ပင်လယ် ထဲက နဂါး။
Vol. 38 Ch. 524
ကြက်သွေးရောင် လျှပ်စီးကြောင်း များက လင်းယွန်ကို ထိမှန် သွားလေသည်။
သို့သော် ဓားသုတ္တန်၏ ထိန်းချုပ်မှု အောက်တွင် သန့်စင်သော လျှပ်စီး စွမ်းအင်ကို၊ ခရမ်းရောင် နန်းတော်က တိုက်ရိုက် စုပ်ယူ သွားခဲ့၏။
လျှပ်စီး စွမ်းအင် နှင့်အတူ၊ မီး စွမ်းအင် များက၊ တဖြည်းဖြည်း ငြိမ်သက် လာသည်။
တစ်ချိန်တည်း မှာပင် သူ့အား ဖုံးလွှမ်း နေသော မီးတောက်များ သည်လည်း၊ ကြီးထွား လာတော့၏။ အပြောင်း အလဲ များကို ခံစား လိုက်ရ ချိန်၌ ကြေနပ် သွားသည်။
မီးတောက် များက၊ အပူ ရှိန်ကို ယူဆောင် လာရုံ သာမက၊ ကြီးမားသော ဖိအား ကိုလည်း ဖြစ်ပေါ် လာစေသည်။
သို့သော် သူ ‘ပြာ’ မဖြစ် သေးပေ။ အရေပြား ပေါ်၌ မီးလျှံများ ပြေးလွှား နေ လေသည်။
အဆုံး မရှိသော မီး စွမ်းအင် များကို၊ ခရမ်းရောင် ပန်းက ခရမ်းရောင် နန်းတော်နှင့် အတူ၊ အပြိုင် စုပ်ယူ လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ ပေ (၁၈၀) အမြင့် ရှိသော မီးညွှန့်ကြီး ထတောက် လာကာ၊ လူတိုင်း၏ အာရုံကို စွဲဆောင် လာခဲ့သည်။
ယင်းကို ပြုလုပ် နေသော လူငယ်၏ ကျင့်ကြံ မှု အပေါ် သတိထား မိသော အခါတွင်၊ ပို၍ တုန်လှုပ် ကုန်ကြ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ဒီလောက် ကြောက်စရာ ကောင်းတဲ့ မီးတောက်တွေ အောက်မှာ၊ အထွတ် အထိပ် ယင် အဆင့်၊ ကျင့်ကြံသူ တောင်မှ ကြာကြာ မနေ နိုင်ဘူး၊ ဒီကောင် ဘယ်သူလဲ။ ”
အဆိုပါ လုပ်ရပ်သည် သူတို့ မျက်လုံး ထဲတွင်၊ သေမင်းကို ဖိတ်ခေါ် လာရောက် နေ ပေသည်။
“ ဒါက အကန့် အသတ်လား။ ”
စီးဝင် နေသော အရှိန် အဟုန်မှာ၊ တဖြည်းဖြည်း နှေးကွေး လာသော ကြောင့်၊ လင်းယွန် တစ်ယောက် စိတ်မသက် မသာ ဖြစ်သွား ရသည်။
နောက်ဆုံးတွင် သူ့ကန့်သတ် ချက်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ နာကျင် မှုက ခန္ဓာ ကိုယ်ကို ထောင့်တိုင်း ကနေ ထိုးဆွ နေခဲ့၏။
သာမာန် လူတစ်ယောက် အနေဖြင့် ဤအခြေ အနေ မျိုးတွင် များစွာ သတိထား နေရ ပေလိမ့်မည်။
သို့သော် ကန့်သတ်ချက် များကို ချိုးဖြတ် တက်သည်မှာ သူ့သဘာဝ ပေပင်။ လွန်ခဲ့သည့် ဆယ်ရက် အတွင်း လုပ်ဆောင် ခဲ့သော အရာ တိုင်းတွင်၊ သူ့လုပ်နိုင် စွမ်းကို အကြိမ်ကြိမ် ချိုးဖျက် ထားနိုင်သည်။
ယင်းကြောင့် ဓားသုတ္တန်၏ စုပ်ယူမှု အရှိန်ကို၊ မြှင့်တင် လိုက်သော အခါတွင်၊ လွှမ်းခြုံ နေသည့် မီးညွှန့်မှာ ပေ(၃၀၀) အထိ၊ ထပ်မံ ကြီးထွား လာတော့၏။
ဤအခိုက် အတန့်တွင် ကောင်းကင် သို့တိုင် မြင့်တက် နေသော မီးတောက် များကို၊ တတိယ အလွှာရှိ နေရာ တိုင်းမှ မြင်နိုင်၏။
ဒါဇင်နှင့် ချီသော ကြက်သွေးရောင် လျှပ်စီးများ၊ တပြိုင် နက်တည်း ကျဆင်း လာ သည်ကို ကြည့်ပြီးနောက်၊ လူတိုင်း အံသြ သွားသည်။
“ သူရူး နေတာလား။ ”
“ ဟုတ် လိမ့်မယ်။ ”
“ ဘုရားရေ ... သေရမှာ တကယ် မကြောက် ဖူးပဲ။ ”
လူတိုင်းက လင်းယွန်နှင့် ဝေးရာသို့၊ ဆုတ်ခွာ လိုက်ကြ သည်။
လင်းယွန်နှင့် တစ်ချိန်တည်း မှာပင်၊ တတိယ အလွှာ၏ အခြား တစ်ဖက်၌၊ ပေ(၂၄၀) အမြင့် ရှိသော မီးတောက် တစ်ခု ရှိနေသည်။
ဤမီးတောက် ရောင်ဝါမှာ၊ လင်းယွန်ထက် အနည်း ငယ်သာ မှိန်ဖျော့ လှပြီး၊ မီးခိုးရောင် ၀တ်ဆင် ထားသော လူငယ် တစ်ဦးမှ၊ ထုတ်ဖော် ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ် လေးက ရုတ်တရက် မျက်လုံးများ ပွင့်လာလျက်၊ ထက်ရှသော အလင်းများ ထုတ်လွှတ် လိုက်လေသည်။
“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ နေသာ စီရင်စုမှာ ဒီလို စိတ်ဝင် စားစရာ ကောင်းတဲ့ ပါရမီရှင် တစ်ယောက်၊ ဘယ်အချိန် ကတည်းက ရှိနေ ခဲ့တာလဲ။ ”
လင်းယွန်၏ ဦးတည် ရာကို ကြည့်ပြီးနောက်၊ မီးခိုး ရောင်ဝတ် လူငယ်က ပြုံးကာ ညည်းတွား လိုက်သည်။
အခြားသူ များနှင့် မတူဘဲ၊ လင်းယွန် ထံမှ ဓား တစ်လက်ကို အာရုံခံ နိုင်ခဲ့သည်။
သူ့ကဲ့ သို့ပင် ထိုလူတွင် ရှန်ရှင်း ဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထားလေသည်။
မီးလျှံများ ပျောက်ကွယ် သွားချိန်၌၊ မီးခိုး ရောင်ဝတ် လူငယ်လေးက၊ ဖြည်းဖြည်းချင်း ထရပ် လိုက်သည်။
သူ၏ ကျင့်ကြံ မှုမှာ၊ လင်းယွန်ထက် များစွာ၊ မြင့်မား လွန်းပေ၏။ အမှန် တကယ် ရင်ဆိုင် ရပါမူ၊ လင်းယွန်ကို ကောင်းကောင်း ဖိနှိပ် နိုင် ပေသည်။
သို့သော် လင်းယွန်နှင့် အဆင့် တူ၌ ဆိုပါသော်၊ ဤသို့ လုပ်ဝံ့မည် မဟုတ်ကြောင်း၊ သူ့ကိုယ်သူ သိပေသည်။
ဓားသမား တစ်ယောက် သည်သာ လုပ်ဝံ့သော သတ္တိမျိုး ဖြစ်ပေသည်။ ဤအခိုက် အတန့်တွင် မီးခိုးရောင် ဝတ်ထားသော လူငယ်လေး ရှေ့သို့၊ ပုံရိပ် တစ်ရိပ် ကျဆင်း လာ၏။
လင်းယွန်သာ ရှိနေ ပါက၊ နောက်ထပ် ရောက်ရှိ လာသော ထိုလူရိပ်ကို၊ သေချာပေါက် မှတ်မိ ပေလိမ့်မည်။
ထိုလူရိပ်မှာ တိမ်ပြာ ရေကန်တွင် ကြုံတွေ့ ခဲ့ရသော၊ ဖျက်ဆီးခြင်း ဓားနန်းတော်မှ နင်းဖန် ဖြစ်၏။
“ စီနီယာ အစ်ကို၊ အဲဒါ မင်းကို ငါပြော ဖူးတဲ့ ပန်းသင်္ချိုင်း ဓားသမား လင်းယွန်ပဲ။ ”
နင်းဖန်က မီးခိုး ရောင်ဝတ် လူငယ်အား၊ လေးလေး စားစား ဦးညွှတ်ကာ ဆိုသည်။
“ ငါ သိတယ် ... ။ ”
မီးခိုး ရောင်ဝတ် လူငယ်က၊ မအံ့သြ ခဲ့ဘဲ၊ သူ့ အပြုံး၌ စိတ်ဝင်စား မှုများ၊ ပို၍ တိုးလာ ခဲ့သည်။
“ စီနီယာ အစ်ကို၊ မင်း သိနေ တာလား။ ”
နင်းဖန်က အံ့သြ သွားသည်။
မီးခိုး ရောင်ဝတ် လူငယ်က ပြုံးပြီး ရှေ့သို့၊ ခြေလှမ်းပေါင်း များစွာ လှမ်းလိုက်ကာ၊
“ သူက မင်း ပြောဖူးတဲ့၊ တစ်ယောက်မှန်း ငါ ခံစား လို့ ရတယ်။ ”
“ ကြည့်ရတာ သတင်းက မမှန် ဖူးပဲ၊ သူက ကောင်းကင် ပြည်နယ် အကယ် ဒမီကို ဝင်ရောက် ခဲ့တယ်၊ ဒါပေမယ့် လဝက် အတွင်း မှာပဲ၊ အမာခံ တပည့် ဖြစ်လာ တယ် ဆိုတော့၊ သူ့ တိုးတက် နှုန်းက နည်းနည်းတော့ မြန်နေ တယ် မဟုတ်လား။ ”
နင်းဖန်က တွေးဆ ဟန်ဖြင့် ဆိုသည်။
“ ဘာတွေ ခေါင်းရှုပ် ခံနေ တာလဲ၊ သူနဲ့ တွေ့တဲ့ အခါ ငါတို့ မေးလိုက်ရင်၊ ရှင်းသွား လိမ့်မယ်။ ”
မီးခိုး ရောင်ဝတ် လူငယ်က ပြုံးကာ၊ ပြန်ပြော လိုက်သည်။
“ အကိုကြီး၊ မင်း ... သူ့နဲ့ တွေ့မို့လား။ ”
အံ့သြသော အမူ အရာဖြင့် နင်းဖန်က မေးသည်။
“ အင်း ...၊ ဒီလူကို ငါ စိတ်ဝင် စားတယ်၊ ဒါကြောင့် ဒီလို အခွင့် အရေး မျိုးကို လက်လွှတ် မခံ ချင်တာ သေချာတယ်။ ”
မီးခိုး ရောင်ဝတ် လူငယ်က ပြုံးပြီး ခေါင်းညိတ် ပြသည်။
ရုတ်တရက် မီးညွှန့်မှာ အားပျော့ သွားသော ကြောင့်၊ မီးခိုး ရောင်ဝတ် လူငယ် လေးက စိတ်ပျက် သွားခဲ့သည်။
ပြီးနောက် သူ့ကိုယ်သူ ပြောဟန်ဖြင့်၊ ညည်းတွား ရေရွတ် လိုက်သည်။
“ ငါဒီမှာ အချိန် ဖြုန်းမနေ သင့်ဘူး၊ သူက အရည် အချင်း ရှိတယ် ဆိုရင်တောင်၊ ဒီ မီးတောက်ကို ကြာကြာ ခံနိုင်မှာ၊ မဟုတ်တာ သေချာတယ်။ ”
မီးတောက်များ အတွင်းရှိ လင်းယွန် မှာမူ၊ ခရမ်းရောင် ပန်းကို အာရုံခံ မိပြီး ကျေနပ် သွားသည်။
ယခု အခါတွင် ခရမ်းရောင် ပန်းမှာ၊ ပွင့်ချပ် (၇၈) ချပ် အထွတ် အထိပ်၊ ဖြစ်တည် မှုမျိုး၌ ရှိနေ ပေသည်။ ပွင့်ချပ် တစ်ချပ် ချင်းစီတွင် ပါရှိိသော ဓားစွမ်းအင်မှာ၊ ထိတ်လန့် ဖွယ်ရာ ဖြစ်၏။
ထို့ကြောင့် အလယ် အလတ် ယင် အဆင့် ကျွမ်းကျင် သူနှင့် ရင်ဆိုင်ရန်၊ ယုံကြည်မှု ပိုရှိလာ လေပြီ။
သို့သော် ခရမ်းရောင် ပန်းကို (၈၁) ချပ် အထိ၊ မတက် လှမ်းနိုင် သောကြောင့်၊ အနည်းငယ် စိတ်ပျက် မိ ပြန်သည်။
ပွင့်ချပ် (၈၁) ချပ်အား ဖွဲ့တည် နိုင်ပါက၊ ရေခဲ ဖီးနစ်ကို ဆင့်ခေါ် နိုင်မည် ဖြစ်သည်။
ခရမ်းရောင် ရေခဲ စာကလေး။ ယင်းကို စိတ်လှုပ်ရှား မိသော်လည်း၊ ယခု အချိန်၌ သူ့ခန္ဓာ ကိုယ်တွင်၊ ကန့်သတ်ချက် များပြည့် နှက်နေပြီ ဖြစ်ရာ၊ ဆက်လက် ဖိအား ပေးမိသော်၊ သေသွားရ ပေလိမ့်မည်။
ရဲရင့် သော်လည်း၊ ထင်ရာစိုင်း တက်သူ မဟုတ်ပေ။ ထို့ကြောင့် သူ့ပတ်ဝန်း ကျင်ရှိ မီးလျှံ များကို၊ တဖြည်းဖြည်း ပြန့်ကျဲ သွားစေ လိုက်သည်။
မျက်လုံး ပြန်ဖွင့် ချိန်တွင်၊ သူ့အရှိန် အဝါမှာ ပိုမို အားကောင်း လာကြောင်း၊ သတိထား မိသည်။
ထရပ် လိုက်သည်နှင့်၊ လူရိပ် နှစ်ရိပ် ရုတ်တရက် သူ့ရှေ့ ဆင်းသက် လာခဲ့သည်။
ယင်းကြောင့် ပြင်းစွာသော ဖိအား များကို ချက်ချင်း ခံစား လာရပြီး၊ နှလုံသား တစ်ခုလုံး တင်းမာ သွား၏။
ခရမ်းရောင် ပန်းမှာ တစ်ဖန် ပွင့်လာပြီး၊ စွမ်းအင်များ စတင် ထုတ်လွှတ်ကာ၊ ဖိအားကို လျော့ချ ပေးလာသည်။
ရောက်ရှိ လာသော တစ်ဖက် လူမှာ၊ အင်အား ကြီးမားသော ပြိုင်ဘက် တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိသည်။
ထို့ကြေင့် သူ့ အကြည့်က၊ ဖိအား ပေး လာသော၊ မီးခိုး ရောင်ဝတ် လူငယ် ပေါ်သို့ ချက်ချင်း ကျရောက် သွားသည်။
ဤလူငယ်တွင် သာမန် အကြည့်မျိုး ရှိ သော်လည်း၊ မျက်ဝန်း များ၏ စူးရှ မှုမှာ ထိတ်လန့်ဖွယ် ကောင်းလေသည်။
တစ်ချိန်တည်း မှာပင်၊ ထိုသူ၏ ကျင့်ကြံ မှု အပေါ်၊ နားမလည် နိုင်အောင် ခံစား လိုက်ရ၏။
ယန် အဆင့်။ ၎င်းကို ချက်ခြင်း တွေးမိ သွားပြီး၊ ပြိုင်ဘက် လူငယ်တွင် ဓားတစ်လက် ဆုပ်ကိုင် ထားသည် ကိုလည်း၊ သတိထား မိသည်။
သို့မဟုတ် ပါက၊ သူ၏ ရှန်ရှင်း ဓားမှာ၊ မသက် မသာ ဖြစ်လာ လိမ့်မည် မဟုတ်ပေ။
မီးခိုး ရောင်ဝတ် လူငယ် အနားတွင်၊ ရပ်နေသည့် လူငယ်ထံ အကြည့်ကို ရွေ့လိုက် ပြီးနောက်၊ အနည်းငယ် ရင်းနှီး နေသော ခံစားချက် မျိုး ဝင်ရောက် လာသည်။ သို့သော် မမှတ်မိ နိုင်ခဲ့ပေ။
“ ငါတို့ ပြန်တွေ့ ရပြန်ပြီ၊ ပန်းသင်္ချိုင်း။ ”
လက်ဝေ့ ယမ်းကာ နင်းဖန်က နှုတ်ဆက် လိုက်သည်။
တစ်လကျော် အတွင်း၊ လင်းယွန် တစ်ယောက် ဤကဲ့သို့ လျင်မြန်သော တိုးတက် မှုများ ရရှိ နေမည်ဟု၊ မမျှော်လင့် ထားသော ကြောင့်၊ သူက အံ့အားသင့် သွားမိသည်။
သူ့ အနေဖြင့် လင်းယွန်နှင့် ယှဉ်နိုင်ဖွယ် အဆင့်၌ ရှိမနေ တော့ချေ။ စီနီယာ အစ်ကိုက လင်းယွန် အပေါ်၊ အဘယ်ကြောင့် ခြားနားစွာ ကြည့်နေ ရသည်ကို၊ နားလည် လိုက်ပြီ ဖြစ်သည်။
ခမ်းနားသော ပါရမီရှင် ဟူသော နာမ်စား သည်ပင်၊ လင်းယွန် အတွက် နှိမ့်ချမှု တစ်ခု ဖြစ်နေ ပေပြီ။
ပင်လယ်သို့ ပြန်ရောက် လာသော နဂါး တစ်ကောင် အဖြစ်၊ တင်စားခြင်း သည်သာ၊ သူနှင့် သင့်လျော် နိုင်၏။
တချိန်က မဟာချင် အင်ပါယာ ဟုခေါ်သော၊ ရေကန် ငယ်လေး ထဲတွင်၊ လင်းယွန်က ပိတ်မိ နေခဲ့ ပုံရသည်။
“ နင်း ဖန်။ ”
နောက်ဆုံးတွင် လင်းယွန်က သတိရ သွားသည်။ သူ့ အနေဖြင့် နင်းဖန်ကို ချက်ချင်း မမှတ် မိတော့ သည်မှာ၊ အံ့သြ စရာတော့ မဟုတ်ပေ။
နင်းဖန်အား တစ်ချက် တည်းဖြင့် ချေမှုန်း နိုင်ခဲ့ သောကြောင့်၊ ထိုသို့သော သူမျိုး အပေါ် လေးနက်သော စွဲထင် မှုမျိုး မရှိ ခဲ့ချေ။
( ဒီကောင် နင်းဖန်၊ ငါ့ကို လက်စား ချေ မလို့လား။ )
ထိုအတွေး ကြောင့်၊ မီးခိုး ရောင်ဝတ် ထားသည့် လူငယ်ကို သတိ ထားကာ၊ ပြန်ကြည့် လိုက်သည်။
ဤမီးခိုး ရောင်ဝတ် ထားသည့် လူငယ်ကို၊ သူ အနိုင် မယူ နိုင်သော်လည်း၊ မတိုက်ခိုက် ဘဲနှင့်၊ အလွယ် တကူ လက်လျော့မည် မဟုတ်ချေ။
“ ဒါက ငါ့ကို တိုက်ခိုက်ဖို့၊ စဉ်းစား နေတာလား၊ ... ”
မီးခိုး ရောင်ဝတ် လူငယ်က ပြုံးကာ၊ ဆိုလာ၏။ ပြီးနောက်၊
“ မင်း ငါ့ နာမည်ကို သိရင်၊ ဒီလို စဉ်းစားမယ် မထင်ဘူး၊ ငါ့ မျိုးရိုးက လု ဖြစ်ပြီး၊ နာမည်က ချန်းရီ။ ”
ချန်းရီ၏ မိတ်ဆက် လာမှုကြောင့်၊ အံ့သြ သွားသည်။
( တိမ်နဂါး အဆင့် သတ်မှတ် ချက်က၊ ပါရမီရှင် လုချန်းရီ။ )
နေသာ စီရင်စု မြို့တော်၏ အထက် တန်းလွှာ လေးဦး ထဲမှ တစ်ဦးလည်း ဖြစ်သည်။ တစ်ချိန်တည်း မှာပင် လုချန်းရီ တစ်ယောက် မည်သည့် အရာအား ဆိုလို သည်ကို၊ နားလည် သွားသည်။
ထိုကဲ့ သို့သော တစ်စုံ တစ်ယောက်မှာ၊ သူ့အား အနိုင် ကျင့်ခြင်းဖြင့်၊ နိမ့်ကျ ခံမည် မဟုတ်ပေ။ ထို့ကြောင့် လင်းယွန်က ပြုံးပြပြီး၊
“ ငါ ... ရိုင်းမိ သွားပြီ ထင်တယ်။ ”
“ ဘယ်လို ထင်ရဲ မှာလဲ၊ မင်းရဲ့ အရည် အချင်းနဲ့ မင်းက ငါ့ကို လေးစား နေဖို့ မလို ပါဘူး။ ”
လုချန်းရီက ပြုံးကာ ခေါင်းယမ်း လိုက်ပြီး၊
“ လင်းယွန်၊ မင်း ဘယ်လိုလုပ် ငရဲ နယ်မြေ ထဲကို ဝင်နိုင် ခဲ့တာလဲ။ ”
လင်းယွန်က ဖုံးကွယ် မထားဘဲ၊ မိုလင်း ပေးခဲ့သော တံဆိပ်ပြား အကြောင်း၊ ပြောပြ လိုက်သည်။
လုချန်ရီက ခေါင်းညိတ် လိုက်သော်လည်း၊ ချက်ချင်း စိတ်ပျက် လက်ပျက် မျက်နှာဖြင့်၊
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ မင်းကို တကယ်ပဲ ပေးဆပ် ထားတာပဲ၊ မင်းကို ရိုက်နှက်ပြီး ဓားခန်းမခေါ် သွားဖို့၊ ငါ ခက်သွားပြီ၊ နောက်ဆုံးတော့၊ ငါ့ ဓားခန်းမမှာ မိုလင်းလို အလှ တရား မရှိဘူး။ ”
လုချန်ရီ၏ ပွင်းလင်း လွန်းသော စကားကြောင့်၊ လင်းယွန် တစ်ယောက် အံ့သြသွား ရသည်။
( ငါ့ကို ရိုက်နှက်ပြီး၊ ဓားခန်းမကို ခေါ်သွား မလို့လား။ )
နင်းဖန်က ပြုံးပြီး ရှင်းပြ လာ၏။
“ မင်း အကြောင်းကို၊ ငါ ပြန်ပြော ပြပြီး ကတည်းက၊ ငါ့ရဲ့ စီနီယာ အစ်ကိုက မင်းအပေါ်၊ အာရုံစိုက် မိနေတာ၊ ဒါပေမယ့် မင်းက အကယ် ဒမီ ရောက်သွားတော့၊ မင်းနဲ့ တွေ့ဖို့ အခွင့် မသာ ခဲ့ဘူးလေ။ ”
***