တွင်းနက်ကြီး။
Vol. 38 Ch. 531
မိုလင်းကို သူ မမြင် နိုင်ပေ။ သူမမှာ မိန်ဇီယာထက် များစွာ သန်မာပြီး၊ ငရဲပန်းသာ လိုချင် ပါက ဒုက္ခ ဖြစ်ပေ လိမ့်မည်။
ယင်ကို စဉ်းစား မိပြီး၊ ပြုံးရယ် လိုက်ကာ၊
“ အစ်မကြီး မင်းက၊ ငါ့ကို အရမ်း ဂရုစိုက် တာပဲ။ ”
သူ့လက် ဖဝါးကို ဖွင့်ပြ လိုက်သည်နှင့်၊ ပန်းတစ်ပွင့် ထွက်ပေါ် လာသည်။ ပန်းကို ကြည့်ပြီး မိုလင်းက၊
“ ဒါက တကယ့် ငရဲ ပန်းပဲ၊ ယန် နန်းတော်က တပည့် တစ်ဦး ရခဲ့ ဖူးတယ်၊ သိပ် မကြာဖူး သူရဲ့ ကျင့်ကြံ မှုက၊ မယုံနိုင် လောက်အောင် မြင့်မား လာခဲ့တယ်။ ”
မိုလင်း၏ မျက်လုံး များတွင်၊ လောဘ ရောင်များ တောက်မလာ ခဲ့ဘဲ၊ တည်ငြိမ်စွာ ရှင်းပြ လိုက်သည်။
ထို့ကြောင့် သူမကို အထင်သေး ခဲ့မိကြောင်း သဘောပေါက် သွားသည်။ အကယ်၍ သူမသာ လိုအပ် လာပါက၊ အကြီး အကဲများ အနေဖြင့်၊ ၎င်းကို တောင်းနေမည် မဟုတ်ဘဲ၊ သူ့ထံမှ အလွယ် တကူ ရယူ သွားမည် ဖြစ်သည်။
ငရဲ ပန်းကို ပြန်လည် သိမ်းဆည်း လိုက်ပြီး၊ မိန်ဇီယန်နှင့် ဖြစ်ပျက်ခဲ့ သမျှကို မိုလင်းအား ပြန်ပြော ပြလိုက်သည်။
“ အို ... နက်နဲ ယန် ဆေးလုံး တွေလား။ ”
မိုလင်းက ဟက်ဟက် ပက်ပက် ရယ်မော လိုက်သည်။ သူမ ရယ်နေ ပုံကြောင့်၊ လင်းယွန်ပင် အံ့ဩ သွားရ၏။
“ မင်းရဲ့ ဒေါသက အရင် အတိုင်း ပါလား၊ မနေ့က ဂူဖန်းနဲ့ ရန်ဖြစ် ခဲ့တယ်၊ ဒီနေ့ မိန်ဇီယန်ကို လှည့်စားတယ်၊ မင်းက တကယ့်ကို မလွယ်တဲ့ သူပဲ၊ မင်းကို နည်းနည်းတော့ သည်းခံ နိုင်လိမ့် မယ်လို့ ထင်ခဲ့တာ။ ”
မိုလင်းက ရွှင်မြူး နေသော အပြုံးဖြင့်၊ လင်းယွန်အား ပြန်ကြည့်ကာ ဆိုလိုက်သည်။
“ မဟုတ် ပါဘူး၊ ဘာလို့ အဲ့ဒီလို ထင်ရ တာလဲ၊ စီနီယာ အစ်ကို မိန်က လက်ဆောင် ပေးခဲ့တယ် ဆိုတာ ရှင်းပါတယ်။ ”
“ မင်း သူ့ကို လှည့်စား ခဲ့တာ ရှင်းနေ တာပဲ၊ ဒါပေမယ့် သူ့ကို ကြောက်နေ စရာ မလို ပါဘူး၊ အကယ်ဒမီမှာ မင်းကို ဘာမှ လုပ်ဝံ့မှာ မဟုတ်ဘူး။ ”
မိန်ဇီယန်ကို ရည်ရွယ် ပြောဆို နေချိန်တွင်၊ မိုလင်း မျက်ဝန်း များ၌ ရွံရှာမှု များဖြင့် ပြည့်နှက် နေသည်။ နှစ်ယောက်သား ပြဿနာ အနည်းငယ် ရှိပုံ ရ၏။
“ သူက ငါ့ကို ဆန့်ကျင်ပြီး၊ ပထမ တပည့် နေရာ အတွက် ယှဉ်ပြိုင်ဖို့ ကြိုးစား ခဲ့ဖူးတယ်၊ ဒါပေမယ့် မျက်နှာ ချင်းဆိုင် မတိုက် ရဲဘူး၊ ... ”
“ ... လွန်ခဲ့တဲ့ နှစ်ဝက် လောက်က သူ့ကို သင်ခန်းစာ တစ်ခု သင်ပေး ပြီးတာတောင်၊ သူ့ကိုယ်သူ မထိန်း နိုင်သေးဘူး၊ အမှန်တိုင်း ပြောရရင် သူက မင်းကို တိုက်ခိုက်ဖို့၊ ဂူဖန်းကို လှုံ့ဆော် ပေးတဲ့ သူပါ။ ”
မိုလင်းက သူသိ ထားသော နောက်ကွယ်က ကိစ္စ များအား ပြောပြ လိုက်သည်။ ထို အကြောင်းကို မသိ သောကြောင့်၊ လင်းယွန် တစ်ယောက် မျက်ခုံး ပင့်လိုက် မိသည်။
သို့သော် ယခု အချိန်တွင် မိန်ဇီယန်နှင့် မိုလင်း၏ ပြဿနာထဲ မပါဝင် လိုပေ။ ထို့ကြောင့် ခေါင်းစဉ် ပြောင်းရန်၊ ကြိုးစား လိုက်သည်။
“ စီနီယာ အစ်မ၊ မင်း ... ငရဲ ပန်းကို စိတ်မဝင် စားဖူးလား။ ”
သူ့ အမေးကို မိုလင်းက ခေါင်းညိတ် ပြလိုက်ပြီး၊
“ သုံးနှစ် အတွင်း၊ ငါက သေချာပေါက် စတုတ္ထတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာ လိမ့်မယ်၊ ဒါကြောင့် ကျင့်ကြံမှုက ငါ့အတွက် အရေး မကြီး ပါဘူး။ ”
ယင်းသို့ ပြောဆို လိုက်ချိန်တွင်၊ သူမ မျက်ဝန်း များ၌၊ ခိုင်မာသော ယုံကြည်မှု ရှိလေသည်။ ထို့နောက် မိုလင်းက သူ၏ သင်ခန်း စာကို၊ စတင် ခဲ့သည်။
“ စီနီယာ အစ်မ၊ မင်း ... ငါ့ကို ဝိညာဉ် ရေးရာ ပန်းချီကား တွေကို၊ သင်ပေး နိုင် မလား။ ”
ဂူဖန်းနှင့် တိုက်ခိုက် ရာတွင်၊ မိစ္ဆာ တောင်တန်း နှင့် ငရဲမြစ် ပန်းချီကို၊ စမ်းသပ် အသုံး ပြုကြည့် မိ ပြီးနောက်၊ စိတ်လှုပ်ရှား လာခဲ့သည်။
ထို့ကြောင့် နောက်ထပ် ဝိညာဉ် ရေးရာ ပုံကြမ်း များကို မျှော်လင့် နေမိသည်။
“ ငါမလုပ် နိုင်မှာကို ကြောက်မိတယ် ...။ ”
ငြင်းဆို စကားကြောင့်၊ ရုတ်တရက် စိတ်ပျက် လက်ပျက် ဖြစ်သွားသော လင်းယွန် အမူ အရာကို ကြည့်ပြီး၊ မိုလင်းက စကား ဆက်ပြော၏။
“ ဒါပေမယ့် ... ငါ မင်းကို တတိယတန်း ဝိညာဉ် ရေးရာ ပုံကြမ်း သင်ပေး နိုင်တယ်၊ မင်းရဲ့ ခွန်အား အရ၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ပန်ချီကား တွေက အရမ်း အဓိပ္ပါယ် မဲ့ကုန်ပြီ၊ ... ”
“ ... တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား ကသာ မင်းကို စွဲမက်စေ လိမ့်မယ်၊ (၁၀၀%) စွမ်းအား ထုတ်နိုင်ရင်၊ အလယ် အလတ် ယန် အဆင့်က ကျင့်ကြံ သူတွေ ကိုတောင် သတ်နိုင်တယ်။ ”
“ ဒါပေမယ့် ငါက တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် မဟုတ် သေးဖူးလေ၊ တတိယတန်း ရူရ်တွေ ကိုလည်း ငါ မသိဘူး။ ”
“ ဒါပေမယ့် နောက်ဆုံးမှာ၊ မင်း ဖြစ်လာ မှာပဲ မဟုတ်လား။ ”
မိုလင်းက ပြုံးကာ ဆိုလိုက်သည်။ ထိုစကား အပေါ်၊ လင်းယွန် တစ်ယောက် လုံးဝ ‘စွံ့အ’ သွားပြီး၊ မည်သို့ ပြန်လည် ချေပရ မည်ကို၊ မသိ တော့ပေ။
“ တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား တွေထဲ မှာမှ၊ အသန် မာဆုံး ဆယ်ချပ် စာရင်း ဝင်တဲ့၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကို ငါသင် ပေးမယ်။ ”
စကား ဆုံးသည်နှင့် ပန်းချီကား ကိုးချပ်၊ သူမ နောက်၌ ရုတ်ချည်း ထွက်ပေါ် လာကာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ပျံ့နှံ့ လာသည်။
နောက် တစက္ကန့်တွင်၊ ပြိုးပြိုး ပြက်ပြက် တောက်ပ နေသော မီးလျှံ များနှင့်၊ ရွှေရောင် အလင်းများ ထွက်ပေါ် လာသည်။
( အိုး ... ဒါက ပန်းချီကား (၉) ချပ်ကို၊ တပြိုင် နက်တည်း ဖွင့်လိုက် တာလား။ )
လင်းယွန် တစ်ယောက် အံ့ဩ နေဆဲ မှာပင်၊ တောက်ပ လွန်းသော အလင်း များကြောင့်၊ မျက်ဝန်း များကို မှိတ်ချ လိုက်ရသည်။
ပန်းချီကား ကိုးချပ် အပြည့် အ၀ ဖြစ်ပေါ် လာချိန်၌၊ ဖီးနစ် ပန်းချီကား တစ်ချပ် လင်းယွင် ရှေ့တွင် ထွက်ပေါ် လာသည်။
ဖီးနစ် ငှက်က သူ့ အတောင်ပံ များကို၊ ရုတ်တရက် ခတ်ချ လိုက်ရာ ပန်းချီကား ကိုးချပ် မှာ၊ တကွဲ တပြားဖြင့် ဘေးသို့ တိမ်းပေး လိုက်ရ သည်။
ထို့ပြင် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်လာပြီး၊ လင်းယွန်အား နောက်ဆုတ်ရန် ဖိအားပေး ခံလိုက် ရ၏။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်သော အခါတွင်၊ ပန်းချီကား များက မိုလင်း၏ နောက်တွင် ပျံဝဲ နေသေး သည်ကို မြင်လိုက် ရသည်။
ဤတစ်ကြိမ်တွင်၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကြောင့်၊ အလျင် အမြန် ခုန်ဆုတ် လိုက်ရ ကာ၊ အလွန် တုန်လှုပ် သွားမိသည်။
သူ့၌ ယင်းသို့သော ခံစား ချက်မျိုး မရှိတော့ သည်မှာ ကြာခဲ့ ပြီ ဖြစ်သည်။
နှင်းဆီ ပန်းချီ ကားကို ပထမဆုံး မြင်ဖူး ချိန်တွင်၊ ကျားက သူ့အား ကိုက်မည်ဟု ထင်ကာ၊ ပန်းချီ ကားအား လွှင့်ပစ် ခဲ့ဖူးသည်။
ထို့နောက်တွင် ဝိညာဉ် ရေးရာ ရူရ် များနှင့် ပတ်သတ်၍၊ တစ်ကြိမ် တစ်ခါမျှ မထိတ် လန့်တက် တော့ပေ။
သို့သော် မီးလျှံ ဖီးနစ်က ယင်းကို ပြန်လည် ခံစား ရစေ ခဲ့သည်။
“ ဒါက ရှက်စရာပဲ။ ”
လင်းယွန်က နှာခေါင်းကို ပွတ်သပ်ကာ၊ ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလျက် ဆိုလိုက် သည်။
“ ဖီးနစ် မီးလျှံ ပန်းချီ ကားက၊ တတိယတန်း မီးဝိညာဉ် ပန်းချီကား တစ်ချပ်ပဲ၊ အခြေခံ ရူရ် သုံးထောင်၊ ပထမတန်း ရူရ် တစ်ထောင်၊ ဒုတိယတန်း ရူရ် ငါးရာနဲ့၊ တတိယတန်း ရူရ် ခုနစ် လုံးပါ ရှိတယ်၊ ... ”
“ ... သေလောက်အောင် အန္တရာယ် ပေးနိုင်တဲ့ အတွက်၊ သေမင်း ပန်းချီကား ဆယ်ချပ် အတွင်း ဝင်တယ်၊ ငါ့ အပြင် အကယ် ဒမီမှာ ဘယ်သူမှ၊ ဆုပ်ကိုင် မထား နိုင်သေးဘူး။ ”
-ဟု မိုလင်းက ရှင်းပြသည်။
သူမ၏ ရှင်းပြ နေစဉ် အတွင်း၊ နေ့ခင်း ကြောင်တောင် အိပ်မက် မက်နေ မိ သကဲ့သို့၊ ပန်းချီ ကားကို ကြည့်ကာ၊ လင်းယွန် တစ်ယောက် မိန်းမော သွားသည်။
ဤပန်းချီ ကားကို ဆုပ်ကိုင် နိုင်ပါလျှင်၊ နှင်းဆီ ပန်းချီ အပေါ် ပို၍ နားလည် နိုင်မည်ဟု၊ ခံစား မိသည်။
“ တတိယတန်း ဝိညာဉ် ရေးရာ၊ ရူရ် ခုနစ် လုံးက ဖီးနစ် အမြီးမှာ၊ အမွေး ခုနစ်ချောင်း အဖြစ် ရှိတယ်၊ ... ”
“ ... မင်းသာ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာ ပြီးရင်၊ ငါသင် ပေးမှာ မို့လို့ အခု လောလောဆယ်၊ သူတို့ကို ခဏမေ့ ထားရအောင်၊ ... ”
မိုလင်းက ပန်းချီကား များကို ရုတ်သိမ်း လိုက်ပြီး၊ တိကျသော ပန်းချီကား တစ်ချပ်ကို ရွေးချယ်ကာ၊
“ ပထမ တစ်ပုံ နဲ့ပဲ စလိုက် ကြ ရအောင် ...။ ”
-ဟုဆို လိုက်၏။
များ မကြာမီ သူ့ ရှေ့ရှိ ပန်ချီကား တစ်ချပ်ကို၊ ဆုပ်ကိုင်ရန် ခက်ခက် ခဲခဲ ကြိုးစား နေရသော အမူ အရာဖြင့်၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားတော့သည်။
ယင်းမှာ ဒုတိယတန်း ဝိညာဉ် ရေးရာ ပန်းချီ ကား တစ်ချပ်၊ နှိုင်းယှဉ် နိုင်သည့် အရာ မဟုတ်ပေ။
ပန်းချီ ကားကို အလွတ်ကျက် နေစဉ် အတွင်း၊ တစ်ခါ တစ်ရံတွင် မျက်မှောင် ကြုတ်သွား တတ်သည်။
ဒုတိယတန်း ဝိညာဉ် ရေးရာ ပန်ချီကားကို၊ အလွယ် တကူ အလွတ်ကျက် နိုင် သော်လည်း၊ ဤတတိယတန်း ဝိညာဉ် ရေးရာ ပန်းချီ ကားတွင်၊ အခက် တွေ့နေ ရသည်။
ဂရု မစိုက် ပါက၊ အသေးစိတ် အချက် များစွာကို လွဲချော် သွားရ ပေလိမ့်မည်။ ခဏလေး အတွင်း မှာပင်၊ သူ့ မျက်ဝန်းများ ခြောက်ကပ်ပြီး၊ မှိန်းဖျော လာတော့၏။
“ မင်းဘယ်လောက် မှတ်မိ ပြီလဲ။ ”
“ (၃၀) ရာခိုင်နှုန်း လောက်ပဲ ရသေးတယ်။ ”
ဘေးမှ ရပ်ကြည့် အကဲခတ် နေသော မိုလင်း၏ အမေးကို၊ လင်းယွန်က ပြန်ဖြေသည်။
“ မဆိုး ပါဘူး၊ ငါတောင် ပထမ အကြိမ် ကြည့်တုန်းက၊ (၂၀% ) လောက်ပဲ မှတ်နိုင် ခဲ့တယ်။ ”
မိုလင်း မျက်နှာ ပေါ်တွင် လေးစားရိပ် များ ထင်ဟပ် လာသည်။ လင်းယွန်၏ အရည် အချင်းမှာ သူမ ထက်၊ ပိုသာ ပေသည်။
“ မ တူ ဘူး။ ”
သို့သော် လင်းယွန်က ခေါင်းခါ လိုက်၏။ ပြီး စကား ဆက်လာသည်။
“ ဝိညာဉ် ရေးရာ ပန်းချီကား တွေက၊ သိုင်းနည်း စနစ် တွေလို မဟုတ်ဘူး၊ သိုင်းနည်း စနစ် တွေက အကုန်လုံး၊ နားမလည် နိုင်သေး ရင်တောင် သုံးလို့ ရတယ်၊ တစ်ခု တည်းသော ပြဿနာ အနေနဲ့ နည်းနည်း အားနည်း သွား တာပဲ ရှိမယ်၊ ... ”
“ ... ဒီပန်းချီ ကားက၊ အခြေခံ ရူရ် တစ်လုံးလောက် လွတ်သွား ခဲ့ရင် ကိုပဲ၊ အရာ အားလုံး ပျက်စီး သွား လိမ့်မယ်၊ (၉၀%) မှတ်မိ နေရင် တောင်မှ၊ (၃၀%) မှတ်မိတဲ့ သိုင်းနည်း စနစ်ကို မမှီ သေးဘူး။ ”
လင်းယွန်၏ အယူအဆ အပေါ်၊ မိုလင်းက ငြင်းဆန်ခြင်း မပြုဘဲ၊ မျက်မှောင် ကြုတ် လိုက်ကာ၊
“ ဒါက တတိယတန်း ဝိညာဉ် ရေးရာ၊ ပန်းချီ ကားတွေ အားလုံး ထဲမှာတောင်၊ ထိပ်ဆုံး (၁၀) နေရာ ဝင်တယ်၊ အားနည်းတဲ့ သူတွေ အတွက် တော့၊ သုံးရက် တိတိ ကြည့်ပြီး တာတောင်၊ သူ့ရဲ့ ကောက်ကြောင်းကို မြင်နိုင်မှာ မဟုတ် ဘူး။ ”
“ ဘာဖြစ်လဲ၊ ငါက တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာ မယ်လို့၊ မင်း ပြောတယ် မဟုတ်လား။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။ ဖီးနစ် မီးလျှံ ပန်းချီ ကားမှာ၊ သူ့ ဂုဏ် သိက္ခာအား ရန်စ လာခဲ့သည်။
ဤသို့သော စိန်ခေါ် မှုမျိုး တစ်ကြိမ်မျှ မကြုံဖူး သေးသည့် ဖြစ်ရာ၊ စိတ်လှုပ် ရှားမှု များဖြင့် ပြည့်နှက် လာတော့၏။
တက်ကြွ နေသော လင်းယွန်ကို ကြည့်ကာ၊ မိုလင်း တစ်ယောက် သူမ၏ အတိတ်အား ပြန်မြင် လိုက်ရ သလို၊ ခံစားလာ ရစေသည်။
ထိုစဉ်က ငယ်ရွယ် လွန်းသောကြောင့်၊ မာန များနှင့် ပြည့်နှက် နေခဲ့သည်။ ရုတ်တရက် သူမ နှလုံး သားက တစ်ကြိမ် တစ်ခါမျှ၊ မဖြစ် ဖူးသော တုန်ခါ မှုမျိုး၊ ဝင်ရောက် လာတော့၏။
ပျံ့လွင့် သွားသော အတွေး များကို၊ ချက်ချင်း ပြန်စုစည်း လိုက်ပြီး၊
“ မင်း လုပ်နိုင် လိမ့်မယ်လို့၊ ငါမျှော်လင့် ပါတယ်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဆိုတာ၊ အခြေခံ အဆင့်ပဲ ရှိသေးတယ်၊ မင်း အဲဒီကို ရောက်တဲ့ အခါ၊ ငါ ဆိုလိုတဲ့ အဓိပ္ပါယ်ကို သိရ ပါလိမ့်မယ်။ ”
နောက်ရက် အနည်းငယ် ကြာသည့်တိုင် လင်းယွန် တစ်ယောက်၊ သစ်သား စိတ်ဝိညာဉ် တောင်ကုန်းသို့ ပြန်မလာ တော့ချေ။
ညတိမ်ယံ ခန်းမ တွင်သာ သူ့ အချိန် များကို ကုန်ဆုံး စေခဲ့သည်။ မောပန်း နွမ်းနယ် နေပါက ကြမ်းပြင် ပေါ်တွင်၊ လှဲချ အနားယူ လိုက်၏။
ပြီးသည်နှင့် မီးလျှံ ဖီးနစ် ပန်းချီ ကားကို၊ ဆက်လက် ကြည့်ရှု နေ ခဲ့သည်။
ငါးရက် ကုန်လွန် ပြီးနောက်၊ အခန်း တစ်ခန်းလုံး လွှင့်ပစ် ထားသော ကင်းဗတ်စ များဖြင့်၊ ပြည့်နှက် နေခဲ့သည်။
ထိုအချိန်တွင် လင်းယွန်၏ မျက်လုံး များ၌ သွေးများ စီးကျ နေ၏။ အထွတ် အထိပ် ဒရာ ကိုဖီ ခန္ဓာ ကြောင့်သာ မဟုတ် ပါက၊ ဤမျှ ကြံ့ကြံ့ ခံနိုင်မည် မဟုတ်ပေ။
သည်ငါးရက် အတွင်း၊ နှစ်ဝက်မျှ ရှည်ကြာ လှသည်ဟု ခံစား မိသည်။ သို့သော် လုံးလကို နည်းနည်း မျှပင်၊ လျော့မချ ခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် ဖီးနစ် မီးလျှံ ပန်းချီ ကားကို ဆုပ်ကိုင် နိုင်ခဲ့သည်။ ယင်းက ဖီးနစ် အမြီး မပါ သေးချေ။
ဆိုလို သည်မှာ တတိယတန်း၊ ရူရ် ခုနစ် လုံးကို ဆုပ်ကိုင် နိုင်သည်နှင့်၊ ပန်းချီကား ပြီးမြောက် မည်ဟု အဓိပ္ပါယ် ရ၏။
ငါးရက် အကြာတွင် ပန်းချီကား ကိုးချပ်ကို တပြိုင် နက်တည်း ဖွင့်ချ လိုက်ပြီး၊
“ စီနီယာ အစ်မမို၊ ကြည့်ကြည့် ပါဦး၊”-ဟု ဆိုကာ ပြုံးလျက် ပြလိုက်သည်။
“ မ ဆိုး ပါ ဘူး။ ”
မိုလင်းက အံ့အားသင့် သွားသော်လည်း၊ အတည် ငြိမ်ဆုံး ပုံစံကို အတတ် နိုင်ဆုံး ရယူ ထားသည်။
“ အခု မင်းငါ့ကို တတိယတန်း ရူရ်တွေ သင်ပေး နိုင်မလား အစ်မမို။ ”
လင်းယွန်က မျှော်လင့် တကြီး ဆိုလိုက် သည်။
“ ငါ သင်ပေး နိုင်ပါတယ်၊ ဒါပေမယ့် ငါတို့ အချိန် စေ့ပြီ။ ”
မိုလင်းက ပြုံးလျက် ပြန်ဖြေသည်။
“ အမ် ... ။ ”
ထိုစကားကြောင့် လင်းယွန်က အံ့အား သင့် သွားသည်။ ရုတ်တရက် ရက်ပေါင်း (၁၅)ရက် ကုန်လွန် သွားပြီကို၊ ပြန် အမှတ်ရ လိုက်မိသည်။
ထိုစဉ်က မိုလင်း၏ သင်ကြား မှုကို၊ လက်ခံ ဖို့ရန် တွန့်ဆုတ် နေခဲ့သည်။ ယခု မူကား ၎င်း၌ အပြည့် အ၀ နှစ်မြုပ် သွားခဲ့ခြင်း ဖြစ်သည်။
သူ့ အတွက် ဤမျှ ကြီးမားသော တွင်းနက် ကြီးကို၊ မိုလင်း အနေဖြင့် ရည်ရွယ်ချက် ရှိရှိ၊ တူးထား လိမ့်မည်ဟု မထင်ထား မိခဲ့ပေ။
ဖီးနစ် မီးလျှံ ပန်းချီ ကားတွင်၊ အဆုံးထိ ရောက်ရှိရန်၊ ခရီး အဝေး ကြီးအား ဖြတ်သန်း လာခဲ့ ရသည် ဖြစ်ရာ၊ လက်မလွှတ် လိုသော ကြောင့်၊ မိုလင်းထံ တောင်းပန် ရတော့ ပေမည်။
“ ဒါက ငါ့ အတွက်တော့ တကယ့်ကို တွင်းနက် ကြီးပါပဲ၊ ဒါနဲ့ ဖီးနစ် မီးလျှံ ပန်းချီ ကားကို သင်ယူဖို့ ဆိုရင်၊ ငါ့ဆီက ဘာအကူ အညီ လိုသလဲ။ ”
အောင့်သက် သက်ဖြင့် မေးမြန်း လာသော လင်းယွန်ကြောင့်၊ မိုလင်းက ပြုံးရယ် လိုက်ပြီး၊
“ မင်းက မာန ကြီးတဲ့ ပန်းသင်္ချိုင်းပဲ၊ ဒီလိုမှ မဟုတ်ရင် မင်းကို၊ ငါ ဘယ်လိုလုပ် စည်းရုံး နိုင်မှာလဲ၊ တောင်းပန် ပါတယ်၊ အကယ် ဒမီက မင်းရဲ့ အကူ အညီကို လိုတဲ့ အတွက်၊ ဒီလို လှည့်ကွက်တွေ သုံးလိုက် ရတာပါ။ ”
***