← Chapters

အကြံစည် ကြီးမား သူ။

Vol. 38 Ch. 530

အကြံစည် ကြီးမား သူ။

Vol. 38 Ch. 530

စီနီယာ ဟောင် ပေးခဲ့သော ကေျာက်စိမ်း ပန်းချီ ကားတွင် ဓားရေး တစ်ရပ် ရှိနေပြီး၊ ဖျက်ဆီးခြင်း ဓားခန်းမမှ ပေးအပ်မည့် အရာထက်၊ များစွာ သာလွန်ကြောင်း သူ သိသည်။

ထို့ကြောင့် လုချန်းရီ၏ ကမ်းလှမ်း ချက်ကို ငြင်းဆိုခြင်း အတွက် နောင်တ ရမိမည် မဟုတ်ချေ။

ခဏ အကြာတွင် ကြမ်းပြင်၌ လှဲလျက် အိပ်ပေျာ် သွား၏။ မနက် လင်း သည်နှင့်၊ တက်ကြွသော ခံစားချက် များဖြင့်၊ ပြန်လည် နှိုးထ လာသည်။

မနေ့ ညက ခရမ်းရောင် ဓားအစီရင်ကို ပြောင်းပြန် လှည့်ရန် ကြိုးစား ရာတွင်၊ များစွာ ပင်ပန်း ခဲ့ရသည်။

“ တစ်ရက်လောက် အနား ယူလိုက်တာ၊ ပိုပြီး လန်းဆန်း လာ သလိုပဲ။ ”

အိပ်ရာ ထချိန်၌ ပြည့်လျှံ လွန်းသော အသက် ဓာတ်ကို ခံစား မိကာ၊ ပြုံးလျက် ရေရွတ် လိုက်သည်။

မိုလင်း လက်အောက်တွင် သင်ယူ ခဲ့သော နေ့ရက် များ တစ်လျှောက်၊ စိတ်စွမ်းအင်မှာ ကန့်သတ် ချက်သို့ တွန်းပို့ ခံခဲ့ ရသည်။

အနား ယူရန် အချိန်ပင် မရှိခဲ့ချေ။ ထို့ကြောင့် ယနေ့ လန်းဆန်း နေပြီး၊ မိုလင်းနှင့် တွေ့ဆုံရန် တက်ကြွ လာခြင်း ဖြစ်သည်။

ကိုယ်လက် သန့်စင် ပြီးနောက်၊ အိမ်ပြင် လှမ်းထွက် လိုက်ချိန်၌၊ ဂေါင်မင်အား ရပ်စောင့်လျက် အနေ အထားဖြင့်၊ တွေ့လိုက် ရသည်။

“ အစ်ကိုလင်း ... မင်း အစောကြီး နိုးလာ တာပဲ။ ”

ဂေါင်မင်က မိုလင်း တံဆိပ် ပြားကို၊ ပြန်ကမ်း ပေးကာ၊ ပြုံးလျက် နှုတ်ဆက် လာသည်။ တံဆိပ် ပြားကို လက်ခံ ယူလိုက်ပြီး၊ လင်းယွန် တစ်ယောက် ပြန်လည် ပြုံးလိုက် မိသည်။

စကား ပြန်ပြော တော့မည့် အချိန်တွင်၊ ရုတ်တရက် လူရိပ် တစ်ရိပ် ဆင်းသက် လာသော ကြောင့်၊ မော့ကြည့်ကာ မျက်နှာ ပျက်သွား သည်။

ထိုလူရိပ်၏ ကျင့်ကြံ မှုမှာ၊ ကနဦး ယန် အဆင့်သို့ ရောက်ရှိ နေသည် ဖြစ်ရာ၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားခြင်း ဖြစ်သည်။

အရှိန် အဝါ အရ များစွာ သိပ်သည်းခြင်း မရှိ သော်လည်း၊ သူ၏ ဓားရောင်ဝါကို ကောင်းစွာ ဖိအား ပေးနိုင် ခဲ့သည်။

ထိန်းကွပ်ခြင်း မရှိဘဲ၊ အငွေ့ အသက်ကို ထုတ်လွှတ် လိုက်လျှင်၊ ဂေါင်မင် အတွက် ခက်ခဲ သွားပေ လိမ့်မည်။

သို့သော် လင်းယွန်က သတိ ဝင်လာပြီး၊ ပုံမှန် အခြေ အနေ ပြန်ဖြစ် သွားသည်။ နေသာ စီရင်စု၏ ပါရမီရှင် လုချန်းရီနှင့်၊ မျက်နှာချင်း ဆိုင် စကား ပြောခဲ့ ဖူးပေသည်။

လုချန်းရီနှင့် ယှဉ်ပါလျှင်၊ ဤလူမှာ များစွာ အားနည်း လှ၏။ ထို့ကြောင့် ထိတ်လန့် နေစရာ မရှိချေ။

လုချန်းရီ ရှေ့တွင် ရပ်နေသော အချိန်၌၊ နှစ်ဦးသား တိုက်ခိုက် ခဲ့ပါက၊ ကျိန်းသေပေါက် သူ ရှုံးနိမ့် မည်ဟု ခံစား ရသည်။

ထိုအခြေ အနေတွင် သူ၏ တက်နိုင် စွမ်းမှာ၊ မသေ ဆုံးမီ ပြိုင်ဘက် အပေါ်၊ ဒဏ်ရာ များစွာ ချန်ထားခြင်း မျိုးသာ ရှိပေမည်။

သို့သော် ယခု အခါတွင် ဓားသုတ္တန်ကို၊ နဝမ အဆင့် အထွတ် အထိပ်သို့၊ ဆုပ်ကိုင် နိုင်သော ကြောင့်၊ ကွဲပြားသည့် ရလာဒ် တစ်ခု ဖြစ်လာ နိုင်သည်။

“ မင်္ဂလာပါ စီနီယာ အစ်ကို မိန်။ ”

ဂေါင်မင် မျက်နှာမှာ ပြောင်လဲ သွားပြီး၊ လက်ဝေ့ ရမ်းကာ၊ နှုတ်ဆက် လိုက်သော်လည်း၊ လင်းယွန်မှာ အတွေး နက်နေဆဲ ဖြစ်သည်၊

သည်နာမည်ကို ကြားဖူး သော်လည်း၊ သူ မမှတ်မိ တော့ချေ။ လင်းယွန် ထံမှ တုံ့ပြန်မှု မရှိ သည်ကို မြင်လိုက် ရသောကြောင့်၊ ဂေါင်မင်က လေသံ တိုးတိုးဖြင့်၊ ခပ်မြန်မြန် မိတ်ဆက် ပေး လိုက်သည်။

“ လင်းယွန်၊ ဒါက စီနီယာ အစ်ကို မိန်ပါ၊ သူက မိုလင်း လိုပဲ၊ အကယ် ဒမီရဲ့ နံပါတ်တစ် ပါရမီရှင် အဆင့်မှာ ရှိတယ်။”

( မိုလင်းနဲ့ အဆင့် တူလား။ )

လင်းယွန် အတွက်မူ၊ မိုလင်းမှာ သည်လူထက် ပို၍ အန္တရာယ် ပေးနိုင် သည်ဟု၊ ခံစား မိသည်။

ဂေါင်မင် စကားကြောင့် မိန်ဇီယန်က၊

“ အစ်ကို ဂေါင် ...၊ မင်းက ယဉ်ကျေး လွန်း ပါပြီ၊ ဒီလို အထင် ကြီးမှု မျိုးကို ငါ လက်မခံ ဝံ့ပါဘူး။ ”

သို့သော် မိန်ဇီယန် စကားကို သူ့မျက်ဝန်း များက ဆန့်ကျင် နေခဲ့သည်။ ပြီးနောက် ဂေါင်မင်အား လျစ်လျူရှုကာ၊ လင်းယွန်ဘက် လှည့်လာပြီး၊ ဖော်ရွေသော အပြုံးဖြင့်၊

“ ဓားနန်းတော်က ပန်းသင်္ချိုင်း။ ”

-ဟု နှုတ်ဆက် လိုက်သည်။

ယခု အချိန်တွင်၊ ဓားနန်းတော်၏ အမည်ကို နေသာ စီရင်စု မြို့တော် တစ်ခုလုံး သိရှိ လာခဲ့ သည်။

“ ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပေမယ့်၊ မင်းကို တွေ့တာ နဲ့တင်၊ ဂူဖန်းရဲ့ ရှုံးနိမ့် မှုက မတော် တဆ မဟုတ်ဖူး ဆိုတာ၊ ငါပြော နိုင်တယ်။ ”

“ ငါ့ကို မြှောက်ပင့် လွန်းပါပြီ။ ”

လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ဖြေသည်။ မိန်ဇီယန် တစ်ယောက် လင်းယွန်ကို သူငယ်ချင်း တစ်ယောက် ကဲ့သို့၊ ပြောဆို လာခဲ့ပြီး၊ ကျောက်စိမ်း ပုလင်း တစ်လုံးအား လက်ဆောင် ပေးလာ ခဲ့သည်။

လင်းယွန်က ဖွင့်ကြည့် လိုက်ရာ၊ အေးစိမ့်စိမ့် အငွေ့ အသက် များကြောင့်၊ သူ့မူလ စွမ်းအင်များ ချက်ချင်း မငြိမ် မသက် ဖြစ်လာ တော့သည်။

“ နက်နဲ ယင် ဆေးလုံး။ ”

ဆေးပုလင်းကို မြင်သည်နှင့် ဂေါင်မင်က စိတ်လှုပ်ရှား လာပြီး၊

“ အစ်ကိုလင်း၊ ဒါက ‘ယင်’ ပန်းရဲ့ ပွင့်ချပ် တွေနဲ့၊ ယင် ဝိညာဉ် အဆီ အနှစ် တွေကို၊ ပေါင်းစပ် သန့်စင် ထားတဲ့ ဆေးလုံးပဲ၊ ... ”

“ ... ဒီဆေးလုံးရဲ့ အာနိသင်က အရည် အသွေး အမြင့်ဆုံး၊ ယင်ပန်းက လွဲပြီး၊ ဘယ် အရာထက် မဆို၊ နိမ့်ကျမှာ မဟုတ်ဘူး။ ”

ထို့ကြောင့်ပင် ဂေါင်မင်က မယုံကြည် နိုင်စွာဖြင့်၊ ဆက်ပြော လိုက်သည်။

“ မနေ့က ဒီဆေးလုံး တွေကို၊ လဲလှယ်ဖို့ အတွက် ငါသွား ခဲ့တယ်၊ ဒါပေမယ့် မရ ခဲ့ဘူး။ ”

“ ဒါက ... ဆေးလုံး မထုတ် ခင်မှာပဲ၊ တပည့် အချို့ အတွက်၊ စာရင်းက ပြည့်သွားပြီ၊ သာမာန် အမာခံ တပည့်တွေ အတွက်တောင်၊ အခွင့် အရေး မရှိ နိုင်ဘူး။ ”

မိန်ဇီယန်က ဂုဏ် ယူစွာဖြင့်၊ ဝင်ရောက် ရှင်းပြ လိုက်သည်။ ဤမျှ တန်ဖိုး ရှိသော အရာအား ရရှိ နိုင်သူမှာ၊ မည်မျှ အဆင့် အတန်း မြင့် မည်ကို၊ ပြသရာ ရောက်ပေသည်။

“ စီနီယာ အစ်ကို၊ ဒါက ဘာ အဓိပ္ပာယ်လဲ။ ”

လင်းယွန်က နားမလည်စွာ ပြန်မေး လိုက် သည်။

“ ဒါက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု အတွက်၊ ပေါ့ပေါ့ ပါးပါး လက်ဆောင် တစ်ခုပါ။ ”

မိန်ဇီယန်က ပြန်ဖြေ ပေးသည်။ သို့သော် သူ့ စကား ဆုံးသည်နှင့်် ပြုံးကာ၊ လှည့်ထွက် သွားတော့ မည့်၊ လင်းယွန်နှင့် ဂေါင်မင်ကြောင့်၊

“ ညီအစ်ကို လင်း၊ မနေ့က မင်း ငရဲပန်း တစ်ပွင့် ရခဲ့တာ ငါ ကြားမိတယ် ...။ ”

-ဟုဆို လိုက်သည်။

လင်းယွင်၏ မျက်နှာတွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။ လက်ဆောင် ပေးရသည့် အကြောင်း အရင်းကို၊ ချက်ချင်း နားလည် သွား မိ၏။

ထို့ကြောင့် ဆေး ပုလင်းကို၊ ထပ်မံ အနံ့ခံ ပြပြီး ပြုံး လိုက်ကာ၊

“ ဒီဆေးလုံးလေး တွေက အရမ်း ကောင်းတယ်၊ စီနီယာ အစ်ကိုမိန် ... မင်းမှာ ရှိသေး လားလို့၊ တွေးနေ မိတယ်၊ ငါ သူတို့ကို စျေးကြီး ပေးဝယ်ဖို့ ဆန္ဒ ရှိပါတယ်။ ”

လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ မိန်ဇီယန်က အတွေးနက် သွားမိသည်။

တစ်ဖက် လူမှာ ရည်ရွယ်ချက် ရှိရှိ ဟန်ဆောင် နေခဲ့ သည်လား မသိ သော်လည်း၊ အပြုံး မပျက် ခဲ့ဘဲ၊

“ ဒါမျိုး ပုလင်း လေးလုံး လောက်တော့ ရှိသေးတယ်၊ မင်း သူတို့ကို လိုချင်ရင်၊ ငါ အလကား ပေးလို့ ရတယ်၊ နောက်ဆုံးတော့ ငါ့ ကျင့်ကြံ ရေးမှာ၊ သူတို့က အသုံး မဝင် တော့ပါဘူး။ ”

ဤသို့ ဆိုပြီးနောက် နောက်ထပ် ပုလင်း လေးလုံးကို ထုတ်ယူကာ လင်းယွန်အား ကမ်းပေး လိုက်သည်။

၎င်ကို ဘေးမှ ရပ်ကြည့် နေသော ဂေါင်မင်က အံ့သြ သွားသည်။ ထိုမျှ ရှားပါး လှသော ဆေးလုံး များကို၊ မိန်ဇီယန်က လက်ဆောင် ပေးအပ် ခဲ့သည် သာမက၊ လင်းယွန် သည်လည်း၊ ရဲတင်း စွာပင် လက်ခံ ခဲ့သည်။

လင်းယွန်၏ သတ္တိ ရှိသော လုပ်ရပ်ကြောင့် ထိတ်လန့် သွားရသည်။ နောက်ဆုံးတွင်၊ ၎င်းတို့မှာ ဝယ်လိုအား များသော ဆေးလုံးများ ဖြစ်လေသည်။

“ ညီအစ်ကို လင်း၊ ယင် အဆင့်မှာ ငရဲ ပန်းကို သန့်စင်ဖို့ ဆိုတာ မဖြစ် နိုင်သေးဘူး၊ တကယ်လို့ သန့်စင် ခဲ့မယ် ဆိုရင်တောင် ... ”

“ စီနီယာ အစ်ကို မိန်၊ ငါ အခု စီနီယာ အစ်မ မိုနဲ့ တွေ့ဖို့ အလျင်လို နေပြီ၊ ငရဲပန်း အကြောင်း ဘာလို့ နောက် တစ်ကြိမ်မှ မပြောရ တာလဲ၊ ဒါမှ မဟုတ် စီနီယာ အစ်မ မိုနဲ့ တွေ့ဖို့၊ သွားတဲ့ လမ်းမှာ ငါတို့ ပြောလို့ ရပါတယ်။ ”

သူ့စကား မဆုံးခင် မှာပင်၊ လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ မိန်ဇီယန် မျက်နှာ ပြောင်းလဲ သွားသည်။

ဤလင်းယွန်မှာ၊ သူ့ ထံမှ နက်နဲ ယင်ဆေး ပုလင်း ငါးလုံးကို၊ လက်ဆောင် အဖြစ် ရယူ ပြီးနောက်၊ ထွက်သွား လိုပုံ ရသည်။

ထို့ကြောင့် ဟန်မပျက် ပြုံးရယ် ပြလိုက်ပြီး၊

“ ဒါဆိုလည်း နောက်မှ ထပ်ပြော ကြတာ ပေါ့။ ” ဟု ဆိုလိုက်သည်။

သို့သော် ထွက်သွား ဖို့ရန်၊ ရည်ရွယ်ချက် မရှိ ခဲ့ဘဲ၊ လင်းယွန်ကို စိုက်ကြည့် လိုက်သည်။

ဆိုလို သည်မှာ လင်းယွန်မှ ဆေး ပုလင်းများ ပြန်ပေး စေလို၏။ ၎င်းကို နားလည် လိုက်မိသော ဂေါင်မင်မှာ၊ နှလုံးသား တစ်ခုလုံး တင်းကြပ် လာပြီး၊ မသံ မထွက် ဝံ့တော့ပေ။

သို့သော် လင်းယွန် မှာမူ ပြုံးရယ် လိုက်ပြီး၊

“ ပေးပြီးသား ပစ္စည်းကို ပြန်ယူ ချင်လို့လား အစ်ကိုမိန်၊ ဒီလို အလေ့ အထမျိုး ...၊ ငါတို့ရဲ့ မဟာ ချင် အင်ပါယာ ကြီးမှာ၊ လုပ်လေ့ မရှိ ကြဘူး၊ ... ”

“ ... ဒါက အကယ် ဒမီရဲ့ ထုံးစံ ထင်တယ်၊ အဲဒီလို ဆိုရင်တော့ သူတို့ကို ငါ ပြန် ပေးပါ့မယ်၊ ဒါကို အကယ် ဒမီမှာ ကျင့်သုံး ကြခြင်း၊ ရှိ မရှိတော့ အစ်မကြီး မိုကို မေးကြည့် ရဦးမယ်။”

ထိုစကားကို ကြားသော အခါ၊ မိန်ဇီယန် တစ်ယောက် အံ့ဩ သွား မိသည်။ လင်းယွန်က သူ့ကို ခြိမ်းခြောက် ရဲမည်ဟု၊ မထင် ထားချေ။

ပေးပြီး ပြန်ယူ ချင်သည် ဟူသော သတင်းသာ ပျံ့နှံ့ သွားပါက၊ သူ၏ ဂုဏ် သိက္ခာမှာ၊ လုံးဝ ပျက်စီး ရပေ လိမ့်မည်။

ဆိုလို သည်မှာ ယခု ဆေးပုလင်း ငါးပုလင်းကို၊ လက်ပြ နှုတ်ဆက် ရ တော့မည် ဖြစ်သည်။

တစ်ဖက်တွင် လင်းယွန်က ကျိတ်ရယ် မိ၏။ မိန်ဇီယာမှာ နုံအ လွန်းပေသည်။

လက်ဆောင်ဟု ထုတ်ဖော် ပြောဆို ထားသော တစ်စုံ တစ်ရာကို၊ ပြန်ပေး ရအောင်၊ သူ့၌ နည်းလမ်း မရှိချေ။

လင်းယွန် ထံမှ ရယ်မော လိုသော အပြုံးကို မြင်လိုက် ရသောကြောင့်၊ အစ ကတည်းက သူ့ကို လှည့်စား နေခဲ့မှန်း၊ မိန်ဇီယာ တစ်ယောက် နားလည် သွားသည်။

တစ်ဖက် လူမှ နက်နဲ ယင်ဆေးလုံး များကို ပြန်ပေး စေလို သော်လည်း၊ ၎င်းအတွက် နည်းလမ်း မရှိ တော့ချေ။

သူ့ဘဝ တစ်လျှောက် ဤမျှ ကြီးမားသော ဆုံးရှုံး မှုမျိုး၊ တစ်ကြိမ်မျှ မကြုံ ဖူးသည်မှာ သေချာ သည်။

“ ညီအစ်ကို လင်း၊ မင်းက ဟာသ ပြောတက် တာပဲ၊ ပေးပြီးသား အရာ တွေကို ဘယ်သူက ပြန်ယူ မှာလဲ၊ ငါ အခု သွားနှင့် တော့မယ်။ ”

မိန်ဇီယန်က အချိန် အတော် ကြာအောင် ငြိမ်သက် သွားပြီး၊ အပြုံး တစ်ပွင့်အား ထုတ်ဖော် လိုက်သည်။

သို့သော် သူ့ အပြုံးမှာ ငိုနေသော မျက်နှာထက် ပိုဆိုး နေခဲ့သည်။ မျက်နှာလွှဲ သွားသည့် အချိန်၌၊ မျက်နှာ တစ်ပြင်လုံး ရုတ်ခနဲ မည်းကျ သွားသည်ကို၊ ဂေါင်မင်က မြင် ဖြစ်အောင် မြင်လိုက်၏။

မိန်ဇီယန် ထွက်သွား ပြီးနောက် ဂေါင်မင်မှာ၊ သက်သာရာ ရသွားသည်။ သို့သော် သူ့ နဖူးတွင် ချွေးများဖြင့်၊ ဖုံးလွှမ်း နေသေးသည်။

“ သူ့အကြံ အစည်က အရမ်း ကြောက်စရာ ကောင်းတယ်၊ ငရဲပန်းကို လှည့်စား ရယူဖို့ ဒီကို လာခဲ့မှန်း၊ ရှင်းနေ တာတောင်၊ အဲဒါကို တရား မျှတဟန်၊ ဟန်ဆောင် ပြနေ သေးတယ်၊ ငါက ငရဲပန်းကို ဘယ်လိုလုပ် ပေးနိုင် မှာလဲ။ ”

လင်းယွန်က လှောင်ပြောင် ရေရွတ် လိုက်၏။ ထိုစကားကို ကြားလိုက် ရချိန်၌၊ ဂေါင်မင် တစ်ယောက် ခေါင်းယမ်းလျက် ပြုံးရယ် သွားမိသည်။

မိန်ဇီယန်၏ အကြံစည်မှာ၊ ကြောက်စရာ ကောင်းနိုင် သော်လည်း၊ လင်းယွန်ကို မမှီ ခဲ့ချေ။ လင်းယွန်မှာ ပို၍ ကောက်ကျစ် လှ လေသည်။

အချိန် အတော်ကြာ ငြိမ်သက် နေမိကြ ပြီးနောက် သူက၊

“ လင်းယွန်၊ မင်း ပြန်ပေး သင့်တယ်၊ သူ့ ဒေါသက မင်းကို အလကား ယူသွားခွင့် ပေးမှာ မဟုတ်ဘူး။ ”

“ ပြန်ပေး ရမှာလား၊ ... အင်း။ ”

လင်းယွန်က ဆေးပုလင်း များကို သဘော ကျစွာ နမ်းကြည့် လိုက်ပြီး၊

“ ဒါပေမယ့် စီနီယာ အစ်ကို မိန်က၊ ငါ့ကို ကောင်းကောင်း နားလည်တယ်၊ ငါ့ရဲ့ အောင်မြင်မှု တွေက၊ သူ့ကို သောက ဖြစ်စေ ပုံ ရတယ်၊ ဒါပေမယ့် နက်နဲ ယင်ဆေးလုံး တွေနဲ့ ဂုဏ်ပြု ဖို့တော့ သူ မမေ့ ခဲ့ဘူး၊ ဒါကြောင့် ငါ အားနာ မနေ တာပဲ။ ”

ပုလင်း တစ်လုံးကို ဂေါင်မင်ထံ လှမ်းပစ် ပေးလိုက်၏။ ဂေါင်မင်က ပုလင်းကို ထိတ်လန့်စွာ ဖမ်းယူကာ၊

“ အစ်ကိုလင်း၊ ဒါကို ငါ တကယ် လက်မခံ ဝံ့ဘူး။ ”

-ဟု ငြင်းဆန် လိုက်၏။

“ မဝံ့ ဖူးလား၊ ဒါဆို ပြန်ပေးပါ၊ ငါက မိန်ဇီယန်လောက် ဟန်မဆောင် တတ်ဘူး။ ”

“ နေဦး ငါ... ယူမယ်။ ”

အဆုံးတွင် အတန်ကြာ ဆင်ခြင် ပြီးနောက်၊ အံကြိတ်ကာ ဂေါင်မင်က လက်ခံ လိုက်သည်။ ဆေးလုံး များ၏ သွေးဆောင် မှုမှာ၊ အလွန် ကြီးမား လှလေသည်။

လင်းယွန်က ဂေါင်မင်း၏ ပုခုံးကို ပွတ်သပ် ပေးပြီး ပြုံးလိုက်ကာ၊

“ ဒါကို စိတ်မပူ ပါနဲ့၊ မင်းက မိန်ဇီယန်လို လူမိုက် မျိုးကို၊ နေ့တိုင်း မတွေ့ ရပါဘူး"

ဂေါင်မင်က ခွန့်တုန့် ပြန်ခြင်း မရှိ တော့ဘဲ၊ မသက် မသာ ပြုံးလိုက် ရသည်။

အကယ်ဒမီ တစ်ခု လုံးတွင် မိန်ဇီယန်ကို လူမိုက် အဖြစ် သတ်မှတ် ရဲ သူမှာ၊ လင်းယွန် တစ်ယောက်သာ ရှိပေမည်။

***

“ စီနီယာ အစ်မ မို၊ ဒီမှာ မင်းရဲ့ တံဆိပ် ပြားပါ။ ”

ညတိမ်ယံ ခန်းမသို့ ပြန်ရောက် သည်နှင့်၊ မိုလင်းထံ တံဆိပ် ပြားကို ပေးအပ် လိုက်သည်။

တံဆိပ် ပြားအား လက်ခံယူ ပြီးနောက်၊ မိုလင်းက လင်းယွန်ကို အတန် ကြာအောင် စိုက်ကြည့်ကာ၊

“ မနေ့က မင်း ... အထင်ကြီး လောက်စရာ တစ်ခု ခုကို၊ လုပ်ခဲ့တာ ငါကြား မိပါတယ်။ ”

“ ဘာကို လဲ။ ”

လင်းယွန်က နားမလည် ဟန်ဖြင့်၊ ပြန်မေး လိုက်သည်။

“ ငရဲ ပန်း။ ”

မိုလင်း စကားကြောင့်၊ လင်းယွန်၏ နှလုံးသား တစ်ခုလုံး တင်းကြပ် သွားသည်။ သို့သော် မိုလင်း ရှေ့တွင်၊ တည်ငြိမ် မှုကို ဆက် ထိန်းထား လိုက်၏။

တစ်ဖက် လူမှာ၊ အလယ် အလတ် ယင် အဆင့်ကို ရောက်ရှိ နေပြီ ဖြစ်ရာ၊ မကြာမီ အထွတ် အထိပ် ယင် အဆင့်သို့၊ ထိုးဖောက် ဝင်ရောက် နိုင်တော့ မည် ဖြစ်သည်။

အလယ် အလတ် ယင် အဆင့်မှာ၊ ပြဿနာ မဟုတ် သော်လည်း၊ အထွတ် အထိပ် ယင် အဆင့်တွင်၊ ငရဲပန်းကို သန့်စင် နိုင် ပေမည်။

ဤသို့ ဆိုပါက ကိစ္စ များမြောင်ကာ၊ ဒုက္ခ ရောက်ပေ တော့မည်။

***

All Chapters