ရေတွင်း အောက်က ဖားငယ်။
Vol. 40 Ch. 555
ဝိညာဉ် ရေးရာ တိုက်ခိုက်မှု ရှုံးနိမ့် ပြီးနောက် တွင်၊ အဖြူဝတ် လူငယ်မှာ သူ၏ ကျင့်ကြံမှု ခွန်အားဖြင့်၊ ကစားပွဲကို လှန်ချင် ခဲ့သော်လည်း၊ အိမ်မက်သာ ဖြစ်သွား ခဲ့သည်။
တစ်ဖက် လူမှာ သူ့အား လက်သီး တစ်ချက် တည်းဖြင့် အနိုင် ယူသွား လေသည်။ ချပ်ဝတ် မဝတ်ထား ခဲ့ပါလျှင် မထ နိုင်တော့ဘဲ၊ မြေပြင် ပေါ်၌ လဲလျောင်း နေရ ပေလိမ့်မည်။
အရှက်ခွဲ ခံရသော အဖြူဝတ် လူငယ်က အံကြိတ် လိုက်ပြီး၊
“ ငါ အရှုံးကို ဝန်ခံ ပါတယ်၊ ဒါပေမယ့် ကျောက်စိမ်းဖြူ အကယ် ဒမီရဲ့ ဂုဏ်သတင်းကို မစော်ကား ပါနဲ့။ ”
“ ငါ က မစော်ကား ရဖူးလား၊ ... ”
လင်းယွန်က ရယ်မော လိုက်သည်။
“ ဒီစကား တွေကို မင်းကိုယ်တိုင် ပြောခဲ့တာ မဟုတ် ဖူးလား၊ ဒါမှ မဟုတ် ငါနားကြား မှားတာလား၊ မင်းက မင်းကိုယ်မင်း အမှိုက် တစ်စ လို့ ခေါ်ပြီး၊ ... ”
“ ... ကောင်းကင် အကယ် ဒမီက၊ တပည့်တွေ အပေါ် ခွေးတွေလို ဆက်ဆံ ခဲ့တာ မဟုတ်လား၊ အဲ့ဒီ အချိန် တုန်းက မင်းအရမ်း မောက်မာ ခဲ့တယ် မဟုတ်လား၊ အခု မင်းရှုံး တော့မှ နာကျင် နေတာလား။ ”
လင်းယွန်၏ မေးခွန်း များမှာ၊ အဖြူဝတ် လူငယ်ကို 'ဆွံအ' သွား စေသည်။ သို့သော် လင်းယွန်မှာ ထိုနေရာ၌ မရပ်တန့် ခဲ့ဘဲ၊
“ မင်း အရမ်း အားနည်း နေတယ်၊ ဒါပေမယ့် မင်းရဲ့ အဖော်တွေက မင်းကို ကူညီဖို့ စိတ်ကူး ရှိပုံ မရဘူး၊ ကြည့်ရတာ သူတို့က မင်းလို အမှိုက်ထက် ပိုဆိုးမဲ့ ပုံပဲ၊ ဒါမှ မဟုတ် ဒီလူတွေ အားလုံးက ခွေတွေလား။ ”
“ မင်း ဘာပြော လိုက်တာလဲ။ ”
“ ကောင်လေး ... မင်း ထပ်ပြော ရဲလား။ ”
ကျောက်စိမ်ဖြူ အကယ်ဒမီ တပည့် များမှာ၊ လင်းယွန်၏ စော်ကား မှုကြောင့်၊ ဒေါသ တကြီး ဆူညံ ပွက်လော ရိုက်ကုန်သည်။
လင်းယွန်က ပြုံးလိုက်ပြီး၊
“ မင်းတို့ ငါ့ စကားကို မကြား လိုက်ဖူး ထင်တယ်၊ ငါ့ကို ထပ်ပြော စေချင် တာလား၊ ကြည့်ရတာ အရှက်ခွဲ ခံရ တာကို ကြိုက်နေ ကြပုံပဲ။ ”
ကျောက်စိမ်းဖြူ အဖွဲ့သား များမှာ၊ ပြင်းစွာသော ဒေါသ၏ လောင်မြိုက်ခြင်း ခံနေရ သော်လည်း၊ မလှုပ်ရှား ဝံ့ ကြချေ။
အဖြူဝတ် လူငယ် ရှုံးနိမ့် ခဲ့ရ ပုံကို ပြန်ပြောင်း သတိရ လာပြီးနောက်၊ ငြိမ်သက် ကုန်ကြ သည်။
ထို့ကြောင့် လင်းယွန်မှာ ကျောက်စိမ်းဖြူ အကယ် ဒမီကို၊ လုံးလုံး လျားလျား ဖိနှိမ့် ထားနိုင် ခဲ့သည်။
“ ဘယ်လိုတောင် မောက်မာ လိုက်တဲ့ လေသံ မျိုးလဲ၊ ကောင်းကင် ပြည်နယ်က ဒီတစ်ကြိမ်တော့ ...၊ လက်ခံ နိုင်ဖွယ် ရှိတဲ့ တစ်စုံ တစ်ယောက်ကို မွေးထုတ် ပေးနိုင် ခဲ့ ပုံပါပဲ။ ”
လှောင်ပြောင် ရယ်မော လိုက်သော အသံနှင့် အတူ၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက် လာသည်။
အဆိုပါ ပုံရိပ်မှာ အသက် နှစ်ဆယ်ကျော် ခန့်သာ ရှိသေး သော်လည်း၊ သူ့ မျက်ဝန်း များတွင် ရင့်ကျက်မှု များက ပြည့်သိပ် နေပေ သည်။
ထိုသူအား မြင်လိုက် သည်နှင့်၊ ကျောက်စိမ်းဖြူ အဖွဲ့သား များက၊ ရွှင်မြူး သွားကုန် ကြ၏။
“ ဂျူနီယာ ညီလေး ကိုး၊ နောက်ဆုံးတော့ မင်း ရောက်လာပြီ။ ”
“ ဒီကောင်ကို ငါတို့ အတွက် သင်ခန်းစာ သင်ပေးပါ၊ သူက စော်ကား လွန်းတယ်။ ”
ထို့နောက်တွင် ဂျူနီယာ ညီလေး ကိုး ဆိုသော လူငယ်အား၊ ကယ်တင်ရှင် သူရဲကောင်း တစ်ဦး ကဲ့သို့ ကြည့်ကာ တောင်းဆို လိုက်သည်။
ထိုလူငယ်က လင်းယွန်ကို လှည့်ကြည့် လာပြီး၊
“ မင်းက ချင် အင်ပါယာက ပန်း သင်္ချိုင်း မဟုတ်လား၊ ငါ အကယ် ဒမီကို ခဏလောက် လည်ပတ် လိုက်ရုံနဲ့၊ မင်း အကြောင်း တွေ အကုန် ကြားခဲ့ ရပါတယ်။ ”
“ ဟုတ်တယ် ငါ့နာမည် ပန်း သင်္ချိုင်း။ ”
လင်းယွန်က ထိုလူငယ်ထက် မလျော့သော လေသံဖြင့် ပြန်ဖြေသည်။
ဤလူငယ် အပေါ် အသေးစိတ် ဖောက် မမြင်နိုင် သော်လည်း၊ အစွမ်း ထက်ကြောင်းကို၊ ခန့်မှန်း နိုင်သည်။
ထို့ပြင် တစ်ဖက် လူ၏၊ ရူရ်များ အပေါ် နားလည် နိုင်စွမ်းမှာ၊ သူ့ထက် သာလွန် ပေ၏။
မျိုးဆက်သစ် လူငယ်များ ကြားတွင် မိုလင်း တစ်ယောက် သာလျှင်၊ သည်လူကို အနိုင် ယူရန် အရည် အချင်း ပြည့်မှီ နိုင်သည်။
( စိတ်ဝင် စားစရာ ကောင်းလိုက်တာ၊ သူ့ အသွင်က မုရွယ်လို ပါပဲလား။ )
“ ငါ့နာမည် ကိုးရွှင်ပါ၊ မင်း ငါ့ နာမည်ကို ကောင်းကောင်း မှတ်ထားဖို့ လိုမယ် ထင်တယ်။ ”
ကိုးရွှင်က လက်ဖဝါး နှစ်ဖက်ကို ဝေ့ယမ်းကာ ပြုံးလိုက်သည်။ ရုတ်တရက် ဝိညာဉ်ရေး စွမ်းအင်များ ရုန်းကြွ လာပြီး၊ ကျားဖြူကြီး တစ်ကောင် အဖြစ် ပေါင်းစည်း သွားကာ၊ လင်းယွန်ထံ ပြေးဝင် လာ၏။
ကောင်းကင်မှ ခုန်ဝင် လာသော ကျားဖြူ ကြီး၏ အရိပ်ဖြင့် ဖုံးလွှမ်း ခံလိုက် ရချိန် မှာပင်၊ သူ့ခန္ဓာကိုယ် အစိတ် အပိုင်းများ၊ တောင့်တင်း လာတော့သည်။
သက်ဆင်း လာသော ဖိအား များက လင်းယွန်ကို အံ့အားသင့် စေ၏။ ထို့ကြောင့် ရှန်ရှင်း ဓားကို ထုတ်ရန် ကြံစည် နေချိန် မှာပင်၊ ရုတ်တရက် ပုံရိပ် တစ်ရိပ် သူရှေ့ ပြိုကျ လာပြန်သည်။
နွဲ့နှောင်း သေးသွယ် လှသော အသွင် အပြင် နှင့်အတူ၊ မုရွယ်က သူမ ဓားအား ဆွဲထုတ်ကာ၊ ရက်စက် ကြမ်းကြုတ် လှသည့် ကျားဖြူ ကြီးကို နှစ်ပိုင်း ခွဲပစ် လိုက်သည်။
“ ကိုးရွှင် မင်းရဲ့ ပြိုင်ဘက်က ငါပဲ။ ”
- ဟု အေးစက်စွာ ဆို၏။ ကိုးရွှင်က အံ့ဩခြင်း မရှိဘဲ၊ ပြုံးရယ် လိုက်ပြီး၊
“ မုရွယ် ...၊ မင်း ကောင်းကင်ဓား ဂိုဏ်းကနေ၊ ဒီလောက် မြန်မြန် ပြန်ပြေး လာလိမ့် မယ်လို့ မထင်မိဘူး။ ”
“ ဟမ့် ...၊ မီးလျှံနက် ဂိုဏ်းရဲ့ ကိုးရွှင်၊ မင်းလည်း ဒီလိုပဲ မလုပ် ဖူးလား။ ”
မုရွယ်၏ တုန့်ပြန် စကားကြောင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များက၊ တုန်လှုပ် သွားသည်။
ကောင်းကင် ဓားဂိုဏ်းနှင့် မီးလျှံနက် ဂိုဏ်း တို့မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အုပ်စိုး ရှင်များ ဖြစ်သည်။
၎င်းတို့၏ တပည့် များမှာ၊ အခြားသော ဂိုဏ်း ငယ် များရှိ အကြီး အကဲ များပင်၊ ရန်မစ ဝံ့သည့် တည်ရှိ မှုမျိုး ဖြစ်သည်။
အမည်ခံ အုပ်စိုးရှင် ဂိုဏ်းများရှိ၊ အကြီးအကဲ များသည်ပင်၊ ချွင်းချက် မရှိချေ။
မုရွယ်နှင့် ကိုးရွှင် တို့မှာ၊ အုပ်စိုးရှင် ဂိုဏ်း နှစ်ဂိုဏ်းကို ကိုယ်စား ပြုပြီး၊ လူတိုင်း အတွက် မော့ကြည့် ရသော ဖြစ်တည်မှု မျိုးဖြစ်၏။
“ ဒီနှစ် တွေ ထဲမှာ၊ မင်း ... တိုးတက်မှု ရှိ မရှိ ကြည့်ခွင့် ပေးပါ။ ”
စကားဆုံး သည်နှင့်၊ ကိုးရွှင်၏ မျက်လုံး များရှိ အရိပ် အယောင်များ ပြောင်းလဲ သွားကာ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်ပေါ် လာသည်။
သူ့ပတ်ဝန်း ကျင်မှှ လူတိုင်းမှာ၊ အသက်ရှူ ကြပ်လာသော ဖိအားကြောင့် နောက်သို့ ဆုတ်ခွာ လိုက်ရသည်။
ကိုးရွှင် အနေဖြင့် အသက် နှစ်ဆယ် အရွယ်သာ ရှိသေး သော်လည်း၊ ကနဦး ယန် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
သို့သော် မုရွယ် သည်လည်း၊ သူ့ထက် မနိမ့် ကျသော ကနဦး ယန် အဆင့်၊ အရှိန် အဝါကို ထုတ်ဖော်ကာ၊ တည်ငြိမ်စွာ တုံ့ပြန် လာ၏။
သည့်အတွက် လင်းယွန်က မအံ့သြ မိချေ။ ထို့ကြောင့်ပင် သူ့အား ရှုံးနိမ့် ခဲ့သည့်တိုင်၊ မုရွယ် တစ်ယောက် အမြင် မပြောင်း လဲရခြင်း ဖြစ်သည်။
မုရွယ် အနေဖြင့် သူမ၏ ကျင့်ကြံ မှုကို ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ် ထားခဲ့ သည်မှာ၊ ထင်ရှား လေသည်။
ကောင်းကင် ယံတွင် နှစ်ယောက်သား ထိပ်တိုက် ရင်ဆိုင် လိုက်ကြ ပြီးနောက်၊ ရင်ပြင် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော လှိုင်းများ ပျံ့နှံ့ လာသည်။
ခဏ အကြာတွင် နှစ်ယောက် စလုံး နောက်ပြန် ဆုတ်လာပြီး၊ တစ်ယောက်ကို တစ်ယောက် လေးနက်သော အမူ အရာဖြင့် ပြန်ကြည့် လိုက်ကြ၏။
ဤအခြေ အနေ၌ အနိုင် ရလာဒ် ထွက်ပေါ်အောင်၊ တိုက်ခိုက်ရန် နည်းလမ်း မရှိ သည်ကို သူတို့ သိသည်။
“ သွားကြမယ်။ ”
ကိုးရွှင်က ပြုံးရယ် လိုက်ပြီး၊ ကျောက်စိမ်းဖြူ အကယ် ဒမီ၏ တပည့် များနှင့် အတူ၊ ပြန်လည် ထွက်ခွာ သွား ခဲ့သည်။
မုရွယ်က ကိုးရွှင် နောက်ကေျာကို စိုက်ကြည့် နေပြီးနောက်၊ သူမ ဓားအား ရုတ်သိမ်း လိုက်သည်။ ထို့နောက် လင်းယွန်ဘက် လှည့်ကြည့်ကာ၊
“ လင်းယွန် ...၊ မင်းရဲ့ ခွဲတမ်းကို ငါ ဘာလို့ စွန့်လွှတ် ခိုင်းခဲ့ တာလဲ ဆိုတာ၊ အခု မင်း သိပြီ မဟုတ်လား၊ ... ”
“ ... အကယ်ဒမီ တိုင်းက ပြင်ပ အင်အား စုတွေ စီက အကူ အညီ တောင်းခံဖို့၊ ခွဲတမ်း တစ်ခုသာ ရှိတယ်၊ လျူယွမ်ယန်နဲ့ ငါက အပြင် လူ၊ မဟုတ်တဲ့ အတွက်၊ မင်းပြန် စဉ်းစား နိုင်မယ်လို့ ထင်ပါတယ်။ ”
“ တောင်းပန် ပါတယ်၊ ငါဆုံးဖြတ် ပြီးပြီ ဆိုတော့ စွန့်လွှတ် မိမှာ မဟုတ်ဘူး။ ”
လင်းယွန်က လက်ဖဝါး နှစ်ဖက်ကို ဖြန့်ပြကာ၊ ပခုံးတွန့် လိုက်သည်။ သူ့ အမူအရာ ကြောင့်၊ မုရွယ်၏ မျက်ဝန်းများ အေးစက် သွားသည်။
စွမ်းဆောင်ရည် အပေါ် အခြေ ခံ၍၊ လင်းယွန်၏ ခွန်အားကို သူမ အသိ အမှတ် ပြုခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် သူမ လေသံအား၊ ပျော့ပျောင်း မိခြင်း ဖြစ်သည်။ သို့သော် တစ်ဖက် လူမှာ၊ မထီ မဲ့မြင် နိုင်နေြမဲ ဖြစ်သည်။
“ လင်းယွန်၊ မင်း မမြင် ဖူးလား၊ အကယ် ဒမီ ငါးခု ပြိုင်ပွဲရဲ့၊ ဇာတ်ကောင် တွေက အုပ်စိုးရှင် တပည့်တွေ ချည်ပဲ ဆိုတာ ... ၊ မင်းမှာ သတ္တိ ရှိနေ ရင်တောင်၊ ရလာဒ်ကို ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ဘူး၊ ... ”
“ ... မင်းကိုယ် မင်း အထင်ကြီး နေတာလား၊ မင်းက ရေတွင်း ထဲက ဖားငယ်လေး ဆိုတာ မသိ ဖူးလား။ ”
မုရွယ် စကား များကြောင့်၊ လင်းယွန်၏ မျက်လုံး များတွင် ဒေါသဖြင့် တောက်ပ လာသည်။
ရှင်းပြချင် သော်လည်း၊ ပြော သမျှကို နား မထောင်ဘဲ၊ အဓိပ္ပါယ်မဲ့ စကား များသာ ထပ် ထွက်လာ မည်ကို သူ သိသည်။
( မင်းက အုပ်စိုးရှင် အင်အားစု ထဲက၊ တစ်စုံ တစ်ယောက် ဆိုရင်တောင်၊ ငါက ဂရုစိုက်မယ် ထင်နေလား ...။ )
ထွက်ခွာခြင်း မပြုမီ၊ မုရွယ်အား စိတ်ထဲမှ လှောင်ပြောင် ရယ်မော လိုက်သည်။ လင်းယွန် မျက်ဝန်း များဖြင့် ဆုံခိုက်၌၊ တစ်စုံ တစ်ရာသော ခံစား ချက်များ ဝင်ရောက် လာပြီး၊ သူမကို ဒေါသ ထွက်သွား စေသည်။
မုရွယ် ဆိုသည်မှာ ကောင်းကင် ဓားဂိုဏ်း၏ အတွင်း တပည့်များ ထဲတွင်၊ ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ မကြာမီ အမာခံ တပည့် အဖြစ်၊ အဆင့်တိုး လာတော့မည် ဖြစ်သည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ အမာခံ တပည့် များပင် သူမကို မျှော်ကြည့် နေရသည်။
ထို့ကြောင့် သည်အကြည့် မျိုးဖြင့်၊ သူမကို ကြည့်ရဲ သည့်သူ တစ်ယောက်မှ မရှိချေ။
ဤမျှ မထီမဲ့မြင် ဆန်သော အကြည့် မျိုးဖြင့်၊ မိုလင်းပင်၊ မောက်မာစွာ ငုံ့ကြည့် လာမည် မဟုတ်ကြောင်း၊ သူမ ပြောနိုင်သည်။
မဟာချင် အင်ပါယာမှ ဖားငယ်လေး တစ်ကောင်အား၊ အနာ ဂါတ်တွင် အုပ်စိုးရှင် များ၏ အခြေခံ အုတ်မြစ်ကို နားလည်အောင် သင်ပြ ပေးရ တော့မည် ဖြစ်သည်။
ထို့နောက်တွင် လင်းယွန် အနေဖြင့်၊ ထိတွေ့ ရဲတော့မည် မဟုတ်ဟု၊ သေချာ ပေါက် ပြောရဲ ချေသည်။
( မင်း ဘယ်လောက်ပဲ၊ မောက်မာ မောက်မာ အရေး မကြီးတော့ ပါဘူး၊ အကယ်ဒမီ ငါးခု ပြိုင်ပွဲ ဆိုတာ၊ အုပ်စိုးရှင် တပည့်တွေ အတွက်ပဲ၊ ဆက်လျှောက်ဖို့ သတ္တိ ရှိခဲ့ ရင်တောင်၊ နင်းချေ ခံရမှာ သေချာ ပါတယ်။ )
စိတ်ထဲမှ ကြိတ်ရယ် လိုက်ပြီး၊ မုရွယ် တစ်ယောက် လူအုပ်ကို ကျောခိုင်း ထွက်ခွာ သွားတော့သည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီ မဆိုနှင့်၊ ကောင်းကင် ဓားဂိုဏ်း တွင်ပင်၊ သူမ မျက်လုံးထဲ ဝင်သော တစ်စုံ တစ်ယောက်ကို တွေ့ရှိရန်၊ ရှားပါး လှပေသည်။
ဧည့်သင်းထောက် တစ်ယောက် အတွက်မူ၊ ဆိုဖွယ် မရှိ တော့ချေ။ ရေတွင်း ထဲရှိ ဖား ငယ်လေး တစ်ကောင် အနေဖြင့်၊ ကမ္ဘာကြီး မည်မျှ ကျယ်ပြောလှ ကြောင်းကို၊ မသိ ခြင်းမှာ သဘာဝ ပေပင်။
***