သွေးဆူခြင်း။
Vol. 38 Ch. 528
ရက်စက်သော အပြုံးဖြင့်၊ တိုက်ပွဲ အလယ်တွင် လင်းယွန်က ရပ်နေ ခဲ့သည်။
တစ်ချိန်က အထွတ် အထိပ် ယင်အဆင့် လမ်းလွဲ ကျင့်ကြံ သူကို သတ်ခဲ့ ဖူးသော ဂူဖန်းမှာ၊ အမှန် တကယ်ပင် လင်းယွန် လက်၌ ကျရှုံး သွားခဲ့သည်။
မယုံ နိုင်စရာ မြင်ကွင်း တစ်ခု ဖြစ်သော် လည်း၊ လက်ခံရ ပေမည်။
နေသာ စီရင်စု သမိုင်း တစ်လျှောက်တွင်၊ အဆင့်ကေျာ် တိုက်ခိုက် နိုင်သူ များကို၊ အထက် တန်းစား များ အဖြစ် သတ်မှတ် ကြပေသည်။
နောက်ဆုံး၌၊ ကျင့်ကြံမှု အဆင့်များ ကြားရှိ ပင်လယ် ကွေ့မှာ၊ သူတို့ စိတ်ကူးထား သည်ထက် များစွာ ကြီးမား လှ၏။
လက်ရှိ အချိန်တွင်၊ ဂူဖန်းမှာ မတ်တပ် ပြန်ရပ်ရန် ရုန်းကန် နေရပြီး၊ လင်းယွန်က သူ့ကို လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိ ခဲ့ပေ။
ပတ်ဝန်း ကျင်မှ တပည့် များက၊ ပုံမှန် မဟုတ်သော လေထုကို သတိ ပြုမိ လာသည် ကြောင့်၊ အမြန် ပြန်ဆုတ်သွား ကြသည်။
ခဏ အကြာတွင် လင်းယွန်နှင့် ဂူဖန်း တို့သာ ကွင်းလယ်၌ ကျန်ရှိ တော့ခဲ့ တော့၏။ ဂူဖန်းက ဖျော့တော့သော မျက်နှာဖြင့်၊ သူ့ခြေ ထောက်ပေါ်၊ ဖြည်းဖြည်းချင်း ပြန်တက် လာသည်။
နှုတ်ခမ်း ထောင့်စွန်းရှိ၊ သွေးစ များကို သုတ်ပြီး၊ အေးစက်စွာ ပြုံးသည်။ ပြိုင်ဘက် ခွန်အားမှာ၊ ကျင့်ကြံမှု အဆင့်ထက်၊ အဆပေါင်း များစွာ ကျော်လွန် နေ၏။
တားမြစ် ထားသော ငရဲ နယ်မြေ၏ စတုတ္ထ အဆင့်ကို တက်ရောက် ရဲသည်မှာ၊ အံ့ဩ စရာ မဟုတ်ပေ။
“ ဆယ်စုနှစ် တစ်ခု တိုင်အောင် ဘယ်သူမှှ မဝင်ရောက် ရဲခဲ့ ပေမဲ့၊ မင်းက ဒါကို အောင်မြင် ခဲ့တယ်၊ ဒါပေမယ့် ပျော်စရာက အခုမှ စမှာ ... ။ ”
စကားဆုံး သည်နှင့် ဂူဖန်း၏ အကြည့်မှာ၊ ရုတ်တရက် စူးရှ လာပြီး ကြက်သွေးရောင် အဆင်းများ ထွက်ပေါ် လာသည်။
သူ၏ ရှည်လျားသော ဆံပင် များက၊ လေထဲတွင် တဖျပ်ဖျပ် လွင့်လာကာ၊ ခန္ဓာ ကိုယ် အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထုတ်လွှတ် လာသည်။
မျက်လုံး များရှိ သွေးကြောများ ပေါက်ထွက် ခြင်းကြောင့်၊ သွေးများ စီးကျ လာ၏။
ပြောင်းလဲ သွားသော အသွင် အရ၊ ဆိုးရွား လွန်းသည့် ခံစား ချက်ကို ပေးစွမ်း နေသည်။
ခွန်အားက ပြန်လည် ပြည့်ဖြိုး လာပြီး၊ ပို၍ပင် ပြင်းထန် နေသောကြောင့်၊ ဂူဖန်း တစ်ယောက် တားမြစ် နည်းစနစ်ကို၊ အသုံးပြု နေကြောင်း၊ ပြောနိုင်သည်။
“ ဒါက သွေးနီရောင် အသွင် ပြောင်းခြင်း။ ”
“ ဒီလို တားမြစ် နည်းစနစ်ကို၊ ထုတ်ဖော် ရတဲ့ အထိအောင်၊ လင်းယွန်က အစွမ်းထက် ခဲ့တာ လား။ ”
“ တားမြစ် နည်းစနစ်က နောက်ထပ် နာရီဝက် တိတိ၊ သူ့ရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို မြှင့်တင် ပေးလိမ့်မယ်၊ ဒါပေမယ့် ဒဏ်ပြန်တဲ့ ကျိုးဆက် တွေက ဆိုးရွား လွန်းပါတယ်။ ”
“ သူရှုံးလို့ မဖြစ် ဖူးလေ၊ ရှုံးရင် အမာခံ တပည့် တစ်ယောက်ရဲ့၊ ဂုဏ် သိက္ခာက ပြီးသွား မှာ။ ”
အသွင် ပြောင်းလဲ နေသော ဂူဖန်းကို ကြည့်ကာ၊ အတွင်း တပည့်များ အားလုံး ထိတ်လန့် သွားကြသည်။
“ မိုးကြိုး မုန်တိုင်း ကပ်ဘေး - မိုင်ထောင် ချီသော ကြက်သွေးရောင် ကမ္ဘာကြီး။ ”
ဂူဖန်းက ကြုံးဝါးလိုက် သည်နှင့်၊ သူ့ပတ်ဝန်း ကျင်တွင် မီးလျှံ များက၊ တောမီးများ ကဲ့သို့ ထတောက် လာသည်။
တစ်ချိန်တည်း မှာပင်၊ မီးတောက် များနှင့် အတူ ပွက်ပွက်ဆူ နေသော ဓားကြီး တစ်လက်က၊ ဝိညာဉ် ရေးရာ ရူရ်များ ရောယှက် လျက်၊ ဖွဲ့တည် လာ၏။
ပန်းချီကား ထဲရှိ ကြက်သွေးရောင် မီးလျှံ ဓားကြီးမှာ၊ တရှဲရှဲ အော်မြည် သံနှင့် အတူ၊ လေထဲ ယိမ်းထိုး နေ၏။
တားမြစ် နည်းစနစ် အောက်တွင်၊ ဒုတိယတန်း ပန်းချီကား တစ်ချပ်သည်၊ တတိယတန်း ပန်းချီကား တစ်ချပ် နီးနီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ထုတ်ပြ လာခဲ့သည်။
“ ဒီနေ့ မင်းကို အနိုင် ယူပြမယ်။ ”
လင်းယွန် အပေါ် ကန့်သတ် ပိတ်လှောင် လိုက်ပြီး နောက်၊ ဂူဖန်းက ဆိုသည်။
သူ့ မျက်လုံး များတွင်၊ လူသတ် လိုသော အရိပ် အယောင်များ လင်းလက် လာကာ၊ ကြက်သွေးရောင် ဓားပန်းချီ ကားကို လင်းယွန် ထံ ချိန်ရွယ် လိုက်သည်။
အမာခံ တပည့်များ ထဲမှ ထိပ်ဆုံး ဆယ်ယောက် အောက်တွင်၊ အဆင့် သတ်မှတ် ခံထား ရသော ဂူဖန်း၏ တိုက်ခိုက်မှုကို မည်သူမျှ မခံဝံ့ သောကြောင့်၊ ဤမြင်ကွင်းမှာ ထိတ်လန့်ဖွယ် ကောင်းနေ ခဲ့သည်။
မြေပြင် ပေါ်တွင် ဒူးထောက် နေသော ဂူတန်း သည်လည်း၊ သူ့ အစ်ကို၏ အသွင် ပြောင်းလဲ မှုအား ကြည့်ကာ၊ စိတ်လှုပ်ရှား သွားသည်။
အံကြိတ်လျက် လက်သီး များကို တင်းတင်း ဆုပ်လိုက်၏။
“ ဝိညာဉ် ရေးရာ ပုံကြမ်းလား၊ ငါလည်း အဲဒါ တွေကို ဘယ်လို သုံးရမှန်း သိပါတယ်။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ မိုလင်း ပင်လျှင် ဒုတိယတန်း ဝိညာဉ် ရေးရာ ပန်းချီ ကားဖြင့်၊ သူ့အား အနိုင် မယူ နိုင်ချေ။
ဤဂူဖန်း၏ ပန်းချီ ကားမှာ၊ မိုလင်းထက် အစွမ်း ထက် နိုင်မည်လော။
ကြက်သွေးရောင် မီးလျှံ ဓားဖြင့်၊ ထိမှန် ခါနီး အချိန်တွင်၊ လင်းယွန် ပတ်ဝန်း ကျင်၌ မီးဝိညာဉ် ရူရ်များ ဖွဲ့တည်စ ပြုလာသည်။
သို့သော် ‘လေ ဝိညာဉ်’ ရူရ်ကို ထည့်သွင်း ထားသော ကြောင့်၊ ပန်းချီ ကားမှာ အခြားသော တပည့် များနှင့် မတူ ခဲ့ဘဲ၊ ဝရုန်း သုန်းကား နိုင်ခဲ့သည်။
၎င်းတို့ အမြင်၌ အမှိုက်ပုံ ‘လေ’ ဝေ့နေ သကဲ့သို့၊ ရူရ်များ ဦးတည် ရာမဲ့ ပြေးလွှား နေသော မြင်ကွင်းမှာ၊ သေမင်းကို ထွေခင်း ကစား နေသည်ဟု ယူဆ မိစေသည်။
လူတိုင်းတွင် စိတ်လှုပ် ရှားသော အမူ အရာများ ဖြစ်လာ ကြ၏၊ ပန်းချီ ကားကို မပြီးမြောက် ခဲ့သော်၊ လင်းယွန် သေရ ပေ လိမ့်မည်။
ဂူဖန်း ပင်လျှင် အနည်းငယ် အံ့အားသင့် သွား ပြီးနောက်၊ ချက်ချင်း ပြုံးရယ် မိလေ သည်။
လင်းယွန်မှာ သေမင်းကို ဖိတ်ခေါ် မိသော၊ သူ့ကိုယ် သူသာအပြစ်တင် နိုင်ပေမည်။
“ ကောင်းကင်ဘုံ လျှို့ဝှက် တံဆိပ်— မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ်။ ”
ထို့နောက် တွင်မူ ဖရို ဖရဲ လှည့်ပတ် ပြေးလွှား နေသာ ရူရ် များမှာ၊ ခမ်းနားသော ပန်းချီကား တစ်ချပ် အဖြစ်၊ ရုတ်တရက် ပြောင်းလဲ သွားသည်။
ငရဲ မီးလျှံ မြစ်ရေများ ဖွဲ့တည် လာပြီး၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ်မှာ၊ အထွတ် အထိပ် ယင် အဆင့် ကျင့်ကြံသူ များအား၊ ယှဉ်နိုင်သော အရှိန် အဝါ အထိ၊ မြင့်တက် လာတော့၏။
မိုလင်းနှင့် ယှဉ်ပြိုင် ချိန်၌ မိစ္ဆာ တောင်တန်း နှင့် ငရဲ မြစ်ကို ဖန်တီးရန်၊ အစွမ်းကုန် ကြိုးစား ခဲ့ရ သည်။
ယခုမူ အတွေး တစ်ချက်ဖြင့်ပင်၊ ထုတ်ဖော် နိုင်သည်။ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကား ထံမှ၊ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင်လို၊ ဟောက်သံများ ထွက်လာသည်။
ကောင်းကင် ယံ၌ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွား လာခဲ့ပြီး၊ ခဏ အကြာတွင် ကြက်သွေးရောင် မီးလျှံ ဓားကြီး၊ ပြိုကျ သွားသည်။
သနား စရာ ကောင်းသော အော်ဟစ် သံနှင့် အတူ၊ ဂူဖန်းမှာ နောက်တစ်ကြိမ် လွင့်စင် သွားရ၏။
သို့သော် ပြန်လည် အားယူ လာသော သူ၏ အရှိန် အဝါသည်၊ ပို၍ပင် အားကောင်း လာကာ၊ အထွတ် အထိပ် ယင် အဆင့်သို့၊ ရောက်ရှိ လာခဲ့ သည်။
သွေးနီရောင် အသွင် ပြောင်းခြင်းသည်၊ ခွန်အားကို မြှင့်တင် ပေးသည့် တားမြစ် နည်းစနစ် တစ်ခု ဖြစ်၏။
“ မိုလင်း ...၊ ဒီ ဂုဏ်သရေရှိ အမျိုး သမီးက၊ မင်းကို သင်စရာ ရှိတာတွေ အကုန် သင်ပေး ထားပုံ ရတယ်၊ ဒါပေမယ့် မင်းကို မကယ်နိုင် သေးပါဘူး၊ ဒီနေ့ သေကို သေရမယ်။ ”
စကားဆုံး သည်နှင့်၊ မိစ္ဆာ တောင်တန်းနှင့် ငရဲ မြစ် ပန်းချီကို ဖျက်စီးရန်၊ လက်သီး တစ်ချက် ထိုးထုတ် လိုက်သည်။
ပြီးနောက် တိုက်တန်ကြီး တစ်ကောင် ကဲ့သို့၊ တစ်လှမ်းခြင်း ပြေးဝင် လာသည်။
( တိုက်တန် ဆိုသည်မှာ ယူရေးနပ်စ်နှင့်၊ ဂါယာ တို့မှ ဖွားမြင်သော ဂရိ ဒဏ္ဍာရီလာ လူသားကြီး မျိုးနွယ်စု ဖြစ်သည်။
ယူရေးနပ်စ် (အဖို)ကို ကောင်းကင် အဖြစ် သတ်မှတ်ပြီး၊ ဂါယာ (အမ)ကို အလှ ဘုရင်မ အဖြစ်၊ ဂရိ များက သတ်မှတ် ထားသည်။
ကမ္ဘာ ပေါ်ရှိ အလှ တရားများ အားလုံး၊ ဂါယာမှ ဖွားမြင် ပေးထား သည်ဟု ဆို၏။ )
ခြေလှမ်းတိုင်း မြေပြင်ကို တုန်လှုပ် သွားစေ၏။ လင်းယွန်နှင့် နီးကပ် လာချိန်တွင် သူ့ အရှိန် အဝါမှာ၊ မယုံနိုင် လောက်အောင် မြင့်မား လာခဲ့သည်။
“ ဘယ်လောက်တောင် စိတ်ပျက် စရာ ကောင်း လိုက်လဲ။ ”
လင်းယွန်က မျက်လုံး များကို ဖြည်းညှင်းစွာ မှိတ်ချ လိုက်ပြီး၊ မျက်နှာ အနှံ့ ဒေါသများ လိပ်တက် လာသည်။
ပြီးနောက် ရှန်ရှင်း ဓားမှာ၊ ကောင်းကင်သို့ ထိုးတက် သွားပြီး၊ သမုဒ္ဒရာ ကြီး တစ်စင်းလို ပြန့်ကား ထွက်ကုန်၏။
တစ်ချိန်တည်း မှာပင်၊ သူ့ ခြေဖဝါး အောက်၌ ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာသည်။
မျက်လုံးများ ပြန်ဖွင့် ချိန်၌၊ သူ့ ခန္ဓာကိုယ် ထဲရှိ စွမ်းအင် များ၌၊ ငွေရောင်များ တောက်ပ နေပေသည်။
နောက်အခိုက် အတန့်တွင်၊ စွမ်းအင်ဓား ရှစ်ဆယ့် တစ်ချောင်းက၊ သူ့ အနား၌ အစီရင် တစ်ခု သဏ္ဍန်၊ ဖွဲ့တည် ဖြစ်ပေါ် လာသည်။
“ ပြိုင်ဘက်ကင်း ခရမ်းရောင် ဓား အစီရင်။ ”
နှလုံးသား တစ်ခုလုံး သတ်ဖြတ်လို စိတ်များ မြင့်တက်ကာ၊ ဓား အစီရင်က အသက်ဝင် လာ တော့ ၏။
ဓားတစ်ချောင်း စီက ဂူဖန်းကို ထိသွား ပြီးနောက်၊ နောက်ပြန် ဆုတ်ရန် တွန်းအား ပေး ခံလိုက် ရသည်။
ဓားပေါင်း (၈၁)လက် ရှိပေရာ၊ လှိုင်းလုံး ကြီးများ ကဲ့သို့ အရှိန် အဟုန်ဖြင့် ပြိုင်ဘက်ထံ ပြေးထွက် သွားသည်။
ခဏ အတွင်း မှာပင် ကြက်သွေးရောင် အငွေ့ အသက်များ ပြိုကျ သွားပြီး၊ ကောင်းကင်မှ ခုန်ဝင် လာသော ဂူတန်းအား၊ မြေပြင် ပေါ်သို့ ရိုက်ချ လိုက်တော့၏။
ဤအကြိမ်၌ ပြန်လည် တိုက်ခိုက် ရန် ခွန်အား မရှိ တော့ချေ။
“ ဒါက ဘယ်လို ငရဲ မျိုးလဲ။ ”
သူတို့ ရှေ့က မြင်ကွင်းကြောင့် လူတိုင်း အံ့သြ သွား ကြသည်။ ထူးခြားသော အစီရင်ပေါ် နည်းမလည် မိကြပေ။
ထို့အပြင် ဓား အစီရင်ကို မူလ စွမ်းအင် များဖြင့်၊ ဖန်တီး ထားသည်။ ဤမျှ မှော်ဆန်သော အစီရင် မျိုးကို၊ ရူရ် ဖြင့်သာ ဖွဲ့စည်း နိုင်မည်ဟု၊ သူတို့က သိမြင်ထား ကြခြင်း ဖြစ်၏။
ခရမ်းရောင် ပန်းကြီး ဖြည်းညှင်းစွာ ပြန်လည် ပျောက်ကွယ် သွားချိန်၌၊ လင်းယွန် ခန္ဓာကိုယ် ပေါ်ရှိ အလင်း တန်းများ မှိန်ဖျော့ သွားခဲ့သည်။
ထို့နောက် လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အသုံး ပြုကာ၊ ဂူဖန်း ရှေ့သို့ ရိပ်ခနဲ ရောက်ရှိ သွား၏။
ယင်းကြောင့် ဂူတန်းမှာ ထိတ်လန့် သွားပြီး၊ အလွန် ကြောက်လန့် စွာဖြင့်၊ ဖျင် တရွတ်တိုက် နောက်ပြန် ဆုတ်သွားသည်။
ပြိုင်ဘက်၏ ဓား(၈၁) လက်မှာ၊ သူ့ နှလုံးသား ထဲရှိ၊ မျှော်လင့်ချက် အားလုံးကို ဖျက်ဆီး ပစ်လိုက် သည်။ ၎င်းအား ရင်ဆိုင်ရန် သူ့၌ သတ္တိ မရှိ တော့ချေ။
“ ငါ မင်းကို ရွေးချယ် စရာ နှစ်ခု ပေးမယ်၊ မင်းဆန္ဒ နဲ့မင်း ... ဒီမှာ သုံးရက် တိတိ ဒူးထောက် နေ မလား၊ ဒါမှ မဟုတ် ငါလုပ် ပေးရ မလား ... ။ ”
ပြတ်သားသော လေသံဖြင့် မေးလိုက်သည်။ လင်းယွန်၏ အပြစ်ဒဏ်မှာ ရက်စက်လွန်း သောကြောင့်၊ ပတ်ဝန်း ကျင်တွင် ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်သည်။
ဤနေရာတွင် အမာခံ တပည့် တစ်ဦးကို သုံးရက် တိတိ ဒူးထောက် ခိုင်းခြင်း မျိုးမှာ၊ သေခြင်းထက် ဆိုးရွားသော အရှက် ခွဲခြင်း မည်၏။
“ လင်းယွန်၊ မင်း ... အဝေးကြီး မယူနဲ့။ ”
ထို့ကြောင့် ဂူဖန်း၏ ခန္ဓာကိုယ် တုန်ခါ သွားကာ၊ အံကြိတ်လျက် ဆိုသည်။
“ အဝေးကြီး မယူ ချင်နဲ့ တဲ့လား၊ ငါ့ကို အရှက် ခွဲပြီး၊ ဒူးထောက် စေဖို့ ကြိုးစား လာတာ ဘယ်သူလဲ ... ဟမ် ။ ”
လင်းယွန်က အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။
တတိယ အလွှာ၌ ရှိနေစဉ်၊ ၎င်းတို့ သုံးဦး၏ တိုက်ခိုက်ခြင်း ခံရမည် ဆိုပါက၊ အကျိုးဆက် များကို စိတ်ကူး မယဉ် နိုင်ပေ။
သူ့ကို အရှက် ခွဲရန် ရောက်ရှိ လာ ကတည်းက၊ ဤသို့ တုန့်ပြန် ခံရမည်ကို နားလည် ထား ရပေမည်။
ဂူဖန်း တစ်ယောက် နောက်ထပ် စကားများ ထပ်မဆို နိုင်ခင် မှာပင်၊ ခေါင်းကို ရွယ်ကာ လင်းယွန်က လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
ဤမျှ ပြတ်သားစွာ ပြုမူ လာလိမ့် မည်ဟု မထင် ထားချေ။ ထို့ကြောင့် ဂူဖန်း မျက်နှာ ပေါ်တွင် တုံ့ဆိုင်း စွာဖြင့်၊ အမြန် ဒူးထောက် လိုက်ရ သည်။
“ ငါရှိနေ သမျှ ကာလ ပတ်လုံး၊ အကယ် ဒမီမှာ မင်းကို ထပ်မတွေ့ ရစေနဲ့၊ မဟုတ်ရင် မင်းကို တွေ့တိုင်း၊ ငါ ပါးရိုက် ရလိမ့်မယ်၊ နေဦး ... သုံးရက် အတွင်း၊ မင်း မတ်တပ် ရပ်ရဲရင်၊ ငါ မင်းကို သတ်ပစ် မယ်။ ”
လင်းယွန်က ရိပ်ခနဲ ထွက်ခွာ သွားပြီး၊ စကားများ ကိုသာ ဂူဖန်း အတွက် ချန်ရစ် ခဲ့သည်။
စိတ် အတွင်း၌ ငြင်းဆန် နေခဲ့ သော်လည်း၊ ဂူဖန်း တစ်ယောက် ပြန် မထ ဝံ့ပေ။ ယင်းကြောင့် လူများ စွာက သနား သွားကာ၊ သက်ပြင်းချ လိုက်ရသည်။
ဂူတန်း မှာမူ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားပြီး၊ ထိတ်လန့်စွာ ခေါင်းကို ငုံ့ချ လိုက်၏။ လင်းယွန်အား မော့ မကြည့် ဝံ့ချေ။
လင်းယွန်က သူ့အား လျစ်လျူရှု လိုက်ပြီး၊
“ ဂေါင်မင်က ငါ့ သူငယ်ချင်းပဲ၊ အကယ် ဒမီမှာ တစ်ယောက် ယောက်က သူ့ကို ထိဝံ့ရင်၊ ဂူဖန်း လိုပဲ အဆုံးသတ် ရလိမ့်မယ် ဆိုတာ မမေ့ ပါနဲ့။ ”
“ လင်းယွန် ...။ ”
ဂေါင်မင် တစ်ယောက် အံသြ မှင်တက် သွားသည်။ လင်းယွန်က ဤသို့ ဆိုလာ လိမ့် မည်ဟု၊ အထင်ထား မိချေ။
သည်နေ့ ပြီးနောက် လင်းယွန်၏ နာမည်မှာ၊ အကယ် ဒမီ အနှံ့ ပျံ့နှံ့ သွားပေ တော့မည်။ သို့သော် လင်းယွန်က သူ့ကို မမေ့ ခဲ့ပေ။
ထိုကြောင့် နှလုံးသား ထဲသို့ နွေးထွေး မှုများ ဝင်ရောက် လာသည်။ သူပေး ရသော တန်းကြေးမှာ၊ ထိုက်တန် လေပြီ။
“ အစ်ကိုဂေါင် သွားရအောင်၊ ဒီမှာ နေစရာ မလို တော့ဘူး။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။
“ ဒါပေါ့ ... သွားကြ မယ်။ ”
ဂေါင်မင် တစ်ယောက် ခံစားချက် အပြည့်ဖြင့် ပြုံးလိုက် သည်။ သူ့ သွေးက သည်လိုမျိုး တစ်ကြိမ်မှ၊ မဆူ ခဲ့ ဖူးချေ။
***