← Chapters

ပိုးအိမ် ကွဲခြင်း ဖြစ်စဉ်။

Vol. 40 Ch. 549

ပိုးအိမ် ကွဲခြင်း ဖြစ်စဉ်။

Vol. 40 Ch. 549

လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော်ပြီး၊ မိုလင်းရှေ့ ရိပ်ခနဲ ခုန်လွှား ဟန့်တား ပစ်လိုက်သည်။

အပြုံး တစ်ပွင့်ဖြင့် ရပ်စောင့် လာသော မိုလင်း၏ မျက်နှာကို ပြန်မော့ ကြည့်ကာ၊ ရှက်ရွံ့ သွား၏။

မိုလင်း တစ်ယောက် ဤရလာဒ်ကို ခန့်မှန်း ထားပုံ ရလေသည်။

“ သတိ ရပြီလား။ ”

မျက်လုံးများ မှေးစင်းလျက် ပေါ့ပေါ့ ပါးပါးပင် ပြန်မေး လာ၏။

“ အင်း ... ။ ”

မိုလင်းက တမင် တကာ လုပ်ယူ နေခြင်း ဖြစ်ကြောင်း သူ သိသည်။ နောက်ဆုံးတွင်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်ရန်မှာ၊ လွယ်ကူမည် မဟုတ်ချေ။

“ ဒါဆို လွန်ခဲ့တဲ့ ခြောက်ရက်က၊ ငါ သင်ပေး ခဲ့တဲ့ ဖီးနစ် မီးလျှံ ပန်းချီ ကားကို ထုတ်ပြပါ၊ မင်း မှတ်မိ သေးလား ငါ ကြည့်မယ်။ ”

“ ဒီမှာ လား။ ”

လင်းယွန်က ပတ်ဝန်း ကျင်အား ကြည့်ကာ မေး လိုက်သည်။

“ ဟုတ်တယ်၊ ဒီမှာ ...။ ”

မိုလင်းက ခေါင်းညိတ်ကာ ပြန်ဖြေ၏။ စကား ထပ်မဆို တော့ဘဲ၊ စုတ်တံနှင့် ကင်းဗက် စကို ထုတ်ယူ လိုက်သည်။

ရက် အနည်းငယ် အတွင်း၊ ပန်ချီ ကားအား မမေ့ပျောက် နိုင် သည်မှာ၊ သဘာဝ ပေပင်။

ဖီးနစ် မီးလျှံ ပန်းချီ ကား အနေဖြင့်၊ သူမြင် ဖူးသော နှင်းဆီ ပန်းချီ၏ အဆင့်အောက် တွင်သာ ရှိပေသည်။

သို့သော် ပန်းချီကား ကိုးချပ်ကို ပေါင်းစပ် လိုက်ချိန်တွင်၊ ဖီးနစ် မီးလျှံမှာ မည်မျှ ကြီးကျယ် ခမ်းနား သည်အား သူ မှတ်မိ နေသေး၏။

မိုလင်းက သူမ လက်ထဲရှိ ယပ်တောင်ကို ပိတ်ကာ၊ လင်းယွန်၏ ပန်းချီ ကား အပေါ် အလေး အနက် စောင့်ကြည့် နေခဲ့သည်။

များမကြာမီ တောက်ပသော အလင်းများ နှင့်အတူ၊ ပန်းချီကား များ ထွက်ပေါ် လာ၏။ ပန်းချီကား အတွင်းရှိ ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ခံ့ညားပြီး အစွမ်း ထက်ပုံ ပေါက် နေသည်။

ဖီးနစ် မီးလျှံ ပန်းချီသည်၊ တတိယတန်း ဝိညာဉ် ရေးရာ ပုံကြမ်းများ အားလုံး တွင်ပင်၊ ထိပ်ဆုံး အဆင့် သတ်မှတ် ခံထား ရသည်။

သေမင်း ပန်းချီကား ငါးချပ် အဖြစ်၊ အဆင့် သတ်မှတ် ထားပေ၏။ အကယ် ဒမီ တစ်ခု လုံးတွင် ဤပန်းချီ ကားမျိုး ရေးဆွဲ နိုင်သည့်၊ အကြီး အကဲပင် များစွာ မရှိချေ။

တပည့်များ ထဲ၌ မိုလင်း တစ်ယောက် သည်သာ၊ ပြီးမြောက်အောင် ဆောင်ရွက် နိုင်သူ တစ်ဦး ဖြစ်သည်။

နှစ်နာရီ ကြာပြီးနောက်၊ လင်းယွန် တစ်ယောက် သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ် လိုက်သည်။ နဖူးမှ ချွေးများ အဆက် မပြတ် စီးကျ နေသည့် အပြင်၊ မျက်ဝန်း များ၌ သွေးများ စီးကျ လာ၏။

သူ့ မျက်နှာမှာ ပင်ပန်း နွမ်းနယ် မှုကြောင့်၊ ဖြူဖျော့ နေသည်။

ရူရ်များ အပေါ်၊ အောင်မြင် မှုများ ရရှိ ထားသော်လည်း၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကို ဆွဲရန်၊ သူ့အတွက် အနည်းငယ် ခက်ခဲ နေဆဲ ဖြစ်သည်။

ပန်းချီ ကိုးကား ပေါင်းစပ် လိုက်သော အခါတွင် ခမ်းနားသော ပန်းချီကား တစ်ချပ် ဖြစ်ပေါ် လာသည်။

ပန်းချီကား ထဲရှိ ဖီးနစ် ငှက်မှာ အသက်ဝင် လှ သော်လည်း၊ အမြီး၌ အတောင် ခုနစ်ခု မရှိ သည့် အတွက်၊ ရယ်စရာ ကောင်းနေ ပေသည်။

မိုလင်း ပန်းချီ ကားနှင့် နှိုင်းယှဉ် ပါက၊ လင်းယွန်၏ ဖီးနစ် ငှက်မှာ၊ များစွာ အားနည်း လေသည်။

“ ကျေးဇူး ပြုပြီး ကြည့်ပါ။ ”

စိတ်ပျက် လက်ပျက်နှင့် လင်းယွန်က တောင်းဆို လိုက်သည်။ ဘဝတွင် သူ့ စွမ်းဆောင် ရည် အပေါ်၊ မကျေနပ် ဖြစ်မိသည့် အချိန် အခါမျိုး ရှားပေသည်။

ဤပန်းချီ ကားမှာ ထိုသော ဖြစ်ရပ်များ အနက်၊ တစ်ခု ပေပင်။

သို့သော် မိုလင်း အတွက်မူ အချိန် အတော်ကြာ အံ့အား သင့်နေ ခဲ့ပြီး၊ သက်ပြင်းချ လိုက်သည်။

“ မင်းရဲ့ ရူရ်တွေ အပေါ်၊ နားလည် နိုင်စွမ်းက အံ့မခန်း ပါပဲလား၊ တကယ်ကို ကြောက်စရာ ကောင်း လွန်းတယ်၊ ... ”

“ ... ရူရ်တွေ ကိုသာ တစိုက် မတ်မတ် အာရုံစိုက် ထားရင်၊ မင်းဘယ် အထိ တက်လှမ်း နိုင်မယ် ဆိုတာ၊ ငါ မခန့်မှန်း နိုင်ဘူး၊ အနည်း ဆုံးတော့ နှစ်နှစ် အတွင်း၊ မင်း ငါ့ကို သေချာပေါက် ကျော်ဖြတ် သွားလိမ့်မယ်။ ”

မိုလင်း၏ ချီးမွမ်း ခြင်းကို၊ လင်းယွန်က ယစ်မူး သွားခြင်း မရှိဘဲ၊ “ စီနီယာ အစ်မရဲ့ သွန်သင် ဆုံးမမှုတွေ အတွက် ကျေးဇူး တင်ပါတယ်။ ” -ဟု ပြန်ဖြေ လိုက်သည်။

မိုလင်း မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် ဖြစ်ပေါ် လာပြီး၊

“ မင်းရဲ့ ပန်းချီ ကားမှာ အတောင် ခုနစ်တောင် ကျန်သေးတယ်၊ သူတို့ တစ်ခုချင်း စီကို တတိယတန်း ရူရ် တေွနဲ့ ရေးထားတယ်၊ ဆိုလို တာက ရူရ် ခုနစ်လုံး နဲ့အတူ တူပဲ၊ သူတို့ကို မီးလျှံ ငှက်မွေးလို့ ခေါ်တယ်။ ”

မိုလင်း ရှင်းပြ လာသော အကြောင်း အရာပေါ်၊ လင်းယွန် တစ်ယောက် အတွေး နက်သွား၏။ ပြီးနောက်၊

“ ဒါဆို ငါက မီးလျှံ ငှက်မွေး ရူရ် ကို လေ့လာ ပြီးရင်၊ ဖီးနစ် မီးလျှံ ပန်းချီ ကားကို အပြီးသပ် နိုင်မယ်လို့ ပြောနေ တာလား။ ”

“ မှန် တယ်၊ ဒါပေမယ့် ဒီလောက် မရိုးရှင်း သေးဘူး၊ စမ်းကြည့် ပြီးရင် ငါ ဘာကို ဆိုလို တယ် ဆိုတာ၊ မင်းသိ လိမ့်မယ်။ ”

မိုလင်းက ယပ်တောင်ကို ဖွင့်ကာ၊ ပန်းချီ ကိုးကားအား ဘေးဘက်သို့ ပေါ့ပေါ့ ပါးပါးပင်၊ တွန်းထုတ် ပစ်လိုက်သည်။

ပြီးနောက် လင်းယွန်၏ ခြံဝန်း အတွင်းသို့ ဦးဆောင် လှမ်းသွား လိုက်၏။ အိမ်ထဲ ရောက် သည်နှင့်၊ စားပွဲ ပေါ်တွင် စာရွက် အသစ် တစ်ရွက် တင်လိုက်ပြီး၊ မီးလျှံ ငှက်မွေး ရူရ်ကို စတင် ရေးထိုး ပြသည်။

ပုံဆွဲ စက္ကူဖြင့် ရေးဆွဲ ခြင်းမှာ၊ မိုလင်း အတွက် ခက်ခဲခြင်း မရှိချေ။ မိုလင်း ရေးထိုး နေပုံကို၊ ဘေးမှ ရပ်နေသော လင်းယွန်က အလေး အနက် မှတ်သား လိုက်သည်။

“ အဲလောက်လည်း မခက် ပါဘူး။ ”

လင်းယွန်က စုတ်တံကို ကိုင်လိုက်ပြီး၊ မီးလျှံ ငှက်မွေးကို ပြန်လည် ရေးဆွဲ ပြလိုက်သည်။

တတိယတန်း ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ရှုပ်ထွေး နိုင် သော်လည်း၊ မှတ်မိ လွယ်သော ဉာဏ်ရည် ဉာဏ်သွေး မျိုးကို၊ ပိုင်ဆိုင် ထားသည့် လင်းယွန် အတွက်၊ စာဖွဲ့ နေစရာ မရှိချေ။

သို့သော် စတင်ပြီး မကြာခင်၊ သူ့ မျက်နှာ တစ်ပြင်လုံး ဆိုးရွားစွာ ပျက်ယွင်း သွား၏။ သူ့ ခေါင်းထဲတွင် စွမ်းအင်များ၊ သိပ်သည်းစွာ ဖွဲ့တည် လာသည်ကို ခံစား လိုက်ရသည်။

ပန်းချီကား ပေါ်တွင် စုတ်တံ ရွှေ့ဖို့ရန်၊ ကြိုးစား လိုက်ချိန်တိုင်း၊ ဦးခေါင်း ကွဲမတက် ဝေဒနာ များ ခံစား လာရ၏။

စိတ်ဝိညာဉ် စွမ်းအင်များ ကုန်ဆုံး သွားသော အချိန် များထက်၊ အဆ များစွာ နာကျင် ရပေ သည်။

ရုတ်တရက် ကမ္ဘာကြီး တစ်ခုလုံး ချာချာလည် လာပြီး၊ ပတ်ဝန်းကျင် အနှံ အမှောင်များ တိုးဝင် လာတော့၏။

မီးလျှံ ငှက်မွေး ရူရ်မှ လွဲ၍၊ အခြားသော အလင်း ရင်းမြစ်များ အားလုံး၊ ပျောက်ကွယ် သွားခဲ့ သည်။

စိတ်ဝိညာဉ် ပြိုကွဲ လုနီးပါး၊ နာကျင်မှုများ ခံစား လာရ၏။ ၎င်းအား ရပ်တန့်၍ မရ ကြောင်း၊ သိလိုက်မိ သဖြင့်၊ ကြောက်ရွံ့ မှုများ စတင် ဖြစ်ပေါ် လာသည်။

ထိုအချိန် မှာပင် သူ့နဖူး ဆီမှ တစ်ဆင့်၊ အလင်း ရောင်များ တိုးဝင် လာပြီး၊ ကြောက်ရွံ့ နေသော နှလုံး သားကို၊ နွေးထွေး လာစေ၏။

ထိတ်လန့်ဖွယ် အခြေ အနေမှ ပြန်လည် သက်သာ လာပြီးနောက်၊ နှာခေါင်း ဝရှိ သွေးစ များကို၊ သုတ်လျက် တုန်ယင် နေခဲ့သည်။

“ ငါ ဘာဖြစ် သွားတာလဲ။ ”

“ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် ရဲ့ စိတ် စွမ်းအင်က၊ သာမန် ကျင့်ကြံသူ တွေထက်၊ အများကြီး အားကောင်းတယ် ဆိုတာ မင်း သိတယ် မဟုတ်လား။ ”

သူ့ မေးခွန်းကို ပြန် မဖြေဘဲ၊ မိုလင်းက မေးလာသည်။

“ ငါသိတယ်၊ ဝိညာဉ် ရေးရာ ပန်းချီ ကားတွေ ရေးထိုးခြင်း ကနေ၊ ငါတို့ရဲ့ စိတ် စွမ်းအင်က တဖြည်းဖြည်း ကြီးထွား လာမယ်၊ ကြီးထွား မှုက ထင်ထင် ရှားရှား မဟုတ် ပေမယ့် အချိန် ကြာလာ တာနဲ့ အမျှ သိသိ သာသာ ဖြစ်လာ မှာပါ။ ”

မိုလင်း ထံမှ ဝိညာဉ် ရေးရာ ရူရ်များ သင်ယူ နေချိန်၌၊ ၎င်း ဖြစ်စဉ်အား သူ သတိ ထားမိ ခဲ့သည်။

အစပိုင်းတွင်၊ ရူရ်ပေါင်း ရာဂဏန်းခန့် ရေးဆွဲ ပြီးသော အခါ၊ သူ့ စိတ် ဝိညာဉ် လွင့်ပါး ပေျာက်ကွယ် သွားသလို၊ ခံစား ရသည်။

သို့သော် ဆယ့်ငါးရက် ကုန်လွန်ပြီး နောက်တွင်၊ ဒုတိယတန်း ရူရ်ပေါင်း တစ်ထောင် ကျော်ကို၊ အလွယ် တကူ ရေးထိုး လာနိုင်သည်။

“ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးကို၊ အခြေခံ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး အဖြစ်၊ ဘာလို့ သတ်မှတ် ထား တာလဲ ဆိုတာရော မင်းသိလား၊ ... ”

“ ... ဒီအဆင့်မှာ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးက၊ မြင့်မြတ်သော နန်းတော်ကို ဖွဲ့တည်ပြီး၊ စိတ် စွမ်းအင်ကို (အသက် စွမ်းအင်) ဝိညာဉ် စွမ်းအင် အဖြစ်၊ ပြောင်းလဲ ပစ်ရမယ်၊ ... ”

ထိုမှ သာလျှင် အစွမ်းထက် ရူရ်များ ရေးထိုး ရာ၌၊ လိုအပ်သော စွမ်းအင် အလုံ အလောက်ကို ထုတ်ယူ နိုင်မည် ဖြစ်သည်။

“ ... ပြီးတာနဲ့ ကိုယ်ပိုင် ဝိညာဉ် ရေးရာ အမှတ် အသား တစ်ခုကို၊ ရေးခြစ် ထားရမယ်။ ”

ဆိုလို သည်မှာ အချိန် မရွေး ထုတ်ယူ သုံးဆွဲ နိုင်ရန်၊ ကိုယ်ပိုင် ရူရ် တစ်လုံးကို သန့်စင် ထားရ မည်ဟု အဓိပ္ပါယ် ရပေသည်။

“ ဒါနဲ့ ... မီးလျှံ ငှက်မွေးရူရ် ရေးမဲ့ ငါနဲ့ ဘာဆိုင် လို့လဲ။ ”

လင်းယွန်က မျက်ခုံး ပင့်ကာ၊ ပြန်မေး လိုက်သည်။

“ တတိယတန်း ရူရ် တစ်လုံး ရေးထိုးဖို့ အတွက်၊ မင်းရဲ့ စိတ် စွမ်းအင်ကို ဝိညာဉ် စွမ်းအင် အဖြစ်၊ ဦးစွာ ပြောင်းလဲ ထားရတယ်၊ ... ”

“ ... လိပ်ပြာ ဖြစ်ဖို့ ပိုးအိမ်ကို၊ ဖေါက်ထွက် ရတဲ့ ပိုးလောင်း တစ်ကောင်နဲ့ တူတယ်၊ ဒီဖြစ် စဉ်မှာ နာကျင် မှုတွေ အပြင်၊ အနည်းငယ် အမှားလေး ကတင်၊ အသက် ဆုံးရှုံး သွားနိုင် တယ်၊ ဒါကြောင့် ... ”

“ ... အကယ်ဒမီ တစ်ခု လုံးမှာ၊ ဒုတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်တွေ အများကြီး ရှိပေမယ့်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်တွေ၊ မရှိ ရတဲ့ အကြောင်း အရင်းပဲ။ ”

မိုးလင်း မျက်နှာမှာ လေးနက် သွားပြီး၊ ဆက်လက် ရှင်းပြ လာသည်။

“ ပုံမှန် အားဖြင့် ဒုတိယတန်း ဆရာ သခင် တစ်ဦးက၊ ပိုးအိမ် ကနေ အန္တရာယ် ကင်းကင်းနဲ့ ထွက်နိုင်ဖို့ ဆိုရင်၊ ပိုမို လွယ်ကူတဲ့ ရူရ် တစ်လုံးကို ရွေးချယ် လိမ့်မယ်။ ”

“ ငါ နားလည်ပြီ၊ ဒါပေမယ့် စိတ်ဝိညာဉ် အမှတ် အသားရဲ့ အရည် အသွေးက၊ ကွဲပြား သွား လိမ့်မယ် မဟုတ်လား၊ ဒါက မတူ ညီတဲ့ ကျင့်ကြံမှု နည်းစနစ် တွေကို၊ ရွေးချယ် ရသလို မျိုးပါ။ ”

ရှင်းလင်း ချက်ကို နားထောင် ပြီးနောက်၊ လင်းယွန်က ခေါင်းညိတ်ကာ ဝင်ရောက် ဖြည့်စွက် လိုက်သည်။

ပြတ်ပြတ် ထင်ထင် မြင်သာ စေသော လင်းယွန်၏ ဥပမာပေး သုံးသပ် ချက်ကြောင့်၊ မိုလင်း တစ်ယောက် မျက်ခုံးကို ပင့်တင် လိုက်ပြီး၊

“ ဒါကို ... မင်း အဲဒီလို ယူဆ လို့လည်း ရပါတယ်၊ အခုတော့ အနား ယူပြီး မနက် ဖြန်မှ ငါ့ဆီ လာခဲ့ပါ။ ”

“ စီနီယာ အစ်မ၊ ငါ အဲဒါကို အခုပဲ နောက်တစ်ကြိမ် စမ်းကြည့် ချင်ပါတယ်။ ”

မိုလင်း ထွက်ခွာ တော့မည့် အချိန်တွင်၊ လင်းယွန်က ရဲဝံ့စွာ တောင်းဆို လိုက်သည်။

“ သေချာလား ... မင်း ဘဝမှာ အခွင့် အရေးက၊ သုံးကြိမ်ပဲ ရှိတယ်၊ သုံးကြိမ်လုံး ကျရှုံး သွားရင်၊ မင်း တစ်သက် တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင်၊ ဖြစ်လာ တော့မှာ မဟုတ် ဖူးနော်။ ”

မိုလင်းက လေးနက်သော အမူ အရာဖြင့်၊ ပြန်လည် မေးမြန်း လာသည်။

တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဘဝကို၊ ဖီးနစ် မီးလျှံ ပန်းချီ ကားဖြင့် စတင်လို ပါက၊ မီးလျှံ ငှက်မွေး ရူရ်အား မဖြစ် မနေ၊ သန့်စင် ရပေမည်။

၎င်းသည် အခြားသော တတိယတန်း ရူရ် များထက် ခက်ခဲ နေမည်မှာ၊ ပြောစရာ မလိုခေျ။

“ ငါ လုပ်မယ်။ ”

တစ်ဖက် လူ၏ တွေဝေခြင်း မရှိသော၊ မျက်ဝန်း များကြောင့်၊ မိုလင်း အနေဖြင့် အနည်းငယ် တုံ့ဆိုင်း သွားမိ သော်လည်း၊ နောက်ဆုံး၌ ခေါင်းညိတ် လိုက်ရသည်။

လင်းယွန်သည် အံ့ဖွယ် များကို၊ ဖန်တီးနိုင် လိမ့်မည်ဟု ထင်သည်။ ထို့အပြင် အကယ် ဒမီ၏ တပည့် များတွင်ပင်၊ မမြင် ရဖူးသော၊ အာသီသ တစ်ရပ် ကိုလည်း၊ သူမ မြင်သည်။

တစ်နာရီခန့် ကြာပြီးနောက်၊ စိတ်တည် ငြိမ်အောင် ပြင်ဆင် နေသော လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့် လာသည်။

အသက် ပြင်းပြင်း ရှူရှိုက် လိုက်ပြီး၊ ဖြည်းညှင်းစွာ မတ်တပ် ထရပ်ကာ၊ စုတ်တံအား နောက်တစ်ကြိမ် ဆုပ်ကိုင် လိုက်၏။

သူ့အမူ အရာမှာ လေးနက် လာပြီး၊ ယုံကြည်မှု ရှိလှ ပေသည်။ ပထမ အကြိမ် မအောင်မြင် ခဲ့သော်လည်း၊ ဤအကြိမ် အောင်မြင် ရမည်ဟု ယုံကြည်သည်။

အနည်းငယ် ငြိမ်သက် သွားပြီးနောက်၊ ဝိညာဉ် ရေး စုတ်တံကို စတင် လှုပ်ရှား လိုက်သည်။

သူ့ မျက်ဝန်း များ၌ အလင်း ရောင်များ တောက်ပ လာချိန်တွင်၊ အကန့် အသတ်မဲ့ စိတ် စွမ်းအင်များ လှိုင်းထ လာသည်။

နာကျင် လွန်းသော ဝေဒနာကို ထပ်မံ ဖြတ်သန်း ရပေ ဦးမည်။ သို့သော် အလျော့ပေး လိုခြင်း မရှိဘဲ၊ အံကြိတ်ကာ တောင့်ခံ လိုက်၏။

စုတ်တံကို လေးလံစွာ ရွေ့လျားလျက်၊ မီးလျှံ ငှက်မွေး ရူရ်ကို ဖြည်းညှင်းစွာ ဆွဲယူ နေမိသည်။

တစ်ချိန်တည်း မှာပင်၊ စိတ် စွမ်းအင်များ သည်လည်း၊ စိတ်ဝိညာဉ် နယ်မြေ အတွင်း၌၊ တဖြည်းဖြည်း စုဖွဲ့ လာကာ ရေဝဲ တစ်ခု အသွင် ဖြစ်ပေါ် လာသည်။

ရေဝဲ ထွက်ပေါ် လာသည်နှင့်၊ ခန္ဓာ ကိုယ် အတွင်း နာကျင် မှုများ ပျံ့နှံ့ သွားကာ၊ တုန်ရီ နေပေသည်။

ဤအချိန်၌ သူ့ခန္ဓာ ကိုယ်ကို မထိန်းချုပ် နိုင်တော့ သကဲ့သို့ ခံစား လာရ၏။ နာကျင်မှု များက စိတ်ကူး မယဉ် နိုင်ပေ။

သို့သော် မျက်ဝန်း များက၊ ပျော်ရွှင်မှု များကြောင့်၊ တောက်ပ လာခဲ့သည်။ နောက်ဆုံး တွင် ပထမ အကြိမ်၌၊ ဤသို့ စိတ်စွမ်းအင် ရေဝဲ ဖြစ်ပေါ် လာသည် အထိ၊ မရောက်ရှိ ခဲ့ချေ။

ဆိုလို သည်မှာ များစွာ ခရီးရောက် လာလေပြီ။ များ မကြာမီ ရေဝဲ အတွင်း နန်းတော် တစ်ခု၊ တရွေ့ရွေ့ ထွက်ပေါ် လာ၏။

ဒါန်တမ် အတွင်းရှိ ခရမ်းရောင် နန်းတော်နှင့် ယှဉ်ပါက၊ ပို၍ အိမ်မက် ဆန်သော ရောင်ဝါများ ထုတ်လွှတ် လာပေသည်။

လုပ်ငန်းစဉ် တစ်လျှောက်၊ စောင့်ကြည့် နေမိသော မိုလင်းမှာ အံ့အား သင့်သွားသည်။ တစ်ဖက် လူ၏ တိုးတက်မှု များက ထင်ထား သည်ထက်၊ များစွာ မြန်ဆန် နေပေသည်။

လင်းယွန် အတွက်မူ ရေဝဲ အရှိန်ကို တည်ငြိမ်အောင် ထိန်းလျက်၊ ဟန်ချက် ညီအောင်၊ လုပ်ဆောင် နေရ ပေသည်။

သို့သော် ရုတ်တရက် မြင်ကွင်းများ အမှောင် ဖုံး လာကာ၊ ရေးထိုး နေသော မီးလျှံ ငှက်မွေး ရူရ်မှာ မှုန်ဝါး သွားသည်။

နာကျင်လွန်း သဖြင့် အသိ စိတ်များ၊ တဖြည်းဖြည်း ပျောက်ကွယ် သွား သကဲ့သို့၊ ခံစား လိုက်ရ ၏။

( ငါ ဒီမှာ ကျရှုံး တော့ မှာလား။ )

စုတ်တံ ကိုင်ထားသော ညာလက်မှာ၊ တုန်ရီ လာသည်။ မီးလျှံ ငှက်မွေး ရူရ်မှာ တဖြည်းဖြည်း ပြိုကျ နေပြီး၊ သွေးတစ်လုတ် စာရွက်ပေါ် အန်ချ မိလေသည်။

“ ပျောက်တော့မယ်၊ လင်းယွန် ရပ်လိုက်။ ”

မိုလင်းက အော်ဟစ်လျက်၊ ယပ်တောင်ကို ဖွင့်ကာ၊ လင်းယွန်ထံ အလျင် အမြန် ပျံသန်း သွားပြီး၊ စုတ်တံ လုယူ လိုက်သည်။

“ ခ ဏ ...။ ”

သို့သော် ဒယိမ်း ဒယိုင်ဖြင့်၊ အားနည်း လိုက်လာပုံ ရသော လင်းယွန်က၊ စုတ်တံကို လွှတ်မပေး ခဲ့ချေ။

“ .... အား ။ ”

ယင်းအစား စိတ်စွမ်းအင် ရေဝဲကို ထပ်မံ ညှစ်ထုတ် လိုက်ပြီး၊ ဒေါသ တကြီး ဟိန်းဟောက် အော်ဟစ် ပစ်လိုက်၏။

ရေဝဲကို အနည်းငယ် တည်ငြိမ် စေရန် အတွက်၊ သူ့ခန္ဓာ ကိုယ်မှ စိတ် စွမ်းအင်များ အားလုံး သွန်းလောင်း ပစ်လိုက်သည်။

အကျိုးဆက် အနေဖြင့် ပတ်ဝန်းကျင် လေထုပင် တုန်လှုပ် လာ၏။

တစ်ချိန်တည်း မှာပင် မိုလင်း သည်လည်း၊ ယပ်တောင်ကို ပိတ်ကာ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။

ယပ်တောင်ကို လက်ဖဝါး ပြင်တွင် တဖျပ်ဖျပ် ရိုက်နေ လျက်ဖြင့်၊ ဖြူဖျော့ နေသော လင်းယွန်ထံ လှမ်းကြည့်ကာ၊

“ ဒီကလေး ... ၊ အရမ်း ရက်စက် လွန်းတယ် ... ။ ”

-ဟု ရေရွတ် လိုက်မိသည်။

လင်းယွန်၏ မောက်မာ ခြင်းများ အပေါ်၊ အံ့ဩ စရာ မရှိ တော့ချေ။

ဤမျှ အညှာ အတာ ကင်းမဲ့ လွန်းသော လူငယ် တစ်ယောက်ကို၊ သူမ တစ်သက် ပထမ ဦးဆုံး အကြိမ်၊ မြင်ဖူးခြင်း ဖြစ်လေသည်။

မျက်ဝန်း ဆီ၌ ထူးခြားသော ရောင်စင်များ တောက်ပ လာပြီး၊ ရူးသွပ် လွန်းသည့် သူမ ရှေ့က လူငယ်အား၊ ပြုံးလျက် ငေးမော မိသွား သည်။

***

All Chapters