← Chapters

မူလ အစ၊ ဖီးနစ် အသရေ။

Vol. 38 Ch. 529

မူလ အစ၊ ဖီးနစ် အသရေ။

Vol. 38 Ch. 529

လင်းယွန်နှင့် ဂေါင်မင် ထွက်သွား သော်လည်း၊ ဂူညီ အစ်ကိုမှာ မြေပြင် ပေါ်တွင် ဆက်လက် ဒူးထောက် နေမိသည်။

လင်းယွန် ပုံရိပ် ပျောက်ကွယ် သွားပြီး သည့်တိုင် ပြန်မထ ဝံ့ကြပေ။ လင်းယွန်ကို ဒူးထောက် ခိုင်းရန်၊ ဒေါသတကြီး လာရောက် ကြခြင်း ဖြစ်သော်လည်း၊ ဤသို့ ရလဒ်မျိုး ဖြစ်လာ မည်ဟု၊ သူတို့ မထင် ထားမိချေ။

သူတို့တင် မကဘဲ ရပ်ကြည့် နေမိသော အတွင်း တပည့် များပင်၊ ထိတ်လန့် တုန်လှုပ် လာ လေသည်။

အဆိုး ဆုံးမှာ၊ အမာခံ တပည့်များ ပေပင်။ ဂူဖန်း ဒူးထောက် နေသည်ကို မြင်တွေ့ ရပြီး နောက်၊ တိတ်ဆိတ် ကုန်သည်။

ငရဲ ပန်း၏ တန်ဖိုးဖြင့် သူတို့ကို ဆွဲဆောင် ထား သော်လည်း၊ လင်းယွန် နှင့် ဂူဖန်း ရန်ပွဲမှာ၊ ပို၍ စိတ်လှုပ်ရှား စရာ ကောင်းပေသည်။

များ မကြာခင် မှာပင်၊ လင်းယွန်ကို အကယ် ဒမီရှိ လူတိုင်း သိကြပေ တော့မည်။ ထိုချိန်၌ ပန်း သင်္ချိုင်း အကြောင်း၊ ပြောလာ နိုင်၏။

သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ရောက်သည်နှင့်၊ မိုလင်း တံဆိပ် ပြားကို၊ ဂေါင်မင်အား ကမ်း ပေးကာ၊

“ အစ်ကိုဂေါင်၊ မင်းရဲ့ ဒဏ်ရာ တွေနဲ့ လျှို့ဝှက် နယ်မြေကို၊ မသွား နိုင်မှာ ငါ ကြောက်မိတယ်၊ ဒီတံဆိပ် ပြားကို ယူပြီး၊ ဆေးလုံး တွေနဲ့ လဲလှယ် လိုက်ပါ။ ”

ဂေါင်မင်၏ လက်များ တုန်ယင် လျက်ဖြင့်၊ တံဆိပ် ပြားကို လက်ခံ ယူလိုက်သည်။

“ ဒါက တကယ် အဆင်ပြေ ရဲ့လား။ ” ဟု သေချာအောင် ထပ်မေး လိုက်၏။

“ အဲဒါကို စိတ်မပူ ပါနဲ့၊ မင်းထွက်သွား နိုင်ပေမယ့်၊ ငါ့ကို စောင့်နေ ခဲ့တယ်၊ သွားပါ ... ဒီတံဆိပ် ပြားနဲ့၊ အရင်း အမြစ် အချို့ကို ရယူ လိုက်၊ စီနီယာ မိုလင်းက တစ်ရက် ငှားလိုက် တာကြောင့်၊ လိုချင်တာ မှန်သမျှ လုပ်နိုင် ပါတယ်။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။ ဂေါင်မင်ကို သူ သဘော ကျ၏။ သစ်သား စိတ်ဝိညာဉ် တောင်ကုန်းသို့၊ ရောက်ရှိ လာချိန် မှစကာ၊ ပထမဆုံး သိကျွမ်း မိသူ ဖြစ်သည်။

သူတို့ နှစ်ယောက်မှာ၊ ဤနေရာ၌ ဧည့်သည် များသာ ဖြစ်၏။

သူ့ကြောင့် ဂေါင်မင်က ဒဏ်ရာ ရရှိ သည် ဖြစ်ရာ၊ တံဆိပ် ပြားကို အသုံးပြု ရာတွင်၊ မိုလင်းနှင့် ပြဿနာ တစ်စုံ တစ်ရာ မရှိဟု ထင်မိသည်။

“ ဒါဆို ဒီပေးကမ်း တာကို ငါငြင်းမှာ မဟုတ်ဘူး၊ အမာခံ တပည့် တွေက တတိယ တန်းစား ဆေးလုံး တေွကို ရယူ နိုင်တယ်၊ မနက်ဖြန် ပြန်ပေးမယ်၊ ဒါပေမယ့် ... ”

“ ... အစ်ကိုလင်း ... ငရဲပန်းက လူတွေရဲ့၊ အာရုံစိုက် မှုကို ဆွဲဆောင် နိုင်တယ်၊ ဒါကြောင့် သတိ ထားပါ။ ”

ဂေါင်မင်က လက်ခံ ယူလိုက်ပြီး ပြုံးကာ၊ သတိပေး လိုက်သည်။

လင်းယွန် အတွက်မူ စိတ်ပူခြင်း မရှိချေ။ ဂူဖန်းနှင့် တိုက်ခိုက် နေစဉ် ကပင်၊ သူ့အပေါ် ကျရောက် လာသော အကြည့် များကို၊ ခံစား မိခဲ့သည်။

သူတို့ အားလုံးမှာ ငရဲ ပန်းကြောင့် လာခဲ့ ခြင်း ဖြစ်သော်လည်း၊ ဂူဖန်း ရလဒ်ကို မြင်ပြီး နောက်တွင်၊ သူတို့ကိုယ် သူတို့ ပြန်လည် သုံးသပ် သွားကုန်ခြင်း ဖြစ်၏။

“ ငါသိတယ်။ ” ဟု ဆိုကာ၊ လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။

“ ဒါဆို မနက်ဖြန်မှ၊ တွေ့မယ်။ ”

ဂေါင်မင်က အလျင် လိုနေ ဟန်ဖြင့်၊ ပြန်လည် နှုတ်ဆက် လာသည်။

“ကောင်းပြီ။”

လမ်းခွဲ ပြီးနောက် သူတည်း ခိုရာ၊ ခြံဝင်း ဆီသို့ ပြန်လာ ခဲ့သည်။ ဂူဖန်းကို အနိုင် ယူနိုင် ခြင်းမှာ၊ သူ့ အတွက် အံ့သြ စရာ မရှိချေ။

နောက်ဆုံးတွင်၊ ဓားသုတ္တန်မှာ၊ နဝမ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ ထားသည်။

ဤခွန်အားဖြင့် အမာခံ တပည့် တစ်ဦးကို၊ အနိုင် မယူနိုင် ခဲ့ပါက၊ ဓား သူတော်စင် အတွက် အရှက်ရ စေမည် ဖြစ်သည်။

စတုတ္ထ အလွှာတွင် ကြားလိုက် ခဲ့ရသော၊ စကား သံကို ပြန်လည် သတိရ သွားကာ၊ အတွေးထဲ နစ်မျော သွားသည်။

ဓား သူတော်စင်က အချိန် ကာလကို ဖြတ်ကျော်ပြီး၊ ထိုစကား များအား သူ့ထံ ထားခဲ့ ပုံရသည်။

“ ပြိုင်ဘက်ကင်း ခရမ်းရောင် ဓားအစီရင်၊ မူလ အစ၊ ဖီးနစ် အသရေ။ ”

၎င်းတို့ကို ထိုသို့ ရေရွတ် လိုက်သော အခါတွင် ထူးဆန်းသော ခံစား ချက်များ ဝင်ရောက် လာသည်။

တစ်ချိန်တည်း မှာပင်၊ ဓား ရည်ရွယ် ချက်များ၊ စတင် ပျံ့နှံ့ လာပြီး၊ ခရမ်းရောင် ပန်း ထံမှ ငွေရောင် စွမ်းအင်များ ထုတ်လွှင့် လာသည်။

ချက်ချင်းပင် လေထဲတွင် လွင့်နေသော ဆံပင်များ နှင့်အတူ၊ သူ့အား ငွေရောင် အလင်း များက၊ ဖုံးလွှမ်း သွားသည်။

ခရမ်းရောင် ပန်းပွင့် လာချိန်၌၊ ပွင့်ချပ် (၈၁) ချပ်မှာ ငွေရောင် ဓားများ အဖြစ်၊ ပြောင်းလဲ လာ၏။

ပွင့်ချပ်များ အားလုံး အသွင်ပြောင်း လဲပြီး နောက်တွင်၊ ဒါန်တမ် အတွင်း ရှေးဟောင်း ဓား ခင်းကျင်းမှု တစ်ခုဖြင့်၊ အစားထိုး လာ၏။

၎င်းသည် သဘာဝ အားဖြင့်၊ ဓား သူတော်စင်၏ ပြိုင်ဘက် ကင်းသော ဓားအစီရင် ဖြစ်သည်။

ဓားအစီရင် ထွက်ပေါ် လာသော အခါတွင်၊ သူ၏ အရှိန် အဝါက ပြင်းထန်စွာ မြင့်တက် လာသည်။

အထွတ် အထိပ် ယင် အဆင့် သို့တိုင်၊ ရောက်ရှိ လာသည်မို့၊ မိုလင်း ပင်လျှင် သူ့ကို လျှော့မတွက် နိုင်တော့ချေ။

“ ဒီဓား အစီရင်ကို ငါထုတ် ခဲ့မယ် ဆိုရင် မီတာ သုံးရာ အကွာမှာ ရှိတဲ့၊ အထွတ် အထိပ် ယင် အဆင့်က တစ်စုံ တစ်ယောက်တောင် ဒဏ်ရာ ကြီးကြီး မားမား ရနိုင်တယ်၊ ... ”

“ ... ကံ ကောင်းရင် သူ့ကို သတ်ပစ် နိုင်လိမ့်မယ်။ ”

ဓား အစီရင်၏ စွမ်းအားကို ဆန်းစစ် ကြည့် ပြီးနောက်၊ ကြောက်စရာ ကောင်းသော စွမ်းအား အပေါ်၊ မှန်းဆ ခဲ့သည်။

အလို ရှိပါလျှင် သူ့အနား မီတာ သုံးရာ အတွင်း၊ မည်သူမျှ ဝင်ရောက် နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဓားရှစ်ဆယ့် တစ်လက် ကိုလည်း ဆန္ဒ အတိုင်း ထိန်းချုပ် နိုင်သည်။ ဆိုလို သည်မှာ တူညီသော နယ်ပယ် အတွင်းရှိ၊ မည်သူ မဆို အစီရင်အား ဖြိုခွင်းရန် နည်းလမ်း မရှိချေ။

သို့သော် ‘မူလ အစနှင့်၊ ဖီးနစ် အသရေ’ ဆိုသော ကဗျာ အပေါ်၊ နားမလည် မိသော ကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။။

ဓားသုတ္တန်ကို နဝမ အဆင့် အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ ရှေးဟောင်း သားရဲ တစ်ကောင် ဖြစ်သော၊ ခရမ်းရောင် ရေခဲ စာကလေး တစ်ကောင်အား၊ ခေါ်ဆောင် နိုင်မည် ဖြစ်ကြောင်း၊ မှတ်တမ်းတင် ထားသည်။

သို့ရာတွင်၊ အစီရင်ကို ခင်းကျင်း ထားနိုင်ပြီး ဖြစ်သော်လည်း၊ ခရမ်းရောင် ရေခဲ စာကလေး မှာ၊ ထွက်ပေါ် မလာ ခဲ့ချေ။

ရုတ်တရက် မျက်လုံးများ တောက်ပ လာပြီး၊

“ 'မူလ အစ' ဆိုတာ အရာရာ တိုင်းရဲ့ အစပဲ၊ အစကို ပြန်သွား ခိုင်းတာလား၊ ... ”

‘လျှပ်တပြက် ရွေ့လျားမှု’ကို၊ တွေ့ရှိ ပုံနှင့် ဆင်တူသည်။ ဓား သူတော်စင်မှာ ဓား အစီရင်အား၊ နောက်ပြန် လှည့်ခိုင်းခြင်း ဖြစ် ပေမည်။

( ‘လျှပ်တစ်ပြက် ရွေ့လျားမှု’ ဆိုသည်မှာ၊ သခင့်ဓား- ပထမ ဓားချက် (မိုးကြိုး)၏ အနှစ် သာရကို ဆိုလိုသည်။ )

စိတ်ထဲတွင် ထိုကဲ့ သို့သော အတွေးများ ပေါ်လာ သည်နှင့်၊ ချက်ချင်းပင် စမ်းကြည့်ရန် ကြိုးစား လိုက်သည်။

သို့သော် သတိ မမူ မိပါက မိမိကိုယ် မိမိ ဒဏ်ရာ ရစေ မည်ကို သူ သိသည်။ ဥပမာ အားဖြင့်၊ လျှပ်တစ်ပြက် ရွေ့လျားမှုကို၊ အသုံးပြု ရာတွင် လုံလောက်စွာ မသန်မာ ပါက၊ သူ၏ မူလ စွမ်းအင် အားလုံး၊ ကုန်ဆုံး သွားမည် ဖြစ်သည်။

စမ်းကြည့် ခြင်းမှာ အန္တရာယ် ရှိနိုင် သော်လည်း၊ ကြိုးစား ရန်ပင် မဝံ့သော်၊ လျှို့ဝှက် ချက်ကို မည်သည့် အခါမှ၊ ဖော်ထုတ် နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူ့လက်ဖြင့်၊ တံဆိပ် တစ်ခုအား စတင် ဖန်တီး လိုက်သည်။

ထိုရဲရင့်သော လုပ်ဆောင် ချက်ကြောင့်၊ သူ့အား ဝိုင်းရံ လှည့်ပတ် ပျံဝဲ နေသည့်၊ ဓား (၈၁) လက်မှာ၊ ရုတ်တရက် ရပ်တန့် သွားခဲ့ သည်။

နာရီ လက်တံ၏ ဉီးတည်ရာ အတိုင်း လှည့်ပတ် နေသော ဓားများက၊ သူ့ရှေ့တွင် တံတိုင်းကြီး တစ်ခု ကဲ့သို့၊ ဓားအကာ အရံ သဖွယ် ဖြစ်လာသည်။

“ ... ဟုတ်ပြီ။ ”

လှည့်ပတ် နေသာ ဓားများဖြင့် ဤသို့ ကာကွယ် နိုင်လိမ့် မည်ဟု၊ မထင်ထား မိချေ။

သို့သော် ယင်းမှာ မျှော်လင့် ထားသော ရလာဒ်မျိုး မဟုတ်သေး သည်ဖြစ်ရာ၊ တောက်ပ လာသော မျက်ဝန်း များအား မှေးကျဉ်းလျက်၊ တံဆိပ် တစ်ခုကို ထပ်မံ ဖန်ဆင်း လိုက်သည်။

မူလ စွမ်းအင် များက ခန္ဓာကိုယ် အတွင်း လှိုင်းထ လာပြီး၊ ဤအခိုက် အတန့်တွင်၊ ကြီးမားသော ‘ဝန်’ကို ထမ်းထားရ သကဲ့သို့၊ ရုတ်တရက် လေးကန် လာ၏။

သို့သော် လက်လျော့ ခါနီးတွင်၊ ထက်ရှသော ဓားအလင်း ထွက်ပေါ် လာခြင်းနှင့် အတူ၊ ဓား(၈၁) လက်မှာ တစ်လက် မခန့် ရွေ့သွား ကြသည်။

တစ်လက်မ မျှသာ ဖြစ်သော်လည်း၊ ဒေါသကြီး လွန်းသော ရှေးဟောင်း ဓားတစ်လက် ထွက်ပေါ် လာစေ၏။

(ဓားတစ်လက်= ဓားရည်ရွယ်ချက်။ )

တစ်ချိန် တည်း မှာပင်၊ သူ၏ ရှန်ရှင်း ဓား မှာ၊ မယုံ နိုင်ဖွယ် ကောင်းသည့်၊ အရှိန် အဟုန်ဖြင့်၊ ၎င်းဓားထံ ပေါင်းစပ် သွားသည်။

ဓား အစီရင်ကို တစ်ပတ် အပြည့်၊ လှည့်ပါတ် ပြီး ချိန်၌၊ ပေါင်းစပ် ဖွဲ့တည် နေသော ဓား ရည်ရွယ် ချက်မှာ၊ မိုးကုတ် စက်ဝိုင်းဆီ ပစ်လွှတ် လိုက် သကဲ့သို့၊ ငွေရောင် အလင်းတန်း အသွင်၊ ပြေးထွက် သွားသည်။

ထို့နောက် တတိယတန်း ဝိညာဉ် ရေးရာ အစီရင်ကို၊ ခင်းကျင်း ထားသော ပင်မ ငွေတိုင်မှာ၊ ကျိုးတော့မည့် အရိပ် အယောင်များ ပြသ လာသဖြင့်၊ အိမ် တစ်အိမ်လုံး ပြင်းထန်စွာ ယိမ်းထိုး လာသည်။

တစ်ချိန်တည်း မှာပင်၊ ပေသုံးရာ ခန့်သာ ရှိသော ဓား(၈၁) လက်က၊ ပေခြောက်ရာ အထိ ကြီးထွား ကုန်သည်။

အရေ အတွက် (၈၁) လက် မှသည်၊ (၁၆၂) နှစ်လက် အထိ တိုးပွား လာ၏။ ထို့ကြောင့် လင်းယွန်မှာ ငွေဓား များကြား၊ ပေျာက်ကွယ် သွားရ တော့သည်။

သို့သော် ထိုမျှ ကြောက်မက်ဖွယ် အရှိန် အဝါမှာ၊ ခေတ္တ မျှသာ ခံပြီး၊ ပေျာက်ကွယ် သွားခဲ့သည်။

နဖူးတွင် ချွေးသီး များဖြင့် ဖုံးလွှမ်း လာကာ၊ လင်းယွန် တစ်ယောက် ကြမ်းပြင်ပေါ် ဒူးထောက် ကျသွား၏။

အကျိုးဆက် အနေဖြင့်၊ သူ့ကို နှုန်းခွေ သွားစေ သော်လည်း၊ မျက်နှာတွင် အပြုံးများ ပြည့်လျှံ နေပေသည်။

( ငါ အောင်မြင်ပြီ။ )

ယခု အချိန်၌ တစ်ပတ်သာ ပြီးမြောက် ခဲ့သော် လည်း၊ အနာဂတ်တွင် ကိုးကြိမ် တိတိ ပြီးမြောက် နိုင်လိမ့် မည်ဟု ယုံကြည် သည်။

မျက်လုံးများ မှိတ်ကာ၊ ထိုင်ချ လိုက်ပြီး ခရမ်းရောင် ပန်းကို ကြည့်လိုက်သည်။ ပန်းမှာ မှိန်ဖျော့ နေ၏။

စွမ်းအင် ကုန်ဆုံး မှုမှာ၊ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှ သော်လည်း၊ ကနဦး ယန်အဆင့် ကိုပင် ခြိမ်းခြောက် နိုင်ပေမည်။

အချိန် အနည်းငယ် ကြာ ပြီးနောက်၊ ပင်ပန်း နွမ်းနယ် မှုများ၊ အနည်းငယ် သက်သာ လာကာ၊ မျက်လုံးများ ပြန်ဖွင့် လိုက်မိသည်။

ယခု အခါတွင် ဓားသုတ္တန်မှာ၊ နဝမ အဆင့်သို့ ရောက်ရှိ သွားပြီ ဖြစ်ရာ၊ ၎င်း၏ ပြန်လည် ကောင်းမွန် လာ နှုန်းမှာ၊ ယခင် ကထက် ပိုမို မြန်ဆန် လေသည်။

ညာလက်ကို ဖွင့်လိုက် သည်နှင့်၊ အနီရောင် တောက်ပ နေသာ ပန်းတစ်ပွင့်၊ ထွက်ပေါ် လာ၏။

ပွင့်လွှာ များတွင် မီးလျှံ များဖြင့်၊ ရုန်းကြွ နေပြီး၊ မြင်တွေ့ ဖူးသော သဘာဝ ရတနာ များထက်၊ များစွာ ဆွဲဆောင်မှု ရှိလေသည်။

သည့်အပြင် ၎င်းနှင့် ပတ်သက်ပြီး၊ ထူးခြားသော အရာ တစ်ခုကို ထပ်မံ တွေ့ရှိ ခဲ့သည်။

ပွင့်ချပ် များရှိ မီးတောက် များကို၊ မီးလျှံဟု ထင်မိ သော်လည်း အမှန် တကယ်တွင်၊ သန့်စင်သော မီးစွမ်းအင် အရည်များ ဖြစ်သည်။

အနည်းငယ် စစ်ဆေး ပြီးနောက်၊ လင်းယွန်၏ အမူ အရာမှာ ထိတ်လန့် သွားသည်။

ယခု အချိန် ပန်းသာ ပေါက်ကွဲ ခဲ့ ပါက၊ ချက်ချင်း ‘ပြာ’ဖြစ် ရပေ လိမ့်မည်။

ဆိုလို သည်မှာ ယင်းကို အထွတ် အထိပ် ယင် အဆင့်သို့ ရောက်မှ သာလျှင်၊ သန့်စင် နိုင်မည် ဖြစ်သည်။

ပေါက်ကွဲ စေတတ်သော စွမ်းအားများ အပြင်၊ ဤပန်း ပွင့်တွင် သူ မမြင် နိုင်သည့်၊ တစ်စုံ အရာ တစ်ခု ရှိနေ သေးသည်။

“ ငါ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိတဲ့ အခါ၊ မင်းကို ငါ ... ပြန်ကြည့်မယ်၊ သေချာတာ ကတော့ မလွယ် ဘူး။ ”

ငရဲပန်းကို ဖယ်လိုက်ပြီး ပန်းချီကား တစ်ချပ်ကို ထုတ်ယူ လိုက်သည်။

ပန်းချီကား ထဲတွင် လက်ဝဲ လက်ဖြင့်၊ ဓားတစ် လက်ကို ဆုပ်ကိုင် ထားပြီး၊ လက်ယာ ဘက်တွင် နှင်းဆီ တစ်ပွင့် ကိုင်ထားသော၊ အပြာဝတ် ဓားသမား တစ်ယောက် ရှိသည်။

ထို့ပြင် ပန်း ရနံ့ကို မျက်လုံးမှိတ် အနံ့ခံ နေသော၊ ဧရာမ ကျားဖြူကြီး တစ်ကောင်လည်း ရှိနေ ပြန်၏။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ။ ”

နှင်းဆီပွင့် လာသော အခါ၊ အပြာဝတ် ဓားသမားက၊ လင်းယွန် အတွက် ဓားချက် တစ်ချက်ကို ထုတ်ဖော် ပြလာသည်။

သို့သော် ယင်းမှာ သူနားလည် ထားသော ဓားချက်သာ ဖြစ်ပြီး၊ သည့်ထက် မပို ခဲ့ချေ။

ကျန်အရာ အားလုံးမှာ၊ သူ့ မျက်လုံး ထဲ၌ မှုန်ဝါး နေ၏။ လွန်ခဲ့သော ဆယ်ရက် ခန့်က၊ ပန်းချီ ကားကို ကြည့်ရန် ကြိုးစား ခဲ့ဖူးသည်။

ဝိညာဉ် ရေးရာ ရူရ်များ အပေါ်၊ နားလည် လာသော ကြောင့်၊ အသေးစိတ် အချက် အလက် အချို့ကို၊ ပိုမို ရှင်းလင်းစွာ မြင်နိုင် မည်ဟု ထင်မိခြင်း ဖြစ်သည်။

သို့သော် မြူများ ပျောက်ကွယ် သွားသော်လည်း၊ မည်သည့် အရာ ထပ်မံ ထွက်ပေါ် လာခြင်း မရှိ တော့ချေ။

“ တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာ မှပဲ ငါမြင် နိုင်မယ် ထင်တယ်၊ စီနီယာ ဟောင် ပြောတဲ့၊ နတ်ဆိုး တွေကို သတ်တဲ့ ဓားက၊ အဲ့ဒီ အချိန်မှ ထွက်လာမဲ့ ပုံပဲ။ ”

ပန်းချီ ကားကို လေးနက်သော အမူ အရာဖြင့်၊ ဂရု တစိုက် သိမ်းဆည်း လိုက်သည်။

ပန်းချီ ကားတွင် ဓားရေး တစ်ရပ် ရှိ နေပြီး၊ ဖျက်ဆီးခြင်း ဓားခန်းမမှ ပေးအပ်မည့် အရာထက်၊ များစွာ သာလွန်ကြောင်း သူ သိသည်။

ထို့ကြောင့် လုချန်းရီ၏ ကမ်းလှမ်း ချက်ကို ငြင်းဆိုခြင်း အတွက် နောင်တ ရမိမည် မဟုတ်ချေ။

***

All Chapters