ဒေါ သ။
Vol. 40 Ch. 553
ကျောက်စိမ်းဖြူ အကယ် ဒမီသည် ပြိုင်ပွဲဝင် အကယ်ဒမီ ငါးခု အနက်မှ တစ်ခု ဖြစ်၏။
၎င်းတို့မှာ ယခင် ပြိုင်ပွဲ၊ ချန်ပီယံ ဖြစ်သော ခရမ်းရောင် အကယ်ဒမီထက် အားနည်း ပေသည်။
သို့သော် ယင်းသည်ပင် ကောင်းကင် ပြည်နယ် အကယ် ဒမီ အတွက်၊ သန်မာ လွန်းသော ပြိုင်ဘက် ဖြစ်နေ မြဲ ပေပင်။
ထို့ကြောင့် ပြိုင်ပွဲ မစခင်၊ စမ်းသပ်ရန် အကယ် ဒမီသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော ခံစား ချက်များ၊ ရှိသည်ဟု မဆို လိုချေ။
“ ကျောက်စိမ်း အကယ် ဒမီက၊ ဘယ်သူတွေ ပါလာ တာလဲ။ ”
တန်ယုက တည်ငြိမ်စွာ ပြန်မေး လိုက်သည်။
“ တပည့်တွေ ချည်းပါပဲ။ ”
“ မယုံနိုင် စရာပဲ၊ မျိုးဆက် သစ်တွေက တကယ်ပဲ ရဲရင့် လွန်းတယ်၊ ဒီလို ဆိုမှတော့ လူငယ် တွေပဲ ဖြေရှင်း ပါစေ၊ ရွှယ်လေး ... လင်းယွန်ကို ခေါ်သွားလိုက်။ ”
တန်ယုက ရယ်မောလျက်၊ အမိန့် ပေး လိုက်သည်။ တန်ယု စကားကြောင့် မုရွယ်ကို လင်းယွန်က ပြန်ကြည့် ကာ၊
“ ငါတို့ကို လိုအပ်နေ ပုံပဲ။ ”
-ဟု ပြောလိုက်သည်။
လင်းယွန်၏ စကားကို မုရွယ်က ချက်ချင်း မတုန့်ပြန် ခဲ့ချေ။ ဤလူ အပေါ် သူမ အနေဖြင့် ကြေနပ်ခြင်း မရှိ သောကြောင့်၊ လျစ်လျူရှု လိုက်သည်။ သူမ အမြင်တွင် လင်းယွန်အား မလို အပ် သည်မှာ၊ သေချာသည်။
မုရွယ်နှင့် ယှဉ်လျှင် လင်းယွန်မှာ တည်ငြိမ်သော အမူ အရာကို ထိန်းသိမ်း နိုင်ခဲ့ပြီး၊ အပြောင်း အလဲ မရှိပေ။
၎င်းကို နားလည်သော တန်ယုက ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊
“ သခင်မလေး၊ မင်းက ကောင်းကင်ဓား ဂိုဏ်းက ဆိုပေမယ့် ကမ္ဘာ ပေါ်မှာ၊ မင်း မသိ သေးတဲ့ အရာတွေ အများကြီး ရှိတယ်၊ ပါရမီရှင် တိုင်းက အုပ်စိုးရှင် အင်အားစု တွေက လာတာ မဟုတ်ဘူး၊ ... ”
“ ... တိုက်ဆိုင် စွာပဲ၊ လင်းယွန်က အဲ့ဒီ ပါရမီရှင်တွေ ထဲက တစ်ဦးပါ၊ သူက အခုမှ တတိယတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် ဖြစ်လာတယ် ဆိုပေမယ့်၊ မင်းထက် မညံ့ တာတော့ သေချာ တယ်။ ”
ထိုစကားကြောင့် မုရွယ်က အံ့သြသွား သော်လည်း၊ ၎င်းကို သဘော မတူပေ။
သို့သော် တန်ယုနှင့် ဆက်လက် ငြင်းခုန်ခြင်း၊ မပြု တော့ဘဲ၊ လင်းယွန်ကို တစ်ချက် ကြည့် လိုက်သည်။
တန်ယုဆို သည်မှာ ကောင်းကင်ဓား ဂိုဏ်း တွင်ပင်၊ ကျွမ်းကျင်သူ တစ်ဦး အဖြစ် အလေး အနက် ထားရ ပေသည်။
အကယ် ဒမီတွင် နှစ်ပေါင်း များစွာ နေခဲ့ရ သောကြောင့်သာ၊ တန်ယု၏ အမြင်များ ချို့တဲ့ လာခြင်း ဖြစ်မည်ဟု ယူဆ လိုက်သည်။
နောက်ဆုံးတွင်၊ အုပ်စိုးရှင် အင်အား စု၏ အခြေခံ အုတ်မြစ်သည်၊ အမည်ခံ အုပ်စိုး ရှင်များ ယှဉ်နိုင်သည့်၊ အရာ မဟုတ်ချေ။
အုပ်စိုးရှင် ဂိုဏ်း၏ အတွင်း တပည့် များမှာ၊ အမည်ခံ အုပ်စိုးရှင် ဂိုဏ်းရှိ၊ အဓိက တပည့် များနှင့်၊ ခွန်အား တူညီသည်။
သူတို့၏ အမာခံ တပည့်များ အတွက်မူ၊ အကယ်ဒမီ တပည့်များ အတွက်၊ မျှော်ကြည့် ရသော တည်ရှိမှု မျိုးပင် ဖြစ်သည်။
“ မင်းက အားမနည်း ဖူးလား ... ဟမ့်။ ”
မုရွယ် မျက်ဝန်းများ တောက်ပ လာပြီး၊ လင်းယွန် အပေါ် သူမ၏ ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။
ရုတ်တရက် ဤ လုပ်ရပ်မှာ၊ အံ့အားသင့် နေသူ တိုင်းကို၊ ထိခိုက် ဒဏ်ရာ ရစေမည် ဖြစ်သည်။ တစ်ဖက် လူမှာ သူ့ထက် အားနည်း ခဲ့သော်၊ ပါးစပ်မှ သွေးများ စီးကျ လာမည်မှာ သေချာသည်။
သို့သော် လင်းယွန် အနေဖြင့်၊ မုရွယ်ကို လုံးဝ ဂရု မစိုက် ခဲ့ချေ။ သူမ ထုတ်လွှတ် လိုက်သည့် အခိုက်တွင် မျက်ခုံး ပင့်တင်လျက်၊ ၎င်းထက် မနိမ့် ကျသော ရောင်ဝါအား၊ ပြန်လည် ထုတ်လွှတ် လိုက်သည်။
၎င်းတို့၏ အရှိန် အဝါများ ထိတွေ့ မှုကြောင့်၊ ပတ်ဝန်းကျင် လေထုကို ရုန်းရင်း ဆန်ခတ် ဖြစ်လာ စေသည်။
လင်းယွန်၏ အသွင် သဏ္ဍာန်မှာ၊ မှုန်ဝါး သွား ခဲ့သော်လည်း၊ အတက် အကျ လှိုင်းများ ပျောက်ကွယ် သွားသော အခါတွင်၊ ထိခိုက်မှု မရှိဘဲ၊ ပြန်လည် ထွက်ပေါ် လာသည်။
မုရွယ်က အံ့အားသင့် စွာဖြင့် လှမ်းကြည့် လိုက်သည်။ ဓား ရည်ရွယ် ချက်ကို လွှတ်ခဲ့ခြင်း မရှိ သော်လည်း၊ တစ်ဖက် လူ၏ ပါးပြင်အား ရိုက်နှက်ရန်၊ လေပြင်း များအား ဓားကဲ့သို့ ထုတ်လွှတ် လိုက်ခြင်း ဖြစ်သည်။
အုပ်စိုးသူ အင်အားစု များ၏၊ နည်းလမ်း များမှာ အမှန် တကယ် ထူးထူး ခြားခြား ဖြစ်နေ သောကြောင့်၊ လင်းယွန် မျက်နှာ အနည်းငယ် ပြောင်းလဲ သွားသည်။
မုရွယ် အနေဖြင့်၊ အတွင်း တပည့် တစ်ဦး မျှသာ ဖြစ်သော်လည်း၊ ၎င်းသည်ပင် အမာခံ တပည့်များ စွာထက် သန်မာ၏။ သူမနှင့် နှိုင်းယှဉ် ရပါလျှင်၊ ဓားနန်းတော်မှာ ဟာသ သက်သက် ဖြစ်နေ ပေမည်။
သို့သော် ဖုန်မှုန့် တစ်မှုန့်သည် သူ့ရှေ့၌ ပလွှားရန် သတ္တိရှိ နေပေသည်။ သူ့ကို ရန်စ ပြီးနောက်၊ ရလာဒ် အပေါ် ခံယူ နိုင်သင့်သည်။
ခရမ်းရောင် ပန်း ပွင့်လာ ချိန်တွင်၊ မျက်ဝန်းများ အေးစက်စွာ တောက်ပ လာသည်။
ငွေရောင် မူလ စွမ်းအင်က၊ အရှိန် ပြင်းပြင်းဖြင့် ပြေးထွက် လာပြီး၊ လက်သီး တစ်လုံးနှင့် အတူ မုရွယ်ထံ တိုးဝင် သွားသည်။
မုရွယ် အနေဖြင့် ရုတ်တရက် တိုက်ခိုက် လိုက်ခြင်း ဖြစ်သော် လည်း၊ တစ်ဖက် လူမှာ ဤသို့ လျင်မြန်စွာ တုန့်ပြန် လာလိမ့် မည်ဟု မထင် ထားပေ။
ယင်းကြောင့် လက်သီး ထိမှန်ကာ၊ အရှိန် နှစ်ဆဖြင့် လွင့်စင် သွားရသည်။ မြေပြင် ပေါ်သို့ လဲကျ သွားသော အခါ၊ ညည်းတွား ရေရွတ် လျက်၊ မျက်နှာ တစ်ပြင်လုံး နီရဲ သွား၏။
မူလ စွမ်းအင်ကို လှည့်ပတ်ကာ သူမ၏ ခန္ဓာကိုယ် အတွင်း ကျန်ရှိသော စွမ်းအင် များကို ချေဖျက် လိုက်သည်။ ပြီးနောက် လင်းယွန်ကို ပြန်မော့ ကြည့်ကာ၊
“ မင်းက ငါ့ ခွန်အားရဲ့ (၃၀%) ကို ယူနိုင် တယ် ဆိုတော့၊ ငါထင်ထား သလောက်လည်း အားမနည်း ပါဘူး။ ” -ဟုဆို လိုက်လေသည်။
သူမ၏ အေးစက်သော အသံတွင်၊ တွန့်ဆုတ်ခြင်း များဖြင့် ပြည့်နှက် နေ သော်လည်း၊ မာန တရားမှာ အနည်းငယ် ကွာကျ သွားပုံ ရသည်။
လင်းယွန်က ထိုစကားကို ကြားသော အခါတွင်၊ ခွန်အား (၃၀%) ပင် အသုံး မပြုခဲ့ သောကြောင့် ပြုံးလိုက်သည်။
“ မိန်းကလေး၊ ငါ အမှန်တိုင်း ပြောခဲ့တယ် ဆိုတာ မင်းသိပြီ မဟုတ်လား။ ”
တန်ယုက မသက် မသာ အမူ အရာဖြင့်၊ ဝင်ရောက် ပြောဆို လာသည်။
“ ငါ့ ဓားကို၊ မသုံး ရသေးဘူး။ ”
သူမ အကြည့်ကို ပြန်ရုတ် သိမ်းလိုက် ပြီးနောက်၊ တုန့်ပြန် လာသည်။
ကောင်းကင် ဓားဂိုဏ်း၏ တပည့် များမှာ၊ ဓားရှည် များကို အသုံးပြု လိုက်သော အချိန်တွင်၊ ခွန်အား အရာ၌ များစွာ ကွာခြား သွားချေသည်။
သို့သော် လင်းယွန်က မုရွယ်၏ စကား အပေါ်၊ သိသိ သာသာပင် လျစ်လျူရှု ထားခဲ့ သည်။ နောက်ဆုံးတွင် တစ်ဖက် လူ၏ ရှန်ရှင်း ဓားမှာ၊ များစွာ အားနည်း နေသေးသည်။
သူ ဓားကို သုံးစဉ်က၊ ဤအမျိုး သမီး မမြင် ဖူးကြောင်း၊ လင်းယွန် သိသည်။ သို့မဟုတ် ပါလျှင်၊ ထိုစကား များကို ပြောဝံ့မည် မဟုတ် ချေ။
“ ကောင်းပြီ၊ စကားတွေ ဖြတ်လိုက် ရအောင်၊ ကျောက်စိမ်းဖြူ အကယ် ဒမီက တပည့် တွေက၊ ငါတို့ကို ဒုက္ခ ဖြစ်စေတယ်၊ ... ”
“ ... အကြီးအကဲ တွေ အနေနဲ့ ဒီကိစ္စကို ဝင်ရောက် စွက်ဖက်ဖို့ နည်းလမ်း မရှိဘူး၊ အကယ်ဒမီ ငါးခု ပြိုင်ပွဲက ဆယ်ရက် အတွင်း စတင် တော့မယ်၊ ရလာဒ် ဆိုးတွေ မကြား ရစေနဲ့၊ သွားတော့ ...။ ”
တန်ယုက ခေါင်းညိတ်ကာ သတိပေး လိုက်သည်။
“ ကျောက်စိမ်းဖြူ အကယ် ဒမီရဲ့၊ တပည့် တွေကို သွားကြည့် ရအောင်။ ”
မုရွယ်က မျက်ဝန်းများ တဖျပ်ဖျပ် ခတ်လာပြီး၊ ဆော်အော လိုက်သည်။ အပြင် လူ တစ်ယောက် အနေဖြင့်၊ သူတို့၏ ဂုဏ်သိက္ခာကို စော်ကား ခြင်းမှာ၊ သာမာန် ဖြစ်ရိုး ဖြစ်စဉ် တစ်ခု ပေပင်။
အကယ်ဒမီ ငါးခု ပြိုင်ပွဲမှာ၊ မကြာမီ စတင် တော့မည် ဖြစ်သဖြင့်၊ ကောင်းကင် ပြည်နယ်၏ လက်ရှိ ခွန်အား အပေါ်၊ အင်အားစု တိုင်းက အာရုံစိုက် လာခဲ့ ကြသည်။
“ လင်းယွန်ကို လျှော့ မတွက်နဲ့၊ မဟုတ်ရင် ဒီနေ့ထက် ပိုကြီး မားတဲ့၊ ဆုံးရှုံး မှုကို ခံစား ရလိမ့်မယ်။ ”
ထန်းယု၏ သတိပေး သံက၊ မထွက် ခွာမီ မုရွယ် နား ထဲသို့ တိုးဝင် လာသည်။ ထိုစကား ကြောင့် တုန့်ခနဲ ရပ်လိုက်မိ သော်လည်း၊ သူမ မျက်နှာတွင် မည်သည့် ခံစားချက် ကိုမျှ၊ ထုတ်ဖော် ပြလာခြင်း မရှိ ခဲ့ပေ။
“ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့၊ မင်းနဲ့ လုံလောက်လား။ ”
လင်းယွန်က မေးလိုက်သည်။ ဤမိန်းမ အပေါ် ကောင်းမွန်သော အမြင် မရှိချေ။
“ စကား တွေကို တိတ်လိုက်ပါ။ ”
မုရွယ်က လှည့်မကြည့် တော့ဘဲ၊ ပြေးထွက် သွားသည်။
ရုတ်တရက် မုရွယ် တစ်ယောက် စိတ်ကူး ပြောင်းသွား သည်ကို လင်းယွန် မသိချေ။ သူမနောက် ပျံသန်း သွားပြီး၊ အားကိုး ရာမဲ့ ပြုံးလိုက် မိသည်။
နောက်ဆုံးတွင် မုရွယ် အဖိုး ထံ၌ စတုတ္ထတန်း ဆေးလုံး တစ်လုံး အကြွေး တင်ခဲ့သည်။
လမ်းတစ်လျှောက် ကောင်းကင် ပြည်နယ် တပည့် များက မုရွယ်ကို မြင်သည်နှင့်၊ အသိ အမှတ် ပြုဟန်၊ လှည့်ကြည့် လာ ကြသည်။
သို့သော် သူမကို နှုတ်ဆက် ဖို့ရန်၊ မည်သူမျှ ရဲဝံခြင်း မရှိ ကြချေ။ ထို့ကြောင့် အနှောက် အယှက် ကင်းကင်းဖြင့်၊ ဆက်လျှောက် နိုင်ခဲ့ သည်။
“ လင်းယွန် ...၊ အစ်မ မိုက မင်းကို တကယ် အကြံပြု ခဲ့တာလား။ ”
အဆုံးတွင် မုရွယ်မှ ဦးစွာ စကား စပြော လာသည်။ ဖုံးကွယ် နေစရာ မရှိ သောကြောင့်၊ လင်းယွန်က ပွင့်ပွင့် လင်းလင်း ပြန်ဖြေ လိုက်သည်။
မိုလင်းကို ရည်ညွှန်း ပြောဆို လိုက်သော အခါတွင်၊ မုရွယ်၏ မျက်ဝန်း များ၌ လေးစား ကြည်ညိုခြင်း များဖြင့်၊ တောက်ပ လာသည်။
“ မယုံနိုင် စရာပဲ။ ”
မုရွယ်က လင်းယွန်ကို လှည့်၍ စစ်ဆေး လိုက်သည်။ လင်းယွန် အနေဖြင့် မပျော့ညံ့ သော်လည်း၊ ၎င်းမှာ သူမ အမြင် အတွက်သာ ဖြစ်သည်။
အကယ်ဒမီ ငါးခု ပြိုင်ပွဲတွင်၊ လင်းယွန်ထက် သန်မာသော လူများစွာ ရှိသည်။
“ မင်းမှာ ငါ့ထက် ပိုကောင်းတဲ့၊ ပြိုင်ပွဲဝင် ရှိတယ် မဟုတ်လား။ ”
လင်းယွန်က ရုတ်တရက် ထုတ်မေး လိုက်၏။ ထက်မြက် လွန်းသော လင်းယွန် ကြောင့်၊ မုရွယ် တစ်ယောက် အံ့အား သင့် သွားသည်။
“ အမှန် ပါပဲ၊ မင်းဆီ ကနေ ကွယ်ဝှက် ထားနေမှာ မဟုတ်ဘူး၊ မိန်ဇီယန်က ငါ့ အဖိုးကို လူတစ်ယောက် အကြံပြု ထားတယ်၊ အကယ် ဒမီ ငါးခု ပြိုင်ပွဲက၊ အကယ် ဒမီရဲ့ အသက်နဲ့ သေခြင်းပဲ၊ ဒါကြောင့် မင်း နောက်ဆုတ် ပေးလိမ့် မယ်လို့၊ မျှော်လင့် ပါတယ်။ ”
သူမ၏ အမူ အရာမှာ လေးနက် လွန်းပြီး၊ နောက်ပြောင် နေပုံ မပေါ်ချေ။
“ ငါက ... ၊ ငါ့ ကတိကို ဘယ်တော့မှ မစွန့်လွှတ် တက်ဘူး၊ မင်းဆန္ဒ ရှိရင် မင်း နေရာကို စွန့်လွှတ် လိုက်ပါ။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“ ဒါဆို နောင်တ မရပါ စေနဲ့။ ”
မုရွယ်က တင်းမာသော လေသံဖြင့်၊ သတိ ထပ်ပေး လိုက်၏။
ငရဲ ရင်ပြင်ကို ရောက်ရန်၊ အချိန် သိပ်မကြာ ခဲ့ချေ။ ၎င်းဖြင့် ရင်းနှီး သောကြောင့်၊ လင်းယွန်က မျက်ခုံးပင့် လိုက်သည်။
ရင်ပြင် အနှံ့ စုဝေး နေသော၊ လူအုပ် ကြီးကို မျှော်ကြည့်ကာ၊ မုရွယ် တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်။
ရင်ပြင် အလယ် ဗဟိုတွင် လူနှစ်ယောက် တိုက်ခိုက် နေ၏။ ကောင်းကင် ပြည်နယ် ဝတ်ရုံကို၊ ဆင်မြန်း ထားသော တပည့်မှာ၊ သူ့ ပြိုင်ဘက်ထက် သိသိ သာသာ အားနည်း နေသည်။
သူ့ပြိုင် ဘက်မှာ အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး၊ အစွမ်း ထက်သော ကျင့်ကြံ မှုမျိုး ရှိနေကာ၊ တိုက်ပွဲအား အလွယ် တကူ အဆုံးသတ် နိုင်လေသည်။
သို့သော် လက်ရှိတွင် ထိုလူငယ်က၊ ပြိုင်ဘက် အပေါ် ကစား နေခဲ့သည်။ လှုပ်ရှားမှု ပေါင်းများစွာ၊ ဆက်တိုက် ဖလှယ် ပြီးနောက်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့်မှာ၊ လွင့်စင် သွားတော့သည်။
“ ကောင်းကင် ပြည်နယ်က တကယ်ကို စိတ်ပျက် စရာ ပါပဲ၊ အမာခံ တပည့် တစ်ယောက် ကတောင်၊ ဒီလောက် အားနည်း နေရ တယ်လို့ ။ ”
အဖြူဝတ် လူငယ်က လက် နှစ်ဖက်ကို ပုတ်ခါကာ၊ လှောင်ပြောင် ပြောဆို လိုက်သည်။ ထောင်လွှားသော အမူ အရာကြောင့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့် များကို၊ မပျော် မရွှင် ဖြစ်လာ စေသည်။
အဖြူဝတ် လူငယ်မှာ လူအများ အပြားကို အနိုင်ယူ နိုင်ခဲ့ပြီး၊ ၎င်းတို့ အနက်မှ မည်သူမျှ သူ့အား နောက်ဆုတ်အောင် တွန်းမပို့ နိုင်ခဲ့ချေ။
“ ငါ့ရဲ့ ခွန်အားက ကျောက်စိမ်းဖြူ အကယ် ဒမီမှာ၊ ဘာမှ မဟုတ်တဲ့ သူပါ၊ ဒါကိုတောင် မင်းတို့က အနိုင် မယူ နိုင်ဘူး ဆိုရင်၊ ပြိုင်ပွဲမှာ ဘာလို့ လာရှုပ် နေဦး မှာလဲ။ ”
စကားဆုံး သည်နှင့် သူ့ မျက်ဝန်း များတွင် အထင် အမြင် သေးသော အသွင်ဖြင့်၊ သူ့ အဖော် များကို ဦးဆောင်ကာ၊ လူအုပ် ထဲမှ တိုးထွက် သွားသည်။
သူ့ အတွက် လမ်းဖွင့် ပေးရုံမှ လွဲ၍ လူအုပ် ကြီးမှာ၊ ရွေးချယ် စရာ မရှိ တော့ချေ။
သို့သော် သူတို့ ထွက်ခွာ တော့မည့် အချိန်တွင် လမ်းကြောင်း အဆုံး၌၊ လူ နှစ်ယောက် ပိတ်ဆို့ နေသည်ကို တွေ့လိုက် ရသည်။
ထိုသူ နှစ်ဦးမှာ သဘာဝ အတိုင်း၊ လင်းယွန်နှင့် မုရွယ်တို့ ဖြစ်၏။
လင်းယွန်တို့ အသွင် အပြင်ကို ခံစား လိုက်ရသော အခါတွင်၊ အဖြူဝတ် လူငယ်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။
အထူး သဖြင့် အမျိုး သမီး ထံမှ လာသော အန္တရာယ်ကို သူ ခံစား မိသော်လည်း၊ သူမ ဘေးရှိ လူငယ်ထံ အရောက်တွင်၊ သဘော ကျစွာ ပြုံးရယ် လိုက်သည်။
“ မင်း ငါ့လမ်းပေါ် လာရပ် ရဲတယ်လား၊ လိမ္မာ ပါးနပ် တဲ့သူ ဆိုရင်၊ လှဲအိပ်ပြီး ရှောင်ပေး သင့်တယ်။ ”
“ သွား ... အကယ် ဒမီကို၊ အရှက် မကွဲ ပါစေနဲ့။ ”
မုရွယ်က အေးစက်စွာ သတိပေး လိုက်ပြီး၊ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ လင်းယွန် ခွန်အားကို သူမလည်း မြင်ချင် ပေ၏။
***