နောင်တ မရှိ။
Vol. 38 Ch. 525
“ မင်း အကြောင်းကို၊ ကြားပြီး ကတည်းက၊ ငါ့ရဲ့ စီနီယာ အစ်ကိုက မင်းအပေါ်၊ အာရုံစိုက် မိနေ ခဲ့တာပါ။ ”
နင်းဖန်က ပြုံးကာ ရှင်းပြ လိုက်သည်။
ထို့ကြောင့် သူ့ဆီ ရောက်လာ ရသည့် အကြောင်း အရင်းကို ယခု မှပင် နားလည် လာသည်။
လုချန်းရီ တစ်ယောက်၊ သူနှင့် အမှန် တကယ် ရန်ငြိုးဖွဲ့ လိုခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ဓားခန်းမ သို့ပင် သူ့ကို ခေါ်ယူ လိုခဲ့သည်။
တစ်ဖက်တွင် လင်းယွန်မှာ ဓားခန်းမ မှလွဲ၍၊ အခြား သင့်တော်ရာ နေရာ မရှိဟု၊ လုချန်းရီက ယူဆ ထားသည်။
ထို့ကြောင့် အကယ် ဒမီတွင် နေခြင်းမှာ၊ လင်းယွန် အတွက် အချိန် ဖြုန်းတီး ခြင်းသာ ဖြစ်ပေမည်။
သို့သော် မိုလင်း အကြောင်းကို၊ ကြားလိုက် ချိန်၌ ကူကယ်ရာ မဲ့သော အပြုံး ဖြင့်သာ၊ ဆိုမိခြင်း ဖြစ်သည်။
မိုလင်း လက်တွင် လင်းယွန် တစ်ယောက် ကျရှုံး သွားပြီဟု၊ နားလည်မှု လွဲသွားသည်။ သို့မဟုတ် ပါလျှင် အကယ် ဒမီ၌ ဆက်နေ စရာ အကြောင်း မရှိချေ။
ထိုအတွေးကို လင်းယွန်က ဖမ်းမိ သော်လည်း၊ ရှင်းပြရန် စိတ်မ၀င် စားဘဲ၊ ပြုံးရုံသာ ပြုံးပြ လိုက်သည်။
“ နှမေျာ စရာပဲ၊ ခရမ်းရောင် နန်းတော် နယ်မြေကို မရောက်ခင်၊ ရှန်ရှင်း ဓား ဆုပ်ကိုင် နိုင်တယ် ဆိုတာ၊ ဘာ ဓိပ္ပါယ် ဆောင်လဲ မင်း မသိ နိုင်ဘူး၊ ... ”
လုချန်းရီက လင်းယွန်ကို တစ်ချက် ကြည့်ကာ သက်ပြင်း ချပြီး၊
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး မှာတောင်၊ မင်းလုပ်ခဲ့ သလိုမျိုး လုပ်နိုင် တဲ့သူ၊ တစ်ယောက်ပဲ ရှိတယ်။ ”
“ ဘယ်သူလဲ ... ။ ”
လင်းယွန်က သိချင် သွားသည်။ နောက်ဆုံး၌၊ ရှန်ရှင်း ဓားကို မြင်ချိန်တွင် သခင် ဆယ့်သုံး တစ်ယောက်၊ တုန်လှုပ် သွားခဲ့ သည်ကို၊ သတိ ပြန်ရ လာ၏။
လုချန်းရီက လေးနက်သော အမူ အရာဖြင့်၊
“ မြောက်ပိုင်း နှင်းစံအိမ်က၊ နန်းဂွန်း ဝမ်းယူ။ ”
- ဟု ဆိုလိုက်သည်။
လုချန်းရီမှာ အဆိုပါ နန်းဂွန်း ဝမ်းယူကို၊ ကြောက်ရွံ့ နေပုံ ရကြောင်း၊ သူ ပြောနိုင် သည်။
အတိတ် ကာလများ ဆီ၌၊ ထိုလူ့ လက်တွင်၊ ဒုက္ခ ရောက်ခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။
“ နန်းဂွန်း ဝမ်းယူ၊ နာမည်က မိန်းမ ဆန်လိုက်တာ၊ …”
လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။
“ သူက မိန်းမတွေ ထက်တောင် ပိုကြည့် ကောင်းတယ်၊ ဒါပေမယ့် ... မင်း သူ့ ရှေ့မှာ ဒီလို မပြောဘဲ၊ နေတာ ပိုကောင်း လိမ့်မယ်၊ ဒါက သူ့ အတွက် တားမြစ်ချက် တစ်ခုပဲ။ ”
လုချန်းရီက ပြုံးကာ သတိပေး လိုက်သည်။
“ ဒါပေမယ့် မင်းရဲ့ ဓားနန်းတော်နဲ့ မတူ တာက၊ မြောက်ပိုင်း နှင်းစံအိမ် ဆိုတာ အုပ်စိုးရှင် ကိုးပါး ထဲက တစ်ပါးပဲ၊ ... ”
“ ... ဒါကြောင့် သူရဲ့ ထက်ရှ မှုက အံ့သြ စရာတော့ မဟုတ် ပါဘူး၊ ဒါပေမယ့် မင်း ကတော့ မတူဘူး၊ မဟာချင် အင်ပါယာ ကနေ၊ လာခဲ့တာ ဆိုတော့၊ မင်းရဲ့ အောင်မြင်မှုက ပိုကြောက် စရာ ကောင်းတယ်။ ”
အတွေး နက်နေသော လင်းယွန်ကို ကြည့်ကာ၊ လုချန်းရီက သူ့စကားကို ဆက်ပြော လာသည်။၊
“ လင်းယွန် ...၊ မင်းလို ဓားသမား တစ်ယောက်က လေးနှစ်တောင် စောင့်ချင်မှာ မဟုတ်ဖူး ဆိုတာ ငါသိတယ်၊ လာမယ့် သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ မင်းပါဝင် မယ်လို့ ငါ ယုံကြည်တယ်။ ”
ယင်းမှာ မှန်သောကြောင့်၊ လုချန်းရီကို တည်ငြိမ်စွာ ခေါင်းညိတ် ပြလိုက်သည်။
“ ငါ့ရဲ့ ဓားခန်းမကို ဝင်လိုက်ပါ၊ အကယ် ဒမီမှာ နေ နေတာက၊ မင်းရဲ့ အရည် အချင်း တွေကို ဖြုန်းတီးရာ ကျလိမ့်မယ်၊ ... ”
“ ... ဓားခန်းမ ကသာ၊ မင်းကို သွေးစွန်းသော ဧည့်ခံ ပွဲအတွက်၊ သေချာပေါက် နေရာ တစ်ခု ရယူ ပေးနိုင်တယ်။ ”
လုချန်းရီက စိတ်လှုပ်ရှား နေသော အကြည့်ဖြင့်၊ ဆိုလိုက်သည်။ လင်းယွန်ကို လူသစ် စုဆောင်း လိုပုံ ရ၏။
တစ်ဖက် လူ၏ အမှန် တကယ် မျှော်လင့် နေသော အကြည့် များကြောင့်၊ ကူကယ်ရာ မဲ့ဟန်ဖြင့် ပြုံးပြ လိုက်သည်။
သို့သော် လုချန်းရီမှာ လာမည့် သွေးစွန်းသော ဧည့်ခံ ပွဲတွင် ပါဝင် မည်ဟု၊ မှန်ကန်စွာ မှန်းဆ ထားနိုင် သော်လည်း၊ သူ့ အပေါ် အပြည့် အဝ နားမလည် သေးချေ။
သေရမည် ကိုပင် မကြောက် ရွံ့သော သူ့ အတွက်၊ ချုပ်နှောင် ခံရခြင်း အပေါ်၊ ကြေနပ်မှု မရှိ သည်မှာ သဘာဝ ပေပင်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေ တခွင်တွင်၊ အနှောင် အဖွဲ့ ကင်းကင်းဖြင့်၊ ပန်း သင်္ချိုင်း ဟူသော သူ့မည်ကို၊ ပျံ့နှံ့ သွားစေ ချင်သည်။
သည့်အပြင်၊ ဓားနန်းတော်ကို ကတိပေး ထားပြီး ဖြစ်ရာ၊ ဓားခန်းမသို့ ဝင်ရောက်ရန် မဖြစ် နိုင်တော့ပေ။
နှင်းဆီ ပန်းချီ ကားကို အနည်းငယ် နားလည် နိုင်လျှင်ပင်၊ အကျိုး အမြတ်မှာ ဓားခန်းမမှ ရရှိ နိုင်သည့်ထက်၊ ကျော်လွန် သွားမည် ဖြစ်သည်။
လုချန်းရီနှင့် အတူ ဓားခန်းမမှာ အမည်ခံ အုပ်စိုးရှင် ဖြစ်သော်လည်း၊ သူ့ကို မဆွဲ ဆောင် နိုင်ချေ။
သေွးစွန်းသော ဧည့်ခံ ပွဲတွင် သေချာပေါက် ပါဝင်မည် ဖြစ်ပြီး၊ အဆင့်ချိတ် ရုံဖြင့် ကြေနပ် နေမည် မဟုတ် သောကြောင့်၊ စိတ်မဝင် စားတော့ ခြင်းလည်း ဖြစ်ပေသည်။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ငြင်းပယ် ရမှာကို၊ ကြောက်မိ ပါတယ်။ ”
လင်းယွန်က ပြန်ဖြေသည်။ လုချန်းရီက စိတ်မသက် မသာဖြင့်၊ နောင်တရ သွားပုံ ရသည်။
သို့သော် အပြုံးကို ဆက်လက် ထုတ်ဖော် ထားလျက်ဖြင့်၊
“ အဲဒါဆို မင်းကို၊ ငါ အတင်း အကြပ် မလုပ် တော့ဘူး။ ”
-ဟုဆိုကာ ခေါင်းငြိမ့်ပြ လိုက်၏။
လင်းယွန်က ပြုံးလိုက်ပြီး၊ ရုတ်တရက် တစ်ခုခုကို တွေးမိ သွားကာ၊
“ အစ်ကိုလု စတုတ္ထ အလွှာက၊ ဘယ်လို နေရာ မျိုးလဲ ဆိုတာ၊ ပြောပြ ပေးနိုင် မလား။ ”
-ဟု မေးလိုက်ရာ၊ လုချန်းရီက အံ့အားသင့် သွား၏။
“ မင်း ဘယ်လို ကျင့်ကြံမှု နည်းစနစ်ကို ကျင့်ကြံ နေတာလဲ၊ ပေသုံးရာ မြင့်တဲ့ ဒီမီးလျှံက၊ မင်းအတွက် မလုံလောက် ဖူးလား။ ”
အခြား သူများ၏ အမြင်တွင်၊ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်မှ၊ ကျေနပ်ဖွယ် ကောင်းသော အကျိုး အမြတ် ရရှိ နိုင်မည် ဖြစ်သည်။
သို့သော် လင်းယွန်၏ အမူ အရာကို ကြည့်ပြီး ယင်းအား မကျေနပ် နိုင်သေးကြောင်း၊ လုချန်းရီက ပြောနိုင်သည်။
“ ... သိချင်လို့၊ မေးရုံပါ။ ”
လင်းယွန်က ပြုံးကာ ဆိုသည်။ ဓားသုတ္တန်ကို ထုတ်ဖော် ပြောပြ ဖို့ရန်၊ စိတ်ကူး မရှိချေ။
လုချန်းရီ ကလည်း မဆင် မခြင် မေးခွန်းကို မေးခဲ့ မိကြောင်း၊ သတိရ သွားသောကြောင့် ပြုံးကာ၊
“ စတုတ္ထ အလွှာက ထူးခြားတယ်၊ အဲဒီ နေရာကို ဝင်တဲ့ သူတိုင်း၊ လှောင်အိမ် တစ်ခုနဲ့ ချုပ်လှောင် ခံရ လိမ့်မယ်၊ နှစ်နာရီ အတွင်း မချိုး ဖြတ် နိုင်ရင်၊ လှောင်အိမ်က ကျုံ့လာမယ်၊ ... ”
“ ... ပြီး၊ မင်းကို ဖောက်ခွဲ ပစ်လိမ့်မယ်၊ အကျိုးဆက် အနေနဲ့၊ လက်ရှိ ကျင့်ကြံမှု ကနေ ကျဆင်း သွားနိုင် သလို၊ ကံ မကောင်းရင် သေခြင်း တရားနဲ့ ရင်ဆိုင် ရမယ်။ ”
“ အစ်ကိုလင်း၊ တပည့် တော်တော် များများ သေဆုံး သွားခဲ့ ဖူးတဲ့ အတွက်၊ စတုတ္ထ အလွှာကို တားမြစ် နယ်မြေ အဖြစ်၊ သတ်မှတ် ကြတယ်။ ”
နင်းဖန်က ဝင်ရောက် ပြောပြ လာသည်။
စတုတ္ထ အလွှာမှာ၊ ဤမျှ ထိတ်လန့်ဖွယ် ကောင်းလိမ့် မည်ဟု မမျှော်လင့် ထားသော ကြောင့်၊ လင်းယွန်၏ နှလုံးသား တစ်ခုလုံး တုန်လှုပ် သွားသည်။
“ စတုတ္ထ အလွှာမှာ နတ်ဘုရား မီးတောက်ကို သန့်စင် ခဲ့တဲ့၊ ထာဝရ နတ်ဘုရား တစ်ပါးရဲ့ စမ်းသပ်မှု တစ်ခု ရှိတယ် လို့တော့၊ ငါကြား ဖူးတယ်၊ ... ”
“ ... လှောင်အိမ် ထဲက ဖောက်ထွက် နိုင်ရင် ငရဲပန်း တစ်ပွင့်ကို ရနိုင်ပြီး၊ လှောင်အိမ်ရဲ့ အပိုင်း အစ တွေက၊ တတိယ အလွှာကို ကျသွား လိမ့်မယ်၊ အဲ့ဒီ အပိုင်း အစတွေက လူတိုင်းကို အကျိုးပြု နိုင်တယ်။ ”
လုချန်းရီက ကြားဖူး နားဝ များကို ပြန်လည် ဝေမျှ ပေးသည်။
“ လှောင်အိမ်ကို ဘယ်လို ဖောက်ရ တာလဲ။ ”
“ မလွယ်ဘူး၊ နှစ်နာရီ အတွင်း မင်းရဲ့ ခွန်အားကို (၅၀%) မြှင့်တင်ဖို့ လိုတယ်၊ ဘာလို့လဲ ... ညီအစ်ကို လင်းက၊ စမ်းကြည့် ချင်လို့လား။ ”
လွယ်ကူမည် မဟုတ် သော်လည်း၊ မဖြစ် နိုင်ဟု မထင် မိချေ။
သာမန် လူ တစ်ဦးသည် ၎င်း၏ ကျင့်ကြံ မှုတွင် အောင်မြင်မှု တစ်ခုအား၊ နှစ်နာရီ အတွင်း ပြုလုပ် နိုင်မည် မဟုတ်ချေ။
ဆိုလို သည်မှာ နှစ်နှစ် နာရီ အတွင်း၊ ခွန်အားကို တိုးမြင့် နိုင်မှ သာလျှင်၊ အောင်မြင် မည်ဟု အဓိပ္ပါယ် ရပေ သည်။
ယင်းကြောင့် အလောင်း အစားကို မည်သူမျှ မလုပ်ဝံ့ ကြသည်မှာ၊ သဘာဝ ပေပင်။
သို့သော် လင်းယွန်မှာ ထိုသူ များနှင့် မတူပေ။ လုံးဝ ယုံကြည်ချက် ရှိလေသည်။
အကယ်၍ ဓားသုတ္တန်ကို နဝမ အဆင့် အထွတ် အထိပ်သို့၊ ရောက်နိုင် ခဲ့ပါက၊ သူ၏ ခွန်အား (၅၀%)မှာ၊ ကျိန်းသေ တိုးတက် လာမည် ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤအဆင့်၌ ခရမ်းရောင် ရေခဲ စာကလေး ကိုပင် ဆင့်ခေါ် နိုင်၏။ စိတ်ပူ ရမည့် အရာမှာ၊ မအောင်မြင် ခဲ့ပါသော်၊ သူ့ ဘဝကို ကျင့်ကြံခြင်း လမ်း၌ အခြေချ နိုင်တော့ မည် မဟုတ်ပေ။
ဆုံးဖြတ်ချက် ချမှတ် လိုက်သော အခါတွင်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီး၊
“ စမ်းကြည့် ချင်တယ်။ ” -ဟု ဆိုလိုက်သည်။
သူ့ စကားကြောင့် နင်းဖန် သာမက လုချန်းရီ၏ မျက်နှာပင်၊ ချက်ချင်း ပြောင်းလဲ သွား ခဲ့သည်။
လင်းယွန်ကို လှမ်းကြည့် မိပြီးနောက်၊ အဆုံးတွင် လုချန်းရီက ဆုံးဖြတ်ချက် တစ်ခုချ လိုက်ကာ၊
“ လင်းယွန်၊ မင်းကို သတ်နိုင်တဲ့ သူအတွက်၊ ထူးခြားတဲ့ ကျင့်ကြံမှု နည်းစနစ်ကို ပေးမယ်လို့၊ ကြေညာ ထားတယ်၊ ... ”
“ ... ဒါကြောင့် သွေးတောင်ပံ ခန်းမက၊ အမာခံ တပည့်တွေ အကုန်လုံး မင်းနောက် လိုက်နေတယ်၊ ဒါကို အကယ် ဒမီက ကာကွယ် ပေးကောင်း ကာကွယ် ပေးနိုင် ပါတယ်၊ ဒါပေမယ့် ... ”
“ ... မင်းသာ ငါတို့နဲ့ ပူးပေါင်း ချင်တယ် ဆိုရင်၊ မင်း အတွက် ငါ့ ဓားခန်းမက၊ သူ့ကို သတ်ပေး နိုင်ပါတယ်။ ”
တိမ်မိစ္ဆာ၏ ဆုကြေးကို မအံ့သြ မိသော် လည်း၊ လုချန်းရီ ကမ်းလှမ်းမှု အပေါ်၊ မှင်တက် သွားမိသည်။
အကယ် ၍သာ ဖျက်ဆီးခြင်း ဓားခန်းမ အနေဖြင့်၊ တိမ်မိစ္ဆာကို သတ်လို ပါက၊ ပေးဆောင် ရမည့် စျေးနှုန်းမှာ ကြီးမြင့်မည် ဖြစ်ပြီး၊ သွေးတောင်ပံ ခန်းမအား ရန်စရာ ရောက် ပေမည်။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် စိတ်ပြောင်း ဖို့တော့၊ ငါ့မှာ ဆန္ဒ မရှိ ပါဘူး။ ”
လင်းယွန်က ပြုံးလျက် ကောင်းကင်ပေါ် မော့ကြည့်ကာ ဆိုသည်။ တတိယ အလွှာရှိ မီးတောက်ကို၊ ပေ သုံးရာထက် ပို၍ မြင့်အောင် လုပ်ယူ နိုင်သော်လည်း၊ သူ့အတွက် အသုံး မဝင် တော့ကြောင်း၊ ပြောနိုင်သည်။
မီးတောက်အား တိုးမြှင့် ခြင်းဖြင့်၊ ခန္ဓာ ကိုယ်၏ အကန့် အသတ်ကြောင့်၊ လောင်ကျွမ်း သွားမည် ဖြစ်ကာ၊ ခရမ်းရောင် ပန်းတွင် တိုးတက် မှုများ ရှိမလာ နိုင်ချေ။
သူလို အပ်သော အရာမှာ၊ သိပ်သည်းဆ သာ ဖြစ်ပြီး၊ သိပ်သည်းဆ နည်းပါး လာသော စွမ်းအင် မျိုးမှာ၊ အချိန် ကုန်ရုံသာ အဖတ်တင် ပေမည်။
ထို့ကြောင့် ရပ်တန့် လိုက်ရခြင်း ဖြစ်သည်။
ဤမျှ ရက်ရောသော ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ် ပြီးနောက် တွင်ပင်၊ လင်းယွန်က ငြင်းဆန် နေဦး မည်ဟု၊ လုချန်းရီက မထင် ထားမိပေ။
ထို့ကြောင့် တွန့်ဆုတ်သော လေသံဖြင့်၊
“ လင်းယွန်၊ မင်း နောင်တ ရ လိမ့်မယ်။ ”
-ဟု ဆိုမိ လေသည်။
သူ၏ စကား များမှာ၊ အဓိပ္ပါယ် နှစ်မျိုး သက်ရောက် ပေသည်။
ဓားခန်းမကို ငြင်းဆို ခြင်း အပေါ်၊ နောင်တ ရခြင်း မျိုး ဖြစ်ပြီး၊ ဒုတိယ တစ်မျိုးမှာ စတုတ္ထ အလွှာကို လှမ်းတက် မိသည့် အတွက် နောင်တ ရခြင်း ဟူသော အဓိပ္ပါယ် ဖြစ် ပေသည်။
“ နောင်တ လား။ ”
လင်းယွန်က ယင်းစကား လုံးကို တစ်ကြိမ်မျှ မခံစား ဖူးချေ။ ထို့ကြောင့်၊
“ မဟုတ်ဘူး၊ ငါ့ရဲ့ ဆုံးဖြတ်ချက် တိုင်းကို ငါ ဘယ်တော့မှ နောင်တ ရမိမှာ မဟုတ်ဘူး၊ ငါ့လက် ထဲက ဓားကလည်း ငါ့ကို ခွင့်မပြုဘူး။ ”
လေးနက်သော အမူ အရာဖြင့်၊ သူက ရှေ့တိုး သွားလိုက်သည်။ ထိုစကား အရ လုချန်းရီ တစ်ယောက်၊ အနည်းငယ် တုန်လှုပ် သွားသည်။
လင်းယွန် နောက်ကျောကို ကြည့်ကာ၊ ရှန်ရှင်း ဓားမှာ ပို၍ သန့်စင် လာသည်ဟု၊ ထင်မိ လိုက်လေသည်။
“ အကိုကြီး၊ မင်း သူ့ကို သိပ်အလေး ထားရာ ရောက် မနေ ဖူးလား၊ ကောင်းကင် ဝိညာဉ် နယ်ပယ်က အကြီး အကဲ တွေသာ၊ တိမ်မိစ္ဆာကို သတ်နိုင်တယ်၊ အစ်ကိုကြီးရဲ့ အဆင့် အတန်း အရ၊ သူ့ကို ဒီလောက် အထိ၊ ယဉ်ကျေး နေဖို့ မလို ပါဘူး။ ”
နင်းဖန်က ရှိစု မဲ့စု သတ္တိ လေးကို စုဆောင်း ပြီးနောက်၊ လုချန်းရီအား မဝံ့ မရဲ ဆိုသည်။ လုချန်းရီက ခါးသက်သော အပြုံးဖြင့် ခေါင်းယမ်း လိုက်ပြီး၊
“ နင်းဖန်၊ နဂါး တစ်ကောင် ပင်လယ်ထဲ၊ ပြန်ရောက် လာတာကို မင်း နားမလည် နိုင်ပါဘူး၊ သူက နဂါးပဲ၊ အခု သူပိုင်တဲ့ နေရာကို ရောက်လာ ပြီးတဲ့နောက်၊ ရတနာ တစ်ပါးလို တောက်ပ လာမှာ သေချာတယ်၊ ... ”
“ ... သိပ်မကြာခင် သူ့ နာမည်က၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ပျံ့နှံ့ လာလိမ့်မယ်၊ ဒါပေမယ့် သူ့ ဆန္ဒက ငယ်ငယ် ရွယ်ရွယ်နဲ့၊ ဒီလောက် ခိုင်မာ နေလိမ့် မယ်လို့ မထင်ခဲ့ မိဘူး။ ”
“ စီနီယာ အစ်ကို၊ မင်းရဲ့ အကဲဖြတ် မှုက၊ နည်းနည်း မြင့်နေပြီ၊ ထင်တယ်။ ”
နင်းဖန်က ပြုံးလျက် ဆိုသည်။
“ စတုတ္ထ အလွှာမှာ ကျရှုံး ခဲ့ရင်တောင်၊ သူ ပြန်ထ လာနိုင်မှာ သေချာ ပါတယ်၊ ဒါပေမယ့် အသက် ရှင်နေ ဖို့တော့ လိုတာပေါ့၊ မင်းနဲ့ ငါက သူလို လူကို၊ ဘယ်လောက် ကြောက်ဖို့ ကောင်းလဲ ဆိုတာ၊ တွေးကြည့်လို့ မရ နိုင်ဘူး၊ ဒါပေမယ့် …”
“ ... သူနောင်တ ရလိမ့်မယ်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ သူ့အတွက် မသင့် တော် ပါဘူး၊ ဒါကြောင့် စတုတ္ထ အလွှာကို၊ အခု ဝင်ဖို့ မသင့် သေးဘူး။”
လုချန်းရီ ဆိုသည်မှာ၊ တိမ်နဂါး သတ်မှတ် ချက်ထဲ ဝင်ရောက် ထားနိုင်သော၊ နေသာ စီရင်စု မြို့တော်၏ ပါရမီရှင် တစ်ဦး ဖြစ်ပေ သည်။
မြို့တော်၏ စံပြ ပုဂ္ဂိုလ် လေးဦး အနက်၊ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် လင်းယွန်က သူ့ ကမ်းလှမ်း မှုကို ငြင်းပယ်ခြင်း အပေါ်၊ နောင်တ မရလျှင် ရှက်စရာ ဖြစ်ပေ လိမ့်မည်။
သူနှင့် လင်းယွန် တို့မှာ၊ ဂုဏ် သိက္ခာကို လောင်းကြေး ထပ်ခဲ့ ကြပြီး၊ အောင်နိုင် သူအား၊ စောင့်မျှော်တော့ ရုံသာ ရှိပေမည်။
ထိုအချိန်တွင် ပြာလဲ့လဲ့ အရိပ် တစ်ရိပ်မှာ၊ ကောင်းကင်သို့ ပျံတက် သွားတော့သည်။
ထိုအရိပ်မှာ လင်းယွန် ဖြစ်ပြီး၊ သူ့ဓား ကဲ့သို့ မဆုတ် မနစ်၊ ရှေ့တိုး သွားခဲ့ လေပြီ။
***