← Chapters

မယုံ နိုင်ဖွယ်။

Vol. 40 Ch. 559

မယုံ နိုင်ဖွယ်။

Vol. 40 Ch. 559

ဟွမ်ရန်၏ မထီမဲ့မြင် နိုင်သော လေသံ ကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တင်းမာ သွားသည်။

လျူယွမ်ယန်၏ မျက်လုံး များတွင် ဒေါသများ၊ တလက်လက် တောက်ပ လာလေ ရာ၊ မိုလင်းက စိတ်အေးအေး ထားရန် အချက်ပြ ဟန့်တား လိုက်သည်။

သို့သော် ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များစွာက လင်းယွန်ကို ပြန်လှည့် ကြည့်လာ ကြ၏။

နောက်ဆုံးတွင်၊ လင်းယွန် မည်မျှ သန်မာ သည်ကို သူတို့ သိသည်။ လင်းယွန် အပေါ် သဘောကျ နှစ်ခြိုက် ကြ သော်လည်း၊ ဟွမ်ရန်နှင့် ယှဉ်နိုင် သည်ဟု မထင် မိကြပေ။

လင်းယွန်မှာ အထွတ် အထိပ် ယင်အဆင့် တွင်သာ ရှိပြီး၊ ဟွမ်ရန်သည် ကနဦး ယန် အဆင့်၌ ရှိနေပြီ ဖြစ်သည်။

အခြေခံ အုတ်မြစ် အရ၊ ၎င်းတို့ အနက် တစ်ဦးမှာ၊ ယန်နန်းတော်မှ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ မဟာချင် အင်ပါယာမှ ဖြစ်သည်။

ဟွမ်ရန် မှာမူ ကောင်းကင် ယံတွင်၊ ဂုဏ်ယူ ဝံ့ကြွားစွာ ပျံသန်း နေသော လင်းယုန်ငှက် တစ်ကောင်နှင့် တူ၏။

“ ဘာလို့လဲ ... ၊ ငါပြောတာ မှားသွား လို့လား။ ”

ဟွမ်ရန်က မျက်ခုံးပင့်် လိုက်သည်။ ပြီးနောက် လျူယွမ်ယန်ကို ပြန်လှည့် ကြည့်ကာ၊

“ ယွမ်ယန်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု လုံးလုံး မင်းထမ်း ခဲ့ရတဲ့၊ ဝန်ထုပ် ဝန်ပိုး အတွက်၊ လက်စား ချေပေး ပါ့မယ်လို့၊ ငါကတိ ပေးတယ်။ ”

လျူယွမ်ယန်နှင့် မိုလင်းတို့ နှစ်ဦး လုံးမှာ၊ အကယ် ဒမီတွင် နာမည်ကြီး ရုံသာမက၊ မြို့တော် အတွင်း ၌လည်း၊ ကျော်ကြား လှလေသည်။

တိမ်နဂါး အဆင့်ရှိ၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော မိုလင်းကို၊ ရယူ ဖို့ရန် မျှော်လင့်ချက် မရှိကြောင်း၊ ဟွမ်ရန် သိသည်။

ထို့ပြင် မိုလင်းမှာ အကယ်ဒမီ အနာဂါတ်တွင်၊ ဌာနမှူး ဖြစ်လာ နိုင်မည် ဟုလည်း၊ ထင်ကြေး ပေးထား ကြ၏။

ယန်နန်းတော်၏ အမာခံ တပည့် တစ်ဦး ပင်လျှင်၊ သူမအား ရယူရန် အဆင့် မမှီ သေးချေ။

တစ်ဖက်တွင် လျူယွမ်ယန်၏ အရည် အချင်းမှာ မိုလင်းထက် နိမ့်ကျ သောကြောင့်၊ ဤအခွင့် အရေးကို အသုံး ချကာ ရယူ နိုင်မည်။

ထို့ကြောင့် မိန်ဇီယန် လာရောက် အကူ အညီတောင်း ချိန်၌၊ ဝမ်းမြောက် နေခဲ့ရ သော်လည်း၊ ဧည့်သင်းထောက် တစ်ယောက်က သူ့ လမ်းတွင် လာရပ် နေခဲ့သည်။

“ ဒီကောင်က တကယ်ကို ယုတ်ညံ့တဲ့ ကောင်ပဲ။ ”

“ သူက စီနီယာ အစ်မ လျူရဲ့၊ အခက် အခဲကို အခွင့်ကောင်း ယူချင် နေတာ။ ”

“ အဲဒါနဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်နိုင် မှာလဲ၊ သူက ယန် နန်းတော်ရဲ့ အထက် တန်းစား တစ်ယောက်ပါ။ ”

ဟွမ်ရန် စကားများ အပေါ် ပတ်ဝန်း ကျင်ရှိ တပည့် များစွာက၊ မကျေမနပ် ဖြစ်မိ သော်လည်း၊ ယန်နန်းတော် ပုံရိပ်ကြောင့် စကား တစ်ခွန်းမျှ ဝင်ရောက် မပြောဆို ဝံ့ကြပေ။

“ တောင်းပန် ပါတယ်၊ မင်းရဲ့ အကူ အညီကို ယူဖို့ စိတ်ကူး မရှိ ပါဘူး၊ စီနီယာ အစ်မ မိုနဲ့ ငါက၊ ဒီက သခင်လေး လင်းသာ ပိုသင့်တော် တယ်လို့၊ ယူဆ ထားပါတယ်။ ”

လျူယွမ်ယန်က ပြတ်သားစွာ ငြင်းဆို လိုက်သည်။ လင်းယွန်က လွဲ၍ သူမ စိတ်ကို ‘ထိ’ မိသူ တစ်ယောက်မျှ မရှိ သေးချေ။

မိန်ဇီယန် တစ်ယောက် တုန်လှုပ် ချောက်ချား သွားပြီး၊

“ ဂျူနီယာ ညီမ လျူ၊ မင်းကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ငြင်းလို့ မရတဲ့ အရာတွေ ရှိတယ်၊ ညီအစ်ကို ဟွမ်က ငါတို့ရဲ့ ဧည်သည် ဖြစ်လာမှာ အမှန်ပဲ၊ အုပ်စိုးရှင် တပည့် တစ်ဦး ဆိုတာ၊ လူတိုင်း ပခုံးချင်း ယှဉ်နိုင်တဲ့ ဖြစ်တည် မှုမျိုး မဟုတ်ဘူး။ ”

“ ငါတော့ အဲလို မထင်ဘူး၊ ဌာနမှူးက လင်းယွန်ကို ယင်-ယန် ကျောက်စိမ်း တိမ်လွှာ ဆေးလုံး၊ ပေးခဲ့ မှတော့ ဒါက ဘာ အဓိပ္ပါယ်လဲ ဆိုတာ မင်း သိမှာပါ။ ”

မိုလင်းက ရယ်မောကာ၊ ပြုံးလျက် ဆိုလိုက် သည်။ ထိုစကားကို ကြားသော အခါ၊ မိန်ဇီယန်နှင့် မုရွယ်၏ မျက်နှာများ ပြောင်းလဲ သွားသည်။

“ ယင်ယန် ကျောက်စိမ်း တိမ်လွှာ ဆေးလုံးကို၊ တော်ဝင် မြေ မီးတောက်နဲ့ သန့်စင် ရတယ်၊ တော်ဝင် မြေ မီးတောက် ဆိုတာ ... ”

“ ... တစ်နှစ်မှာ၊ တစ်ကြိမ်သာ အသုံးပြု နိုင်ပြီး၊ တစ်ကြိမ်ကို ဆေးလုံး တစ်လုံးပဲ ထုတ်ပေး နိုင်တယ်၊ ဒါကို အဖိုးက သူ့အတွက် တကယ်ပဲ ပေးခဲ့ တာလား ... ဟမ် ။ ”

လင်းယွန်ကို မယုံကြည့် နိုင်စွာဖြင့် မုရွယ်က အထက်အောက် အစုန် အဆန် ပြန်ကြည့် လာ၏။

မုရွယ်၏ တအံ့ တဩ ထုတ်ဖော် ပြောပြ ချက်ကို ကြားလိုက် ပြီး နောက်တွင်၊ ဆေးလုံးမှာ အဘယ့်ကြောင့် ဤမျှ အစွမ်းထက် နေသည်ကို၊ လင်းယွန် တစ်ယောက် နားလည် သွားရသည်။

“ ဒါက ဘာဖြစ်လဲ ...၊ ဌာနမှူးက အနိုင် ရတဲ့ ဘယ်သူ့ကို မဆို၊ ဆုပေး မယ်လို့ ကြေငြာ ထားပြီးသား ပဲလေ။ ”

မိန်ဇီယန်က ရယ်မော တုန့်ပြန် လိုက်သည်။ နောက်ပြန် ဆုတ်ဖို့ရန် ဆန္ဒ မရှိ သည်မှာ၊ ထင်ရှား လေသည်။

“ ဒီလို ငြင်းခုံ နေလို့ ဘာ အကျိုး ရှိမှာလဲ။ မင်းက တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာ ပေမယ့်၊ သိုင်းပညာကို ပိုကျွမ်းကျင် တယ်လို့ ငါ ကြားတယ်၊ ... ”

“ ... ဒါက တိုက်ဆိုင်မှု ပဲလား မပြော တက်ဘူး၊ ငါလည်း မင်းနဲ့ တူနေတယ်၊ ဘယ်လိုလဲ ငါနဲ့ တိုက်ဖို့ သတ္တိ ရှိရဲ့ လား။ ”

ဟွမ်ရန်က မျက်လုံးများ မှေးစင်းလျက်၊ အထင် အမြင် သေးစွာဖြင့်၊ လင်းယွန်ကို ဝင်ရောက် တောင်းဆို လိုက်သည်။

“ ငါတို့ရဲ့ လက်သီးက၊ စကား တွေထက် ပိုထိ ရောက်တယ်၊ ဒါကို မင်း မငြင်းဖူး မဟုတ်လား၊ လင်းယွန် ဆိုတဲ့ သင်းထောက် ကောင်လေး။ ”

လင်းယွန်ကို ရန်လို နေသည်မှာ ထင်ရှားသည်။ စိန်ခေါ် မှုကို လက်ခံ စေရန်၊ လူ အများ ရှေ့တွင် ဖိအား ပေးလာ ခဲ့၏။

သူ့ အမြင်၌ ရိုက်နှက် ခံရ ပြီးနောက်၊ လင်းယွန် အနေဖြင့် ခွဲတမ်းကို ယှဉ်ပြိုင် ရယူ၊ ရဲတော့မည် မဟုတ် ချေ။

“ ကောင်းပြီ ... ၊ မင်းက ဘယ်လို ဖြစ်ချင်လဲ။ ”

တုန့်ဆိုင်းခြင်း မရှိဘဲ၊ လက်ခံ လိုက်သော လင်းယွန် ကြောင့်၊ မိုလင်းနှင့် လျူယွမ်ယန် တို့မှာ၊ မျက်ခုံးပင့် လိုက် မိလေသည်။

ဟွမ်ရန်၏ ကျင့်ကြံ မှုမှာ၊ သိသိ သာသာ အားကောင်း နေသည်။ ယင်းကြောင့် အနည်းငယ် စိုးရိမ် သွား သကဲ့သို့၊ ပတ်ဝန်း ကျင်ရှိ လူအုပ်ကြီး မှာလည်း၊ စိတ်လှုပ်ရှား လာသည်။

“ သူက တော်တော် ရဲရင့် တာပဲ၊ အရှက် ကွဲမှာ မကြောက် ဖူးလား မသိဘူး၊ ဒါပေမယ့် ဒါက ပိုကောင်း ပါတယ်၊ သူရှုံး သွားတဲ့ နောက်တော့ အရာ အားလုံး ပြီးသွား မှာပါ။ ”

လင်းယွန်ကို ဘေးကနေ အကဲခတ် နေသော မုရွယ်က၊ ကြိတ်ရယ် မိသည်။ အုပ်စိုးရှင် ဂိုဏ်းမှ ဆင်းသက် လာသော ဟွမ်ရန် အပေါ်၊ သူ ယုံကြည် သည်။

ထို့ကြောင့် သူ့အမြင်တွင် လင်းယွန် ရှုံးမည်မှာ သေချာ၏။

“ ကောင်းတယ် ... ငါတို့ရဲ့ ခွန်အားကို ယှဉ်ရမှာ ဆိုတော့ ... ၊ ဒါက လွယ်ပါ လိမ့်မယ်။ တစ်ယောက် တစ်လှည့်စီ လက်သီးနဲ့ ထိုးကြ တာပေါ့၊ ရှောင်တဲ့ သူ အရှုံး၊ ဒဏ်ရာ ရတဲ့ သူ အရှုံး။ ”

ဟွမ်ရန်က မျက်ခုံး ပင့်ပြကာ၊ စိန်ခေါ် လိုက်သည်။ တစ်ဖက် လူတွင် ဤမျှ သတ္တိ ရှိလိမ့် မည်ဟု သူ မယုံချေ။ သို့သော်။

“ ကြိုက် ပြီ။ ”

လင်းယွန်က ပြုံးကာ၊ ချက်ချင်းပင် သဘော တူလိုက်၏။

“ ငါ မင်းကို အနိုင် ကျင့်မှာ မဟုတ်ဘူး၊ မင်း အရင် စလို့ ရတယ်။ ”

-ဟု ဆိုလျက် ဟွမ်ရန်က နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ဆိုလိုက်သည်။

“ ဒါပေမယ့် မင်းရှုံး ရင်တော့ မင်းအတွက် ရှက်စရာပဲ ဧည့်သင်းထောက် ကောင်လေး။ ”

“ မလို ပါဘူး ...၊ မင်းက ငါ့ကို မောင်းထုတ် ချင်နေတာ မဟုတ်လား၊ မင်း ဘာလို့ အရင် မစ ရတာလဲ၊ အရှက် ကွဲမဲ့ အကြောင်းကို မင်းပဲ တွေးနေ သင့်တယ်။ ”

အေးစက် လွန်းသော လင်းယွန်၏ တုန့်ပြန် မှုကြောင့်၊ ပတ်ဝန်း ကျင်ရှိ လူတိုင်း အသက် ရှူရန် မေ့လျော့ လာကုန်သည်။

“ ကျွတ် ... ကျွတ် အစ်ကိုဟွမ်၊ ဒီသင်းထောက် လေးက သေချင် နေပုံပဲ၊ မင်း ... သူ့ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်ပါ။ ”

တစိုး တစိမျှ စိုးထိတ်ဟန် မပြသော လင်းယွန်ကို ကြည့်ကာ၊ မိန်ဇီယန်က အံ့ဩစွာ ရယ်မောလျက် ဆိုလိုက်သည်။

“ ဒါဆို ... မင်း သဘော အတိုင်း ပါပဲ။ ”

စကားဆုံး သည်နှင့်၊ သတ်ဖြတ် လိုသော ရောင်ဝါများ မြင့်တက် လာချိန်ပြီး၊ ဟွမ်ရန်၏ မျက်လုံးများ အေးစက် သွားသည်။

မဟာချင် အင်ပါယာမှ စိတ် အနှောက် အယှက် ပေးလိုသော၊ ချာတိတ် တစ်ကောင်က တကယ်ပင် သူ့ကို နှိမ့်ချ ဝံ့ခေျသည်။

ထို့နောက်တွင် လင်းယွန် ရှေ့ ရိပ်ခနဲ ထွက်ပေါ် လာပြီး လက်သီး တစ်ချက်ဖြင့်၊ ထိုးချ ပစ်လိုက်သည်။

“ တော်ဝင် ယန်နန်းတော်ရဲ့ - နှလုံး ကြေ လက်ဖဝါး။ ”

ဟွမ်ရန်၏ မူလ စွမ်းအင် များမှာ၊ မီးတောင်ကြီး တစ်လုံး ကဲ့သို့ တောက်လောင် သွားသည်။ ဤလက် ဖဝါး၏ ဖိအားကြောင့် လူတိုင်း ထိတ်လန့် တုန်လှုပ် သွားကာ၊ အသက်ရှူ ကြပ်လာ စေ၏။

အကြီး အကဲများ ပင်လျှင်၊ အဆိုပါ လက်ဖဝါးကို ပေါ့ပေါ့ တန်တန် မခံယူ ဝံ့ချေ။

လက်ဖဝါးဖြင့် ရင်ဘတ်ကို ရိုက်မိ သွားချိန်၌၊ ဖုန်မှုန့်များ ထောင်းထောင်း ထ လာပြီး လင်းယွန်ကို လွှမ်းသွားသည်။

မြေပြင် တစ်ခုလုံး ပြင်းစွာ တုန်လှုပ် သွား၏။ ဟွမ်ရန်က သူ့မြင်ကွင်း ရှေ့ရှိ ဖုန်မြူ အထွေး ကြီးကို ကြည့်ကာ၊ နှုတ်ခမ်း ပေါ်တွင် လှောင်ပြုံး တစ်ပွင့်၊ ချိတ်တင် လိုက်သည်။

သူ့ လက်ဖဝါး မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိသည်။ ထို့ကြောင့် လင်းယွန် တစ်ယောက် သေဆုံးခြင်း သို့မဟုတ်၊ ပြင်းစွာသော ဒဏ်ရာဖြင့် အဆုံး သတ်လိမ့် မည်ဟု ယုံကြည်သည်။

“ မင်းက ငါ့ရှေ့မှာ ဒီလို မောက်မာတဲ့ လုပ်ရပ်မျိုး ပြုမူ နေရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ဟမ့် ... ။ ”

ဟွမ်ရန်က အထင် အမြင် သေးစွာဖြင့်၊ ငေါက်ငမ်း ရေရွတ် လိုက်သည်။ သို့သော် ဖုန်မှုန့်များ လွင်းပါး လာချိန်၌၊ လင်းယွန် တစ်ယောက် ရပ်နေဆဲ ဖြစ်ကြောင်း၊ သတိ ပြုမိ လာသည်။

မြင်ကွင်းများ ကြည်လင် ပြတ်သား လာ ချိန်တွင်၊ ခရမ်းရောင် အကြေး ခွံများဖြင့်၊ ဖုံးလွှမ်း နေသော လင်းယွန်အား တွေ့လိုက် ရသည်။

“ မ ... မ ဖြစ် နိုင်ဘူး။ ”

သူ၏ တိုက်ခိုက် မှုတွင် ခွန်အား (၈၀%) ကို အသုံး ပြုခဲ့ပြီး ဖြစ်သောကြောင့်၊ တစ်ဖက်လူ အတွက် ထိခိုက် ဒဏ်ရာ မရှိ သည်မှာ၊ အဓိပ္ပါယ် မရှိပေ။

သို့သော် ပြိုင်ဘက်မှာ သူ့ရှေ့တွင်၊ တကယ်ပင် မတုန် မလှုပ် ရပ်နေ ခဲ့သည်။ ခြေသုံးလှမ်း မျှသာ နောက်ပြန် ဆုတ်ခဲ့ ရကြောင်း၊ ခန့်မှန်း နိုင်သည်။

ချပ်ဝတ် မှာ ပျောက်ကွယ် သွားပြီးနောက်၊ လင်းယွန်က ပြုံးပြ လာ၏။ ထိုအပြုံးမှာ နှစ်လို ဖွယ်ကောင်း လှသော်လည်း၊ ဟွမ်ရန် နှလုံး သားကို တုန်ရီ လာစေသည်။

“ အခု ငါ့ အလှည့် လား။ ”

ငရဲမှ တက်လာသော လေသံ ကဲ့သို့၊ တည်ငြိမ်စွာ မေးမြန်း လိုက်သည်။ ဟွမ်ရန်က တံတွေး တစ်လုတ် ကြိတ်မျိုချ လိုက်ပြီး၊

“ မင်းရဲ့ အရေပြားက အရမ်း ထူတယ်၊ ဒါပေမယ့် မင်းရဲ့ ခွန်အားကို အကုန် အသုံး မချရင်၊ မင်းငါ့ကို ခြေတစ်လှမ်း တောင် တွန်းထုတ် နိုင်မှာ မဟုတ်ဘူး၊ ”

“ ဟုတ် လား ... ။ ”

ဘယ်လက်ဖြင့် ကြောက်စရာ ကောင်းသော တံဆိပ် တစ်ခုကို စတင် ဖန်တီး လိုက်သည်။

ထို့နောက်တွင် တံဆိပ် ခုနစ်ခု၊ ဖြစ်တည် လာပြီးနောက် သိပ်သည်းသော သတ်ဖြတ်ခြင်း ရောင်ဝါများ ထွက်ပေါ် လာသည်။

တစ်ဖက် လူ၏ ပြင်းထန်သော ဖိအား ကြောင့်၊ ဟွမ်ရန် တစ်ယောက် သူ့ကိုယ်သူ ကာကွယ်ရန် အတွက်၊ မူလ စွမ်းအင် များကို လျင်မြန်စွာ ဖြန့်ဝေ လိုက်ရသည်။

သို့သော် သူ၏ မူလ စွမ်းအင်ကို မစုဆောင်း နိုင်မီတွင် မြေပြင် တစ်ခုလုံး တုန်လှုပ် လာပြီး၊ လက်သီး တစ်လုံး ပျံဝဲ လာတော့၏။

“ သတ်ဖြတ်ခြင်း လက်သီး ခုနစ်ချက်_ ဒေါသ တရား။ ”

ခြေတစ်လှမ်းမျှ မဆုတ်ဘဲ သူ့ ရင်ဘတ်ကို ရှုံ့သွင်းကာ၊ ခံယူလိုက် သော်လည်း၊ နံရိုးများ ကျိုးကြေ သွားတော့၏။

လက်သီး နောက်ကွယ်ရှိ သတ်ပစ် လိုသော ရည်ရွယ် ချက်ကြောင့်၊ အတွင်းပိုင်း အင်္ဂါများ ပျက်စီး ကုန်ရ လေပြီ။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ ဒူး တစ်ဖက် ထောက်ကျ သွားကာ၊ ပါးစပ် အပြည့် သွေးများ အန်ချ လိုက်မိသည်။

“ ညီအစ်ကို ဟွမ်၊ မင်း အဆင်ပြေ ရဲ့လား။ ”

မိန်ဇီယန်က ဖေးမရန် လျင်မြန်စွာ ပြေးထွက် လာသည်။

“ မင်း ... ရှိတဲ့ နေရာမှာ နေပါ၊ ဒီလို ဒဏ်ရာ တွေက ငါ့အတွက်၊ မဖြစ် စလောက် လေးပါ။ ”

ဟွမ်ရန် မျက်နှာမှာ ပုံပျက် ပန်းပျက်ဖြင့်၊ ပြန်ထရန် ရုန်းကန် လိုက်၏။ တစ်ဖက် လူ၏ ဟန့်တား လာသံကြောင့်၊ မိန်ဇီယန် တစ်ယောက် မကူညီ ရဲတော့ဘဲ၊ ရပ်တန့် လိုက်ရသည်။

သို့သော် ဟွမ်ရန် ပြန်မထ နိုင်ခင် မှာပင်၊ လင်းယွန် ရော်ကရှိ လာပြီး၊ ရက်စက်စွာ ကန်ထုတ် ပစ်လိုက် သည်။

“ မင်း နာခံမှု ရှိရှိ၊ ပြန်နေ သင့်တယ် မိန်ဇီယန်။ ”

ပြိုင်ဘက်မှာ ဤမျှ ရက်စက် ကြမ်းကြုတ်သော အပြု အမူမျိုးဖြင့် တုန့်ပြန် လာလိမ့် မည်ဟု၊ မထင်ထား မိသော ဟွမ်ရန်မှာ၊ ထိတ်လန့်စွာ လွင့်စင် သွားရသည်။

ဧကရာဇ် သင်ကြားရေး ခန်းမ အဝင် ဝရှိ ကြေး တံခါး ကြီးကို ထိမှန်ကာ၊ ဖြည်းညှင်းစွာ လျှောကျ လာပြီး၊ နောင်တများ နှင့်အတူ လဲကျ သတိ လစ်သွား တော့သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ရင်ကို လေးကန် သွားစေ၏။ အုပ်စိုးရှင် ဂိုဏ်းမှ အထက် တန်းစား တစ်ဦးသည်၊ လင်းယွန် ကန်ချက် ကြောင့်၊ အမှန် တကယ် သတိလစ် သွားခဲ့ ရလေပြီ။

မိန်ဇီယန် အတွက်မူ ပါးစပ် ပြန်မစိ နိုင်တော့ချေ။ မှင်တက် စွာဖြင့် ဟွမ်ရန်ကို လှမ်းကြည့် နေမိသည်။

***

All Chapters