အချိန် ကျပြီ။
Vol. 40 Ch. 557
သခင့်ဓား၏ ဒုတိယ ပုံစံကို ကနဦး ကျွမ်းကျင် မှုသို့၊ လွယ်ကူစွာ ရယူနိုင် ခဲ့သည်။ ၎င်းသည်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သော် လည်း၊ လင်းယွန်က ကျေနပ်ခြင်း မရှိ သေးချေ။
နေရောင် ခြည်ကို ခုတ်ပိုင်း ခြင်းမှာ၊ ရေမျက် နှာပြင်ပေါ် ဖြတ်ပြေး သွားသော ငှက် တစ်ကောင် ကဲ့သို့၊ လျင်မြန်ရ မည်ဟု ယူဆ မိသည်။
ထိုအယူ အဆကို အနည်းငယ် စဉ်းစား ပြီးနောက် မျက်လုံး ပြန်ဖွင့် လိုက်ကာ၊
“ငါ ဒါကို တခြား တစ်နေ ရာမှာ လေ့ကျင့် ရမယ်၊ ထင်တယ် ”- ဟု တီးတိုး ရေရွတ် လိုက်လေသည်။
သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်တွင်၊ ကျယ်ပြန့်သော ရေကန်ကြီး တစ်ကန် ရှိနေ သည်ကြောင့်၊ ၎င်တွင်သာ လေ့ကျင့်ရန် အသင့် တော်ဆုံး နေရာ ဖြစ်နိုင်သည်။
ထိုရေကန်သည် အမာခံ တပည့်များ အတွက်သာ ရည်ရွယ် ထားသော်လည်း၊ လက်ရှိ အဆင့် အတန်း အရ၊ သူ့ကို မည်သူမျှ တားဆီး ခွင့်ရှိမည် မဟုတ်ပေ။
နှစ်နာရီခန့် ကြာပြီးနောက် ရေကန် အစပ်သို့၊ ရောက်ရှိ လာ၏။ ရေကန် မျက်နှာပြင် အနှံ့တွင်၊ မြူခိုးများ ဖုံးလွှမ်း နေပြီး၊ အမာခံ တပည့် များစွာ ကျင့်ကြံ နေကြသည်။
ထို့ကြောင့် သူ့ အသွင် အပြင်က၊ အဆိုပါ အမာခံ တပည့်တိုင်း၏ အာရုံကို၊ သဘာဝ အတိုင်း ဆွဲဆောင် နိုင်ခဲ့သည်။
“ လင်း ယွန် လား ။ ”
“ ဟုတ်တယ် သူ ဒီကို၊ ဘာလာ လုပ်တာလဲ ... ။ ”
လူများ စွာက မျက်လုံးများ ပြန်ဖွင့်လာ ကြြပီး၊ လင်းယွန်ထံ စူးစူး စိုက်စိုက် အကဲခတ် နေကြသည်။ ပြိုင်ပွဲတွင် ဤ သင်းထောက်၏ ခွန်အားမှာ သူတို့ကို ထိတ်လန့် စေ၏။
ထို့နောက်တွင် မြူခိုးများ အတွင်း တိုးဝင် ပျောက်ကွယ် သွားသော လင်းယွန် နောက်ကေျာအား၊ ရှုပ်ထွေးစွာ မျှော်ကြည့် လိုက်ကြသည်။
နောက်ဆုံး၌၊ တစ်စုံ တစ်ဦး နောက်သို့ လိုက်ပါ ချောင်းမြောင်း ခြင်းမှာ၊ ရိုင်းစိုင်း လွန်းသော လုပ်ရပ် ဖြစ်လေသည်။
“ ဒါက နေရာ ကောင်းပဲ။ ”
ပတ်ဝန်း ကျင်တွင် မည်သူမျှ မရှိ တော့သည်ကို သတိ ထားမိသော အခါ မှသာ၊ လင်းယွန် တစ်ယောက် ကျေနပ် သွား၏။
အလင်းဖြတ် ဓား လေ့ကျင့်ရန် အတွက်၊ အကောင်းဆုံး ပတ်ဝန်းကျင် တစ်ရပ် ပေပင်။
ရေကန် မျက်နှာ ပြင်ပေါ်၌ ရပ်လျက် အနေ အထားဖြင့်၊ မျက်လုံးများ မှိတ်ချ လိုက်သည်။ ပြီးနောက် သခင့်ဓား မန္တန်ကို စိတ်ထဲမှ ရွတ်ဆို လိုက်၏။
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားသည်။ လေတိုး သံနှင့် လှိုင်း ကြပ်ခွပ်များ၊ ငြိမ်သက် ကုန်သည်သာ မက၊ နှလုံးခုန်သံ များပင် ဆိတ်ညံ သွားတော့၏။
အဝေးမှ လှမ်းကြည့် ခဲ့မည် ဆိုသော်၊ ရေပေါ် စိုက်ထူ ထားသော ရုပ်တုကြီး တစ်ရုပ် အဖြစ် ထင်မှား မိချေ မည်။
အချိန် အတော်ကြာ ပြီးနောက်၊ မျက်ဝန်းများ ပြန်ဖွင့်ကာ ပန်းသင်္ချိုင်း ဓားကို ထုတ်ယူ လိုက်သည်။
တစ်ချိန်တည်း မှာပင်၊ ပန်းသင်္ချိုင်း ဓားက တုန်ယင် သွားပြီး၊ ပဲ့တင် သံများ ဆူညံ လာ တော့သည်၊။
ဓားကို လွှဲလိုက် သည်နှင့်၊ စူးရှသော ဓားရောင် ဝါများ၊ ရေမျက်နှာ ပြင်ပေါ် ကျရောက် သွားကာ၊ မီတာ သုံးရာခန့် ရှိသော လှိုင်းလုံး ကြီးအား ဖန်တီး လာ၏။
“ ဒါဆို ဒါပဲပေါ့၊ အရှိန် အဟုန် အပြင် ...၊ အလင်းဖြတ် ဓားက၊ တိကျတဲ့ ရည်ရွယ်ချက် ရှိဖို့၊ လိုအပ် နေတာပဲ။ ”
ထိုအယူ အဆကို အတည် ပြုရန်၊ ပန်းသင်္ချိုင်း ဓားအား၊ အကြိမ်ကြိမ် လွှဲယမ်း နေခဲ့သည်။ မျက်စိ တစ်မှိတ် အတွင်း၊ နှစ်ရက် ကုန်လွန် သွားပြန်၏။
အဆိုပါ နှစ်ရက် လုံးလုံး၊ အရူး တစ်ယောက်လို လေ့ကျင့်် နေခဲ့ သောကြောင့်၊ အချိန် ယန္တရားကို မေ့လျော့ သွားမိ သည်မှာ၊ သဘာဝ ဖြစ်သည်။
ဓားကို ထပ်မံ၍ ခုတ်ပိုင်း လိုက်ချိန်တွင်၊ ရေမျက်နှာပြင် နိမ့်ကျ သွားပြီး၊ အမြင့် မီတာ ကိုးရာကျော် အထိ၊ ပြန်လည် ကန်တက် လာသည်။
တစ်ချိန် တည်းမှာပင် စာငှက် တစ်ကောင် ကဲ့သို့၊ ဓားအရှိန် အဝါများ သိုင်းခြုံလျက် ကောင်းကင်ပေါ် ခုန်တက် သွားတော့၏။
ရေမျက်နှာ ပြင်ပေါ် ပြန်ဆင်း လာချိန်၌၊ လက်ကောက် ဝတ်ကို လှုပ်ခါ လိုက်ပြီး၊ ပန်း သင်္ချိုင်း ဓားကို ဓားသေတ္တာထဲ၊ နောက်ပြန် ထိုးထည့် လိုက်သည်။
“ မလုံလောက် သေးဘူး။”
အလင်းဖြတ် ဓားကို သာ၍ ကျွမ်းကျင် ရုံမျှသာ ဖြစ်ပြီး၊ အနည်းငယ် လိုအပ် နေသေး ပြန်၏။ ပြဿနာက မည်သည့် အရပ်၌ ရှိနေကြောင်း သူ မသိ နိုင်။
“ ဒီဓားက အလင်းကို တကယ် မဖြတ်နိုင် ဖူးလား၊ နေ ရောင်ခြည်ကို ဖြတ်ပစ် နိုင်တယ် ဆိုတဲ့၊ ယူဆချက် ကများ လွဲမှား နေတာလား။ ”
၎င်းကို သံသယ ဝင်လာ ပြီးနောက်၊ ခေါင်းပြန် မော့ကာ၊ နေမင်းအား မျှော်ကြည့် လိုက်သည်။
“ နေဦး ..... ”
မျက်ဝန်း ထဲ၌ အလို မကျ မှုများ တောက်လောင် နေစဉ်၊ ရုတ်တရက် လှုံ့ဆော်မှု တစ်ရပ် ခံစား မိလာ၏။
“ ဒီလှုပ်ရှား မှုက၊ နေရောင်ခြည်ကို ဘာလို့၊ မဖြတ် နိုင်ရ မှာလဲ။ ”
ထို့နောက်တွင် စက္ကန့်ပိုင်း မျှသာ ဖြစ်သော်လည်း၊ နေရောင် ခြည်ကို ဖြတ်ရန်၊ ဤတစ်ကြိမ် စွမ်းဆောင် နိုင်ခဲ့သည်။
နေရောင်ခြည် ဆိုသည်မှာ၊ မိုင်ထောင်ပေါင်း များစွာ အတွင်း၊ အချိန်တိုင်း ဖြတ်သန်း သွားလာ နေ သောကြောင့်၊ ၎င်းကို ခုတ်ပိုင်း ခြင်းဖြင့်၊ အလင်းအား ခုတ်ဖြတ် နိုင်ခြင်းဟု အဓိပ္ပါယ် ရလေသည်။
အထက်ပါ အချင်း အရာကို ပို၍ တွေးမိ လာလေလေ၊ ခံစား ချက်များ ပြင်းထန် လာရ လေလေ ဖြစ်သည်။
ဓားသုတ္တန်ကို ဖြန့်ကျက် စဉ်တွင်၊ သူ၏ ဓားရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ တိုးလာသည်။
တစ်ချိန်တည်း မှာပင်၊ မျက်လုံးများ ရုတ်တရက် တောက်ပ လာကာ၊ ပန်းသင်္ချိုင်း ဓားကို ‘လှစ်ခနဲ’ ပိုင်းချ လိုက်၏။
“ ဒါ ပဲ ... ။ ”
ဓားကို ယမ်းချ လိုက် သည်နှင့်၊ မီတာ သုံးထောင် ကျော်သော လှိုင်းလုံးများ တဟုန်းဟုန်း ထကြွ လာတော့သည်။
ထိုလှိုင်း လုံးများ အတွင်း လျှပ်စီးများ ရောပါ နေ သောကြောင့်၊ ခွန်ပန် သားရဲ၏ တောင်ပံများ ကဲ့သို့၊ ဆွဲမက်ဖွယ် ကောင်းနေ သည်။
ထို့နောက် အဆိုပါ လှိုင်းလုံးကြီး များကို ပန်းသင်္ချိုင်း ဓားဖြင့်၊ ပြန်လည် ငြိမ်းသတ် ပစ်လိုက်၏။
ဓားသွားရာ လမ်း တစ်လျှောက်ရှိ၊ အလင်းများ အားလုံး ကွဲအက် သွားကာ၊ ရုတ်တရက် အမှောင်များ ပြိုကျ လာသည်။
အဆိုပါ ဖြစ်စဉ်မှာ အသက် တစ်ရှိုက်စာ မျှသာ ကြာညောင်း ခဲ့ သော်လည်း၊ နေရောင် ပြန်လည် ထွက်ပေါ် လာသော အချိန်၌၊ နုံးချိ သွားတော့၏။
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေကာ၊ နဖူး၌ ချွေးများ ဖုံးလွှမ်း နေသော်လည်း၊ စိတ်လှုပ် ရှားသော အမူ အရာဖြင့်၊ ချွေးကို သုတ်ယူ လိုက်သည်။
ရလဒ်မှာ ကျေနပ်ဖွယ် အတိ ပေပင်၊ ဤအလင်းဖြတ် ဓားဖြင့် သူ့ ခွန်အား (၁၂၀%) ကို၊ ထုတ်ဖော် နိုင်ပြီ ဖြစ်သည်။
“ အကယ်ဒမီ ငါးခု ပြိုင်ပွဲ ကျင်းပဖို့၊ သုံးရက် လိုသေးတယ်၊ ယင်-ယန် ကျောက်စိမ်း တိမ်လွှာ ဆေးလုံးကို သန့်စင်ဖို့ အတွက်၊ လုံလောက်တဲ့ အချိန်ဖြစ် သင့်ပြီ။ ”
လင်းယွန် နေရာတွင် အခြားသူ၊ တစ်ဦး တစ်ယောက်သာ ဆိုသော်၊ ဝမ်းသာ အားရ ဖြစ်နေ မိမည်မှာ သေချာ လေသည်။
သို့သော် လင်းယွန် အနေဖြင့်၊ စိတ်လှုပ်ရှား မှုကို ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့၏။ ဓားသုတ္တန်သည် ကနဦး ယန် အဆင့်၊ အထက် တန်းစား များကို၊ ရင်ဆိုင် နိုင်သော်လည်း၊ ၎င်းအား ကျေနပ် နိုင်ခြင်း မရှိ သေးချေ။
ထို့အပြင်၊ ထိုအုပ်စိုးရှင် တပည့် များ၏ ကျင့်ကြံမှု နည်းစနစ် များမှာ၊ ဓားသုတ္တန်ထက် အားမနည်း မည်မှာ သေချာသည်။
“ ဒီ ဆေးလုံးကို ... ငါ သန့်စင် ရမယ်။ ”
ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် သက်ပြင်း တစ်ချက် ချလိုက်သည်။ ပန်းပြိုင် ပွဲတွင် တောက်ပစွာ ပျံသန်း နိုင်ခဲ့ သည့် အတွက်၊ စတုတ္ထတန်း မှော်ဆေးလုံး တစ်လုံးကို၊ ဆု အဖြစ် ရရှိ ခဲ့သည်။
ယခု အချိန်၌ ထိုဆုလာဘ်ကို ရိတ်သိမ်းချိန် တန်ပေပြီ။
ထို့ကြောင့် မဆိုင်း မတွပင် ထိုင်ကာ၊ လှပသော သေတ္တာ တစ်လုံးအား ဖွင့်ချ လိုက်သည်။
အေးစက်သော အငွေ့ အသက်များ သေတ္တာ ထဲမှ တိုးထွက် လာပြီး၊ သူ့ မျက်နှာနှင့် ဆံနွယ် များကို၊ ချက်ချင်း အေးခဲ ပစ်လေသည်။
ရေခဲ လွှာများ ဖုံးလွှမ်း ထားသော သူ့ အသွင်မှာ၊ တမျိုး စွဲဆောင်မှု ရှိနေ ပေ၏။
“ ဘယ်လို တောင် အေးလွန်း လှတာလဲ။ ”
စိတ်လှုပ်ရှား စွာဖြင့်၊ ရေရွတ် မိသည်။ အတိတ် ကာလများ ဆီ၌၊ ဆေးလုံးများ သန့်စင် ဖူး သော်လည်း၊ ဤဆေးလုံးလောက် စိတ်ဝင် စားဖွယ် မရှိ ခဲ့ချေ။
ဆေးလုံး ထံမှ ထွက်လာသော ရောင်ဝါ အပေါ် ပြန်တွန်း လှန်ရန်၊ ပထမဆုံး အကြိမ် အဖြစ် မူလ စွမ်းအင်ကို အသုံးပြု ခဲ့ရသည်။
ဆေးလုံးကို အနီးကပ် ဆွဲယူ ကြည့်လိုက်ရာ၊ ဝိညာဉ် ရေးရာ အစီရင်များ၊ ရေးထွင်း ထားသည်အား မြင်လိုက် ရသည်။
၎င်းမှာ အပြာရောင် မီးတောက် အဖြစ်၊ ဆေးလုံး ပေါ်၌ လှည့်ပတ် ပြေးလွှား နေ၏။ လင်းယွန်၏ ဝိညာဉ် ရေးရာ အောင်မြင်မှု ဖြင့်ပင်၊ အဆိုပါ ရူရ် များကို နားမလည် နိုင်ပေ။
“ ဒါက စတုတ္ထတန်း ဝိညာဉ် ရေးရာ ရူရ် တွေ ထင်တယ်၊ ရူရ် တွေနဲ့ ပတ်သတ်ပြီး ဌာနမှူးရဲ့၊ သမ္ပဇဉ်က တကယ့်ကို ကြောက်စရာ ကောင်းလွန်း ပါလား၊ ဒါကို သန့်စင်ဖို့ သူ နည်းနည်းတော့ အားစိုက်ထုတ် ထားပုံ ရတယ်။ ”
သူ့ပါးစပ် ထဲသို့ ဆေးလုံး ပစ်ထည့် လိုက်ကာ၊ မျှော်လင့်ချက် အပြည့်ဖြင့် ပြုံးလိုက် မိသည်။
လည်ချောင်းထဲ ရောက် သည်နှင့်၊ ချက်ချင်း ပျော်ဝင် သွားပြီး၊ စွမ်းအင်များ စီးဆင်း လာလေ သည်။ ရုတ်တရက် ခန္ဓာကိုယ် အပူ ချိန်မှာ၊ ထိုးကျ သွား၏။
ဓားသုတ္တန်ကို အလျင် အမြန် ဖြန့်ဝေ လိုက်ပြီး၊ နှလုံးသားကို တင်းတင်း ကြပ်ကြပ် ကာကွယ် လိုက်သည်။
ခရမ်းရောင် နန်းတော်မှ ငွေရောင် မူလ စွမ်းအင် များက၊ သွေးပြန်ကြော များမှ တဆင့် စတင် စီးဆင်း လာတော့သည်။
များ မကြာမီ စွမ်းအင် နှစ်ခု ပေါင်းစပ် သွားပြီး၊ ခန္ဓာ ကိုယ်မှ အနက်ရောင် အခိုး အငွေ့များ စိမ့်ထွက် လာ၏။
ထိုအနက်ရောင် အခိုးငွေ့များ လျော့ပါး သွား ချိန်၌၊ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါး လာသည်။ သည့်အပြင် မူလ စွမ်းအင် မှာလည်း၊ ယခင် ကထက် ပို၍ သန့်စင် သွား ခဲ့၏။
ယင်ယန် ကျောက်စိမ်း တိမ်လွှာ ဆေးလုံးမှာ၊ မူလ စွမ်းအင်ရှိ အညစ် အကြေး များကို၊ ဖယ်ရှား သန့်စင် ပေးသော ဆေးလုံးမျိုး၊ ဖြစ်နေ လိမ့်မည်ဟု မထင်ထား မိချေ။
ထို့ကြောင့် ရွှင်မြူး သွားရသည်။ သူ့ ခွန်အားမှာ ပို၍ပင် ကြောက်စရာ ကောင်းလာ တော့၏။
ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ ဌာနမှူးသည်၊ နေသာ စီရင်စု မြို့တော်တွင်၊ အသန်မာ ဆုံးသော ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ဦး၊ မဟုတ် သေးချေ။
သို့သော် တောင်ပိုင်း ရှေးဟောင်း နယ် မြေကြီးတွင်၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်သည်။
ဆေးလုံးများ ပြန်လည် သန့်စင်ရာ၌၊ ထိပ်ဆုံး သုံးဦး အဆင့်ထိ မြင့်မားစွာ သတ်မှတ် ခံထား ရ၏။
ယင်းကြောင့်ပင် မုရွယ်ကို ကောင်းကင် ဓားဂိုဏ်း အနေဖြင့်၊ ကောင်းမွန်စွာ ဆက်ဆံ ရခြင်းလည်း ဖြစ်နိုင်သည်။
သုံးရက် အကြာတွင် ဆေး စွမ်းအင်များ အကုန် အစင် သန့်စင် ပြီးနောက်၊ မျက်ဝန်းများ ပြန်ဖွင့် မိသည်။
ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ သူ့ခန္ဓာ ကိုယ်မှ စိမ့်ထွက် လာကာ၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ ခံစား လာရ စေ၏။
အမာခံ တပည့် တစ်ယောက် ကိုပင်၊ ဤအရှိန် အဝါဖြင့် ဖိအား ပေးစွမ်း နိုင်တော့မည် ဖြစ်သည်။
ထို့နောက် ကောင်းကင် ပေါ်သို့ ခုန်တက် ပစ်လိုက် သည်။ ဆေးလုံးမှာ မှော်ဆန်သော အံ့အားသင့် စရာ များကို ယူဆောင် လာခဲ့သည်။
၎င်းသည် ကျင့်ကြံမှုကို တိုးတက် စေခြင်း မရှိဘဲ၊ ခွန်အား အပေါ် မြှင့်တင် ပေးခဲ့သည်။
ခန္ဓာ ကိုယ်မှာ ယခင် ကထက်၊ ပို၍ ပေါ့ပါး လာကာ၊ ကောင်းကင်၌ ပျံသန်း နေသော နဂါး တစ်ကောင် ကဲ့သို့၊ ထင်မှတ် လာစေ၏။
“ တောင်ပေါ်က ဆင်းဖို့ အချိန် တန်ပြီ။ ”
လေထဲ တစ်ပါတ် ဂျွန်းပစ် လိုက်ပြီး၊ မြှား တစ်စင်း အသွင် ပြောင်းလဲ၊ ပြေးထွက် ပစ်လိုက် သည်။
ရုတ်တရက် ဖြတ်တိုက် လာသည့် လေပြေညှင်း များကြောင့်၊ ရေကန် တဝိုက် ကျင့်ကြံ နေကြ သော တပည့် များက၊ မျက်လုံး ဖွင့်ကြည့်လာ ကြ၏။
ပြေးထွက် သွားသော လူရိပ်ကို မြင်သည်နှင့်၊ မျက်လုံးများ ပွတ်သပ်ကာ၊ မျက်မှောင် ကြုတ်လိုက် မိလေသည်။
***