← Chapters

ငရဲ ပန်း။

Vol. 38 Ch. 526

ငရဲ ပန်း။

Vol. 38 Ch. 526

နေအိမ် တံခါး ရုတ်တရက် တံခါး ပွင့်လာ သောကြောင့်၊ ဂူတန်းက ဝိုင်ခွက်ကို ကိုင်လျက်ဖြင့်၊ မော့ကြည့် လိုက်သည်။

ဝင်ရောက် လာသူ၏ ပုံရိပ်ကို မြင်လိုက် ရချိန်၌၊ မျက်နှာ သိသိ သာသာ ပြောင်းလဲ လာကာ၊ ကိုင်ထားသော ဝိုင်ခွက်ပင် ယိမ်းထိုး ဖိတ်လျှံ သွား၏။

“ အစ်ကိုကြီး၊ မင်းဒီကို ဘာလာ လုပ်တာလဲ။ ”

တုန်လှုပ် နေသော အသံဖြင့် မေးယူ လိုက်သည်။ တံခါးမှ ဝင်ရောက် လာသူမှာ၊ သဘာဝ အတိုင်း ဂူဖန်း ဖြစ်ပြီး၊ အမာခံ တပည့် များ၏ လေှာင်ပြောင် ခံရ မှုကြောင့်၊ စိတ်အခြေ အနေမှာ တင်းမာလျက် ရှိသည်။

သူနှင့် အတူ ညာဘက်တွင် အမာခံ တပည့် ရင်ထိုး တစ်ခုကို၊ တပ်ဆင် ထားသော အပြာဝတ် လူငယ် တစ်ဦး ပါရှိသည်။

ထိုလူငယ်မှာ အလယ် အလတ် ယင်အဆင့် တွင်သာ ရှိသော်လည်း၊ သူ၏ အရှိန် အဝါက၊ ဂူဖန်းထက် များစွာ အားနည်း ပေ၏။

လက်ပါးစေ တစ်ဦး ကဲ့သို့၊ ဂူဖန်းနောက် လိုက်ပါ လာနေ ခဲ့သူ ဖြစ်သည်။

“ စီနီယာ အစ်ကိုဂူ၊ မင်းညီလေးက အရိုက် ခံထားရ ပုံပဲ။ ”

ထိုအပြာဝတ် လူငယ်က၊ ဂူတန်းကို ကြည့်ပြီး ပြုံးကာ ဆိုသည်။ ယခု အချိန်တွင်၊ ဂူတန်း ထံ၌ အတွင်း တပည့် များတွင်၊ အသန် မာဆုံး ဟူသော၊ ကျက်သရေ မျိုး မရှိ တော့ခေျ။

ယင်းအစား ရောဂါသည် တစ်ဦးလို၊ ဖြူလျော် ရှုပ်ပွေ နေပေသည်။

“ မင်းက အမှိုက် တစ်စပဲ၊ မင်းကြောင့် ငါက အမာခံ တပည့် တွေရဲ့၊ ဟာသ တစ်ပုဒ် ဖြစ်သွားပြီ။ ”

ဂူဖန်း၏ မျက်လုံး များတွင်၊ ဒေါသများ ပြည့်နှက် လာသဖြင့်၊ အေးစက် စွာသော အလင်းများ တောက်ပ သွားလေသည်။

ဦးဆောင် ခန်းမတွင် ကြုံခဲ့ ရသော၊ အရှက် တရား များက၊ သူ့ကို လူသတ် ချင် စေ၏။

ထိုအချိန်တွင် လင်းယွန်ထံ ဦးတည်လို သော်လည်း၊ စိတ်ငြိမ်ငြိမ် ထားကာ သူ့ ညီငယ်ထံ၊ ဦးစွာ လာရောက် မိခြင်း ဖြစ်သည်။

“ အကိုကြီး၊ ငါ မင်းကို အရှက် ခွဲမိပြီ။ ”

ဂူတန်းက ဒူးထောက် ချလိုက်ပြီး ဆိုသည်။ အပြာ ရောင်ဝတ် လူငယ်က၊ ဂူတန်းကို ကူညီ ဖေးမ လိုက်ပြီး၊

“ မင်းဘာလို့ ဒူးထောက် နေရ တာလဲ၊ စီနီယာ အစ်ကို ဂူက ဒီနေ့ ဒီကို ရောက်နေ တာမို့၊ မင်းကိုယ်မင်း နှိမ့်ချ မနေ ပါနဲ့။ ”

ထိုလူငယ် စကားကြောင့်၊ ဂူတန်းက သူ့အစ်ကို ကြီးကို ကြည့်ကာ၊ ချက်ချင်းပင် ရွှင်မြူး သွားပြီး၊

“ အကိုကြီး၊ မင်းက ငါ့ကို ကူညီ မှာလား။ ”

ဂူဖန်းက ပြန်မဖြေ သေးဘဲ၊ သူ့ညီ၏ ထိတ်လန့် နေသော အသွင်အား၊ စူးစူး ရဲရဲ စိုက်ကြည့် လိုက်သည်။

ထိုအခိုက် အတန့်တွင် အပြာ ရောင်ဝတ် လူငယ်က အထင် အမြင် သေးစွာဖြင့် ပြုံးကာ၊

“ စီနီယာ အစ်ကို ဂူက၊ ဘာလို့ ကိုယ်တိုင် လုပ်ရ မှာလဲ၊ စိတ်မပူ ပါနဲ့၊ ငါ သူ့ကို မင်းရှေ့မှာ ဒူးထောက် ခိုင်းပြီး၊ မင်းအရင် တုန်းက အရှက် ရခဲ့ သလိုမျိုး၊ သူ့ အပေါ် အရှက်ခွဲ ပေးမယ်။ ”

“ ကျေးဇူးတင် ပါတယ်၊ စီနီယာ အစ်ကို ကောင်း။ ”

လင်းယွန် တစ်ယောက် ဆုံးခန်းတိုင် သွားပြီ ဖြစ်ကြောင်း၊ ဂူတန်း သိသည်။ သူ ခံစား ခဲ့ရသော အရှက် တရား များကို၊ နောက်ဆုံး၌ ဖောက်ခွဲ ပစ်နိုင် တော့ချေမည်။

ထိုအချိန်တွင် ကောင်းမှ မီးခိုးရောင် ၀တ်၊ အမာခံ တပည့် တစ်ဦး၊ ရုတ်ချည်း ဆင်းသက် လာပြီး၊ အိမ်ထဲ လှမ်းဝင် လာသည်။

ထိုသူက ဂူဖန်းကို ကြည့်ပြီး၊

“ စီနီယာ အစ်ကို ဂူ၊ သူ ... ငရဲ နယ်မြေထဲ ဝင်သွားတယ်။ ”

-ဟု သတင်း ပို့လာ လေသည်။

“ ငရဲ နယ်မြေ။ ”

သုံးယောက်သား မျက်ခုံး ပင့်လိုက် မိသည်။ ဧည့်သင်းထောက် တစ်ယောက် မျှသာ ဖြစ်သော လင်းယွန်မှာ၊ ၎င်းနယ်မြေ အတွင်း ၊မည်သို့ ဝင်ရောက် နိုင်သည်ကို၊ နားမလည် နိုင်ခဲ့ချေ။

“ ကောင်းတယ်၊ သူသာ ငရဲ နယ်မြေ ထဲမှာ ဆိုရင်၊ အလွယ် တကူ ဖုံးကွယ် နိုင်မှာပါ။ ”

ဂူဖန်းက ရက်စက်စွာ ပြုံးလိုက်သည်။ ငရဲ နယ်မြေသည် နှစ်ဖက်သွား ဓား တစ်လက် ဖြစ်သည်။ သူ့ အမြင် အရ ထိုနေရာမှာ၊ ပို၍ သင့်တော်၏။

တစ်ချိန် တည်းမှာ ပင်၊ သူ့ဆီ ဦးတည် နေသော အန္တရာယ် များကို၊ လင်းယွန်က မသိနိုင် ခဲ့ချေ။

လူတိုင်း၏ အာရုံစိုက်မှု အောက်တွင် စတုတ္ထ အလွှာ ဆီသို့ ပျံတက် သွားနေသည်။

“ သူ ပဲ ... ။ ”

“ ဒီကောင့်ကို ပေသုံးရာ မီးတောက်က၊ မသတ် နိုင်ဖူး ဆိုတော့၊ စတုတ္ထ အလွှာကို သွားတာ သဘာဝ ပါပဲ ။ ”

“ ဒါပေမယ့် ...၊ စတုတ္ထ အလွှာကို ဝင်ရောက်ဖို့၊ အတား အဆီး ကိုတောင် မချိုး နိုင်တော့ မှာ၊ ငါကြောက် မိတယ်။ ”

‘လူ အမျိုးမျိုး၊ စိတ် အထွေထွေ’ ဆို သလို၊ အတား အဆီးကို ချိုးဖျက်ရန်၊ မလွယ် ကူသော ကြောင့် လူ အများက ပြုံးရယ် လာကြသည်။

ပေါ့လျော့ ပါလျှင်၊ အတား အဆီးကြောင့်၊ ပြုတ်ပင် ကျလာ နိုင်သည်။

လင်းယွန် အရှက် ရမည့် အချိန်ကို အများ စုက စောင့်မျှော် နေချိန် မှာပင်၊ ဓား ရောင်ခြည် တစ်စင်း မိုးကုပ် စက်ဝိုင်းအား ဖြတ်ကာ၊ တောက်ပ လာသည်။

မြင်ကွင်များ မှုန်ဝါး လာပြီးနောက်၊ တတိယ အလွှာ၏ အတား အဆီး ကျိုးပြတ် သွားကာ၊ လင်းယွန် တစ်ယောက် လှမ်းဝင် သွားသည်ကို တွေ့မြင် လိုက် ရသည်။

“ သူ တကယ်ဝင် သွားပြီ။ ”

လူတိုင်းက စိတ်လှုပ်ရှား ကုန်၏။ နောက်ဆုံးတွင် စတုတ္ထ အလွှာမှာ၊ တားမြစ် နယ်မြေ တစ်ခု ဖြစ်လေသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း၊ လူအများ သေဆုံး လာရ သောကြောင့်၊ မည်သူ မဆို ယင်း နယ်မြေအား စမ်းကြည့်ရန်၊ သတ္တိ မရှိတော့ သည်မှာ၊ အချိန် အတော် ကြာခဲ့ပြီ ဖြစ်သည်။

သို့သော် ဤလင်းယွန်သည်၊ ကနဦး ယင် အဆင့် တွင်သာ ရှိသေး သော်လည်း၊ စတုတ္ထ အလွှာသို့ တက်ရောက် ခြင်းကို၊ ပြုလုပ် လာခဲ့သည်။

သူ့၏ ရဲဝံ့ မှုက လူတိုင်းကို စိတ်လှုပ်ရှား လာစေ၏။

စတုတ္ထ အလွှာသို့ လှမ်းဝင် လိုက်သည်နှင့်၊ လှောင်အိမ် တစ်ခု ပြုတ်ကျ လာပြီး၊ လင်းယွန်မှာ ချက်ချင်း ပိတ်မိ သွားသည်။

ပတ်ဝန်းကျင် အပေါ် လှည့်ပါတ် ကြည့်ဖို့ပင်၊ အချိန် မရှိ ခဲ့ချေ။ လှောင်အိမ်ကို မီးလျှံ များဖြင့် ပြုလုပ် ထားပြီး၊ အလွန် နှေးကွေးသော နှုန်းဖြင့်၊ ကျုံ့ဝင် လာနေ သည်ကို၊ ခံစား နိုင်သည်။

အချိန်မှာ များစွာ တန်ဖိုး ရှိကြောင်း၊ သိရှိ လိုက်ရ သဖြင့် ထိုင်ချပြီး၊ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်မိသည်။

ဓားသုတ္တန် ဖြန့်ကျက် လိုက်သည်နှင့်၊ သေးငယ်သော မီးတောက် ကလေး များက အပ်ငယ်များ ကဲ့သို့၊ လျင်မြန်သည့် အဟုန်ဖြင့် ဝင်ရောက် လာသည်။

နာကျင် မှုမှာ တတိယ အလွှာထက် အဆပေါင်း များစွာ ပိုသည်။ တစ်ချိန်တည်း မှာပင်၊ ခန္ဓာကိုယ် ထဲသို့ စိမ့်ဝင် နေသော စွမ်းအင် များတွင်၊ သိပ်ဆများ ပို၍ အားကောင်း ကြောင်း၊ သတိပြု မိသည်။

“ ကြည့်ရတာ ဆုံးဖြတ်ချက် မှန်ကန် ခဲ့ပုံပဲ။ ”

ဤနေရာရှိ ဝိညာဉ် စွမ်းအင်များ အပေါ် ကြေနပ် သွားသည်။ အခွင့် အရေး တိုင်းသည်၊ အန္တရာယ် ကြား၌သာ ရှိပေ၏။

များမကြာမီ ခရမ်းရောင် ပန်း အပေါ် ထိန်းချုပ်ကာ၊ ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် အားလုံးကို ဝါးမြိုရန် အတွက်၊ အာရုံစိုက် လိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာသည်နှင့် အမျှ၊ ခရမ်းရောင်ပန်း ထံမှ အေးစက်သော၊ အတက် အကျ လှိုင်းများ ထွက်ပေါ် လာသည်။

ဆန်းကြယ်သော အအေးဓာတ် များကြောင့်၊ အမည်မဲ့ ခံစား ချက်များ ဝင်ရောက် လာ၏။

တစ်ချိန်တည်း မှာပင်၊ ခရမ်းရောင် ပန်းက၊ ထူးခြားသော အသွင် ပြောင်းမှု တစ်ခုကို၊ ပြုလုပ် နေခဲ့သည်။

ဓားသုတ္တန်သည် ဓား သူတော်စင်မှ၊ ဆင်းသက် လာပြီး၊ စုစုပေါင်း အဆင့် (၁၆)ဆင့် ရှိသည်။ ထို့ကြောင့် သာမာန် ကျင့်ကြံမှု နည်းစနစ် များထက်၊ များစွာ သာလွန်၏။

သို့သော် မူလ စွမ်းအင်ကို ပိုမို အားကောင်း စေသည်မှ လွဲ၍၊ များစွာ ကွဲလွဲမှု မရှိဟု၊ သူ မြင်သည်။

ယင်းကြောင့် ယနေ့တွင် ထိုအမြင်ကို၊ ပြောင်းလဲ ပေးနိုင်သော၊ အသွင် ပြောင်းမှု တစ်ခု ဖြစ်လာ နိုင်ခြင်း၊ ရှိမရှိ စောင့်ကြည့် ရပေမည်။

၎င်းကို တွေးလိုက် ရုံဖြင့်၊ စတုတ္ထ အလွှာသို့ တက်ရောက်ရန်၊ ချမှတ် ခဲ့သော ဆုံးဖြတ် ချက်မှာ၊ မှန်ကန်ကြောင်း ခေါင်းညိတ် အသိ အမှတ် ပြုလိုက် ရသည်။

နှစ်နာရီ ဆိုသော အချိန်မှာ ရှည်ကြာ လွန်းသည် မဟုတ်ချေ။ သို့သော် တိုတောင်း သည် ဟုလည်း မဆိုနိုင်။

ခရမ်းရောင် ပန်းက တဖြည်းဖြည်း အားကောင်း လာသည်နှင့် အမျှ၊ ပတ်ပတ် လည်ရှိ မီးလှောင်အိမ် ကြီးမှာ၊ တရွေ့ရွေ့ ကျုံ့ဝင် နေပေပြီ။

များ မကြာမီ မီး လှောင်အိမ်က၊ သူ့အား သံကြိုးများ ကဲ့သို့ ထုပ်ပိုး လာတော့ မည်။ သည့်ထက် ပို၍ ကျုံ့ဝင်ပြီး နောက်တွင်၊ ခန္ဓာ ကိုယ်မှာ ပေါက်ကွဲ သွားမည် ဖြစ်သည်။

ထို့ကြောင့် နှလုံးသားမှာ တုန်လှုပ် သွားရ၏။ ခရမ်းရောင် ပန်းမှာ၊ နဝမ အဆင့် အထွတ် အထိပ်သို့ ရောက်ရန်၊ ပွင့်ချပ် တစ်ချပ် လိုနေ သေးသည်။

အချိန်မီ မဆောင်ရွက် နိုင်ခဲ့သော်၊ ရရှိ နိုင်မည့် အကျိုး ဆက်မှာ၊ မှန်းဆ၍ မရပေ။

သို့သော် မီးလှောင် အိမ်က၊ ခန္ဓာ ကိုယ်အား၊ ထိကပ် တော့မည့် အချိန်တွင်၊ ခရမ်းရောင် ပန်းမှာ ရုတ်တရက် တောက်ပ လာပြီး၊ ဓားအစီရင် တစ်ခု ဖြစ်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင်၊ မောက်မာသော လေသံဖြင့်၊

“ ပြိင်ဘက်ကင်း ခရမ်းရောင် ဓား အစီရင်_ မူလ အစ၊ ဖီးနစ် အသရေ။ ”

-ဟူသော ကြုံးဝါးသံ တစ်သံ ထွက်ပေါ် လာတော့သည်။

***

ငရဲ နယ်မြေ အပြင် ဘက်ရှိ ရပ်ကြည့် နေမိသော လူအုပ် ကြီးမှာ၊ ရုတ်တရက် ကျောရိုးများ အေးစက်သွား သလို ခံစား လိုက်ရသည်။

၎င်း ခံစားချက် ထွက်ပေါ် လာသည့် ထံသို့၊ လည်ပြန် လှည့်ကြည့် လိုက်ရာ၊ လူလေး ယောက် လျှောက်လှမ်း လာနေ သည်ကို လှမ်းမြင် မိလေသည်။

အကယ် ဒမီတွင် နာမည် ဆိုးဖြင့်၊ ကျော်ကြားသော ဂူဖန်းက တပည့် သုံးယောက်ကို ဦးဆောင် လာခြင်း ဖြစ်သည်။

ငရဲ နယ်မြေ ထဲသို့ ဝင်ရောက် သွားသော၊ လင်းယွန်ကို သတိရ လိုက်မိသော အခါတွင်၊ ဖြစ်ပျက် တော့မည့် အရာများ အပေါ်၊ ချက်ခြင်း တွက်ဆ လာနိုင် ခဲ့သည်။

“ ထွက် သွား ... ။ ”

အပြာဝတ် လူငယ်က မျက်မှောင် ကြုတ်ကာ၊ လမ်းသွား လမ်းလာ အတွင်း တပည့် အများ အပြားကို ကန်ထုတ် လိုက်ပြီး၊ ဂူဖန်း အတွက် လမ်းကြောင်း တစ်ခု၊ ဖွင့်ပေး လေသည်။

ငရဲ နယ်မြေ ဝင်ပေါက်သို့၊ လျှောက်လှမ်း နေသော သူတို့ လေးယောက်ကို ကြည့်ကာ၊ လင်းယွန် အပေါ် မနာလို ခဲ့သော အတွင်း တပည့် များစွာက၊ ပြုံးရွှင် ကုန်သည်။

“ မင်းတို့ ဘာလုပ်ဖို့ ကြိုးစား ... ”

လင်းယွန်ကို ရပ်စောင့် နေသော ဂေါင်မင်က ဂူဖန်းတို့ လေးယောက်ကို မြင်ချိန်၌ ထိတ်လန့်သော အမူ အရာဖြင့်၊ ဟန့်တား လိုက်သည်။

“ ဖြန်း .... ။ ”

သို့သော် သူ့စကား မဆုံး ခင်မှာပင်၊ ကောင်းယွမ်၏ ပါးရိုက်ခြင်း ခံလိုက် ရသည်။ ပြင်းထန် လွန်းသော လက်စကြောင့်၊ အဝေးသို့ လွင့်စင် သွားရ၏။

“ ဧည့်သင်းထောက် တစ်ယောက်က၊ ငါတို့ကို မေးခွန်း ထုတ်ဖို့ သတ္တိရှိ တယ်လား၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူး ချင်နေ တာပဲ။ ”

ကောင်းယွမ်က အထင် သေးစွာဖြင့်၊ ဟိန်းဟောက် လိုက်သည်။ နှုတ်ခမ်း ထောင့်ရှိ သွေးစကို သုတ်ကာ၊ ဂေါင်မင် တစ်ယောက် စကား တစ်ခွန်းမှ မဆို ဝံ့တော့ချေ။

ဂူဖန်း မှာမူ ဂေါင်မင် အပေါ်၊ စိတ်မ၀င် စားနိုင်ဘဲ၊ ငရဲ နယ်မြေ ဝင်ပေါက်ကို မျှော်ကြည့် လိုက်သည်။

“ အစ်ကိုကြီး၊ ဒီကောင်က လင်းယွန်နဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ထဲပဲ။ ”

ဂူတန်းက အလွှတ် မပေး လိုဟန်ဖြင့်၊ အေးစက်စွာ ဝင်ပြောသည်။ သူ့ စကားကြောင့် ဂေါင်မင် မျက်နှာက ပြောင်းလဲ သွားသည်။

“ ဒီအမှိုက်ကို ငါစိတ်မ၀င် စားဘူး၊ လင်းယွန်ကို အရင် ရှာပြီး၊ ငါကို အပြစ် ပြုခြင်းရဲ့ အကျိုး ဆက်ကို၊ ပြောပြ လိုက်ရ အောင်။ ”

ဂူဖန်းက အထင် အမြင် သေးစွာဖြင့်၊ ဂေါင်မင်းအား လှည့်ပင် မကြည့်ဘဲ၊ ပြန်ဖြေ သည်။

“ မင်းတို့ ဒီကို သွားခွင့် မရှိဘူး။ ”

သို့သော် ဂေါင်မင်က သူတို့ ရှေ့တွင် ရုတ်တရက် ဝင်ရပ်ကာ ဆိုသည်။ လင်းယွန်၏ ကျင့်ကြံမှု အပေါ်၊ နှောင့်ယှက် ကြမည်ကို၊ သူ စိတ်ကူး ကြည့်နိုင်သည်။

လင်းယွန်က သူ့အား ယုံကြည်ပြီး၊ သည်နေရာ၌ စောင့်ခိုင်း ခဲ့သည် ဖြစ်ရာ၊ မည်သူ့ ကိုမျှ ဝင်ခွင့် မပေး နိုင်ချေ။

“ မင်းက သတ္တိရှိ ပေမယ့်၊ အသုံး မဝင် ပါဘူး။ ”

ဂူဖန်းက အထင် သေးစွာ ငုံ့ကြည့်သည်။ သူ မလှုပ်ရှား ခင်မှာပင်၊ ကောင်းယွမ်က ရယ်မောပြီး၊ ဂေါင်မင်ထံ လက်လှမ်း လိုက်သည်။

“ မင်းလို လူက ငါတို့ မျက်စိထဲ မှာတော့၊ အမှိုက်ပဲ။ ”

ဂေါင်မင်၏ ပခုံး အရိုး များမှာ၊ ကောင်းယွမ် ဆုပ်ကိုင် မှုကြောင့်၊ ရုတ်တရက် ကွဲအက် သွားတော့သည်။

“ ဒူး ထောက် ... ။ ”

ထို့နောက်တွင် ကောင်းယွမ်က ရယ်မော လျက်ဖြင့်၊ ဒူးထောက် လာစေရန် ဖိအား ပေး လိုက်၏။

နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်လိုက် ပြီး၊ ဂေါင်မင်က ဖိအားကို တောင့်ခံ မိသည်။

နှစ်ယောက်ကြား ကွာခြား ချက်က၊ ကြီးမား လွန်းသည် ဖြစ်ရာ၊ အဆုံးတွင် ဒူးထောက် ကျသွား ရလေသည်။

ကောင်းယွမ်၏ အရှိန်အဝါ အပေါ်၊ မြင်ရ သူတိုင်းက ထိတ်လန့် သွားပြီး၊ ယင်းမှာ အမာခံ တပည့် တစ်ဦး၏ ခွန်အား ဖြစ်ကြောင်း၊ မျက်စိ ပွင့်ကုန် ကြသည်။

ကနဦး ယင် အဆင့်နှင့် အလယ် အလတ် ယင် အဆင့်ကြား ခွန်အား အရာတွင်၊ များစွာ ကွာဟ ပေသည်။

ထိုအချိန်တွင် ရင်ပြင် တစ်ခုလုံး ရုတ်တရက် တုန်ခါ သွားပြီး၊ ဝင်ပေါက်၌ မှုန်ဝါးဝါး မြင်ကွင်း အချို့၊ ဖြစ်ပေါ် လာသည်။

ထိုမြင်ကွင်းမှာ မီးလှောင်အိမ် ပြိုကျ နေသေ ပုံရိပ် ဖြစ်၏။ တစ်စုံ တစ်ယောက်က၊ ငရဲ လှောင်အိမ်ကို ချိုးဖျက် လိုက်သော ကြောင့်၊ ဖြစ်ပေမည်။

၎င်းကို လှမ်းကြည့် လိုက်ပြီးနောက်၊ ဂူဖန်းနှင့် ကောင်းယွမ် တို့၏ မျက်နှာများ၊ ပြောင်းလဲ သွားခဲ့သည်။

“ ငရဲ လှောင်အိမ် တကယ် ကွဲသွား တာလား။ ”

ဂူဖန်းက မယုံ နိုင်ဟန်ဖြင့်၊ တစ်ကိုယ်တည်း ရေရွတ် လိုက်သည်။ ထို့အတူ ကောင်းယွမ် ကလည်း၊ ဂေါင်မင်ကို ရွံရှာဖွယ် ငုံကြည့်ပြီး၊

“ ငါတို့ လမ်းကို ပိတ်ဆို့ နေတဲ့၊ ဒီအမှိုက် ကြောင့်သာ မဟုတ်ရင်၊ အပိုင်း အစ တချို့ကို ငါတို့ လုယူ နိုင်မှာ အမှန်ပဲ၊ ဒါက ရှားပါးတဲ့ အရင်း အမြစ်ကောင်း တစ်ခုပါ။ ”

လောဘကြောင့် ဒေါသထွက် လာပြီး၊ ဂေါင်မင်ကို နောက်တစ်ကြိမ် ပါးရိုက်ရန် အားယူ လိုက်သည်။

ထိုအချိန် မှာပင်၊ မြင်ကွင်းများ ပေျာက်ကွယ် သွားပြီး၊ မီးလျှံ ထဲမှ လူရိပ် တစ်ရိပ် ဖြည်းညှင်းစွာ ထွက်ပေါ် လာသည်။

ထိုလူရိပ်က အဖြစ် အပျက် များကို လှမ်း ကြည့်ကာ၊ ‘ ရပ် စမ်း၊’ ဟု အော်ဟစ် ဟန့်တား လိုက်လေသည်။

( လင်း ယွန် လား။ )

ဟန့်တား လာသော လူရိပ်ကို မြင်သည်နှင့်၊ ဂေါင်မင်က စိုးရိမ် တကြီး သတိ လှမ်းပေး မိသည်။

“ အစ်ကိုလင်း၊ ပြေးတော့ ... သူတို့က မင်းအတွက် ဒီကို ရောက်နေတာ။ ”

လင်းယွန် အနေဖြင့် ထိတ်လန့် သွားခြင်း မရှိ သော်လည်း၊ ဒူးထောက် လျက်ဖြင့် ပါးပြင် တစ်ခုလုံး ရောင်ရမ်း နေသော ဂေါင်မင်ကို ပြန်ကြည့်ကာ၊ ပြောင်းလဲ သွားတော့သည်။

“ ပန်းသင်္ချိုင်း ...၊ မင်းရောက် လာတာ အချိန် ကောင်းပဲ။ ”

ကောင်းယွမ်က သဘော ကျစွာဖြင့်၊ ခေါင်းမော့ကာ ရယ်မော လိုက်လေသည်။ လေထဲတွင် ရပ်တန့် ထားသော သူ့လက်ကို ပြန်ရုတ် လိုက်ပြီး၊

“ စိတ်မပူ ပါနဲ့၊ မင်းလည်း သူ့လို ဒူးထောက် ရလိမ့်မယ်။ ”

-ဟုဆိုကာ စကားဆုံး သည်နှင့်၊ ကောင်းကင်သို့ ခုန်တက် ပစ်လိုက်၏။

ပြီးနောက် မူလ စွမ်းအင်ကို အဆုံးထိ ထုတ်ဖော် လျက်၊ လင်းယွန်အား ပါးရိုက် ချလိုက် လေသည်။

မျက်နှာထံ တိုးဝင် လာသော လက်ဖဝါးကို ကြည့်ကာ၊ လင်းယွန်က ထိတ်လန့် သွားခြင်း မရှိ ခဲ့ပေ။

ကောင်းကင်မှ ထိုးဆင်း လာသော ကောင်းယွမ်ထံ မျက်နှာ မူပြီး၊ အလှုပ် မယှက် ရပ်နေ ခဲ့သည်။

ယင်ကြောင့် ကောင်းယွမ်မှာ မျက်မှောင် ကြုတ်လိုက် သွားမိသည်။ တစ်ဆက်တည်း မှာပင်၊ သမုဒ္ဒရာထဲ နစ်မြုပ်သွား သကဲ့ သို့သော၊ ခံစား ချက်များ ဝင်ရောက် လာ၏။

“ ဒါက မင်းရိုက် ခဲ့တဲ့ လက်ပဲလား။ ”

လင်းယွန်က အေးစက်စွာ လှမ်းမေး လိုက်သည်။

“ ဘာလို့လဲ၊ မင်းက လက်စားချေ ချင်လို့လား၊ ဟား ဟား ဟား .... ။ ”

ပြိုင်ဘက် အပေါ် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရအောင် ရည်ရွယ် ပြီး၊ ကောင်းယွမ်က အံကြိတ်လျက် မူလ စွမ်းအင်များ၊ ထပ်လောင်း ထည့်လိုက်သည်။

“ မဟုတ်ဘူး၊ ဒီလက်ကို ငါယူ မလို့။ ”

ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်း ပွင့်လာကာ၊ ကောင်းယွမ်၏ လက်ကောက်ဝတ် ပေါ်သို့ လှမ်းဆွဲ ယူလိုက်သည်။

ယင်းကြောင့် လက်တစ် ဖက်ကို ရက်ရက် စက်စက် ဆွဲဖြုတ် ခံလိုက် ရပြီး၊ သွေးများ ပန်းထွက် လာလေသည်။

ဖြစ်ပေါ် လာသော နာကြင် မှုက၊ ကောင်းယွမ်ကို ကျယ်လောင်စွာ အော်ဟစ် လိုက်မိ စေသည်။

ထို့ပြင် လင်းယွန်မှာ ၎င်နှင့်၊ ကြေနပ်ပုံ မရ သေးဘဲ၊ လက်သီး တစ်ချက် ထိုးထုတ်ကာ၊ နံရိုး များကို ချိုးပစ် လိုက်သည်။ ပြီးနောက် အတွင်း အင်္ဂါ များပါ၊ ဒဏ်ရာ ရရှိ စေလိုက်၏။

လေထဲ လွင့်ပျံ နေသာ ကောင်းယွမ်ကို ကြည့်ကာ၊ အားလုံး မှင်တက် ကုန်သည်။ လင်းယွန်မှာ ဤမျှ လွယ်လွယ်ဖြင့်၊ ကိုင်တွယ် နိုင်လိမ့် မည်ဟု မထင် ထားမိချေ။

ထို့အပြင်၊ ကောင်းယွမ်မှာ ပြင်းထန် လွန်းသော လက်သီး ချက်ကြောင့်၊ ရပ်တန့် သွားခြင်း မရှိ ခဲ့ဘဲ၊ မြင်ကွင်းမှ ပျောက်ကွယ် သည် အထိ၊ လွင့်ထွက် သွားရ လေသည်။

ကောင်းယွမ်၏ အရိပ်ကို အမည်းစက် အဖြစ်ပင် မမြင်ရ တော့ချေ။ ယင်းကြောင့် ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားခဲ့၏။

ဂူဖန်း ဘေးတွင် ရပ်နေသော၊ အမာခံ တပည့် သည်ပင်၊ ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွား ကာ၊ မျက်လုံး ထဲတွင် ကြောက်ရွံ့ မှုများ၊ ဝင်ရောက် လာတော့သည်။

ကောင်းယွမ်၏ ဘဝ(နှင့်) သေခြင်းမှာ၊ သူနှင့် မသက်ဆိုင် သကဲ့သို့၊ ဆိုးရွားသော အပြုံးကို ထုတ်ဖော်လျက်၊ ဂူဖန်းက ရှေ့တိုး လာသည်။

“ မင်းမှာ ခွန်အားတွေ ရှိတယ်၊ ဒါကြောင့် ... မင်း ဒီလောက် မာနကြီး ဝံ့တာ မဆန်း ပါဘူး၊ စောစောက အပိုင်း အစတွေ နည်းနည်းတော့ ရခဲ့တယ် မဟုတ်လား၊ သူတို့ကို လက်လွှဲ ပေးရင်၊ ငါမင်းကို လွှတ်လိုက်မယ်။ ”

“ အပိုင်း အစ၊ ဘာ အပိုင်း အစလဲ၊ ငါ့မှာ ဘာအပိုင်း အစမှ မရှိဘူး၊ ငရဲပန်း တစ်ပွင့်ပဲ ရှိတယ်၊ ဒါပေမယ့် မင်း ငါ့ဆီက ယူဖို့၊ အရည် အချင်းတောင် ရှိပါ့ မလား။ ”

ငရဲ ပန်းကို ထုတ်ယူ ပြလိုက်ပြီး၊ လင်းယွန်က ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေ သည်။

အနီရောင် ပန်း တစ်ပွင့် ထံမှ ထူးခြားသော ရောင်ဝါကြောင့်၊ ကောင်းကင် တစ်ခွင်လုံး ချက်ချင်းပင် မှောင်မိုက် သွားတော့၏။

ငရဲပန်းကို မျက်မြင် တွေ့လိုက် ရချိန်တွင်၊ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

ဤလင်းယွန်၌ ပန်း တစ်ပွင့် ရှိနေ ခြင်းမှာ၊ ငရဲ လှောင်အိမ်ကို ချိုးဖြတ် သူဟု၊ အဓိပ္ပါယ် ရပေ သည်။ တွေးကြည့် ရုံဖြင့်ပင်၊ အားလုံးက ထိတ်လန့် တကြား ဖြစ်လာ ကုန်၏။

***

All Chapters