← Chapters

နေရောင်ခြည်ကို ခုတ်ပိုင်းခြင်း။

Vol. 40 Ch. 556

နေရောင်ခြည်ကို ခုတ်ပိုင်းခြင်း။

Vol. 40 Ch. 556

မုရွယ်နှင့် လမ်းခွဲ လာပြီးနောက်၊ စိတ်ဝိညာဉ် တောင်ကုန်းသို့ ပြန်ရာ လမ်းတွင်၊ မိုလင်းဖြင့် မျက်နှာ ချင်းဆိုင် တိုးမိ၏။

“ တိုက်ဆိုင် လိုက်တာ အစ်မကြီး မို။ ”

လင်းယွန်က ပြုံးကာ နှုတ်ဆက် လိုက်သည်။

“ ဒါဟာ တိုက်ဆိုင်မှု မဟုတ် ပါဘူး၊ မင်း အတွက် ငါဒီမှာ ရှိနေတာ၊ အဲ့ဒီ ကောင်မလေး မုရွယ်နဲ့ တွေ့သေးလား။ ”

စူးစမ်း ဟန်ဖြင့် မေးမြန်း လာသော မိုလင်း၏ မေးခွန်းကို လင်းယွန်က ခေါင်းညိတ် ပြ၏။ ပြီးနောက် သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ကြီးအား မော့ကြည့် လိုက်ကာ၊

“ အစ်မကြီး ... ဒီတောင်က မြင့်တယ်လို့ မင်း ထင်လား။ ”

-ဟု ပြန်မေး လာလေသည်။

“ အမြဲတမ်း ပိုမြင့်တဲ့ တောင်ဆိုတာ ရှိတယ်။ ”

“ ဒါဆို ကောင်းကင်ကြီး ကရော ဘယ်လောက် မြင့်လဲ။ ”

“ သူ့ထက် ပိုမြင့်တဲ့ ကောင်းကင် တစ်ခု အမြဲ ရှိတယ်။ ”

မိုလင်းက စိတ်ရှည် လက်ရှည် ပြန်ဖြေသည်။

“ မှန်တယ် ...၊ ကမ္ဘာ ပေါ်မှာ ပိုကောင်းတဲ့ အရာတွေ အမြဲ ရှိနေတယ်။ ”

လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်၏။ ရေတွင်း ထဲက ဖားငယ် မည်သူ ဖြစ်မည်ကို၊ အချိန်က ပြောပြ ပေလိမ့်မည်။

မိုလင်း၏ ထက်ရှသော အမြင်ဖြင့်၊ အဖြစ် အပျက်များ အပေါ်၊ သဘာဝ ကျကျ မှန်းဆ နိုင်ခဲ့ သည်။

သို့သော် တစ်စုံ တစ်ဦးကို နှစ်သိမ့်ရန်၊ သူမ အနေဖြင့် မည်သည့် အခါမှ မပြုမူ ခဲ့ဖူးခေျ။

ယင်းအစား လှပသော ယွန်းသေတ္တာ တစ်လုံးအား ရုတ်တရက် ထုတ်ယူကာ၊ လင်းယွန်ကို ကမ်းပေး လိုက်၏။

“ ဒါက မင်းအတွက် ဌာနမှူး သန့်စင် ထားတဲ့၊ စတုတ္ထတန်း မှော် ဆေးလုံးပဲ၊ ‘ယင် ယန် ကျောက်စိမ်း တိမ်လွှာ’ လို့ ခေါ်တယ်။ ”

“ ငါ မေ့တောင် မေ့နေပြီ။ ”

လင်းယွန်က ပြုံးကာ ပြန်ဖြေသည်။

“ ငါ မမေ့ ပါဘူး၊ ဒါကြောင့် ငါစောင့် ယူနေတာ၊ ပြီးတော့ ငါမင်းကို ကတိပေး ခဲ့တဲ့ ဝိညာဉ် ရေးရာ လက်နက်လည်း ဒီမှာ။ ”

သိုလှောင်အိတ်ကို ညင်သာစွာ ပုတ်လိုက်ပြီး၊ မိုလင်းက ဓားတို ကိုးချောင်း ထုတ်ယူ၏။

ဓားကိုး လက်တွင် မည်သည့် လက်ကိုင်မျှ မပါရှိ သဖြင့်၊ ၎င်းတို့ကို အသုံးပြု သူ၏ စိတ် ဆန္ဒဖြင့်၊ ထိန်းချုပ် နိုင်သည်။

ဓားတို ကိုးလက်ကို စပါးအုံးနှင့် တူသော ဓားသွား အဖြစ် သွန်းလုပ် ထားသည်။ သို့သော် ၎င်းသည် ဤမျှသာ မဟုတ် ခဲ့ဘဲ၊ အခြား ပုံစံ များစွာကို ပြောင်းလဲ အသုံး ပြုနိုင်ပုံ ရှိသည်။

တစ်ချိန်တည်း မှာပင်၊ ဓားများ ပေါ်၌ ရေးထွင်း ထားသော ဝိညာဉ် ရေးရာ ရူရ် များက၊ ရေခဲများ အသွင် အေးစက်သော အငွေ့ အသက်များ ပေးစွမ်း နေသည်။

“ ဒါဟာ ရှေးခေတ်က ကျော်ကြား ခဲ့တဲ့ ဝိညာဉ် ရေးရာ လက်နက်ကို တုပထား တာပါ၊ ‘လမင်း နှင်းလွှာ’ လို့ ခေါ်တယ်၊ ... ”

“ ... မူရင်းမှာ လခြမ်း သဏ္ဍာန် ဓား (၁၆)လက် ရှိတယ်၊ ဒါက မူပွား ဆိုပေမယ့်၊ အားကောင်း နေဆဲပါ၊ ငါ့ အမြင် အရတော့ ဘယ်နည်း နဲ့မှ မနိမ့် ကျဘူး၊ မင်းရော ဘယ်လို ထင်လဲ။ ”

မိုလင်းက ဓားတို ကိုးလက်ကို ထိန်းချုပ် သရုပ် ပြလျက် ရှင်းပြသည်။ လင်းယွန် မှာမူ အနည်းငယ် စဉ်းစား ပြီးနောက်၊

“ ဒါက တကယ်ကို ထူးခြား တာပဲ၊ ဒါပေမယ့် ဓား ဆိုရင်တော့ ...၊ ပန်းသင်္ချိုင်းက ငါ့ အတွက် လုံလောက် ပါတယ်။ ”

သို့မဟုတ် ပါက ထူးဆန်းသော သူ့ခန္ဓာ ကိုယ်ကြောင့် ကျိုးမကျိုး အာမ မခံ နိုင်ချေ။

လင်းယွန်၏ ငြင်းပယ် မှုကို အံ့ဩခြင်း မရှိဘဲ၊ မိုလင်းက ခေါင်းညိတ်လျက် ဓားတို ကိုးလက်အား ပြန်ရုတ်သိမ်း လိုက်သည်။

အတင်း အကြပ် မတိုက်တွန်း ခဲ့ပေ။ ထို့နောက် သူမ ကပင်၊

“ အကယ်ဒမီ ငါးခု ပြိုင်ပွဲကို၊ ဆယ်ရက် အတွင်း စတင်မှာ ဖြစ်လို့၊ လိုအပ်ရင် မင်းကို ငါ လာ ခေါ်မယ်။ ”

လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် အတွေးထဲ နစ်မေျာသွား စဉ်မှာပင်၊ မိုလင်း တစ်ယောက် အဝေးသို့ ရောက်ရှိ သွားခဲ့ သည်။

ဤကာလ အတွင်း ကျင့်ကြံခြင်း အပေါ် ၌သာ၊ အရှိန် အဟုန် ပြင်းစွာ လုပ်ဆောင် ခဲ့ သောကြောင့်၊ လှုပ်ရှားမှု နည်းစနစ် များတွင် တိုးတက်မှု မရှိ ခဲ့ပေ။

ယုတ်လျော့ လာချင်သော အရိပ် အယောင် များပင် ရှိလာ ခဲ့သည်။ သို့သော် ဆယ်ရက် ၊ သေမင်း လက်သီးနှင့်၊ သခင့်ဓား အပေါ်၊ နားလည် နိုင်စွမ်း မြှင့်တင် ရနိုင် မည်ဟု ယုံကြည် မိသည်။

“ သေမင်း လက်သီး နဲ့ပဲ၊ အရင် စလိုက် ရအောင်။ ”

သတ်ဖြတ်ခြင်း လက်သီး ခုနစ် ချက်တွင် ပုံစံ ခုနစ်မျိုး ရှိပြီး၊ သခင့်ဓားထက် ပို၍ လွယ်ကူ လေသည်။

၎င်းတို့မှာ- ဒေါသ တရား၊ လောင်ကျွမ်း နေသော ကောင်းကင်ကြီး၊ ခိုကိုး ရာမဲ့ စေသော လက်သီး၊ ပဲ့တင် ထပ်ခြင်း၊ အကြင်နာ မဲ့သော နှလုံးသား၊ သွေးလွှမ်းသော ကမ္ဘာနှင့် အဆုံးမဲ့ သတ်ခြင်း၊ တို့ဖြစ်သည်။

လက်သီး တစ်ချက် စီတွင် အစွမ်းထက် လှသော်လည်း၊ နောက်ဆုံး လက်သီး သုံးလုံးမှာ သာ၍ ကြမ်းပေ၏။

လက်သီး တစ်ချက်ချင်း အပေါ်၊ တားမြစ် နည်းစနစ် အဖြစ်၊ ယူဆ နိုင်ပြီး၊ မြေကြီး အဆင့် နည်းစနစ် များတွင် ၎င်းနှင့်၊ ယှဉ်နိုင်သော နည်းစနစ်မျိုး မရှိချေ။ ကောင်းကင် အဆင့် နည်းစနစ် များသည်သာ၊ သူ့ ပြိုင်ဘက် ဖြစ်လာ ပေမည်။

ပထမ ပုံစံ လေးမျိုးအား သင်ယူ နိုင်ခဲ့သော်၊ ခရမ်းရောင် နန်းတော် နယ်မြေ၌ ပြိုင်ဘက် ကင်း နိုင်၏။

အကယ်၍ ၎င်းတို့အား ပြီးပြည့် စုံအောင်၊ လေ့ကျင့် နိုင်ပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တနံ တလျား၊ လမ်းသလား လာနိုင် ပေမည်။

သည့်နောက်တွင် တိမ်နဂါး အဆင့် သတ်မှတ် ချက်၌၊ သူ့နာမည် တင်ကျန်ရစ် နေမည်မှာ သေချာ လေသည်။

မလေ့ ကျင့်မီ ခြံဝင်း ထဲ၌ အချိန် အတော် ကြာအောင် ပြင်ဆင် နေခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း မှာပင် ၊ အချိန် ငါးရက် ကုန်ဆုံး သွား၏။

ပင်ပန်း နွမ်းနယ်ခြင်း ဟူသော စကားလုံးများ အပေါ်၊ မသိ နားမလည် သကဲ့သို့ ပြုမူ လေ့ကျင့် နေမိသည်။

သတ်ဖြတ်ခြင်း တံဆိပ် ခုနစ် ခုကို ဖန်တီး လိုက်ရာ၊ အကန့် အသတ် မရှိသော သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ ယိုစိမ့် ကျလာ၏။

လက်သီးကို ထုတ်ပစ် လိုက် သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ၊ ပေါက်ကွဲ လာပြီး၊ ကောင်းကင်အား အရောင် ပြောင်းလဲ သွားစေ ခဲ့သည်။

လက်သီး ချက်ကြောင့် သူ၏ အသွင် အပြင်မှာ လုံးဝ ပြောင်းလဲ သွားသည်။ တစ်စုံ တစ်ယောက် သည်သာ စောင့်ကြည့် နေခဲ့ မိသော်၊ ပလွှားသူ တစ်ဦး အဖြစ်၊ သူ့အား အထင်မြင် လွဲသွား နိုင်မည် ဖြစ်သည်။

လက်သီးတွင် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါ စေသော၊ စစ်ပွဲ၏ အနိဌာရုံ မြင်ကွင်းများ ကပ်ညိ ပါဝင် နေ၏။

နာကျင် အော်ဟစ်သံ များဖြင့် ပြည့်နှက် နေသည့် သတ်ဖြတ်မှု များကို ခံစား ရနိုင်သည်။

အကန့် အသတ်မဲ့ သတ်ပစ် လိုသော ရည်ရွယ်ချက် များက၊ လင်းယွန်ကို ချွေးများနှင့် အတူ ဖုံးလွှမ်း ထားသည်။

သန်မာသော ရုပ်ခန္ဓာ ကြောင့်သာ၊ ဤမျှ တောင့်ခံ နိုင်ခြင်း၊ ဖြစ်သည်။

ခိုကိုး ရာမဲ့ စေသော လက်သီးနှင့်၊ ပဲ့တင် ထပ်ခြင်း၊ စသည့် အဆိုပါ လက်သီးများ အောက်တွင် ခြံဝန်းကို ပိတ်ဆို့ ထားသော၊ တတိယ တန်း ဝိညာဉ် ရေးရာ အစီရင်မှာ လှုပ်ခါ လာတော့၏။

အက်ကွဲ ကြောင်းများ စတင် ပျံ့နှံ့လာ သောကြောင့်၊ လက်သီး များကို ပြန်လည် ဖြေလျှော့ ပစ်လိုက်ကာ၊

“ ပထမ ပုံစံ လေးမျိုးက၊ လွှမ်းမိုးပြီး ကြမ်းတမ်း ပေမယ့် တကယ်တော့ ...၊ သူတို့က သတ်ဖြတ် လိုတဲ့ အရှိန် အဝါနဲ့၊ ဒေါသ တွေကို စုစည်း နေရုံ အဆင့် ပါပဲ၊ ... ”

“ ... ဒီအရှိန် အဝါတွေ ကန့်သတ်ချက် ရောက်တာနဲ့၊ နောက်ဆုံး ပုံစံ သုံးခုကို ဆက်သုံး ရမယ်၊ ဒါမှသာ ကောင်းကင် အဆင့် နည်းစနစ် တစ်ခု နီးနီး၊ စွမ်းအား ထုတ်ဖော် နိုင်မယ် ထင်တယ်။ ”

လက်ရှိတွင် သူ၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံ မှုမှာ၊ အကန့် အသတ်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

သို့မဟုတ် ပါက နောက်ဆုံး လှုပ်ရှားမှု သုံးခုအား၊ ဆက်လက် လေ့ကျင့် ခြင်းကြောင့်၊ ပေါက်ကွဲ သေဆုံး သွားနိုင်သည်။

ရာစုနှစ် အနည်းငယ် ကြာ သည့်တိုင်၊ အကယ် ဒမီရှိ လူတိုင်း မတတ် နိုင်သော အရာ တစ်ခုကို၊ ငါးရက် အတွင်း ပိုမို ကျွမ်းကျင် ပြီးမြောက် လာခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ ဤနည်း စနစ်နှင့် ပတ်သက်၍၊ တစ်စုံ တစ်ရာ လိုအပ် နေသေး ကြောင်း၊ သူ သတိ ပြုမိ လိုက်၏။

အကယ် ဒမီ၏ စီနီယာ များပင် သတိ မထား မိသော တစ်စုံ တစ်ရာ ဖြစ်ပေသည်။ သို့ မဟုတ် ပါသော်၊ တားမြစ် နည်း စနစ် အဖြစ် လက်လျှော့ ကြမည် မဟုတ်ချေ။

အကယ်ဒမီ၏ တပည့် များမှာ သတ်ပစ် လိုသည့်၊ အငွေ့ အသက် များကို မကိုင် တွယ်နိုင် သောကြောင့်၊ လက်လျော့ လိုက်ခြင်း ဖြစ်သည်။

သို့သော်၊ ၎င်းသည်ပင် သူ့အား လွယ်လွယ် ကူကူ ပေးအပ် လိုက်သော အကြောင်းရင်း တစ်ရပ် ဖြစ်လာ နိုင် ပေ၏။

ကံကောင်း ထောက်မ စွာဖြင့်၊ ရယူ နိုင်ခဲ့ သည်သာ မက၊ ငါးရက် အတွင်း အောင်မြင် အောင် လေ့ကျင့် နိုင်ခဲ့သည်။

ထို့ပြင် ၎င်းနည်း စနစ်တွင် ပါရှိသော ရည်ရွယ်ချက် ကိုလည်း သူ နားလည် လာခဲ့သည်။

“ ငါ့ လက်သီးက၊ အုပ်စိုးရှင် တွေ ဆီက ဖားငယ် လေး တွေကို၊ ဒီကမ္ဘာကြီး ဘယ်လောက် ကျယ်တယ် ဆိုတာ၊ ပြသ ပေး လိမ့်မယ်။ ”

ကောင်းကင်ပေါ် မော့ကြည့်ပြီး၊ အေးစက်စွာ ရေရွတ် လိုက်လေသည်။ မုရွယ်သာ ရှိနေ ပါက၊ ဤလက်သီး ကြောင်၊ ထိတ်လန့် သွားမည်မှာ သေချာ ၏။

“ ငါ့ ဓားရေးကို သွားရမယ့် အချိန် ကျပြီ။ ”

လက်ကို ဝှေ့ယမ်းပြီး ပန်းသင်္ချိုင်း ဓားအား၊ ဆင့်ခေါ် လိုက်သည်။ ၎င်းကို ဆုပ်ကိုင် လိုက် ချိန်တွင်၊ ခန္ဓာ ကိုယ်ဖြင့် တစ်သား တည်း၊ ပေါင်းစပ် သွားသည်ဟု၊ ခံစားမိ လာ၏။

ပန်း သင်္ချိုင်းဓား ထံမှ၊ နက်ရှိုင်းသော ခံစား ချက်ကို ရရှိ လိုက်သည်။

ရုတ်တရက် ဓားမြည် သံများ ထွက်ပေါ် လာ ချိန်တွင်၊ ဓားအား မျက်လုံးနှင့် တစ်ပြေး တည်းသို့ မြှောက်တင် လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ တောင်ထိပ် တစ်ခု ပေါ်မှ မြေပြင်ပေါ်၊ ငုံ့မိုး ကြည့်နေ မိ သကဲ့သို့ ခံစား လာရ၏။

“ ဝှစ် ... ။ ”

ဓားကို လွှဲယမ်း လိုက်သော အခါ၊ လရောင်များ ပတ်ဝန်းကျင် အနှံ၊ ပြန့်ကျဲ သွားသည် ။

မျက်ဝန်းများ အတွင်းမှ မီးတောက်များ လောင်ကျွမ်း လာသဖြင့်၊ ပြင်းရှသော အလင်းများ တောက်ပ လာလေသည်။

“ သခင့်ဓား - မိုးကြိုး။ ”

သူ့ခန္ဓာ ကိုယ်ထဲ ဝင်ရောက်ရန်၊ တိမ်မိုးကြိုး များက ကောင်ကင်း၌ နဂါး တစ်ကောင် အဖြစ်၊ စုရုံး လာသည်။

နောက် တစက္ကန့်တွင် ကြောက်စရာ ကောင်းသော လျှပ်စီးကြောင်း လွင့်ထွက် လာပြီး၊ မြေပြင်၌ ပြတ်ရှ ရာကြီး အဖြစ် ကျန်ရစ် ခဲ့တော့၏။

“ သခင့်ဓား - အလင်းဖြတ် ဓား။ ”

အစီရင် နံရံတွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ အကန့် အသတ်မဲ့ ကြီးစိုး နိုင် လွန်းသော ရောင်ဝါက၊ ပတ်ဝန်း ကျင်၌ ထွက်ပေါ် လာခဲ့ လေပြီ။

မိုးကြိုးနှင့် နှိုင်းယှဉ် ပါက ဤဓားမှာ သာ၍ မြန် ပေ၏။ နေမင်း တစ်စင်း ကဲ့သို့ ခမ်းနား လှသော် လည်း၊ စိတ်ကူး ထားမိ သည်ထက် အားကောင်းပုံ မပေါ် ခဲ့ချေ။

သူ့ ခေါင်းကို ခါယမ်း လိုက်ပြီး၊ တိုးတိတ်စွာ ညည်းတွား ရေရွတ် လိုက်မိ လေသည်။

“ အလင်းဖြတ် ဓားက အများကြီး အားနည်း နေသေးတယ်၊ ဒီဓားရဲ့ ရည်ရွယ် ချက်ကို၊ ငါ ကောင်းကောင်း နားလည်ပုံ မရ သေးဘူး၊ ဒါက ... လျင်မြန်မှု မဟုတ်ရင် တခြား ဘာတွေများ ... ဖြစ်နိုင် ဦးမလဲ။ ”

***

All Chapters