← Chapters

ငါတို့က မိတ်ဆေွ တွေပဲ။

Vol. 39 Ch. 535

ငါတို့က မိတ်ဆေွ တွေပဲ။

Vol. 39 Ch. 535

ခန်းမ ထဲမှ လှမ်းထွက် လာ ပြီးနောက်၊ သဘာဝ အတိုင်း လျူယွမ်ယန်ကို စောင့်ရန် သတိရ သွားသည်။

ကျမ်းဆောင် ခန်းမနှင့် မလှမ်း မကမ်း ဆီ၌ ရပ်ကာ၊ ကြက်သွေးရောင် ကျောက်စိမ်း တုံးကို ဆုပ်ကိုင် ထားလျက်ဖြင့်၊ အတွေးနက် သွားမိ ၏။

သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်သည် ဗုဒ္ဓ လက်သီး ဖြစ်နေ လိမ့်မည်ဟု၊ မထင် ထားမိချေ။

“ ကြည့်ရတာ ငါက ဗုဒ္ဓနဲ့၊ ကံကြမ္မာ တော်တော် ရှိတယ် ထင်တယ်။ ”

နောက်ဆုံးတွင်၊ ကျား-နဂါး လက်သီး သည်လည်း၊ ဗုဒ္ဓ လက်သီး နည်းစနစ် တစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ဤနည်း စနစ်တွင်၊ ထူးဆန်း သည့် တစ်စုံ တစ်ရာ ရှိနေသည် ဟူသော၊ အကြီး အကဲ ယုမူ၏ အဆိုကို သဘော မတူခြင်း ဖြစ်သည်။

ကမ္ဘာဦး ခေတ်တွင် လူတိုင်း အတွက် ရှင်သန်ရန်၊ ရုန်းကန် တိုက်ခိုက် ခဲ့ရသည် ဖြစ်ရာ၊ ဗုဒ္ဓ ဘာသာ ဝင်များ အနေဖြင့်၊ ကရုဏာ တရား အပေါ် လက်ကိုင် ထားပါက၊ ဤမျှ အထိ ရပ်တည် နိုင်စရာ နည်းလမ်း မရှိချေ။

မကောင်းမှု အပေါ် အောင်နိုင် လျှင်ပင်၊ အမြစ်ပြတ် သတ်ပစ်ရန် လိုအပ် နေသေး ပေသည်၊ သို့မဟုတ် ပါက ၎င်း၏ တစ်ကြော့ပြန် သတ်ဖြတ်ခြင်း ခံရ ပေမည်။

အချိန် အတော်ကြာ စောင့်ဆိုင်း နေရ သည့်တိုင်၊ လျူယွန်ယန်၏ အရိပ် အယောင်ကို မတွေ့ ရသေးချေ။ ထို့ကြောင့် စိတ်ပူစ ပြုလာ သည်။

အစီရင် အတွင်း ပိတ်မိကာ၊ လက်ဗလာဖြင့် ပြန်လာ ခဲ့ရ ပါက၊ ကြီးစွာသော ဆုံးရှုံး မှုကြီး ဖြစ်ပေ မည်။

ထိုအချိန်တွင် အနက်ရောင် ပုံရိပ် တစ်ရိပ်၊ ကောင်းကင်မှ ရုတ်တရက် ဆင်းသက် လာသည်။

ထိုလူရိပ်၏ အကြည့် များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ ပြည့်နှက် နေခဲ့၏။

ထို့ကြောင့် လင်းယွန်က၊ သူ့ ရှေ့ရှိ အဆိုပါ အနက်ဝတ် လူငယ်ကို ကြည့်ကာ အံ့ဩ သွားသည်။ ဤအနက်ဝတ် လူငယ်ကို၊ သိကျွမ်းပုံ ရသော်လည်း သူ မမှတ် မိပေ။

“ မင်းတစ်ယောက် ယောက်ကို စောင့်နေ တာလား။ ”

အနက်ရောင်ဝတ် လူငယ်က လင်းယွန်ကို ကြည့်ပြီး၊ ရက်စက်သော အပြုံးဖြင့် မေးလာ သည်။

“ မင်းငါနဲ့ တွေ့ဖို့၊ လုံးဝ မမျှော်လင့် ထားဖူး ဆိုတာ ငါသိ ပါတယ်။ ”

ယန်းရေှာင်။ နက်ရောင်ဝတ် လူငယ် အသံကို ကြားလိုက် ချိန်၌၊ နာမည် တစ်ခု စိတ်ထဲ ချက်ချင်း ထွက်ပေါ် လာသည်။

လျူယွမ်ယန် အနား ကပ်ဝံ့ ပါက၊ သူနှင့် တွေ့မည်ဟု ခြိမ်းခြောက် လာသော လူ ပေပင်။ သို့သော် လင်းယွန်က ထိုသူကို ဂရု မစိုက် ခဲ့ချေ။

“ မင်း ... လျူယွမ်ယန်ကို စောင့်နေတာ မဟုတ်လား။ ”

တစ်ဖက် လူက လွန်ကဲစွာ ထပ်မေး လာပြန် သည်။

ထိုမေး ခွန်းကြောင့် မျက်ဝန်း များတွင်၊ ဒေါသများ တောက်လောင် လာပြီး၊ ‘ မင်းနဲ့ ဘာဆိုင်လဲ၊ ’ဟု ပြန်မေး လိုက်၏။

“ ကျွတ် ... ကျွတ်၊ မင်းက ဒေါသ ကြီးပြီး၊ ငါတို့ အကယ် ဒမီရဲ့ အမာခံ တပည့် တွေကို၊ မင်း မျက်လုံး ထဲမှာ ဘယ်တော့မှ မထား ခဲ့ဖူးလို့၊ တစ်စုံ တစ်ယောက်က ပြောဖူးတယ်၊ ဒါက မှန်နေ ပုံပဲ။ ”

ယန်းရှောင်က နှုတ်ခမ်း တွန့်ရုံ ပြုံး လိုက်ပြီး၊

“ ဒါပေမယ့် မင်း ငါ့ကို၊ အဲဒီ အမှိုက် တွေ အဖြစ် မြင်နေ မိရင်၊ မင်း သေတာထက် ဆိုးတဲ့ အရာကို ကြုံရ လိမ့်မယ်။ ”

စကားဆုံး သည်နှင့် မဖြိုဖျက် နိုင်အောင်၊ မာကြောသည့် တောင်ကြီး တစ်လုံးလို၊ ခံစား လာရ စေသော၊ ထိတ်လန့် တုန်လှုပ်ဖွယ် အရှိန် အဝါကို ထုတ်လွှတ် လိုက်သည်။

ထိုအရှိန် အဝါ အရ၊ တစ်ဖက် လူ၏ ကျင့်ကြံ မှုမှာ၊ အထွတ် အထိပ် ယင် အဆင့်တွင် ရှိနေ၏။

ပထမ အကြိမ် တွေ့စဉ်က ယန်းရေှာင်၏ ကျင့်ကြံ မှုမှာ၊ အထွတ် အထိပ် အဆင့်သို့ တက် ရောက်ရန်၊ လက် တစ်ကမ်းသာ လိုခဲ့ကြောင်း၊ သတိရ သွားမိသည်။

ဆိုလို သည်မှာ ယန်းရှောင် အနေဖြင့်၊ တစ်လခွဲ အတွင်း အောင်မြင်မှု တစ်ခုအား၊ ရယူ နိုင်ခဲ့သည်။ ယန် အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်း သာလို ပေတော့၏။

ထို့ကြောင့် အမာခံ တပည့် များ၌၊ အဆင့် (၁၁) ချိတ် သည်မှာ၊ အံ့သြ စရာ မရှိချေ။ သူ၏ အရည် အချင်းနှင့် ကျင့်ကြံမှု အရ၊ အပြည့် အဝ ထိုက်တန် လေသည်။

“ ဒါပေမယ့် မင်းက ငါ့မျက်လုံး ထဲမှာတော့၊ ဘာမှ မဟုတ် ဖူးလို့၊ ငါပြော ခဲ့တယ် မဟုတ်လား၊ လျူယွမ်ယန် အနား ကပ်ဖို့ သတ္တိ ရှိရင်၊ ဒီအကျိုး ဆက်ကို မင်းခံစား ရလိမ့်မယ်။ ”

ယန်းရှောင်က ရှေ့တစ်လှမ်း တိုးပြီး၊ သူ့ လက်ဖဝါးဖြင့် လင်းယွန်အား ရိုက်ချ လာသည်။

ကျင့်ကြံမှု ကွာခြား ချက်က၊ အရှိန် အဝါ ဖြင့်ပင်၊ လင်းယွန်၏ အရိုး များကို အက်ကွဲ လာစေ၏။

သို့သော် ဒူထောက်ရန် မလုံလောက် သေးချေ။ ခရမ်းရောင် ပန်းပွင့် ပွင့်လာပြီး၊ ဓား စွမ်းအင်များ စုစည်း လိုက်သည်။ သည့်နောက် လက်သီးကို တင်းတင်း ဆုပ်လျက်၊ ပြန်လည် ထိုးထုတ် လိုက်၏။

လက်သီးမှာ တောင်ကို ခွဲမည့် ဓားတစ်လက် ကဲ့သို့၊ ပြေးဝင် သွားသည်။

ထိပ်တိုက် တွေ့ဆုံ ချိန်၌ ကြောက်မက်ဖွယ် ကောင်းသော၊ တွန်းကန် အားက လင်းယွန်ကို နောက်ပြန် ဆုတ်လာရ စေသည်။

ကျမ်းဆောင် ခန်းမ တံခါးနှင့် တိုက်မိရန်၊ တစ်လက်မ အလို မှသာ၊ ကိုယ်ရှိန် သပ်နိုင် လိုက်၏။

ယန်းရှောင် မှာမူ လေထဲ၌ တစ်ပတ်ဂျွမ်း ပစ်ကာ၊ အလွယ် တကူ ထိန်းချုပ် နိုင်ခဲ့သည်။

မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသော အခါတွင်၊ လက်မောင်း တစ်လျှောက် နာကျင် ကိုက်ခဲ မှုကြောင့်၊ တုန်လှုပ် သွားရ သည်။

လင်းယွန်၏ မူလ စွမ်းအင်မှာ၊ သူ့ ကာကွယ်ရေး အလွှာကို ဖြတ်ကေျာ် နိုင်ခဲ့၏။

သာမန် အမာခံ တပည့် တစ်ယောက်သာ ဆိုပါလျှင်၊ လက်မောင်း တစ်ဖက် ချိနဲ့ သွားပေ လိမ့်မည်။ တစ်ဖက် လူ၏ လက်သီးက၊ ဓား ကဲ့သို့ ထက်ရှ နေပေ၏။

သူ့ အနေဖြင့် အင်အား (၅၀%) ကိုပင် အသုံးပြု ထားခြင်း မရှိ သော်လည်း၊ လင်းယွန်နှင့် သူ့ကြား ကျင့်ကြံ မှုမှာ၊ များစွာ ကွာဟ ပေသည်။

“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ မင်းကို ငါလျှော့ တွက်မိ ပုံပဲ။ ”

ယန်းရှောင်က ခေါင်းမော့ကာ၊ ဟန်ပါပါ ရယ်မော လိုက်ပြီးနောက်၊

“ ဒါပေမယ့် မင်း အရမ်း အားနည်း နေသေးတယ်။ ”

“ ဒါဆို မင်းဘာလို့၊ လာမစမ်း ကြည့်ရ တာလဲ။ ”

လင်းယွန်က ပြုံးလျက် ပြန်လည် စိန်ခေါ် လိုက်သည်။

“ မင်း သေချင် နေတာပဲ။ ”

ပြိုင်ဘက် လူ၏ မောက်မာ လွန်းသော တုန့်ပြန် မှုကြောင့်၊ ယန်းရှောင် တစ်ယောက်၊ ဒေါသ ထွက်သွား ရသည်။

သို့သော် ထိုအချိန်တွင် ကျမ်းဆောင် ခန်းမ၏ ကြေးတံခါး မကြီး ပွင့်လာကာ၊ လျူယွမ်ယန် တိုးထွက် လာ၏။

သူမ၏ ပုံရိပ်ကြောင့်၊ ယန်းရှောင်၏ မျက်နှာ အမူ အရာကို၊ လျင်မြန်စွာ ပြောင်းလဲ သွားစေ တော့သည်။

“ ယန်းရှောင် လုံလောက်ပြီ။ ”

လျူယွမ်ယန်က အော်ငေါက် လိုက်သည်။

“ မင်း အနားက လူမှန် သမျှက၊ ငါ့ရဲ့ ရန်သူပဲ ဆိုတာ၊ ငါပြော ခဲ့တယ် မဟုတ်လား၊ ငါ့စကား တွေကို ငါစောင့်ထိန်း ရမယ်၊ နောက်ပြီး ဒီကောင်ကို၊ ငါ သတိ ပေးထား ပြီးသားပါ။ ”

ယန်းရှောင်က စိတ်ပျက် လက်ပျက် ပြုံးရယ် လိုက်ပြီး၊

“ ဒီနေ့ မင်းကိုယ်မင်း ကံကောင်း တယ်လို့ မှတ်ယူပါ၊ နောက်ခြောက် ရက်နေရင် ပန်း ပြိုင်ပွဲ ရှိတယ်၊ မင်း မလာ မိစေနဲ့၊ ငါ မင်းကို ဟာသ ဖြစ်အောင် လုပ်ပစ်မယ်။ ”

သူ့စကား များက လင်းယွန်ကို နှိုးဆွခြင်း ဖြစ်ကြောင်း၊ သိသာ နေပေသည်။ ရန်စပြီး သည်နှင့် လှည့်ထွက် သွားတော့၏။

“ အဲ့ဒီ အတွက် တောင်းပန် ပါတယ်၊ နင် အဆင်ပြေ ရဲ့လား။ ”

လျူယွမ်ယန်က လင်းယွန်ဘက် လှည့်ကြည့် ကာ၊ အားနာ ဟန်ဖြင့် ဆိုသည်။

“ ငါ အဆင် ပြေပါတယ်။ ”

လင်းယွန်က ခေါင်းညိတ်၊ တုန့်ပြန် လိုက်သည်။

“ မြင့်မြတ်သော ယင်ပန်း အတွက် ... ”

သူ့ စကားကို ဆက်မပြော တော့ဘဲ၊ လျူယွမ်ယန် တစ်ယောက် တုံ့ဆိုင်း သွား၏။

“ ဘယ်လိုပဲ ဖြစ်ဖြစ် သွားရ မှာပဲ၊ ဒီလို ရတနာ မျိုးကို လက်လွတ် မခံ နိုင်ဘူး၊ ပြီးတော့ ငါက ယန်းရှောင်ကို မကြောက်ဘူး။ ”

လျူယွမ်ယန်ကို စကား ဆက်ပြောခွင့် မပေး တော့ဘဲ၊ လင်းယွန်က ပြတ်သားစွာ အသိပေး လိုက်သည်။

သူတို့၏ ကျင့်ကြံမှု အရ၊ ယန်းရှောင်နှင့် သူ့ကြားတွင် ကြီးမားသော ပင်လယ်ကွေ့ တစ်ခု ရှိကောင်း ရှိနိုင် သော်လည်း၊ အနိုင် ယူရန် (၆၀%) ယုံကြည်မှု ရှိပေသည်။

ယန်းရှောင်သာ သူ့ဆီ လာဝံ့ ပါက၊ ခရမ်းရောင် ဓား အစီရင်ကို ထုတ်တော့မည် ဖြစ်သည်။

“ ငါလည်း ဒါကို မျှော်လင့် ထားပြီး သားပါ၊ မဟုတ်လျှင် မင်းက မင်းဖြစ် နေမှာ မဟုတ်ဘူး။ ”

လျူယွမ်ယန်က ပြုံးကာ ဆိုလိုက်သည်။ လင်းယွန် အကြောင်း၊ သူမ ကောင်းကောင်း သိသည်။

“ အခု နင် ... ဘာလုပ်ဖို့ စိတ်ကူး ထားလဲ။ ”

“ အရင်ဆုံး အလယ် အလတ် ယင် အဆင့်ကို၊ ရောက်အောင် သွားရမယ်၊ နက်နဲ ယင် ဆေးပုလင်း၊ ငါးပုလင်း ပေးခဲ့တဲ့ သူကို စိတ်ပျက်အောင် လုပ်လို့ မရဘူး။ ”

နက်နဲ ယင် ဆေးလုံးများ အကြောင်း ပြောသော အခါတွင်၊ လင်းယွန်၏ မျက်လုံး များ၌ အေးစက်သော အလင်းများ တောက်ပ သွားသည်။

မိန်ဇီယန်က ယန်းရှောင်ကို သူနှင့် ပေးတွေ့ လိုက်ကြောင်း သူ သိသည်။ သို့မဟုတ် ပါက ယန်းရှောင် တစ်ယောက်၊ ဤမျှ မြန်မြန် ရောက်လာ ဦးမည် မဟုတ်ပေ။

( ငါနဲ့ ကစားချင် လို့လား စီနီယာ အစ်ကိုကြီး မိန်။ )

“ နက်နဲ ယင် ဆေးပုလင်း ငါးလုံး၊ ဟုတ်လား၊ ... ”

လျူယွမ်ယန် တစ်ယောက် မျက်လုံးပြူး သွားသည်။

“ ဒါက အံ့သြ စရာပဲ၊ စီနီယာ အစ်မ မို အတွက်၊ ဒီလောက် များတဲ့ ပမာဏကို တစ်ကြိမ် ထဲနဲ့၊ ရဖို့ မလွယ်ဘူး။ ”

နက်နဲ ယင်ဆေးလုံး များမှာ၊ မိုလင်းမှ ပေးကမ်း ခဲ့သည်ဟု နားလည်မှု လွဲသွားသည်။ သို့သော် လင်းယွန်က ရှင်းပြခြင်း မရှိ ခဲ့ချေ။

“ နောက်ရက် အနည်းငယ် အတွင်းမှာ၊ ငါ တံခါး ပိတ်ကျင့်ကြံ တော့မယ်၊ ဒိအတွက် ပန်းပြိုင် ပွဲကို၊ ငါ မပါဝင် နိုင်တော့မှာ ကြောက်မိတယ်၊ ... ”

“ ... သတိ ထားပါ၊ ယန်းရှောင်ကို ထိပ်တိုက် မတွေ့ ပါနဲ့၊ သူက အစွန်းရောက် နေပြီ၊ ရန်ဖြစ်ဖို့ မတန်ဘူး၊ နင်က ငါ့ သူငယ်ချင်း ဖြစ်တာ ကြောင့်၊ ဒဏ်ရာ ရတာကို ငါ မမြင် ချင်ဘူး၊ ”

လျူယွမ်ယန်က အလေး အနက် ဆို လိုက်သည်။

“ မင်း ... ပြောတာကို ယန်းရှောင်သာ ကြားရင်၊ မနက်ဖြန် ငါ့ဆီ ထပ်ရောက် လာမှာ သေချာတယ်။ ”

သဘော ကျစွာဖြင့် လင်းယွန်က အရွှန်း ဖောက် လိုက်သည်။

“ ဘာလို့လဲ ...၊ မကြောက် ဖူးလို့တော့၊ မလိမ်နဲ့။ ”

လင်းယွန်ကို ကြည့်ကာ၊ လျူယွွမ်ယန်က ကျီစား လိုက်သည်။ ထို့နောက် ပြုံးရယ် လိုက်ပြီး၊ ဝတ်ရုံ စကို ဟန်ပါပါ ရုတ်သိမ်းလျက်၊

“ ကောင်းပြီ၊ ငါအရင် သွားနှင့်မယ်။ ”

-ဟု ဆိုကာ၊ ကောင်းကင် ပေါ်သို့ ခုန်တက် သွား တော့သည်။

“ လျူ ယွမ် ယန် ... ”

ရိပ်ခနဲ ပျံသန်း သွားသော လျူယွမ်ယန်ကို၊ လင်းယွန်က ရုတ်တရက် လှမ်းခေါ် လိုက်သည်။

“ ဘယ် အရာဆို မင်းကိုယ်တိုင် လုပ်ဆောင် စရာ မလို ပါဘူး၊ အကူ အညီ လိုရင်၊ ငါ့ကို သတိ ရပါ၊ အချိန် မရွေး ငါ လာပေး နိုင်တယ်။ ”

လေထဲ ပျံသန်း နေသော လျူယွမ်ယန်၏ ခန္ဓာ ကိုယ်မှာ၊ ဆက်ခနဲ တုန်ခါ သွားသော် လည်း၊ လှည့် မကြည့် ခဲ့ပေ။

ယင်းအစား သူမက ပြုံးပြီး၊ ပြန်လည် အော်ဟစ် လာခဲ့သည်။

“ ဘာမှ မရှိ ပါဘူး၊ မင်းက အရမ်း အစိုးရိမ် လွန်နေ တာပါ။ ”

“ ငါလည်း အဲ့ဒီ လိုပဲ မျှော်လင့် ပါတယ်၊ အပြာရောင် မီးကြာပန်း လိုမျိုး၊ အကူ အညီ လိုရင်၊ မင်းကို ငါ ကူညီပေး နိုင်ပါတယ်၊ ငါ့ကတိ တွေကို ဘယ်တော့မှ မမေ့ ပါဘူး။ ”

“ ငါမင်းကို ယုံတယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါ့ကိုယ်ငါ အားကိုး ချင်တယ်။ ”

ပျံသန်း နေလျက်ဖြင့်၊ နှုတ်ခမ်း ကိုက်ကာ၊ ပြန်ဖြေ လိုက်သည်၊ လင်းယွန် စကားကြောင့်၊ သူမ မျက်လုံးများ နီရဲ လာတော့၏။

ထို့နောက် လင်းယွန်မှာ ကူကယ်ရာ မဲ့စွာဖြင့်၊ ခေါင်းယမ်းကာ၊ တစ်ယောက်တည်း ကျန်ရစ် ခဲ့ လေသည်။

လျူယွမ်ယန်တွင် စိတ်အနှောင့် အယှက် ဖြစ်စေသော တစ်စုံ တစ်ရာ ရှိနေကြောင်း၊ အခိုင် အမာ ပြောနိုင် သည်။

တိမ်ပြာ ရေကန် ခရီးစဉ် ၌ပင်၊ ၎င်းကို ကောင်းကောင်း ခံစား မိပြီး၊ သံသယ ဝင်လာ ခဲ့သည်။

သူမ၏ ကျင့်ကြံမှု အပေါ်၊ ဤမျှ အရေး တကြီး လုပ်ဆောင် နေသည်ကို၊ တွက်ဆ ကြည့်ပါလျှင်၊ အချိန် သိပ်မကျန် တော့ဟု သူ ခန့်မှန်း နိုင်၏။

လင်းယွန် ထွက်သွားပြီး မကြာခင် မှာပင်၊ ကြေးတံခါး မကြီးမှာ၊ နောက်တစ်ကြိမ် ပွင့်လာ ပြန်၏။

တံခါး ဆီမှ လေးနက်သော မျက်နှာဖြင့်၊ မိုလင်း တစ်ယောက် လှမ်းထွက် လာလေသည်။

“ လွန်ခဲ့တဲ့ ဆယ့်ငါးရက် လုံးလုံး၊ အချိန်တိုင်း အတူတူ ရှိနေ ခဲ့တာတောင်၊ ဒီလူက ငါ့ အပေါ်၊ ဘာခံစား ချက်မှ မရှိတာ၊ အံ့ဩ စရာတော့ မဟုတ် ပါဘူး၊ သူ့ နှလုံးသားကို တခြား တစ်ယောက်က ပိုင်နေ ခဲ့ပြီ ကိုး။ ”

တီးတိုး သံဖြင့်၊ ညည်းတွား ရေရွတ် လိုက်သည်။ လင်းယွန်နှင့် လျူယွမ်ယန် တို့၏ စကားများ အပေါ်၊ အထင်လွဲ သွား မိသည်။

ပေျာက်ကွယ် သွားသော လင်းယွန်၏ နောက်ကျောကို မျှော်ကြည့်ကာ၊ အတွေးထဲ နစ်မျော သွားခဲ့သည်။

လင်းယွန် အနေဖြင့် လျူယွမ်ယန်ကို ကူညီချင် ခဲ့သော်၊ ယန်းရှောင်အား ဦးစွာ ဖြတ်ကျော် ရပေမည်။ စင်စစ် သော်ကား၊ ပန်းပြိုင် ပွဲ၌ ယန်းရှောင် အပြင်၊ လူများစွာ ရှိ၏။

ခေါင်းကို မော့ကာ ကောင်းကင်အား မျှော်ကြည့် လိုက်သည်။

ကောင်းကင် တစ်ပြင်လုံး ပြာလဲ့ နေသော် လည်း၊ သူ့ မျက်ဝန်း များတွင် တိမ်ညိုများ စုဖွဲ့ လာလေပြီ။

မကြာခင် သူ့ ကောင်းကင်ကြီး၊ ရွာကျ လာ နိုင်၏။

***

All Chapters