တိုက်ပွဲများ။
Vol. 39 Ch. 543
ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ် ထား သကဲ့သို့ တောက်ပ နေသော အလင်းတိုင် ကြီးမှာ၊ မီတာ (၃၀၀၀) ကျော် ကျယ်ဝန်းပြီး၊ အအေး လှိုင်းများ တသွင်သွင်၊ ထုတ်လွှတ် နေပေသည်။
အမာခံ တပည့်များ သည်ပင်၊ ထိလိုက် ရုံဖြင့် တိုက်ပွဲ ဝင်နိုင် စွမ်းများ၊ ဆုံးရှုံး သွားနိုင်မည် ဖြစ်သည်။
လူတိုင်းက မည်မျှ အစွမ်းထက် သည်ကို ကြုံဖူး ကြပြီ ဖြစ်သောကြောင့်၊ လင်းယွန် လှုပ်ရှား လာချိန်တွင်၊ သဘာဝ အတိုင်း စိတ်ဝင် စား လာခဲ့သည်။
အတွင်း တပည့်များ၊ အမာခံ တပည့် များနှင့် အကြီး အကဲများ ပင်လျှင်၊ လင်းယွန်ကို ကြည့်ကာ အတွေးနက် ကုန်၏။
ယန်းရှောင် တို့ သုံးယောက်မှာ၊ အလျင် လိုချင်း မရှိ ခဲ့ချေ။ အခြားသော တပည့်များ ကဲ့သို့ပင်၊ သူတို့ မျက်လုံးများ ထဲ၌၊ သံသယ များ ရှိနေ ပေသည်။
အလင်း တိုင်ကို တိုးဝင် ဝံ့သော လင်းယွန်မှာ၊ ရဲရင့် လွန်း သည်ဟု သူတို့ တွေးယူ နေမိသည်။ သို့သော် ၎င်းသံသယ များမှာ ကြာရှည် မခံ ခဲ့ချေ။
“ ငါ့ဓားရဲ့ နာမ၌ ပန်းပွင့်လော။ ”
ခရမ်းရောင် ပန်းတစ်ပွင့် ခေါင်းထက်၌၊ ထွက်ပေါ် လာပြီး၊ မြှားတစ်စင်း ကဲ့သို့ ကောင်းကင်မှ ထိုးဆင်း ပစ်ကာ၊ အလင်း တိုင်ကို ဖောက်ဝင် ပစ်လိုက်သည်။
စူးရှသော အလင်း ရောင်များ တောက်ပ လာ ပြီးနောက်၊ လင်းယွန် တစ်ယောက် အလင်းတိုင် အတွင်းရှိ၊ ရေကန် မျက်နှာပြင် ပေါ်၌၊ အခိုင် အမာ ရပ်တည် နိုင်လိုက်၏။
“ သူဝင် သွားပြီ။ ”
လင်းယွန်ကို ကြည့်ကာ လူတိုင်းက အော်ဟစ် လိုက်ကြသည်။ ထိုအချိန်တွင် ကောင်းကင် ယံသို့၊ လူရိပ် သုံးရိပ် ခုန်တက် သွား ၏။
၎င်းတို့ သုံးဦးမှာ သဘာဝ အတိုင်း၊ ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့ဖြစ် သည်။
သူတို့ သုံးယောက်မှာ၊ ယန် အဆင့်သို့ တက်လှမ်းရန်၊ ခြေတစ် လှမ်းသာ လိုပေသည်။ အခြားသော အမာခံ တပည့် များထက် များစွာ သန်မာ လှ၏။
တပြိုင် နက်တည်း လှုပ်ရှား ခဲ့ကြ သော်လည်း၊ ယန်းရှောင်မှာ အလင်း တိုင်ကို ဦးစွာ ရင်ဆိုင် လိုက်သည်။
အရေ ပြားများ ကွဲအက် လာကာ၊ ခရမ်းရောင် လျှပ်စီးများ ထွက်ပေါ် နေသည့်၊ သိပ်သည်းသော မူလ စွမ်းအင် များကို ထုတ်လွှတ် လိုက်သည်။
တစ်ဖက် တွင်မူ လုကျန်းက၊ ဝိညာဉ် ရေးရာ ပန်းချီ ကားကို ထုတ်ဖော်ကာ၊ ရက်စက် ကြမ်းကြုတ်သော သားရဲ အဖြစ်၊ ထုတ်လွှတ် လိုက်သည်။
အက်ကွဲ ကြောင်းများ၊ ချက်ချင်း ပြည့်နှက် လာသော အလင်း တိုင်ကို ကြည့်ကာ၊ လုကျန်းက ပြုံး လိုက်သည်။
“ ချိုး ...။ ”
ချင်းဝမ်ရှောင် မှာမူ ရုပ်ခွန်အား သက်သက်ဖြင့်၊ အလင်းတိုင် အတွင်းသို့ ကြမ်းတမ်းစွာ တိုးဝင် သွားတော့သည်။
သူ့နည်း လမ်းမှာ ပို၍ပင်၊ ရိုင်းစိုင်း ရက်စက် လှပေသည်။ ဝင်လိုက် ပြီးသည့်တိုင် အအေး ဒဏ်ကို တွန်းလှန်ရန်၊ မူလ စွမ်းအင်များ ထုတ်ဖော် လိုက်ရသည်။
မြေပြင် ပေါ်သို့ ဆင်းသက် ပြီးနောက်၊ ခန္ဓာ ကိုယ်ကို လှုပ်ခါ ရုံမျှဖြင့်၊ သူ့အား ဖုံးလွှမ်း နေသော ရေခဲ အလွှာမှာ၊ ချက်ချင်း ပြိုကျ သွား၏။
သူတို့ လေးယောက်လုံး ဝင်ရောက် သွားချိန်တွင် အခြားသော တပည့် များမှာ၊ ကြိုးစားရန် သတ္တိ ရှိလာ သည်။
သို့သော် ၎င်းတို့ အနက်၊ မည်သူမျှ အောင်မြင် ခဲ့ပေ။ ရေလွှာ များဖြင့် ဖုံးလွှမ်း ခံရ ပြီးနောက်၊ အဝေးသို့ ပြန်လည် လွင့်စင် လာစေသည်။
ခဏချင်း မှာပင် အရာ အားလုံး ပြန်လည် ငြိမ်သက် သွားပြီး၊ လူအုပ် ကြီးက လင်းယွန်ထံ လေးနက်သော အမူ အရာနှင့်၊ လှမ်းကြည့် လာမိသည်။
ဤ တစ်ကြိမ်တွင် လင်းယွန် အပေါ်၊ မည်သူမျှ လျှော့မတွက် ရဲ တော့ချေ။ အလင်းတိုင် အတွင်းသို့ ဝင်ရောက် ရန်၊ သူ့ ခွန်အားကို အသုံးပြု သွားခဲ့သည်။
အချိန် ကြာလာ သည်နှင့် အမျှ၊ ရေဝဲ ကြီး၏ စုပ်ယူ အားမှာ ပို၍ အားကောင်း လာပြီး၊ အလင်းတိုင် ကြီးကို စူးရှ တောက်ပ လာစေ သည်။
သို့သော် အလင်းတိုင် အတွင်းမှ၊ လူလေးဦး ကိုသာ အာရုံ စူးစိုက် နေကြ သောကြောင့်၊ ယင်း အပေါ် လူ အများက စိတ် မဝင်စား ကြပေ။
အဆုံးတွင် ပန်းဘုရင်ကို ၎င်းတို့ အနက်၊ တစ်ဦးက ရရှိ နိုင်မည် ဖြစ်သည်။ သည့်တင် မကဘဲ၊ ဌာနမှူးက ကိုယ်တိုင် ကိုယ်ကျ သန့်စင် ပေးသော၊ စတုတ္ထတန်း မှော် ဆေးလုံး ကိုလည်း၊ ရရှိ နိုင်ပေမည်။
ထုံးစံ အတိုင်း လူတိုင်းက အောင်နိုင် အဖြစ်၊ ယန်းရှောင်ကို ကြီးစွာသော မျှော်လင့် ချက်ဖြင့် စောင့်ကြည့် နေကြသည်။
မကြာ သေးမီ ကပင် လင်းယွန်သာ လာရဲ ပါလျှင်၊ အမဲလိုက် မည်ဟု ကြေငြာ ထားခဲ့ ဖူးသူ ဖြစ်သည်။
ဤပွဲမှာ တစ်ဖက်သတ် ဖြစ်မည်ဟု ထင်ခဲ့ ကြ သော်လည်း၊ လင်းယွန်မှ ပြန်လည် ပြသ လာသော ခွန်အား အရ၊ ထင်ထား သည်ထက် ပို၍ စိတ်ဝင် စားစရာ ကောင်းလာ ပေသည်။
ယခု အချိန်တွင် အလင်းတိုင် ထဲရှိ ၎င်းတို့ လေးယောက်မှာ၊ ငြိမ်သက်လျက် ရပ်နေ ကြ၏။
သူတို့ လေးယောက် အနက်၊ လင်းယွန်နှင့် ယန်းရှောင် တို့ကြားတွင်၊ မပြေ နိုင်သော ရန်ငြိုးများ ရှိလေသည်။
ထို့ကြောင့် လုကျန်းနှင့် ချင်းဝမ်ရှောင်က၊ ခပ်ခွာခွာ အနေ အထားဖြင့်၊ ရပ်ကြည့် နေလိုက်၏။
ပန်း ဘုရင်ကို ရေဝဲ အတွင်းမှ မွေးဖွား လာမည် ဖြစ်ကြောင်း၊ လူတိုင်း သိထား သော်လည်း၊ ရရှိရန် လွယ်ကူ မည် မဟုတ်ပေ။
ဤနေရာ၌ အသန်မာ ဆုံးဖြစ်သော ယန်းရှောင်ပင် ၎င်းကို ရယူရန်၊ နှစ်ခါပြန် စဉ်းစား ရပေမည်။
အားနည်းချက် အနည်းငယ် ဖြစ်ပေါ် လာခဲ့သော်၊ ကျန်သူ များသာ အကျိုး ရှိသွားမည် ဖြစ်သည်။
လေးယောက်ကြား လေထုမှာ၊ အက်ကွဲ မတက် ထက်ရှ လာသည်။ ခန္ဓာကိုယ် အနှံ့ မူလ စွမ်းအင်များ လှည့်ပတ်ကာ၊ အသင့် ပြင်ဆင် လိုက် ကြ၏။
“ လုကျန်း၊ ချင်းဝမ်ရှောင် မင်းတို့ နှစ်ယောက်က၊ ငါ ဒီကောင်နဲ့ တိုက်ခိုက်မဲ့ အချိန်ကို စောင့်မျှော် နေတာ မဟုတ်လား၊ ဒီလို ဆိုတော့ မင်းတို့က၊ ဒီမှာ ဘာအတွက် ရပ်နေကြ တာလဲ။ ”
ယန်းရှောင်က ပြုံးကာ ဆိုလိုက်သည်။ ထို့နောက် လျှပ်စီး တစ်စလို ပြေးထွက် သွားပြီး၊ လုကျန်းတို့ နှစ်ယောက်ကို ထိုးချ လိုက်၏။
သူ့ လက်သီးတွင် မူလ စွမ်းအင်များ ပြည့်နှက် နေပြီး၊ လျှပ်စီးများ တဖျပ်ဖျပ် လင်းလက် နေ၏။
ရုတ်တရက် ဤတိုက်ခိုက် မှုသည် လူ အများ၏ မျှော်လင့်ချက် များကို ကျော်လွန် သွားခဲ့သည်။
ယင်းကြောင့် လုကျန်းနှင့် ချင်းဝမ်ရှောင် တို့၏ မျက်နှာများ ပြောင်းလဲ သွားကာ၊ ခံစစ်ကို အမြန် ပြင်လိုက် ရသည်။
နောက် တစက္ကန့် အတွင်း မှာပင်၊ သူတို့ သုံးယောက် ထိပ်တိုက် တွေ့ဆုံ သွားပြီး၊ ပတ်ဝန်းကျင် လေထုအား တုန်လှုပ် သွားစေ တော့သည်။
ချက်ချင်းပင် ရလာဒ် ထွက်ပေါ် လာ၏။ လုကျန်းတို့ နှစ်ယောက်မှာ ရှုံးနိမ့် သွားပြီး၊ ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်လိုက် ရသည်။
ယင်းမှာ ယန်းရှောင်၏ ခွန်အားကို ပြသရာ ရောက်ပေသည်။
ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင်ကို ငြိမ်းသက် လိုက်ပြီး၊ လုကျန်းက ယန်းရှောင်ထံ မော့ကြည့်ကာ၊
“ စီနီယာ အစ်ကို ယန်း၊ မင်း အဲဒီ ကောင်လေးကို ရိုက်နှက် နေချိန်မှာ၊ ငါတို့က မင်း နောက်ကျောကို ဓားနဲ့ ထိုးမှာ၊ စိုးရိမ် နေတာလား၊ စိတ်မပူ ပါနဲ့၊ ရလဒ် မထွက် ခင်မှာ ငါတို့ ဒီလို နိမ့်ကျ နေမှာ မဟုတ် ပါဘူး။ ”
“ ငါလည်း ကတိ ပေးတယ်၊ ပန်းဘုရင် ပေါ်လာ ရင်တောင်၊ မင်းပြီးတဲ့ အထိ စောင့် ပေးမယ်။ ”
ချင်းဝမ်ရှောင် ကပါ၊ ဝင်ရောက် ကတိ ပေးလိုက် ပြီးနောက်၊ အလင်းတိုင်း အစွန်း ထိတိုင်၊ ပြန်လည် ဆုတ်ခွာ ပေး လိုက်ကြသည်။
ဤမြင်ကွင်းကြောင့် စေ့စပ် သေချာ လွန်းသော ယန်းရှောင် အပေါ်၊ လူတိုင်းက ခေါင်းညိတ် အသိ အမှတ် ပြုလိုက် ကြသည်။
လုကျန်းတို့ နှစ်ယောက် အနေဖြင့်၊ လူသိ ရှင်ကြား ကတိ ပေးခဲ့ ကြပြီး ဖြစ်ရာ၊ ဖောက်ဖျက် ဝံ့မည် မဟုတ် တော့ချေ။
ထို့ကြောင့် ယန်းရှောင်မှာ လင်းယွန်နှင့် ရင်ဆိုင် ရာတွင်၊ စိတ်ချ လက်ချ အာရုံ စိုက်နိုင်မည် ဖြစ်သည်။
“ အနည်း ဆုံးတော့ မင်းတို့ ကောင်တွေ လိမ္မာတယ်။ ”
ယန်းရှောင်က ကြေနပ်စွာ ပြုံးရယ် လိုက်ပြီး၊ လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။
“ စိတ်ဝင်စား စရာပဲ၊ မင်း ငါ့ရှေ့မှာ ရပ်ရဲတဲ့ သတ္တိ ရှိလို့ အံ့သြ မိတယ်။ ”
“ ဘာလို့လဲ၊ မင်းကို ရင်ဆိုင်ဖို့၊ သူတို့ နှစ်ယောက်ကို ငါက လိုမယ် ထင်နေလား။ ”
လင်းယွန်က သဘော ကျစွာ ရယ်မော လိုက်ပြီး၊
“ ဒီလို အဖြစ် အပျက်မျိုး၊ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ ” - ဟု ဆို လိုက်သည်။
ထိုစကားကြောင့် ယန်းရှောင် တစ်ယောက် အနည်းငယ် မှင်တက် သွားပြီး၊ ခေါင်းညိတ် လိုက်သည်။
“ မင်းက ငါထင်ထား တာထက်၊ ပို မောက်မာ တယ်၊ ဒါပေမယ့် လူပြက်က လူပြက် ပါပဲ၊ ငါ့ ရှေ့မှာ မင်း ဘာကောင်မှ မဟုတ်ဖူး ဆိုတာ၊ ဒီက လူတိုင်းကို ငါပြော ပြမယ်။ ”
“ တိုက်ဆိုင် လိုက်တာ၊ ငါလည်း မင်းနဲ့ အတွေး တူတယ်၊ စီနီယာ ယန်းရှောင် ဆိုတာ ပုရွက်ဆိတ် တစ်ကောင်ထက် မပို ပါဘူး။ ”
“ ဟား ဟား ဟား၊ မင်းစိတ်ပျက် သွားမှာ၊ ငါကြောက် မိတယ် သင်းထောက်လင်း။ ”
ယန်းရှောင်က မူလ စွမ်းအင်ကို ထုတ်လွှတ် လိုက်ပြီး၊ နှုတ်ခမ်း ပေါ်တွင် လှောင်ပြုံး တစ်ပွင့်အား တပ်ဆင် လိုက်သည်။
သူ၏ အနက်ရောင် ဝတ်ရုံ စမှာ၊ မူလ စွမ်းအင် အတက် အကျ များကြောင့်၊ တဖျပ်ဖျပ် ခတ်လာ၏။
“ မိုးကြိုး မီးလျှံ တောက်ပခြင်း။ ”
ယန်းရှောင်၏ မိုးကြိုး ငရဲ နည်းစနစ်မှာ သတ္တမ အဆင့်သို့ ရောက်ရှိ နေခဲ့ သောကြောင့်၊ တိုက်ပွဲကို ကြည့်ရှု နေသည့် တပည့် များစွာမှာ၊ အံ့အားသင့် ကုန်ကြသည်။
မိုးကြိုး ငရဲ နည်းစနစ်သည်၊ ကျင့်ကြံရ ခက်ခဲကာ၊ ကျော်ကြားသော မြေကြီး အဆင့် နည်းစနစ် တစ်ရပ် ဖြစ်၏။
၎င်းကို သတ္တမ အဆင့်သို့ တက်လှမ်း နိုင်ခဲ့ ခြင်းကြောင့်၊ ယန်းရှောင် ခွန်အားမှာ ထိပ်တန်း ဆယ်ယောက် နှင့်၊ ယှဉ်နိုင်ပြီ ဖြစ်သည်။
လုကျန်းတို့ နှစ်ယောက် စလုံးက ဤမြင်ကွင်းကို မြင်လိုက် ရသော အခါတွင်၊ မျက်နှာများ ပြောင်းလဲ သွားသည်။
“ မင်းငါ့ကို ဖိအား နည်းနည်း ပေးနိုင် မယ်လို့ ငါမျှော်လင့် ပါတယ်၊ မဟုတ်ရင် ငါ အရမ်း ပျင်းမိ လိမ့်မယ်။ ”
မျက်လုံးများ မှေးစင်းလျက်၊ ယန်းရှောင်က ရယ်မောကာ ဆိုလိုက်သည်။
“ ဒီ ကောင် ...။ ”
လင်းယွန်၏ အမူ အရာမှာ တင်းမာ သွားသည် ။ ယန်းရှောင်ကို လျှော့မတွက်နိုင် မှန်း သူ သိသည်။
သို့သော် မိုးကြိုး ငရဲ နည်းစနစ်မှာ၊ ဓားသုတ္တန် ရှေ့တွင် ဖုန်မှုန့် မျှသာ ရှိပေသည်။
၎င်းအား အထွတ် အထိပ် နဝမ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်ရာ၊ အမှိုက်များ အပေါ် ဂရုစိုက် စရာ မလိုချေ။
နန်းတော် အတွင်းရှိ၊ ခရမ်းရောင် ပန်း ပွင့်လာပြီး၊ လင်းယွန်၏ မျက်လုံးများ တလက်လက် တောက်ပ လာလေသည်။
လင်းယွန် ခန္ဓာ ကိုယ်မှ တောက်လောင် နေသော အဆုံး မရှိ၊ တိုက်ပွဲဝင် စိတ်ဓာတ်ကို လူတိုင်း ခံစား နိုင်သည်။
“ မင်း ... အရင် စပါ။ ”
***