ သန်မာသော ပါရမီရှင် တစ်ဦး ဖြစ်နိုင် ပေမည်။

သူတို့၏ ရဲဝင့်သော လုပ်ရပ် အပေါ်၊ သဘောကျ မိ၏။ သို့သော် မကြာ မီတွင် ကျင့်ကြံရန် အတွက်၊ မျက်လုံး များကို မှိတ်ကာ၊ ဓားသုတ္တန်အား ဖြန့်ဝေ လိုက်သည်။

ခရမ်းရောင်ပန်း တစ်ပွင့် ထွက်ပေါ် လာကာ၊ ပတ်ဝန်း ကျင်မှ ဝိညာဉ် စွမ်းအင် များကို၊ စတင် စုပ်ယူ တော့၏။

တစ်ချိန်တည်း မှာပင်၊ တောက်လောင် နေသော ဝိညာဉ် စွမ်းအင်များ တိုးဝင် လာသည် နှင့်အမျှ၊ မြေပြင်က တုန်ခါ လာလေသည်။

ခန္ဓာကိုယ် တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်း လာပြီး၊ လောင်ကျွမ်း နေသည့် ဝေဒနာကို ခံစား လိုက်ရသည်။

ဓားသုတ္တန်ကို ဖြန့်ကျက် စဉ်တွင်၊ အရှိန် ပြင်းပြင်းဖြင့် စုပ်ယူ မိသောကြောင့်၊ သူ့ အပေါ်ရှိ မီးတောက် များက၊ ပို၍ သိပ်သည်း လာသည်။

ဤနေရာ၌ ကျင့်ကြံ ခြင်းဖြင့်၊ များစွာ လျင်မြန် နိုင်ကြောင်း၊ ချက်ချင်း သဘောပေါက် လာမိ၏။

မီး စွမ်းအင် များမှာ အဆုံးမဲ့ ဖြစ်ပြီး၊ ခရမ်းရောင်ပန်း လိုအပ် သမျှ အဆုံးမဲ့ ထောက်ပံ့ ပေးနိုင် လေသည်။

သို့သော် သတိ မထား မိပါက၊ လောင်ကျွမ်း ပြာကျ သွားနိုင်သည်။

ဤနေရာသည် အသွား နှစ်ဖက် ပါသော ဓား တစ်လက် ဖြစ်ပြီး၊ သူ့ကိုယ်သူ ကောင်းစွာ တိုင်းတာ နိုင်ရ ပေမည်။

ဆိုလို သည်မှာ မီတာ သုံးဆယ် ကျော်သော မီးတောက်ကြီး များသည်၊ အမှန် တကယ်ပင် အန္တရာယ် ရှိပေ၏။

သူ့ကိုယ်သူ ကာကွယ်ရန် အတွက်၊ ငွေရောင် မူလ စွမ်းအင်ကို ဖြန့်ကျက်ထား ရပြီး၊ မဆင် မခြင် မလုပ် ဝံ့ သေးပေ။

ဓားသုတ္တန်တွင် အေးစက်သော ဂုဏ်သတ္တိ ရှိသော ကြောင့်၊ တောက်လောင် နေသော မီး စွမ်းအင်နှင့်၊ ရင်ဆိုင် ရသော အခါ တည်ငြိမ်စွာ ထိန်းသိမ်း နိုင်ခဲ့သည်။

ထို့အပြင်၊ လောင်ကျွမ်း ခြင်းမှ အကာ အကွယ် ပေးနိုင်သော ဒရာကိုဖီ နည်းစနစ် ကိုလည်း၊ ပိုင်ဆိုင် ထား ပြန်သည်။

မီး စွမ်းအင်များ ခန္ဓာကိုယ် ထဲသို့၊ စိမ့်ဝင်လာ သည်နှင့်၊ ခရမ်းရောင် ပန်းမှာ အရှိန် အဟုန်ဖြင့် ကြီးထွား လာလေပြီ။

သစ်သား စိတ်ဝိညာဉ် တောင်ကုန်းတွင်၊ ရပ်တန့် သွားသော သူ၏ ကျင့်ကြံ မှုက၊ ပြန်လည် မြင့်တက် လာခဲ့သည်။

ယင်အဆင့် ရောက်သည်မှာ၊ တစ်လသာ ရှိသေး သောကြောင့်၊ တစ်စုံ တစ်ယောက် အနေဖြင့်၊ ထိုသို့သော တိုးတက် မှုကို ပြုလုပ် နိုင်ရန် ခက်ခဲ နိုင်ပေမည်။

“ ငရဲ နယ်မြေက ‘ကေျာ်’ သလောက်လည်း၊ တကယ် စွမ်းတဲ့ နေရာ ပါပဲ။ ”

အပေါင်း လက္ခဏာ ဆောင်သော ပြောင်းလဲမှု များကို ခံစား မိသော အခါ၊ ပျော်ရွှင် သွားရသည်။

ဂေါင်မင် ပေးသော အကြံ ပြုချက်မှာ၊ တကယ်ပင် အကျိုး ရှိပေ၏။

ရုပ်ပိုင်း ဆိုင်ရာ မာကျော မှုမှာ၊ သူ ထင်ထား သည်ထက်၊ များစွာ ပို၍ သန်မာကြောင်း၊ ယခု မှပင် သဘောပေါက် မိသည်။

ဆိုလို သည်မှာ သည့်ထက် ပို၍ နည်းနည်းလေး မဆင် မခြင် လုပ်နိုင်ဦး ပေမည်။

ထို့ကြောင့် ထိန်းချုပ် မနေ တော့ဘဲ၊ ဓားသုတ္တုန်ကို ဖြန့်ကျက်ကာ၊ ခရမ်းရောင် နန်းတော် ထဲသို့ မီး စွမ်းအင်များ သွန်း လောင်းရန်၊ လမ်းကြောင်း ပေးလိုက်သည်။

တစ်ချိန်တည်း မှာပင် ပတ်ဝန်း ကျင်မှ တောက်လောင် နေသော မီးလျှံ များက၊ သူ့ကို ချက်ချင်း သိုင်းခြုံ လာ၏။

သူ့ခန္ဓာ ကိုယ်ရှိ မီးတောက်မှာ၊ မြင့်တက် လာပြီး၊ မကြာမီ (၉၆) ပေ သို့တိုင် ရောက်ရှိ လာလေ သည်။

၎င်းဖြစ်ရပ်များ ထွက်ပေါ်လာ ပြီးနောက်၊ ကြက်သွေးရောင် လျှပ်စီး ကြောင်းများ ကျဆင်း လာသည်။

လျှပ်စီးကြောင်း များမှာ တောက်ပ နေပြီး၊ မြေပြင် တစ်ခုလုံး တုန်လှုပ် သွားစေ၏။

နေရာ အနှံ့မှ ကျင့်ကြံ နေသော တပည့်များ စွာက၊ လန့်နိုး လာကြပြီး၊ ထိုအချင်း အရာထံ လှည့်ကြည့် လိုက်ကြသည်။

မြင့်မား လှသော မီးညွှန့် ကြီးကို မြင်လိုက် ရသောကြောင့်၊ တုန်လှုပ် ကုန်၏။ ထို့ပြင် မီးညွှန့်မှာ ရပ်တန့် လိုဟန် မရှိ သေးဘဲ၊ အမြင့်ပေ (၁၈၀) အထိ ဆက်လက် ကြီးထွား လာလေသည်။

***

All Chapters