← Chapters

မဖြစ် နိုင်ဘူး။

Vol. 40 Ch. 552

မဖြစ် နိုင်ဘူး။

Vol. 40 Ch. 552

အလွန် ရှက်စရာ ကောင်းသော အချင်း အရာကို ပြန်ပြောသည့် အခါတွင်၊ အခန်း တွင်းရှိ လေထုမှာ ရုတ်တရက် မှုန်မှိုင်း လာသည်။

“ မင်းကို ဘာလို့ ငါလိုအပ် တာလဲ၊ မင်း ခန့်မှန်း နိုင်ပြီ မဟုတ်လား။ ”

တန်ယုက သက်ပြင်း ချကာ မေးလိုက်သည်။ ပြိုင်ပွဲတွင် ပါဝင် ရမည့် တပည့်များ အတွက် လိုအပ်ချက် နှစ်ရပ် ရှိ၏။

ပထမ အချက်မှာ အသက် နှစ်ဆယ်အောက် ဖြစ်ရ ပေမည်။ ဒုတိယ အချက် အရ သူတို့ အားလုံးမှာ၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်ရ ပေမည်။

ကံကောင်း စွာဖြင့်၊ လင်းယွန်မှာ ထိုအချက် နှစ်ချက်နှင့် ကိုက်ညီ နေ၏။ တန်ယုက လင်းယွန်ကို ကြည့်ကာ၊

“ ဒီတစ်ကြိမ် ပြိုင်ပွဲမှာ၊ မင်းကို ပါဝင် စေချင်တယ်၊ အရင်လို အရှုံးမျိုး ငါတို့ မလိုချင် တော့ဘူး။ ”

မိုလင်း တစ်ယောက်၊ ရူရ်များ ကိုယ်တိုင် ကိုယ်ကျ သင်ပေး ရသည့် အကြောင်း ရင်းကို၊ ချက်ချင်း သဘော ပေါက် သွားသည်။

တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် မဟုတ် ပါက၊ သူ ပါဝင် နိုင်မည် မဟုတ်ချေ။

သို့သော် ကောင်းကင် ပြည်နယ် အကယ်ဒမီ အတွက်၊ ပြိုင်ပွဲ ဝင်ချိန်တွင် အခြားသော အကယ်ဒမီ များကို စော်ကားရာ ရောက်မည် ဖြစ်သည်။

နောက်ဆုံးတွင်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တိုင်း၌၊ ကျယ်ပြန့်သော လူမှု ဆက်ဆံရေး တစ်ရပ် ထူထောင် ထားကြ လေသည်။

အချိန် တန်သော် သူ့ အနေဖြင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီမှ ထွက်ခွာ သွားရမည် ဖြစ်ပြီး၊ မလိုလား အပ်သော ရန်သူများ တိုးလာ နိုင်သည်။

“ စီနီယာတန် မင်း ငါ့ကို ဒီလောက်တောင် ယုံလား၊ ငါ့မှာ ဝိညာဉ် ရေးရာ ရူရ် တွေနဲ့ ပတ်သတ်ပြီး၊ စွမ်းရည် အချို့ ရှိကောင်း ရှိနိုင် ပေမယ့်၊ ဒီကိစ္စက အကယ် ဒမီရဲ့ အသက်နဲ့ သေခြင်းပဲ၊ တခြား အကြီး အကဲ တွေက ငါ့ကို သဘော တူမယ် မထင်ဘူး။ ”

၎င်းအပေါ် မဆုံးဖြတ် ရသေး သော်လည်း၊ အကယ် ဒမီ၏ မျက်နှာသာ ပေးမှုကို ရယူ ပြီးနောက်တွင်၊ ငြင်းဆန်ရန် မဖြစ် နိုင်ချေ။

တန်ယု ဘက်မှ အနေ အထား သည်သာ၊ စမ်း တဝါးဝါး ဖြစ်နေ ခဲ့ခြင်း ဖြစ်သည်။

“ ဌာနမှူးမှာ မင်းနဲ့ ပတ်သက်ပြီး သံသယ တွေ ရှိနေ သေးတယ်၊ ဒါပေမယ့် အကြီး အကဲ ယုနဲ့ ငါက၊ မင်းအပေါ် အကောင်း မြင်တယ်၊ ... ”

“ ... အမှန်တော့၊ လူတိုင်းက အသက် (၂၀) မပြည့်ခင်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက်၊ ဖြစ်လာ နိုင်တာ မဟုတ်ဘူး၊ ပြီးတော့ ... ”

“ ... သူတို့မှာ၊ မင်းလို အစွမ်း ထက်တဲ့၊ ကျင့်ကြံမှု နည်းစနစ် မရှိတာ သေချာတယ်၊ ဒါ့အပြင် အကယ် ဒမီမှာ ရွေးချယ် စရာ များများ စားစား မရှိ တာလည်း ပါတယ်၊ ... ”

“ ... ငါတို့သာ ရွေးချယ်ခွင့် ရှိ ခဲ့ရင်၊ မင်းကို တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်အောင်၊ သင်ကြား ပေးတဲ့ အထိ သွားဖြစ် မယ် မထင်ဘူး။ ”

လင်းယွန်က တုံ့ဆိုင်း သွားပြီး၊ ချက်ချင်း ပြန် မဖြေ ခဲ့ပေ။ သဘော တူပြီး နောက်တွင်၊ အောင်မြင်ရန် အတွက်၊ အရာ အားလုံးကို လုပ်ဆောင် ရမည် ဖြစ်သည်။ ဤသည်မှာ သူ့ စရိုက် ပေပင်။

“ မင်းဘာတွေ စိတ်ပူ နေလဲ ဆိုတာ၊ ငါ သိတယ် မင်းက အကယ်ဒမီရဲ့ တစိတ် တပိုင်း မဟုတ် တာကြောင့်၊ ... ”

“ ... ငါတို့ကို ကူညီ တဲ့ အခါ၊ စွန့်စားရ မယ်လို့ ထင်နေတာ မဟုတ်လား၊ စိတ်ချပါ အကယ် ဒမီက မင်းကို ဘာ အတွက်မှ အတင်း အကြပ် မစွန့်စား ခိုင်းပါဘူး။ ”

တန်ယုက တွေဝေ နေသော လင်းယွန်ကို ကြည့်ကာ ပြုံးရယ် ကတိပေး လိုက်သည်။

“ ငါတို့ ထိန်းသိမ်း ထားတဲ့ မြင့်မြတ်သော ရူရ် ကို၊ နားလည်မှု ရယူဖို့၊ မင်းအတွက် နေ့တစ်ဝက် အချိန်ပေး နိုင်ပါတယ်၊ ... ”

“ ... အဲ့ဒါ အပြင် မင်းသာ သဘော တူရင်၊ မြင့်မြတ်သော စွမ်းရည် ကိုလည်း ငါတို့ ပေးနိုင်တယ်။ ”

ကနဦး မြင့်မြတ်သော စွမ်းရည်။ မြင့်မြတ်သော စွမ်းရည်၏ ကြီးမားသော ဆွဲဆောင် မှုကြောင့်၊ လင်းယွန် နှလုံးသား တစ်ခုလုံး တုန်လှုပ် သွားသည်။

မြင့်မြတ်သော ရူရ် များမှာ မပြည့်စုံ သော်လည်း၊ ၎င်းကို သူ သိချင် နေသေးသည်။

နှင်းဆီ ပန်းချီ ကားကို နားမှု ရယူ ရာ၌၊ အထောက် အကူ ဖြစ် မည်ဟု သူ ယုံကြည် သည်။

သို့သော် အကယ် ဒမီကို အကြွေးတင် နေသော ကြောင့်၊ ဤအရာ များဖြင့် အလဲ အလှယ် လုပ်မိသော်၊ လွန်ကြူးရာ ကျပေမည်။

“ အကယ် ဒမီက ငါ့အကူ အညီ လိုရင် ငါငြင်းမှာ မဟုတ် ပါဘူး၊ ဒီလို အခြားသော အကျိုး ခံစားခွင့် တွေနဲ့၊ ထပ်ပြီး ကမ်းလှမ်း နေစရာ မလို ပါဘူး၊ အစ ထဲက အကယ် ဒမီကို ငါက အကြွေးတင် ထားခဲ့ တာပါ၊ ... ”

“ ... စီနီယာ အစ်မ မို မရှိဘဲ၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊ လျူယွမ်ယန်နဲ့ ဘိုင်ရီ မရှိရင်၊ ငါလည်း သေသွားတာ ကြာပါပြီ။ ”

ဆိုလို သည်မှာ တန်ယု တောင်းဆို မှုကို လက်ခံပြီး နောက်ပိုင်းတွင်၊ တစ်ဖက်နှင့် တစ်ဖက် မည်သည့် အကြွေးမှ ရှိနေ တော့မည် မဟုတ်ချေ။

၎င်း အဖြေကြောင့်၊ တန်ယုက အနည်းငယ် အံ့အားသင့် သွားကာ ပြုံးရယ် လိုက်ပြီး၊

“ မင်း မှားတယ်၊ မင်းက ရူရ် တွေကို လေ့လာဖို့ အကယ် ဒမီ ရောက်လာတယ်၊ မိုလင်း မရှိ ရင်တောင် ...၊ မင်း အနေနဲ့ တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦး ဖြစ်လာ ဦးမှာပါ၊ ... ”

“ ... ထားတော့ အဲဒါတွေ ပြီးရင် ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဘာ တစ်ခုမှ အကြွေး မရှိတော့ ပါဘူး။ ”

နောက်ဆုံးတွင် လင်းယွန်က ခေါင်းညိတ် လိုက်သော်လည်း၊ လျူယွမ်ယန်၏ အပြု အမူ များကို ပြန် သတိရ သွားကာ၊ မေးသင့် သည်လောဟု တွေးနေ မိလေသည်။

ဤကိစ္စနှင့် ပတ်သက် မည်ဟု သူ ထင်သည်။ အချိန် အတော်ကြာ တွေဝေ နေ ပြီးနောက်၊ တန်ယုအား ထုတ်မေး လိုက်သည်။

သူ့ မေးခွန်း ကြောင့်၊ တန်ယု မျက်နှာ ပြောင်းလဲ သွားပြီး၊ သက်ပြင်း တစ်ချက် ချလိုက် ကာ၊

“ အဲဒီ မိန်းကလေးရဲ့ အဖေက၊ လွန်ခဲ့တဲ့ ပြိုင်ပွဲတုန်းက ပါဝင် ခဲ့တဲ့၊ တပည့်တွေ ထဲက တစ်ယောက်ပါ၊ သူ့ အဖေက အဲ့ဒီ သုံးယောက် ထဲမှာ အသန် မာဆုံး၊ အကယ် ဒမီရဲ့ မျှော်လင့်ချက် ဆိုလည်း မမှားဘူး၊ ... ”

“ ... ပြိုင်ပွဲမှာ အကယ် ဒမီက နှစ်ကျော့ ဆက်တိုက် ရှုံးသွား တာကြောင့်၊ သူ့ အဖေက ငရဲ လမ်းကို ရွေးချယ် ခဲ့ရတယ်။ ”

'ငရဲလမ်း' ဟူသော အသုံး အနှုန်းနှင့်၊ ရင်းနှီး နေသော၊ လင်းယွန် အနေဖြင့် မျက်ခုံးပင့် လိုက်သည်။

နောက်ဆုံးတွင်၊ နဂါး တံခါး ပြိုင်ပွဲကို ငရဲလမ်းမှ သူက တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤပြိုင် ပွဲရှိ ငရဲလမ်း၏ စည်းမျဉ်း များကို မသိရှိ ထားသော်လည်း၊ အရာ အားလုံး အတူ တူပင် ဖြစ်နိုင် လေသည်။

သံသယဖြစ် စရာ မလိုဘဲ၊ လျူယွမ်ယန် ဖခင်မှာ ရှုံးနိမ့် သွားနိုင်၏။

“ အဲဒါကြောင့် အကယ် ဒမီက၊ စျေးကြီးကြီး ပေးခဲ့ တာတောင် အရှက်ခွဲ ခံခဲ့ ရသေးတယ်၊ ဒီအကြောင်းကို ဘယ်သူမှ မပြော ပေမယ့်၊ လူတိုင်းက သူ့ အဖေကို အပြစ်မြင် ကြတယ်၊ ဒါကြောင့် သူ့ အဖေက နှစ် အနည်းငယ် အကြာမှာ ဆုံးပါး သွားတယ်။ ”

ယင်းကြောင့် လျူယွမ်ယန် တစ်ယောက် အကယ် ဒမီတွင်၊ မည်သို့သော ဖိအား မျိုးဖြင့်၊ ရှင်သန် ခဲ့ရ မည်ကို နားလည် လာ ခဲ့သည်။

လက်ဖက် ရည်ခွက်ကြမ်း တစ်ခွက်ကို နှုတ်ခမ်း ဝတွင် တေ့လိုက်ပြီး၊ လင်းယွန်၏ မျက်လုံးများ လင်းလက် သွားကာ၊

“ ဒီတစ်ခါလည်း ...၊ သူက သုံးယောက် ထဲက တစ်ယောက်ပဲ မဟုတ်လား။ ”

“ အကယ် ဒမီမှာ အသက် နှစ်ဆယ်အောက် ဝိညာဉ် ရေးရာ ဆရာ သခင်တွေ အများကြီး မရှိဘူး၊ လျူယွမ်ယန်က သူတို့ ထဲက တစ်ယောက်ပါ။ ”

တန်ယုက ခေါင်းညိတ်ကာ ဆိုလိုက်သည်။

“ ဒါဆို နောက်ဆုံး တစ်ယောက် ကရော ဘယ်သူလဲ။ ”

လင်းယွန်က စိတ်ဝင် တစား ပြန်မေး မိသည်။

“ ငါ ... ။ ”

ရုတ်တရက် ခန်းမ အတွင်းသို့၊ အမျိုး သမီး တစ်ဦး ဝင်ရောက် လာကာ၊ အထက်စီး ဆန်သော လေသံဖြင့်၊ အဖြေ ပေးလာ လေသည်။

အေးစက် လွန်းပြီး၊ မာန ကြီးသော စိတ်နေ စိတ်ထား ကြောင့်၊ သူမ အသွင်မှာ ပို၍ ထည်ဝါ နေပေသည်။

မိုလင်း ပင်လျှင် သူမ နှင့်ယှဉ် ပါက၊ အနည်းငယ် သိမ်မွေ့ နေပေသည်။ ယင်းမှာ လင်းယွန် အတွက်သာ ဦးတည် နေခြင်းမျိုး မဟုတ် ဘဲ၊ သူမ၏ ဖြစ်တည် မှုကြောင့် ဗီဇ အရ ဖြစ်လေသည်။

အဝတ် အစား အသွင် အပြင် အရ၊ အကယ် ဒမီနှင့် မသက် ဆိုင်ကြောင်း သိသာ နေသော ကြောင့် လင်းယွန်ကို အံ့သြ သွားစေ ခဲ့သည်။

အရှိန် အဝါမှာ အစွမ်းထက် လှပြီး၊ အထွတ် အထိပ် ယင်အဆင့်၊ ကျင့်ကြံ မှုမျိုး ပိုင်ဆိုင် ထား လေသည်။

အကယ် ဒမီတွင် အထွတ် အထိပ် ယင် အဆင့်၊ တပည့်များ ရှားပါးခြင်း မရှိ သော်လည်း အသက် နှစ်ဆယ်အောက် ဟူ၍ မရှိပေ။

တန်ယုက ခေါင်းညိတ် လိုက်ပြီး၊ သူမနှင့် မိတ်ဆက် ပေး လာသည်။

“ လင်းယွန် ငါ မင်းကို မိတ်ဆက် ပေးပါ ရစေ၊ သူက ဌာနမှူးရဲ့ မြေးပါ၊ ငယ်ငယ် ထဲက ကျင့်ကြံဖို့ အတွက်၊ ကောင်းကင်ဓား ဂိုဏ်းကို သွားခဲ့တယ်၊ ... ”

“ ... နောက် နှစ်နှစ် အတွင်း ကောင်းကင် ဓားဂိုဏ်းရဲ့၊ အမာခံ တပည့် တစ်ဦး ဖြစ် လာဖို့၊ အခွင့် အလမ်း မြင့်မားတယ်။ ”

ကောင်းကင်ဓား ဂိုဏ်းသည် အုပ်စိုးရှင် ကိုးပါးတွင် ပါ၀င် သောကြောင့်၊ သူမမှာ အလွန် မောက်မာ ရခြင်း ဖြစ်ကြောင်း နားလည်လိုက် မိသည်။

၎င်းကို စဉ်းစား လိုက်သော အခါ၊ ကောင်းကင် ဓားဂိုဏ်းနှင့်၊ ဓားနန်းတော်တွင် နက်ရှိုင်းသော ဆက်နွှယ်မှု ရှိနိုင် ပေမည်။

ထိုစဉ်က သူတို့ နှစ်ဖွဲ့ လုံးမှာ၊ ဓားဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။ ဂိုဏ်း နှစ်ဂိုဏ်း အနေဖြင့် ဓားဂိုဏ်း၏ အမွေကို ဆက်ခံကာ၊ တည်ဆောက် ထားခြင်း ဖြစ်သည်။

ဓားနန်းတော်မှာ သခင့်ဓားကို အမွေ ရခဲ့ သည်။

“ ဘာကြည့် တာလဲ၊ မင်းက ... ကောင်းကင် ဓားဂိုဏ်းနဲ့ ရန်ငြိုး ရှိနေ လို့လား။ ”

လင်းယွန် ထံမှ၊ ပုံမှန် မဟုတ်သော အကြည့်ကို သတိပြု မိသော အခါ၊ ထိုအမျိုး သမီးက အကြည့် စူးစူးဖြင့်၊ ပြန်လည် မေးခွန်း ထုတ်လာသည်။

သူမ အကြည့် များတွင်၊ ကနဦး ရှန်ရှင်းဓား ရည်ရွယ်ချက် ပါရှိ နေသော် လည်း၊ လင်းယွန်၏ အလယ် အလတ် ရှန်ရှင်း ဓားနှင့် နှိုင်းယှဉ် ရန်မှာ၊ လွန်စွာ အားနည်း လှပေသည်။

“ မရှိ ပါဘူး။ ”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

“ ဒါ ... ၊ အကောင်းဆုံး ပါပဲ။ ”

မူရွယ်က နှာခေါင်း ရှုံ့ လိုက်ပြီး၊ လင်းယွန်ကို ထပ်မံ စိုက်ကြည့်ကာ၊

“ မနေ့က အကယ် ဒမီကို၊ ငါပြန် ရောက်လာတဲ့ အချိန်မှာ၊ မဟာချင် အင်ပါ ယာက၊ ဓားသမား တစ်ယောက် အကြောင်းကို အများကြီး ကြားခဲ့ ရတယ်၊ ... ”

“ ... မင်းက တော်တော် မောက်မာ ဝံ့တာပဲ၊ ဒီမှာ တပည့် တစ်ဦးကို ရိုက်နှက် ရုံသာ မကဖူး၊ အမာခံ တပည့်တွေ ကိုပါ အရှက်ခွဲ ခဲ့တယ်၊ ငါပြောတာ မှန်တယ် မဟုတ်လား။ ”

မုရွယ်က သူ့ အပေါ်၊ ဆိုးရွားသော အမြင် ရှိနေ ပုံ ရသည်။ တင်းမာ လွန်းသည်မှာ၊ အံ့သြ စရာ မရှိချေ။

အထူးသဖြင့် ပန်းပြိုင် ပွဲတွင် လူ အများက၊ သူ့လို အပြင်လူ တစ်ယောက်အား၊ အကောင်းမြင် နိုင်ခြင်း ရှိမည် မဟုတ်ကြောင်း၊ ခန်းမှန်း နိုင်သည်။

ထို့ကြောင့် သူ့ အကြောင်း လိုက်မေး ခဲ့သော်၊ ကောင်းသတင်း ကြားရမည် မဟုတ်ချေ။

မုရွယ်က ရန်လိုသော အမြင်နှင့် ပတ်သက် ၍မူ၊ သူမမှာ ကောင်းကင် ဓားဂိုဏ်း၏ တပည့် ဖြစ်လင့် ကစား၊ အကယ် ဒမီ မိသားစုဝင် တစ်ဦး၊ ဖြစ်နေဆဲ ဖြစ်သည်။

သဘာဝ အတိုင်း၊ သူမ အိမ်တွင် တစ်စုံ တစ်ယောက် လာရောက်၊ ရှုပ်ပွ နေခြင်းကို ကျေနပ် နေမည် မဟုတ်ချေ။

“ မင်းပြော သလို ပါပဲ။ ”

လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ဖြေသည်။ သူ၏ ပေါ့ပျက်ပျက် အဖြေကြောင့်၊ မုရွယ် တစ်ယောက် အေးစက် တင်းမာ သွားသည်။

“ ဒီမှာ ဘယ်သူမှ မင်းကို မထိန်းထား နိုင်ဖူးလို့ မထင်နဲ့၊ မင်းက ငါ့ရှေ့မှာ ကောင်းကောင်း ပြုမူ နေထိုင်တာ ပိုကောင်း မယ်။ ”

လင်းယွန် စိတ်ထဲမှ ကြိတ်ရယ် လိုက်သည်။ သူမကို တကယ် မျက်လုံးထဲ ရှိနေ သည်ဟု၊ ထင်ထား ပုံ ရသည်။

“ မုရွယ် ... ၊ မင်းကတော့ အမြဲ ဒီ အတိုင်းပဲ။ ”

စီနီယာ တန်ယုက လေထုကို ဖြေလျှော့ ဖို့ရန် ကြားဝင် ကြိုးစား လိုက်သည်။

“ တကယ်လို့ တစ်စုံ တစ်ရာသော မတော် တဆ မှုသာ မရှိရင်၊ လင်းယွန်က ဒီပြိုင်ပွဲမှာ မင်းရဲ့ အသင်းဖော် ဖြစ်လာ လိမ့်မယ်။ ”

“ အသင်းဖော် ...၊ ဒါကို ငါသဘော မတူ သေးပါဘူး။ ”

လင်းယွန်ကို ပြန်လည် စိုက်ကြည့်ပြီး၊ မုရွယ်က ငြင်းဆန် လိုက်သည်။

“ ဒါပေမယ့် သူက မိုလင်း အကြံပြု ထားတဲ့ သူ တစ်ယောက်ပါ၊ မင်း ... မိုလင်း ကိုတော့ ယုံကြည်မှု ရှိသင့်တယ် မဟုတ်လား။ ”

တန်ယုက ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးလိုက် သည်။

“ အဲဒါ ... မဖြစ် နိုင်ဘူး၊ အစ်မကြီး မိုကို သူ လှည့်စား ခဲ့တာပဲ ဖြစ်မယ်။ ”

လင်းယွန်ကို မယုံကြည် နိုင်သော မျက်ဝန်း များဖြင့်၊ မုရွယ်က ပြန်ကြည့်ကာ ဆိုသည်။

ထိုအချိန်တွင် ကတိုက် ကရိုက်ဖြင့်၊ အကြီး အကဲ ယုမူ တစ်ယောက် ပြေးဝင် လာပြီး၊

“ ဒါက မကောင်း တော့ဘူး၊ ကေျာက်စိမ်းဖြူ အကယ် ဒမီက ငါတို့ဆီ ရောက်လာပြီ။ ”

***

All Chapters