လင်းယွန် လာပြီ။
Vol. 39 Ch. 539
ငရဲ ရင်ပြင်တွင် ဖြစ်ပျက်ခဲ့ သမျှကို ပြန်တွေး လာမိ ပြီးနောက်၊ ဂူညီ အစ်ကို၏ မျက်နှာများ ပျက်ယွင်း သွားကြသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန်၏ ခြံဝန်း ရှေ့၌ ပြောဆို နေမိသည် ဖြစ်ရာ၊ မတော် တဆ ထွက်ပေါ် လာခဲ့သော် ဟူသော၊ အတွေးဖြင့် ကြောက်ရွံ့ သွားမိခြင်း ဖြစ်လေသည်။
“ ဒီညီ အစ်ကိုက သူတို့ကိုယ် သူတို့ ကောင်းကောင်း နားလည်တယ်။ ”
နှစ်ယောက်သား အလျင် အမြန် ထွက်သွား သည်ကို မြင်လိုက် ရသော အခါတွင်၊ ရယ်မော လို ဟန်ဖြင့်၊ ရရွတ် လိုက်သည်။
လင်းယွန် ထွက်လာ ပါက၊ ယန်းရှောင် မလို ဘဲ၊ သူတို့ ဖြင့်ပင် ရင်ဆိုင် နိုင်မည်ဟု၊ ကြွားလုံး ထုတ်ခဲ့ ကြ သော်လည်း၊ အချိန် အနည်းငယ် ဆက်နေရန်၊ သတ္တိ မရှိခဲ့ ကြချေ။
“ သင်းထောက်ဂေါင်၊ အစ်ကိုလင်းမှာ ပြဿနာ တစ်ခုခု ရှိနေ လို့လား၊ အစ်ကိုလင်း ထွက်မလာရင် ဘာဖြစ် နိုင်လဲ၊ ယန်းရှောင်က သူ့ကို လှောင်ပြောင် နှိမ့်ချမှာ မဟုတ် လား။ ”
ဘိုင်ရီက ဂူညီ အစ်ကိုကြောင့်၊ ဒေါသထွက် ဟန်ဖြင့် ဆိုလိုက်သည်။
“ သူ ပေါ် မလာဖို့ မျှော်လင့် မိတယ်၊ ဒါကို နည်းနည်းလေး ခံနိုင် ရည်ရှိရင်၊ ဒီဒုက္ခတွေ ကနေ လွတ်လိမ့်မယ်၊ ယန်းရှောင်က ညီအစ်ကို လင်းကို၊ မလာ လာအောင် နှိုးဆော် နေတယ် ဆိုတာ သိသာ နေတာပဲ၊ အစ်ကိုလင်း ထွက်ပေါ် လာရင်၊ သူ့ဆန္ဒ ပြည့်သွား ရလိမ့်မယ်။ ”
ဂေါင်မင်က ပြန်ဖြေ သည်။
“ ဒါ ... ဒါပေမယ့် ...။ ”
ဘိုင်ရီက တွန်ဆုတ် သွားသည်။
“ အဲဒါကို စိတ်မပူ ပါနဲ့၊ အစ်ကို လင်းက သူဘာလုပ် ရမယ် ဆိုတာ သိပါတယ်၊ သူပေါ် လာ ခဲ့ရင်၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေ လို့ပဲ။ ”
စကားဆုံး သည်နှင့်၊ နှစ်ယောက်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်ဆီသို့၊ ဦးတည် လိုက်တော့သည်။
သူတို့ မသိ နိုင်သည့် အရာမှာ၊ မိုးကြိုး ဓားချက်ကို နားလည်မှု ရယူရန်၊ လင်းယွန် တစ်ယောက် အရေး ကြီးသော အခြေ အနေ၌ ရှိနေ ခဲ့ခြင်း ဖြစ်သည်။
ပန်း သင်္ချိုင်း ဓားကို ထုတ်ကာ၊ လေ့ကျင့်ရေး ခန်းမ ထဲတွင်၊ ငြိမ်သက်စွာ ထိုင်နေ ခဲ့လေ သည်။
ကောင်းကင်တွင် တိမ်ညိုများ စုဝေး နေကာ၊ ရံဖန် ရံခါ မိုးကြိုးများ ပစ်ချ လာ တက်၏။ ထိုဖြစ် စဉ်မှာ မိုးကြိုးဓား ချက်ကြောင့် ဖြစ်သည်။
မိုးကြိုး များက မုန်းတိုင်းများ သဏ္ဍာန် ဖွဲ့တည်ရန်၊ ကြိုးပမ်းသည့် အနေဖြင့် မိုးကြိုး တိမ်တိုက် များကို၊ စုစည်း နေသည်။
အကြိမ်ကြိမ် ကျရှုံး ခဲ့သော်လည်း၊ နောက်ဆုံးတွင် အောင်မြင် သွားသည်။ ပိုးအိမ် ထဲမှ တိုးထွက် လာသော၊ လိပ်ပြာ တစ်ကောင် ကဲ့သို့ ပင်။
ချွေးသီးများ နဖူးမှ တဆင့်၊ ပါးပြင် ပေါ်သို့ လှိမ့်ဆင်း လာကာ၊ သူ့မျက်နှာ တစ်ပြင်လုံး တဖြည်းဖြည်း ဖျော့တော့ လာသည်။
ရုတ်တရက် မိုးကြိုး တိမ်တိုက် များက နဂါးပုံ သဏ္ဍာန် ဖွဲ့တည်ကာ၊ သူ့ ခန္ဓာ ကိုယ်ထဲ ဆင်းသက် လာ၏။
မျက်လုံးများ ဖွင့်လိုက် သည်နှင့် ကြီးစိုး လွန်းသော ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။
သတ်ပစ် လိုသော ရည်ရွယ် ချက်များဖြင့်၊ ပစ်မှတ် ထားခံ လိုက်ရ ချိန်တွင်၊ ယန္တရား ရုပ်သေး ခုနစ် ကောင်၏ မျက်လုံး များက၊ ကြက်သွေး ရောင်များ တောက်ပ လာသည်။
အလယ် အလတ် ယင် အဆင့်၊ ရုပ်သေး ခုနစ် ကောင်မှာ၊ လင်းယွန် ဆီသို့ ဦးတည် လှုပ်ရှား လာ၏။
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲ လိုက်သော အခါတွင်၊ ခရမ်းရောင် လျှပ်စီး ကြောင်းများ နဂါး အသွင် ဖွဲ့တည် လာသည်။
ထို့နောက်တွင် ၎င်းနဂါး ကြီးမှာ၊ ရုပ်သေး ရုပ်များပေါ် ကျရောက် လာပြီး၊ ပေါက်ကွဲ ဖျက်ဆီး ပစ်လိုက်၏။
ဤတိုက်ခိုက် မှုမှာ မြန်ဆန် လွန်းလှ ပေသည်။ ဓားကို ဆွဲမည့် အစား ဓားအိမ် အတွင်း၊ ဝှက်ထားသော ရက်စက် ကြမ်းကြုတ် သည့်၊ သားရဲကြီး တစ်ကောင်ကို၊ ဆွဲထုတ် လိုက်သည်ဟု ထင်မြင် လာစေသည်။
မြေပြင် ပေါ်သို့ ဖြည်းညှင်းစွာ ပြန်လည် ဆင်းသက် လာပြီး၊ ဓားအား ရုတ်သိမ်း လိုက်သည်။ နောက်ဆုံးတွင် မိုးကြိုးကို၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု အထိ၊ ဆုပ်ကိုင် နိုင်ခဲ့သည်။
“ ဒါက သခင်ဓားရဲ့ စွမ်းအား အစစ်ပဲ။ ”
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေ သော်လည်း၊ ပျော်ရွှင်မှု များဖြင့် ပြုံးရယ် လိုက်မိ သည်။
သတ်ဖြတ်ခြင်း တံဆိပ် ခုနစ် ခုကို၊ ဆုပ်ကိုင် လိုက်သော အချိန်၌၊ ဝမ်းမြောက်ခြင်း ထက်ပင် သာလှ လေသည်။
နောက်ဆုံးတွင် လင်းယွန် ဆို သည်မှာ၊ မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ယောက်ပင် ဖြစ်၏။
ကြမ်းပြင် ပေါ်ရှိ ဖုန်မှုန့်များ အားလုံးကို တစ်ချက် လှမ်းကြည့် လိုက်သည်။ ဖုန်မှုန့် များမှာ သဘာဝ အတိုင်း၊ ပြိုကွဲ သွားသော ရုပ်သေးများ ထံမှ ဖြစ်သည်။
ရုပ်သေး ရုပ်များမှာ စျေးမကြီး လှ သော်လည်း၊ အကယ်၍ တစ်စုံ တစ်ယောက် သည်သာ ဤကိစ္စကို အရေး ယူလို ပါက၊ ဝိညာဉ် ကျောက်စိမ်း များစွာဖြင့်၊ ပေးဆောင် ရပေမည်။
“ ခေါင်းကိုက် စရာပဲ။ ”
***
သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်တွင်၊ ရေကန်ကြီး တစ်ကန် ရှိပြီး၊ ၎င်းရေကန် အတွင်းမှ ဝိညာဉ် စွမ်းအင်များ၊ လှိုင်လှိုင် တိုးထွက် နေလေသည်။
ထိုနေရာ တဝိုက်ရှိ ဝိညာဉ် စွမ်းအင် များမှာ၊ တိမ်ပြာ ရေကန်ထက် နိမ့်ကျခြင်း မရှိချေ။
လေထု ထဲရှိ အအေး ဒဏ်ကို ခုခံ ကာကွယ်ရန် တပည့် များစွာက၊ မူလ စွမ်းအင် များဖြင့် ထုတ်ဖော် ကာကွယ် ထားရသည်။
တောင်ထိပ် တစ်ခုလုံး တိမ်လွှာ ပါးပါး သိုင်းခြုံ ထားပြီး၊ သိပ်သည်းသော မြူများ ဆိုင်း နေ၏။
မရေ မတွက် နိုင်သော အတွင်း တပည့် များနှင့်၊ အမာခံ တပည့်များ ရေကန် ပတ်လည်၌ စုဝေး နေခဲ့ ကြ၏။
သူတို့ အားလုံးက အဆုံး မရှိသော မြူခိုး များဖြင့်၊ ပိတ်ဆို့ နေသာ ရေကန် ကြီးကို၊ စိတ်လှုပ် ရှားစွာ ကြည့်နေ ကြသည်။
ထိုအချိန်တွင် အနက်၀တ် လူငယ် တစ်ယောက် တည်ငြိမ်စွာ လျှောက်လှမ်း လာသည်။
သူ့ အသွင် အရ ပျင်းရိ ပျင်းတွဲ နိုင်လှ သော်လည်း၊ ခြေလှမ်း အနည်း ငယ်ဖြင့်၊ ရေကန် အစပ်အား ရောက်ရှိ လာနိုင်၏။
“ ယန်း ရှောင် ... ။ ”
လူတိုင်းက ဤလူငယ်ကို ချက်ခြင်း မှတ်မိ သွားကြ သည်။ သည်နေ့ ပြိုင်ပွဲ ဝင်များ အနက်၊ အသန် မာဆုံး တပည့် တစ်ဦး ဖြစ်သည့် အတွက်၊ အာရုံ စူးစိုက်မှု များစွာကို ဆွဲဆောင် နိုင်ခဲ့ ခြင်းမှာ သဘာဝ ပေပင်။
“ စီနီယာ အစ်ကိုယန်း ရောက်လာပြီ။ ”
“ အစ်ကို ယန်းရဲ့ အသွင်ကို ကြည့်စမ်း ဘယ်လောက်တောင်၊ သူကိုယ်သူ ယုံကြည်ချက် ပြင်းထန် လဲ ဆိုတာ ...၊ ဘာ အမှား အယွင်းမှ မရှိရင် ဒီပြိုင်ပွဲမှာ၊ အောင်နိုင်သူ ဖြစ်သင့်တယ်။ ”
“ စီနီယာ အစ်ကို ချင်းနဲ့ စီနီယာ အစ်ကို လုလည်း၊ အထွတ် အထိပ် ယင် အဆင့်မှာ ရှိနေ ပါတယ်၊ ဒါပေမယ့် သူတို့က အစ်ကို ယန်းထက်၊ အားနည်း နေသေးတယ်။ ”
“ ဟုတ်တယ် အစ်ကို ယန်းရဲ့ အရှိန် အဝါကို ကြည့်ပါဦး၊ ထိပ်ဆုံး ဆယ်ယောက် ထဲက အမာခံ တပည့် တချို့တောင်၊ သူ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”
“ ဟီးဟီး၊ လင်းယွန် လာမှာ လားလို့ တွေးမိတယ်၊ သူ လာရင် ပျော်စရာပဲ။ ”
“ အဲဒီလိုတော့ ပြောမရ သေးဘူး၊ လင်းယွန်က ငရဲပန်းကို ရယူ ထားနိုင် တဲ့သူ တစ်ဦးပဲ၊ လျော့တွက်လို့ မရဘူး။ ”
ယန်းရှောင် ရောက်ရှိ လာပြီးနောက် စကား ဝိုင်းမှာ၊ ပို၍ ဆူညံ လာသည်။ လင်းယွန်ကို အမဲလိုက် မည်ဟု ရည်ရွယ်ချက် ရှိရှိ၊ သတင်း ဖြန့်ထား သည် ဖြစ်ရာ၊ အကယ်ဒမီ အတွင်း အလှုပ် ခတ်ဆုံး အချင်း အရာ ဖြစ်လာ ခဲ့သည်။
“ အဲ့ဒီ လူက တကယ်ကို၊ စိတ်အနှောက် အယှက် ဖြစ်စေ တာပဲ။ ”
ဘိုင်ရီက အလို မကျ သံဖြင့်၊ ခပ်စောင့်စောင့် ဆိုလိုက် သံကြောင့်၊ ဂေါင်မင် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊
“ ဂျူနီယာ ညီမ ဘိုင်၊ မင်းရဲ့ အသံကို တိုးတိုး ပြောပါ၊ ထိပ်ဆုံး ဆယ်ယောက်က ပြိုင်ပွဲမှာ မပါဝင် နိုင်တာမို့၊ ... ”
“ .... ဒီနေရာမှာ ယန်းရှောင်က အသန်မာ ဆုံးပါပဲ၊ သူ့အပေါ် ဘယ်သူ ကမှ စော်ကား လိုစိတ် မရှိ ကြဘူး၊ အဲ့ဒါ ကြောင့် သူ့မှာ မာန ကြီးဖို့ အရည် အချင်း ရှိတယ်။ ”
သို့သော် ဘိုင်ရီက ကြောက်ရွံ့ခြင်း မရှိဘဲ၊ ခွံ့တုန့် ပြန်ရန် ပြင်လိုက် ချိန်မှာပင်၊ အလင်း တန်းများ လွှမ်းခြုံလျက် ပုံရိပ် သုံးရိပ် ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။
ထိုလူရိပ် များမှာ ခရမ်းရောင် ၀တ်ရုံကို ၀တ်ဆင် ထားသော၊ တန်ယုနှင့် ယုမူတို့ ဖြစ်ပြီး၊ ဝတ်ရုံဖြူ အဖိုးအို တစ်ဦးအား ခြံရံ လျက်၊ ဆင်းသက် လာခြင်း ဖြစ်သည်။
ထိုအဖိုးအို ထံမှ နားမလည် နိုင်သော အရိပ် အယောင်များ ယိုစိမ့် ကျနေ ပေသည်။
“ ဌာနမှူး ... ။ ”
လူတိုင်းက တအံ့ တဩ ရေရွတ်ကာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။ ယန်းရှောင်ပင် အံ့သြသွား မိ၏။
ဤတစ်ကြိမ်တွင် ပန်းဘုရင် ပေါ်လာ နိုင်မည်ဟု ခန်းမှန်း နိုင်သော်လည်း၊ ၎င်းမှာ ဌာနမှူး အာရုံကို ဆွဲဆောင်ရန်၊ မထိုက် တန်ချေ။
“ မင်္ဂလာပါ ဌာနမှူး။ ”
လူတိုင်းက လက်ဝေ့ ယမ်းကာ၊ နှုတ်ဆက် လိုက်ကြ သည်။
“ ငါရဲ့ အချိန် တိုင်းကို ကျင့်ကြံ နေခဲ့တာ များ ပါတယ်၊ ဒါနဲ့တောင် မင်းတို့ အားလုံးက၊ ငါ့ကို မှတ်မိ ကြလို့၊ အံ့သြမိ ပါတယ်။ ”
ဝတ်ရုံဖြူ အဖိုးအိုက ပြုံးရယ်လျက် ပြန် နှုတ်ဆက် လိုက်၏။ ဖော်ရွေပုံ ပေါက်ပြီး၊ အသံက ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားနိုင်သည်။
“ ဒီတစ်ခေါက် ပြိုင်ပွဲ ကတော့ အရင် လိုပါပဲ၊ ကိုယ့်အရည် အချင်းပေါ် မူတည်ပြီး ပြိုင်ကြ ရမယ်၊ ဒါပေမယ့် ...”
ဌာနမှူးက စကားကို ခေတ္တ ရပ်လိုက်ပြီး၊ လူအုပ် ကြီးက သူ့စကား အပေါ်၊ စိတ်ဝင် စားမှု ရှိ မရှိ ဝေ့ကြည့် လိုက်သည်။
ထို့နောက် လူတိုင်း တိတ်ဆိတ် သွားချိန် ကြမှ သာလျှင်၊
“ ငါသာ မှန်ရင် ... ဒီတစ်ကြိမ် ပန်းဘုရင် လို့ ခေါ်တဲ့၊ ပွင့်ချပ် ကိုးချပ် ယင်ပန်း ပေါ်လာ သင့်တယ် မဟုတ်လား။ ”
ဝတ်ရုံဖြူ အဖိုးအိုက သဘော ကျစွာဖြင့်၊ တဟားဟား အော်ရယ် လိုက်ပြီး၊
“ ဒီတော့ ပန်းဘုရင်ကို ရယူ နိုင်တဲ့၊ လူ အတွက်၊ စတုတ္ထတန်း မှော်ဆေးလုံး တစ်လုံးကို ငါကိုယ်တိုင် သန့်စင် ပေးပါ့မယ်။ ”
“ စတုတ္ထတန်း မှော်ဆေးလုံး။ ”
ဌာနမှူး၏ ကြေငြာ သံကြောင့်၊ လူတိုင်း တုန်လှုပ် သွား ကြသည်။ နက်နဲ ယင် ဆေးလုံးကို၊ တတိယတန်း မှော်ဆေးလုံး အဖြစ်သာ၊ မှတ်ယူ နိုင်သည်။
ထို့ကြောင့် စတုတ္ထတန်း မှော်ဆေးလုံးမှာ မည်မျှ တန်ဖိုး ရှိမည်ကို၊ သဘာဝ အတိုင်း ခန့်မှန်း နိုင်၏။
စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် များကသာ၊ စတုတ္ထတန်း ဆေးလုံး များကို သန့်စင် ပေးနိုင်ပြီး၊ နေသာ စီရင်စု မြို့တော် တွင်ပင်၊ သန့်စင် ပေးနိုင်သူ အရေ အတွက်မှာ၊ အများ အပြား မရှိချေ။
ဌာနမှူးက ၎င်းကို အထူး ဆုလာဘ် အဖြစ် သန့်စင် ပေးမည် ဖြစ်သည်။ သို့သော် သိပ်မကြာ ခင်မှာပင်၊ လူတိုင်းက ကူကယ်ရာ မဲ့စွာ ပြုံးသွားပြီး၊ ယန်းရှောင်ကို ပြန်ကြည့် လိုက်၏။
မည်သို့ပင် ဆိုစေ ကာမူ၊ စတုတ္ထတန်း မှော်ဆေး လုံးမှာ၊ ယန်းရှောင် အတွက်သာ ဖြစ်လာ ပေမည်။
အမာခံ တပည့် အနည်းငယ် သည်သာ၊ တွေဝေ ခြင်းများဖြင့်၊ အချင်းချင်း ပြန်ကြည့် လိုက်သည်။
လူများ စွာ၏ မျက်လုံး များတွင်၊ လောဘ များကို မြင်လိုက်ရ သဖြင့်၊ ယန်းရှောင် တစ်ယောက် ရက်စက်သော အပြုံးကို၊ ပြသ လိုက်လေသည်။
ခွန်အား မပြည့် မီသော သူတို့ ကိုယ်သူ တို့သာ အပြစ် တင်နိုင် ပေမည်။ အကယ် ၍သာ သူ့ ထံမှ ပန်းဘုရင်ကို၊ အမှန် တကယ် လုယူရန် ကြိုးစား လာပါက၊ ၎င်းတို့အား မေ့မရ နိုင်သော သင်ခန်းစာ တစ်ခု၊ သင်ကြား ပေးမည် ဖြစ်သည်။
“ ဒါဆို ငါတို့ စလိုက် ရအောင်။ ”
ဌာနမှူးက ပြုံးကာ ဆိုလိုက်သည်။ သိပ်မကြာခင် မှာပင် မြူခိုးများ လွင့်ပါး လာပြီး၊ လူတိုင်း ရှေ့၌ ရေကန် တစ်ကန် ထွက်ပေါ် လာ၏။
ရေကန်ကို မြင်လိုက် ရသည်နှင့်၊ ကန်အစပ်ရှိ တပည့် တိုင်း၏ မျက်လုံးများ မီးဝင်းဝင်း တောက်လာသည်။
သို့သော် ဤအခိုက် အတန့်တွင် မှုန်ဝါးဝါး နိုင်နေဆဲ ဖြစ်သော ရေကန်ကြီး ပေါ်သို့ ရွှေရောင် အလင်းတန်း တစ်ခု ကျဆင်း လာသည်။
ပုံမှန် အားဖြင့် ဤတောင်ထိပ်သို့ နေရောင်ခြည် မဝင် ရောက်နိုင် သောကြောင့်၊ လူတိုင်းက မျက်မှောင် ကြုတ်လိုက် ကြသည်။
မိုးကုပ် စက်ဝိုင်း အစပ် ဆီမှ ရွှေရောင် ပုံရိပ်ကြီး တစ်ရိပ်၊ တရွေ့ရွေ့ ပျံသန်း လာလေ သည်။
ထိုပုံရိပ်ကို ခြံရံ ထားသော ရွှေရောင် အလင်းတန်း များမှာ၊ အလွန် တောက်ပ နေသဖြင့်၊ လူများ စွာက မျက်လုံးများ မှိတ်လိုက် ရသည်။
“ အဲဒါ ဘယ်သူလဲ။ ”
အားလုံး အံ့အားသင့် နေချိန် မှာပင်၊ ထိုအရိပ်က မြူခိုး အတွင်း ဖြတ်လျက်၊ မှုန်ကုပ် ကုပ်ဖြင့် မြေပြင်ပေါ် ဆင်းသက် လာသည်။
နောက်ထပ် ရောက်ရှိ လာသော လူသစ်ကို ကြည့်ကာ၊ လူအုပ် ကြီးမှာ တိတ်ဆိတ် သွား တော့သည်။
“ ငါ နောက်ကျ နေပြီ ထင်တယ်။ ”
အပြာရာင် ဝတ်ရုံ ပေါ်ရှိ ဖုန်မှုန့် များကို ခါထုတ် လိုက်ပြီး၊ ရေကန်အား တစ်ချက် ကြည့်ကာ၊ ညည်းတွား လိုက်လေသည်။
***