ဖိအား ပေးခြင်း။
Vol. 39 Ch. 542
နက်နဲ ယင်ပန်းကို လုယူ သွားမှာ၊ လင်းယွန် ဖြစ်မှန်း သိလိုက် သည်နှင့်၊ အနီး နားရှိ အမာခံ တပည့် များမှာ၊ အံ့သြသွား ကြသည်။
ဤလင်းယွန် အနေဖြင့်၊ ဟွမ်လင်းတို့ လက်တွင် ပိတ်ဆို့ ခံထားရ သည်ဖြစ်ရာ၊ မည်သည့် အချိန်၌ သူတို့အား လိုက်မှီ ခဲ့သည်ကို မသိ လိုက်ချေ။
ထို့ကြောင့် စိတ်ရှုပ် ထွေးစွာ လှမ်းကြည့် မိသည်။ ဟွမ်လင်းကို ကိုင်တွယ် ခဲ့သည်မှာ၊ မြန်ဆန် လွန်လေပြီ။
ဤသို့ ဆိုပါလျှင် ခွန်အား အရာ၌၊ အနည်းငယ် ကြောက်စရာ ကောင်းနိုင်သည်။
အတွေး ထဲတွင် ဖြူဖျော့ နေသော ဂူဖန်း မျက်နှာကို ပြန်သတိရ သွားကာ၊ ကြေနပ် သွားကြ ကုန်သည်။
ဂူဖန်း ဆို သည်မှာ လူများ စွာကို စော်ကားခဲ့ ဖူးသဖြင့်၊ မည်သူမျှ သူ့အား၊ စာနာ သနား နေမည် မဟုတ်ပေ။
သို့သော် များကြာမီ သူတို့ အားလုံးက အခြားသော ပန်းများ ဆီသို့၊ အာရုံ ပြန်ရောက် သွား ကြသည်။
အဆုံးတွင် ပန်းများ သည်သာ သူတို့ အတွက် အရေးကြီး ပေ၏။ ယခု အချိန်၌ လင်းယွန် အပေါ်၊ စိတ်မ၀င် စားနိုင် သေးချေ။
“ အစ်ကို လင်း။ ”
လင်းယွန်ကို မြင်သည်နှင့် ဘိုင်ရီ တစ်ယောက်သာ ဝမ်းသာ အားရဖြင့် နှုတ်ဆက် လိုက်သည်။ ဂေါင်မင် ကပါ ပြုံးပြပြီး၊ နှုတ်ဆက် လာ၏။
“ နောက်တစ်ခါ သတိ ထားပါ၊ ဒီကောင် ပြောတာ မှန်တယ်၊ ဒီမှာ မင်းကို ဘယ်သူမှ သနား နေမှာ မဟုတ်ဘူး၊ လူတိုင်းက အနည်း ဆုံးတော့ စီနီယာ အစ်ကိုဂေါင် မဟုတ်ဘူး။ ”
လင်းယွန်က ဘိုင်ရီကို ပန်း ကမ်းပေး လိုက်ပြီး၊ ပြုံးကာ သတိ ပေးလိုက်သည်။
“ ကျေးဇူး တင်ပါတယ် အစ်ကိုလင်း။ ”
ဘိုင်ရီ တစ်ယောက် ရှက်ရွံ့ စွာဖြင့်၊ ပန်းကို လက်ခံ ယူသည်။ ထို့နောက် ဂူဖန်းဘက် လှည့်ကြည့်ကာ၊ နဖူး ပြင်ကို ခပ်ဖွဖွ ကုပ်ခြစ် ပွတ်သပ် နေလျက်ဖြင့်၊
“ အစ်ကိုလင်း၊ ဒီလူက မင်းအိမ် အပြင်ကို ထွက်လာ ရဲရင်၊ ရိုက်နှက် ပစ်မယ်လို့ ပြောခဲ့ ဖူးတယ်။ ”
သူမတွင် အခြားသော အတွေးများ မရှိ သော်လည်း၊ ဂူဖန်ကို မကြိုက် သည်မှာ အမှန် ပေပင်။
ထို့ကြောင့် သဘာဝ အတိုင်း၊ ဂူဖန်းကို သင်းခန်းစာ တစ်ခု ပေးရန်၊ ဆန္ဒ ရှိနေခြင်း ဖြစ်သည်။
ဘိုင်ရီက သူ့အား လွှတ်မပေး လိုသည်ကို မြင်လိုက် ရသောကြောင့်၊ ဂူဖန်း မျက်နှာမှာ မည်းမှောင် သွားသည်။
ခံစား ခဲ့ရ ဖူးသော အရှက် တရားကို၊ သူ့စိတ် ထဲတွင် ပြတ်ပြတ် ထင်ထင် မှတ်မိ နေဆဲ ဖြစ်ရာ၊ လင်းယွန် အပေါ် တစ်ကေျာ့ပြန် နင်းခြေရန် စိတ်ကူးယဉ် မိခဲ့သည်။
သို့သော်၊ အချိန် မကျ သေးကြောင်း၊ သူသိ သောကြောင့် ယန်းရေှာင်နှင့် တိုက်ပွဲတွင် လင်းယွန် ဒဏ်ရာ ရချိန် အထိ၊ စောင့်ရန် ဆုံးဖြတ် ထားသည်။
မျက်လုံး ထဲရှိ သတ်ပစ် လိုသော အငွေ့ အသက်များ ပျောက်ကွယ် သွားပြီး၊ အချို သာဆုံး အပြုံးကို ထုတ်ဖော်ကာ၊
“ အစ်ကိုလင်း၊ ငါ အဲ့ဒီလို မပြော ပါဘူး၊ သူ ငါ့ကို အထင် လွဲနေ တာပါ၊ ငါ မင်းကို စိတ်ပူလို့ အလည် လာခဲ့တာ၊ တခြား ဘာမှ မရှိ ပါဘူး။ ”
“ မင်းပြော ခဲ့လဲ ပြဿနာ မရှိဘူး၊ လွန်ခဲ့တဲ့ ရက်အနည်း ငယ်က၊ ငါပြောခဲ့ တာကို မင်းမေ့ သွား ပြီလား။ ”
လင်းယွင် ပြုံးလျက် ပြန်မေး လိုက်သည်။
“ ဘာပြော ခဲ့လို့လဲ။ ”
ဂူဖန်းက အနည်းငယ် တွေဝေ သွား ပြီးနောက်၊ ရုတ်တရက် ထိတ်လန့် သွားသည်။
( နောင်မှာ မင်းကို ငါမတွေ့ ရပါ စေနဲ့၊ မဟုတ်ရင် ငါ ပါးရိုက် ရလိမ့်မယ်။ )
ကြောက်စရာ ကောင်းသော စကား တစ်ခွန်းကို ပြန်သတိ ရသွားပြီး၊ မျက်နှာ တစ်ပြင်လုံး ချက်ချင်း ဖြူဖျော့ သွားကာ၊
“ အစ်ကိုလင်း၊ မင်း နောက်နေ တာပဲ၊ ဖြစ်ရမယ်၊ မင်းရဲ့ အဆင့် အတန်းနဲ့၊ ဒီလောက် အထိ သေးနုပ် နေမယ် မထင် ပါဘူး။ ”
“ ငါ မင်းကို နောက်ပြောင် နေတာ မဟုတ်ဘူး၊ မင်းကိုယ်တိုင် လုပ်မလား၊ ဒါမှ မဟုတ် ငါမင်းကို ကူညီ ရမလား။ ”
လင်းယွန် မျက်နှာ ပေါ်ရှိ အပြုံးများ ရုတ်တရက် ပျောက်ကွယ် သွားပြီး အေးစက် ခြင်း များဖြင့် အစားထိုး လာသည်။
တစ်ဖက် လူမှာ၊ သူ ပြက်လုံး ထုတ် သည်ဟု ထင်နှင့် လေပြီ။ သူ့၌ ဒေါသ ရှိကြောင်း သိပုံ မရှိချေ။
“ လင်းယွန် ဖိအား မပေး ပါနဲ့။ ”
လင်းယွန်၏ နိုင်ထက် စီးနင်း နိုင်သော လေသံ ကြောင့်၊ ဂူဖန်းက ပေါက်ကွဲ သွားသည်။
“ ချောင်ပိတ် ရိုက်ခံ ရရင်၊ ခွေးတောင် ပြန်ကိုက် လိမ့်မယ်၊ ငါ့ကို တွန်းဖို့ မလုပ် ပါနဲ့။ ”
အလယ် အလတ် ယင်အဆင့် အရှိန်အဝါကို ထုတ်ဖော်လျက် အော်ဟစ် လိုက်သောကြောင့်၊ လူ အချို့က ပြဿနာ အရင်း အမြစ်ထံ အာရုံ စိုက်လာ ကြသည်။
“ မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ငါ့ မျက်လုံး ထဲမှာတော့၊ မင်းက ခွေးတစ်ကောင် မဟုတ်တာ သနား စရာ ပါပဲ။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ သူ့စကား များက ဓားမြှောင် များ ကဲ့သို့၊ ဂူဖန်း နှလုံး သားထံ စူးဝင် သွားသည်။
အမြဲ တစေ အခြား သူများ အပေါ်၊ အနိုင်ကျင့် ခဲ့ ဖူးသူ ဖြစ်သော်လည်း၊ ယခု အချိန်တွင် လင်းယွန်၏ အရှက် ခွဲခြင်းအား ခံနေ ရလေသည်။
တစ်ဖက်လူ ပြောသည့် စကားများ အရ၊ သူ့မှာ ခွေးတစ်ကောင် လောက်ပင်၊ ခြိမ်းခြောက် နိုင်စွမ်း မရှိဟု အဓိပ္ပါယ် ရလေသည်။
အနီး နားရှိ အမာခံ တပည့် များက၊ လင်းယွန်၏ ရက်စက် လွန်းသော နည်းလမ်း များကြောင့်၊ နှုတ်ခမ်းများ လှုပ်ယမ်း လာကုန်သည်။
“ ဒါဆို မင်းနောင်တ မရဖို့၊ ငါ မျှော်လင့် ပါတယ်။ ”
ဂူဖန်း ခန္ဓာ ကိုယ်မှ ကြက်သွေးရောင် အလင်းများ တောက်ပ လာပြီး၊ မျက်ဝန်း အိမ်မှ သွေးများ စီးကျ လာလေသည်။
ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်မျော သွားကာ၊ တဖန် မြင့်တက် လာသော အရှိန် အဝါ ကြောင့်၊ တားမြစ် နည်းစနစ်အား၊ ထပ်မံ အသုံးပြု လာခြင်း ဖြစ်ကြောင်း၊ သိလိုက် ရ၏။
ဤမြင်ကွင်း အရ၊ အနားရှိ အမာခံ တပည့် များကို အံ့အား သင့်စေ ခဲ့သည်။ ဂူဖန်းမှာ တကယ်ပင် ရူးသွပ် သွားလေပြီ။
လွန်ခဲ့သည့် ငါးရက် ကပင်၊ ဤတားမြစ် နည်းစနစ်ကို အသုံး ပြုခဲ့ပြီး ဖြစ်ရာ၊ ခန္ဓာကိုယ် အတွင်း၊ ဒဏ်ရာ များစွာ ရရှိ ခဲ့မည် ဖြစ်သည်။
နောက်တဖန် လင်းယွန်အား၊ ယခု အချိန် အထိ၊ လက်စား ချေရန် ဆန္ဒ ပြင်းပြ နေလိမ့်ဦး မည်ဟု၊ မထင်ထား မိချေ။
နောက်ဆုံး၌၊ ဂူဖန်းမှာ အကယ် ဒမီ၏ တပည့် ဖြစ်ပြီး၊ လင်းယွန်မှာ အပြင်လူ ဖြစ်၏။ ထို့ကြောင့် လင်းယွန် အပေါ်၊ မည်သူမျှ ဂရု မစိုက်ပေ။
ဂူဖန်းမှာ လင်းယွန်ကို ဒဏ်ရာ ရစေ လိမ့်မည် ဟုပင် မျှော်လင့် ခဲ့ကြသည်။ သို့သော် မကြာခင် မှာပင်၊ သူတို့ စိတ်ပျက် သွား၏။
ဘဝတွင် နောင်တ အတွက်၊ ဖြေဆေး မရှိ ကြောင်း၊ သိလိုက် ရသည်။
လွန်ခဲ့သော ရက်အနည်း ငယ်က ဤနည်း စနစ်ဖြင့်၊ ရင်ဆိုင် ရပါက လင်းယွန် တစ်ယောက် သူ၏ ဝှက်ဖဲ များကို၊ အသုံးပြု ရမည် ဖြစ်သည်။
သို့သော် ယခု အချိန်၌ ၎င်းတို့ကို အသုံး ပြုပါက ရှက်စရာ ပေပင်။
“ ကောင်းလိုက်တာ။ ”
ခရမ်းရောင် နန်းတော်ရှိ၊ ပန်းပွင့် လာစဉ် ပြုံးလျက် ရေရွတ် လိုက်မိသည်။ တစ်ဆက်တည်း မှာပင်၊ အလယ် အလတ် ယင်အဆင့် အရှိန် အဝါများ ပေါက်ကွဲ ထွက်လာ ခဲ့သည်။
“ အလယ် အလတ် ယင် အဆင့်။ ”
“ ဒါ ...။ ”
ရန်ပွဲကို အကဲခတ် နေသူ အချို့မှာ တအံ့ တဩ ရေရွတ် မိကုန်သည်။
ရှန်ရှင်း ဓားကို ထပ်မံ ထုတ်လွှတ် လိုက် ချိန်၌၊ လင်းယွန် ထံမှ ပြတ်သားသော ဓားသွား အော်မြည်သံ တစ်သံ ထွက်ပေါ် လာသည်။
ထိုအချိန်တွင် လင်းယွန်၏ အရှိန် အဝါမှာ၊ အထွတ် အထိပ် ယင် အဆင့််နှင့် နီးကပ် နေပြီ ဖြစ်သည်။
အကန့် အသတ် မရှိသော ထိုရောင်ဝါ ကြောင့်၊ လင်းယွန်၏ ရုပ်သွင်ကို ခံ့ညား ထည်ဝါ စေပြီး၊ ဂူဖန်းအား သေးနုပ် သွားစေ၏။
ယင်းကို သတိထား မိသွားသော ဂူဖန်း တစ်ယောက်၊ မျက်နှာ ပျက်ယွင်း သွားသည်။
တစ်ဖက် လူမှာ၊ ခြောက်ရက် အတွင်း ဤကဲ့သို့ ပြောင်းလဲ လာလိမ့် မည်ဟု မမျှော်လင့် ထားမိပေ။
ကြိုသိ ခဲ့ ပါက၊ သတ္တိကို (၁၀၀)ဖြင့်၊ မြှောက်ကာ မြှင့်တင် ထားလျှင်ပင်၊ လင်းယွန်ရှေ့ ဖြတ်လျှောက်ရန် ဆန္ဒ မရှိ သည်မှာ သေချာသည်။
ထို့ကြောင့် နောက်ပြန် ဆုတ်ခါနီး အချိန် မှာပင်၊ လက်သီး တစ်လုံးက သူ့အပေါ် ဖုံးကွယ် ထားသော၊ ကြက်သွေးရောင် အဆင်းကို ဖြိုခွဲလျက်၊ တိုးဝင် လာတော့သည်။
ဂူဖန်း တစ်ယောက် ရေကန် မျက်နှာပြင် ပေါ်သို့ ပြုတ်ကျ သွားပြီးနောက်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွား သဖြင့်၊ ပြန်မထ နိုင်တော့ဘဲ၊ ရေကန်ထဲ နစ်မြုပ် သွားသည်။
တားမြစ် နည်းစနစ်ကို တစ်ချက် ရွှေ့ပြီး၊ ဖြိုခွင်း သွားခဲ့၏။ ယင်းမှာ အနည်းငယ် အားကောင်း လွန်းပြီး၊ ထိုကဲ့ သို့သော ခွန်အား အပေါ်၊ မည်သူမျှ လျှော့မတွက် ဝံ့ပေ။
ဂူဖန်း အတွက်မူ တားမြစ် နည်းစနစ်ကို၊ အသုံး ပြုပြီး နောက်တွင်ပင်၊ နှစ်ကြိမ် တိုင်တိုင် ရှုံးနိမ့် ခဲ့သည်။ တန်ပြန် အကျိုးဆက် များကို ထည့်မတွက် သည့်တိုင်၊ အနာ ဂတ်တွင် အသုံး ဝင်တော့မည် မဟုတ်ပေ။
လူတိုင်း တိုက်ပွဲ ရလာဒ် အပေါ် မှင်တက် နေစဉ်၊ ဝိညာဉ် စွမ်းအင် များက ရေဝဲ အတွင်း စုရုံး လာပြီး၊ ရေ မျက်နှာ ပြင်အား ပြင်းထန်စွာ ရုန်းကြွ လာစေသည်။
ပတ်ဝန်း ကျင်ရှိ ဝိညာဉ် စွမ်းအင် များကို၊ စုပ်ယူ နေသော ရေကန်၏ အနက် ပိုင်းတွင်၊ ကြီးမားသော သားရဲကြီး တစ်ကောင် ရှိနေ သည်ဟု၊ ထင်လာရ စေသည်။
“ ပြန် ဆုတ် သွား။ ”
လင်းယွန်က ဘိုင်ရီနှင့် ဂေါင်မင်ကို လှမ်းပြော လိုက်သည်။ နှစ်ယောက်သား မည်သည့် အရာ ဖြစ်ပျက် နေမှန်း၊ မသိ ခဲ့ကြ သော်လည်း၊ လင်းယွန်း အပေါ် ယုံကြည် မှုကြောင့်၊ အလျင် အမြန် ဆုတ်ခွာ မိကြသည်။
ဤအခိုက် အတန့်တွင်၊ အဆုံး မရှိသော ဝိညာဉ် စွမ်းအင် များဖြင့်၊ ဖွဲ့တည် ထားသည့် အလင်းတိုင် ကြီး တစ်တိုင်၊ ရေဝဲ အတွင်းမှ တိုးထွက် လာခဲ့သည်။
နောက်တစ် စက္ကန့် အတွင်း မှာပင်၊ အလင်းတိုင် ကြီးမှာ အရှိန် အဟုန်ဖြင့် ပြန့်ကား လာတော့၏။
လျှပ်စီး ကြောင်း များက မိုးကုပ် စက်ဝိုင်းကို ဖြတ်၍ ရေကန် ပေါ်သို့ ရိုက်ခတ်ကာ၊ လှိုင်းထန် လာစေ ခဲ့သည်။
ခဏချင်း မှာပင် ရေမျက် နှာပြင် မြင့်တက် လာပြီး၊ ရေလယ် ကျွန်းကို ဝါးမြို ပစ်လိုက်၏။
ပြန့်ကား လာသော အလင်း တိုင်၏ ရိုက်ခတ် မှုကြောင့်၊ လူများ စွာကို သွေး အန်လျက် လွင့်စင် သွားစေသည်။
ထိုသူတို့ ရေပြင်ပေါ် ပြန်လည် ဆင်းသက် လာ ချိန်၌၊ အလင်း တိုင်၏ ရိုက်နှက် ခံလိုက် ရသော ဒဏ်ရာ ဒဏ်ချက် များကြောင့်၊ မျက်နှာများ ဖြူဖျော့ နေပေသည်။
နောက်ဆုံးတွင် အလင်း တိုင်မှာ၊ မီတာ သုံးထောင် အထိ ပြန့်ကား လာပြီး၊ ရပ်တန့် သွား၏။ ဆိုလို သည်မှာ မီတာ သုံးထောင် အတွင်း၊ မည်သူမှ မကပ်နိုင် တော့ချေ။
ဤအခိုက် အတန့်တွင် ကောင်းကင် ယံမှ ပုံရိပ် သုံးရိပ် တဖြည်းဖြည်း ဆင်းသက် လာသည်။
ထိုပုံရိပ် များမှာ သဘာဝ အတိုင်း၊ ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့ဖြစ်သည်။
လျင်မြန် လွန်းသော ဆုတ်ခွာ မှုကြောင့်၊ သူတို့ သုံးယောက်မှာ ထိခိုက် ဒဏ်ရာ မရ ခဲ့ပေ။
အလင်းတိုင် ကြီး၏ အဖျားမှာ၊ ကောင်းကင် ကြီးကို ပင့်တင် ပေးထား သကဲ့သို့၊ တိုးဝင် ပေျာက်ကွယ် နေပေ သည်။
တစ်ချိန်တည်း မှာပင်၊ ပတ်ဝန်းကျင် အပူချိန် ကျဆင်း လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အေးစက် မှုများ၊ ထွက်ပေါ် လာလေသည်။
၎င်းဖြစ်စဉ် အရ၊ ပန်းဘုရင် ထွက်ပေါ် လာတော့ မည်ကို၊ လူတိုင်း နားလည် လိုက် မိသည်။
သို့သော် အလင်းတိုင် ကြီးကို ကြည့်ကာ၊ တပည့် အများ စုက ရင်မော လာကုန် ကြသည်။
ကြောက်စရာ ကောင်းသော အလင်းတိုင် အတွင်း၌၊ ပန်းဘုရင် ထွက်ပေါ် လာခဲ့ ပါက၊ မည်သူမျှ ကြိုးစား ဝံ့မည် မဟုတ်ချေ။
ဂရု မစိုက်သော် ဒဏ်ရာ ကြီးကြီး မားမား ရရှိ သွားနိုင်သည်။ ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့လို လူများ သည်သာ၊ ယင်းကို စမ်းကြည့် ရဲပေမည်။
၎င်းတို့မှ လွဲ၍ မည်သူမျှ ရင်မဆိုင် ဝံ့ကြပေ။ သို့သော် သူတို့ အောင်မြင် နိုင်ရှိ မရှိ အပေါ်၊ မေးခွန်း ထုတ်စရာ ပေပင်။
လှိုင်းလုံးများ ငြိမ်သွားသော အခါတွင်၊ အားလုံးက အလင်း တိုင်ကို လှမ်းကြည့် လိုက်ကြ သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား ပြီးနောက်၊ ရေမျက် နှာပြင်ရှိ လှိုင်းလုံး အနည်းငယ် သည်သာ၊ လှုပ်လှုပ် ရွရွ ပုတ်ခတ် နေလေသည်။
သို့သော် ထိုအချိန်တွင်၊ အလင်းတိုင် ဆီသို့ ဦးတည် နေသော ရွှေရောင် အရိပ် တစ်ရိပ်အား သတိ ထားမိ လာကြသည်။
သူ့နောက် ကျောတွင်၊ ထမ်းပိုး ထားသော ဓား သေတ္တာကို လူတိုင်း မြင်နိုင်၏။
“ ပန်းသင်္ချိုင်း။ ”
ပထမ ဦးစွာ လှုပ်ရှား လာသည့် သူမှာ၊ အကယ် ဒမီ၏ ဧည့်သင်းထောက် ဖြစ်နေ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားပေ။
ယင်းကြောင့် လူများ စွာက ထိတ်လန့် တုန်လှုပ် သွားကာ၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်သည်။
***