လူပြက်က ဘယ်သူလဲ။
Vol. 39 Ch. 545
လင်းယွန် ခန္ဓာ ကိုယ်မှ အဆုံး မရှိသော သတ်ပစ် လိုသည့် အရှိန် အဝါများ ပေါက်ကွဲ ထွက်လာသည်။
ဘယ်လက်ဖြင့် တံဆိပ် ခုနစ် ခုကို ဖန်တီး လိုက်ပြီး၊ သူ၏ သတ်ဖြတ်ခြင်း ရောင်ဝါကို ခုနစ် ဆတိုး လိုက်၏။
ထိုစက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ပြင်းထန်သော သတ်ဖြတ်မှု ရောင်ဝါများ မြင့်တက် လာပြီး၊ ကောင်းကင်ကြီး တစ်ခုလုံး အနီရောင် ပြောင်းသွား လေသည်။
သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ အလင်းတိုင် အပြင် ထိတိုင်၊ အနှံ့ ပျံ့နှံ့ သွားကာ၊ လူတိုင်း အသက်ရှူ ကြပ်သွား စေ၏။
ကမ်းစပ်တွင် ရပ်နေသော ထိပ်တန်း အမာခံ တပည့် ဆယ်ယောက်ပင်၊ မျက်နှာ အမူအရာ ပြောင်းလဲ သွားသည်။
ဤသတ်ဖြတ် လိုသော ရည်ရွယ်ချက် အောက်တွင်၊ ကြီးမားသော ဖိအားကို ခံစား ခဲ့ရ သည်။
၎င်းမှာ လွန်ခဲ့သည့် ရာစု နှစ် အတွင်း၊ မည်သူမျှ အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့ခြင်း မရှိသော တားမြစ် နည်းစနစ် ဖြစ်သည်။
အကယ် ဒမီတွင် ‘သေမင်း လက်သီး’ အဖြစ် လူသိ များ၏။ ပြိုင်ဘက်ကို သတ်နိုင် ရုံသာ မက၊ ကျင့်ကြံသူ ကိုယ်တိုင်ပင် အချိန် မရွေး သေဆုံး သွားနိုင်သည်။
( ထို့ကြောင့် သေမင်း လက်သီး အဖြစ်သာ ဆက်လက် သုံးစွဲ သွားမည် ဖြစ်သည်။ )
သို့သော်၊ အပြင် လူ တစ်ဦးက ၎င်းကို အောင်မြင်စွာ သင်ယူ ခဲ့သည်။ ယင်းမှာ အကယ် ဒမီ အတွက် လှောင်ပြောင် စရာ၊ ဖြစ်ရပ် တစ်ခု ဖြစ်လာ နိုင်ပေ၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်း လိုက်လဲ၊ ဒီလို ရည်ရွယ်ချက် မျိုးက မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူတွေ မှာသာ ရှိတက်တဲ့ အရာ မျိုးပါ၊ သူ တကယ်ပဲ သတ်ခြင်း တံဆိပ် ခုနစ်ခုကို ဖွဲ့စည်း နိုင်ခဲ့တယ် ...။ ”
လူများ စွာက သက်ပြင်းချ လိုက်သည်။ မိုလင်း တစ်ယောက်သာ၊ လင်းယွန်က သူမကို စိတ်မပျက် စေသည့် အတွက် ပြုံးနေ မိသည်။
အလား တူပင် ပြိုင်ဘက် ထံမှ၊ မြင့်တက် လာသော သတ်ဖြတ်မှု ရောင်ဝါကို ကောင်းကင် ယံမှ၊ ကြည့်ရှု နေသော ယန်းရှောင် သည်လည်း၊ ထိတ်လန့် သွားရ၏။ သို့သော်။
“ ဒါ သေမင်း လက်သီး ဆိုတော့ရော ဘာဖြစ် သေးလဲ၊ ဒီနေ့ သူတောင် မင်းကို မကယ်နိုင် ပါဘူး။ ”
ယန်းရှောင်မှာ လေးတင် ထားသော မြှား တစ်စင်း ကဲ့သို့၊ နောက်ဆုတ်ရန် သူ့တွင် နည်းလမ်း မရှိ တော့ပေ။
တားမြစ် နည်းစနစ်မှာ မည်မျှပင် အစွမ်း ထက်နေ သော်လည်း၊ သူ၏ ကျင့်ကြံ မှုသည် အထွတ် အထိပ် ယင် အဆင့်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
ထို့ကြောင့်၊ ၎င်း၏ စွမ်းအားကို ပြိင်ဘက် အနေဖြင့် ခုခံနိုင် စရာ နည်းလမ်း မရှိချေိ၊ ဤသည်မှာ ကျင့်ကြံမှု အသာ ရထားသော သူ့ အခွင့် အရေးပင် ဖြစ်သည်။
သည့်အပြင်၊ လင်းယွန်၏ လက်ရှိ ကျင့်ကြံ မှုဖြင့်၊ သတ်ပစ် လိုသော ရည်ရွယ် ချက်ကို ထိန်းချုပ် နိုင်မည် မဟုတ်ချေ။
များပြားသော မူလ စွမ်းအင်ကို ထုတ်လွှတ် လိုက်သည်နှင့်၊ လက်နှစ် ဘက်တွင် လျှပ်စီး ကြောင်းများ ထွက်ပေါ် လာပြီး၊ မီးလျှံများ တောက်လောင် လာသည်။
ယန်းရှောင် တစ်ယောက်၊ ဤမျှ ပြတ်ပြတ် သားသား ဆုံးဖြတ် ရဲသည်ကို၊ မြင်လိုက် ရသော ကြောင့်၊ လူများ စွာက ခေါင်းညိတ် လာကြ သည်။
သေမင်း လက်သီး ခုနစ် ချက်မှာ၊ ယန်းရှောင်ကို ဟန့်တားရန် နည်းလမ်း မရှိချေ။ သေချာပေါက် ရှုံးနိမ့် ရပေမည်။
အထွတ် အထိပ် ယင် အဆင့်တွင် ရှိသော၊ အထက် တန်းစား တစ်ယောက်၏၊ သတ္တမ အဆင့် မိုးကြိုး ငရဲ နည်းစနစ် စွမ်းအားမှာ၊ လူတိုင်း လက်ခံ ယူနိုင်သော အရာ မဟုတ်ချေ။
ထို့အပြင် လင်းယွန်မှာ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို ကောင်းစွာ မထိန်းချုပ် နိုင်ဟု သူပြော နိုင်သည်။
ပထမ လှိုင်းကို ဖြတ်ကျော်နိုင် သရွေ့၊ ပြိုင်ဘက်အား ရိုက်နှက်နိုင် မည်မှာ သေချာ သည်။
“ အစ်ကို လင်း၊ မင်း နိုင်မှ ရမယ်။ ”
ဘိုင်ရီက လက်သီးကို ဆုပ်ကိုင်လျက်၊ အော်ဟစ် အားပေး လိုက်သည်။
သို့သော် ထိုအခိုက် အတန့်တွင်၊ လင်းယွန်က မျက်ဝန်းများ မှိတ်ချ လိုက်၏။
သတ်ဖြတ် လိုသော ရည်ရွယ် ချက်မှာ၊ မီးလျှံများ ကဲ့သို့ တောက်လောင် လာသည့် အတွက်၊ ငြိမ်းသတ်ရန် ကြိုးစား လိုက်ခြင်း ဖြစ်သည်။
၎င်းအချင်း အရာကို မြင်လိုက် ရသော ယန်းရှောင်က ဝမ်းသာ သွားသည်။
သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ဆိုသည်မှာ၊ ဓား ရည်ရွယ်ချက် ကဲ့သို့ပင်၊ လူတိုင်း ထိန်းချုပ် နိုင်သော အရာ မဟုတ်ချေ။
သူ့ နှုတ်ခမ်း ပေါ်တွင် ယုံကြည်မှု အပြည့် ရှိသော အပြုံး တစ်ပွင့် ထွက်ပေါ် လာ၏။
သို့သော် သူ ချဉ်းကပ်ခါ နီးတွင်၊ လင်းယွန်၏ မျက်ဝန်းများ ရုတ်တရက် ပြန်ပွင့် လာသည်။ အပြုံး တစ်ပွင့် နှင့်အတူ၊ တည်ငြိမ်သော ခံစား ချက်များ ဖြာထွက် လာပြီး၊
“ မင်းက ဒီရည်ရွယ်ကို၊ ငါထိန်းချုပ် နိုင်မှာ၊ မဟုတ် ဖူးလို့ မျှော်လင့် ထားပုံ ရတယ်။ ”
“ မဟုတ် ဖူးလား။ ”
ယန်းရှောင်က လှောင်ပြုံးဖြင့်၊ ပြန်မေး လိုက်၏။ ပြီးနောက် မျက်ဝန်းများ တောက်ပ လာကာ၊
“ မင်း တခြား သူတွေကို၊ နိမ့်ချ ပြောဆို နိုင်ပေမယ့်၊ ငါ့ကိုတော့ မရဘူး၊ အခု သေ လိုက် ... ၊ မိုးကြိုး ငရဲ— ဖြာထွက် နေသော မီးလျှံများ။ ”
ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ် ထားသော မီး လေဝဲကြီး နှစ်ခုအား၊ လင်းယွန်ထံ ပစ်ထုတ် လိုက်သည်။
“ ကြောက်စရာ စွမ်းအား ကြီးပဲ။ ”
“ မိုးကြိုး ငရဲကို ယန်းရှောင်က မြင့်မြင့် မားမား ဆုပ်ကိုင် ထားနိုင် တာပဲ၊ သူ့ အရည် အချင်းက ထိပ်တန်း တပည့် ဆယ်ဦးနဲ့၊ ယှဉ်နိုင် နေပြီ။ ”
“ ဒီတိုက်ပွဲက အံ့ဩ စရာ ရှိမယ် မထင်ဘူး၊ လင်းယွန်က သေမင်း လက်သီးကို၊ အလုံးစုံ ထိန်းချုပ် နိုင်ပုံ မရ သေးတာ သေချာတယ်။ ”
ယန်းရှောင် တစ်ယောက် ဤမျှ ပြင်းထန်သော တိုက်ခိုက် မှုကို ထုတ်လွှတ် နိုင်မည်ဟု မည်သူမျှ မထင်ထား ခဲ့ပေ။
အဆိုပါ မြင်ကွင်းကို မြင်လိုက် ရသော အခါတွင်၊ မျက်နှာ မှိန်ဖျော့ နေသော မိန်ဇီယန်မှာ၊ ချက်ချင်းပင် ရွှင်မြူး သွားသည်။
သို့သော် လင်းယွန် မှာမူ ငြိမ်သက်ကာ ဆက်လက် ပြုံးနေ ခဲ့သည်။ သူ့ မျက်နှာတွင် ထိတ်လန့်မှု အနည်း ငယ်မျှ မရှိချေ။
ဘယ်လက်ဖြင့် တံဆိပ် များကို၊ ထပ်မံ ထုတ်ဖော် လိုက်သည်နှင့်၊ သူ့အား ဖုံးအုပ် ထားသည့် သတ်ဖြတ်ခြင်း ရည်ရွယ် ချက်မှာ၊ နိုးထ လာသော သားရဲ တစ်ကောင် ကဲ့သို့၊ ရုတ်တရက် ဟိန်းဟောက် လာလေသည်။
ညာလက်တွင် မူလ စွမ်းအင်များ စုဆောင်း ပြီးနောက်၊ ထုတ်လွှတ် ထားသည့် ရည်ရွယ်ချက် များကို ပြန်လည် စုပ်ယူ လိုက်သည်။
ပြီးနောက် လက်သီးကို ထိုးထုတ် လိုက်၏။ ရေကန်၏ မျက်နှာပြင် ပေါ်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပျံ့နှံ့ လာကာ၊ ပြင်းထန်စွာ တုန်လှုပ် သွားစေသည်။
မီးလေဝဲ နှစ်ခုမှာ သတ်ဖြတ် လိုသော ရည်ရွယ်ချက် အောက်တွင် ပြိုကျ သွားပြီး၊ ကောင်းကင်မှ ဆင်းသက် လာသော ယန်းရှောင် ၏ ရင်ဘတ်ပေါ် ထိမှန် သွားသည်။
ထိပ်တိုက် တွေ့ဆုံ မှုများ အတွင်းမှ ယန်းရှောင် တစ်ယောက်၊ အမြောက် ကျည်ဆံ ကဲ့သို့၊ ပြန်လည် မြောက်တက် သွား၏။
ရေပြင်ပေါ် ပြုတ်ကျ သွားသော အခါ၊ သွေးတစ်လုတ် အန်ချ လိုက်ရပြီး၊ လင်းယွန်အား ထိတ်လန့်စွာ မော့ကြည့် လိုက်သည်။
“ ဒါ ... ဒါက ဘယ်လိုလုပ်၊ ဖြစ်နိုင် မှာလဲ။ ”
တစ်ဖက် လူမှာ သတ်ဖြတ်ခြင်း အငွေ့ အသက်ကို၊ ခုနစ်ဆ တိုးစေသော တားမြစ် နည်းစနစ် တစ်ရပ်အား ထုတ်ပြခဲ့ ရုံသာ မက၊ ကောင်းမွန်စွာ ထိန်းချုပ် နိုင်သည်။
အခြား တစ်ဖက်တွင် လင်းယွန် အနေဖြင့်၊ အနိုင်ရ နိုင်ခြေ အနည်းငယ် ရှိသော်လည်း၊ ဤမျှ လွယ်လွယ် ကူကူ အဆုံးသတ် နိုင်လိမ့် မည်ဟု၊ မည်သူမျှ မထင် ထားခဲ့ ကြချေ။
သေမင်း လက်သီး ခုနစ် ချက်မှာ၊ လင်းယွန် လက်၌ ယဉ်ပါးသော သားရဲ ငယ်လေး ကဲ့သို့၊ ပြုမူ နေပေသည်။
“ မင်းကို စိတ်ပျက် စေမိတဲ့ အတွက်၊ တောင်းပန် ပါတယ်၊ သတ်ဖြတ်ခြင်း တံဆိပ် ခုနစ် ခုကို၊ ငါ ထိန်းချုပ် နိုင်ရုံသာ မကဘူး၊ ပြီးပြည့် စုံအောင်တောင် လုပ်နိုင် ခဲ့တယ်။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ ရှေ့တစ်လှမ်း တိုးလိုက်သော အခါတွင်၊ ငွေရောင် အလင်းတန်း အသွင် ပြောင်းသွားကာ၊ ယန်းရှောင် ရှေ့သို့ ရောက်ရှိ လာ၏။
မဆိုင်း မတွဘဲ လက်သီးဖြင့် ထိုးချ လိုက်သည်။ ပြိုင်ဘက်မှ ပြန်လည် တိုက်ခိုက် ဖို့ရန်၊ အခွင့် အရေး မပေး နိုင်ချေ။
( သောက် ချေး ပဲ ...။ )
ဤတိုက်ခိုက် မှုကို ရင်ဆိုင်ရန် မှတပါး၊ အခြား ရွေးချယ် စရာ မရှိ သောကြောင့်၊ စိတ်ထဲက ကျိန်ဆဲ လိုက်သည်။
ထို့နောက် နှစ်ယောက်သား လေထဲတွင် ထိပ်တိုက် တွေ့ဆုံ သွားကာ၊ ပေါက်ကွဲ သံများ အဆက် မပြတ် ထွက်ပေါ် လာတော့သည်။
လင်းယွန်က အားသာ ချက်ကို ဆုပ်ကိုင် လိုက်သည် နှင့်၊ ၎င်းတို့၏ အခန်း ကဏ္ဍများ ပြောင်းလဲ သွားသည်။
လှုပ်ရှားမှု ဆယ်ကြိမ်ခန့် ဖလှယ် ပြီးနောက်၊ ယန်းရှောင်မှာ သွေးအန်လျက် ထပ်မံ ပျံသန်း သွားရ ပြန်၏။
လေထဲတွင် လင်းယွန်၏ အဝတ် အစားများ လူလွန့် နေပြီး၊ ရေကန် မျက်နှာပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာသည်။
ယန်းရှောင်ကို တစ်ချက် လှမ်းကြည့် လိုက်ရာ၊ ကြောက်ရွံ့ မှုကြောင့် ယန်းရှောင် တစ်ယောက်၊ အမြန် ဆုတ်ခွာ သွားသည်။
လင်းယွန်ကို အမဲလိုက် မည်ဟု ဆိုခဲ့ သော်လည်း၊ နောက်ဆုံးတွင် သူက လူပြက် တစ်ယောက် ဖြစ်လာ ခဲ့လေပြီ။
“ လုကျန်း၊ ချင်းဝမ်ရှောင် မင်းတို့ နှစ်ယောက်က၊ ဘယ်လောက် ကြာကြာ စောင့်ကြည့် နေမှာလဲ။ ”
ယန်းရှောင်က အေးစက်စွာ အော်ဟစ် လိုက်သည်။
“ ဟား ဟား ဟား၊ ငါတို့က မင်းရဲ့ သနား စရာ ကောင်းတဲ့ အခြေ အနေကို၊ သဘော ကျနေ လို့ပါ။ ”
“ စီနီယာ အစ်ကို ယန်း၊ စိတ်ချ နေပါ၊ ဧည်သင်းထောက် တစ်ယောက်ကို သဘာဝ အတိုင်း အရေး ယူမှာပါ။ ”
လုကျန်းနှင့် ချင်းဝမ်ရှောင်တို့ နှစ်ယောက် လုံးက ပြုံးလျက် ပြန်ဖြေပြီး၊ ရှေ့ကို လှမ်းတက် လာကြ၏။
ယန်းရှောင်ကြောင့် သူတို့၏ တည်ရှိမှုကို၊ လူတိုင်း မေ့သွား မိသည်။
“ ကောင်းပြီ၊ မင်းတို့ နှစ်ယောက်က၊ အချိန် ကောင်းကို ရောက်လာ တာပဲ။ ”
လင်းယွန်က ခေါင်းညိတ်ကာ ဆိုသည်။
“ ပေါက်တက် ကရ စကားတွေ ရပ်လိုက်၊ အရှက် မကွဲခင် ထွက်သွားပါ။ ”
လုကျန်းက လှောင်ပြောင် ပြောဆို လိုက်သည်။ သူတို့၏ အမြင် အရ လင်းယွန်မှာ၊ ယန်းရှောင်နှင့် တိုက်ပွဲတွင် အတွင်း ဒဏ်ရာများ ရရှိ ထားနိုင် ပေမည်။
“ ဘယ်လောက်တောင် စိတ်ဝင် စားဖို့ ကောင်းလိုက်လဲ၊ မင်းတို့ နှစ်ယောက်က ငါ့ကို၊ ဘယ်လို အရှက်ခွဲ မလဲ ဆိုတာ သိချင် ပါတယ်။ ”
လင်းယွန်က ဟာသ တစ်ပုဒ် ကြားလိုက် ရသ ကဲ့သို့၊ ပြုံးရယ် လိုက်သည်။
လုကျန်းနှင့် ချင်းဝမ်ရှောင်က အချင်းချင်း ပြန်ကြည့် လိုက်ပြီး၊
“ ငါတို့ နှစ်ယောက်က မင်းရဲ့ လက်သီး တွေကို၊ မတားနိုင် ဖူးလို့ ထင်နေ တာလား။ ”
“ ငါ့ လက်သီးက မသေချာ ပေမယ့်၊ ငါ့ဓား ကတော့ သေချာ ပါတယ်။ ”
ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ လင်းယွန်က ဆိုသည်။
လုကျန်း နှင့် ချင်းဝမ်ရှောင် တို့၏၊ မျက်နှာများ ပေါ်တွင် အထင် အမြင် သေးသော၊ အမူ အရာများ ပေျာက်ကွယ် သွားခြင်း မရှိဘဲ၊ ခေါင်းမော့ ကြည့်လာ ကြသည်။
လင်းယွန်၏ အသွင်မှာ၊ ဓားကို ဆုပ်ကိုင် လိုက်ပြီး နောက်တွင်၊ ကြီးစိုး လွန်းသော အရှိန် အဝါများ ထွက်ပေါ် လာလေသည်။
***