ထောင်ချောက်။
Vol. 38 Ch. 532
ငါးရက် ကြာပြီးနောက်၊ ဖီးနစ် အမြီး မှလွဲ၍ ပန်းချီကား တစ်ချပ်လုံး ဆုပ်ကိုင် နိုင်ခဲ့သည်။ ၎င်းကို တွေးကြည့် ရုံဖြင့်ပင်၊ မိုလင်း အပေါ် ကေျးတင်မိသည်။
ယခု အချိန် အကယ်ဒမီ ကနေ ထွက်သွား ခဲ့လျှင်ပင်၊ အရှုံး ပေါ်မည် မဟုတ်ပေ။ သူ့ အတွက် တွင်းနက်ကြီး ဆိုသော်လည်း၊ ရိုးသားမှု အပြည့်ရှိ နေဆဲ ဖြစ်သည်။
“ မင်းက ချဲ့ကား နေတာလား၊ ငါလုပ် နိုင်တဲ့ အရာ ဆိုရင် ငြင်းစရာ အကြောင်း မရှိ ပါဘူး။ ”
လင်းယွန်က ရိုးသားစွာ ဆိုသည်။ ထောင်ချောက် ဆင်ဖို့ အတွက် မိုလင်းက ကိုယ်တိုင် ကိုယ်ကျ သင်ပေး ရလောက်အောင်၊ အကယ် ဒမီ အနေဖြင့်၊ မည်သည့် အရာ လိုအပ် နေသည်ကို သိချင် လာသည်။
“ အလျင် စလို မရှိ သေးပါဘူး။ ”
“ အလျင် မလို ဖူးလား။ ”
လင်းယွန်က အံ့သြ သွားသည်။
“ လူတွေဟာ ဆင်ခြင်တုံ တရားမဲ့ လာတဲ့ အခါ မှားယွင်းတဲ့ ဆုံးဖြတ် ချက်တွေ ချတက် ကြတယ်၊ ငါတို့ တောင်းဆိုမဲ့ အရာက အကယ် ဒမီရဲ့၊ ဘဝနဲ့ သေခြင်းနဲ့ သက်ဆိုင်တယ်၊ ဒါက မင်းထင်ထား တာထက်၊ အများကြီး လေးနက် တာကြောင့်၊ မင်းနောင်တ မရ ပါစေ နဲ့လို့၊ ငါ မျှော်လင့် ပါတယ်။ ”
“ ဝိုး ... ၊ ဒါက အဲ့ဒီ လောက်တောင် လေးနက် တာလား။ ”
လင်းယွန်က မျက်လုံးပြူး သွားသည်။
“ ဟုတ် တယ် ... ။ ”
မိုလင်း ပုံစံက နောက်ပြောင် နေပုံ မပေါ်ချေ။ ထိုကြောင့် လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။
ဤကိစ္စမှာ မရိုးရှင်း နိုင်။ ထို့နောက် ရိုးရှင်းသော အပြုံး တစ်ပွင့် နှင့်အတူ၊
“ ငါသဘော မတူ မှာကို မကြောက် ဖူးလား၊ မင်း စိတ်လျော့ လိုက်ပါ။ ”
“ ခြောက်ရက် အတွင်း ဝိညာဉ် ရေကန် ထဲမှာ ယင်ပန်း လေးတွေ မွေးဖွား လာလိမ့်မယ်၊ ယင်ပန်း တွေက ငရဲပန်း လောက် တန်ဖိုး မရှိ ပေမယ့်၊ မင်းအတွက် အရမ်း သင့်လျော် ပါတယ်။ ”
( မြင့်မြတ်သော ယင်ပန်း။ )
လင်းယွန်က မေးစေ့ကို ပွတ်သပ် လိုက်သည်။ ရေကန်ကို သုံးလ တစ်ကြိမ် ဖွင့်ပြီး ထိုအချိန်တွင် ဝိညာဉ် အဆီ အနှစ်များ ယိုဖိတ် လာမည် ဖြစ်သည်။ အထူး သဖြင့် ပန်းပြိုင် ပွဲမှာ အကယ်ဒမီ အတွက် ပွဲကြီး တစ်ပွဲ ဖြစ်သည်။
အတွေးလွန် နေသာ လင်းယွန်ကို တစ်ချက် ကြည့်ကာ၊
“ ပန်းပြိုင် ပွဲပြီးရင်၊ မင်းကို ငါပြော ပြမယ်။ ”
အကယ် ဒမီ၏ အနာဂါတ် ဟုပင်၊ ရည်ညွှန်း ရ လောက်သည့် အချင်း အရာ အပေါ်၊ သိချင်မိ သော်လည်း၊ လင်းယွန်က ထပ်မမေး တော့ချေ။
မိုလင်းက ပြုံးလိုက်ပြီး၊
“ အကယ် ဒမီရဲ့ ကျမ်းဆောင် ခန်းမကို၊ မင်း မရောက် ဖူးသေး ဘူးလို့ ငါပြော နိုင်တယ်။ ”
“ ဟုတ်တယ် ငါသွားချင် ပေမယ့် ဧည့် သင်းထောက် တွေကို ဝင်ခွင့် မပေးဘူး။ ”
အမည်ခံ အုပ်စိုးရှင် အင်အားစု တစ်ခု၏ အခြေခံ အုတ်မြစ်မှာ သဘာဝ အတိုင်း၊ ဓားနန်းတော်ကို ကျော်လွန် နိုင်သည်။
ကျမ်းဆောင် ခန်းမထဲ ဝင်ချင် ခဲ့သော်လည်း၊ နည်းလမ်း မရှိ ခဲ့ချေ။
“ မနက်ဖြန် ယွမ်ယန်က မင်းကို ခေါ်သွား ပေးလိမ့်မယ်၊ မင်းကြိုက်တဲ့ ပညာရပ် တွေကို ရွေးလို့ ရတယ်။ ”
“ မင်း တကယ် ပြောနေ တာလား အစ်မမို။ ”
မျက်လုံးများ တောက်ပ စွာဖြင့်၊ လင်းယွန်က ပြန်မေး လိုက်သည်။ ဤနည်းဖြင့် သူ့ အတွက် မိုလင်း တူးခဲ့သော တွင်းနက်ကြီး အပေါ်၊ မကြေနပ် ချက်များ ပေျာက်ကွယ် လာစေသည်။
“ ငါက လိမ်ညာ မဲ့သူလို့ မင်းထင်လား။ ”
“ ဒါဆို ငါ မင်းကို ကြိုပြီး ကျေးဇူး တင်ရ မှာပေါ့။ ”
လင်းယွန်က ဝမ်းသာ အားရ ဆိုသည်။ မည်မျှပင် မောက်မာ နေခဲ့ သော်လည်း၊ သူ၏ အခြေခံ အုတ်မြစ်မှာ နည်းပါး နေသေးကြောင်း ငြင်းဆန် မရချေ။
နောက်တစ်နေ့ မနက်တွင် သစ်သား စိတ်ဝိညာဉ် တောင်ကုန်း တစ်ရာ၌၊ လျူယွမ်ယန်က ရပ်စောင့် နေခဲ့သည်။
သူမနှင့် မတွေ့ ရသည်မှာ အချိန် အတော်ကြာ နေပြီ ဖြစ်ပြီး၊ သူ့ အပေါ် ဆက်ဆံ ရေးမှာ၊ ယခင် ကထက် ပို၍ ပျော့ပျောင်း လာသည်။
ထို့ပြင် သူမ၏ ကျင့်ကြံ မှုမှာ၊ သိသိ သာသာ တိုးတက် လာကာ၊ အလယ် အလတ် ယင် အဆင့်သို့ ရောက်ရှိ နေခဲ့သည်။
“ စီနီယာ အစ်မက မင်းကို ကျမ်းဆောင် ခန်းမထဲ ဝင်ခွင့် ပြုရအောင် တော်တော်လေး အကောင်းမြင် နေပုံ ရတယ်။ ”
လျူယွမ်ယန်က ပြုံးကာ ဆိုသည်။ သူတို့ နှစ်ယောက်မှာ၊ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး ပြီးသား ပေမို့ လင်းယွန် အပေါ်၊ အရွှန်းဖောက် လိုက်ခြင်း ဖြစ်သည်။
ကျမ်းဆောင် ခန်းမ ဆိုသည်မှာ အကယ် ဒမီ၏ အခြေခံ အုတ်မြစ် ဖြစ်လေရာ၊ အမာခံ တပည့်များ ပင်လျှင်၊ အထူး မစ်ရှင်များ မပြီး မြောက်ဘဲ၊ အလွယ် တကူ ဝင်ခွင့် မရှိချေ။
ခန်းမ အတွင်း တပည့် အားလုံး အတွက်၊ အလွန် ဆွဲဆောင်မှု ရှိသော ကောင်းကင် ဝိညာဉ် နယ်ပယ် ကျင့်ကြံမှု နည်းစနစ် များပင် ထားရှိ ထားသည်။
နှစ်ယောက်သား စကား စမြည် ပြောဆို လာကြပြီး၊ အတန် အသင့် မြင့်မားသော တောင်တန်း တစ်ခု အောက်တွင် ရပ်လိုက် ကြသည်။
ထိုတောင်တန်းကြီး အလယ်တွင်၊ ခမ်းနား ထည်ဝါသော နန်းတော် တစ်ခု ရှိ၏။ နန်းတော် နားသို့ ရောက်သော အခါတွင်၊ လူသူ အရိပ် အယောင်မျှ မရှိ သော်လည်း၊ နှစ်ဦးသား မလှုပ်ရဲ တော့ချေ။
ကျမ်းဆောင် ခန်းမကို စောင့်ကြပ် နေသော ကျွမ်းကျင်သူ တစ်ယောက်၏ အကြည့် များအား၊ ရှင်းရှင်း လင်းလင်း ခံစား မိသည်။
အကယ် ၍သာ တစ်စုံ တစ်ယောက်သည် အတင်း အကြပ် ဝင်ရောက်ရန် ဆန္ဒ ရှိနေ ပါက၊ ဤနေရာ ၌ပင်၊ ရိုက်နှက် မောင်းထုတ် ခံရမည် ဖြစ်သည်။
အကြည့် တစ်စုံ ပျောက်ကွယ် သွားသည်ကို ခံစား လိုက်ရ မှသာလျှင်၊ စိတ်သက် သာရာ ရသွား သည်။ သူမက ပြုံးရယ်ပြီး၊
“ ဒီနေရာကို စောင့်ကြပ် နေတဲ့ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှိတယ် ဆိုတာ ခဏ ခဏ ငါကြား ဖူးတယ်၊ ကြည့်ရတာ မှန်နေ ပုံပဲ။ ”
“ ဒါ မင်းအတွက် ပထမဆုံး အကြိမ်လား။ ”
လင်းယွန်က အံ့သြ သွားသည်။
“ ဟုတ်တယ်၊ အကယ် ဒမီမှာ စွမ်းဆောင်ရည် အမှတ် တွေနဲ့၊ နည်းစနစ် တွေကို ဖလှယ်လို့ ရတဲ့ အခြား နေရာတွေ ရှိတယ်၊ ... ”
“ ... ဒါပေမယ် ဒီကျမ်းဆောင် ခန်းမ ကတော့ ဂုဏ်ထူးဆောင် ရမှတ် မရှိဘဲ၊ ဝင်ရောက်လို့ မရဘူး၊ မင်းဝင် နိုင်တဲ့ အတွက် စီနီယာ အစ်မ မိုကို ကျေးဇူးတင် ရမှာ။ ”
ရှုပ်ထွေးသော အကြည့်ဖြင့် လင်းယွန်ကို ကြည့်ကာ၊ ရှင်းပြ လိုက်သည်။
“ မင်းတို့ တွေက အရမ်း စောတယ်၊ ကောင်းကင်ကြီးတောင် အခုမှ လင်းတုန်း ရှိသေးတယ်။ ”
ယုမူ၏ ရယ်မော သံမှာ၊ သူတို့ နောက်ကျောမှ ထွက်ပေါ် လာသည်။
“ ဆရာ ... ။ ”
လျူယွမ်ယန်က နှုတ်ဆက် လိုက်သည်။
“ အကြီး အကဲ ယု။ ”
လင်းယွန်က လျူယွမ်ယန် နှင့်အတူ၊ ဦးညွှတ် လိုက်သည်။ ယုမူမှာ အကယ် ဒမီတွင်၊ ရာထူး ကြီးမြင့် ခဲ့ပြီး၊ ကောင်းကင် ဝိညာဉ် နယ်မြေရှိ တန်ယုထက် တစ်ဆင့်သာ နိမ့်ခဲ့သည်။
“ ဟား ဟား ဟား၊ မင်းတို့က အစောကြီး ရောက်ရင်တောင် ငါတံခါး မဖွင့်ရင် မင်းဘာမှ လုပ်လို့ မရ ပါဘူး။ ”
အကြီးအကဲ ယုမူက ပြုံးပြီး၊ သူတို့ရှေ့ ရိပ်ခနဲ ရောက်ရှိ လာသည်။ သူမ မည်သို့ ရွေ့လျား လာသည် ကိုပင် မမြင် နိုင်ခဲ့ပေ။
“ ဒီရွေ့လျား မှုက ... ။ ”
လင်းယွန်က အံ့သြ သွားသည်။ သူမ၏ နည်းစနစ်မှာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းထက် များစွာ လျင်မြန် ပေသည်။
ယုမူက နှစ်ယောက် လုံးကို ပြုံးပြပြီး၊ အထူး သဖြင့် လင်းယွန်ထံ လှမ်းကြည့်ကာ၊ ခေါင်းညိတ်လျက် ‘ဝင်ရအောင်’ ဟု ဆိုလိုက်သည်။
နန်းတော်ကို အုပ်မိုး ထားသော ဝိညာဉ် ရေးရာ ရူရ်များ လင်းလက် လာပြီး၊ တံခါး တစ်ချပ် ရုတ်တရက် ထွက်ပေါ် လာသည်။
အခင်း အကျင်းကို တစ်ချက်ကြည့် လိုက်ပြီး၊ ပါးစပ် အဟောင်း သားဖြင့်၊ မှင်တက် သွားမိသည်။
“ စိတ်ဝင် စားဖို့ ကောင်းတယ် ...၊ ကောင်းကင် ဝိဉာဉ် နယ်ပယ်က ကျွမ်းကျင် ပညာရှင် တောင်မှ၊ ဒီတံခါးကို လွယ်လွယ် မဖောက်နိုင် ဖူးလို့ ထင်တယ်။ ”
ဤသည်မှာ အမည်ခံ အုပ်စိုးရှင် တို့၏ ကြောက်စရာ ကောင်းသော အခြေခံ အုတ်မြစ် ဖြစ်သည်။
နောက်ဆုံးတွင် ဓားနန်းတော်၏ သိုင်းခန်းမ အနေဖြင့်၊ များစွာ မတင်းကြပ် လှကြောင်း၊ ပြန်တွေးမိ လာစေသည်။
သို့သော် နန်းတော် အတွင်း ခြေချ မိ သည်နှင့်၊ အတွင်းက မြင်ကွင်း များကြောင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် သွားခဲ့သည်။
နန်းတော် အတွင်း ပိုင်းတွင်၊ ရှေးဟောင်း အစီရင် တစ်ခု ခင်းကျင်း ထားသည်မှ လွဲ၍ အခန်း တစ်ခုလုံး ဗလာ ဖြစ်နေသည်။
စိတ်ကူးထား သကဲ့သို့ စာအုပ်စင်များဖြင့် ပြည့်နှက် မနေချေ။ လျူယွမ်ယန် သည်လည်း၊ ထိတ်လန့် သွားပုံ ရသည်။
“ ကျမ်းဆောင် ခန်းမက တခြား နေရာ တွေနဲ့ မတူဘူး၊ ငါတို့ရဲ့ သိုင်းနည်းစနစ် တွေကို ဖုံးကွယ် ထားဖို့၊ အထူး နည်းလမ်းကို အသုံးပြု ထားတယ်၊ ... ”
“ ... ဒါတွေ အားလုံးက ငါတို့ တက်နိုင် သမျှ ထဲမှာ၊ အကောင်းဆုံး ထဲက အကောင်းဆုံး တွေပဲ။ ”
အကြီး အကဲ ယုမူက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး၊
“ ဒီတော့ သူတို့ကို ရဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး၊ မင်းတို့ သတိ မထားရင် လက်ဗလာ နဲ့တောင် ပြန်လာရ နိုင်တယ်။ ”
“ လက်ဗလာနဲ့ ပြန်လာ ရမယ်။ ”
လင်းယွန်က အံ့သြ တဩ ရေရွတ် လိုက်မိသည်။ ယုမူက ခေါင်းညိတ် လိုက်ပြီး၊
“ ဟုတ်တယ်၊ နည်းစနစ် တိုင်းကို ကန့်သတ်ချက် တစ်ခု စီနဲ့၊ ဖုံးအုပ် ထားတယ်၊ ရယူဖို့ အတွက် အရည် အချင်း ပြည့်မီခြင်း၊ ရှိမရှိ စမ်းသပ်မှု တစ်ခု ပြုလုပ် လိမ့်မယ်၊ ... ”
“ ... ဒီနေရာက အကယ် ဒမီရဲ့ အခြေခံ အုတ်မြစ်ပဲ၊ အရည် အချင်း ရှိတဲ့ တပည့် တွေ အတွက်သာ ရည်ရွယ်တယ်၊ တကယ်တော့ ကျင့်ကြံမှု နည်းစနစ်နဲ့၊ သိုင်းနည်း စနစ် တိုင်းက၊ ... ”
“ ... ဘိုးဘွား တွေရဲ့ ချွေးနဲ့ သွေး တွေကို ကိုယ်စား ပြုပါတယ်၊ တချို့ ဘိုးဘေး တွေက သူတို့ အသက် ကိုတောင် ပေးခဲ့ ကြရတယ်။ ”
ယုမူ၏ မျက်နှာတွင် မာန တရား များဖြင့်၊ ပြည့်နှက် နေသည်။ အကယ် ဒမီမှာ အမည်ခံ အုပ်စိုးရှင် အင်အားစု ငါးစုထဲ၊ ဝင်ရောက် နိုင်ခဲ့သည့် အတွက် ဂုဏ်ယူ ရလေသည်။
“ ဒါနဲ့ ကျင့်ကြံမှု နည်းစနစ် တွေနဲ့၊ သိုင်းနည်း စနစ်တွေက ဘယ်မှာလဲ။ ”
လင်းယွန် ရှုပ်ထွေးသော အမူ အရာဖြင့် မေးသည်။
“ အဲ ဒီ မှာ။ ”
ယုမူက ပြုံးလျက်ဖြင့် ခင်းကျင်း ထားသော အစီရင်အား ညွှန်ပြ လိုက်သည်။
“ အစီရင် ထဲကို ဝင်ပြီး တာနဲ့၊ မင်းနှလုံးသား ထဲကနေ လိုအပ် တာကို ရွတ်ဆို ဖို့ပဲ လိုတယ်၊ ပြီးရင် ကြိုက်တာ ရွေးလို့ရပြီ၊ ဥပမာ၊ ဓားရေး တစ်ရပ်ကို လိုချင်ရင်၊ 'ဓား နည်းစနစ်' လို့ ရွတ်ဆို လိုက်ရုံပဲ၊ ... ”
“ ဒီအတွက် မင်းတို့ရဲ့ ဆုံးဖြတ် ချက်ကို နောင်တ မရ စေနဲ့၊ မေးစရာ ရှိသေးလား။ ”
“ မ ရှိ ဘူး။ ”
လင်းယွန်နှင့် လျူယွမ်ယန်မှာ၊ ၎င်းကို စမ်းကြည့် ချင်ကြ သောကြောင့်၊ အလျင်လို နေခဲ့သည်။ ထို့ကြောင့် သဘာဝ အတိုင်း မေးခွန်းများ မမေး လိုကြ တော့ပေ။
အထူး သဖြင့် လင်းယွန်မှာ ကျား-နဂါး လက်သီးကို အစားထိုး လိုသည်မှာ ကြာပြီ ဖြစ်သည်။ သည့်အတွက် အကောင်း ဆုံးသော အခွင့် အရေး ဖြစ်လေသည်။
“ ဒါဆို စလိုက် ရအောင် ...။ ”
အကြီးအကဲ ယုက လက်တစ်ဖက်ဖြင့် တံဆိပ်တုံး များကို ဖန်တီးပြီး၊ ခင်းကျင်း မှုကို အသက်သွင်း လိုက်သည်။
အစီရင် အသက် ဝင်လာ ချိန်တွင် လင်းယွန်နှင့် လျူယွမ်ယန် တို့အား၊ စူးရှသော အလင်း တန်းများ ဖုံးလွှမ်း လာသည်။
မျက်စိများ ကျိန်းစပ် လာသောကြောင့်၊ မျက်ဝန်းများ မှိတ်ချ လိုက်ကာ၊ လက်ဖြင့် ကွယ်လိုက် ရသည်။
အလင်းများ ပေျာက်ကွယ် သွားသည်ဟု ထင်လိုက် ရချိန်၌၊ မျက်ဝန်းများ ပြန်ဖွင့် ကြည့်လိုက်၏။
ပတ်ဝန်း ကျင်တွင် အမှောင် ထုများ လွှမ်းခြုံ ထားပြီး၊ လျူယွမ်ယန်ကို မတွေ့ ရတော့ချေ။
ထို့ကြောင့် မဆိုင်း မတွဘဲ၊ သူ့နှလုံး သားဖြင့်၊ 'လက်သီး နည်းစနစ်' ကို ရွတ်ဆို လိုက်သည်။
နောက်တစက္ကန့် အတွင်း မှာပင်၊ ကြယ်ရောင်များ အမှောင်ထု ထဲ၌၊ လင်းလက် လာသည်။
ကြယ်ရောင် များက မြစ် တစ်စင်း ကဲ့သို့၊ ပေါင်းစပ် သွားပြီး သူ့အား မြိုချပစ် လိုက်သည်။
နဂါး ငွေ့တန်း အတွင်း ရောက်ရှိ သွား သကဲ့သို့၊ သူ့ ပတ်ပတ် လည်လည်၌၊ အလင်း ရောင်များ ထွက်နေသော ဥက္ကာ ခဲများ မျောလွင့် နေပေသည်။
ဥက္ကာခဲ တစ်ခဲသည် နည်းစနစ် တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း၊ သူ ပြောနိုင် သည်။
များပြား လှသော ဥက္ကာပျံ များကြောင့်၊ အံ့အားသင့် မှုကို မထိန်း နိုင်ခဲ့ ချေ။
အချိန် အတော် ကြာ သည့်တိုင်၊ စိတ်အခြေ အနေကို ညှိယူ နေချိန်တွင်၊ ဥက္ကာပျံ တစ်စင်းက၊ သူ့အနား ဖြတ်ပျံ လာသည်ကို သတိ ထားမိ လိုက်သည်။
ရုတ်တရက် လှုပ်ရှား လိုက်ပြီး၊ ဖမ်းယူ လိုက်ရာ၊ အကန့် အသတ် မရှိသော အချက် အလက်များ သူ့စိတ် ထဲသို့၊ စိမ့်ဝင် လာတော့ ၏။
ကြယ်တာရာ ဖမ်းယူခြင်း လက်သီး၊ အမြန် နှုန်းကို အသား ပေးသော နည်းစနစ်။ အလယ် အလတ် မြေကြီး အဆင့်။
၎င်းကို ဓားနန်းတော်၌ တွေ့ရှိ ခဲ့ပါက၊ အံ့သြ မိမည် ဖြစ်သည်။ သို့သော် သည်နေရာ၌ အလွယ် တကူ ရနိုင် ခဲ့လေသည်။
ယင်းက ဂိုဏ်းနှစ် ဂိုဏ်း၏ အခြေခံ အုတ်မြစ်၊ မည်မျှ ကွာခြား သည်ကို ပြသရာ ရောက်ပေသည်။
သို့သော် ဤနည်း စနစ်မှာ သူ့ပုံစံ မဟုတ်ပေ။
ဆုပ်ကိုင် ထားသော ကျောက်စိမ်း တုံးကို လွှတ်ချ လိုက်သည်နှင့်၊ ဥက္ကာပျံ အဖြစ်သို့ ပြောင်းလဲကာ၊ ပြန်လည် ပြေးထွက် သွားသည်။
ပတ်ဝန်း ကျင်ရှိ ဥက္ကာပျံ အများ စုမှာ၊ တောက်ပ နေသော်လည်း၊ သေဆုံး နေပုံ ရသော အနက်ရောင် ဥက္ကာခဲ အချို့လည်း ရှိနေ ပေသည်။
***