ခရမ်းရောင် ဓား အစီရင်။
Vol. 40 Ch. 560
ယန်းရှောင်၊ လုကျန်းနှင့် ချင်းဝမ်ရှောင်မှာ၊ ပန်းဘုရင်ကို ရရှိရန် ရေပန်း စားသော ပုဂ္ဂိုလ်များ ဖြစ်သည်။
သို့သော် ၎င်းတို့ ဆီသို့ ပြေးလာ နေသော လင်းယွန်ကို၊ မော့ကြည့်ကာ သုံးယောက်သား အလျင် အမြန် ဒူးထောက် လိုက်ကြသည်။
လင်းယွန်၏ မျက်ဝန်း ထဲရှိ၊ သတ်ပစ် လိုသော ရည်ရွယ်ချက် များမှာ၊ သူတို့အား ကျောရိုး တစ်လျှောက် စိမ့်တက် လာစေသည်။
လက်ရှိ ရင်ဆိုင် နေရသော ဖိအား မျိုးကို သူတို့သာ နားလည် နိုင်သည်။ တစ်ဖက် လူမှာ အမှန် တကယ် ဒေါသ ထွက်နေပြီ ဖြစ်ပြီး၊ အချိန် မရွေေး သတ်ပစ် နိုင်မည် ဖြစ်သည်။
သိပ်သည်း လွန်းသော သတ်ဖြတ် လိုသည့် အရှိန် အဝါကြောင့်၊ သူတို့၏ ဝိညာဉ်များ ၌ပင်၊ ကြောက်ရွံ့ မှုများ ဖုံးလွှမ်း လာခဲ့ သည်။
လင်းယွန် တစ်ယောက် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာချိန်တွင်၊ ငရဲ နတ်ဘုရား တစ်ပါး တိုးကပ် လာ သကဲ့သို့၊ ခံစား လာရကာ မျက်နှာများ ဖျော့တော့ သွားသည်။
သူတို့ကို တကယ်ပင် သတ်ပစ် လိမ့်မည်ဟု၊ ခံစား လာမိ၏။ ယန်းရှောင်က လင်းယွန်ကို ကြည့်ကာ၊ အံကြိတ် လိုက်ပြီး၊
“ လင်းယွန် ငါတို့ ဒူးထောက် ပြီး တာတောင်၊ မင်းက ငါတို့ကို တကယ် သတ်ဖို့ လို လို့လား။ ”
“ မင်းတို့ကို သတ်ဖို့လား၊ တကယ် စိတ်ဝင်စား စရာ မေးခွန်းပဲ အဟက်၊ မင်း ဘာ အတွက် ငါ့ဆီ လာခဲ့ တာလဲ ဟမ် ... ။ ”
လင်းယွန်၏ မျက်လုံးများ၊ အေးစက်စွာ တောက်ပ လာသည်။
“ လျူယွမ်ယန် အနား မကပ်ဖို့၊ ဘယ်သူက ငါ့ကို လာခြိမ်းခြောက် ခဲ့တာလဲ၊ လူရှေ့မှာ အရှက်ခွဲ မယ်လို့၊ ပြောခဲ့တဲ့ သူက ဘယ်သူလဲ၊ ငါ့ကို အမဲ လိုက်မယ်လို့၊ ပြောခဲ့ တာ ကရော ဘယ်သူလဲ။ ”
ထိုမေးခွန်း များက၊ ယန်းရှောင် မျက်နှာကို နီမြန်း သွားစေသည်။ ယင်းကြောင့် တိတ်ဆိတ်စွာ ခေါင်းငုံ့ လိုက်မိ သော်လည်း၊ ပန်းသင်္ချိုင်း ဓားက သူ့ ပါးပြင်ကို လာရိုက် သည်။
“ ဖြန်း .... ။ ”
၎င်းကို ရပ်ကြည့် နေမိသော လူအုပ် ကြီးမှာ၊ ထိတ်လန့် သွား၏။ ထိပ်တန်း ဆယ်ယောက် နှင့်၊ ယှဉ်နိုင်သော အမာခံ တပည့် တစ်ဦး ဖြစ်သည့် ယန်းရှောင်ကို ပါးရိုက် ခြင်းဖြင့်၊ သူတို့အား သတိ ပေးနေ ခဲ့သည်။
တစ်စုံ တစ်ယောက်သည် လင်းယွန်၏ အောက်စည်းကို ကျော်လွန် ပြီးနောက်၊ ဒူး ထောက်လိုက် ရုံဖြင့်၊ အလွယ် တကူ ဖြေရှင်း နိုင်သော အရာမျိုး မဟုတ်ပေ။
သူ့တွင် ပို၍ ရက်စက် ကြမ်းကြုတ်သော ဒေါသ ရှိပေသည်။ ဓားဖြင့် ပါးရိုက် ခံ ရသော ကြောင့်၊ အဝေးသို့ လွင့်စင် သွားရ၏။
သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်း နိုင်မီ၊ ရေမျက် နှာပြင် ပေါ်၌ အကြိမ်ပေါင်း များစွာ ခုန်တက် လိမ့်ဆင်း သွားသည်။
လက်သီးများ ဆုပ်ကိုင် ထားသော သူ့မျက်ဝန်း များ၌၊ နာကျည်းမှု များဖြင့် ပြည့်နှက် လာသည်။
သို့သော် ခေါင်းမော့ လိုက် ချိန်တွင်၊ ထက်ရှ လွန်းသော အကြည့် တစ်စုံကြောင့်၊ ကျောရိုးကို ဆောင့်ကန် လာ သကဲ့သို့၊ ခံစား မိစေပြီး၊ အလျင် အမြန် ပြန်ငုံ့ချ လိုက်ရသည်။
ပန်းပြိုင်ပွဲ မစခင် မောက်မာ လွန်းသော ယန်းရှောင်၏ အသွင်ကို၊ ပြန်တွေးမိ ကုန်သည့် တပည့် များမှာ၊ အဆိုပါ မြင်ကွင်းအား ကြည့်လျက်၊ စုတ်သပ် လိုက်ကြ၏။
အကြည့် တစ်ချက် ဖြင့်ပင် ခေါင်းငုံ့ သွားရ လေပြီ။ အကယ်ဒမီ အတွက် အလွန် အရှက် ရဖွယ်၊ လုပ်ရပ် ဖြစ်ပေသည်။
ထို့ပြင် လင်းယွန်ကို ဤမျှ ရက်စက် လိမ့်မည်ဟု၊ မည်သူမျှ မမျှော် လင့်ထား မိကြချေ။ အကယ် ဒမီ၏ အမာခံ တပည့် တစ်ဦးအား၊ သတ်ပစ်ရန် လူမြင် ကွင်း၌ ခြိမ်းခြောက် ရဲခဲ့သည်။
“ ငါတို့က အရမ်း မိုက်မဲ ခဲ့တယ်၊ မင်းရဲ့ ရန်သူ မဖြစ် သင့်ပါဘူး၊ ”
လုကျန်းနှင့် ချင်းဝမ်ရှောင်က၊ တုန်တုန် ယင်ယင်ဖြင့် ဆိုလိုက်သည်။
“ ထွက် သွား ... ။ ”
သူ့လက် များကို မညစ်ပတ် လို သောကြောင့်၊ လုကျန်း တို့အား လျစ်လျူရှု လိုက်သည်။
ယင်းမှာ မောက်မာ လွန်းသော အပြု အမူ တစ်ရပ် ဖြစ်သော်လည်း၊ သူတို့ အတွက် နားဝင် ချိုလှ ပေသည်။
ချက်ချင်းပင် စိတ်သက် သာရာ ရသွားကာ၊ အလျင် အမြန် ကုန်းထ ပြေးသွား ကြလေသည်။
မျက်စိ တစ်မှိတ် အတွင်း၊ အလင်းတိုင် အတွင်း၌ လင်းယွန် တစ်ယောက်သာ ကျန်ရစ် ခဲ့တော့၏။
ဤနေ့ အတွက် အောင်နိုင် သူမှာ၊ လင်းယွန် ဖြစ်လေသည်။ ထိုအချိန် မှာပင် ရေ မျက်နှာ ပြင်မှ၊ အလင်း တန်း ကိုးသွယ်၊ ထပ်မံ ထွက်ပေါ် လာ၏။
အလင်းတန်း တစ်ခုစီ အနေဖြင့်၊ တောက်ပ လွန်းသော ကြောင့်၊ ကောင်းကင်အား အရောင် ပြောင်းလဲ သွားစေ ခဲ့သည်။
သိပ် မကြာခင် မိုးများ ရွာကျ လာကာ၊ သက်တံကြီး တစ်စင်း ဖြစ်ပေါ် လာ၏။
ယင်းမှ စကာ၊ ကုန်ဆုံး သွားသော မူလ စွမ်းအင်များ၊ အရှိန် အဟုန်ဖြင့်၊ ပြန်လည် မြင့်တက် လာတော့သည်။
ဓားသုတ္တန်ကို ဖြန့်ကျက်လျက် ပြန်လည် စစ်ဆေး ကြည့်လိုက်ရာ၊ ကျင့်ကြံခြင်းတွင် အနည်းငယ် တိုးတက် လာသည်အား၊ သတိ ပြုမိ လိုက်၏။
“ ဒါက သက်တံ ကိုးသွယ် ဝိညာဉ် မိုးရေပဲ။ ”
“ ပန်းဘုရင် ထွက်ပေါ် လာတော့မယ်။ ”
“ မိုးရဲ့ သက်ရောက် မှုက တတိယတန်း မေှာ်ဆေးလုံး ထက်တော့ မနိမ့် ကျဘူး၊ လင်းယွန်က အဲဒါတွေ အားလုံးကို ရိတ်သိမ်း နေပြီ။ ”
“ ဒါက အစပဲ ရှိသေးတယ် ဆိုတာ မမေ့ ပါနဲ့၊ ပြီးရင် ဌာနမှူးရဲ့ စတုတ္ထတန်း မှော် ဆေးလုံးကို၊ ဆုလာဘ် အဖြစ် ရရှိ ဦးမယ်။ ”
“ ငါတို့ အကယ် ဒမီရဲ့ ရတနာတွေ အကုန် လုံးက၊ အပြင်လူ တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွား ရပြီ ...။ ”
လူတိုင်းက လင်းယွန် အပေါ်၊ မနာ လိုသော မျက်ဝန်း များဖြင့် မျှော်ကြည့် လိုက်ကြသည်။
မိန်ဇီယန် အနေဖြင့် ဤရလာဒ်မှာ၊ သူ မျှော်လင့် ထားသည့်၊ အရာ မဟုတ် သော ကြောင့်၊ မျက်နှာ မည်းသွား ခဲ့သည်။
သက်တံ ကိုးသွယ် ဝိညာဉ် မိုးများ၊ ပိုမို ပြင်းထန်စွာ ရွာသွန်း လာ သဖြင့်၊ ရေကန် တစ်ကန်လုံး လှုပ်ခတ် လာသည်။
ထိုအချိန် မှာပင် ရောင်စင် ကိုးသွယ်၊ တောက်ပ နေသော ပန်း တစ်ပွင့်၊ ရေကန် အတွင်းမှ ထိုးထွက် လာတော့၏။
ကောင်းကင်သို့ လွင့်တက် သွားပြီးနောက်၊ ဆန်းပြားသော ရောင်စင် များကို ထုတ်လွှတ် လာခဲ့သည်။
ထိုရောင်ခြည် ကွန့်မြူးခြင်း ဖြစ်စဉ် အောက်တွင်၊ မြင့်မြတ်သော ယင်ပန်းမှာ၊ ဤကမ္ဘာ ပေါ်ရှိ အလှ တရား အားလုံး၏၊ ဘုရင်မ တစ်ပါး အဖြစ်၊ ပြုမူ လာတော့၏။
လူတိုင်း၏ အာရုံမှာ ထိုပန်း ပေါ်သို့ ကျရောက် နေခဲ့သည်။ အကြီး အကဲ များက၊ အဆိုပါ မြင်ကွင်းကို ကြည့်ကာ၊ စကား လုံးများ ပေျာက်ဆုံး သွားကုန်၏။
ပွင့်ချပ် ကိုးချပ် ပါရှိသော ပန်းဘုရင်မှာ၊ ဆယ်စုနှစ် အတွင်းတွင် တစ်ကြိမ်သာ ပေါ်ထွန်း လာတက် သည့် ပန်း တစ်ပွင့် ဖြစ်သည်။
ယင် အဆင့်ရှိ တပည့် အားလုံး အတွက်၊ ပိတ်ဆို့မှု တိုင်းကို ချိုးဖြတ် နိုင်သော ကြောင့်၊ ၎င်းမှာ လွန်စွာ အသုံးဝင် လေသည်။
ထို့ကြောင့် ပန်းပွင့်နှင့် လင်းယွန်ကို ကြည့်ကာ၊ တပည့် တိုင်းက စိတ်လှုပ်ရှား ကုန်၏။
သို့သော် နောက်ဆုံးတွင် လင်းယွန်ကို၊ မည်သူ ကမျှ ရန်မစ ဝံ့သောကြောင့်၊ လောဘအား မျိုသိပ် လိုက်ရသည်။
မည်သူ မဆို ပါးရိုက် ခြင်းဖြင့်၊ လူရှေ့ သူရှေ့၌ အရှက်ခွဲ မခံယူ လိုကြချေ။
အဆုံးတွင်၊ မဟာချင် အင်ပါယာမှ ဓားသမား တစ်ယောက်က၊ အကယ် ဒမီ၏ ရတနာ များကို ရယူ နေခြင်းအား၊ ရပ်၍သာ ကြည့်နေ ခဲ့ရ သည်။
ပန်းကို မော့ကြည့် နေသော လင်းယွန်၏ မျက်လုံး များတွင်၊ ပျော်ရွှင် မှုများ တောက်ပ လာသည်။
ပန်းပွင့် အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်ကို ရှင်းရှင်း လင်းလင်း ခံစား နိုင်၏။
ဤပန်းကို သန့်စင် နိုင်ပါလျှင်၊ အချိန် အနည်းငယ် အတွင်း၊ အထွတ် အထိပ် ယင် အဆင့်သို့၊ ရောက်နိုင် ပေလိမ့်မည်။
ယင်းမှာ ကောင်းမွန်သော အခွင့် အရေး တစ်ရပ် ပေပင်။
သူ့ကိုယ်သူ တည်ငြိမ် စေရန်၊ ချိန်ညှိ ယူလိုက် ပြီးနောက်၊ အပြုံးဖြင့် ပန်းပွင့် ဆီသို့ လျှောက်လှမ်း လိုက်သည်။
သို့သော် ဤအခိုက် အတန့်တွင် ရေကန် အောက်ခြေမှ၊ ကျယ်လောင်သော ဟောက်သံ တစ်သံ ထွက်ပေါ် လာပြီး၊ ရေကန် တစ်ခုလုံး ပေါက်ကွဲ လာတော့၏။
ပန်းဘုရင်ထံ လက်ကမ်း နေသော လင်းယွန်၏ အမူ အရာမှာ၊ ရပ်တန့် တုန့်နှေး သွားရသည်။
ယန် အဆင့် နတ်ဆိုး သားရဲ တစ်ကောင် သည်သာ၊ ဤသို့သော ဖြစ်စဉ်ကို ထုတ်ဖော် နိုင်မည် ဖြစ်သည်။
တစ်ချိန်တည်း မှာပင်၊ အလင်းတိုင် အပြင် ဘက်ရှိိ အခြားသော တပည့် များက၊ ကျိုးကျ နေသည့် အလင်း တိုင်ကို ကြည့်ကာ၊ စိတ် လှုပ်ရှား ကုန်ကြ၏။
“ ယန် အဆင့် ... နတ်ဆိုး သားရဲ ။ ”
ထွက်ပေါ် လာသော အရှိန် အဝါ အရ၊ တပည့် များမှာ ပြုံးရွှင် သွားကုန်သည်။
လင်းယွန်ကို ဤနတ်ဆိုး သားရဲ သည်သာ သတ်ပစ် လိုက်ပါက၊ သူတို့၌ အခွင့် အရေး ရှိလာ နိုင် ပေမည်။
မီတာ သုံးရာခန့် ရှည်လျားသော ကြက်သွေးရောင် စပါးအုံး မြွေကြီးက၊ ရေကန် အတွင်းမှ ဝုန်းခနဲ ခုန်ထွက် လာ၏။
ကြက်သွေးရောင် စပါးအုံး မြွေ၏ ပါးစပ် အတွင်းမှ၊ ခရမ်းရောင် အချွဲ များက ပန်းပွင့်များ သဏ္ဍာန် ကျဆင်း နေသည်။
ထိုအချွဲ များမှာ ရေကန်ပေါ် ပြုတ်ကျ သွားပြီး နောက်၊ အနက် ရောင်များ အဖြစ် ပြောင်းလဲ သွား၏။
ကြက်သွေးရောင် စပါးအုံး မြွေမှာ၊ နက်နဲ နယ်ပယ် ခွန်အားဖြင့်၊ မွေးဖွား လာသော နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သည်။
ထို့ကြောင့် ယန် အဆင့်သို့ ရောက်ရှိ နေသည် မှာ၊ အံဩ စရာ မရှိချေ။
သို့သော် ၎င်းမှာ မီတာ သုံးရာသာ ရှိနေ သည့်အတွက်၊ အရွယ် မရောက် သေးဟု အဓိပ္ပါယ် ရလေသည်။
ဆိုလို သည်မှာ အဆိုပါ သားရဲ၏ အရည် အချင်း အနေဖြင့်၊ လင်းယွန်အောက် မလျော့ ကြောင်း၊ သက်သေပြ နေပေသည်။
“ ဒီကြက်သွေးရောင် စပါးအုံး မြွေက၊ ဘယ်လို ဖြစ်လို့ ဒီကို ရောက်နေ ရတာလဲ။ ”
အကြီး အကဲ ယုမူ၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ထို့ကြောင့် လင်းယွန်အား ကူညီရန် ပြင်လိုက်ရာ၊ ဌာနမှူးက ဟန့်တား လာ၏။
“ မင်းတို့ကို ဝင်ရောက် စွက်ဖက်ခွင့် မရှိ ဖူးလို့၊ ပြောထား ပြီးသား မဟုတ်လား။ ”
“ ဌာနမှူး သခင်၊ လင်းယွန်က အနိုင်ရ ပြီး သားလေ၊ ဒီ သားရဲ လက်က သူ အသက် ရှင်နိုင် ရင်တောင် ပန်းဘုရင်ကို ကာကွယ် နိုင်မှာ မဟုတ်ဘူး၊ တခြား တစ်ယောက် ယောက်က လုယူ သွားလိမ့်မယ်။ ”
အကြီး အကဲ ယုမူက စိုးရိမ် တကြီး ပြောသည်။
“ စောင့်ကြည့် လိုက်ပါ။ ”
တန်ယုက မျက်ရိပ် ပြကာ၊ ယုမူကို ဝင်ဟန့် လိုက်၏။
ကြက်သွေးရောင် စပါးအုံး မြွေကြီး၊ ရေကန် ပေါ်သို့ လုံးလုံး လျားလျား ထွက်ပေါ် လာသော အခါတွင်၊ လင်းယွန်က ပန်းဘုရင်ကို သိမ်းယူ လိုက်ပြီး ဖြစ်သည်။
၎င်းကို မည်သူမှ သတိ မထား မိလိုက်ချေ။
ပြန်လည် ဆုတ်ခွာ တော့မည့် အချိန် မှာပင်၊ ခြိမ်းချောက် လိုသော ရည်ရွယ် ချက်များ၊ ဖုံးလွှမ်း လာသည်ကို ခံစား လိုက်ရသည်။
“ ငါ့ကို အရေး မစိုက် ဖူးလား။ ”
လင်းယွန်က ပြုံးကာ၊ ရှေ့သို့ လက် သီး တစ်ချက် တွန်းထုတ် လိုက်၏။
လက်သီးကို မြင်သည်နှင့်၊ စပါးအုံး မြွေက သူ့ အမြီး ဖြင့်၊ ရေကန်ထဲ ရိုက်ချ လိုက်သည်။ ချက်ချင်းပင် လှိုင်းလုံးကြီး တစ်လုံး၊ ထွက်ပေါ် လာကာ၊ လက်သီးအား ဟန့်တား လာ၏။
သို့သော် လင်းယွန်က လက်သီးကို ပြန်ရုတ် သိမ်း လိုက်ပြီး၊ တိုးဝင် လာသော လှိုင်း အပေါ်၊ ဓားဖြင့် လွှဲခုတ် ဖျက်ဆီး ပစ်သည်။
တစ်ချိန်တည်း မှာပင် ထပ်မံ ရိုက်ခတ် လာသော စပါးအုံး မြွေ၏ အမြီးကို၊ ရှောင်တိမ်း လိုက်ရ သည်။
ပန်းသင်္ချိုင်းဓား အတွင်း၊ မူလ စွမ်းအင်များ ထပ်မံ လောင်းထည့်ကာ၊ စပါးအုံး မြွေထံ လွှဲခုတ် မိပြန်၏။
ဓားမှာ အကြေးခွံ များပေါ် ကျရောက် သွားပြီး၊ သတ္တု သံများ ထွက်ပေါ် လာသည်။ ပန်းသင်္ချိုင်း ဓားဖြင့်၊ စပါးအုံး မြွေ၏ ခံစစ် အလွှာကို၊ ချိုးဖျက်ရန် မဖြစ် နိုင်ချေ။
၎င်းအရေပြား ပေါ်ရှိ ပန်းပုံစံ အကြေးခွံ များမှာ၊ တိုး မဖောက် နိုင်သော ချပ်ဝတ် တစ်ထည်နှင့် တူ၏။
အချိန်ကြာ လာသည်နှင့် အမျှ၊ စပါးအုံး မြွေ၏ ခံစစ်ကို မချိုးဖျက် နိုင်ရုံ သာမက၊ အမြီးဖြင့် ရိုက်နှက်ခြင်း ကိုပင်၊ ခံလိုက် ရသည်။
ထို့ကြောင့် သွေးတစ်လုတ် အန်လျက် လွင့်စင် သွားရ ပြန်သည်။
“ သူက တကယ်ပဲ မောက်မာ လွန်းတယ်၊ တစ်ယောက် တည်းနဲ့၊ ကြက်သွေးရောင် စပါးအုံး မြွေကို၊ အနိုင်ယူ နိုင်လိမ့် မယ်လို့ သူ ထင်နေ တာလား။ ”
“ စကြာဝဠာ လက်နက် တောင်မှ၊ ကြက်သွေးရောင် စပါးအုံး မြွေရဲ့ ခံစစ်ကို၊ မချိုးဖျက် နိုင်လောက်ဘူး။ ”
“ လာ ... ဒီစပါးအုံးကို သွားသတ် ကြ ရအောင်။ ”
ပတ်ဝန်း ကျင်ရှိ တပည့် များက၊ ထိုမြင် ကွင်းကြောင့် စိတ်လှုပ်ရှား သွားသည်။
သို့သော် ထိုအချိန်တွင် ငွေဓား ရှစ်ဆယ် တစ်လက် ခြံရံလျက်၊ လင်းယွန်က မတ်တပ် ထရပ် လာ၏။
ဓား(၈၁) လက်မှာ နာရီ လက်တံနှင့်၊ ဆန့်ကျင်ရာ အရပ်သို့ စတင် လည်ပတ် လာသည်။
တစ်ချိန်တည်း မှာပင်၊ ဓားရည်ရွယ် ချက်က၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ လာပြီး၊ ကောင်းကင်ပေါ် ပျံတက် သွား၏။
သုံးပတ် တိတိ လှည့်ပတ် သွား ပြီးနောက်၊ ဓား (၈၁)လက် မှသည်၊ (၂၂၇) လက် အထိ ရုတ်တရက် တိုးပွား လာသည်။
တစ်ချိန်တည်း မှာပင် ဓားရည်ရွယ် ချက်များက၊ အလင်းတန်း အသွင်သို့ ပြောင်းလဲ သွားသည်။
လင်းယွင် ထံမှ စူးရှ တောက်ပသော အလင်း ရောင်ကြောင့်၊ လူတိုင်းက မျက်လုံး မှိတ်လိုက် ရ၏။
***