ငါ လာခဲ့မယ်။
Vol. 39 Ch. 540
ပန်းပြိုင် ပွဲသို့ အမှန် တကယ် လာဝံ့သော လင်းယွန်ကြောင့် လူတိုင်း အံ့သြ သွားကြသည်။
ဤလင်းယွန်မှာ ယန်းရှောင်ကို ဂရု မစိုက်ခဲ့ သည်လော။
“ ဒီကောင် ... ။ ”
ဂူဖန်း တစ်ယောက် ထိတ်လန့် သွားသော် လည်း၊ ချက်ချင်း ဝမ်းသာ လာမိ ကြသည်။ လင်းယွန်၏ မောက်မာသော စိတ်ထား အရ၊ ယန်းရှောင်နှင့် ပဋိပက္ခ အပေါ်၊ ရှောင်လွှဲ နိုင်စရာ နည်းလမ်း မရှိချေ။
ထိုအချိန်တွင်၊ လင်းယွန်ကို ပြန်လည် နင်းခြေရန် အခွင့် အရေး ရှိလာ ပေလိမ့်မည်။ ၎င်းအား တွေးကြည့် ရုံဖြင့် ကြည်နူး လာစေ ၏။
တစ်ချိန်တည်း မှာပင်၊ အထွတ် အထိပ် ယင် အဆင်တွင် ရှိသော၊ အခြား အမာခံ တပည့် နှစ်ယောက်က၊ ယန်းရှောင်ထံ ပျက်ချော်ချော် လှမ်းကြည့် လာသည်။
၎င်းတို့ နှစ်ဦးမှာ ချင်းဝမ်ရှောင်နှင့် လုကျန်း တို့ ဖြစ်၏။
ယန်းရှောင်မှာ ထိုသူ နှစ်ဦး၏ အကြည့်ကို ဂရု မစိုက် အားဘဲ၊ လင်းယွန် အပေါ် အံ့အား သင့်မိ သော်လည်း၊ များမကြာ မီပင် မျက်နှာ ပေါ်၌ အပြုံးများ ထွက်ပေါ် လာသည်။
သတ်ဖြတ်ခြင်း ရောင်ဝါကို ဖုံးကွယ်ခြင်း မပြုဘဲ၊ လင်းယွန်ထံ စိုက်ကြည့် လိုက်၏။
ကျောရိုး တစ်လျှောက် ချက်ချင်း အေးစက် လာ သော်လည်း၊ လင်းယွန်က ထိတ်လန့် သွားခြင်း၊ မရှိချေ။
အပြုံး ဖြင့်သာ ယန်းရှောင်ကို၊ ပြန်ကြည့် လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဆုံချိန်တွင်၊ လေထဲ၌ လှိုင်းများ ရိုက်ခတ် သွားသည်။
လင်းယွန်၏ ရဲစွမ်း သတ္တိကြောင့်၊ လူ အများ အံ့အား သင့်ခဲ့ ကြသည်။ ယန်းရှောင်မှာ ယန် အဆင့်သို့ အချိန် မရွေး ဝင်ရောက် နိုင်သည်။
တခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ ယန်းရှောင်၏ အကြည့်ကို ခံယူ ရချိန်၌၊ ကြောက်လန့် တကြား ခေါင်းငုံ့ ထားမိမည် ဖြစ်သည်။
“ ဒီကောင် လေးလား။ ”
ဝတ်ရုံဖြူ အဘိုးအိုက လင်းယွန် မျက်နှာကို၊ စိတ်ဝင် တစား လှမ်းကြည့်ပြီး၊ တန်ယုနှင့် ယုမူ ဘက်သို့ လှည့်မေး လိုက်သည်။
“ ဟုတ်တယ် သူပဲ။ ”
တန်ယုက ခေါင်းညိတ် ပြ၏။ ဝတ်ရုံဖြူ အဖိုးအိုက မုတ်ဆိတ် မွေးများ ပွတ်သပ် လျက်ဖြင့်၊
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဧည့် သင်းထောက် တစ်ဦးက၊ တကယ်ပဲ လွန်လွန် ကဲကဲ ပြုမူ ဝံ့တယ်လား၊ သူ့မှာ ဘယ်လို စွမ်းဆောင် ရည်မျိုး ရှိလဲ ဆိုတာ သိချင် မိပြီ၊ နောက်မှ ယန်းရှောင်က သူ့ကို အနိုင် ကျင့်ရင်၊ မင်းတို့ နှစ်ယောက်ကို ကူညီခွင့် မပေးဘူး။ ”
“ ဒါက သိပ် အဆင် ပြေမယ် မထင်ဘူး။ ”
ယုမူက စိုးရိမ် တကြီး ဆိုသည်။ ယန်းရှောင်ကို လင်းယွန် အနိုင် ယူနိုင် လိမ့်မည်ဟု၊ မထင်ခေျ။
ထို့အပြင် ၎င်းတို့၏ အသက် အရွယ် များကြား၊ ကွာဟချက် ကြီးမား လေသည်။
“ ငါ့ ဆုံးဖြတ် ချက်ပဲ။ ”
ဝတ်ရုံဖြူ အဘိုးအိုက ပြုံးကာ၊ ထပ်မံ ပြောလာသည်။ သူ့ လေသံက သံသယ ဖြစ်စရာ မရှိအောင် ပြတ်သား နေသည်။ ရေကန်ကို မျှော်ကြည့်ပြီး၊
“ ဒီကလေးတွေ ဘာကို စောင့်နေ တာလဲ။ ”
ယင် ဝိညာဉ် အနှစ် သာရများ၊ ရေကန် အောက်ခြေမှ စတင် ထွက်ပေါ် လာသည်နှင့် အမျှ၊ ချက်ချင်းပင် ရေကန် တစ်ဝိုက် ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။
ဝတ်ရုံဖြူ အဘိုးအို၏ စကားကြောင့်၊ လင်းယွန်နှင့် ယန်းရှောင်တို့ အပေါ် အာရုံကျ နေသော လူအုပ် ကြီးမှာ၊ ရုတ်ချည်း လှုပ်ရှား လာတော့သည်။
တန်ယုနှင့် ယုမူ တို့က လေးနက်သော အမူ အရာ များဖြင့်၊ တိတ်ဆိတ်စွာ ကြည့်ရှု မိသည်။
နောက်ဆုံးတွင်၊ သူတို့၏ အကြံ အစည်မှာ၊ မိုက်မဲ လွန်းပြီး၊ လင်းယွန် တစ်ယောက် ယန်းရှောင်ကို မကျော် နိုင်ခဲ့ ပါက၊ အရာ အားလုံး ပျက်စီး သွားမည် ဖြစ်သည်။
ရေကန် အနားတွင် မရေတွက် နိုင်သော တပည့် များက ရပ်ကြည့် နေကြသည်။
အဆိုပါ လူအုပ် ထဲတွင်၊ တည်ငြိမ်စွာ စောင့်ကြည့် နေသူ ဆယ်ဦး ရှိပြီး၊ ၎င်းတို့ အတွင်း မိန်ဇီယန် တစ်ယောက်လည်း၊ အပါ အဝင် ဖြစ်သည်။
သူက လင်းယွန်ကို ပြုံးပြုံးကြီး လှမ်းကြည့် လိုက်၏။ သူစီစဉ် ထားသည့် အတိုင်း ဖြစ်လာ ခဲ့လေပြီ။
ရုတ်တရက် တစ်စုံ တစ်ရာကို သတိ ရသွားကာ၊ မျက်လုံးများ ထောင့်ကပ် လိုက်ပြီး၊ မိုလင်းထံ ခိုးကြည့် မိသည်။
တစ်ဖက် လူမှာ ယခု အချိန် အထိ တည်ငြိမ်စွာ ရပ်နေ နိုင်သေးသည်။ လင်းယွန်သာ အရှက်ခွဲ ခံရ ပါက၊ သူမ အနေဖြင့်၊ မည်သို့ တုံ့ပြန် လာမည်ကို၊ သူ တကယ် သိချင် လှ၏။
ပြိုင်ပွဲဝင် တပည့် များက ရေကန် ပေါ်သို့ ဆင်းသက် လိုက်စဉ်၊ ပြင်းထန်သော လှိုင်းလုံးကြီး တစ်ခု၊ ရေကန် အောက်ခြေမှ ချက်ချင်း ထွက်ပေါ် လာခဲ့သည်။
ရေကန် အောက်တွင် အိပ်ပျော် နေသော နတ်ဆိုး သားရဲများ နိုးထ လာခြင်း ပေပင်။
သို့သော် ထိုနတ်ဆိုး သားရဲ များ၏ အသွင် အပြင်က၊ တပည့် များကို တုန်လှုပ် သွားစေခြင်း မရှိ ခဲ့ချေ။
ဤသို့သော နေရာ မျိုးတွင်၊ နတ်ဆိုး သားရဲများ ရှိနေ ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
များမကြာ မီတွင်၊ တပည့် များနှင့် နတ်ဆိုး သားရဲ များကြား၊ တိုက်ပွဲများ စတင် ဖြစ်ပွား လာကြပြီး၊ ရုတ်တရက် ပရမ်း ပတာ အခြေ အနေ များကြောင့်၊ ရေကန်မှာ လှိုင်းထန် သွားသည်။
“ ဒီရေကန်က တကယ့်ကို ကြီးမား တာပဲ။ ”
ရေကန် တစ်လျှောက် ပျံ့နှံ့ နေသော တိုက်ပွဲ များကို ကြည့်ကာ၊ လင်းယွန်က ပြုံးလျက် သူ့ သွေးများ ပွက်ပွက် ဆူလာ၏။
“ အားစိုက်ဖို့ အချိန် တန်ပြီ။ ”
ခရမ်းရောင် ပန်း ပွင့်လာ သည်နှင့်၊ မူလ စွမ်းအင် များကို ညာလက် ထဲသို့ စုစည်း စေလိုက်ကာ၊ လက်ညှိုးအား တောက်ထုတ် လိုက်သည်။
ချက်ချင်းပင် ငွေရောင် ဓားတစ်စင်း ထွက်ပေါ် လာပြီး၊ သူ သွားရာ လမ်း တစ်လျှောက်ရှိ၊ နတ်ဆိုး သားရဲ များ၏ ဦးခေါင်း များကို ထိုးဖောက် ပစ်လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ ရွှေကျီးကန်း တံဆိပ် သူ့ နောက်၌ ပွင့်ထွက် လာသည်။
“ ဘယ်လောက်တောင် သိပ်သည်း လိုက်တဲ့ ဝိညာဉ် စွမ်းအင် တွေလဲ။ ”
အနည်းငယ် လမ်းရှင်းသွား သည်နှင့်၊ ရေကန် အလယ်သို့ မျှော်ကြည့်ကာ၊ အသက် ပြင်းပြင်း ရှူလျက် ရရွတ် လိုက်သည်။
၎င်းအရပ် ဆီ၌ မြင့်မြတ်သော ယင်ပန်း ထွက်ပေါ် လာမည် ဖြစ်ရာ၊ သဘာဝ အတိုင်း ထိုနေရာထံ ခရီးဆက် ရပေမည်။
သို့သော် ရေကန် အောက်ခြေတွင်၊ ပုန်းကွယ် နေသော နတ်ဆိုး သားရဲ များက၊ သူ့ကို ခေါင်းကိုက် စေသည်။
အဆိုပါ နတ်ဆိုး သားရဲ များမှာ၊ ခြိမ်းခြောက် နိုင်ခြင်း မရှိ သော်လည်း၊ အရေ အတွက် ကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရ၏။
ကောင်းကင်ပေါ် ခုန်တက်ကာ၊ ခေတ္တမျှ ပျံဝဲ ပြီးနောက်၊ အရှိန် ပြင်းပြင်းဖြင့်၊ လက်သီး တစ်လုံး ပစ်ထုတ် လိုက်သည်။
လက်သီး ဆီမှ နဂါး ကိုးကောင် ချက်ချင်း ပြေးထွက် လာပြီး၊ သူ့ ရှေ့ရှိ နတ်ဆိုး သားရဲ များကို ဆုတ်ဖြဲ ပစ်လိုက် တော့သည်။
“ နဂါး ပန်းချီ။ ”
ကျားနဂါး လက်သီးမှာ၊ အားနည်း သွားပြီ ဖြစ်သော်လည်း၊ ဤနတ်ဆိုး သားရဲ များကို ကိုင်တွယ်ရန်၊ လုံလောက် သည်ထက် ပိုနေ သေးသည်။
လင်းယွန်က မျက်ခုံး ပင့်တင် လိုက်ကာ၊ ပွင့်သွားသော လမ်းတစ်လျှောက် လျင်မြန်စွာ၊ ပျောက်ကွယ် သွားခဲ့သည်။
သူ လှုပ်ရှား လိုက်သည်နှင့်၊ ပတ်ဝန်းကျင်ရှိ အတွင်း တပည့် များမှာ၊ ခဏချင်း ပြတ်ကျန် ကုန်သည်။
အချိန် အနည်းငယ် အတွင်း မှာပင်၊ အားနည်းသော အတွင်း တပည့် များက နတ်ဆိုး သားရဲများ အတွင်း ပိတ်မိ လာ၏။
ထို့နောက်တွင်၊ ဤနေရာရှိ ဝိညာဉ် အဆီ အနှစ် သည်သာ၊ ၎င်းတို့ အတွက် သင့်လျော်သော ရိတ်သိမ်းမှု တစ်ခု ဖြစ်သည်။
သူတို့ ရှေ့တွင် တလှုပ်လှုပ် ရွေ့လျား နေသော သူများမှာ၊ အတွင်း တပည့် များ အတွင်း ၌ပင်၊ အထက် တန်းစားများ ဖြစ်လေ သည်။
အမာခံ တပည့်များ အတွက်မူ၊ မြှားတစ်စင်း ကဲ့သို့ ရေကန် အလယ်ဆီ ပြေးဝင် နေကြ၏။ သူတို့၏ ပန်းတိုင်မှာ မြင့်မြတ်သော ယင်ပန်း များသာ ဖြစ်သည်။
ယခု အချိန်တွင် အမာခံ တပည့် များနှင့်၊ အတွင်း တပည့် များကြား ကွာခြား ချက်ကို ပြတ်ပြတ် ထင်ထင် မြင်နေရ ပေသည်။
တစ်နာရီ ခန့်ကြာ ပြီးနောက်၊ လင်းယွန် အနေဖြင့် သန်မာသော ဖိအားကို ရုတ်တရက် ခံစား လိုက်ရသည်။
ရေကန် အလယ် ဗဟိုရှိ ကျွန်းငယ်လေး တစ်ခု၏၊ ကောက်ကြောင်းကို ခပ်ရေးရေး မြင်နိုင်သည်။
ကျွန်းငယ် ပတ်ပတ် လည်ရှိ ရေပြင်မှာ၊ ငြိမ်သက် နေပုံရ သော်လည်း၊ ထုတ်လွှတ် ထားသော ဖိအား အရ၊ အလွန် ကြီးမားသော တောင်ကြီး တစ်လုံး ကဲ့သို့၊ ခံစား လာရ စေသည်။
သိပ်သည်း လှသော ဝိညာဉ် စွမ်းအင် များက၊ သူ့ အပေါ် ကြီးမားသော ဖိအားများ ပေးစွမ်း နိုင်သည်။
မူလ စွမ်းအင်ကို စုဆောင်း လိုက်ပြီးနောက်၊ နတ်ဘုရား ပုံရိပ်ယောင် လက်ညိုးကို ထပ်မံ ထုတ်လွှတ် လိုက်၏။
ငွေရောင် စွမ်းအင် ဓားမှာ၊ သူ့ထံ ပြေးဝင်ရန် အားယူ နေသော၊ နတ်ဆိုး သားရဲကြီး တစ်ကောင်ကို ပျံသန်း သွားစေ ခဲ့ပြန်သည်။
သို့သော် ထိုနတ်ဆိုး သားရဲမှာ၊ ယခင် သားရဲ များ ကဲ့သို့ သေဆုံး သွားခြင်း မရှိချေ။
ထို့ကြောင့် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက် သော်လည်း၊ အဆိုပါ နတ်ဆိုး သားရဲ ကြီးက၊ ရုတ်တရက် ကောင်းကင် ယံ၌၊ အစိတ်စိတ် အမွှာမွှာ ကွဲသွား လေသည်။
ထို့နောက်တွင် အမာခံ တပည့် ဝတ်စုံဖြင့်၊ လူတစ်စု ထွက်ပေါ် လာတော့၏။ ၎င်းတို့ အားလုံးမှာ၊ အလယ် အလတ် ယင် အဆင့်တွင် ရှိနေ ကြသည်။
အခြား တပည့် များက ဤမြင်ကွင်းကို အဝေးမှ လှမ်းမြင်သော အခါတွင် သံသယ စိတ်များ ဝင်ရောက် လာကြသည်။
လင်းယွန်ပင် ထိုသူ တို့ကို တစ်ချက်ကြည့် လိုက်ပြီး၊
“ မင်းတို့ကို ငါ မသိဘူး။ ”
-ဟုဆို လိုက်မိ၏။
“ ငါတို့ကို မသိလည်း အရေး မကြီး ပါဘူး။ မင်းဘယ် သူ့ကို ရန်စ ခဲ့လဲ ဆိုတာသာ အရေးကြီး ပါတယ်။ ”
အဖွဲ့ကို ဦးဆောင် လာသော အမာခံ တပည့်က လှောင်ပြောင် လိုသော အကြည့်ဖြင့်၊ ပြန်ဖြေ လိုက်သည်။ သူ့ နာမည်မှာ ဟွမ်လင်း ဖြစ်ပြီး ခွန်အား အရ၊ ဂူဖန်းထက် အများကြီး ပိုသန်မာ ပေသည်။
ထို့ပြင် အမာခံ တပည့်များ ကြားတွင် ပင်၊ ကောင်းမွန်သော ပုံရိပ်ကို ပိုင်ဆိုင် ထားသည်။
“ စီနီယာ အစ်ကို မိန်က ဒီအမှိုက်ကို ကိုင်တွယ် ဖြေရှင်းဖို့၊ ဘာတွေ စဉ်းစား ရကြပ် နေလဲ ဆိုတာကို တွေး မရဘူး၊ ... ”
“ ... ကဲ နက်နဲ ယင်ဆေး ပုလင်း ငါးပုလင်းကို၊ မင်းကိုယ်တိုင် လွှဲပြောင်း ပေးမလား၊ ငါ ကိုယ်တိုင် လာယူရ မလား၊ ... ”
“ ... ဒီလိုမှ မဟုတ်ရင် ယန်းရှောင် လက်ထဲ ရောက်သွားတဲ့ အခါ၊ မင်းရဲ့ ရလာဒ်က ကောင်းလာမယ် မထင်ဘူး။ ”
အမာခံ တပည့် တစ်ယောက်က၊ ရှေ့တိုး လာပြီး ရယ်မောကာ ဆိုသည်။
အနီး နားရှိ တပည့် များက၊ 'စီနီယာ အစ်ကို မိန်' ဟူသော နာမ်စားကို ကြားသော အခါ၊ မိန်ဇီယန် အား သတိရ သွားသည်။
အကယ် ဒမီတွင် ထိုကဲ့သို့ ရည်ညွှန်း ပြောဆို နိုင်သော လူ၊ တစ်ဦး တည်းသာ ရှိပေသည်။
ထို့ကြောင့် လင်းယွန်ကို ကြည့်သော အကြည့်များ ပြောင်းလဲ သွား၏၊ ဤသင်း ထောက်မှာ၊ မိန်ဇီယန်ကို အမှန် တကယ် စော်ကား ခဲ့ကြောင်း သိလိုက် ရသည်။
မိန်ဇီယန် ဆိုသည်မှာ ‘ယန်’ အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ နေသာ စီရင်စု မြို့တော် တစ်ခုလုံး တွင်ပင်၊ သူ့ ခွန်အားမှာ အဆင့် သတ်မှတ် ချက်ထဲ ဝင်နိုင်၏။
သို့သော် လူတိုင်း မျက်စိအောက် တွင်ပင်၊ လင်းယွန် ထံမှ ကြောက်မက် ဖွယ်ရာ အငွေ့ အသက်များ၊ ရုတ်တရက် ပေါက်ကွဲ ထွက်လာ လေသည်။
ထိုအငွေ့ အသက် များကြောင့်၊ ရေမျက် နှာပြင်တွင် လှိုင်းထ လာပြီး၊ အအေး ဓာတ်များ ပျံ့နှံ့ ကုန်၏။
“ အလယ် အလတ် ယင်အဆင့်။ ”
လင်းယွန်၏ အငွေ့ အသက်ကို အာရုံခံ လိုက်ပြီးနောက်၊ လူတိုင်း အံ့အား သင့်သွား ကြသည်။
၎င်းအရှိန် အဝါမှာ ဟွမ်လင်းတို့ အဖွဲ့ ထက်ပင်၊ ပို၍ အားကောင်း နေခဲ့သည်။
လွန်ခဲ့သော လဝက် ခန့်က၊ ခရမ်းရောင် နန်းတော် နယ်မြေ ထဲသို့၊ ဝင်ရောက် ခဲ့ရုံ မျှသာ ဖြစ်သော် လည်း၊ ယခု အချိန်၌ အလယ် အလတ် ယင် အဆင့် ထိတိုင်၊ ရောက်ရှိ လာပြီ ဖြစ်သည်။
မဟာချင် အင်ပါ ယာက လာသည် ဟူသော သတင်းများ အပေါ်၊ သံသယ ဝင်စရာ ပေပင်။
ဟွမ်လင်းက ရုတ်တရက် ခြေလှမ်း များကို ရပ်တန့် လိုက်ကာ၊ မျက်နှာ ပြောင်းလဲ သွားသည်။ ထိတ်လန့်မှု အနည်းငယ် ဝင်ရောက် လာ၏။
တစ်ဖက် တွင်မူ တောက်ပသော အပြုံး တစ်ပွင့် နှင့် အတူ၊ လင်းယွန်က ရှေ့တစ်လှမ်း တိုးလိုက် ပြီး၊
“ ဘာလို့ ရပ်လိုက် တာလဲ၊ ငါ့လို 'အမှိုက်' တစ်စ ကြောင့်၊ မင်းတို့တွေ ညစ်ပေ ကုန်မှာ ကြောက်နေ လို့လား၊ ဒါဆိုလည်း ငါကိုယ်တိုင် လာပေး ပါရစေ။ ”
-ဟု ဆိုကာ၊ ဟွမ်လင်းတို့ အဖွဲ့ ဆီသို့ ပြေးဝင် သွားတော့ သည်။
***