ယန်းရှောင်နှင့် တိုက်ခိုက် ခြင်း။
Vol. 39 Ch. 544
လင်းယွန်နှင့် ယန်းရှောင် တို့ထံမှ၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန် အဝါ နှစ်ခု ပေါက်ကွဲ ထွက်လာသည်။
လူတိုင်းက သူတို့ နှစ်ဦးကို စိတ်လှုပ်ရှား စွာဖြင့်၊ လှမ်းကြည့် လိုက်ကြသည်။
တစ်ချိန် တည်းမှာပင်၊ တစ်ဖက်သတ် တိုက်ပွဲ ဖြစ်လာ နိုင်မည်ဟု မျှော်လင့် နေကြ သော်လည်း၊ စွန့်လွှတ် ထားသော တိုက်ပွဲဝင် စိတ်ဓာတ်များ အရ၊ လင်းယွန်ကို မည်သူမျှ လျှော့မတွက် ရဲကြပေ။
ဤအခိုက်တွင် သူတို့ နှစ်ယောက် အရှိန် အဝါ ကြောင့်၊ ရေကန် မျက်နှာပြင် ပေါ်၌၊ လှိုင်းလုံးများ ရုန်းကြွ သွားသည်။
အချင်းချင်း အားယူ လိုက်ပြီးနောက်၊ မူလ စွမ်းအင် များဖြင့် လွှမ်းခြုံကာ၊ ထိပ်တိုက် ရင်ဆိုင် လိုက်ကြ တော့၏။
၎င်းတို့၏ တွေ့ဆုံ မှုကြောင့်၊ ပြင်းထန်သော လှိုင်းလုံးကြီး တစ်လုံး၊ ဝုန်းခနဲ ရိုတ်ခတ် သွားသည်။
“ ဟိတ် ... ။ ”
နှစ်ဉီး စလုံးမှာ၊ မည်သည့် သိုင်းနည်း စနစ် ကိုမျှ အသုံး မပြုဘဲ၊ အရိုင်း ဆန်ဆန် ထိုးနှက် နေကြသည်။
ဆိုလို သည်မှာ မိုးကြိုး ငရဲနှင့် ဓားသုတ္တန်တို့ အားပြိုင် နေကြခြင်း ပေပင်။ နှစ်ဦး စလုံးက သူတို့၏ နည်းစနစ် အပေါ်၊ ပြင်းစွာသော ယုံကြည်မှု ရှိလေသည်။
ထိပ်တိုက် ရင်ဆိုင်မှု များတွင်၊ ယန်းရှောင် အသာစီး ရခဲ့ သည်ကို လူတိုင်း ပြောနိုင် သည်။ နောက်ဆုံးတွင်၊ သူ၏ ကျင့်ကြံ မှုမှာ၊ အားသာချက် တစ်ခု ဖြစ်လေသည်။
“ ယန်းရှောင်ကို ထိပ်တိုက် ရင်ဆိုင် ရဲရအောင်၊ သူက တကယ်ကို ယုံကြည်မှု ရှိနေ တာပဲ။ ”
ဤမြင်ကွင်းကို မြင်သော အခါ၊ လှောင်ရိပ် စွန်းနေသော အပြုံးဖြင့်၊ မိန်ဇီယာက ဆိုလိုက် သည်။ ကျန်တပည့် များက ယင်းကို ခေါင်းညိတ် ထောက်ခံ လိုက်၏။
တစ်ခု တည်းသော ခြွင်းချက်မှာ၊ မိုလင်း တစ်ယောက် တိတ်ဆိတ် စွာဖြင့်၊ တိုက်ပွဲထံ အာရုံ စိုက်နေ ခဲ့သည်။
သူမ အနေဖြင့် တိုက်ပွဲ၏ အသေးစိတ် အချက် အလက် များကိုပင်၊ လက်လွတ် မခံ လို ခဲ့ချေ။
“ ဒါက မင်းမှာ ရှိတာ အကုန်လား၊ ငါ့ရဲ့ ခွန်အားကို အပြည့် အဝ မသုံး ရသေး ဖူးနော်။ ”
ယန်းရှောင်က ကောင်းကင်သို့ ပျံတက် နေစဉ်၊ အော်ဟစ် ရယ်မော လိုက်၏။
“ ပန်းသင်္ချိုင်း၊ ဒါက မင်းရဲ့ အကောင်းဆုံး ပုံစံ ဆိုရင်၊ ငါ စိတ်ပျက် ရလိမ့်မယ်။ ”
သူ့ မျက်လုံး များတွင် အလင်း ရောင်များ ထွက်ပေါ် လာပြီး၊ လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။
သူ့အား ဖုံးလွှမ်း နေသော မီးတောက်နှင့် လျှပ်စီး များမှာ၊ ချက်ချင်းပင် လင်းယွန်ကို ဝါးမြိုရန်၊ မီးလေဝဲ အဖြစ် ပြောင်းလဲ သွား၏။
ယန်းရှောင်နှင့် ယှဉ်လျှင်၊ လင်းယွန်မှာ သိပ် စိတ်ဝင် စားစရာ မရှိ လှချေ။ မီး လေဝဲက အရှိန်မြှင့် လာပြီး၊ အဆင့်သစ် ဆီသို့ ရောက်ရှိ လာသည်။
ယန်းရှောင် ရည်ရွယ်ချက်မှာ လင်းယွန်ကို အနိုင်ယူ ရုံတင် မကဘဲ၊ လုံးလုံး လျားလျား ချေမှုန်းပြီး အရှက် ခွဲရန် ဖြစ်၏။
လူတိုင်း ရှေ့တွင် သနား ညှာတာ ဖို့ရန်၊ တောင်းပန် နေသော လင်းယွန်အား ပြသ ချင်သည်။
ဤနည်းဖြင့် လင်းယွန်မှာ လျူယွမ်ယန် အနား ကပ်ရဲ တော့မည် မဟုတ်ပေ။ သူ့ အပေါ် စော်ကား ခြင်း၏၊ အကျိုးဆက် များကို သင်ပေး ရပေမည်။
ဤပန်းပြိုင် ပွဲတွင် သူ သာလျှင်၊ အဆုံး စွန်သော အောင်နိုင်သူ ဖြစ်၏။
ကောင်းကင်သို့ လှမ်းတက်ရန်၊ ပထမ ခြေလှမ်း ဖြစ်သည်။ ထို့ကြောင့် ထုံးစံ အတိုင်း၊ လင်းယွန်နှင့် စချင်သည်။
ကြောက်စရာ ကောင်းသော မီးလေဝဲ ကြီး၏ အရွယ် အစားမှာ၊ ပိုမို ကျစ်လစ် သိပ်သည်း လာပြီး၊ လင်းယွန် အပေါ် ပြိုကျ သွားသည်။
လင်းယွန်မှာ မာန ကြီးလွန်း သည်ဟု ခံစား မိသော ကြောင့်၊ လူ များစွာက ညည်းတွား လိုက်ကြ သည်။
ယန်းရှောင်ကို ထိပ်တိုက် ရင်ဆိုင်ရန်၊ ရွေးချယ် ခြင်းသည် ပညာ ရှိသော လုပ်ရပ် မဟုတ်ချေ။
လင်းယွန်၏ အရိုးများ ကြေမွ သွားသည့်၊ အသံကို လူတိုင်း ကြားနိုင်သည်။ ယင်းကြောင့် မိန်ဇီယန်က ရယ်မော လိုက်၏။
ယန်းရှောင်၏ လုပ်ရပ်ကို သဘောကျ မိသည်။ လင်းယွန်သာ ရှုံးနိမ့် ခဲ့မည် ဆိုပါလျှင်၊ လွယ်ကူ လွန်းလှ လေသည်။ အရှက် ခွဲခြင်း သည်သာ ပြီးပြည့် စုံသော နိုင်ပွဲ ဖြစ်၏။
“ ဟမ့် ...။ ”
ထိုအချိန်တွင် မီး လေဝဲ ကြီးမှာ အက်ကြောင်းများ ထွက်ပေါ် လာ သည်ကို၊ မိန်ဇီယာ သတိပြု မိလိုက်၏။
၎င်းမုန်တိုင်း အတွင်းမှ ငွေရောင် အလင်းများ တောက်ပ နေလေသည်။
( ဓားရောင် ခြည်လား။ )
သူ သံသယ ဝင်နေ ချိန်မှာပင်၊ အက်ကြောင်းများ ပြန့်ကား လာပြီး၊ ငွေရောင် စွမ်းအင်ဓား ရှစ်ဆယ့် တစ်စင်း တိုးထွက် လာ၏။
နောက်တစ် စက္ကန့်တွင် မီးလေဝဲ ကြီးမှာ ပေါက်ကွဲ သွားပြီး၊ ခမ်းနား လွန်းသော ဓား ခင်းကျင်းမှု တစ်ခု၊ ထွက်ပေါ် လာသည်။
ယင်းကြောင့် ယန်းရှောင်၏ အဝတ် အစားများ ကွဲထွက် သွားပြီး၊ ဓား အစီရင်နှင့် လွတ်ရာသို့ ဆုတ်ခွာ လိုက်ရသည်။
သို့သော် အခင်း အကျင်း ထဲတွင် ရပ်နေသော လင်းယွန်မှာ အနည်း ငယ်မျှ ထိခိုက်မှု မရှိ ခဲ့ချေ။ ဓား အစီရင် အတွင်း၊ မတုန် မလှုပ် ရပ်နေ ခဲ့သည်။
“ သူ ... ပိတ်ဆို့ နိုင်ခဲ့ တာလား။ ”
“ ဘယ်လို လုပ်လိုက် တာလဲ။ ”
ယန်းရှောင်၏ တိုက်ခိုက် မှုကို ရင်ဆိုင် ရာ၌၊ ထိခိုက်မှု မရှိဘဲ၊ တုန့်ပြန် နိုင် လိုက်သည်ကို မြင်ရ သောကြောင့်၊ အားလုံးက အံ့သြသွား ကြသည်။
“ မင်း ဘယ်လောက် ကြာကြာ၊ ခံနိုင် မလဲ ဆိုတာ ငါကြည့်မယ်။ ”
ဤဓား အခင်း အကျင်းတွင်၊ ကန့်သတ် ချက်မှာ အတိုင်း အတာ တစ်ခု အတွင်း ရှိနေ သောကြောင့်၊ ယန်းရှောင်၏ မျက်လုံးများ မှေးစင်း သွားသည်။
“ မိုးကြိုး ငရဲ သုတ္တန်— မိစ္ဆာ သုတ်သင်ခြင်း ရှေးဟောင်း လှံငယ်၊ ”
မီးလျှံ များက ပုဆိန်သွား ပါရှိ သည့်၊ သွေးဆာ နေသော ခရမ်းရောင် လှံတစ်စင်း သဏ္ဍာန်၊ ပေါင်းစပ် လာသည်။
“ အရမ်း မိုက်တယ်။ ”
လင်းယွန်က ပြုံးလျက် ဆိုလိုက် ပြီးနောက်၊
“ ပြိုင်ဘက်ကင်း ခရမ်းရောင် ဓား အစီရင်။ ”
ဓား(၈၁) လက်မှာ စတင် လှည့်ပတ် လာပြီး၊ လင်းယွန် ထံမှ အကန့် အသတ်မဲ့ ဓားသွား ဆန္ဒများ ထွက်ပေါ် လာသည်။
စွမ်းအင် ဓား ရှစ်ဆယ့် တစ်လက်က၊ ကောင်းကင်သို့ ပျံတက် သွားပြီး၊ (၁၆၂)လက် အထိ တိုးပွား လာ၏။
နောက်တစက္ကန့်တွင်၊ ဓားများ ထံမှ ပြင်းထန်သော လှိုင်းများ တိုးထွက် လာကာ၊ လှံရှည်ကို ရင်ဆိုင် လိုက်သည်။
“ ထွက် သွား။ ”
လှံရှည်မှာ ပြိုကျ သွားပြီး၊ ဓားရှည်များ ဆက်လက် တိုးဝင် လာသောကြောင့်၊ ယန်းရှောင်က ရှေ့ တစ်လှမ်း လှမ်းတက်ကာ၊ လက်သီး နှစ်လုံးဖြင့်၊ စုံ ထိုးထုတ် ပစ်လိုက် ရသည်။
ဓား များကို ဖျက်ဆီးရန်၊ သူ၏ မြင့်မားသော ကျင့်ကြံ မှု အပေါ်၊ အားကိုးခဲ့ ရခြင်း ဖြစ်သည်။
သို့သော် သူ ဆက်လက် လှုပ်ရှား တော့မည့် အချိန်၌၊ မီးဝိညာဉ် ရူရ်များ လင်းယွန် တစ်ဝိုက်၊ ယှက်တင် ပြေးလွှား လာသည်ကို၊ သတိပြု မိလိုက်သည်။
“ ဘယ်လောက်တောင် ၊ စိတ် အနှောင့် အယှက် ပေးလွန်း လှလဲ ...။ ”
ယန်းရှောင်က သူ့ဆီ ပြေးဝင် လာသည့်၊ ဝိညာဉ် ရေးရာ ပန်းချီကားကို လှမ်းဆွဲ ယူလိုက်သည်။
“ မင်းဘာပဲ လုပ်လုပ်၊ ငါ့ရဲ့ ခြေနင်းတုံး အဖြစ်ပဲ အဆုံးသတ် ရလိမ့်မယ်။ ”
စကားဆုံး သည်နှင့် သူ လှမ်းဆွဲ လိုက်သော လက်ထံမှ၊ စွမ်းအင် လက်ကြီး တစ်ဖက် ပြေးထွက် သွားကာ၊ ပန်းချီကား အတွင်းရှိ ရူရ် များကို စုပ်ဖြဲ ပစ်လိုက်သည်။
ဝိညာဉ် ရေးရာ ပန်းချီ ကားမှာ ပုံကြမ်း အဆင့် ၌ပင်၊ မီးရှူး မီးပန်းများ ကဲ့သို့ ကွဲထွက် သွားသည်။
“ ဒါကို အဆုံးသတ် ရအောင်။ ”
ယန်းရှောင်က သူ့ခန္ဓာ ကိုယ်ကို ရှေ့သို့ စောင်းချ လိုက်ကာ၊ လင်းယုန်ငှက် တစ်ကောင် ကဲ့သို့ ပြင်ယူ လိုက်၏။
တိုက်ပွဲအား အဆုံး သတ်ရန်၊ အားယူ နေသော ယန်းရှောင်ကို တစ်ချက် ကြည့်ပြီး၊ လင်းယွန်က ပြုံး လိုက်သည်။
လက်ရှိ ပြသ ထားသော သူ့ ခွန်အားမှာ အလုံး စုံဟု ယူဆ ထားပါက၊ တစ်ဖက်လူ အနေဖြင့် နုံအ လွန်း ပေသည်။
လင်းယွန် ခန္ဓာ ကိုယ်မှ အဆုံး မရှိသော သတ်ပစ် လိုသည့် အရှိန် အဝါများ ပေါက်ကွဲ ထွက်လာသည်။
အဆိုပါ မြင်ကွင်းကြောင့်၊ လင်းယွန်ကို စောင့်ကြည့် နေသူ များ၏ မျက်နှာများ ပြောင်းလဲ သွား၏။ မျက်ခုံး များကို ပြိုင်တူ ပင့်တင် လိုက်ပြီး၊
“ ဒါ ... ”
“ သူ့ရဲ့ သတ်ဖြတ် လိုတဲ့ ရည်ရွယ် ချက်က၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
“ ဒီလို အငွေ့ အသက် မျိုးကို၊ သူ ဘယ်လိုများ ထိန်းချုပ် နိုင်ခဲ့ တာလဲ။ ”
“ ဒါက သေမင်း လက်သီး ခုနစ် လုံးပဲ။ ”
အခြား တစ်ဖက်တွင် တန်ယုနှင့် ယုမူက ထိုမြင် ကွင်းကြောင့်၊ စိတ်လှုပ်ရှား သွားသည်။
“ အိုး သေမင်း လက်သီး ခုနစ်ချက်ပဲ ...၊ ဒီကောင် လေးက တကယ်ပဲ ဒီလို အရည် အချင်းတွေ ရှိတယ်လား။ ”
ဌာနမှူးက သူ့ မုတ်ဆိတ် ဖြူဖြူ များကို ရိုက်လျက်၊ ပြုံးရယ် လိုက်သည်။
***