အဆင့် ချိုးဖြတ်ခြင်း။
Vol. 39 Ch. 536
“ အကိုကြီး မင်းထင်တဲ့ အတိုင်းပဲ၊ ယန်းရှောင်က လင်းယွန်ကို တိုက်ခိုက် ပေမယ့်၊ လျူယွမ်ယန် ရောက်လာတဲ့ အတွက်၊ ပြန်သွား လိုက်ရ တယ်။ ”
မီးခိုး ရောင်ဝတ် လူငယ် တစ်ဦးက၊ မိန်ဇီယန်ကို ပြုံးပြကာ သတင်း ပို့လိုက်သည်။
လင်းယွန် ခန့်မှန်း ထားသလိုပင်၊ နောက်ကွယ်မှ အရာ များကို မိန်ဇီယန်က၊ ကြိုးကိုင် နေခဲ့ခြင်း ဖြစ်သည်။
“ အရေး မကြီး တော့ဘူး၊ ပန်းပြိုင်ပွဲ အတွက် သူ သေချာပေါက် လာလိမ့်မယ်၊ အဲဒီ အချိန်ဆို သူ ဒုက္ခ ရောက်ပြီ။ ”
မိန်ဇီယန်၏ မျက်လုံး များက ချောက်ချား စရာ ကောင်းလာ လေသည်။ ပန်းပြိုင်ပွဲ အတွက် ထိပ်သီး ဆယ်ယောက်ကို၊ တားမြစ် ထားခြင်းမှာ စိတ်ပျက်ဖွယ် ဖြစ်သည်။
သို့မဟုတ်ပါက သူကိုယ်တိုင် လင်းယွန်နှင့် ရင်ဆိုင် မိပေမည်။
“ ယန်းရှောင်က တကယ့် အရူး၊ သူ့လို လူမျိုး ကသာ အသင့် တော်ဆုံး ပဲ။ ”
မိန်ဇီယန်က ဂုဏ်ယူ စွာဖြင့်၊ ပြုံးလိုက်သည်။ သူ၏ အကွက် ကျကျ စီမံ နိုင်မှု အပေါ်၊ ကြေနပ် သွားရ၏။
ယန်းရှောင်မှာ အချိန် မရွေး ယန် အဆင့်သို့ ဝင်ရောက် လာနိုင် သောကြောင့်၊ လင်းယွန်နှင့် ထိပ်တိုက် ရင်ဆိုင် ခြင်းဖြင့်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိ သွားရန် မျှော်လင့် ထားသည်။
မတော် တဆမှု တစ်ခု ဖြစ်ခဲ့ သော်၊ ပန်းပြိုင် ပွဲ၌ အခြားသော တပည့် များ၏ နင်းခြေြခင်း၊ ခံရ နိုင်သည်။
ဤသည်မှာ မကြာ ခဏ ကျင်းပ နိုင်သော ပွဲမျိုး မဟုတ်ချေ။ ထို့ကြောင့် အကယ် ဒမီရှိ ထူးချွန် သူများ အားလုံး၊ ပါဝင် ဆင်နွှဲ လာကြ ပေမည်။
ထိုအချိန်တွင် လင်းယွန်သည် အပြင်လူ တစ်ဦး ဖြစ်သဖြင့်၊ အားလုံးက ကိုင်တွယ်ရန် စိတ်ဝင် စားလာ မည်မှာ သေချာသည်။
ငရဲ လှောင်အိမ်ကို ဖြိုဖျက်ကာ အကယ် ဒမီတွင်၊ အနည်းငယ် ကျော်ကြား နေခဲ့သော၊ သင်းထောက် တစ်ယောက် အပေါ်၊ မည်သူ မဆို ခြေနင်းတုံး အဖြစ်၊ သုံးပြုချင် ကြပေမည်။
“ မင်းငါ့ကို စမ်းချင်လား ...၊ ကောင်းပြီ မင်း ဘယ်လောက် အထိ၊ စွမ်းနိုင်လဲ ကြည့်ရ အောင်။ ”
မိန်ဇီယန်က အေးစက်စွာ ပြုံးလိုက်သည်။
အခြား တစ်ဘက်တွင်၊ သစ်သား စိတ်ဝိညာဉ် တောင်ကုန်းသို့ ပြန်ရောက် သည်နှင့်၊ လင်းယွန်က အစီရင် ထဲဝင်ကာ၊ ထိုင်ချ လိုက်သည်။
ဤအစီရင် အောက်တွင် ကျင့်ကြံ နေကြ ဖြစ်သော်လည်း၊ အခင်း အကျင်းကို မြင်သည့် အချိန် တိုင်းတွင်၊ တုန်လှုပ် နေမိဆဲ ဖြစ်သည်။
အကယ်၍ ဓားနန်းတော်တွင် ဤကဲ့သို့ တစ်စုံ တစ်ရာ ရှိခဲ့ ပါက၊ ယန် အဆင့်ထိ သူ ရောက်ရှိ နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ယန်းရှောင် မဆိုနှင့်၊ မိန်ဇီယန် ကိုပင် ဖိနှိပ် နိုင်ပေမည်။ သို့သော် လက်ရှိ အချိန် မှာမူ၊ ယန်းရှောင်က ကျင့်ကြံမှု အသာဖြင့်၊ သူ့အား အနိုင် ကျင့်ရန် ကြိုးစား လာခဲ့သည်။
ခရမ်းရောင် ဓားအစီရင်မှာ၊ သူ၏ ဝှက်ဖဲ ဖြစ်သော ကြောင့်၊ ၎င်းကို ပေါ့ပေါ့ ဆဆ အသုံး မပြု နိုင်ချေ။
မဟုတ် ပါက သူ့ပြိုင် ဘက်များ အနေဖြင့်၊ အနာ ဂတ်တွင် ပြင်ဆင် လာနိုင် ပေမည်။
ဝိညာဉ် စွမ်းအင် စုစည်းခြင်း အစီရင်ကို အလျင် စလို အသက် သွင်းခြင်း မရှိ ခဲ့ဘဲ၊ ကျောက်စိမ်း ပုလင်း လေးလုံးအား ထုတ်ယူ လိုက်သည်။
၎င်းတို့သည် သဘာဝ အတိုင်း၊ မိန်ဇီယန် ပေးခဲ့သော နက်နဲ ယင်ဆေး လုံးများ ဖြစ်၏။
“ အချိန် တန်ပြီ။ ”
ဆေး တစ်လုံးကို ထုတ်ပြီး၊ သူ့ ပါးစပ်ထဲ ပစ်ထည့် လိုက်သည်။
သူ့ ပါးစပ် ထဲသို့ ဝင်ရောက် လာသည့် အခိုက်တွင်၊ အရည်ပျော် လာပြီး၊ ခန္ဓာကိုယ် အတွင်း အကန့် အသတ် မရှိသော စွမ်းအင် အဖြစ်၊ ပြောင်းလဲ သွားသည်။
တစ်ချိန်တည်း မှာပင်၊ ဝိညာဉ် စွမ်းအင် စုစည်းခြင်း အစီရင်နှင့်၊ ဓားသုသတ္တန် နှစ်ခု စလုံးကို အသက်သွင်း လိုက်၏။
ငွေရောင် ဓားစွမ်းအင်မှာ၊ သူ့ခန္ဓာ ကိုယ်ထဲမှ ထွက်လာကာ၊ တစ်ကိုယ် လုံးအား လွှမ်းခြုံ လေသည်။
ဝိညာဉ် စွမ်းအင်များ ခန္ဓာကိုယ် တစ်လျှောက် စီးဝင် လာကာ၊ အပ်စိုက် မှတ် များ၊ တဖြည်းဖြည်း ကျယ်ပြန့် လာသည်ကို သူ ခံစား နိုင်သည်။
နာကျင် မှုများ တရွေ့ရွေ့ တိုးလာ သော်လည်း၊ ဇွဲမလျှော့ မိချေ။ နက်နဲ ဆေးလုံးမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သူပြော နိုင်သည်။
ထို့နောက် ကျန်ရှိ နေသော နက်နဲ ယင်ဆေးလုံး များကို ပါးစပ် ထဲသို့ ပစ်ထည့်ကာ၊ နာကျင် မှုကို တောင့်ခံ လိုက်သည်။
ဆေးလုံးများ အရည်ပျော် သွားပြီးနောက်၊ သူ့ခန္ဓာ ကိုယ်အတွင်း စွမ်းအင် နှစ်ခု ပေါင်းစပ် နေသံကို၊ ကျယ်လောင် စွာကြား နေရသည်။
မိန်ဇီယာ၏ ကျေးဇူး တော်ကြောင့်၊ ကျင့်ကြံ မှုက အရှိန် အဟုန်ဖြင့်၊ တိုးတက် လာခဲ့၏။
တကယ်တမ်း ပြောရ ပါလျှင်၊ လင်းယွန် ကဲ့သို့ ရူးသွပ် လွန်းသည့် လူမျိုး မရှိချေ။ လူတိုင်းက ဆေးလုံး တစ်လုံးချင်း စီကို၊ ဂရု တစိုက် သန့်စင် ကြပေ လိမ့်မည်။
သို့သော် လင်းယွန်က၊ ဆေးလုံးပေါင်း များစွာကို တစ်ပြိုင် နက်တည်း၊ သန့်စင် နေခဲ့သည်။
သည်အရှိန် တိုင်းသာ ဆက်သွားသော်၊ ငါးရက် မပြည့်ခင်၊ အဆင့် ချိုးဖြတ် နိုင်မည်မှာ သေချာသည်။
လွန်ခဲ့သော တစ်လ ခွဲတွင် ခရမ်းရောင် နန်းတော် တစ်ပိုင်း နယ်မြေ ထဲ၌ပင်၊ မရှိ ခဲ့ချေ။
ယခုမူ အလယ် အလတ် ယင် အဆင့်သို့၊ ထိုးဖောက် ဝင်ရောက် နေပြီ ဖြစ်သည်။
အရှိန် အဟုန်ဖြင့် ဖြတ်ကျော် နေစဉ်၊ မထင်မှတ် နိုင်သော နာကျင် မှုကို ရူးမတက် တောင့်ခံ နေရသည်။
အကယ်၍ မဟာချင် အင်ပါယာ ထက်သာသော နေရာမှ လာပါက၊ ရရှိ နိုင်သော အရင်း အမြစ် များမှာ၊ ပို၍ များပြား နိုင်သည်။
ဤသို့ ဆိုပါက ယန်းရှောင် ကဲ့သို့ ကျင့်ကြံ မှုကို အားပြုကာ၊ မည်သူမျှ သူ့အား အနိုင်ကျင့် နိုင်မည် မဟုတ်ချေ။
သူ့ မာနကို နားလည် နိုင်မည့်သူ မရှိကြောင်း၊ သူ သိသည်။ သူ့အား ဦးညွှတ် စေလို ပါက၊ ဟာသသာ ဖြစ်ပေ လိမ့်မည်။
တစ်ချိန်တည်း မှာပင် သူ၏ ကျင့်ကြံမှု အရှိန် အဟုန်၊ တိုးတက် လာသည် နှင့်အမျှ စိတ်သက် သာရာ ရသွားသည်။
တစ်ဖက်တွင် ဂူဖန်းကို သတိရ မိပြန်သည်။ အခြေခံ အုတ်မြစ်မှာ၊ မခိုင် မာသည့် အတွက်၊ လင်းယွန်က ၎င်းအား အနိုင်ယူ နိုင်ခဲ့ သည်။
သူ့ အနေဖြင့် အလားတူ၊ အဖြစ် အပျက်မျိုး မဖြစ် ချင်ချေ။ ကျင့်ကြံခြင်း ဆိုသည်မှာ၊ ခြုံငုံ သုံးသပ် ရသော လုပ်ငန်းစဉ် ဖြစ်သည်။ ယခု အချိန်၌ နောက်ဆုတ် ဖို့ရန် နည်းလမ်း မရှိ ကြောင်း၊ သူ သိသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာသည်နှင့် အမျှ၊ သုံးရက် ဆိုသော ကာလကို၊ ဆေးလုံး သန့်စင်ခြင်း ဖြစ်စဉ်၌၊ အာရုံ စိုက်ထား ခဲ့သည်။
မကြာမီ အောင်မြင်မှု တစ်ခု ပြုလုပ်တော့ မည်ကို၊ ရှင်းရှင်း လင်းလင်း နားလည် မိ၏။
စိတ်လှုပ်ရှား မှုကို ခံယူပြီး၊ သူ၏ ငွေရောင် စွမ်းအင်မှာ၊ တောက်ပသော အဆင်းကို စတင် ထုတ်လွှတ် တော့သည်။
ခရမ်းရောင် နန်းတော်က၊ မူလ စွမ်းအင် များနှင့် အတူ၊ ခရမ်းရောင် ပန်းပွင့်ကို သူ့ အောက်သို့၊ ဆွဲယူ ပစ်လိုက်သည်။
နေရာ ရွေ့ပြောင်း ခံလိုက် ရသော၊ ခရမ်းရောင် ပန်းမှာ၊ ရွှင်မြူးစွာ ပွင့်အာ လာခဲ့ သည်။
များမကြာမီ သူ့ ခန္ဓာကိုယ် ထဲ၌၊ အရှိန် အဟုန် ပြင်းပြင်း ဖြင့်၊ စီဆင်း လာသော စွမ်းအင် များကို ခံစား လိုက်ရသည်။
“ အချိန် ကျပြီ။ ”
အဆင့် ချိုးဖြတ် တော့မည် ဖြစ်ကြောင်း၊ သိလိုက် ရသည်။
ဆေးလုံး များကို သန့်စင် ပြီးနောက်၊ လင်းယွန်၏ ခန္ဓာ ကိုယ်မှာ တုန်ခါ လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထုတ်လွှတ် လာတော့သည်။
ခရမ်းရောင် နန်းတော်မှာ၊ ကျယ်ပြန့် လာပြီး၊ ပို၍ မာကြော လာပေ၏။ မျက်လုံးများ ဖွင့်ကြည့် လိုက်သော အခါတွင်၊ စူးရှသော ငွေရာင် အလင်းတန်း နှစ်ခု ပြေးထွက် သွားသည်။
လက်ဖဝါးကို ဖြန့်ကြည့် လိုက်ရာ၊ အဆုံး မရှိ ဆူပွက် နေသော မူလ စွမ်းအင် များကို၊ သူ ခံစား လိုက်ရသည်။
လက်သီး ဆုပ်ကိုင် လိုက်သည်နှင့်၊ သွေးကြောများ အတွင်း အရှိန် အဟုန်ဖြင့်၊ စီးဆင်း လာသော သွေးစီး သံကို ကြားနေ ရသည်။
ထို့နောက် လက်သီး တစ်ချက်၊ လေထဲ ပစ်ထုတ် လိုက်၏။
အစီရင် အနှံ လှိုင်းများ ထလာပြီး၊ အခန်း တစ်ခုလုံး သွက်သွက် ခါအောင် တုန်ယင် လာသည်။ လှိုင်းလုံးများ အတွင်းတွင်၊ မှိန်ဖျော့ နေသော ငွေရောင် စွမ်းအင် များကို၊ မြင်နိုင် သည်။
ယင်းကြောင့် လင်းယွန်၏ နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊
“ နောက်ဆုံးတော့ ငါ အောင်မြင်ပြီ။ ”
-ဟုဆို လိုက်သည်။
ယန်းရှောင် ဖြင့်သာ နောက်တစ်ကြိမ် တွေ့ခဲ့ ပါက၊ အနည်း ဆုံးတော့ ယခင်လို နောက်ပြန် တွန်းပို့ ခံရမည် မဟုတ်ချေ။
အကယ် ၍သာ လျှပ်တစ်ပြက် ရွေ့လျား မှုအား အသုံးပြု ခဲ့ပါက၊ ယန်းရှောင်ကို အံ့အား သင့်ဖွယ် ကောင်းအောင်၊ ဖမ်းမိ နိုင်မည် ဖြစ်သည်။
သည့်အတွက် မိန်ဇီယာကို ကျေးဇူး တင်ရ ပေမည်။ အကယ်၍ မိန်ဇီယာ သည်သာ သူ့အား နက်နဲ ယင်ဆေး လုံးများ မပေး ပါလျှင်၊ ဤမျှ လျင်မြန်စွာ အောင်မြင် မှုကို၊ ရယူ နိုင်မည် မဟုတ်ချေ။
အလယ် အလတ် ယင် အဆင့်သို့၊ ထိုးဖောက် ဝင်ရောက် ခဲ့သည်အား၊ သိရှိ သွား ခဲ့သော်၊ မိန်ဇီယာ တစ်ယောက် မည်သို့သော အမူ အရာ ရှိမည်ကို၊ တွေးတော လိုက်မိသည်။
***