ငါ့ လမ်းမှာ ရပ်ဝံ့ လား။
Vol. 39 Ch. 546
“ ငါတို့ နှစ်ယောက်က မင်းရဲ့ လက်သီး တွေကို၊ မတားနိုင် ဖူးလို့ ထင်နေ တာလား။ ”
“ ငါ့ လက်သီးက မသေချာ ပေမယ့်၊ ငါ့ဓား ကတော့ သေချာ ပါတယ်။ ”
ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ လင်းယွန်က ဆိုသည်။
သူ့ အသွင်မှာ၊ ဓားကို ဆုပ်ကိုင် လိုက်ပြီး နောက်တွင်၊ ကြီးစိုး လွန်းသော အရှိန် အဝါများ ထွက်ပေါ် လာလေသည်။
၎င်းအား သတိ ထားမိ လိုက်သော လုကျန်းနှင့် ချင်းဝမ်ရှောင်၏ မျက်နှာ အမူ အရာမှာ၊ ပျက်ယွင်း သွားတော့သည်။
လင်းယွန် အနေဖြင့် ယန်းရှောင် အပေါ်၊ လွယ်လွယ် ကူကူ အနိုင်ယူ နိုင်ခဲ့ ပုံရ သော်လည်း၊ မူလ စွမ်းအင် များစွာ ကုန်ဆုံး သွားသည့် အပြင်၊ အတွင်း ဒဏ်ရာ များလည်း ခံစား ခဲ့ရကြောင်း၊ သူတို့ သိသည်။
ထို့ကြောင့် လင်းယွန်အား တိုက်ခိုက်ရန်၊ ယုံကြည်ချက် ရှိလာခြင်း ဖြစ်သည်။ သို့သော် ယန်းရှောင် အပေါ် အနိုင် ယူရာတွင်၊ ဓားပင် မဆွဲ ခဲ့သည်ကို မေ့သွား ခဲ့သည်။
“ မင်းက ငါတို့နဲ့ တိုက်ခိုက်ဖို့၊ တကယ် ဆန္ဒ ရှိနေ တာလား။ ”
တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် နေသော လင်းယွန်ကို ကြည့်ကာ၊ လုကျန်းက မျက်မှောင် ကြုတ်လျက်၊ မေးလိုက် သည်။
“ မင်းတို့ နှစ်ယောက်က၊ ငါ့ရန်သူ ဖြစ်ဖို့ တကယ် ဆန္ဒ ရှိရဲ့ လားလို့၊ ပြန် စဉ်းစား စေချင် တယ်။ ”
လင်းယွန်က ပြုံးလျက် တုန့်ပြန် လာသည်။
အခြား တစ်ဖက်တွင်၊ ယန်းရှောင်က လင်းယွန်၏ မျက်ကွယ် အရပ်သို့ ရွေ့သွားပြီး၊ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ၊ ပါးစပ် ထဲသို့ ပစ်ထည့် လိုက်၏။
ပြီးနောက် တင်ပျဉ်ခွေ ထိုင်ချကာ၊ ဒဏ်ရာ များကို ကုသရန် ပြင်သည်။
နှစ်ဦး နှစ်ဖက် တိုက်ခိုက် ကြပါက၊ သူ့တွင် အခွင့် အရေး ရှိလာ နိုင်ပေမည်။ ဆေးလုံး၏ စွမ်းပ ကားကြောင့်၊ ဒဏ်ရာများ လျင်မြန်စွာ သက်သာ လာ သော်လည်း၊ ကောင်းစွာ ဖုံးကွယ် ထားလိုက် သည်။
နှုတ်ခမ်း ထောင့်စွန်းရှိ သွေးများကို သုတ်ဖို့ပင်၊ စိတ်ကူး မရှိ ခဲ့ချေ။
တစ်ချိန်တည်း မှာပင်၊ လင်းယွန်က အလျှော့ ပေးလိုဟန် မပြ ခဲ့လေရာ၊ လုကျန်းနှင့် ချင်းဝမ်ရှောင် တို့၏ မျက်နှာများ မှောင်သွား သည်။
တစ်ဖက်လူ အနေဖြင့် ခြေတစ်လှမ်း ဆုတ်ပြီး၊ ပန်း ဘုရင်ကို မျှဝေရန် ဆန္ဒ ရှိပါက၊ ဤမျှ ခက်ခဲသော အနေ အထားတွင် ရှိနေမည် မဟုတ်ပေ။
သို့မဟုတ် ခဲ့ပါလျှင်၊ ချက်ချင်း နောက်ဆုတ် မိသော်၊ သူရဲ ဘောကြောင် သူများ အဖြစ် လှောင်ပြောင် ခံရ ပေလိမ့်မည်။
ဒဏ်ရာ ရထားသော ဧည့် သင်းထောက် တစ်ဦး ကိုပင်၊ ရင် မဆိုင်ရဲ သည့် နောက်တွင်၊ ယန်းရှောင်ထက် ပို၍ အရှက် ရဖွယ် ရှိလာ နိုင်၏။
“ ဒါဆို ငါတို့က မင်းကို ဆန့်ကျင်ရင် ဘာလုပ် မလဲ၊ မင်းက ငါတို့ကို ခြိမ်းခြောက် ရအောင်၊ မင်းကိုယ် မင်း ဘယ်သူလို့ ထင်နေလဲ။ ”
စကား ဆုံးသည်နှင့်၊ လုကျန်းက ကြက်သွေးရောင် လှံ တစ်စင်းကို ထုတ်ကာ၊ လင်းယွန်အား ထိုးချ လိုက်သည်။
လှံထိပ် ဖျားမှာ လေထုထဲ ထိုးခွဲ သွားပြီး၊ မြန်ဆန် လွန်းသော အရှိန်ကြောင့်၊ မီးပွားများ ပွင့်ထွက် လာ၏။
“ ဒါဆို နောင်တ မရ စေနဲ့။ ”
လင်းယွန်က ဒေါသထွက် သွားသည်။ သူ့ အနေဖြင့် ဒေါသ ထွက်ခဲ သော်လည်း၊ ယခု အချိန်၌ အမှန် တကယ် ဒေါသ ထွက်နေပြီ၊ ဖြစ်သည်။
လုကျန်းနှင့် ချင်းဝမ်ရှောင်မှာ ယန်းရှောင်ထက် များစွာ အားနည်း ပေ၏။ သို့သော်၊ ၎င်းတို့ နှစ်ဦးက လက်တွဲရန်၊ ဆန္ဒရှိ နေပုံ ရသည်။
သည့်ပြင် မက သေးဘဲ၊ ယန်းရှောင်နှင့် တိုက်ပွဲ ပြီးချိန် အထိ စောင့်ကာ၊ အခွင့်ကောင်း ယူခဲ့ ကြသည်။
ဤသည်မှာ အလွန် အရှက် မရှိသော လုပ်ရပ် ဖြစ်သောကြောင့်၊ လင်းယွန်ကို ရက်စက် သည်ဟု အပြစ် လာတင်၍ မရ နိုင်ချေ။
ရှန်ရှင်း ဓားကို ရုတ်ချည်း ထုတ်ဖော် လိုက်သည်။ အကယ် ဒမီတွင် သူ့ကိုယ်သူ ထိန်းချုပ်ထား ခဲ့ရ သောကြောင့်၊ လူများ စွာက အလွယ် တကူ ဖိနှိပ် နိုင်သူဟု ယူဆ နေလေသည်။
ဂူဖန်း ကဲ့သို့ အမှိုက် တစ်စပင်၊ သူ့ရှေ့ ခုန်ဆင်း လာရဲ ခဲ့၏။ လျူယွမ်ယန် အနား ကပ်ခဲ့ သည်ဟု ဆိုကာ၊ ယန်းရှောင်က အကြိမ်ကြိမ် အရှက် ခွဲသည်။
ယခု လုကျန်းနှင့် ချင်းဝမ်ရှောင်မှာ၊ သူ့ကို ရဲတင်းစွာ ခြိမ်းခြောက် လာနေ ပေသည်။
ပန်းသင်္ချိုင်း ဓားအား တင်းကြပ်စွာ ဆုပ်ကိုင် လိုက်သော အခါတွင်၊ နက်ရှိုင်းသည့် ဆက်နွှယ် မှုကို၊ ခံစား လိုက်ရ သည်။
ပန်းသင်္ချိုင်း ဓားမှာ သူ့ ဒေါသကြောင့်၊ တုန်လှုပ် လာ၏။ မူလ စွမ်းအင်များ ဓား ထဲသို့ လောင်းထည့် လိုက်ပြီး၊ ဝင်လာသော လှံကို ဓားလွယ်ခုတ် ပိုင်းချ လိုက်သည်။
စက္ကန့်ပိုင်း အတွင်း လုကျန်း၏ တိုက်ခိုက် မှုမှာ အပိုင်းပိုင်း ကွဲကျ သွား၏။ သို့သော် ပန်း သင်္ချိုင်း ဓားဆီမှ၊ ကျန်ရှိ နေသော စွမ်းအင် များက၊ ထိုမျှဖြင့် ရပ်တန့် မသွား ခဲ့ချေ။
လုကျန်း ဆီသို့ ဆက်လက် တိုးဝင် လာ၏။ ခြေလှမ်း ပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရပြီး၊ လင်းယွန်၏ တိုက်ခိုက် မှုကို ချေဖျက်ရန် လက်ဖဝါး တစ်ချက်အား ထပ်မံ ထုတ်ဖော် လိုက်ရ သည်။
ထပ်မံ နောက်ဆုတ် လိုက်ရသော လုကျန်းမှာ မျက်နှာ ပြောင်းလဲ သွားပြီး၊
“ ချင်းဝမ်ရှောင်၊ မင်းဘာလို့ အဲ့ဒီ ငရဲမှာ ရပ်နေ ရတာလဲ။ ”
-ဟု ဆိုလျက်၊ လှံကို စက်ဝိုင်းခြမ်း သဏ္ဍာန် ဝှေ့ယမ်း ကာ၊ အော်ဟစ် အားယူ လိုက်သည်။
“ ကောင်းကင်ဘုံ လက်သီး— ကမ္ဘာကို မှောက်သွန်မဲ့ လက်။ ”
ရုတ်တရက် ဟစ်အော် လိုက်သည်နှင့်၊ ချင်းဝမ်ရှောင်၏ အရှိန် အဝါမှာ တိုးလာသည်။ သူက လင်းယွန် ဆီသို့ ခုန်ဝင်ကာ၊ လက်သီး များဖြင့် တရစပ် ထိုးချ လိုက်၏။
တစ်ချိန်တည်း မှာပင်၊ ချင်းဝမ်ရှောင် နှင့်အတူ၊ လုကျန်းက တိုက်ခိုက် မှုကို ပြန်လည် စတင် လာသည်။
သူ့လက် ထဲရှိ လှံရှည်မှာ၊ ကြက်သွေးရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲလျက် ပြေးဝင် သွားသည်။
သူတို့ နှစ်ယောက်၏ တွဲဘက် ညီညီ တိုက်စစ် ဆင်လာသော ပုံရိပ် များကြောင့်၊ တိုက်ပွဲကို ကြည့်ရှု နေသော တပည့်များ အနေဖြင့်၊ အသက်ရှူ မဝ သလို ခံစား လိုက်ရ သည်။
လေထဲ တဖျပ်ဖျပ် ခတ်နေသော ဝတ်ရုံနှင့် အတူ၊ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် ထား လျက်၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။
သူ့တွင် ဓားမှ တပါး အခြား မရှိချေ။ ရှန်ရှင်း ဓားကို အကန့် အသတ်ထိ တွန်းပို့ လိုက်၏။
ထို့နောက်တွင် သူ့ ဒေါသကို ဓားနှင့် အတူ၊ ခုန်ဝင် လာသော ပြိုင်ဘက် များထံ ခုတ်ပိုင်း ချမိသည်။
လက်နက်များ ထိပ်တိုက် တွေ့ဆုံ သွား ပြီးနောက်၊ မီးပွားများ ပွင့်ထွက် လာပြီး၊ တုန်လှုပ်ဖွယ် လှိုင်းလုံး ကြီးများ၊ ပျံ့ကား ထွက်လာ လေသည်။
“ ဝှစ် ..... ။ ”
ရုတ်တရက် လှံ တစ်စင်းမှာ အဆိပ် ရှိသော မြွေ တစ်ကောင် ကဲ့သို့၊ လင်းယွန် ရင်ဘတ်ဆီ တိုးဝင် လာ၏။
ချက်ချင်းပင် ဒရာကိုဖီ ချပ်ဝတ်အား ဆင့်ခေါ် ကာ၊ လှံကို ဟန့်တား ပစ်လိုက် သော်လည်း၊ ထက်ရှ လွန်းသော လှံသွားကြောင့်၊ ချပ်ဝတ်မှာ ပေါက်ထွက် သွားသည်။
သို့သော် နှလုံးနှင့် တစ်လက်မ အကွာ၌ ရပ်တန့် သွားရ၏။ ကြမ်းရှသော စွမ်းအင် များက လှံ၏ အရှိန်ကို လျော့ချ နိုင်ခဲ့ သည်မှာ၊ ကံကောင်း လှပေသည်။
“ မင်း ... သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ”
ဒေါသကြောင့် လင်းယွန် နောက်ကျောတွင်၊ လမင်း တစ်စင်း ထွက်ပေါ် လာသည်။
“ တိမ်မြူ ကင်းသော လမင်း။ ”
လုကျန်း တစ်ယောက် နောက်တစ်ကြိမ်၊ ပြန်လည် အားမယူ နိုင်မီတွင် လရောင်များ သူ့ ဆီသို့၊ ပြိုကျ လာတော့၏။
ပြိုင်ဘက် ဓားမှာ ဤမျှ မြန်ဆန် လိမ့်မည်ဟု မမျှော် လင့်ထား သောကြောင့်၊ လုကျန်း တစ်ယောက် မျက်နှာ ပြောင်းလဲ သွားရသည်။
လှံဖြင့် လက်တုံ့ ပြန်ရန်၊ တွေးချိန်ပင် မရှိ တော့ချေ။ တိမ်များ အတွင်း ခွဲထွက် လာသော လရောင် ကဲ့သို့၊ ဓား အလင်းများ ချက်ချင်း ထိမှန် သွားလေပြီ။
ခန္ဓာကိုယ် အနှံ့၊ ပြတ်ရှ ရာများ ပြည့်နှက် လာကာ၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
လုကျန်း အခြေ အနေကို မျှော်ကြည့်ပြီး၊ ချင်းဝမ်ရှောင် တစ်ယောက် ထိတ်လန့် သွားသည်။
သူ တစ်ယောက် တည်းဖြင့်၊ တစ်ဖက် လူကို ထိန်းထားရန် နည်းလမ်း မရှိချေ။ ထို့ကြောင့် ချက်ချင်း ပြန်ဆုတ် ဖို့ရန်၊ ကြိုးစား လိုက်သည်။
“ မင်းတို့ အားလုံးရဲ့ ခွန်အားက၊ ဒါ အကုန် ပဲလား။ ”
လင်းယွန် အနေဖြင့် ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင် ပြီးနောက်တွင်၊ ပြိုင်ဘက် အပေါ် အသက် ရှုခွင့် မပေး လိုတော့ ချေ။
အနန္တ နှင်းလွင် ပြင်အား ထုတ်ဖော်ကာ၊ လမ်းကြောင်း ထက်ရှိ၊ အရာ အားလုံး အေးခဲ ပစ်လိုက်သည်။
လုကျန်းနှင့် ချင်းဝမ်ရှောင် တို့က၊ အအေး လှိုင်းကို ခုခံ ကာကွယ်ရန်၊ မူလ စွမ်းအင်များ ထုတ်ဖော် ကာကွယ် လိုက်ကြ သော်လည်း၊ အရမ်း နောက်ကျ သွားခဲ့သည်။
သို့သော် သူတို့ နှစ်ဦးမှာ၊ စက္ကန့်ပိုင်း မျှသာ တောင့်ခံ နိုင်ပြီး၊ သွေး တစ်လုတ်စီ အန်လျက် လွင့်စင် သွားသည်။
ယင်းမှာ အဆုံးသတ် မဟုတ် သေးပေ။ နောက်ထပ် ဓားချက် များကို လင်းယွန်က ထပ်မံ ထုတ်ဖော် လာပြန်သည်။
နှစ်ယောက်သား ရေကန် မျက်နှာပြင် ပေါ်သို့ ပြုတ်ကျ သွားစဉ် မှာပင်၊ တိုက်ခိုက်ရန် အားယူ နေသော လင်းယွန်ကို၊ ထိတ်လန့်စွာ ပြန်မော့ ကြည့် လိုက်မိသည်။
သခင်ဓားအား ခင်းကျင်းလျက်၊ ၎င်းတို့ကို လွှတ်ထားရန် ရည်ရွယ်ချက် ရှိပုံ မရချေ။ ပန်းသင်္ချိုင်း ဓားကိုယ် ထည်မှ၊ အလင်းများ ဖြာထွက် လာသည်။
ဤတစ်ကြိမ် ဓားကိုင် လိုက်ချိန်၌၊ လုံးဝ ခြားနား သွားသော လင်းယွန်၏ အသွင်ကြောင့်၊ သူတို့၏ မျက်လုံး များတွင် ကြောက်ရွံ့ မှုများ၊ ပြည့်နှက် လာလေသည်။
“ ဟား ဟား ဟား ... မင်းတို့ နှစ်ယောက်၊ အဆင်ပြေ ရဲ့လား။ ”
ရုတ်တရက် ယန်းရှောင်က မတ်တပ် ထရပ် လာ၏။ ပြီးနောက် လုကျန်း တို့ကို တစ်ချက် ကြည့်ကာ၊
“ မင်းတို့ နှစ်ယောက်က မင်းတို့ရဲ့ ဝှက်ဖဲ တွေကို မသုံးရ သေးဖူး ဆိုတာ ငါသိတယ်၊ နောက် မဆုတ်နဲ့၊ ဒီနေ့ သူ့ အသက် အတွက် ဒူးထောက်အောင် လုပ်ရမယ်၊ မဟုတ်ရင် အနာ ဂတ်မှာ၊ ငါတို့ အတွက် နေရာ ရှိမှာ မဟုတ် တော့ဘူး။ ”
“ ငါ့ အသက် အတွက်၊ ဒူးထောက် အောင် လား ... ။ ”
ယန်းရှောင် စကား အပေါ်၊ လင်းယွန်က သဘော ကျစွာ ရယ်မော လိုက်ပြီး၊
“ ငါ ... ဒူး မထောက်ခင်၊ ဒီဓားကို ယူလိုက်။ ”
စကားဆုံး သည်နှင့်၊ လွှမ်းမိုး ချုပ်ကိုင် လိုသော အရှိန် အဝါများ၊ ရုတ်တရက် ကြီးထွား ပြီး၊ ကောင်းကင်မှ တိမ်ညိုများ စုရုန်း လာကာ၊ လျှပ်စီးများ လင်းလက် လာခဲ့၏။
“ ဒါ က ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ခံစား မိသော အခါ၊ ယန်းရှောင်တို့ သုံးယောက်လုံး၊ မျက်နှာများ ပြောင်းလဲ သွားသည်။
ထိုရောင်ဝါက သူတို့ကို ကြောက်ရွံ့ စေပြီး၊ တလောက လုံး၌ ဓါး တစ်လက်သာ တည်ရှိ နေသည်ဟု၊ ခံစား လာရ စေသည်။
မတုံ့ပြန် နိုင်ခင် မှာပင် မိုးကြိုး များက၊ လင်းယွန်၏ ခန္ဓာကိုယ် ထဲသို့ နဂါး တစ်ကောင် အဖြစ် ဝင်ရောက် သွားသည်။
သူ့မျက်ဝန်း များ၌ လောကကို အုပ်စိုး နေသော သခင် တပါး ကဲ့သို့၊ အလင်း ရောင်များ တောက်ပ လာ၏။
“ ပြေး ... ။ ”
သုံးယောက်သား ဆက်မနေ ရဲတော့ဘဲ၊ အမြန် ပြန်လှည့် ပြေးလိုက် ကြသည်။
“ ပြေးချင် လို့လား ... ။ ”
လင်းယွန်က ဓားကို လွှဲယမ်း လိုက်ပြီး၊ ‘ဟွန့်’ ခနဲ အသံပြု လိုက်၏။ လျှပ်စီးများ ထွက်ပေါ် လာကာ၊ အလင်းတိုင် အနှံ့ အက်ကွဲ ကြောင်းများ ပျံ့ကျဲ သွားသည်။
“ မိုးကြိုး .... ။ ”
“ ဝိုး ... ။ ”
နဂါး တစ်ကောင် အဖြစ်၊ ဖွဲ့တည် လာသော လျှပ်စီး ကြောင်းကို မြင်လိုက် ရ သဖြင့်၊ လူ အများက အော်ဟစ် ကြွေးကြော် ခဲ့ကြသည်။
၎င်မှာ သဘာဝ အားဖြင့် သခင်ဓား - မိုးကြိုး ဖြစ်၏။ ထို့ကြောင့် ယန်းရှောင်တို့ သုံးဦးမှာ အရိုးများ ထိတိုင်၊ နက်ရှိုင်း လွန်းသော ဒဏ်ရာ များဖြင့် ပြည့်နှက် ကုန်ပြီး၊ နာကျင်စွာ အော်ဟစ် လူးလှိမ့် သွားကြ သည်။
အတွင်း အင်္ဂါ များပင် ဤဓား လှိုင်းကြောင့်၊ အကြီး အကျယ် ဒဏ်ရာ ရသွား တော့၏။
“ မင်းတို့က ငါ့ဓား ကိုတောင် မခံနိုင် ကြပဲ၊ ငါ့ကို အရှက်ခွဲ ချင် နေကြ တာလား၊ မင်းတို့ ကောင်တွေ သေမင်းကို၊ တကယ် ဖိတ်ခေါ် လိုက်ကြ တာပဲ။ ”
လွင့်စင် သွားသော ယန်းရှောင် တို့ကို ကြည့်ကာ၊ လင်းယွန်က အော်ငေါက် လိုက်၏။
ထို့နောက်တွင် ၎င်းတို့ ဆီသို့ ပြေးလာ နေသော လင်းယွန်ကို၊ ကြောက်ရွံ့မှု အပြည့်ဖြင့်၊ သုံးယောက်သား မော့ကြည့် လိုက်ကြသည်။
လင်းယွန် ထံမှ သတ်ဖြတ် လိုသော ရည်ရွယ် ချက်မှာ၊ အလွန် ပြင်းထန် လှသဖြင့်၊ ရေကန်မှာ ပွက်ပွက်ဆူ လာသည်။
အဆိုပါ အချင်း အရာကြောင့် သုံးယောက်သား အလျင် အမြန် ဒူးထောက် ချလိုက် ရသည်။
***