← Chapters

ပုရွက်ဆိတ်။

Vol. 40 Ch. 558

ပုရွက်ဆိတ်။

Vol. 40 Ch. 558

သစ်သား စိတ်ဝိညာဉ် တောင်ကုန်း ထိပ်တွင်၊ ဝိညာဉ် စွမ်းအင် များဖြင့် ဖွဲ့စည်း ထားသော မြူခိုးများ ဖုံးလွှမ်း နေသည်။

လင်းယွန် တစ်ယောက် သူ့ နေအိမ်သို့ ပြန်ရာ လမ်း တစ်လျှောက်တွင်၊ တိမ်များကို မကြာ မကြာ ပြန်လည် မော့ကြည့် နေမိ လေပြီ။

ဤတောင်ထွတ်ကို မမြင်နိုင် တော့သည့် အချိန်တွင်၊ ယခင်က ကဲ့သို့သော တုန်လှုပ် ခြင်းမျိုး ဖြစ်မလာ တော့ပေ။

အချိန် အနည်းငယ် ကြာပြီးနောက် သူ့ခြံ ရှေ့တွင် ရပ်နေသော မိုလင်းနှင့် လျူယွမ်ယန်ကို တွေ့လိုက် ရသည်။

၎င်းတို့ နှစ်ဦးမှ လွဲ၍ အကယ် ဒမီတွင် မည်သူမျှ ဤသို့ ကျက်သရေ ရှိနေမည် မဟုတ်ပေ။

မုရွယ် အနေဖြင့် ဤအမျိုး သမီး နှစ်ဦးကို၊ ယှဉ်နိုင် သည်ဟု ယူဆ နိုင်သော်လည်း၊ သူ့အိမ် ရှေ့သို့ ရောက်ရှိလာ နိုင်စရာ အကြောင်း မရှိ မှန်း၊ သူ သိသည်။

နောက်တဖန် လင်းယွန် သည်လည်း၊ သူမကို ဤနေရာ၌ ရှိမနေ စေချင်ပေ။

“ ရက်အနည်းငယ် အတွင်း၊ မင်းက ပိုလို့ တောင် ကြည့်ကောင်း လာပါလား၊ ဆေးလုံးက အလုပ် အများကြီး၊ လုပ်ပုံ ရတယ်။ ”

လင်းယွန်ကို ကြည့်ပြီး၊ မိုလင်းက လှမ်းပြော လိုက်သည်။ ဆယ်ရက် အတွင်း ကြီးမားသော အသွင် ကူးပြောင်း မှုဖြင့်၊ ကြုံခဲ့ ရနိုင် မည်ဟု၊ သူမ ပြောနိုင်သည်။

“ ဒါပေါ့ ဒါက ... ဌာနမှူး ကိုယ်တိုင် သန့်စင် ပေးထားတဲ့၊ ဆေးလုံး တစ်လုံးကိုး။ ”

မိုလင်းကို ပြန်ဖြေ ပြီးနောက်၊ လျူယွမ်ယန်ကို တစ်ချက် လှည့်ကြည့် လိုက်သည်။

သူတို့ နှစ်ယောက် နောက်ဆုံး တွေ့ဆုံ ဖြစ်ခဲ့ သည်မှာ၊ တစ်လခန့် ရှိနေပြီ ဖြစ်သည်။ ထိုစဉ်က သူ့တွင် မေးခွန်းများ ရှိနေ သော်လည်း၊ သူမ ပြန်ဖြေ ခဲ့ချေ။

ယခု အချိန်၌ ဖခင် ဖြစ်သူ၏ ဝန်ကို ထမ်းထား ရကြောင်း၊ သိလာ ရပြီ ဖြစ်သည်။ ကောင်းကင် ပြည်နယ် အတွင်း၊ ရှင်သန် နေရသော နေ့ရက် တိုင်းမှာ၊ ချောမွေ့ မည် မဟုတ်ကြောင်း ခန့်မှန်း နိုင်သည်။

“ လင်းယွန်၊ ငါတို့ မတွေ့ ရတာ အချိန် အတော် ကြာနေပြီ။ ”

လျူယွမ်ယန်က တောင့်တင်း နေသော အမူ အရာဖြင့် ပြုံးလိုက်သည်။ လွန်ခဲ့သည့် တစ်‘လ’ လုံးလုံး၊ နည်းပါးသော နတ်ဘုရား စွမ်းရည်ကို၊ လေ့လာခွင့် ရခဲ့သည်။

(နတ်ဘုရား စွမ်းရည်= မြင့်မြတ်သော စွမ်းရည်။)

၎င်းကို ဝှက်ဖဲ အဖြစ်၊ ပြောင်းလဲ နိုင်ခြင်း မရှိ ခဲ့သော် ငြားလည်း၊ များစွာ အကျိုး ဖြစ်ထွန်း ပေသည်။

“ … ကျမ်းဆောင် ခန်းမ ရှေ့မှာ၊ ငါပြော ခဲ့တဲ့ စကား တွေက ဒီနေ့ထိ၊ အသက်ဝင် နေတုန်းပဲ လျူယွမ်ယန်။ ”

လင်းယွန်က ပြန်လည် တုန့်ပြန် လိုက်သည်။ သူငယ်ချင်း များကြားရှိ၊ ကတိ စကား တစ်ခွန်း အပေါ်၊ မည်သည့် အတွက်မှ မေ့မည် မဟုတ်ချေ။

လျူယွမ်ယန် မျက်လုံးများ တောက်ပ လာပြီး၊ တစ်ခု ခုကို လင်းယွန် သိထားကြောင်း ခံစား မိလာ၏။

ထို့ကြောင့် “ကျေးဇူး တင်ပါတယ်” ဟု ပြန်ပြော မိလေသည်။

“ ဧကရာဇ် သင်ကြားရေး ခန်းမကို သွားကြ ရအောင်၊ .... ”

မိုလင်းက ပြုံးကာ ဆိုသည်။

“ ... နောက်ကျရင် မကောင်းဘူး။ ”

အကယ်ဒမီ ငါးခု ပြိုင်ပွဲ၊ စတင် တော့မည် ဖြစ်ရာ၊ အကယ် ဒမီရှိ လူတိုင်းက၊ နောက်ထပ် ဆုံးရှုံးမှု များကို မလိုလား သောကြောင့်၊ အဆိုပါ ကိစ္စတိုင်း အပေါ်၊ အလေး အနက်ထား ကြပေသည်။

“ လင်းယွန် ... ၊ မြင့်မြတ်သော ရူရ် တွေက၊ အကယ် ဒမီ အတွက် အရမ်း အရေး ကြီးတယ်၊ လွန်ခဲ့တဲ့ အနှစ် (၂၀)တုန်းက၊ အရှက် ရထား တာကြောင့်၊ ဒီတစ်ကြိမ်သာ ထပ်ရှုံးရင်၊ ... ”

“ ... ငါတို့က မြင့်မြတ်သော ရူရ်ကို ဆုံးရှုံး ရုံသာ မကဘူး၊ ဂုဏ်သိက္ခာ အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာ လိမ့်မယ်၊ နေသာ စီရင်စုမှာ နေဖို့တောင်၊ ပြဿနာ ရှိလာ နိုင်တယ်။ ”

-ဟု မိုလင်းက လေးနက်စွာ ရှင်းပြ လာသည်။

အထူး သဖြင့် ကောင်းကင် ပြည်နယ် ကဲ့သို့ အမည်ခံ အုပ်စိုး ရှင်များ အတွက် ဂုဏ် သိက္ခာမှာ၊ အမြဲတမ်း အဓိက ကျပေသည်။

ဂုဏ်သိက္ခာကို ထိပါး ခြင်းဖြင့်၊ ၎င်းတို့၏ အခြေခံ အုတ်မြစ်အား ယိုင်နဲ့ သွားစေမည် ဖြစ်သည်။

လမ်းတစ် လျှောက် လင်းယွန် သိသင့်သော အကြောင်း အရာ များကို၊ မိုလင်းက ဝေမျှ ပေးလာသည်။

“ ငါတို့ရဲ့ ပြိုင်ဘက်တွေ အကြောင်း မင်း သိလား။ ”

လင်းယွန်က သူ မသိကြောင်း၊ ခေါင်းယမ်း ပြလိုက် သည်။

“ အကယ်ဒမီ လေးခု စလုံးက၊ ပြင်ပ အကူ အညီ ဖိတ်ခေါ်ဖို့ ခွဲတမ်း တစ်ခုစီ ရှိကြတယ်၊ ဒါကြောင့် အကယ်ဒမီ တိုင်းက ကိုးရွှင်လို ပုဂ္ဂိုလ်မျိုး တွေကို ဖိတ်ခေါ် ထားတယ်၊ ... ”

“ ... သူတို့ အားလုံက အုပ်စိုးရှင် အင်အားစု အသီး သီးရဲ့ အထက် တန်းစားတွေ ချည်ပဲ၊ ကိုးရွှင်ကို မီးလျှံနက် ဂိုဏ်းမှာ၊ အလား အလာ ရှိတဲ့၊ ဂျူနီယာ တစ်ယောက် အဖြစ်၊ သတ်မှတ် ထားတယ်။ ”

လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။ ကျား တစ်ကောင်ကို လက်လွှဲ ရုံဖြင့် ထုတ်ဖော် နိုင်ခဲ့ သောကြောင့်၊ ထိုလူ အပေါ် လေးလေး နက်နက် သတိရ နေခဲ့သည်။

“ သူ့ အပြင်၊ မိုးသားပြာ အကယ် ဒမီရဲ့၊ ဂျိန်းယီနဲ့ တိမ်သာ အကယ် ဒမီက ဘိုင်ယုချန် တို့လည်း ရှိသေးတယ်၊ သူတို့ နှစ်ယောက် စလုံးက အုပ်စိုးရှင်တွေ ဆီက ဖြစ်ပြီး၊ သူတို့ရဲ့ ကျင့်ကြံ မှုက၊ ကိုးရွှင်ထက် လုံးဝ မနိမ့် ကျဘူး။”

“ နောက်တစ်ဖွဲ့ ကျန်သေးတယ်။ ”

လင်းယွန်က မိုလင်းကို သတိ ပေးသည်။

“ အဲဒါက ခရမ်းရောင် တောင်ကုန်းလေး အကယ် ဒမီပဲ …။ ”

၎င်းအမည်ကို မိုလင်း ပြောဆို လိုက်ချိန်တွင်၊ လျူယွမ်ယန် မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားသည်။

ဤသည်မှာ လွန်ခဲ့သည့် ပြိုင်ပွဲ၌၊ သူမ၏ ဖခင်ကို အနိုင် ယူပြီး၊ ကောင်းကင် ပြည်နယ်ကို အရှက် ခွဲခဲ့သော၊ အကယ်ဒမီ ဖြစ်သည်ဟု ဆိုလို ပေသည်။

ယခု အချိန်တွင် ‘ခရမ်းရောင် တောင်ကုန်းလေး’ သည် အကယ်ဒမီ ငါးခုတွင် အသန် မာဆုံး ဖြစ်ပေသည်။

“ အကယ်ဒမီ လေးခုက၊ တခြား စီရင်စု မြို့တော် တွေမှာ၊ အရှိန် အဟုန်နဲ့ ဖွံ့ဖြိုး လာနေ ကြပြီ၊ နာမည် အကြီးဆုံး ပြိုင်ပွဲဝင် ကတော့၊ အဲ့ဒီ ခရမ်းရောင် တောင်ကုန်း လေးရဲ့ ဖိတ်ခေါ် ထားတဲ့ ပြိုင်ပွဲ ဝင်ပဲ၊ ... ”

“ ... သူ့ နာမည်က ဆောင်းကျန်၊ မြောက်ပိုင်း နှင်းစံအိမ်ရဲ့ တပည့် တစ်ဦးပဲ၊ သူ့ရဲ့ ကျင့်ကြံမှုက ကနဦး ယန်အဆင့် ဆိုပေမယ့်၊ တစ်နှစ် အတွင်း အလယ် အလတ် ယန်အဆင့် ဒါမှမဟုတ်၊ အထွတ် အထိပ် ယန် အဆင့်ထိ၊ ရောက်နိုင် မယ်လို့ ကောလ ဟာလတွေ ရှိနေတယ်။ ”

-ဟု လေးနက်သော အမူ အရာဖြင့်၊ မိုလင်းက ပြောကြား လာခဲ့သည်။

လွန်ခဲ့သော အနှစ် နှစ်ဆယ်က၊ သူတို့ကိုယ် သူတို့ အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေခဲ့ ကြသည်ကို၊ လင်းယွန် တစ်ယောက် နားလည် လာမိသည်။

၎င်းတို့တွင် ခရမ်းရောင် နန်းတော် နယ်မြေသို့ မရောက် ရှိခင်၊ ရှန်ရှန်း ဓားအား ဆုပ်ကိုင် ထားနိုင်သော ဉာဏ်ကြီးရှင် နန်းဂွန်း ဝမ်းယူကို၊ ပိုင်ဆိုင် ထားသည့် မြောက်ပိုင်း နှင်း စံအိမ်ဖြင့်၊ ရင်းနှီးသော ဆက်ဆံရေး ရှိသည်။

ဆိုလို သည်မှာ ဆောင်းကျန်သည်၊ လွယ်ကူသော ပြိုင်ဘက် ဖြစ်မည် မဟုတ်ချေ။

“ ဆောင်းကျန်က ရူရ် တွေကို ကျွမ်းကျင် ရုံသာ မကဘူး၊ ဓားရေးလည်း ထက်တယ်၊ မြောက်ပိုင်း နှင်းစံအိမ်ရဲ့၊ ‘အကြွင်းမဲ့ တိမ်လွှာ ဆေဘာ ဓားရေး’ ကို၊ မြင့်မြင့် မားမား ဆုပ်ကိုင် ထားနိုင်တယ်၊ …”

မိုလင်းက ဆောင်းကျန်၏ အရည် အချင်းကို တွေးမိ လာပြီးနောက်၊ ကူကယ်ရာ မဲ့သော ခံစား ချက်များ ဝင်ရောက် လာသည်။

“ ဒါပေမယ့် ... ဒါက ငါတို့မှာ၊ အခွင့် အရေး မရှိ ဖူးလို့ မဆို လိုပါဘူး၊ အပြင်လူ တစ်ဦး ကိုသာ၊ ဖိတ်ခေါ် ခွင့်ရှိတဲ့ အတွက်၊ သုံးပွဲမှာ နှစ်ပွဲ နိုင်ဖို့ပဲ လိုတယ်၊ မင်းနဲ့ အတူ၊ ငါတို့မှာ ဒီအခွင့် အရေး ရှိတယ်။ ”

လင်းယွန်၏ ခွန်အားမှာ၊ အုပ်စိုးရှင် ဂိုဏ်း များရှိ တပည့် များနှင့်၊ ယှဉ်နိုင် သည်ဟု မိုလင်းက ယူဆ ထားသည်။

လင်းယွန် အနေဖြင့် အပြုံး ဖြင့်သာ၊ တုန့်ပြန် လိုက်ပြီး စကား တစ်ခွန်းမျှ၊ ထပ် မဆို တော့ချေ။

မုရွယ်မှာ သူ့ကို မကြို ဆိုသည့် အပြင်၊ ထွက်သွားရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သည်။

သူ့တွင် အမြဲတမ်း ပေါ်လွင် လိုသော ကိုယ်ရည် ကိုယ်သွေး မရှိချေ။

ပြိုင်ဆိုင် ချင်စိတ် မရှိခြင်း သည်လည်း ကောင်းပေ၏။ သို့မဟုတ် ပါက သူ့ဗီဇ အရ၊ သဘာဝ အတိုင်း အရာ အားလုံး၊ လုပ်ဆောင် မိပေ လိမ့်မည်။

မုရွယ် အနေဖြင့် ယုတ္တိ မဲ့စွာ၊ ဆက်လက် လုပ်ဆောင် နေဦး မည်ဆို ပါက၊ သူ၏ စိတ်ရှည် သည်းခံမှု အကန့် အသတ်ကို၊ ခံစား ရမည်မှာ သေချာ သည်။

သုံးယောက်သား ဧကရာဇ် သင်ကြားရေး ခန်းမကို ရောက်ချိန်၌၊ ကောင်းကင်တွင် မိုးတိမ်များ ဖုံးလွှမ်း နေပြီး၊ မကြာခင် မိုးရွာ တော့မည်ဟု အရိပ် အမြွက် ပြသ လာ၏။

တိုက်ဆိုင် စွာပင်၊ ၎င်းက အကယ် ဒမီ၏ အုံ့မှိုင်း နေသော လေထုကို ထပ်မံ မွန်းကြပ် လာစေသည်။

ဤပြိုင်ပွဲတွင် အကယ်ဒမီ၏ အသက်နှင့် သေဆုံးခြင်း အခြေ အနေကြောင့်၊ အမာခံ တပည့် အများ အပြားက၊ စိတ်လှုပ် ရှားစွာ စုရုန်း နေကြသည်။

တပည့်တိုင်းက အကယ် ဒမီနှင့် အတူ ရပ်တည် လာခြင်းမှာ၊ သဘာဝ ကျပေသည်။

“ စီနီယာ အစ်မမို လာပြီ။ ”

“ လျူယွမ်ယန်နဲ့ လင်းယွန် တို့လည်း ပါလာပြီ၊ ကြည့်ရတာ အကယ် ဒမီက၊ တခြား ခွဲတမ်းကို လင်းယွန် ပေးမယ့် ပုံပဲ။ ”

“ လင်းယွန်က အားနည်း နေတာတော့ မဟုတ် ပါဘူး၊ ဒါပေမယ့် ကျန်တဲ့ အကယ်ဒမီ တွေ အပေါ်၊ ကူညီ ပေးမဲ့ သူတွေ အားလုံးက၊ အုပ်စိုးရှင် အထက် တန်းစားတွေ လို့ ငါ ကြားထားတယ်။ ”

“ ဘာမှတော့ မပြော နိုင်သေး ပါဘူး၊ စီနီယာ အစ်ကို မိန်က အုပ်စိုးရှင် တပ်ဖွဲ့ ကနေ၊ အထက် တန်းစား တစ်ဦးကို ဖိတ်ခေါ် ထားတယ်။ ”

“ ဒါက မသေချာ သေး ပါဘူး၊ ဧကရာဇ် သင်ကြားရေး ခန်းမက ဒီအရေးကို၊ ဆုံးဖြတ် နေတုန်းပါ။ ”

လင်းယွန်ကို မြင်သည်နှင့် လူအုပ်ကြီး ထံမှ၊ ဆွေးနွေး မှုများ စတင် ထွက်ပေါ် လာသည်။

လွန်ခဲ့သည့် ဆယ်ရက် ခန့်က၊ ကျောက်စိမ်းဖြူ အကယ်ဒမီမှ တပည့် တစ်ဦးကို၊ အရှက်ခွဲ ပြလိုက်သော အခါတွင်၊ လူတိုင်း နှစ်ထောင်း အားရ ရှိခဲ့ ကြ ပေသည်။

သို့သော် ပြင်ပ အကူ အညီ ရယူ ရာ၌၊ အုပ်စိုးရှင် တပည့်များ သည်သာ၊ ပို၍ ယုံကြည် စိတ်ချ နိုင်မည်ဟု ထင်မြင် မိ၏။

တောင်ပိုင်း ရှေးဟောင်း နယ်မြေရှိ၊ အုပ်စိုးသူ ကိုးပါး၏ အခြေခံ အုတ်မြစ် အပေါ်၊ မည်သူ မဆို တို့ထိ နိုင်သော အရာ မဟုတ် ချေ။

ပတ်ဝန်း ကျင်မှ ဆွေးနွေး သံ များကို ကြားလိုက် ချိန်တွင်၊ မိုလင်း တစ်ယောက် မျက်လုံး ထောင့်ကပ် ကာ၊ လင်းယွန်ထံ ချောင်းကြည့် လိုက်မိသည်။

အထက်ပါ အမြင်များ အပေါ်၊ လင်းယွန် အနေဖြင့် ဂရု စိုက်ဟန်၊ မပြသော အမူ အရာကြောင့်၊ အနည်းငယ် စိတ်သက် သာရာ ရသွား သည်။

“ အစ်မကြီး မို၊ အစ်မ လျူယွမ်၊ ငါ ဒီမှာ ... ”

မုရွယ်က လက်ကို ဝှေ့ယမ်း ပြကာ၊ ဝမ်းသာ အားရ လှမ်းခေါ် လိုက်သည်။ သူတို့ သုံးယောက် ဆက်ဆံရေး အပေါ်၊ မည်သူ မဆို၊ ရှင်းလင်းစွာ မြင်နိုင်၏။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ၊ မုရွယ် အနေဖြင့် လင်းယွန် အပေါ် လုံးလုံး လျားလျား လျစ်လျူရှု ထားခဲ့ခြင်း ဖြစ်သည်။

“ မတွေ့တာ ကြာပြီနော် ယွမ်ယန်။ ”

ထိုစဉ် လျူယွမ်ယန်ကို နှုတ်ဆက် သံနှင့် အတူ၊ လူငယ် တစ်ယောက်က၊ လူအုပ် အတွင်းမှ တိုးထွက် လာသည်။ ထိုလူငယ် နောက်တွင် မိန်ဇီယန် တစ်ယောက် ပြုံးလျက် ကပ်ပါ လာ၏။

လူငယ်၏ တက်ကြွ လန်းဆန်း နေသော အမူ အရာကို၊ တစ်ချက် ဝေ့ကြည့် လိုက်ပြီး နောက်၊ လျူယွမ်ယန်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။

မိုလင်း မှာမူ မုရွယ် ကိုသာ၊ တစိုက် မတ်မတ် စိုက်ကြည့် နေခဲ့ပြီး၊ လူငယ်၏ တည်ရှိမှု အပေါ် ဥပေက္ခာ ပြုထားကာ၊

“ သခင်မလေး၊ ငါ လင်းယွန်ကို လိုအပ် နေတာ၊ မင်း သိသင့်တယ်။ ”

-ဟု ပြုံးလျက် ဆိုလိုက် လေသည်။

မိုလင်း၏ စကားကြောင့်၊ မိန်ဇီယန် ဘေးမှ လူငယ်မှာ၊ ပြုံးရယ် မနေ တော့ဘဲ၊ မျက်နှာ ရဲတက် သွားတော့သည်။

“ ဟွမ်ရန်က ယန်နန်းတော် ကနေ စီနီယာ အစ်ကိုမိန် ဖိတ်ကြား ထားတဲ့၊ အတွင်း တပည့် တစ်ယောက်ပါ၊ သူ့ကို အကောင်းမြင် ပေးပါ အစ်မကြီး မို။ ”

ဟွမ်ရန်ကို အားနာ မကြည့်ဝံ့ သောကြောင့်၊ ခေါင်းငုံ့ကာ တိုးတိုးလေး ပြန်ဖြေ ရှင်းလိုက်သည်။ သို့သော် ‘ယန်နန်းတော်’ ဟု ရည်ညွှန်း လိုက်ချိန်၌၊ လင်းယွန်ထံ ‘လှစ်ခနဲ’ ခိုးကြည့် လိုက်မိ၏။

တော်ဝင် ယန်နန်းတော် ဆိုသည်မှာ၊ နေသာ စီရင်စု နယ်မြေ၏ ပကတိ ဘုရင် ဖြစ်သည်။ ၎င်းကို တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး သိရှိထား ကြပေသည်။

လင်းယွန် အနေဖြင့် မုရွယ် မည်သည့် အရာကို၊ ကြံစည်ရန် ကြိုးစား နေမှန်း သိရှိ လိုက်သောကြောင့်၊ စိတ်ထဲမှ ကြိတ်ရယ် မိလေ သည်။

မိန်ဇီယန် ဖိတ်ခေါ် ထားသော လူကို၊ ရက်များစွာ ကပင် မုရွယ် တစ်ယောက် သိရှိ ထားပြီး ဖြစ်ရာ၊ သူ့ အပေါ် နှိမ့်ချ လာရခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ခွဲတမ်းကို စွန့်လွှတ် ပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်၏။

“ ယန် နန်းတော်မှာ အသက် နှစ်ဆယ် မတိုင်ခင်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်လာပြီး၊ အတွင်း တပည့် ဖြစ်လာ နိုင်တဲ့သူ အများကြီး မရှိ ပါဘူး၊ အစ်ကို ဟွမ်က သဘာဝ အရ ပိုသင့်တော် ပါတယ်။ ”

မိန်ဇီယန်က ပြုံကာ ဝင်ရောက် အကြံပြု လိုက်သည်။ သူ့ စကားဆုံး သည်နှင့်၊ လင်းယွန် အပေါ် အထင် အမြင် သေးစွာဖြင့် ကြည့်နေသော ဟွမ်ရန် ထံမှ၊ လှောင်ပြောင် ရေရွတ်သံ တစ်သံ ထွက်ပေါ် လာတော့သည်။

“ ယန် အဆင့်တောင် မရောက် သေးတဲ့၊ ပုရွက်ဆိတ် တစ်ကောင်က ကူညီချင် နေတာလား၊ ဒါက နည်းနည်းတော့ ရယ်စရာ ကောင်းနေတယ် မဟုတ် လား။ ”

***

All Chapters