ကန့်သတ် ချက်ကို ချိုးဖောက်ခြင်း။
Vol. 39 Ch. 534
ကျမ်းဆောင် ခန်းမ ထဲတွင်၊ ယုမူနှင့် မိုလင်း တို့က ခြေချိတ် ထိုင်ကာ၊ လက်ဖက်ရည်ကြမ်း သောက်နေ ကြသည်။
ယုမူက ရေနွေးကြမ်း ခွက်ကို ချလိုက်ပြီး၊
“ သူတို့ ဘာတွေ ရလာ မလဲ ဆိုတာ၊ သိချင် မိတယ်။ ”
“ အားလုံး အဆင် ပြေမယ် ဆိုရင်၊ အဲဒီ အနက်ရောင် ကျောက်စိမ်းတုံး တွေကို၊ သူတို့ သတိ ထားမိ နိုင်မှာပါ။ ”
-ဟု မိုလင်းက ပြန်ဖြေ ခဲ့သည်။
“ မင်းက သူတို့ကို တော်တော် ယုံကြည် ထားပုံ ရတယ်၊ ဒါပေမယ့် သတိ ထားမိ ရင်တောင်၊ ကန့်သတ် ချက်ကို ချိုးဖျက် ဖို့ ဆိုတာ၊ နောက်ကိစ္စ တစ်ခု ပါပဲ။ ”
“ ငရဲ ပန်းကို ရနိုင် ခဲ့တဲ့ ပါရမီ ရှင် တစ်ယောက်က၊ အကြီး အကဲ ယုကို အံ့အား သင့်စေ လိမ့်မယ်လို့ ငါ ယုံတယ်။ ”
မိုလင်းက ပြုံးလျက် ဆိုလိုက်သည်။
“ အံ့ဩ စရာပဲ၊ ... ”
အကြီးအကဲ ယုမူက မျက်ခုံး ပင့်လိုက်ပြီး၊
“ ... ငါ မျှော်လင့် ပါတယ်၊ ဒါပေမယ့် ငါ့ တပည့် မိုက်ကို၊ ပိုစိုး ရိမ်တယ် ... ။ ”
လျူယွမ်ယန် အကြောင်း ပြောသော အခါ၊ အကြီး အကဲ ယုမူနှင့် မိုလင်း၏ မျက်လုံးများ မှေးကျ သွားသည်။
မကြာသေး မီက၊ လျူယွမ်ယန် တစ်ယောက်၊ မည်မျှ စိတ်ကူးယဉ် ဆန်ခဲ့ သည်ကို၊ သူတို့သာ သိသည်။ ကြိုးစား ရုံမျှ မကဘဲ၊ အချိန်တိုင်း လေးတင် ထားသော မြှားတစ်စင်း လိုပင်။
“ ဒီနေ့ ပြီးရင် သူ့ကို၊ မြင့်မြတ်သော စွမ်းရည် အပေါ် စမ်းသပ်ခွင့် ပေးဖို့၊ ဆုံးဖြတ် လိုက်ပါပြီ။ ”
“ မင်း ဆုံးဖြတ် လိုက်ပြီလား။ ”
အကြီး အကဲ ယုမူက စိုးရိမ် သောလေ သံဖြင့် ပြန်မေး လိုက်သည်။
“ ဟုတ်တယ်၊ သူ့ အဖေရဲ့ ဝန်ထုပ် ဝန်ပိုးက၊ သူ့ အတွက် ရက်စက် လွန်းတယ်၊ ဒါကို မကျော်ဖြတ် နိုင်ရင် သူ့ နှလုံးသား ထဲမှာ၊ နတ်ဆိုး တစ်ကောင် ပေါက်ပွား လာလိမ့်မယ်။ ”
“ ဒါပေမယ့် မြင့်မြတ်သော စွမ်းရည်က၊ ဘယ်သူ မဆို အောင်အောင် မြင်မြင်၊ သင်ယူ နိုင်တဲ့ အရာ မဟုတ်ဘူး။ ”
အကြီး အကဲ ယုမူက စိတ်လှုပ်ရှား စွာဖြင့်၊ ဆိုသည်။
“ သူ့ကို မျှော်လင့်ချက် တစ်ခု ပေးချင် ရုံပါ၊ မဖြစ် နိုင်ရင် မြန်မြန် လက်လျှော့ သင့်တယ် မဟုတ်လား။ ”
-ဟု မိုလင်းက ရှင်းပြ လိုက်သည်။
အကြီး အကဲ ယုမူ တစ်ယောက် ငြိမ်သက် သွားရ၏။ လျူယွမ်ယန် ဖခင်မှာ သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။
သို့သော် လွန်ခဲ့သည့် ဆယ့်ငါး နှစ်ခန့်က၊ လျူယွမ်ယန် ဖခင် ချမှတ် ခဲ့သော ဆုံးဖြတ် ချက်မှာ၊ အကယ် ဒမီအား များစွာ နစ်နာ စေခဲ့သည်။
ထို့ကြောင့် ယခု အချိန်တွင်၊ လျူယွမ်ယန် ပေါ်၌၊ ဖိအားများ ကျရောက် နေသည်။
ရုတ်တရက်၊ ခန်းမ ထဲတွင် ဝိညာဉ် ရေးရာ အတက် အကျ လှိုင်းများ ထလာပြီး၊ ကျမ်းဆောင် တစ်ခုလုံး လှုပ်ခါ လာသည်။
ယင်းကြောင့် အကြီး အကဲ ယုမူက၊ လက်ညိုးဖြင့် ရေနွေး ကြမ်းကို တို့လိုက်ကာ၊ စားပွဲ ခုံ ပေါ်တွင် စက်ဝိုင်းပုံ သဏ္ဍာန် ရေးဆွဲ လိုက်ပြီးနောက်၊ မျက်မှောင်ကြုတ် သွားရသည်။
ခုံပေါ်တွင် ရေပွက် တစ်ခု ထွက်ပေါ် လာပြီး၊ အတွင်း၌ ကြက်သွေးရောင် အလင်းများ လွှမ်းခြုံ ထားသော၊ အပြာ၀တ် လူငယ် တစ်ဦး၏ ပုံရိပ်များ၊ ထင်ဟပ် လာ၏။
ထိုမြင်ကွင်းကို ကြည့်ကာ၊ ယုမူက တုန်လှုပ် သွားပြီး၊
“ ဒီကောင် လေးက ငါ့ကို တကယ် ထိတ်လန့် စေတယ်။ ”
“ အကြီး အကဲ ယု၊ ဘာများ ထူးလို့လဲ။ ”
မိုလင်းက နားမလည် ဟန်ဖြင့် ပြန် မေးသည်။
“ သူက တားမြစ် နည်းစနစ်နဲ့၊ ထိတွေ့ နေပုံ ရတယ်။ ”
လေးနက်သော အမူ အရာဖြင့်၊ အကြီးအကဲ ယုမူက ပြန်ဖြေသည်။
ထိုစကားကို ကြားသော အခါ၊ မိုလင်း၏ မျက်နှာက ပြောင်းလဲ သွားသည်။ ကျမ်းဆောင် ခန်းမတွင် ချိပ်ပိတ် ထားသော တားမြစ် နည်းစနစ် များစွာ ရှိသည်။
သူတို့ အားလုံးတွင် ခမ်းနားသော မူလ သမိုင်း ကြောင်းများ ရှိသော်လည်း၊ ချို့ယွင်း ချက်များ ရှိပေသည်။
“ တားမြစ် နည်းစနစ်ကို ရယူဖို့၊ ကာကွယ်ရေး အစီရင်ကို မကေျာ် ဖြတ်နိုင် ဖူးလို့ ၊ အကြီး အကဲ ယုက ပြောခဲ့တယ် မဟုတ်လား။ ”
“ ဟုတ်တယ် သူ မလုပ် နိုင်ဘူး၊ ဒါပေမယ့် ဒီလက်သီး ခုနစ် ချက်က၊ သူ့ ဘာသာသူ ခုန်ထွက်ပြီး၊ ရွေးချယ် ခဲ့တာပါ၊ ဒါပေမယ့် ... ”
“ ... ကန့်သတ်ချက် တွေကို ချိုးဖျက်ပြီး၊ ယူနိုင် ပါ့မလား ဆိုတာတော့ သူ့အပေါ် မူတည် တယ်။ ”
အကြီး အကဲ ယုမူက ပြုံးကာ ပြန်ဖြေသည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနှစ် ချက်လား။ ”
တားမြစ် နည်းစနစ် နာမည်ကို သတိရ သွားပြီး၊ မိုလင်းက မျက်မှောင်ကြုတ် သွားသည်။
သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်မှာ၊ လွန်ခဲ့သော နှစ်ရာဂဏန်း ခန့်က၊ ရှေးဟောင်း အပျက် အစီး နယ်မြေ တစ်ခုမှ၊ ဘိုးဘေးများ ရရှိ ခဲ့သည့် အရာ ဖြစ်သည်။
၎င်းသည် ဗုဒ္ဓ နည်းစနစ် တစ်ခု ဖြစ်သော်လည်း၊ သတ်ခြင်း၏ အနှစ် သာရကို အပြည့် အဝ သရုပ်ဖော် ထားသည်။
ထို့ကြောင့် လေ့ကျင့် ရာ၌၊ မည်သူမှ မအောင်မြင် ခဲ့ချေ။ ဆန့်ကျင်ဘက် အနေဖြင့် လူများ စွာက၊ အမှောင်ဖုံး ကုန်ကြသည်။
အချိန်များ ကုန်လွန် လာသည် နှင့်အမျှ၊ ဤနည်း စနစ်ကို တားမြစ် နည်းစနစ် အဖြစ်၊ သတ်မှတ်ကာ ချိတ်ပိတ် ထားလိုက် တော့သည်။
ယခုမူ လင်းယွန်ကို ၎င်းက ရွေးချယ် ခဲ့သည်။ အကြီး အကဲ ယုမူ တစ်ယောက်၊ မေးစေ့ကို ပွတ်သတ် လိုက်ပြီး၊
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်ကို၊ စွဲဆောင် နိုင်တဲ့ ဒီကောင်လေးမှာ၊ တစ်ခု ခုတော့ ရှိရမယ်၊ ခစ် ခစ် ခစ် ... သူယူ လာမှာကို ငါတကယ် မြင်ချင် မိတယ်။ ”
လွယ်ကူမည် မဟုတ်ကြောင်း၊ တွေးယူ နိုင်သောကြောင့်၊ နှစ်ဦးသား နစ်မျော သွားတော့ သည်။
တစ်ချိန် တည်းမှာပင် မျက်လုံးများ၊ ပြန်ဖွင့် ကြည့်လိုက် ချိန်၌၊ ပတ်ဝန်းကျင် မြင်ကွင်းများ ပြောင်းလဲ နေသည်ကို၊ လင်းယွန် သိလိုက် ရသည်။
“ ဘာတွေ ဖြစ်နေ တာလဲ၊ ခရမ်းရောင် မိုးကြိုး မိစ္ဆာ၊ နဂါး လက်သီးက၊ ဘယ်ရောက် သွားတာလဲ။ ”
၎င်းကို ဖမ်းယူရန် အချိန် မရ ခဲ့ဘဲ၊ ကြက်သွေးရောင် အလင်းများ ရုတ်တရက် ပေါက်ကွဲ လာသည်ကို သတိရ မိသည်။
မျက်စိ ရှေ့၌ ဝဲပျံ နေသော၊ ကြက်သွေးရောင် ကျောက်စိမ်းတုံး တစ်တုံးကို သတိထား မိမှ သာလျှင်၊ ဖြစ်စဉ်ကို နားလည် သွားသည်။
ခရမ်းရောင် ကျောက်စိမ်း တုံးကို၊ ကြက်သွေးရောင် ကျောက်စိမ်းက၊ ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်လေသည်။
“ ဒီကောင်က ပိုကြောက် စရာ၊ ကောင်းလိမ့် မယ်။ ”
ယင်းကြောင့် ပေါ့ပေါ့ ဆဆ မလှုပ်ရှား ရဲချေ။ တုံ့ဆိုင်း နေစဉ် မှာပင် ကြက်သွေးရောင် ကျောက်စိမ်းက တုန်ခါ လာပြီး၊ ပတ်ဝန်း ကျင်၌ သတ်ဖြတ် နေသော အသံ များကို၊ ကြားလာ ရတော့သည်။
( သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်၊ မင်းမြင် သမျှ အရာ အားလုံးကို သတ်ပစ်ပါ။ )
ဓားသုတ္တန်မှာ စတင် လည်ပတ် လာပြီး၊ ရှန်ရှင်း ဓားကို သူ့ဆန္ဒ မပါဘဲ၊ ထုတ်လွှတ် ပစ်လိုက်သည်။
ရုတ်တရက် ကြက်သွေးရောင် အလင်းများပျောက်ကွယ် သွားပြီး၊ လက်ထဲသို့ ကျောက်စိမ်းတုံး တစ်တုံး၊ ပြုတ်ကျ လာ၏။
တစ်ချိန်တည်း မှာပင် မရေ မတွက် နိုင်သော အချက် အလက်များ စိတ်ထဲ စီးဝင် လာတော့ သည်။
( သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်- ကမ္ဘာ ပေါ်ရှိ သက်ရှိ သတ္တဝါ အားလုံးကို သတ်ခြင်း။ )
နိဒါန်းမှာ ရိုးရှင်း လှသော်လည်း လွှမ်းမိုးမှု အပြည့် ရှိသည်။ ၎င်းကို ဖတ်ကြည့် ရုံဖြင့်ပင်၊ ခရမ်းရောင် မိုးကြိုး မိစ္ဆာ နဂါးထက် များစွာ အားကောင်း ကြောင်း၊ ပြောနိုင်သည်။
သို့မဟုတ် ပါက ခရမ်းရောင် ကျောက်စိမ်းတုံး၊ ကွဲကြေ သွားမည် မဟုတ်ချေ။
“ သူ့ ဘာသာသူ ဆင်းလာ တာလား။ ”
အဆုံး၌ အရာ အားလုံးကို နားလည် လာခဲ့ သည်။ သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်က၊ သခင့်ဓား၏ မိုးကြိုး ဓားချက် ကြောင့်၊ သူ့ကို ရွေးချယ် ခဲ့ပုံ ရသည်။
“ မင်းငါ့ကို ရွေးပြီး ကတည်းက၊ မင်းကို လွှတ်ပေးဖို့ စိတ်ကူး မရှိဘူး။ ”
လင်းယွန်က ကျောက်စိမ်း တုံးကို၊ တင်းတင်း ဆုပ်ကိုင်လျက်၊ ပြုံးကာ ရေရွတ် လိုက်သည်။ ကျောက်စိမ်း တုံးမှာ တုန်ယင် လာပြီး၊ ကြက်သွေးရောင် အဆင်း သဏ္ဍာန်ကို ထုတ်လွှတ် လာ၏။
များ မကြာမီ ကျောက်စိမ်းတုံး ပျောက်ကွယ် သွားကာ၊ စိတ်ထဲ၌ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာသည်။
“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်ကို လိုချင်ရင်၊ ငါ့ကို အရင် အနိုင်ယူ ...။ ”
ထွက်ပေါ် လာသည့် လူရိပ်က၊ မာကြောသော လေသံဖြင့် ဆိုကာ၊ တိုက်ခိုက်ရန် အားယူ လိုက်သည်။
အကန့် အသတ်မဲ့ သတ်ဖြတ်ခြင်း အငွေ့ အသက်များ၊ တုန်လှုပ် ချောက်ချားဖွယ် ထွက်ပေါ် လာပြီး၊ လျှပ်စီးလက် သကဲ့သို့ ပွင့်ထွက် လာသည်။
ယင်းကြောင့် လင်းယွန်က ရှန်ရှင်း ဓားကို ထုတ်ကာ၊ ရေှ့သို့ တွန်းထုတ် ကာကွယ် လိုက်ရ ၏။
အကြိမ်ပေါင်း များစွာ လက်သီးနှင့် ဓားတို့ ထိပ်တိုက် တွေ့ပြီး နောက်တွင်၊ လင်းယွန်၏ ဓား ရောင်ဝါမှာ၊ ပြိုကျ သွားခဲ့သည်။
အဆုံးတွင် နောက်သို့ တွန်းပို့ ခံလိုက် ရပြီး၊ မြေပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်ရသည်။
စိတ်ထဲ၌ သူ့ကိုယ်သူ ကျိန်ဆဲ လိုက်မိ၏။ ပင်ပန်း နွမ်းနယ် နေပြီ ဖြစ်ရာ၊ မိုးကြိုး ဓားချက်ကို ထပ်မံ အသုံး ပြုရန်၊ ခက်ခဲ နေခဲ့ သည်။
အတွေးများ မဆုံး မီတွင်၊ ရက်စက် ကြမ်းကြုတ်သော သားရဲ တစ်ကောင် ကဲ့သို့၊ ပြိုင်ဘက်က သူ့ဆီ ဦးတည် လာနေ ပြန်သည်။
“ တောက် ... ဒီ လူ ။ ”
မျက်လုံး များတွင် ဒေါသများ တောက်လောင် လာပြီး၊ ဆုတ်ခွာ ပေးလျက်ဖြင့်၊ လက်သီး များ အပေါ်၊ ခုခံ ကာကွယ် လိုက်ရ သည်။
“ ဒီလောက်ဆို လုံလောက်ပြီ။ ”
ဒေါသ တကြီး အော်ဟစ်လျက်၊ နောက်ဆုတ် နေရသော ခြေလှမ်း များကို အားယူကာ၊ ရှေ့သို့ ပြန်လည် ပြေးတက် သွား လိုက်သည်။
ခရမ်းရောင် ပန်းမှာ ပွင့်လာပြီး၊ ငွေရောင် ဓားရှည်များ သဏ္ဍာန် ထင်ရှား လာချိန်၌၊ ဓားအစီရင်ကို ထုတ်ဖော် လိုက်သည်။
“ ပြိင်ဘက်ကင်း ခရမ်းရောင် ဓား အစီရင်။ ”
ပြင်ပ လေထု ထဲ၌ ဓား (၈၁)လက် ထွက်ပေါ် လာပြီး၊ ပြိုင်ဘက်၏ သတ်ဖြတ် လိုသော ရောင်ဝါကို ဖြိုခွဲ ပစ်လိုက်သည်။
“ အောင်မြင် ပြီလား။ ”
မောပန်း နွမ်းနယ် လွန်းသော အသံဖြင့် ရေရွတ် လိုက်သည်။ ဓား အစီရင်ဖြင့် ဤလူကို မကျော် ဖြတ်နိုင် ပါက၊ လက်ဗလာ နှင့်သာ ပြန်ရ ပေတော့မည်။
သတ်ဖြတ် လိုသော အငွေ့ အသက်များ လွင့်ပါး လာချိန်၌၊ ပုံရိပ်ယောင် ပြိုင်ဘက်မှာ၊ ပေါက်ကွဲ သွားတော့သည်။
ကောင်းကင်၌ တင်ကျန် ရစ်သော အရာမှာ၊ မျောနေသည့် ကျောက်စိမ်း တုံးကြီး တစ်တုံး ပေပင်။
ကျောက်စိမ်း တုံးကို ကြည့်ကာ၊ ပြုံးလျက် ဖမ်းဆုပ် လိုက်သည်။ ကျောက်စိမ်း တုံးကို ကိုင်လိုက် သည့်နှင့်၊ ပတ်ဝန်း ကျင်မှာ ရုတ်တရက် ယိမ်းထိုး သွားတော့၏။
တမဟုတ်ချင်း မှာပင် အစီရင် အပြင် ဘက်သို့ ပို့လွှတ် ခံ လိုက်ရကြောင်း၊ သတိဝင် လာခဲ့သည်။
ခန်းမ ထဲ၌ အကြီးအကဲ ယုမူနှင့်၊ မိုလင်းက ပြုံးလျက် သူ့အား စောင့်ကြို နေသည်။
သူတို့ နှစ်ဦး အပြင်၊ ထိတ်လန့်စွာ ကြည့်နေ ကြသော၊ နောက်ထပ် အကြီး အကဲ အချို့ သည်လည်း၊ ရှိနေ ခဲ့ လေသည်။
“ တကယ်တော့ မင်းဟာ ရာစုနှစ် တစ်ခု တိုင်တိုင် ချိတ်ပိတ် ထားတဲ့၊ တားမြစ် နည်းစနစ် တစ်ခုကို ထုတ်ယူ ခဲ့တာပဲ၊ မင်းငါ့ကို တကယ် ထိတ်လန့် စေပါတယ်။ ”
အကြီး အကဲ ယုမူက ပြုံးကာ စကား စလိုက် သည်။ ယင်းကြောင့် ဤမျှ အကြီး အကဲများ ထပ်မံ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
“ ဒါက အကယ် ဒမီရဲ့၊ ထုံးတမ်း ဆိုပြီးတော့ ပြန်ပေး ရမယ် လို့တော့၊ မပြောနဲ့။ ”
လင်းယွန်၏ စိုးထိတ် နေသော အမူ အရာကို ကြည့်ကာ၊ မိုလင်းက ပြုံးလိုက် သည်။ မိန်ဇီယန် ကို ကောင်းကောင်း မေ့ပုံ မရ သေးချေ။
“ ဒါပေါ့ ... သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်ကို၊ ဘယ်သူ ရယူ နိုင်ခဲ့ တာလဲ ဆိုတာ၊ သူတို့က သိချင် ရုံ သက်သက်ပါ၊ ဒါကို မင်း ... လေ့ကျင့် နိုင်ပါတယ်၊ ဒါပေမယ့် သတိတော့ ထားပါ၊ ဒီလက်သီးက နည်းနည်း ထူးဆန်း တယ်။ ”
အကြီး အကဲ ယုမူက၊ ပြုံးကာ သတိပေး လိုက်သည်။
“ ဗုဒ္ဓ လက်သီး တိုင်းက၊ ဂရုဏာ တရား အပေါ်၊ ရှေးရှု တာ ချည်းပဲတော့၊ မဟုတ် ပါဘူး။ ”
နဂါးနှင့် ကျား ဟောက်သံကို ထုတ်လွှတ် ပြသ လိုက်ပြီး၊ ယုံကြည်ချက် ရှိရှိဖြင့် လင်းယွန်က ဆိုလိုက်သည်။
ဤလက်သီးတွင် ဗုဒ္ဓ ရောင်ဝါ အပြင်၊ ကြမ်းကြုတ်သော ရက်စက်မှု တစ်ခုလည်း ကပ်ညိ ပါဝင် နေပေသည်။
“ ကျေးဇူး တင်ပါတယ် ... အကြီးအကဲ ယု၊ တခြား ဘာမှ မရှိ တော့ရင် အခုပဲ၊ ငါ အနားယူ တော့မယ်။ ”
လင်းယွန်က လက်ဝေ့ ယမ်းကာ နှုတ်ဆက် လိုက်သည်။ ထွက်ခွာ သွားသော လင်းယွန် နောက်ကျော ကို ကြည့်ပြီး၊ အကြီးအကဲ ယုမူ၏ မျက်ဝန်းများ၊ တောက်ပ လာတော့၏။
သူ့ အနေဖြင့် လက်သီး ခုနစ် ချက်က လင်းယွန်ကို၊ ရွေးချယ် ရသည့် အကြောင်း အရင်းအား နားလည် သွားရ လေပြီ။
“ ခြောက်ရက် နေရင် ...၊ ပန်း ပြိုင်ပွဲကို မမေ့နဲ့။ ”
ခန်းမ ထဲမှ လှမ်းထွက် တော့မည့် လင်းယွန်အား၊ ပြုံးလျက် မိုလင်းက အော်ဟစ် သတိ ပေးလိုက် သည်။
“ စိတ်ချ၊ ငါ အလွတ် မခံ ပါဘူး။ ”
ရွှင်မြူး နေသော လေသံဖြင့်၊ လင်းယွန်မှ ပြန်လည် ဖြေကြား လာလေသည်။
***