← Chapters

ဆင်းလာခဲ့။

Vol. 38 Ch. 527

ဆင်းလာခဲ့။

Vol. 38 Ch. 527

လင်းယွန် လက်ထဲရှိ ငရဲ ပန်းကို လူတိုင်းက ချက်ချင်း မှတ်မိ သွားကြသည်။

“ မဖြစ် နိုင်ဘူး။ ”

ဂူတန်းက လင်းယွန်အား ထိတ်လန့်စွာ မော့ ကြည့် လိုက်၏။ သူ့ အမြင်၌ ငရဲပန်းကို ရရှိရန် မဖြစ် နိုင်ပေ။

လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း မည်သူမျှ မအောင်မြင် ခဲ့သည် ဖြစ်ရာ၊ စိန်ခေါ် ဝံ့သူပင် မရှိ တော့ချေ။

ရဲတင်းစွာ စိန်ခေါ် သူတိုင်း၊ ‘ပြာ’ အဖြစ် လောင်ကျွမ်း ခံရ ပေမည်။

သို့သော် ဤလင်းယွန်မှာ အသက် ရှင်လျက် ထွက်လာ နိုင်ရုံသာ မက၊ ငရဲပန်း ကိုပင် ရယူ နိုင်ခဲ့သည်။

ငရဲပန်းကို ပြန်သိမ်း နေသော လင်းယွန်အား ကြည့်ပြီး၊ ဂူဖန်း၏ မျက်ဝန်း များတွင်၊ လောဘ ရောင်များ ဝင်းလက် လာ၏။

“ မင်း မသေ ချင်ရင် ပေးလိုက်ပါ၊ မင်းရဲ့ ခွန်အားနဲ့ ကာကွယ်ဖို့ နည်းလမ်း မရှိဘူး။ ”

“ ပန်းကို မြင်ပြီး တာတောင်၊ မာန ကြီးရဲ ပုံထောက်ရင် ၊ ဒီခွေးလှေး ကြမ်းပိုး တွေထက်၊ မင်းက ပိုသန် မာမယ် ထင်တယ်၊ ”

လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။

“ အစ်ကိုလင်း၊ ဒီလူကို လျှော့ မတွက်နဲ့၊ အထွတ် အထိပ် ယင် အဆင့်က၊ လမ်းလွဲ ကျင့်ကြံ သူကို သတ်ခဲ့ ဖူးတယ်။ ”

ဂေါင်မင်က စိုးရိမ် တကြီး သတိပေး လိုက်သည်။

“ ငါ မင်းကို မတ်တပ် ရပ်ခွင့် ပေးလို့လား။ ”

သူ့ လက်ဖဝါးကို ဂေါင်မင်ထံ ပစ်တင် လိုက်ပြီး၊ ဂူဖန်းက ဆိုသည်။ နီရဲ နေသော လက်ဖဝါး ကြီး တစ်ဖက်က၊ ဂေါင်မင် ရင်ဘတ် ပေါ်သို့ ကျရောက် သွားကာ၊ လွင့်စင် သွေးအန် သွားစေ၏။

အခြား တစ်ဖက်တွင် လင်းယွန်က လက်ညိုးကို တောက်ထုတ်ကာ၊ ငွေရာင် ဓားများဖြင့် ပစ်လွှတ် လိုက်သည်။

စွမ်းအင် ဓား တစ်လက်သည် ဂူတန်းထံ ပြေးဝင် သွားပြီး၊ ဒူးခေါင်းအား ဖောက်ထွက် သွားသည် ။

နာကျင်စွာ အော်ဟစ် လိုက်ပြီး၊ အသားများ တစ်ဆက်ဆက် တုန်လာကာ၊ ဒူးခေါင်း ဆီမှ သွေးများ စီးကျလျက်၊ မြေပြင်ပေါ် ကွေးကျ သွားသည်။

“ ရပ် ...။ ”

ဂူဖန်းက တည်ငြိမ်မှုကို ဆက်လက် မပြသ နိုင်တော့ဘဲ၊ ဟိန်းဟောက် လိုက်သည်။

သို့သော် ဂူတန်း၏ နောက်ထက် ဒူး တစ်ဖက်ကို ထိုးဖောက်ရန်၊ ပြေးဝင် သွားသော ငွေရောင် စွမ်းအင် ဓား တစ်လက်အား၊ ရပ်တန့်ရန် အချိန် မမှီ တော့ချေ။

ယင်းကြောင့် ဂူတန်းမှာ၊ ဒူးနှစ်ဖက် စုံကွေးလျက် မြေပြင်ပေါ် ထောက်ကျ သွားကာ၊ ဂူဖန်း မျက်နှာအား ဖြူလျ သွားစေ ခဲ့သည်။

“ မင်း ... သေချင် နေတာပဲ။ ”

ဂူတန်း၏ အသွင်ကြောင့်၊ သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော်ပြီး၊ ဂူဖန်းက လက်သီး တင်းတင်း ဆုပ်လိုက်သည်။

နီမြန်းသော မူလ စွမ်းအင်များ၊ သူ့ခန္ဓာ ကိုယ်မှ ထွက်လာပြီး၊ လင်းယွန်အား ဖိနှိပ် လိုက်၏။

ထိုအရှိန် အဝါ အရ၊ အထွတ် အထိပ် ယင် အဆင့်နှင့် မဝေး တော့ကြောင်း၊ မည်သူ မဆို ပြော နိုင်သည်။

ကောင်းယွမ်နှင့် အဆင့် တူ၌ ရှိသော်လည်း၊ လုံးဝ ခြားနား သူ တစ်ယောက် ဖြစ်ပေသည်။

ယင်းကြောင့်ပင် တစ်ချိန်က အထွတ် အထိပ် ယင် အဆင့်၊ လမ်းလွဲ ကျင့်ကြံ သူအား သတ်ဖြတ် ခဲ့သည် ဟူသော သတင်းမှာ၊ အမှန် ဖြစ်ပုံ ရသည်။

တစ်ချိန်တည်း မှာပင် လူတိုင်းက၊ လင်းယွန်ကို သနား စိတ်ဖြင့် ကြည့်လာ မိကြ၏။

လင်းယွန် တစ်ယောက် ငရဲပန်းကို ရယူရန်၊ အမှန် တကယ် အရည် အချင်း ရှိှသော်လည်း၊ ဂူဖန်းထံ ပြေးသွား မိသည်မှာ၊ စိတ်မကောင်း စရာ ပေပင်။

နောက်ထပ် သုံးလ ခန့်သာ လင်းလွန်တွင် အချိန် ရပါက၊ သူတို့ နှစ်ယောက်၏ တိုက်ပွဲ ရလဒ် အပေါ်၊ မခန့်မှန်း နိုင်တော့ပေ။

ရုတ်တရက် လင်းယွန်ထံ မီးခိုးတန်း တစ်စ၊ လျှပ်စီး လက်သလို တိုးဝင် သွားသည်။ ထိုမီးခိုး တန်းမှာ၊ ကျန်ရှိ နေသော အမာခံ တပည့် တစ်ယောက် ဖြစ်သည့်၊ မီးခိုး ရောင်ဝတ် လူငယ် ဖြစ်သည်။

ကောင်းယွမ်နှင့် ခွန်အားခြင်း တူသော်လည်း၊ သူက ခိုးဝင် တိုက်ခိုက်ရန် နည်းလမ်းကို ရွေးချယ် ခဲ့သည်။

အဆိုပါ လုပ်ရပ်ကြောင့်၊ လူတိုင်း၏ နှလုံး သားမှာ၊ ဆုပ်ကိုင် ခံလိုက် ရသလို၊ တင်းကြပ် သွား စေသည်။ ထိမှန် ခံရ ပါက အကျိုး ဆက်မှာ၊ သက်သာမည် မဟုတ်ပေ။

သို့သော် လင်းယွန်က နှုတ်ခမ်းတွင် အေးစက်သော အပြုံး တစ်ပွင့်ကို၊ ချိတ်ဆွဲ လိုက်ပြီး၊

“ ငါ့ ဘဝမှာ လူတော်တော် များများကို၊ ရန်စ ခဲ့ဖူးတယ်၊ အခု လိုမျိုး လွယ်လွယ် နဲ့သာ၊ ခိုးကြောင် ခိုးဝှက် တိုက်ခိုက်လို့ ရကြေး ဆိုရင်၊ ငါ သေတာ ကြာပြီ။ ”

ထို့နောက် ခိုးဝင် တိုက်ခိုက် မှုအား ကာကွယ်ရန်၊ ခန္ဓာ ကိုယ်ကို စောင်းလျက် လက်သီးဖြင့် ပြန်လည် တွန်းထုတ် လိုက်သည်။

လက်နှစ်ဖက် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ မီးခိုး ရောင်ဝတ် လူငယ်က သွေးများ အန်ချ လိုက်ရသည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ပြီး၊ မျက်နှာတွင် ကြောက်စိတ် များ အစားထိုး ဝင်ရောက် လာကာ၊ ထွက်ပြေးရန် ပြင်လိုက် လေသည်။

“ မင်း ဒီကို လာပြီး မှတော့၊ နေပါဦး။ ”

လင်းယွန်၏ မျက်ဝန်း များတွင် အေးစက်သော အလင်းများ တောက်ပ လာသည်။

အငိုက် ပြေးဝင် တိုက်ခိုက် ပြီးနောက်၊ အလွယ် တကူ ဆုတ်ခွာ နိုင်မည်ဟု၊ ယူဆ နေပုံ ရသည်။

ပြန်လှည့် ပြေးရန် ပြင်နေသော ထိုလူငယ်၏ လက်ကောက် ဝတ်ကို လှမ်းဆွဲကာ၊ အောက်ဆွဲ ချလိုက်သည်။

ထို့ကြောင့် မီးခိုး ရောင်ဝတ် လူငယ်၏ ခန္ဓာ ကိုယ်မှာ၊ မြေပြင် ပေါ်သို့ ပြုတ်ကျ လာရ၏။

အကျိုးဆက် အနေဖြင့်၊ မြေပြင်နှင့် ရိုက်မိ သွားကာ၊ အရိုးများ အားလုံး ကွဲအက် ကုန်လေသည်။

၎င်းမှာ အဆုံးသတ် မဟုတ် ခဲ့ဘဲ၊ နောက်ထပ် ကန်ချက် တစ်ချက်ကို ပေးလိုက် သည်။

အဆိုပါ ကန်ချက်သည် သက်တမ်း တစ်ဝက် ခန့်အား နှုတ်ယူ လိုက်ပြီး ဖြစ်ရာ၊ ပြန်ထ နိုင်ခဲ့ လျှင်ပင်၊ ပြဿနာ မပေး နိုင် တော့ချေ။

ထို့ကြောင့် လူတိုင်း၏ မျက်နှာ ပေါ်တွင်၊ တုန်လှုပ် ချောက်ချား သွားကာ၊ အသက် ရှူသံ ပြင်းပြင်းကို ထုတ်ဖော် မိကုန်၏။

ခိုးဝင် တိုက်ခိုက်ဝံ့ သူအား ဤမျှ ရက်စက်စွာ ပြုမူ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားမိ ချေ။ သည်လုပ်ရက်သည် ဂူဖန်း၏ နှုတ်ခမ်းများ ကိုပင်၊ တုန်လှုပ် သွားစေ ခဲ့သည်။

လွန်ခဲ့သော နှစ်လ ခန့်၌၊ အလယ် အလတ် ယင် အဆင့်၊ လမ်းလွှဲ ကျင့်ကြံ သူထံ ပြေးမိ ချိန်တွင်၊ ခရမ်းရောင် နန်းတော် တစ်ပိုင်း ခွန်အားသာ ရှိသော ကြောင့်၊ လင်းယွန်မှာ အသတ် ခံရ လုနီးပါး ဖြစ်ခဲ့သည်။

ယခု မူကား၊ သာမာန် အလယ် အလတ်၊ ယင် အဆင့် ကျင့်ကြံသူ အနေဖြင့်၊ သူ့အား စိန်ခေါ် နိုင်စွမ်း မရှိ တော့ချေ။

ဂူဖန်း ကဲ့သို့သော တစ်စုံ တစ်ယောက် သည်သာ၊ သူ့ကို ဖိအား နည်းနည်း ပေးနိုင်၏။

“ စရ အောင်၊ ဒီအမှိုက်တွေ လိုတော့၊ မင်းကိုယ် မင်း အရှက် မခွဲဖူး မဟုတ်လား။ ”

လင်းယွန်က မျက်လုံး များကို၊ မေှးစင်းလျက် ဆိုသည်။

လင်းယွန်၏ လုပ်ရပ် များမှာ၊ အလွန် ကြောက်စရာ ကောင်းလွန်း သောကြောင့်၊ ဒူးထောက် နေရသည့် ဂူတန်း တစ်ယောက်၊ ကြောက်ရွံ့ တုန်လှုပ် သွားသည်။

သူတို့ လေးယောက်က လင်းယွန်ကို အရှက်ခွဲ မည်ဟု မောင်းတင်ပြီး၊ ရောက်လာ ခဲ့သည်။

ဂေါင်မင်ကို ကောင်းယွမ်က ပါးရိုက်လိုက် ချိန်၌၊ အရာ အားလုံး သူ့လက်ထဲ ရောက်လာ တော့ မည်ဟု ထင်လိုက် မိ၏။

သို့သော် ယခုမူ၊ ကောင်းယွမ်မှာ အရှင် လတ်လတ် လက်မောင်း တစ်ဖက် ဆွဲဖြုတ် ခံလိုက် ရပြီး၊ မီးခိုး ရောင်ဝတ် လူငယ်၏ အနေ အထားက၊ ထို့ထက် ပိုဆိုး နေလေသည်။

နောက်ဆုံး မျှော်လင့်ချက် အနေဖြင့်၊ သူ့ အစ်ကိုကြီးက လင်းယွန်ကို အနိုင်ယူ ဖို့ရန်သာ၊ မျှော်လင့် မိသည်။ မဟုတ်သော် အကျိုး ဆက်ကို မှန်းဆ၍ မရချေ။

“ မင်းရဲ့ အစွမ်း သတ္တိက လေးစား စရာ ကောင်းတယ်၊ ဒါပေမယ့် မင်းမှာ ဒီလောက်ပဲ ရှိတယ် ဆိုရင်၊ ငရဲ ပန်းကို လွှဲပေးဖို့ ငါအကြံပေး ပါရစေ။ ”

ဂူဖန်းက မထီ မဲ့မြင် ပြုလျက် ဆိုသည်။

“ မင်း ... လာစမ်း ကြည့်လို့ ရတယ် ...။ ”

စကားတင် မခံဘဲ၊ လင်းယွန်က ပေါ့ပျက် ပျက်ဖြင့် ပြန်လည် စိတ်ခေါ် လိုက်၏။

“ ဒါဆို နောင်တ မရ စေနဲ့။ ”

ဂူဖန်းက ရယ်မော လိုက်ပြီး၊ ကောင်းကင်သို့ ပျံတက် သွားသည်။ လင်းယွန်အား ပြင်းပြသော သတ်ပစ် လိုသည့် ဆန္ဒ များဖြင့်၊ တိုက်ခိုက်ရန်၊ ပြေးဝင် လာခဲ့သည်။

သူ့ထံမှ ကြက်သွေးရောင် အဆင်း သဏ္ဍာန် ရောင်ဝါများ ပေါက်ကွဲ ထွက်လာပြီး၊ တုန်လှုပ်ဖွယ် ကောင်းသော ဖိအားကို၊ ပေးစွမ်း လာသည်။

၎င်းအရှိန် အဝါမှာ အထွတ် အထိပ် ယင် အဆင့်ရှိ၊ တစ်စုံ တစ်ယောက်နှင့်၊ ယှဉ်နိုင် ပေ၏။

သို့သော် ဂူဖန်းကို ကြည့်ကာ လင်းယွန်က ပြုံး လိုက်သည်။ ထို့နောက် နှစ်ယောက်သား အပြန် အလှန် ထိုးနှက် လိုက်ကြ တော့သည်။

ဆယ်ကြိမ်ခန့် ရင်ဆိုင် လိုက်ကြပြီး နောက် တွင်၊ ဂူဖန်းက လင်းယွန်၏ အင်အား အပေါ် တိုင်းတာ နိုင်ခဲ့သည်။

ပြိုင်ဘက် ခွန်အားမှာ၊ ပြသ ထားသော အဆင့် တွင်သာ ရှိသေးသည်။ ထိုကြောင့် အထွတ် အထိပ်၊ အလယ် အလတ် ယင်အဆင့် ခွန်အားကို၊ လင်းယွန်အား ပြသ တော့မည် ဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီး နောက်တွင်၊ သူ့ခန္ဓာ ကိုယ်မှ ကြက်သွေးရောင် အရှိန် အဝါများ ထွက်ပေါ် လာပြီး၊ လင်းယွန်၏ ဓား ရောင်ဝါကို ချက်ချင်း လွှမ်းခြုံ ပစ်သည်။

မျက်နှာ ပေါ်တွင် ရက်စက်သော အပြုံး တစ်ပွင့် နှင့်အတူ၊ လင်းယွန်၏ ရင်ဘတ်အား လက်သီးဖြင့်၊ ထိုးချ လိုက်၏။

“ သေ လိုက် တော့ ...။

ကြက်သွေးရောင် လက်သီးက၊ လင်းယွန်၏ ဓား ရောင်ဝါကို ဖြည်းညှင်းစွာ ထိုးခွဲလျက် တိုးဝင် လာသည်။

ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ ပွင့်လာပြီး၊ နောက်တစက္ကန့် အတွင်းတွင်၊ ကောင်းကင်၌ ပန်းတစ်ပွင့် ကောက်ကြောင်း ထွက်ပေါ် လာ၏။

ထိုပန်း ထွက်ပေါ် လာသည်နှင့်၊ လေးပြင်းများ တိုက်ခတ် လာကာ၊ လင်းယွန်၏ အ၀တ် အစားများ လွင့်ပျံ သွား လေပြီ။

တစ်ဆက်တည်း မှာပင်၊ ပြိုကွဲ လာနေသော ဓား ရောင်ဝါမှာ ပြန်လည် တည်ငြိမ် သွားပြီး၊ ပို၍ပင် အားကောင်း လာ၏။

“ ငါ့ ဓား၏ နာမ၌ ပန်းပွင့်လော့။ ”

( ငါ့ဓား၏ အမည်ဖြင့် ပန်းပွင့်လော့။ )

ခရမ်းရောင်ပန်း တစ်ပတ် လည်ထွက် ပြီးနောက်၊ လက်သီးကို ဂူဖန်း ထံသို့ တွန်းထုတ် လိုက်ရာ၊ သူ့ ဆံပင်များ ဟုတ်ခနဲ လွင့်ပျံ သွားသည်။

အပြုံးမှာ နတ်ဆိုး တစ်ပါး ကဲ့သို့၊ ကျက်သရေ ကင်းမဲ့ လှသော်လည်း၊ လူတိုင်း၏ အာရုံ စူးစိုက် မှုကို ရယူ နိုင်ခဲ့သည်။

“ ဆင်း လာ ခဲ့ ...။ ”

လက်သီးနှင့် လက်ဖဝါးတို့ တိုက်မိ သွားချိန် တွင်၊ မြေပြင် တစ်ခုလုံး၊ ပြင်းထန်စွာ တုန်ခါ လာပြီး၊ ဂူဖန်း တစ်ယောက် ကြိုးပြတ် သွားသော စွန် တစ်ကောင် ကဲ့သို့၊ သွေးအန် လျက် လွင့်စင် သွားသည်။

မြေကြီး ပေါ် ပြုတ်ကျ သွားသော အခါတွင်၊ မြေမှုန့်များ တိမ်တိုက် သဏ္ဍာန် ထကြွ လာသည်။ လမ်းတစ် လျှောက်တွင် ရှိနေသော တပည့်များ အားလုံး၊ နောက်ဆုတ် ရှောင်တိမ်း လိုက်ရ ၏။

တိုက်ပွဲ အလယ်၌ ရပ်နေသော လူငယ်ကို၊ လှမ်းကြည့် လိုက် ချိန်တွင်၊ ကြောက်ရွံ့ မှုကြောင့် နှလုံး သားများ၊ တဆက်ဆက် တုန်ယင် လာကြ တော့သည်။

***

All Chapters