မင်း ပြောသလို တကယ့် အမှိုက်ပဲ။
Vol. 40 Ch. 554
လူအုပ် ကြီးက လင်းယွန်ကို မြင်သော အခါ တွင်၊ အံ့သြ သွားသည်။
“ သူဘာ လာလုပ် တာလဲ။ ”
“ သူက ဘာလို့ ဒီမှာ ရှိနေ တာလဲ၊ ငါတို့ကို ရယ်ဖို့ လာတာ လား။ ”
“ သူဒီကို ရောက်လာ ပြီးတဲ့ နောက်မှာတော့၊ အနည်းဆုံး ငါတို့ အတွက် မျက်နှာ ပြန်ရ နိုင် ပါတယ်၊ မဟုတ်ရင် အကယ် ဒမီကို နှိမ့်ချ သွားလိမ့်မယ်။ ”
“ မှန်တယ်၊ ပန်းကိုးပွင့် ဘုရင်ကို သန့်စင် ပြီးတာ တောင်၊ သူ ရှုံးလျှင် အရှက်ရ လိမ့်မယ်။ ”
လူအုပ်ကြီး ထံမှ ဆွေးနွေး မှုများ ချက်ချင်း ထွက်ပေါ် လာသည်။ လင်းယွန် တစ်ယောက် တိုက်ပွဲ ဝင်ဖို့က လွဲပြီး၊ အခြား ရွေးစရာ မရှိ ကြောင်း၊ သူတို့ သိသည်။
အဖြူဝတ် လူငယ်က၊ အနီး နားရှိ တပည့်များ ထံမှ ဆွေးနွေးမှု များကို သတိပြု မိသော အခါ၊ စိတ်လှုပ်ရှား လာသည်။
သူက လင်းယွန်ကို မော့ကြည့်ပြီး၊ ရယ်မော လိုက်ကာ၊
“ မင်းကြည့် ရတာ အကယ် ဒမီမှာ၊ ဘာမှ ဟုတ်ပုံ မရဘူး၊ အမှိုက် ရှင်းရတာ ငြီးငွေ့ စရာ ပါပဲ။ ”
“ ငါတို့ကို စစ်ဆေးဖို့၊ ကျောက်စိမ်း အကယ် ဒမီက၊ မင်းလို လူကို လွှတ်လိုက် တာလား။ ”
လင်းယွန်က တည်ငြိမ်စွာ ဆိုလိုက် သော်လည်း၊ သူ့ လေသံတွင် အထင် အမြင် သေးခြင်း များဖြင့်၊ ပြည့်နှက် နေသည်။
အဖြူဝတ် လူငယ်က ရယ်မော လိုက်ပြီး၊
“ မင်းမြင်တဲ့ အတိုင်း ပါပဲ၊ ငါက ကျောက်စိမ်း အကယ်ဒမီက အမှိုက် လေးပါ၊ ဒါကို တောင် မရိုက် နိုင်ရင် မင်းက ဘာလဲ။ ”
အနိုင် ရလျှင် လင်းယွန် အတွက် အရှက် တရား၊ ပို၍ တိုးပွား လာမည် ဖြစ်သောကြောင့်၊ ရည်ရွယ်ချက် ရှိရှိ နှိမ့်ချ ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက် များကို လမ်း တလျှောက် ရှက်ခွဲကာ၊ မြောက်မြား စွာသော နိုင်ပွဲများ အပေါ်၊ ယစ်မူး လာမိသည်။
၎င်းနှင့် ပတ်သက်ပြီး ကောင်းကင် ပြည်နယ်မှာ၊ မည်သည့် အရာမှ ပြန်လည် လုပ်ဆောင် နိုင်ခြင်း မရှိ ခဲ့ချေ။
“ ပေါက်တက် ကရ ပြောနေ တာတွေကို ရပ်လိုက် ရအောင်၊ မင်း အချိန် မရွေး လှုပ်ရှား နိုင်တယ်။ ”
လင်းယွန်က ပြုံးကာ ဆိုသည်။
“ ကျွတ် ... ကျွတ် ... ၊ မင်းနဲ့ အတူ ရပ်တည်ဖို့ ရွေးချယ် ခဲ့တဲ့ အတွက်၊ ဒီနေ့တော့ ကောင်းကင် ပြည်နယ်က အရှက် ရစေ ရုံက လွဲပြီး၊ ဘာမှ လုပ်နိုင်မှာ မဟုတ် ပါဘူး။ ”
အဖြူဝတ် လူငယ်၏ ပတ်ဝန်း ကျင်တွင်၊ ဝိညာဉ် ရေးရာ ပန်းချီကား ကိုးကား ထွက်ပေါ် လာသည်။
၎င်းတို့ အားလုံးမှာ၊ နဂါး အသွင် ဆောင်သော တတိယတန်း ဝိညာဉ် ရေးရာ ရူရ်များ ဖြစ်သည်။
ဟောက်သံ နှင့်အတူ မီတာ သုံးဆယ် ရှည်လျားသော သတ္တု နဂါးကြီး ဖြစ်ပေါ် လာပြီး၊ လင်းယွန် ဆီသို့ ခုန်ဆင်း လာသည်။
နဂါး ကြီး၏ ရက်စက် ကြမ်းကြုတ်သော အသွင်မှာ၊ လူတိုင်း၏ မျှော်လင့် ချက်ထက် ကျော်လွန် သွားခဲ့သည်။ နဂါးက ရန်သူကို ဝါးမြို ချင်နေ သည်မှာ ထင်ရှား ပေ၏၊
“ တတိယတန်း ဝိညာဉ် ရေးရာ ပန်းချီကား ကိုးချပ်၊ အိုး ... သောက် ချေး ပဲ။ ”
“ ရူရ် တွေက ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ၊ သူ အလို ရှိတဲ့ အတိုင်း ပန်းချီကား တွေကို၊ ထုတ်ဖော် ပေါင်းစပ် နိုင်တယ်။ ”
“ သူ့ရဲ့ ခွန်အားကို တကယ်ပဲ၊ ဖုံးကွယ် ထားခဲ့ တာကိုး။ ”
လူတိုင်း တုန်လှုပ် သွားကြသည်။ အဖြူဝတ် လူငယ်မှာ၊ သဘာဝ အားဖြင့် တတိယတန်း ဝိညာဉ် ရေးရာ ရူရ် များကို၊ ကျွမ်းကျင်စွာ ထိန်းချုပ် နိုင်နေ ခဲ့သည်၊
အခြား တစ်ဖက်တွင် မူလ စွမ်းအင်များ၊ ခန္ဓာကိုယ် အတွင်း လှိုင်းထ လာသော ကြောင့်၊ လင်းယွန်က သူ့ လက်ချောင်း ထဲသို့၊ စုစည်း ပစ်လိုက်၏။
ထို့နောက် သူ့လက် အနောက်ဘက် လေထု ထဲတွင်၊ ခရမ်းရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာကာ၊ အကန့် အသတ် မရှိသော ငွေရောင် အလင်းတန်း တစ်ခုက၊ နဂါး ကြီးအား ထိုးဖောက် ဝင်ရောက် သွား၏။
နဂါးမှာ ပြိုကျ သွားသော်လည်း၊ လက်ကျန် စွမ်းအင် လှိုင်းများက လင်းယွန် အပေါ် ရိုက်ခတ် လာသည်။
ကျရောက် လာသော အရှိန်ကြောင့်၊ နာကျင်မှု အချို့ ခံစား လိုက်ရသည် ဖြစ်ရာ၊ အနည်းငယ် အံ့သြ သွားမိသည်။
ဒရာကိုဖီ ခန္ဓာကိုယ် ဖြင့်ပင်၊ အလေးထား ရပေမည်။ သူသာ မှန်ကန်စွာ မှန်းဆ နိုင်ခဲ့မည် ဆိုပါလျှင်၊ ရူရ် ကိုးခုမှာ အစွမ်း ထက်သော သတ္ထု ဝိညာဉ် ကိုးမျိုး ဖြစ်နိုင်သည်။
ဤလူငယ်၏ ဝိညာဉ် ရေးရာ ရူရ် များ အပေါ် အောင်မြင် မှုမှာ၊ ယန်းရှောင်ထက် များစွာ အားကောင်း လှသည်။
အကယ် ဒမီတွင် ဤမျှ မောက်မာစွာ ပြုမူ ဝံ့ခြင်း အတွက် လွန်အံ့ မဆိုနိုင်။ သို့သော် အဖြူဝတ် လူငယ်၏ ထိတ်လန့် မှုမှာ၊ ပို၍ပင် တုန်လှုပ် သွားစေသည်။
အစောပိုင်း တိုက်ခိုက် မှုမှာ၊ ပေါ့ပေါ့ ပါးပါးဟု ထင်ရ သော်လည်း၊ ၎င်းတွင် သူ့ နားလည်မှု အားလုံးကို လောင်းထည့် ခဲ့သည်။
သို့သော် တစ်ဖက် လူမှာ၊ အဆိုပါ တိုက်ခိုက် မှုအား၊ အလွယ် တကူ ဖျက်ဆီး နိုင်ခဲ့ပြီး၊ သူ့ကို အနည်းငယ် စိတ်မသက် မသာ ဖြစ်စေ ခဲ့သည်။
ကောင်းကင် ပြည်နယ်တွင်၊ ဤသို့သော လူငယ်မျိုး မည်သည့် အချိန်က ရှိနေခဲ့ သည်ကို၊ သိချင် လာသည်။
သို့သော် သူ့ပတ်ဝန်း ကျင်ရှိ၊ တဝဲ လည်လည်နှင့် ပြေးလွှား နေသော ရူရ် များ အတွင်း၊ ဆက်လက် တိုးဝင် လိုက်သည်။
မျက်လုံး များတွင် အေးစက်သော အလင်း များနှင့် အတူ၊ အဆိပ် ရှိသော စပါးအုံး မြွေ သဏ္ဍာန်၊ ထပ်မံ ဖွဲ့စည်းကာ၊ ရုတ်တရက် ပစ်လွှတ် သည်။
ရူရ် ကိုးခုသာ ဖြစ်သော်လည်း၊ ၎င်းတို့မှ ထုတ်လွှတ်သော ဖိအားမှာ၊ ထောင်သောင်း ချီသော စစ်တပ်ကြီး တစ်တပ် ကဲ့သို့ ခံစားရ စေသည်။
သို့သော် ငြားလည်း လင်းယွန်နှင့် ယှဉ်လျှင် များစွာ အားနည်း နေသေးသည်။ အထွတ် အထိပ် ယင် အဆင့်သို့ ရောက်ပြီးနောက်၊ သူ၏ ခွန်အားမှာ၊ အဆင့်တူ များ အတွင်း၊ မှုစရာ တစ်ယောက်မျှ မရှိ တော့ချေ။
ကနဦး ယန်အဆင့် ကျင့်ကြံ သူ များပင်၊ သတိထား ရမည့် တိုက်ခိုက်မှု မျိုးကို ရှောင်တခင် ထုတ်ဖော် ပေး နိုင်သည်။
နောက်ဆုံးတွင် ပန်းဘုရင်၏ စွမ်းအား မျိုးမှာ၊ လူတိုင်း တို့ထိ နိုင်သော အရာ မဟုတ် ချေ။
ထို့ကြောင့် တစ်ဖက် လူ၏ တိုက်ခိုက် မှုကို ဖျက်စီးရန်၊ လက်သီး တစ်ချက်သာ လိုအပ် သော်လည်း၊ ဤသို့ ပြုမူ ခဲ့ပါက အဓိပ္ပါယ်မဲ့ သွားပေ လိမ့်မည်။
နှုတ်ခမ်း ပေါ်တွင် အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ လက်ကို ဆန့်တန်း လိုက်ရာ၊ သူ၏ ဝိညာဉ် အမှတ် အသား ထွက်ပေါ် လာသည်။
“ အဲဒါ မီးလျှံ ငှက်မွေး ရူရ်ပဲ။ ”
လင်းယွန် လက်ထဲရှိ မီး စွမ်းအင်ကို ကြည့်ကာ၊ လူ အများ၏ မျက်နှာများ ပြောင်းလဲ သွားသည်။
တူညီသော အဆင့်ရှိ ဝိညာဉ် ရေးရာ ရူရ် များကြား တွင်ပင်၊ ကွဲပြားသော ခွန်အားများ ရှိလေ သည်။
ဖန်တီး ရသော အခက် အခဲများ အရ၊ မီးလျှံ ငှက်မွေး ရူရ်မှာ၊ တတိယတန်း ‘ရူရ်’များကြား ထိပ်ဆုံး ဆယ်လုံး စာရင်း ဝင်သည်။
သို့သော် ၎င်းကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့ ပါက၊ သူ့ စွမ်းအားမှာ စိတ်ကူး မယဉ် နိုင်ပေ။
မီးလျှံ ငှက်မွေး ရူရ်က၊ မီးရှူးတိုင် တစ်တိုင်လို လင်းယွန်အား ဖုံးအုပ် သွားသည်။ မီးလျှံများ အတွင်း၌၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော လျှပ်စီးကြောင်း များအား တွေ့မြင် လိုက်ရ၏။
တိုးဝင် လာသော စပါးအုံး မြွေမှာ၊ မီးရှူး တိုင်နှင့် တွေ့ဆုံ သွားပြီးနောက်၊ စွမ်းအင် ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာသည်။
အဆိုပါ ပေါက်ကွဲ မှုကြောင့်၊ မြေပြင် တစ်လျှောက် ချက်ချင်း တုန်လှုပ် သွားသည်။
အတက် အကျ လှိုင်းများ ပျောက်ကွယ် သွားသော အခါ၌၊ အဝတ် အစားပင် ယို့ယွင်း သွားခြင်း မရှိဘဲ၊ လင်းယွန်က ရပ်လျက် ရှိနေ ခဲ့လေ သည်။
ယင်းကြောင့် အဖြူဝတ် လူငယ်ကို ထိတ်လန့် သွားစေ၏။ လင်းယွန် အတွက်မူ မီးလျှံ ငှက်မွေး ရူရ်၏ စွမ်အား အပေါ်၊ စိတ်လှုပ်ရှား နေမိသည်။
၎င်းအား သူ၏ စိတ်ဝိညာဉ် အမှတ် အသား အဖြစ်၊ ချုပ်နှောင်ရန် ကြိုးစား မှုများ အားလုံး မှာ၊ အလဟဿ မဖြစ် ခဲ့ပေ။
ပြိုင်ဘက်မှာ မီးလျှံ ငှက်မွေး ရူရ်ကို အမှန် တကယ် ကိုင်ဆွဲ ထားနိုင် သောကြောင့်၊ အဖြူဝတ် လူငယ်က အော်ဟစ် ကျိန်ဆဲ လိုက်ပြီး၊
“ သောက်ပဲ ဟေ့ ...၊ ဒီတော့ရော ဘာဖြစ် သေးလဲ၊ ငါ့ရဲ့ ကျင့်ကြံ မှုက အလှ ပြရုံ သက်သက် လို့ မင်းထင်လား၊ ဒူးထောက် စမ်း ....။ ”
အထွတ် အထိပ် ယင် အဆင့် အရှိန် အဝါကို ထုတ်ဖော်ကာ၊ မူလ စွမ်းအင် အားလုံး လက်ဖဝါး ထဲသို့၊ လောင်းထည့် လိုက်ပြီး နောက်၊ လင်းယွန်အား ရိုက်ချ လိုက်သည်။
“ ပြီး သွား ပြီ ... ။ ”
ကေျာက်စိမ်းဖြူ အဖွဲ့သား များက ဝမ်းသာ အားရ ထအော် လိုက်ကြသည်။ သူတို့ ဂျူနီယာ ညီလေး၏၊ ‘နှင်း လက်ဝါး’ မှာ၊ မည်မျှ လွှမ်းမိုး ချုပ်ကိုင် နိုင်စွမ်း ရှိ သည်ကို၊ သူတို့သာ သိပေ သည်။
အေးစက်သော ရောင်ဝါမှာ၊ ၎င်း၏ သားကောင်ကို သတ်ပစ် နိုင်သည့်၊ အဆိပ် တစ်မျိုး ဖြစ်၏။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက၊ အဆိုပါ မြင်ကွင်းကြောင့် ထိတ်လန့်စွာ အော်ဟစ် မိကုန်သည်။
မုရွယ်ပင် အနည်းငယ် စိုးထိတ် သွား၏။ သို့သော် လင်းယွန်က မူလ နေရာတွင် မြဲမြံစွာ ရပ်နေ သေးသောကြောင့်၊ မျက်ခုံး ပင့်လိုက် မိသည်။
တစ်ဖက်တွင် အဖြူဝတ် လူငယ်၏ မျက်လုံးများ ပြူထွက် လာပြီး၊ ပါးစပ် အဟောင်းသား ဖြစ်သွား ရလေသည်။
ပြိုင်ဘက် ခန္ဓာကိုယ် ထဲသို့၊ ပေးပို့ လိုက်သော သူ၏ မူလ စွမ်းအင် များကို၊ အာရုံ မခံ နိုင်တော့ သဖြင့် တုန်လှုပ် သွားခြင်း ဖြစ်သည်။
သူတို့ နှစ်ဦး၏ မူလ စွမ်းအင် ကွာခြား ချက်မှာ၊ သူ့ မျှော်လင့် နိုင်သည်ထက် ကျော်လွန် သွားခဲ့သည်။
“ အခု ... ငါ့ အလှည့်။ ”
ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ပန်းပွင့် လာပြီး ခန္ဓာကိုယ် အနှံ့၊ မူလ စွမ်းအင် များဖြင့် ပြည့်နှက် လာသည်။ ထို့နောက်တွင် အဖြူဝတ် လူငယ်၏ ရင်ဘတ်အား ထိုးချ လိုက်တော့၏။
အဖြူဝတ် လူငယ် ဝတ်ဆင် ထားသော တော်ဝင် ချပ်ဝတ်မှာ၊ လက်သီး ထံမှ ခွန်အား အများ စုကို၊ ခုခံ ချေဖြတ် ပေးသည်။
သို့သော် ကျန်ရှိ နေသော စွမ်းအင် များက နံရိုးများ ထံသို့ ဆက်လက် တိုးဝင် လာ၏။
“ ခရစ် .... ။ ”
နံရိုး ကျိုးသံနှင့် အတူ၊ ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ အဝေးသို့ လွင့်စင် သွားသည်။
ခြားနား ချက်မှာ ဤမျှ ကြီးမား လိမ့် မည်ဟု၊ မည်သူမျှ မထင် ထားခဲ့ ကြပေ။ အဖြူဝတ် လူငယ်မှာ ဒယိမ်း ဒယိုင်ဖြင့်၊ မတ်တပ် ပြန်ရပ် လာပြီး၊ လင်းယွန် အား၊ လှမ်းကြည့် လိုက် သည်။
“ မင်းက ကျောက်စိမ်းဖြူ အကယ် ဒမီမှာ၊ ဘာ ကောင်မှ မဟုတ်ဖူး ဆိုတာ၊ တကယ် ပဲကိုး၊ ငါ့ လက်သီး တစ်ချက်တောင် မခံယူ နိုင်တဲ့၊ အမှိုက် တစ်စက၊ ဒီမှာ ခွေး တစ်ကောင်လို လာဟောင် နေရဲ သေးတယ်။ ”
“ မင်း ... ။ ”
အဖြူဝတ် လူငယ်၏ မျက်နှာမှာ၊ အရှက် တရား ကြောင့် တဆတ်ဆတ် တုန်ယင် လာ သည်။
ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့် များက၊ ထိုစကားကို ကြားသော အခါ တွင်၊ အပြုံး များဖြင့် ရွှင်မြူး သွားကုန်၏။
မုရွယ် သည်ပင် ရှားရှား ပါးပါး အပြုံး တစ်ပွင့် ထွက်ပေါ် လာကာ၊
“ ဘယ်လိုတောင် အတေး အမှတ် ကြီးလိုက်တဲ့ ကောင်လဲ။ ”
-ဟု ညည်းတွား လိုက်မိ လေသည်။
***