မပြီးဆုံး သေးသော ပန်းချီကား။
Vol. 40 Ch. 548
သုံးပတ် တိတိ လှည့်ပတ် သွား ပြီးနောက်၊ ဓား (၈၁)လက် မှသည်၊ (၂၂၇) လက် အထိ ရုတ်တရက် တိုးပွား လာသည်။
တစ်ချိန်တည်း မှာပင် ဓားရည်ရွယ် ချက်များက၊ အလင်းတန်း အသွင်သို့ ပြောင်းလဲ သွားသည်။
ငွေရောင် အလင်းများ ကောင်းကင်သို့ ထိုးတက် သွားသော အခါတွင်၊ လင်းယွန်၏ ရောင်ဝါမှာ ယန် အဆင့်သို့ နီးကပ် သွား၏။
မည်သူ မဆို သူပိုင် ဆိုင်သော အရာ များ အပေါ်၊ လုယူခွင့် မပြု နိုင်ပေ။ ဓား အစီရင်ကို သုံးကြိမ် လှည့်ခြင်း အတွက်၊ ဝန်ထုပ် ဝန်ပိုး ဖြစ်လာစေ သော်လည်း၊ ဤသားရဲအား အလွယ် တကူ ပိုင်ဆိုင်ခွင့် မပေး နိုင်ချေ။
ရေကန်ကြီး တစ်ခုလုံး တုန်လှုပ် သွားကာ၊ မီတာ သုံးရာ မျှသာ ရှိသော ဓားရှည် များက၊ မီတာ ကိုးရာ အထိ ကြီးထွား လာပြီး၊ လေထု အတွင်း ဓားရိပ် များဖြင့်၊ ပြည့်နှက် လာလေသည်။
“ ခရမ်းရောင် ဓား အစီရင်- လုံးဝ ပြိုင်ဘက် မရှိ။ ”
အေးစက်စက် မျက်ဝန်း များဖြင့်၊ ကြုံးဝါး အော်ဟစ် လိုက်၏။ သူ့ဆန္ဒ အရ၊ ငွေရောင် ဓားရှည်ပေါင်း များစွာက၊ စပါးအုံး မြွေကြီး ထံသို့၊ ပြေးဝင် သွားသည်။
“ ဝှစ် ....။ ”
ဓားရှည် များက စပါးအုံး မြွေ၏ အကြေးခွံ များကို၊ ချက်ချင်းပင် ဖောက်ဝင် နိုင်ခဲ့၏။
ထို့နောက်တွင် ဓားမိုးများ၊ ကောင်းကင်မှ ဆက်တိုက် ရွာချ လာပြီး၊ စပါးအုံး မြွေကြီးအား တွန်းထုတ် ပစ် လိုက်သည်။
“ ဟိတ် ... ။ ”
နဖူးမှ ချွေးများ ကျဆင်းလာ သည်နှင့် အမျှ သူ့ ကြုံးဝါး သံမှာ၊ ကောင်းကင် သို့တိုင် ပျံတက် သွားသည်။
သည့်နောက် ခံစစ် အလွှာ၊ ချိုးဖြတ် ခံလိုက် ရသော စပါးအုံး မြွေကြီးမှာ၊ ပန်း သင်္ချိုင်း ဓားဖြင့်၊ နှစ်ခြမ်းခွဲ ခံလိုက် ရတော့သည်။
ပန်းသင်္ချိုင်း ဓားအား ပြန်ရုတ် သိမ်း လိုက်ပြီး၊ ရေကန် မျက်နှာပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လာ ပြီးနောက်၊ စပါးအုံး မြွေ အလောင်းအား လျစ်လျူရှု လိုက်သည်။
လေထဲ၌ ဝတ်ရုံ စများ တဖျပ်ဖျပ် ခတ်လာပြီး၊ လင်းယွန် နှုတ်ခမ်းတွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာ၏။
ပန်းဘုရင် အတွက်၊ အခွင့် အရေး ယူရန် လှုပ်ရှား လာသော တပည့် များမှာ၊ အံ့အားသင့် ကုန်ပြီး၊ လှမ်းလက်စ ခြေလှမ်းများ ရပ်တန့် ကုန်ကြသည်။
တစ်လှမ်း မျှပင် ထက်မတိုး ဝံ့တော့ပေ။
တိုက်ပွဲ ရေပြင် အလယ်တွင်၊ ငွေရောင် ဓားစွမ်းအင် အရှိန် အဝါကို ထုတ်လွှတ်လျက်၊ ကြီးစိုး နိုင်လွန်းသော အသွင်ဖြင့်၊ ရပ်နေသည့် လူငယ်အား မှင်တက်စွာ ငေးကြည့် နေမိသည်။
ထိုလူငယ်၏ ဓား အရှိန် အဟုန်မှာ၊ သူတို့ နှလုံး သားကို များစွာ ခြိမ်းခြောက် နိုင်ခဲ့သည်။ ယင်းကြောင့် သူတို့ အားလုံး အတွက်၊ အဆင် မပြေ ဖြစ်သွားသည်။
ရှေ့ပင် ဆက်တိုး ရမည်လော၊ သို့မဟုတ် နောက်ပြန် ဆုတ်ရမည် လော၊ မဝေခွဲ နိုင် တော့ချေ။ ထိုအချိန် မှာပင် လင်းယွန်က ပြုံးလျက်၊ ပြန်လှည့် ကြည့်လာ၏။
“ မင်းတို့ ဘာလုပ်ဖို့ ကြံစည် နေတာလဲ၊ ငါ့ကို ဂုဏ်ပြုဖို့ ဒီမှာ ရှိနေလား။ ”
အဆင် မပြေသော အမူ အရာဖြင့်၊ ငြိမ်သက် နေမိသည့် တပည့် များစွာက၊ ချက်ချင်း ပြုံးရယ် ပြလိုက်ပြီး၊
“ ဟုတ်ပါတယ်၊ ငါတို့က မင်းကို ဂုဏ်ပြုဖို့ ဒီကို ရောက်နေ တာပါ။ ”
“ ဆယ်နှစ်မှာ တစ်ကြိမ်သာ ပေါ်ထွက် လာတက်တဲ့ ပန်း ဘုရင်ကို ရတာ၊ မင်းက တကယ်ကို ကံကောင်း တာပဲ။ ”
“ ဟုတ်တယ် မင်းက လွဲလို့ တခြား ဘယ်သူမှ မထိုက် တန်ပါဘူး။ ”
လူတိုင်းက သူတို့၏ နှလုံး သားအား ဆန့်ကျင်ကာ၊ လင်းယွန်ကို ချီးကျူး လိုက်ကြ သည်။
ကြက်သွေးရောင် စပါးအုံး မြွေကို သတ်ပစ် ပြီးနောက်၊ ဂုဏ်ပြု ရုံက လွဲပြီး၊ အခြား မရှိ တော့ချေ။
“ ယင် ကောင်တွေ ...။ ”
လင်းယွန်က နှာခေါင်းရှုတ်ကာ၊ လျစ်လျူ ရှု လိုက်သည်။
ဤသို့ဖြင့် မဟာချင် အင်ပါယာမှ ဓားသမား တစ်ယောက်သည်၊ အကယ် ဒမီ၏ အထင် ကရ ပွဲ တစ်ခု၌၊ နောက်ဆုံး အောင်နိုင် သူ အဖြစ်၊ ပြိုင်ပွဲ ပြီးဆုံး သွားခဲ့သည်။
၎င်းရလဒ် အပေါ်၊ လူများ စွာက ကြေနပ်ခြင်း မရှိကြ သော်လည်း၊ ယင်းနှင့် ပတ်သက်၍ သူတို့ လုပ်ဆောင် နိုင်စရာ မရှိပေ။
ဦးစွာ ယန်းရှောင်ကို အနိုင် ယူသည်။ ထို့နောက် လုကျန်းနှင့် ချင်းဝမ်ရှောင် တို့ကို၊ သူ့ ခြေရင်း၌ ဒူးထောက် စေခဲ့၏။
သည့်အပြင်၊ ရင်ဆိုင်ရန် မဆိုနှင့်၊ လင်းယွန် ထံမှ ထုတ်လွှတ်သော ငွေရောင် အလင်း ကိုပင် သူတို့ တည့်တည့် မကြည့် ဝံ့ကြပေ။
ဤရလဒ် အပေါ်၊ ခါးသီးစွာ ပြုံးလိုက် မိကြ သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ပြိုင်ပွဲ တစ်လျှောက်၊ လင်းယွန်၏ စွမ်းဆောင် ရည်မှာ၊ အံ့မခန်း ပေပင်။
စပါးအုံး မြွေကို သတ်ခြင်းဖြင့်၊ ထိတ်လန့် မှုကို အဆုံး စွန်ထိ ဆွဲယူ သွားခဲ့သည်။
ထိုအချိန်တွင် တန်ယုနှင့် ယုမူ တို့၏ မျက်နှာ များ၌၊ စိတ်လှုပ်ရှား မှုများ ဖြစ်ပေါ် လာ ကြ၏။
လင်းယွန်က သူတို့ကို ဤမျှ အံ့အားသင့် စေလိမ့် မည်ဟု မထင်ထား မိချေ။ သူတို့ အနေဖြင့် မှန်ကန်သော ရွေးချယ်မှု လုပ်နိုင်ခဲ့ ပုံရသည်။
“ ဌာနမှူး ... ဒီကလေးကို ဘယ်လို ထင်လဲ။ ”
တန်ယုက အပြုံးဖြင့် လှည့်မေး လိုက်သည်။
“ ဒီ ကောင်လေးက တကယ်ကို ထိတ်လန့် စရာ ကောင်းတယ်၊ အခု သူ့အတွက် ဘယ်လို ဆေးလုံးမျိုး၊ ပြုပြင် ပေးရ မလဲ ဆိုတာကို၊ တွေးနေ ရပြီ။ ”
ဌာနမှူး၏ အဖြေမှာ မရှင်းလင်း သောကြောင့်၊ တန်ယုနှင့် ယုမူကို အကြည့်ချင်း ဖလှယ် စေခဲ့သည်။
တစ်ချိန် တည်းမှာပင် မိုလင်းက အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်၏။ သို့သော် သူမနှင့် ဆန့်ကျင်ဘက် ဖြစ်သော မိန်ဇီယန်မှာ၊ မျက်နှာ မည်းမှောင် နေလေသည်။
လင်းယွန်၏ အောင်မြင် မှုမှာ၊ သူ့ မျက်နှာအား ဖြတ်ရိုက် လိုက်ခြင်း မည်၏။
ဤချာတိတ်ကို အရှက် ခွဲရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော် လည်း၊ အဆုံးတွင် သူသာ အဆုံးသတ် သွားရသည်။
ပြိုင်ပွဲ ပြီးဆုံး သွားသည်နှင့်၊ လင်းယွန် နာမည်ကို အကယ်ဒမီ တစ်ခုလုံး သိလာကြ ပေမည်။
တံခါးပိတ် ကျင့်ကြံ နေသော အကြီး အကဲ အချို့ ပင်လျှင် သူတို့၏ အကယ် ဒမီတွင်၊ ဤမျှ ကြောက်စရာ ကောင်းသော ဘီလူး တစ်ကောင် ရှိနေကြောင်း၊ သိလာ ကြ နိုင်သည်။
အခြား တစ်ဖက်တွင် လင်းယွန် အနေဖြင့် နှစ်ရက်ခန့် အနား ယူပြီးနောက်၊ ပြန်လည် ကောင်းမွန် လာခဲ့သည်။
နတ်ဆိုး သားရဲကို သတ်ပြီးနောက်၊ ဝင်ရောက် လာသော တပည့်များ အားလုံးကို၊ အရှက် ရဖွယ် အခြေ အနေမှ လွတ်မြောက် အောင်၊ လမ်းကြောင်း ပေးခဲ့သည်။
ထိုအချိန်တွင် သူ၏ မူလ စွမ်းအင်မှာ၊ စပါးအုံး မြွေနှင့် တိုက်ပွဲ၌ လုံးဝ ကုန်ဆုံး သွားကာ၊ ဒဏ်ရာ အပြင်း အထန် ရနေ ခဲ့၏။
သည့်အတွက် လူတိုင်း သည်သာ၊ သူ့ကို တိုက်ခိုက် လာပါက၊ အရိုက် ခံရ မည်မှာ သေချာ လေသည်။
ကံကောင်း ထောက်မ စွာဖြင့်၊ ယန်းရှောင်ကို ပါးရိုက် ပြထား ခြင်းဖြင့်၊ ထိုသူ များအား ခြိမ်းခြောက် နိုင်ခဲ့သည်။
နောက်ဆုံးတွင် ယန်းရှောင် ကဲ့သို့ မည်သူမျှ အရှက်ခွဲ မခံ လိုကြချေ။ ပန်းဘုရင် ပြိုင်ပွဲတွင်၊ သူ၏ ဝှက်ဖဲများ အားလုံးကို အသုံးပြု ခဲ့ရသည်။
သို့သော် ယန်းရှောင်ကို စိတ်ပူ နေစရာ မလို တော့ချေ။ တစ်ဖက် တွင်မူ မိန်ဇီယန်မှာ၊ ကနဦး ယန် အဆင့်တွင် ရှိနေပြီး၊ အနည်းငယ် ဒုက္ခ ပေးနိုင်သည်။
“ ဒါပေမယ့် ကိစ္စ မရှိ ပါဘူး ...။ ”
သိုလှောင်အိတ်ကို ပုတ်ကာ၊ ပန်းတစ်ပွင့်ကို ထုတ်ယူ လိုက်၏။ မွှေးကြိုင်သော ရနံ့နှင့် အတူ၊ ရောင်စဉ် ကိုးသွယ် ထုတ်လွှတ် နေသော ယင် ပန်းက၊ ဝံ့ကြွားစွာ ထွက်ပေါ် လာသည်။
ရနံ့ တစ်ခု တည်းကပင်၊ သူ၏ ခရမ်းရောင် နန်းတော် ထဲရှိ၊ ငွေရောင် မူလ စွမ်းအင် အရည် များကို ဆူပွက် လာစေသည်။
၎င်းထံမှ ဖြစ်ပေါ် လာသော၊ ပန်း ဘုရင်အား တောင့်တ မှုကို ခံစား နိုင်သည်။
မြင့်မြတ်သော ယင်ပန်းမှာ၊ ရတနာ တစ်ခု မဟုတ် သော်လည်း၊ ယင် အဆင့် ကျင့်ကြံ သူများ အတွက်၊ မယုံ နိုင်ဖွယ် အကျိုး ရှိပေ သည်။
“ မင်း ဘယ်လောက် အထိ၊ အသုံး ဝင်မလဲ ဆိုတာ တစ်ချက် ကြည့် ရအောင်။ ”
ထို့နောက်တွင် ပန်းဘုရင်ကို သန့်စင်ရန် အတွက်၊ ရက် အနည်းငယ် ထပ်မံ ကုန်ဆုံး သွားသည်။
ပန်းဘုရင် ဆိုသည့် အတိုင်း သဘာဝ အရ၊ ထူးခြားမှု တစ်ခု ရှိပေသည်။
ဤပန်းပွင့်တွင် အေးစိမ့်သော ဂုဏ်သတ္တိ ရှိပြီး၊ အံ့ဩ ဖွယ်ရာ သန့်စင် လွန်းသည့်၊ ဝိညာဉ် စွမ်းအင် များလည်း ပါရှိ လေသည်။
ဤသည်မှာ လူတိုင်း အတွက်၊ စွမ်းအင် အရင်း အမြစ် ဖြစ်ပြီး၊ မည်သူ မဆို သန့်စင်ရန် လွယ်ကူ စေသည်။
ထို့ကြောင့်၊ လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ ရက် အနည်းငယ် အတွင်း ကြီးမားသော အပြောင်း အလဲ ဖြစ်လာ တော့၏။
အကျိုး သက်ရောက်မှု အနေဖြင့်၊ မိန်ဇီယန် မှ ရရှိသော နက်နဲ ယင် ဆေးလုံးများ ထက်ပင် မြင့်မား ပေသည်။
ငါးရက် ကုန်လွန် ပြီးနောက်၊ ပန်းပွင့်ကို သန့်စင်ခြင်း အခြေ အနေအား၊ အပြီးသတ် လိုက် နိုင်သည်။
အသက် ပြင်းပြင်း ရှူရှိုက်ကာ၊ မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်ချ လိုက်၏။
ဤနေရာ၌ ယန်းရှောင်သာ ရှိနေ ပါက၊ ထိုအကြည့် တစ်ချက် ဖြင့်ပင်၊ ဖိအားများ ခံစား စေပေမည်။
ကျင့်ကြံ ခြင်းတွင် သိသိ သာသာ ကြီးထွား လာရုံသာ မက၊ စိတ်နေ စိတ်ထား သည်လည်း၊ ပြောင်းလဲ လာခဲ့သည်။
သူ့ထံမှ ထွက်ပေါ် လာသော အရှိန် အဝါမှာ၊ မိန်ဇီယန်ထက် မနည်း နိုင်ပေ။
“ ယန်းရှောင်နဲ့ ထပ်တွေ့ရင်၊ ဆယ်ကြိမ် အတွင်း၊ သူ့ကို အနိုင်ယူ နိုင်မယ် ဆိုတာ သေချာတယ်။ ”
ကြေနပ်စွာ ရေရွတ် မိသည်။ မိန်ဇီယန်ဖြင့် ရင်ဆိုင် ရသော်၊ အောင်နိုင်မည် မဟုတ် သော်လည်း၊ သူ့ကိုယ်သူ ကာကွယ် ရန်မှာ၊ ပြဿနာ မဟုတ် တော့ပေ။
လွတ်အောင် ပြေးရန် ကောင်းစွာ လုပ်ဆောင် နိုင်မည်။ ထို့အပြင် ခွန်အား အကုန် အစင်၊ ထုတ်ဖော် ရမည် ဆိုပါက၊ ဓား အစီရင် ဖြင့်၊ ပြန်လည် ခြိမ်းခြောက် နိုင်မည်ဟု၊ ယုံကြည် သည်။
သည့်ထက် ပို၍ ထောင့်တစ် နေရာသို့၊ အတင်း အကြပ် တွန်းပို့ ခံရ ပါက၊ ဓား အစီရင်ကို ငါးကြိမ် တိုင်တိုင် လှည့်ပတ် နိုင်သည်။
“ ဟမ် ... ။ ”
ဤအခိုက် အတန့်တွင် သူ့ခြံဝင်း ဆီသို့ တစ်စုံ တစ်ယောက် ချဉ်းကပ်လာ သည်ကို ခံစား လိုက်ရသည်။
ထို့ကြောင့် အပြင်ထွက် ကြည့်လိုက်ရာ၊ ရပ်စောင့် နေသော မိုလင်းအား တွေ့လိုက် ရသည်။
မိုလင်းက ခြံဝန်း အတွင်းမှ ထွက်လာသော လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ အံဩ သွားသည်။
“ ဒါကို သန့်စင်ဖို့ နည်းနည်း လေးတောင် စိတ် မရှည် ဖူးပဲ၊ အခု ဘယ်လို ခံစား ရလဲ။ ”
“ မဆိုး ပါဘူး၊ ငါ အခု ... အထွတ် အထိပ် ယင် အဆင့်ကို ရောက်ဖို့၊ ခြေ တစ်လှမ်း ပဲ လိုတော့ တယ်။ ”
-ဟု လင်းယွန်က ပြုံးလျက် ပြန်ဖြေ လိုက်သည်။
“ ဘယ်အချိန် ကျေနပ် ရမလဲ မင်း မသိ ဖူးလား၊ လွန်ခဲ့တဲ့ နှစ်လက ခရမ်းရောင် နန်းတော် နယ်မြေကို၊ မင်း ချိုးဖြတ် ခဲ့တယ်၊ အခု အလယ် အလတ် ယန် အဆင့်ကို ရောက်နေပြီ၊ ... ”
“ ... မင်းရဲ့ တိုးတက်မှု အရှိန် အဟုန် အရ၊ အုပ်စိုးရှင် ဂိုဏ်းတွေ မှာတောင် ဘီလူး တစ်ကောင် အဖြစ်၊ သတ်မှတ် ကြလိမ့်မယ်။ ”
မိုလင်း၏ သုံးသပ် ချက်ကြောင့်၊ လင်းယွန်က ပြုံးလိုက်ကာ၊
“ ဒီကို ဘာလာ လုပ် တာလဲ အစ်မကြီး မို။ ”
“ မင်း ကြည့်ရတာ၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကို မေ့နေပုံ ရတယ်၊ ကောင်းပြီ ... ဒါဆို ငါ သွားလိုက် ဦးမယ်။ ”
ချက်ချင်းပင် မိုလင်း တစ်ယောက် ပြန်လှည့် ထွက်သွား၏။ ထို့ကြောင့် လင်းယွန်မှာ သူ့နဖူး သူ ပြန်ရိုက် လိုက်ပြီး၊ ကူကယ်ရာ မဲ့ဟန်ဖြင့် ပြုံးမိ သွားသည်။
၎င်းကို လုံးဝ မေ့နေ ခဲ့၏။ မိုလင်းနောက် အမြန်ပြေး လိုက်သွားကာ၊ ရှေ့သို့ ခုန်လွှား ပိတ်ဆို့ ပစ်လိုက် လေသည်။
“ အစ်မကြီး ခဏ နေပါဦး ...။ ”
***