သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်။
Vol. 39 Ch. 533
ဤနေရာတွင် တိတ်ဆိတ်ခြင်း များသာ ကြီးစိုး နေပြီး၊ ခြောက်ခြား စရာ ကောင်းလှ ပေ၏။
သတိ မထား ခဲ့ပါက၊ အနက်ရောင် အလင်း များကို မြင်မိမည် မဟုတ်ချေ။ အနက်ရောင် အလင်းများ မှာလည်း၊ ကေျာက်စိမ်း တုံးများ ဖြစ်ပေသည်။
သို့သော် ၎င်းကို တွေ့မြင် ပြီးနောက်၊ အကြည့် များကို လွှဲဖို့ရန် မဖြစ် နိုင်ကြောင်း သိလိုက် ရသည်။
“ ငါ့ကို ဘာက စွဲဆောင် နေတာလဲ၊ ကြည့် ရ အောင်။ ”
ခေါင်းကို မော့ကာ၊ အနက်ရောင် အလင်း များထံ၊ ပြုံးလျက် လှမ်းကြည့် လိုက်ပြီးနောက်၊ ဦးတည် ပျံသန်း သွားလိုက်သည်။
သူ့ လက်ကို ဆန့်ထုတ် လိုက် သည်နှင့်၊ လမ်းတစ် လျှောက်ရှိ မရေ မတွက် နိုင်သော ဥက္ကာပျံ များက၊ ထွက်ပြေး သွားကုန်၏။
တစ်ခါ တစ်ရံတွင် အချို့သော ဥက္ကာပျံ များမှာ၊ သက်ရှိ သားရဲ တစ်ကောင် ကဲ့သို့၊ သူ့ကိုပင် တိုက်ခိုက် ဟန့်တား လာတတ်သည်။
ဥက္ကာပျံ များ၏ အရှိန် အဝါမှာ၊ သိပ် မပြင်း ထန်ခေျ။ အလင်း ရောင်များ တောက်ပ လေလေ၊ ပို၍ သန်မာ လေလေ ပေပင်။
ထို့ကြောင့် အနက်ရောင် အလင်းများ၊ ထုတ်လွှတ် ထားသော ကျောက်စိမ်း တုံးများ အပေါ်၊ သူ့ အာရုံအား လွှဲဖယ် နိုင်ခြင်း မရှိ တော့ချေ။
ထိုအချိန်တွင် အခြားသော ဉက္ကာပျံ များထက်၊ ပို၍ ကြီးမားသော ဥက္ကာပျံ တစ်စင်းက၊ သူ့ ဘေးမှ ဖြတ်ပျံ သွားခဲ့သည်။
ယင်းအပေါ် အကြည့် ရောက်သွားပြီး အတွေး နက်သွား၏။ ခရမ်းရောင် ပန်းသည်၊ ဒါန်တမ် အတွင်း၌ ပွင့်နေ ခဲ့ကာ၊ အဆိုပါ ဉက္ကာ ခဲကို၊ သူဆီ ဆွဲခေါ် လာပုံ ရသည်။
ထို့ကြောင့် လှမ်းယူရန်၊ မူလ စွမ်းအင်များ လောင်းထည့် လိုက်၏။
“ မင်း မပြေးနိုင် ပါဘူး။ ”
-ဟုဆိုကာ ပြုံးလျက် ဖမ်းယူ ဆုပ်ကိုင် လိုက်သည်နှင့်၊ ဥက္ကာပျံ အသွင် ပျောက်ကွယ် သွားပြီး၊ ကျောက်စိမ်းတုံး သဏ္ဍာန် ဖြစ်တည် လာသည်။
တစ်ချိန်တည်း မှာပင်၊ မရေ မတွက် နိုင်သော အချက် အလက် များက၊ သူ့ခေါင်း ထဲသို့ စိမ့်ဝင် လာတော့၏။
ဤနည်း စနစ်မှာ၊ ‘မိစ္ဆာ နှိမ် လက်သီး’ ဟု ခေါ်သော မြေကြီး အဆင့်၊ နည်းစနစ် တစ်ခု ဖြစ်ပေသည်။
ဒုစရိုက် တရားကို ချေမှုန်းရန်၊ ဆရာတော် များ အတွက်၊ မြတ်စွာ ဘုရားရှင်မှ ဖန်တီး ထားရစ် ခဲ့သော နည်းစနစ် တစ်ရပ် ပေပင်။
“ ဒါက ဗုဒ္ဓ နည်းစနစ် ပဲကိုး ...။ ”
ဤကျောက်စိမ်း တုံးကို ခရမ်းရောင် ပန်းက၊ မည်သည့် အတွက်ကြောင့်၊ ဆွဲဆောင် ခဲ့သည်အား၊ ယခု မှပင် နားလည် သွားသည်။
ကျား-နဂါး လက်သီးမှာ ဗုဒ္ဓ နည်းစနစ် တစ်ရပ် ဖြစ်သည်။ သူ့အနေဖြင့် ဗုဒ္ဓ အဆို အမိန့်ကို တစ်ခု တစ်လေ မျှပင်၊ နားမလည် သော်လည်း၊ ကျား-နဂါး လက်သီးအား၊ အကန့် အသတ် အထိ ယူဆောင် နိုင်ခဲ့သည်။
ကျားနဂါး လက်သီးမှာ သူ့လက် ထဲတွင် အလွန် အစွမ်းထက် လာသော ကြောင့်၊ မိစ္ဆာ နှိမ် လက်သီး အပေါ်၊ ခရမ်းရောင် ပန်းက သဘာဝ အတိုင်း စိတ်ဝင်စား နေပုံ ရသည်။
အနက်ရောင် ဥက္ကာခဲမှာ၊ သူ့အတွက် မသင့် လျော်ဖူး ဆိုပါလျှင်၊ ဤမိစ္ဆာနှိမ် လက်သီးကို စမ်းကြည့် နိုင်သည်။
သို့သော် လွှတ်လိုက် သည်နှင့်၊ နောက်တစ်ကြိမ် ပြန်လည် ရှာတွေ့ရန်၊ မသေချာ ချေ။
အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ သူ့ လက်ကို ဖြည်ချ လိုက်သည်နှင့်၊ ကျောက်စိမ်း တုံးမှာ အလင်း ရောင်များ ဖြာထွက် လာပြီး၊ ပြန်လည် ပြေးထွက် သွားတော့သည်။
၎င်းအချင်း အရာကို ကြည့်ကာ၊ ပြန်ရှာ ဖို့ရန် မဖြစ် နိုင်ကြောင်း၊ သိလိုက် ရသည်။
“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”
ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်သည်။ စွန့်လွှတ် ပြီးသား ပေမို့ ထားခဲ့ ရမည်မှာ၊ သဘာဝ ပေပင်၊
လမ်းတလျှောက် မိစ္ဆာနှိမ် လက်သီးထက် ပိုမို အားကောင်းသော နည်းစနစ် များစွာ တွေ့ရှိ နိုင်သော်လည်း၊ ဖမ်းဆုပ်ခြင်း မပြု တော့ဘဲ၊ အနက်ရောင် အလင်းများ ဆီသို့သာ တစိုက် မတ်မတ် တိုးဝင် နေမိသည်။
ဤခရီးမှာ တစ်နာရီခန့် ကြာ၏။ အနက်ရောင် အလင်းတန်း များမှာ၊ သူထင်ထား သည်ထက် များစွာ ပို၍ ဝေးကွာ လေသည် ။
ပတ်ဝန်း ကျင်၌ ကြယ်များ တဖြည်းဖြည်း လျော့နည်း လာပြီး၊ နဂါး ငွေ့တန်း ကြီးနှင့် တရွေ့ရွေ့ လှမ်းကွာ လာလေသည်။
ခြုံငုံ၍ ကြည့်ပါက၊ နဂါးငွေ့ တန်းကို ဖောက်ထွက်ကာ၊ အမှောင်ထု ထဲသို့၊ ပျံသန်း နေသည်ဟု ထင်ရ စေသည်။
“ ထူး ဆန်း တယ် ... ။ ”
တိတ်ဆိတ် အထီးကျန် လွန်းသော ပတ်ဝန်း ကျင်ကြောင့်၊ တုန်လှုပ် ချောက်ချား လာပြီး၊ လည်ပြန် လှည့်ကြည့်လျက်၊ ရေရွတ် လိုက်မိ သည်။
ခေါင်းကို ပြန်မော့ ကြည့်လိုက် ချိန်၌၊ အမှောင် ထုနှင့် တသားတည်း ပေါင်း စပ် နေသော အနက်ရောင် အလင်းတန်း များကို တွေ့လိုက် ရသည်။
ဤမျှ အကွာ အဝေးကြီး ကပင်၊ သူ့အပေါ် ဆွဲဆောင် နိုင်ခဲ့ ပေသည်။ ထို့ကြောင့် အနက်ရောင် အလင်း များကို သတိထား ရေတွက် လိုက်ရာ၊ ဥက္ကာခဲ (၁၈)ခဲ တိတိ ရှိနေ ကြောင်း သိလိုက် ရသည်။
ဤကိန်း ဂဏန်းမှာ၊ နဂါးငွေ့တန်း အတွင်းရှိ၊ ဥက္ကာ ခဲများနှင့် နှိုင်းယှဉ် ပါလျှင်၊ သနား စရာ ကောင်းသော ပမာဏ ဖြစ်၏။
သူတို့ကို ဂရု တစိုက် ကြည့်နေ မိသော လင်းယွန် မျက်နှာမှာ၊ ရုတ်ချည်း ညှိုးကျ သွားသည်။
အစောပိုင်း တွေ့ရှိခဲ့ ရသော ဥက္ကာပျံ များမှာ၊ မာနကြီး လွန်းသည်ဟု ယူဆ မိပါက၊ ဤအနက်ရောင် ဥက္ကာခဲ များမှာ၊ ဖြတ် မကျော် နိုင်သော တောင်တန်းများ အဖြစ်၊ ခံစား လာရ စေသည်။
အနက်ရောင် ဥက္ကာခဲ ဆယ့်ရှစ် လုံး၏၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ကြည့်ကာ၊ ယင်းမှာ အကောင်းဆုံး နည်းစနစ် များ ဖြစ်ကြောင်း၊ ချက်ချင်း သိလိုက် သည်။
“ ဒါဆို မင်းတို့ နဲ့ပဲ၊ ကစား ရအောင်။ ”
ဓားစွမ်းအင်ကို လက်ထဲသို့ သွန်းလောင်း ပြီး၊ အနက်ရောင် အလင်းတန်း တစ်ခုထံ၊ လှမ်း လိုက်သည်။
အလင်းတန်း နှစ်ခု တပြိုင် နက်တည်း တိုက်မိ သွားကာ၊ ပြန်ကန် ထွက် လာသော စွမ်းအင်က၊ သူ့အား ထိတ်လန့် သွားစေ ခဲ့သည်။
အနက်ရောင် အလင်းတန်း များက၊ စက်ဝိုင်း သဏ္ဍာန် လျင်မြန်စွာ လည်ပတ် လာပြီးနောက်၊ သူ့ လက်ဖဝါး ထံမှ ထွက်သွားသော၊ ငွေရောင် အလင်းတန်း များကို၊ ဖြိုခွဲ ပစ်လိုက်သည်။
ချက်ချင်းပင် လက်ဖဝါးကို ပြန်ရုတ်ကာ၊ နောက်ထပ် တိုက်ခိုက်မှု များစွာ၊ ပြောင်းလဲ ထုတ်လွှတ် လိုက်သော်လည်း၊ အနက်ရောင် စက်ဝန်း ကြီးက တိုက်ခိုက်မှု တိုင်းအား၊ လုံးလုံး လျားလျား ဟန့်တား နိုင်ခဲ့သည်။
ထို့ကြောင့် သူ၏ တိုက်ခိုက်ရေး စိတ်များ လောင်ကွျမ်း လာဖြင့်၊ မျက်ခုံးအား ပင့်တင် လိုက် မိသည်။
“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ ဒါဆို မင်း ဘယ်လောက် ထိ၊ သန်မာ နေလဲ ကြည့် ရအောင်၊ ... ငါ့ဓား၏ နာမ၌ ပန်းပွင့်လော့။ ”
ဓားသွား အော်မြည် သံနှင့် အတူ၊ ခရမ်းရောင် ပန်းမှာ စတင် လည်ပတ် လာသည်။
အကန့် အသတ် မရှိသော ဓား အရှိန် အဝါ များနှင့် အတူ၊ ပန်းတစ်ပွင့် ကောက်ကြောင်း က၊ သူ့ခေါင်း ထက်၌ ထွက်ပေါ် လာတော့၏။
စူးရှသော ငွေရောင် အဆင်း သဏ္ဍာန်ကို၊ ထုတ်လွှတ် လိုက်သော အခါတွင်၊ သူ၏ အရှိန် အဝါမှာ အထွတ် အထိပ် ယင် အဆင့်သို့၊ ရောက်ရှိ သွားသည်။
ဤရောင်ဝါ အောက်တွင် လက်ချောင်း များကို၊ အနက်ရောင် ဥက္ကာခဲ ထံသို့ အဆက် မပြတ် တောက်ထုတ် လိုက်၏။
ငွေရောင် စွမ်းအင် ဓားများ၊ အဆက် မပြတ် တိုက်ခိုက် လာမှုကို၊ အနက်ရောင် စက်ဝန်း ကြီးက၊ ဖြည်းညှင်းစွာ လည်ပတ်လျက် ကာကွယ် လိုက်လေသည်။
“ ငါ မင်းကို အနိုင် မယူ နိုင်ဖူး ဆိုတာ ငါ မယုံဘူး။ ”
အထက်ပါ မြင်ကွင်းကြောင့်၊ ခန္ဓာကိုယ် အတွင်းရှိ၊ ဓား စွမ်းအင်များ လှိုင်းထ လာပြီး၊ ငွေရောင် အလင်းတန်း များက၊ လျှပ်ပြက် ကဲ့သို့ ပြေးထွက် သွားပြန်သည်။
ထို့နောက်တွင် အနက်ရောင် စက်ဝိုင်းနှင့် အပြိုင်၊ နှစ်ဦး နှစ်ဖက် အမှားကို စိတ်ရှည် လက်ရှည် စောင့်မျှော်၊ တိုက်ခိုက် နေကြ တော့၏။
ရေဆန်ကို လှန်မတက် နိုင်ပါက၊ ကျမ်းဆောင် ခန်းမမှှ ထွက်သွား ရုံသာ ရှိပေ တော့မည်။
ဤအရာက ရခဲသော အခွင့် အရေးကို၊ ဖြုန်းတီး မိ စေမည် ဖြစ်သောကြောင့်၊ ရေဆန် အား ဖြတ်ကျော် နိုင်ရ မည်ဟု၊ ခိုင်မာစွာ ဆုံးဖြတ် ထားသည်။
တစ်နာရီခန့် အကြာတွင် အနက်ရောင် စက်ဝန်းကြီး ပေါက်ကွဲ သွားခဲ့သည်။ နဖူးတွင် ချွေးများ ဖုံးလွှမ်း နေသော်လည်း၊ လင်းယွန် မျက်နှာမှာ ပြုံးရွှင် နေခဲ့သည်။
ခရမ်းရောင် ကျောက်စိမ်းတုံး တစ်တုံး ထွက်ပေါ် လာပြီး၊ ပြိုးပြက် တောက်ပ နေသော ရောင်ခြည်အား ထုတ်လွှတ် လာတော့၏။
“ ငါ လုပ် နိုင်ပြီ။ ”
၎င်းကို ဖမ်းယူရန် ရှေ့သို့ လှမ်းလိုက် သည်။၊
( ခရမ်းရောင် မိုးကြိုး မိစ္ဆာ နဂါး လက်သီး၊ အထွတ် အထိပ် မြေကြီး အဆင့် နည်းစနစ်။
လျှပ်စီးကြောင်း ကဲ့သို့ လက်သီး များကို၊ ရွေ့လျား ရမည် ဖြစ်ပြီး၊ ပိုမို ကျွမ်းကျင် ပိုင်နိုင် လာခဲ့ ပါက၊ မိုးကြိုး လျှပ်စီး များအား ဆင့်ခေါ် နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင်၊ ၎င်းကို အသုံး ပြုသူမှာ၊ ဖျက်ဆီး တတ်သော မိစ္ဆာ နဂါးကြီး သဏ္ဍာန် ပြောင်းလဲ လာပေမည်။ )
“ အထွတ် အထိပ် မြေကြီး အဆင့်၊ လက်သီး နည်းစနစ်ပဲ။ ”
ဝင်ရောက် လာသော အချက် အလက် များအရ၊ ထိတ်လန့် သွားပြီးနောက်၊ ဝမ်းသာ အားရ ပြုံးလိုက် မိသည်။ ယင်းမှာ သူလို အပ်သော အရာ ပေပင်။
လက်သီး များကို မိုးကြိုး အဖြစ်၊ အတွဲလိုက် ပစ်လွှတ် နိုင်မည့် အကြောင်းအား၊ တွေးလိုက် ရုံဖြင့်၊ စိတ်လှုပ်ရှား လာစေသည်။
ကျား-နဂါး လက်သီးထက်၊ များစွာ သန်မာ ပေ၏။
လက်ထဲက ကျောက်စိမ်း တုံးမှာ တဆတ်ဆတ် တုန်လာ သော်လည်း၊ လင်းယွန်က လွှတ်မပေး ခဲ့ချေ။
ဆက်လက် ထိန်းသိမ်းထား ပါလျှင်၊ ကျောက်စိမ်း တုံးအား ကာကွယ် ထားသော အစီရင်၊ အသက်ဝင် လာတော့မည် ဖြစ်သည်။
၎င်းကို ဖြတ်ကေျာ် ခြင်းဖြင့်၊ ကျောက်စိမ်း တုံးအား ရယူ နိုင်မည် ဖြစ်သော်လည်း၊ မအောင်မြင် ပါက ဖယ်ရှား ခံရ ပေမည်။
ဤနည်း စနစ် အပေါ်၊ ရယူရန် အားစိုက် ခဲ့ရသည် ဖြစ်ရာ၊ အလျော့ ပေးစရာ နည်းလမ်း မရှိချေ။
နောက်ဆုံးတွင် ကျောက်စိမ်းတုံး ပျောက်ကွယ် သွားပြီး၊ လျှပ်စီး များဖြင့် ဖုံးလွှမ်း နေသော အနက်ရောင် နဂါးကြီး တစ်ကောင် ထွက်ပေါ် လာသည်။
“ အချိန် ကောင်းပဲ။ ”
ထပ်မံ အချိန်ဖြုန်း လိုခြင်း မရှိ တော့ဘဲ၊ ဓားကို ဆွဲကာ၊ တစ်ချက် တည်းဖြင့် ပွဲသိမ်းရန် စဉ်းစား လိုက်သည်။
ပန်း သင်္ချိုင်းဓား ထွက်ပေါ် လာသည်နှင့်၊ သခင်ဓား၏ မိုးကြိုးကို အသုံးပြု လိုက်သည်။
ရှန်ရှင်း ဓားဖြင့် အားဖြည့် ထားသော ဓားအလင်း တစ်လက်၊ အနက်ရောင် နဂါး ဆီသို့၊ လခြမ်း သဏ္ဍာန် ပြေးဝင် သွား၏။
တစ်ဆက်တည်း မှာပင် အနက်ရောင် နဂါး ကြီးအား၊ အပိုင်းပိုင်း ခွဲပစ် လိုက်တော့သည်။
ပြီးနောက် ပန်း သင်္ချိုင်း ဓားကို ရုတ်သိမ်း လိုက်ပြီး၊ ပတ်ဝန်း ကျင်အား လှည့်ပါတ် ကြည့်လိုက်၏။
လေထဲတွင် တိတ်ဆိတ်စွာ ပျံဝဲ နေသော ခရမ်းရောင် ကျောက်စိမ်းတုံး တစ်တုံးအား၊ လှမ်းမြင် လိုက်ရ သောကြောင့်၊ ကြေနပ်စွာ ပြုံးလျက် ခေါင်းညိတ် လိုက်သည်။
“ မင်းကို တွေ့ပြီးတဲ့ နောက်တော့၊ ပြေးခွင့် မပြု နိုင်ဘူး။ ”
ပြုံးလျက်ဖြင့် ကျောက်စိမ်း တုံးကို လှမ်းကိုင် လိုက်ချိန် မှာပင်၊ လေဟာနယ် တစ်ခုလုံး ရုတ်တရက် တုန်ခါ လာပြီး၊ ကြက်သွေးရောင် အလင်း တန်းများ၊ သူ့ အပေါ် ပြိုကျ လာတော့သည်။
မတုံ့ပြန် နိုင်ခင် မှာပင်၊ ကြက်သွေးရောင် အလင်း များက သူ့ရှေ့ရှိ၊ ခရမ်းရောင် ကျောက်စိမ်း တုံးကို ဖျက်ဆီး ပစ်လိုက်သည်။
တစ်ချိန်တည်း မှာပင် သူ့ နားထဲသို့၊ လွှမ်းမိုး ကြီးစိုး လွန်းသော အသံ တစ်သံ ဝင်ရောက် လာ တော့သည်။
( သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်၊ မင်းမြင် သမျှ အရာ အားလုံးကို သတ်ပစ်ပါ။ )
***