ဇာတ်ဆောင်များ။
Vol. 39 Ch. 538
“ ဒါက သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်ရဲ့ စွမ်းအားလား။ ”
ရလာဒ် အပေါ် စိတ်လှုပ်ရှား သွားမိသည်။ ဤစွမ်းအားသည် လရောင် ရေစင် ဓား၏ ‘ကောင်းကင်က တိမ်တိုက် များကို ဖြိုခွင်းမယ်၊’ ဓားချက် ထက် ပို၍ ပြင်းထန် ၏။
ဆိုလို သည်မှာ ယခု သူ့တွင် မိုးကြိုး အပြင်၊ နောက်ထပ် ဝှက်ဖဲ တစ်ချပ် ရှိနေပြီ ဖြစ်သည်။
ထို့ပြင် သတ်ဖြတ်ခြင်း တံဆိပ်မှာ၊ ကနဦး ကျွမ်းကျင်ရုံ မျှသာ ဆုပ်ကိုင် သေးသည်။ ပိုမို ကျွမ်းကျင် လာသော အခါတွင်၊ မည်မျှ အစွမ်း ထက်လာ မည်ကို စိတ်ကူး မယဉ် နိုင်ပေ။
သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်မှာ၊ တားမြစ် နည်းစနစ် တစ်ခု ဖြစ်ရန် ထိုက်တန် လှ၏။
“ ပြိုင်ပွဲ စဖို့တော့၊ လိုပါ သေးတယ်။ ”
မေးစေ့ကို ပွတ်ကာ၊ အတွေးနက် သွားသည်။ အကယ် ၍သာ မိုးကြိုးကို အထွတ် အထိပ် အထိ ဆုပ်ကိုင် နိုင်ခဲ့ ပါက၊ ခရမ်းရောင် ဓား အစီရင်နှင့် တွဲဖက် လိုက်သော အခါတွင်၊ ပြိုင်ဘက်များ အပေါ် ကြောက်လန့် နေစရာ မလို တော့ချေ။
“ မိုးကြိုး ဓားချက်က သခင့်ဓားရဲ့ ပထမဆုံး ဓားပဲ၊ ဓားကို လျှပ်စီးလို လွှဲရတယ်၊ ဒါပေမယ့် အခု ဒီလက်သီး ကတော့ အရှိန် အဝါ အပေါ် အာရုံစိုက် ရမယ် ...။ ”
ဆိုလို သည်မှာ ဓားဆွဲ ပါက မြန်နိုင် သမျှ မြန်မြန် ခုတ်ပိုင်းရန် လို၏။ ၎င်းကို မရွေးချယ် လို ခဲ့သော်၊ အရှိန် အဝါဖြင့် ခြောက်လှန့် ပိတ်လှောင်ကာ၊ လက်သီးနှင့် ထိုးနှက် နိုင်ပေ မည်။
ညာလက်ကို နောက်ပြန် လှမ်းကာ ဓားသေတ္တာ ထဲရှိ ပန်း သင်္ချိုင်းဓား အပေါ်၊ ဆုပ်ကိုင် လိုက်သည်။
တစ်ဆက်တည်း မှာပင် ကောင်းကင်၌ မိုးခြိမ်း သံများ၊ ပဲ့တင်ထပ် နေသော လျှပ်စီး များ၊ လင်းလက် သွားသည်။
အကန့် အသတ် မရှိသော ရောင်ဝါ တစ်ခု၊ သူ့ဆီမှ တိုးထွက် လာပြီး တိမ်မိုးကြိုး များကို ခေါင်း အထက်၌ စုရုံး စေလိုက်၏။
အဆိုပါ ဖြစ်စဉ် အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်သည်။
စက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ခန္ဓာကိုယ် အတွင်းမှ ဓားရောင်ခြည် တစ်စင်း ပြေးထွက် လာသည်။
ပန်းသင်္ချိုင်း ဓားမှာ၊ ရက်စက် ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင် ကဲ့သို့၊ လျှပ်စီးများ လင်းလက် သွား၏။
ဓားကို လွှဲယမ်း လိုက်သည်နှင့်၊ မီတာ ရာဂဏန်းမျှ နက်ရှိုင်းသော အက်ကြောင်း တစ်ခု ထွက်ပေါ် လာလေရာ၊ အစီရင်က ချက်ချင်း ပြန်လည် ပြုပြင် ပေးလိုက် ရသည်။
ထွက်ပေါ် လာသော အဖျက် စွမ်းအားက၊ ကြောက်မက်ဖွယ် ကောင်းလှ ပေသည်။
အခန်း တစ်ခန်း လုံးအား ဝိညာဉ် ရေးရာ အစီရင်ဖြင့် ကာကွယ် ထားခြင်း ဖြစ်သော ကြောင့်၊ အထွတ် အထိပ် ယင်အဆင့် ပင်လျှင်၊ ဤသို့ စုပ်ဖြဲ နိုင်မည် မဟုတ်ပေ။
သို့သော် မကျေနပ် သေးချေ။
“ မိုးကြိုးရဲ့ အရှိန်က အရမ်း အားနည်း နေတယ်၊ အဲဒါကို ပြီးပြည့် စုံအောင် လုပ်ချင်တယ် ဆိုရင်တော့၊ ပိုပြီး နားလည်ဖို့ လိုမယ့်ပုံ ရတယ်။ ”
တစ်ချိန်တည်း မှာပင်၊ ခြံဝင်း တစ်ခု အတွင်း၌၊ ယန်းရှောင် တစ်ယောက် ပြင်းထန်စွာ လေ့ကျင့် နေပေသည်။
သူ၏ လေ့ကျင့်ဖော် နှစ်ဦးမှာ၊ အလယ် အလတ် ယင် အဆင့်၊ အမာခံ တပည့် နှစ်ဦး ဖြစ်သည်။
၎င်းတို့ နှစ်ဦးမှာ ဂူဖန်းထက် အားနည်းခြင်း မရှိ သော်လည်း၊ ယန်းရှောင်နှင့် ရင်ဆိုင် ရသော အခါတွင်၊ မည်သို့မျှ တွန်းလှန် နိုင်ခြင်း မရှိချေ။
“ မိုးကြိုး ငရဲ သက်ဆင်းခြင်း။ ”
မိုးကြိုး တိမ်တိုက်များ ဖြစ်ပေါ် လာသဖြင့်၊ ယန်းရှောင် တစ်ကိုယ်လုံး လျှပ်စီးများ တဖျပ်ဖျပ် လင်းလက်စ ပြုလာသည်။
ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါက၊ လေ့ကျင့်ဘက် နှစ်ဦးကို လွင့်စင် စေရန် လုံလောက် သော်လည်း၊ ထိုမျှဖြင့် ကြေနပ်ပုံ မရဘဲ၊ သူ့ လက်ဖဝါးအား ထပ်မံ ရိုက်ချ လိုက်သည်။
ယင်းကြောင့် လေ့ကျင့်ဖော် နှစ်ဦးမှာ၊ မြေပြင် ပေါ်သို့ လဲကျ သွားပြီး၊ သွေးများ စီးထွက် လာ၏။
“ စီနီယာ အစ်ကို ယန်း၊ မင်းရဲ့ မိုးကြိုး ငရဲ ပညာရပ်က သတ္တမ အဆင့်ကို ရောက်သွား ပြီလား။ ”
-ဟုအော်ဟစ် မေးမြန်း လိုက်သည်။ သူတို့ မျက်ဝန်း ထဲရှိ ထိတ်လန့် ခြင်းကို၊ ဖုံးကွယ် မရ ခဲ့ချေ။
“ မင်း မှန် တယ်။ ”
ယန်းရေှာင်က ပြန်ဖြေသည်။
လေ့ကျင့်ဖော် အမာခံ တပည့် နှစ်ဦးက၊ မိုးကြိုး ငရဲ နည်းစနစ်မှာ၊ မြေကြီး အဆင့် နည်းစနစ်များ ကြားတွင်၊ အကောင်းဆုံး ကျင့်ကြံမှု နည်းစနစ် တစ်ခု ဖြစ်ကြောင်း၊ သိထား ကြသည် ဖြစ်ရာ အံ့အားသင့် သွားခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းတွင် အလွန် လွှမ်းမိုး ချုပ်ကိုင် နိုင်လွန်းသော အရှိန် အဝါများ ပါဝင် လေသည်။ စုစုပေါင်း အဆင့် ကိုးဆင့် ရှိပြီး၊ ကျင့်ကြံရ ခက်ခဲ လှ၏။
သတ္တမ အဆင့်သို့ ရောက်ခြင်းမှာ၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့ ရောက်ခြင်းနှင့်၊ အတူ တူပင် ဖြစ်သည်။
ဆိုလို သည်မှာ ၎င်းကို ယန်းရှောင်က လွယ်လွယ်ဖြင့် ဆုပ်ကိုင် နိုင်ခဲ့သည့် အတွက်၊ သူ့အရည် အချင်း အပေါ် လေျာ့တွက်၍ မရကြောင်း၊ အဓိပ္ပါယ် ရလေသည်။
“ ဂုဏ်ယူ ပါတယ် စီနီယာ အစ်ကို ယန်း။ ”
သူတို့၏ ဒဏ်ရာများ အပေါ် ဂရု မစိုက် နိုင်ကြဘဲ၊ ရိုသေ လေးစားသော အသံဖြင့်၊
“ လက်ရှိ အင်အားနဲ့ ထိပ်တန်း ဆယ်ယောက်ကို ယှဉ်နိုင်တာ သေချာ နေပြီ၊ စီနီယာ အစ်ကိုယန်း ... မင်း ဘာလို့ စိန်မခေါ် ရတာလဲ။ ”
အဆိုပါ တပည့်၏ မေးခွန်းကြောင့်၊ ယန်းရေှာင်က ပြုံးပြ လိုက်ပြီး၊
“ ထိပ်တန်း ဆယ်ယောက် ဆိုတာ နာမည်ပဲ ရှိတာပါ၊ ဘာမှ မဟုတ် ပါဘူး၊ ငါ့တွက်ချက် မှုသာ မှန်ရင် ဒီပြိုင်ပွဲမှာ၊ ပန်းဘုရင် တစ်ပါး ထွက်ပေါ် လာလိမ့်မယ်။ ”
သာမာန် အားဖြင့် မြင့်မြတ်သော ယင်ပန်း များတွင်၊ ပွင့်ချပ် ခြောက်ချပ် မျှသာ ပါရှိ လေ သည်။
ပွင့်ချပ် ခုနစ် ချပ်အား တွေ့ရှိရန် ရှားပါး သော်လည်း၊ ပွင့်ချပ် ရှစ်ချပ်မှာ သာ၍ ရှားပေ ၏။
ပွင့်ချပ် ကိုးချပ် ပါသော ယင်ပန်း ကိုမူ ပန်းဘုရင် အဖြစ် သတ်မှတ် ကြသည်။ ၎င်းပန်း မျိုးကို နောက်ဆုံး အကြိမ်၊ မွေးဖွား ပေးခဲ့ သည်မှာ၊ ဆယ်စုနှစ် များစွာ ကြာမြင့် ခဲ့ပြီ ဖြစ်သည်။
ပြိုင်ပွဲတွင် ထိပ်တန်း တပည့် ဆယ်ဦးလုံး၊ မည်သူမျှ ပါဝင်ခွင့် မရှိ သောကြောင့်၊ ၎င်းကို ရယူ နိုင်မည်ဟု၊ ယုံကြည် သည်။
“ ငါ့ရဲ့ ခွန်အားကို ငါးနှစ်လောက် စုဆောင်း ခဲ့တာ၊ ဒီပန်း ဘုရင်ကို ရယူဖို့ အတွက်ပဲ၊ ငါ ရခဲ့ရင် ယန် အဆင့်ကို၊ တိုက်ရိုက် ရောက်သွား လိမ့်မယ်၊ ... ”
“ ... အဲဒီ အချိန်မှာ မိန်ဇီယန်တောင် ငါ့ မျက်လုံးထဲ ဘာမှ မဟုတ် တော့ဘူး၊ လာမယ့် သွေးစွန်းသော ဧည့်ခံပွဲ ကသာ၊ ငါ့အတွက် အစစ် အမှန် ပြိုင်ပွဲ ဖြစ်လာ နိုင်လိမ့်မယ်။ ”
ယန်းရှောင် စကားကြောင့်၊ အမာခံ တပည့် နှစ်ဦးက အံ့သြ သွားသည်။ ယန်းရှောင်တွင် ဤသို့ မျော်လင့်ချက် ကြီးမား လိမ့်မည်ဟု မထင်ထား မိချေ။
“ အဲ့ဒီ ကောင်နဲ့ ပတ်သတ်တဲ့၊ သတင်းတွေ ရှိလား။ ”
ယန်းရှောင်က လှည့်မေး လာသည်ကြောင့်၊ အတွေး စများ ပြတ်သွားသည်။
“ ဟီးဟီး၊ အစ်ကိုကြီး ငါတို့က မင်းရဲ့ ခိုင်းစေမှု အရ၊ အကယ် ဒမီမှာ သတင်း ဖြန့်ပြီး ပါပြီ၊ ပြိုင်ပွဲမှာ သူ့ကို မင်း ပစ်မှတ်ထား မယ်ဆိုတာ လူတိုင်း သိပါတယ်။”
“ ဒါပေမယ့် အဲဒီကောင်က တကယ်ကို သူရဲ ဘောကြောင် တဲ့ကောင်ပဲ၊ သူ့ကိုယ်သူ လိပ်ခွံ ထဲမှာ ပုန်း နေတယ်။ ”
-ဟု အမာခံ တပည့် နှစ်ဦးက ပြန်ဖြေသည်။
“ သူရဲ ဘောကြောင်တဲ့ ကောင်လား၊ ... ”
ယန်းရှောင်က ထိုရည်ညွှန်းချက် အပေါ် သဘောကျ သွားပြီး၊ အထင် အမြင် သေးစွာဖြင့် ပြုံးလိုက်သည်။
“ ဒါဆို သိပ် ပျော်စရာ ကောင်းမယ် မထင်ဘူး၊ သူ့ရဲ့ ခွန်အားကို မြင်တွေ့ ရဖို့ မျှော်လင့် မိတယ်။ ”
လင်းယွန် တစ်ယောက် ရှောင်ဖယ် နိုင်ခြင်း မရှိ စေရန်၊ အမာခံ တပည့် နှစ်ယောက်ကို သတင်းဖြန့်၊ ခိုင်းစေ ခဲ့သည်။
တစ်ဖက်လူ မလာဝံ့ ပါက၊ အလွန် စိတ်ပျက် ရ ပေမည်။ သို့သော် ဤလမ်းကို ရွေးချယ် ပြီးနောက်၊ အကယ် ဒမီ၌ ထိုသူ့ နာမည် ပျက်သွား မည်ဖြစ်ရာ၊ အရေးစိုက် စရာ မလို တော့ချေ။
နောင်တွင်၊ ယန်အဆင့်သို့ တက်ရောက် နိုင်သော အခါ၊ လင်းယွန်နှင့် အချိန် ဖြုန်းရန် ဆန္ဒများ ရှိနေသည်။
သူ့ အနေဖြင့် ဆိုခဲ့ ဖူးသော စကားများ အပေါ်၊ အမြဲ စောင့်ထိန်း တက်သူ တစ်ယောက် ဖြစ်သည်။
သို့သော် တစ်ဖက် လူက၊ သူ့ကို လုံးဝ ဂရု မစိုက် သည့် အတွက်၊ ယန်းရှောင် မျက်လုံး များတွင် သတ်ဖြတ် လိုသော ဆန္ဒများ၊ တလက်လက် တောက်ပ လာတော့သည်။
နောက်တစ်နေ့ နံနက်တွင်၊ အာရုဏ်ဦး အလင်းများ ဝင်ရောက် လာသည်နှင့်၊ အကယ် ဒမီ၏ တပည့်များ အားလုံး၊ သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်သို့ ဦးတည် လျှောက်လှမ်း နေပေသည်။
သူတို့ အားလုံးမှာ စိတ်လှုပ် ရှားခြင်း များစွာဖြင့် ပြည့်နှက် နေ၏။ တောင်ထိပ်ပိုင်း နယ်မြေမှာ၊ အတွင်း တပည့်များ အတွက် တားမြစ် နယ်မြေ ဖြစ်သည်။
သို့သော် ယနေ့တွင်၊ သူတို့အား ဝင်ရောက်ခွင့် ပြုထားသည်။ ထို့ကြောင့် အဖိုးတန် ယင်ဝိညာဉ် အဆီ အနှစ် ရယူရန် အခွင့် အရေး ရှိလာသည်။
ကံကောင်း ပါလျှင် မြင့်မြတ်သော ယင်ပန်း တစ်ပွင့် ကိုပင် ရနိုင်ပေ လိမ့်မည်။
မြင့်မြတ်သော ယင် ပန်းကို ရယူ နိုင်ခဲ့သော် ငြားလည်း၊ ယင် ဝိညာဉ် အဆီ အနှစ် တစ်ခု တည်း ဖြင့်ပင်၊ သူတို့ အတွက် လုံလောက် ပေသည်။
ထို့အပြင် ပြိုင်ပွဲမှာ ၎င်းတို့ အတွက်၊ တောက်ပရန် နေရာကောင်း တစ်ခု ဖြစ်သည်။ စွမ်းဆောင်ရည် ကောင်းသာ ပြသ နိုင်ခဲ့သော်၊ အကြီး အကဲ များ၏ တိုက်ရိုက် တပည့် အဖြစ်၊ ခေါ်ယူခြင်း ခံရ နိုင်သည်။
တောင်ထိပ်တွင် လူများဖြင့် ပြည့်နှက် နေမည်ဟု အဓိပ္ပါယ် ရသည်။ တလှုပ်လှုပ် ရွေ့လျား လာသော လူတန်းရှည် ကြီးကို၊ ယန်းရှောင်က အထင် အမြင် သေးစွာဖြင့် မော့ကြည့် လိုက်သည်။
“ ပုရွတ်ဆိတ်တွေ ... ”
ဤပြိုင်ပွဲတွင် အတွင်း တပည့် များမှာ၊ အဖြည့်ခံ သက်သက် များသာ ဖြစ်သည်။ အဓိက ဇာတ်ဆောင် တိုင်းက၊ အမာခံ တပြည့်များ ဖြစ်ပေ၏။
လင်းယွန်၏ ခြံအပြင် ဘက်တွင် အမျိုးသား တစ်ဦးနှင့်၊ အမျိုး သမီး တစ်ဦး စိုးရိမ် တကြီး ရပ်စောင့် နေသည်။
ထိုသူ နှစ်ဦး အနက် တစ်ဦးမှာ၊ သဘာဝ အတိုင်း ဂေါင်မင် ဖြစ်ပြီး၊ သူ၏ အရှိန်အဝါကို ကောင်းစွာ ထိန်းသိမ်း ထားနိုင် ခဲ့သည်။ ဆိုလို သည်မှာ သူ၏ ခွန်အား အပေါ် ပို၍ ထိန်းချုပ် လာနိုင် ၏။
ကျန်အမျိုး သမီး မှာမူ၊ ဘိုင်ရီ ဖြစ်သည်။ သူမ အနေဖြင့် လင်းယွန်ကို လာရောက် စောင့်ဆိုင်း နေခြင်း ပေပင်။
“ သူထွက် လာမယ်လို့၊ မင်းတို့ ထင်နေလား။ ”
ရုတ်တရက် အသံ ထွက်ပေါ် လာရာသို့၊ ဘိုင်ရီနှင့် ဂေါင်မင်က ချာခနဲ လှည့်ကြည့် လိုက်၏။
လှောင်ပြောင် လိုသော အမူ အရာဖြင့်၊ ဂူဖန်း တစ်ယောက် ပြုံးလျက်၊ ဖြတ်လျှောက် လာသည်။ သူ့ ဘေးရှိ ဂူတန်းက၊ ဘိုင်ရီကို မျက်ခုံး ပင့်ပြ လာ၏။
လင်းယွန်၏ ရိုက်နှက်ခြင်း ခံရ ပြီးနောက်၊ ဂူ ညီအစ်ကိုမှာ အလွန် ကြောက်လန့် ခဲ့ကြသည်။
ထို့ကြောင့် သူတို့က လင်းယွန်အား ရန်မစ ရဲခြေ။ သို့သော် လွန်ခဲ့သည့် ရက် အနည်းငယ် အတွင်း၊ လင်းယွန်သာ ပြိုင်ပွဲ ဝင်ဝံ့ ပါက၊ ယန်းရှောင်မှ အမဲလိုက် မည်ဟု၊ သတင်းများ ထွက်ပေါ် လာခဲ့သည်။
ယန်းရှောင် ဆိုသည်မှာ ထိပ်တန်း ဆယ်ဦး ပြီးနောက်၊ အင်အား အကောင်းဆုံး ဖြစ်သော ကြောင့်၊ ဂူဖန်းက ဝမ်းသာ သွားရသည်။
ဤယန်းရှောင်၏ စစ်မှန်သော စွမ်းအားသည်၊ ထိပ်တန်း ဆယ်ဦးထက် မနိမ့် ကြောင်း သူ သိ၏။
လင်းယွန်မှာ ယန်းရှောင် အပေါ်၊ မည်ကဲ့သို့ စော်ကားခဲ့ သည်ကို မသိ သော်လည်း၊ ဤ သည်မှာ သူ့ အတွက် အခွင့်အရေး တစ်ရပ် ဖြစ် လေသည်။
လင်းယွန် ရိုက်နှက် ခံရချိန်၌၊ ပြန်လည် နင်းခြေ နိုင်ခဲ့သော် အကယ် ဒမီတွင်၊ ခေါင်းပြန် မော့နိုင် ပေ လိမ့်မည်။
“ အစ်ကိုလင်း သေချာပေါက် ထွက်လာမှာ။ ”
ဘိုင်ရီက အလေး အနက် ပြန်ဖြေသည်။
“ သေချာ တယ်လား၊ သူ့ရဲ့ သေမိန့်ကို ခံယူ ဖို့လား၊ ... သူက သန်မာတာ မှန်ပါတယ်၊ ဒါပေမယ့် အကယ် ဒမီရဲ့ တကယ့် ကျွမ်းကျင်သူ တွေနဲ့၊ ယှဉ်ရင် ဘာမှ မဟုတ်သေး ပါဘူး၊ နောက်ဆုံးတော့ အမှိုက်က အမှိုက် ပါပဲ။ ”
ဂူဖန်းက ပြုံးလျက် ဆိုလိုက်သည်။
“ အဲ့ဒီ အမှိုက် ရှေ့မှာ၊ မင်းတို့ နှစ်ယောက်လုံး ဒူးထောက် ခဲ့ရ တာကို မေ့သွား ပြီလား၊ သူက အမှိုက် ဆိုရင်တောင် ... မင်းတို့ ညီအစ်ကိုက တကယ့် ချေးထုပ် တွေပဲ။ ”
ဂေါင်မင်က ပြုံးလျက် တုန့်ပြန် လိုက်သည်။ ငရဲ ရင်ပြင်တွင် ဖြစ်ပျက်ခဲ့ သမျှကို ပြန်တွေး လာမိ ပြီးနောက်၊ ဂူညီ အစ်ကို၏ မျက်နှာများ ပျက်ယွင်း သွားကြသည်။
“ အဲဒါဆို ငါတို့ စောင့်နေမယ်၊ သူ့မှာ သတ္တိ ရှိရင် အခုလို ပုန်းနေမှာ မဟုတ်ဘူး၊ သူ လာရဲရင်၊ ငါတို့ ကိုယ်တိုင် ဖြေရှင်းမယ်။ ”
ဂေါင်မင်ကို တစ်ချက် စိုက်ကြည့်ကာ၊ ပြန်ဖြေ ပြီးနောက် လျင်မြန်စွာ ထွက်ခွာ လိုက်မိ သည်။
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန်၏ ခြံဝန်း ရှေ့၌ ပြောဆို နေမိသည် ဖြစ်ရာ၊ မတော် တဆ ထွက်ပေါ် လာခဲ့သော် ဟူသော၊ အတွေးဖြင့် ကြောက်ရွံ့ သွားမိခြင်း ဖြစ်လေသည်။
***