← Chapters

ဝိညာဉ် စွမ်းအင်မိုး။

Vol. 39 Ch. 541

ဝိညာဉ် စွမ်းအင်မိုး။

Vol. 39 Ch. 541

ရေကန် အစပ်တွင် အမာခံ တပည့် ဆယ်ယောက်က ပြိုင်ပွဲကို၊ စောင့်ကြည့် နေကြ သည်။

၎င်းတို့၏ ကျင့်ကြံ မှုဖြင့် အချက် အလက် တိုင်းကို၊ သဘာဝ အတိုင်း အသေးစိတ် ဖမ်းယူ နိုင်၏။

ထို့ကြောင့် ဟွမ်လင်းနှင့် အဖွဲ့၊ လင်းယွန်အား ပိတ်ဆို့ ထားသည်ကို၊ ချက်ခြင်း သတိ ပြုမိ လိုက်သည်။

ခဏ အကြာတွင် ထိုတပည့် များ၏ မျက်ဝန်း များမှာ၊ မိန်ဇီယန် ဘက်ကို ပြိုင်တူ လှည့်ကြည့် လာကြသည်။

ဟွမ်လင်းနှင့် မိန်ဇီယန် တို့ကြား၊ ဆက်ဆံ ရေးကို လက်တွေ့ ကျကျ၊ သူတို့ သိရှိ ထားလေ သည်။

“ မိန်ဇီယန်၊ မင်းမှာ လှည့်ကွက်တွေ အများကြီး၊ ရှိပုံ ရတယ်။ ”

လှောင်ပြောင် လိုဟန်ဖြင့်၊ မိုလင်း မျက်နှာမှာ အေးစက် သွားလေသည်။ မိုလင်း၏ လှောင်ပြောင် လိုသော အမူ အရာကို၊ စိတ်မ၀င် စားနိုင်ဘဲ၊ လင်းယွန်ထံ စူးစိုက် ကြည့်လျက်မှ၊

“ ဘာလို့လဲ၊ ဒီကောင် အတွက် နာကျင် နေတာလား၊ ရေကန် ထဲက ရန်ပွဲ တွေကို၊ ဘယ်သူ ကမှ ဝင်စွက် ဖက်လို့ မရတာ စိတ်မကောင်း စရာ ပါပဲ။ ”

“ ဟမ် ...။ ”

ထိုအခိုက် အတန့်တွင် အခြားသော အမာခံ တပည့် များက၊ လင်းယွန်ကို အံ့သြစွာ ပြန်ကြည့် နေ ကြ၏။

ယင်းအမူအရာ များကြောင့်၊ မိန်ဇီယန်၏ အာရုံမှာ တိုက်ပွဲ ဆီသို့၊ ချက်ချင်း ပြန်ရောက် သွားသည်။

လင်းယွန် ပတ်ပတ် လည်ရှိ ရေကန် မျက်နှာ ပြင်မှာ၊ ပွက်ပွက်ဆူ လာပြီး၊ အဝေး မှပင် ပြင်းထန်သော ရောင်ဝါကို ခံစား နိုင်သည်။

( အလယ် အလတ် ယင် အဆင့်။ )

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

မိန်ဇီယန် တစ်ယောက်၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း မည်းမှောင် သွားသည်။

“ ဒါက ဂျူနီယာ မောင်လေး မိန်ရဲ့၊ နက်နဲ ယင်ဆေးလုံး ကျေးဇူးကြောင့် ဖြစ်နိုင်မယ် ထင်တယ်၊ အဲ့ဒီ ယင်ဆေးလုံး ငါးလုံးသာ မရှိရင်၊ ဒီလို အောင်မြင်ဖို့ မဖြစ် နိုင်ဘူး။ ”

မိုလင်းက ပြုံးလျက် ဆိုလိုက်ရာ၊ အခြားသော အမာခံ တပည့် များက စူးစမ်း ဟန်ဖြင့်၊ မိန်ဇီယန်ကို လှည့်ကြည့် လိုက်ကြသည်။

မိန်ဇီယန် အနေဖြင့်၊ တွင်းတူးကာ ပုန်းအောင်း ပစ်ချင် လေပြီ။ လင်းယွန်အား သူပေး ခဲ့သော ဆေးပုလင်း ငါးလုံး ကြောင့်၊ ပါးစပ် ပိတ်ထား ရမည့်ပုံ ဖြစ်နေ၏။

“ ဒါဆို သူက အလယ် အလတ် ယင် အဆင့်မှာ ရှိနေ ရင်တောင်၊ ဟွမ်လင်းရဲ့ အဖွဲ့ကို အနိုင် ယူနိုင် မယ်လို့ ငါ မထင် ပါဘူး။ ”

-ဟု အေးစက်စွာ တုန့်ပြန် လိုက်သည်။

“ မင်းစိတ်ပျက် သွားမှာကို ငါကြောက် မိတယ်။ ”

မိုလင်းက အပြုံးဖြင့် ပြန်ပြောသည်။ လင်းယွန် ဆိုသည်မှာ၊ ကနဦး ယင် အဆင့် ခွန်အား နှင့်ပင်၊ အလယ် အလတ် ယင် အဆင့် ကျင့်ကြံ သူများ အပေါ်၊ အနိုင်ယူ နိုင်နေပြီ ဖြစ်သည်။

ယခု အလယ် အလတ် ယင် အဆင့်သို့ ရောက်ရှိ လာသော အခါတွင်၊ ဟွမ်လင်းနှင့် အဖွဲ့ကို ရှုံးနိမ့် စရာ နည်းလမ်း မရှိချေ။

လင်းယွန်၏ ခွန်အား အပေါ်၊ သူမ ယုံကြည် သည်။

တိုက်ပွဲ ရေပြင် တွင်မူ၊ လင်းယွန် တစ်ယောက် ဆွဲထုတ် လိုက်သော ဓား တစ်လက် ကဲ့သို့၊ ကောင်းကင်ပေါ် ခုန်တက် သွားသည်။

တစ်ဆက် တည်းမှာပင်၊ တံဆိပ် လေးခုအား ထုတ်ဖော် ပေါင်းစပ် လိုက်ပြီး၊ ဟွမ်လင်းထံ တိုက်ရိုက် တွန်းပို့ ပစ်၏။

“ ကောင်းကင် ခွဲဖွင့်မဲ့ လက်။ ”

လက်သီး ထဲတွင်၊ မူလ စွမ်းအင် အားလုံးကို လောင်းထည့်ကာ၊ ကောင်းကင်မှ ကျဆင်း လာသော တံဆိပ် လေးခုအား၊ ဟွမ်လင်းက ခုခံ လိုက်သည်။

လက်သီး နှစ်လုံး ထိပ်တိုက် တွေ့ဆုံ သွားပြီး နောက်၊ ဓား စွမ်းအင်ဖြင့် ဖန်တီး ထားသော ပေါင်းစပ် တံဆိပ်မှာ၊ ပြိုင်ဘက် လက်သီးကို ဆုတ်ဖြဲလျက်၊ ရင်ဘတ် ပေါ်သို့ ကျရောက် ပေါက်ကွဲ သွားသည်။

နံရိုးများ ကျိုးသွားကာ၊ ဟွမ်လင်း တစ်ယောက် သွေး တစ်လုတ် အန်လျက် လွင့်စင် လာရသည်။

သူ့ မျက်နှာမှာ ကြောက်စရာ ကောင်း လောက်အောင် ဖြူဖျော့ လာပြီး၊ မယုံ ကြည်နိုင်သော မျက်ဝန်း များဖြင့်၊ ပြန်လည် မော့ကြည့် လိုက်သည်။

အောင်မြင်မှု တစ်ခု ရယူ နိုင်ရုံဖြင့်၊ ဤမျှလောက် သန်မာ လာနိုင်စရာ နည်းလမ်း မရှိချေ။

“ မင်းကို အထက် တန်းစား တစ်ယောက် လို့ ငါထင် ခဲ့တာ ...၊ အခုတော့ မင်းက တကယ် ညံ့ဖျင်း လွန်းတဲ့ ကောင်ပဲ။ ”

သွေးအန် နေသော ဟွမ်လင်းကို တစ်ချက် ကြည့်ကာ၊ လင်းယွန်က နှာခေါင်း ရှုံ့လိုက်သည်။ သူ့ဘေး နားရှိ အဖော် များမှာ အကြောက် လွန် သွားပြီး၊ ရှေ့ တစ်လှမ်းပင် မတိုး ဝံ့တော့ချေ။

“ သွား ... သူ့ ဆေးလုံး တွေကို၊ ကောင်းကောင်း သုံးပါ့ မယ်လို့၊ မိန်ဇီယန်ကို ပြန်ပြောလိုက်၊ အမှိုက်တွေ ငါ့ဆီ ပို့မယ့် အစား၊ လိုချင်ရင် ကိုယ်တိုင် လာယူလို့။ ”

ဟွမ်လင်းမှာ ကျား-နဂါး လက်သီး ကိုပင်၊ လက်ခံ နိုင်ခြင်း မရှိ သောကြောင့်၊ သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်အား၊ ထုတ်ဖော် နေစရာ မလို ခဲ့ချေ၊

သခင့်ဓားဖြင့် ဆိုပါက၊ ချက်ချင်း သတ်ပစ် နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အား လျစ်လျူရှုကာ၊ ရေကန် အလယ်ကျွန်း ဆီသို့ ဆက်လက် ဦးတည် သွားခဲ့သည်။ လူပြက် တစ်အုပ်ကြောင့် ခရီးထောက် ရလေပြီ။

ထိုတိုက်ပွဲ အပေါ်၊ မသိ မသာ အကဲ ခတ်နေသော အခြား တပည့် များက အံ့သြ သွားသည်။ ဤသင်း ထောက်၏ ခွန်အား ကြောင့်၊ သူတို့အား မျက်စိ ပွင့်စေသည်။

ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့သည်သာ၊ ဤသူကို ကိုင်တွယ် ဖြေရှင်း နိုင်မည် ဖြစ်သည်။

လင်းယွန် အနေဖြင့်၊ တပည့် အများစု အပေါ်၊ နှောက်ယှက်ခြင်း မရှိ သော်လည်း အေးစက်သော အကြည့် များဖြင့်၊ သူ့အား စောင့်ကြည့် နေသည်ကို ခံစား နိုင်သည်။

၎င်းတို့ အနက် ပို၍ စူးရှသော အကြည့် တစ်စုံကြောင့် ပြုံးလိုက် မိသည်။ ယင်းမှာ မိန်ဇီယန် ဆီမှ ဖြစ်ပြီး၊ အမှိုက် အနည်းငယ်ဖြင့်၊ သူ့ကို ဟာသ လုပ်ချင် နေပုံ ရသည်။

ဟွမ်လင်း မဆိုနှင့်၊ ယန်းရှောင်ပင် သူ့အား တားနိုင်မည် မဟုတ်ချေ။ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွားလိုက်သည်။

ရှေ့တွင် ပြေးလွှား နေသော၊ လူအုပ်စု များကို ချက်ချင်း ဆိုသလို၊ ကျော်တက် ပစ် လိုက်သည်။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

“ ဒီကောင်က လူရော ဟုတ်သေး ရဲ့လား။ ”

သူတို့အား ရိပ်ခနဲ ဖြတ်ကေျာ် သွားသော၊ ရွှေရောင် အရိပ် ကြီးကို မော့ကြည့်ကာ၊ အံ့သြ ကုန် ကြသည်။

ဆယ့်ငါး မိနစ်ခန့် အကြာတွင်၊ ရှေ့ဆုံးမှ ပြေးလွှား နေသော လူအုပ်ကို၊ လိုက်မှီ သွား၏။

ထိုလူအုပ် နောက်တွင် ရှိနေဆဲ ဖြစ်သော် လည်း၊ ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့၏ ပုံရိပ် များကို လှမ်းမြင် နိုင်သည်။

“ ဒီကောင်တွေ အရမ်း မြန်တယ်။ ”

လင်းယွန်က ပြုံးကာ ညည်းတွား လိုက်သည်။ တစ်ဆက် တည်း မှာပင်၊ ဂေါင်မင်နှင့် ဘိုင်ရီကို လှမ်းမြင် လိုက်သော ကြောင့်၊ အံဩ သွားရသည်။

သို့သော် ဂေါင်မင်ကို ပေးခဲ့သော နက်နဲ ယင်ဆေးလုံးကို သတိ ပြန်ရ သွားကာ၊ ပြုံးရယ် လိုက်မိ ၏။ ၎င်းကို ဂေါင်မင် တစ်ယောက် ကောင်းကောင်း၊ အသုံး ချနိုင်ပုံ ရလေသည်။

ရည်ရွယ်ချက် ရှိရှိ အရှိန် လျှော့ကာ၊ လူအုပ်နှင့် ရောနှော လျှောက်လှမ်း လာခဲ့သည်။

နက်နဲ ယင်ပန်းများ မွေးဖွား ချိန်တွင်၊ သဘာဝ ဖြစ်စဉ်များ လိုက်ပါ လာမည်မှာ သေချာ သည်မို့၊ သူ အလျင် စလို မဖြစ် မိချေ။

ဤနေရာရှိ ဝိညာဉ် စွမ်းအင် များကို စုပ် ယူ နေသော၊ ရေဝဲကြီး တစ်ခု ရေကန် မျက်နှာပြင် ပေါ်၌၊ ဖြည်းညှင်းစွာ ဖြစ်ပေါ် လာသည်။

ထိုရေဝဲ အောက်တွင်၊ ကြမ်းတမ်းသော ရေစီးကြောင်း တစ်ခု ရှိနေသည်။ သတိ မမူ ပါက၊ နစ်မြုပ် သွားမည် ဖြစ်သည်။

ရုတ်တရက် မည်သည့် အရိပ် အယောင်မျှ မပြဘဲ၊ မိုးရေ စက်များ ရုတ်တရက် ရွာကျ လာရာ၊ ပြေးလွှား နေသော လူအုပ်ကြီးက ချက်ချင်း ရပ်တန့် လိုက်ကြသည်။

သူတို့ မျက်နှာများ ပေါ်တွင်၊ တက်ကြွသော အမူ အရာများ ပြည့်နှက် လာပြီး၊ ကောင်းကင်ကို မော့ကြည့် လာကြသည်။

“ ဝိညာဉ် မိုးရေ။ ”

“ ဒါက မြင့်မြတ်သော ယင်ပန်းတွေ ပေါ်လာ တော့မယ့် လက္ခဏာပဲ။ ”

မိုးရေ စက်များ ပို၍ ရွာကျ လာသည်နှင့် အမျှ၊ လူတိုင်း၏ စိတ်လှုပ် ရှားမှု များမှာ၊ အမြင့် ဆုံးသို့ ရောက်ရှိ ကုန်သည်။

မိုးရေ ချိုးခြင်းဖြင့် သူတို့ကိုယ် သူတို့ ပိုသန်မာ လာသည်ဟု ခံစား လိုက်ရ၏။

သိပ်မကြာခင် မှာပင်၊ များပြား လွန်းသော မိုးရေ များကြောင့်၊ ရေကန်ကြီး တစ်ခုလုံး လှိုင်းထန် လာသည်။

အေးစက်စက် အငွေ့ အသက် များက လေထုထဲ ပျော်ဝင် သွားပြီး၊ ထက်ရှသော ဓားများ သဏ္ဍာန် အရေပြား များကို ထိုးခွဲ လာကုန်၏။

မိုးရွာ ချကာ၊ လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ် နေသဖြင့်၊ မုန်တိုင်း အလယ်တွင် ရပ်နေမိ သကဲ့သို့၊ ခံစား လာရ စေသည်။

သို့သော် လူတိုင်းက ထက်သန်စွာ စောင့်မျှော် နေဆဲ ပေပင်။ သိပ်မကြာခင် ကောင်းကင်မှ ရေခဲ တုံးများ (မိုးသီး) ကြွေကျ လာ တော့၏။

“ မြင့်မြတ်သော ယင်ပန်း။ ”

အားလုံး၏ မျက်ဝန်းများ တောက်ပ လာသည်။ ထိုရေခဲတုံး များမှာ လေထုထဲ ဖြတ်လာစဉ် ပေျာ်ကျ လာပြီး၊ ပန်းတစ်ပွင့် သဏ္ဍာန် ဖြစ်တည် လာတော့၏။

ယန်းရှောင်၊ လုကျန်နှင့်၊ ချင်းဝမ်ရှောင် တို့မှာမူ၊ ၎င်းတို့အား တစ်ချက်သာ မော့ကြည့် လိုက်ပြီး၊ ရေကန်၏ အလယ် ဗဟို ဆီသို့၊ ဆက်လက် ပြေးဝင် သွားလေသည်။

သူတို့၏ ပစ်မှတ်မှာ တစ်ချိန်လုံး ပန်း ဘုရင်သာ ဖြစ်၏။

“ ပွင့်ချပ် ခုနစ်ချပ် မြင့်မြတ်သော ယင်ပန်း။ ”

တစ်ချိန်တည်း မှာပင် ၎င်းပန်း ပွင့်မှာ၊ ဘိုင်ရီ ထံသို့၊ ရုတ်တရက် လွင့်ဝဲ လာ၏။

မြင့်မြတ်သော ယင်ပန်း များမှာ ရှားပါး သောကြောင့်၊ ဘိုင်ရီ တစ်ယောက် ပြုံးရွှင် သွားမိသည်။

သူမကိုယ် သူမ ဤမျှ ကံကောင်း လိမ့်မည်ဟု မမျှော်လင့် ထားမိချေ။

“ ထွက် သွား စမ်း။ ”

လက်လှမ်း တော့မည့် အချိန် မှာပင်၊ မာကြော ရိုင်းစိုင်း လှသည့် အသွင်ဖြင့်၊ တပည့် တစ်ယောက်က သူမအား တွန်းဖယ် ပစ် လိုက်သည်။

မူလ စွမ်းအင် အတက် အကျ အောက်တွင်၊ ဘိုင်ရီ တစ်ယောက် နာကျင် စွာဖြင့်၊ လွင့်စင် သွားတော့သည်။

တစ်ချိန် တည်းမှာပင် သူမ ဆုပ်ကိုင် ထားခဲ့သော ‘ မြင့်မြတ်သော ယင် ပန်း’ကို၊ လွှတ်ချ လိုက်ရ လေသည်။

“ နင် ...။ ”

သူမထံ လျှောက်လှမ်း လာနေသော ပုံရိပ်ထံ မော့ကြည့်ကာ၊ မျက်နှာ နီရဲ သွားသည်။ ဂူဖန်း။

“ မင်း တကယ် နုံအ တာပဲ၊ ဒီမှာ ဘယ်သူမှ မင်းကို သနား နေမှာ မဟုတ်ဘူး၊ ငါ ဂူဖန်းက ဒီပန်းကို ယူသွားမယ်၊ ဟား ဟား ဟား။ ”

ဂူဖန်း၏ မျက်ဝန်း တစ်စုံမှာ၊ စိတ်လှုပ် ရှားမှု များဖြင့် တောက်ပ လာသည်။ ပွင့်ချပ် ကိုးချပ် ပန်း ဘုရင်နှင့် မယှဉ်နိုင် သော်လည်း၊ သင့်လျော်သော ရတနာ ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် ကောက်ယူရန် သူ လက်လှမ်း လိုက်စဉ်၊ လက်တစ် ဖက်က ၎င်းကို ကြားဖြတ် ကောက်ယူ သွားသည်။

ထို့ကြောင့် ဒေါသ တကြီးဖြင့်၊ ပြန်လည် မော့ ကြည့် လိုက်ရာ၊ ထိုသူအား မြင် သည်နှင့်၊ ချက်ချင်းပင် နောက်တစ်လှမ်း ဆုတ်လိုက် ရသည်။

“ လင်းယွန်။ ”

“ မိန်းကလေး တစ်ယောက်ရဲ့ ပန်းကို၊ မင်း ... ဘယ်လို့များ လုယူ ရက်တာလဲ။ ”

လင်းယွန်က ပန်းကို ငုံ့နမ်း လိုက်ပြီး၊ ပြုံးလျက် သူ့အား မော့ကြည့်ကာ ဆိုလာ၏။

တစ်ချိန်တည်း မှာပင် ငရဲ နယ်မြေ အပြင် ဘက်၌၊ ခံစား ခဲ့ရသော အရှက် တရား များ အပေါ်၊ ပြန်လည် အမှတ် ရလာပြီး၊ ဂူဖန်းမှာ ကျောရိုး တစ်လျှောက် အေးစက် သွားမိ လေသည်။

***

All Chapters