← Chapters

ဆိုက်ရောက်ခြင်း။

Vol. 40 Ch. 560

ဆိုက်ရောက်ခြင်း။

Vol. 40 Ch. 560

ဟွမ်ရန် တစ်ယောက် ဤမျှ ဆိုးဆိုး ရွားရွား ရှုံးနိမ့် လိမ့်မည်ဟု မမျှော်လင့် ထားမိ ကြချေ။

တစ်ချိန်တည်း မှာပင် အားလုံးက လင်းယွန်ကို ထိတ်လန့်စွာ ပြန်ကြည့် လာကြ သည်။

မိုလင်းနှင့် လျူယွမ်ယန် တို့သည်သာ လင်းယွန်၏ ဒေါသကို ကောင်းစွာ သိသော ကြောင့် ထိတ်လန့်ခြင်း မရှိခဲ့ ကြပေ။

လင်းယွန် ဆိုသည်မှာ၊ တခြားသော သူများ၏၊ နောက်ခံ အကြောင်း မည်သည့် အခါမျှ မတွေး ခဲ့ဘဲ၊ အုပ်စိုးရှင်များ ကိုပင် ခေါင်းထဲ မရှိသူ တစ်ဦး ဖြစ်သည်။

လူတိုင်းက သူ့ အပေါ်၊ ပလွှား နိုင်၏။ သို့သော် ထိုသူ တို့တွင် မာနနှင့် အတူ၊ လုံလောက်သော ခွန်အား မရှိ ပါလျှင်၊ လင်းယွန် ရှိရာ အရပ်သို့ မလာ သင့်ချေ။

အခြား သူများ အနေဖြင့်၊ လင်းယွန်၏ အောင်မြင်မှု များမှာ၊ မယုံ နိုင်စရာ ဖြစ်သော် လည်း၊ မိုလင်း အတွက်မူ ၎င်းကို ခန့်မှန်း နိုင်သည်။

ကျင့်ကြံမှု ခြားနား ချက်ကို လျစ်လျူ ရှု ထားနိုင်သော၊ ရှားပါး နည်းစနစ်အား လင်းယွန် တစ်ယောက် ကျင့်ကြံ နိုင်ခဲ့ခြင်း ဖြစ်မည်။

ထို့အပြင် လင်းယွန်၏ ကြောက်မက်ဖွယ် ကောင်းသော ကာကွယ်ရေး နည်းစနစ် ကိုလည်း မြင်တွေ့ ခဲ့ရ၏။

ဟွမ်ရန် အနေဖြင့် မောက်မာ ခြင်းကြောင့်၊ ထိုအရာကို လျစ်လျူရှု မိခြင်း ဖြစ်ရာ၊ ဆုံးရှုံး မှုမှာ အံ့သြ စရာ မဟုတ်ပေ။

“ လင်းယွန်၊ မင်း လုပ်ရပ်က စက်ဆုပ်ဖွယ် ကောင်းလွန်းတယ် မဟုတ်လား ...။ ”

မုရွယ်က လန့်နိုး လာပြီး လင်းယွန်ကို လှည့်ကြည့်ကာ အပစ်တင် လိုက်သည်။

“ ဟွမ်ရန်မှာ ပြင်ဆင် ချိန်တောင် မရှိ သေးဘူး။ ”

ပျော့ခွေ သတိလစ် နေသော ဟွမ်ရန်ကို တစ်ချက် ကြည့်ကာ ဆက်ပြော လိုက်သည်။

“ ဒါဆို မင်းရဲ့ ရန်သူ တွေကို၊ ခွန်အား အပြည့် ထုတ်ဖော် လာချိန် အထိ စောင့် မလို့လား၊ ပြိုင်ဘက်ကို အထင်သေး မိတဲ့ သူ့ကိုယ် သူသာ၊ အပြစ်တင် နိုင်တယ်၊ သူ့ နေရာ မှာ မင်း ဆိုရင်တောင်၊ ငါ ဒီအတိုင်း လုပ်ရ လိမ့်မယ်၊ ”

လင်းယွန်က ပြုံးကာ၊ ဆိုလိုက်သည်။

“ မင်း အနိုင် ရပြီး ပြီပဲ၊ ရက်ရက် စက်စက် ကန်ထုတ်ဖို့၊ ဒီလောက်ထိ လိုလို့လား၊ လှုပ်ရှားမှု တစ်ခုပဲ လုပ်မယ်လို့၊ သဘောတူ ထားတာလေ။ ”

ကျိုးကြောင်း ဆီလျော်မှု များမှာ၊ မုရွယ် ဘက်တွင် မရှိ သောကြောင့်၊ အကြောင်း အရာ ကိုသာ ပြောင်းလဲ အပြစ် တင်နိုင်သည်။

“ အို့ ဟုတ်လား ... ကောင်းပြီ၊ အဲဒါ အတွက် တောင်းပန် ပါတယ်၊ ငါ သူ့ကို နောက်နေ့ တောင်းပန် လိုက်မယ်။ ”

လင်းယွန်က ပြုံးလိုက်သည်။ သို့သော် သူ့စကား အတိုင်း လုပ်မည် မဟုတ်ကြောင်း၊ သိသာ နေပေသည်။

၎င်းကို သတိထား မိသော မုရွယ်က ဒေါသကြောင့်၊ မျက်နှာ တစ်ပြင်လုံး နီမြန်း သွားရ သည်။

ထိုအချိန်တွင် ဧကရာဇ် သင်ကြားရေး ခန်းမ တံခါး ပွင့်လာကာ၊ ဌာနမှူးနှင့် အတူ အကြီး အကဲ တစ်သိုက် ထွက်ပေါ် လာသည်။

လှေကား ကြမ်းပြင်တွင် ပျော့ခွေ သတိလစ် နေသော ဟွမ်ရန်ကို တစ်ချက် ငုံ့ကြည့် ပြီးနောက်၊ မျက်နှာများ ပြောင်းလဲ သွားသည်။

“ ဘာဖြစ် တာလဲ။ ”

ထိုမေးခွန်း အတွက် လူတိုင်းက လင်းယွန်ကို ပြန်ကြည့် လိုက်ကြပြီး၊ မည်သူ တစ်ဦး တစ်ယောက်မျှ စကား မဆို ဝံ့ကြပေ။

ထို့ကြောင့် ဌာနမှူး အပါ အဝင်၊ အကြီး အကဲ တိုင်း၏ အကြည့် များက၊ လင်းယွန်ထံ ရောက်ရှိ လာမိ သည်။

“ သူက တိုက်ခိုက်ဖို့ စိန်ခဲ့ပြီး၊ လက်သီး တစ်ချက် နဲ့တင် ရှုံးနိမ့် သွားပါတယ်၊ အဲဒီ အကြောင်း ဒီက မိန်းကလေး မုရွယ်ကို မေးလို့ ရတယ်။ ”

လင်းယွန်က မုရွယ်ကို ပြန်ကြည့်ကာ၊ မေးဆက် ပြလိုက်သည်။

“ ဒါ အမှန် ပဲလား။ ”

တန်ယုက မုရွယ်ကို လှမ်းကြည့်ကာ၊ မေး လိုက်သည်။

ချီတုံ ချတုံ ဖြစ်နေ သော်လည်း နောက်ဆုံးတွင် မုရွယ် တစ်ယောက် ခေါင်းညိတ် လိုက်ရသည်။

“ ဒါက အမှန် ပါပဲ။ ”

ယန်နန်းတော်၏ အထက် တန်းစား တစ်ဦးကို၊ ကန်ထုတ်ပစ် သော်လည်း၊ သူ့ အဖိုးက ကျေနပ်စွာ ပြုံးရယ် နေခဲ့သည်။

“ ယန်နန်းတော်ရဲ့ ထိပ်တန်း အတွင်း တပည့် တစ်ဦးကို၊ သတိလစ် သွားအောင် ကန်ကျောက် ပစ်ပြီး မှတော့ ... ၊ မင်းတို့မှာ ဘာမှ ပြောစရာ မရှိတော့ ဖူးလို့ ငါယုံတယ်။ ”

ထိုစကားနှင့် လှေကား ထစ်ပေါ် ခေါင်းတင် အိပ်ပျော် နေသော ဟွမ်ရန်ကို မြင်လိုက် ရသော အခါ၊ အကြီး အကဲများ အားလုံး တိတ်ဆိတ် ကုန်ကြသည်။

မုရွယ် မျက်နှာ ပေါ်ရှိ၊ သံသယကို သတိ ထားမိ သွားသော ဌာနမှူးက မျက်လုံးများ မှေးစင်း သွားကာ၊ သူ့ မုတ်ဆိတ် မွေး များကို ပွတ်သပ် လိုက်လေသည်။

“ ငါတို့ ဆွေးနွေးမှု ကနေ တစ်ဆင့်၊ လင်းယွန်ကို ရွေးချယ်ဖို့ ဆုံးဖြတ် လိုက်ပြီ၊ သဘောထား ကွဲလွဲ မှုတွေ ရှိခဲ့ ပေမယ့်၊ ကြည့်ရတာ အခုတော့ အားလုံး အဆင်ပြေ သွားပုံ ရတယ်။ ”

ခွန်အားသည် ဤကမ္ဘာ ကြီး၏ အစစ် အမှန် အမိန့် ဖြစ်သောကြောင့်၊ လင်းယွန်က အံ့သြခြင်း မရှိပေ။

ဟွမ်ရန်ကို သည့်ထက် ပို၍ ရက်စက်စွာ ရိုက်နှက် ပစ်ခဲ့ လျှင်ပင်၊ ဌာနမှူး အနေဖြင့် အပစ်တင် လာမည် မဟုတ်ကြောင်း သူ သိသည်။

“ သားငယ်လေး၊ ဆေးလုံးက အဆင်ပြေ ရဲ့လား။ ”

ဌာနမှူးက လင်းယွန်ထံ လှည့်မေး လိုက်သည်။

“ ဆေးလုံး အတွက် ကျေးဇူး တင်ပါတယ်၊ အများကြီး အကျိုးရှိ စေပါတယ်။ ”

လင်းယွန်က လက်ဝေှ့ ယမ်းကာ ပြန်ဖြေ လိုက်သည်။

“ ကောင်းလိုက်တာ၊ သွား ပြင်ဆင်တော့၊ စီနီယာ တန်ယုက ဦးဆောင်ပြီး၊ ညနေ စောင်းရင်၊ မင်းတို့ ထွက်ခွာ ရလိမ့်မယ်၊ မင်းတို့ကို စိတ်မပျက် စေနဲ့။ ”

ဌာနမှူးက မည်သူ့ အပေါ်မှ ဖိအား မပေး လိုသော လေသံဖြင့်၊ ပေါ့ပေါ့ ပါးပါးပင် ဆိုလိုက် သည်။

အကူ အညီများ ရခဲ့ လျှင်ပင်၊ ခရမ်းရောင် တောင်ကုန်း အကယ်ဒမီကို အနိုင် ယူရန်၊ သူ့ အမြင်၌ မဖြစ် နိုင်သေးချေ။

***

နေသာ စီရင်စု မြို့တော် အပြင် ဘက်ရှိ၊ ကြီးမားသော တောင်တန်းကြီး တစ်ခု ပေါ်တွင်၊ ကျင့်ကြံသူ အများ အပြား စုဝေး နေခဲ့ ကြသည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီမှာ နေသာ စီရင်စု မြို့တော်၏၊ အမည်ခံ အုပ်စိုးရှင် တစ်ဦး မျှသာ ဖြစ်သော်လည်း၊ လူအများက စိတ်ဝင်စား နေကြဆဲ ဖြစ်သည်။

ဤပြိုင်ပွဲတွင် မြောက်ပိုင်းနှင်း စံအိမ်မှ ဆောင်းကျန် ပါဝင် နေသော ကြောင့်၊ ပို၍ စိတ်လှုပ်ရှား လာစေ၏။

အများ စုမှာ သူ့ အကြောင်းကို သိထား ကြပြီး၊ တိမ်နဂါး အဆင့် ဝင်ရန် မြောက်ပိုင်း နှင်းစံအိမ်မှ ပြင်ဆင် ပေးနေ သည်ဟု သတင်း များ ထွက်နေသည်။

ဆောင်းကျန် အပြင်၊ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)က၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ ဆုံးရှုံး မှုကြောင့်၊ လူ အများကို စိတ်ဝင်စား စေသော အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပေသည်။

ဤတစ်ကြိမ် မြင့်မြတ်သော ရူရ်ကို ကာကွယ် နိုင်မည်လား သိချင် နေကြ၏။ ထို့ပြင် ကောင်းကင် ပြည်နယ် အကယ် ဒမီ သည်သာ ရှုံးနိမ့် ခဲ့သော်၊ နေသာ စီရင်စု၏ အမည်ခံ အုပ်စိုးရှင် စာရင်းကို၊ အပြောင်း အလဲ ဖြစ်စေ မည် ဖြစ်သည်။

“ ဒီမှာ လူတော်တော် များတယ်၊ ငါတို့ ရှုံးနိမ့် တာကို အရသာခံ ကြည့်ဖို့၊ သူတို့ ဒီမှာ ရှိနေတာ ဖြစ်မယ်။ ”

“ ဟိုမှာ သွေးတောင်ပံ ခန်းမ၊ သူတို့က ငါတို့ကို ရှုံးနိမ့် စေချင်တာ သေချာတယ်၊ နောက်ဆုံးတော့၊ မြင့်မြတ်သော ရူရ်တွေ မရှိ တော့ရင်၊ နေသာ စီရင်စုမှာ ငါတို့ရဲ့ ရာထူးကို ဆုံးရှုံး ရလိမ့်မယ်။ ”

လူအုပ် ကြီးကို ကြည့်လိုက် ပြီးနောက်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် များမှာ၊ မျက်နှာများ ပျက်ယွင်း ကုန်ကြသည်။

ဦးတည် ရာသို့ တဖြည်းဖြည်း ချဉ်းကပ် လာသည်နှင့် အမျှ၊ လူအုပ် ကြီး၏ အပြော အဆို များကြောင့်၊ လျူယွမ်ယန်မှာ စိတ်မသက် မသာ ခံစား လာရသည်။

မျက်နှာ သည်ပင် ဖြူဖျော့ လာတော့၏။ မျက်တောင်များ ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ စကား မဆို တော့ချေ။

သို့သော် စိတ်ထဲ ၌မူ နှလုံးသားဖြင့်၊ သူမ ကိုယ် သူမ ကတိပေး နေခဲ့သည်။ များမကြာမီ တောင်ထိပ် ပေါ်သို့ ရောက်ရှိ လာ၏။

“ ကျောက်စိမ်းဖြူ အကယ် ဒမီက၊ ... ဟိုမှာ ရောက် နေပြီ။ ”

မိုလင်းက လှမ်းကြည့်ကာ ဆိုသည်။ မလှမ်း မကမ်း အရပ် ဆီ၌၊ အဖြူရောင် ဝတ်ရုံများ ဆင်မြန်း ထားသော လူ တစ်စုကို၊ တွေ့လိုက် ရသည်။

လင်းယွန်က ကိုးရွှင်ကို ဦးစွာ မြင်၏။

( ဒီကောင် ... ။ )

စိတ်ထဲမှ ရေရွတ် လိုက်သည်။ အကယ် ဒမီကို လာရောက် လည်ပတ် စဉ်က၊ မုရွယ်သာ ဝင်ရောက် စွက်ဖက် ခဲ့ခြင်း မရှိ ပါက၊ သူ ဓားဆွဲ ရမည် ဖြစ်သည်။

သို့သော် သူ့အား လှမ်းကြည့် နေသော ကေျာက်စိမ်းဖြူ အကယ်ဒမီ၏ တပည့်များ မျက်ဝန်းတွင်၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် များဖြင့် ပြည့်နှက် နေလေသည်။

ကျောက်စိမ်းဖြူ အကယ်ဒမီ အနေနှင့်၊ မုရွယ်ထက် ပို၍ သူ့အပေါ် ပို၍ လေးနက် နေပုံ ရသည်။

ယင်းကြောင့် သဘော ကျစွာ ပြုံးရယ် လိုက်ပြီး၊ ကိုးရွှင် ဘေးတွင် ရပ်နေသော လူ နှစ်ယောက်ထံ၊ အကြည့် ရွေ့လိုက်သည်။

၎င်းတို့ နှစ်ယောက် အနက် တစ်ယောက်မှာ၊ သူ့ ခန္ဓာကိုယ် တစ်ဝက် နီးနီး၊ ကြီးမားသော ဓားပြား ကြီးကို ကိုင်ဆောင် ထားသည်။

ကျန်တစ်ဦးမှာ ခေါက်ယပ်တောင် တစ်ချောင်းအား ကိုင်လျက် လင်းယွန်ထံ ပြုံးကြည့် နေသည်။

သို့သော် သူ့ မျက်လုံး များ၌၊ အခြား သူများကို စိတ်မသက် မသာ ဖြစ်စေသော ချောက်ချားဖွယ် ခံစား ချက်များ၊ ပေးစွမ်း နေလေသည်။

ထို့နောက် လင်းယွန်က လေးနက်သော အမူ အရာဖြင့် သူ့ အကြည့်ကို ပြန်ရုတ် လိုက်သည်။ ကျောက်စိမ်းဖြူ အကယ်ဒမီမှာ၊ ကိုင်တွယ် ဖြေရှင်းရန် မလွယ် ကူကြောင်း၊ သူပြော နိုင်သည်။

“ ဓားပြားကြီး ကိုင်ထားတဲ့ သူက၊ လိုရှန်းပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်က ကျောက်စိမ်းဖြူ အကယ် ဒမီ ကနေ၊ ခရီးကြမ်း ထွက်သွားခဲ့ တာကြောင့်၊ သူ့ အကြောင်း လူသိပ် မသိ ကြဘူး။ ”

“ သူ ... ဓားဆွဲ တာကို ဘယ်သူမှ မတွေ့ ဖူးဘူး၊ ကျောက်စိမ်းဖြူက သူ့ကို ဝှက်ဖဲ အဖြစ် သုံးချင် နေတာ ဖြစ်မယ်။ ”

ဤလူမှာ မိုလင်းကို ခေါင်းကိုက် စေ၏။ ထို့ကြောင့် မျက်မှောင်ကြုတ်လျက် ခေါင်းရမ်း လိုက်မိသည်။ လိုရှန်းမှ လွဲ၍ လူတိုင်း၏ အချက် အလက်များ၊ စုဆောင်း နိုင်ခဲ့သည်။

“ လိုရှန်း ဘေးက လူက ... ”

မိုလင်းက စကား ခဏ ရပ်ကာ၊ လင်းယွန်ကို ပြန်ကြည့် လိုက်၏။ ပြီးနောက်

“ သူ့ နာမည်က ချန်းယု၊ ကျောက်စိမ်းဖြူ အကယ် ဒမီရဲ့၊ အစွမ်း ထက်တဲ့ ပါရမီရှင် တစ်ဦးပဲ၊ ရူရ်တွေ အပေါ် သူရဲ့ အောင်မြင် မှုက အရမ်း ကြောက်စရာ ကောင်းတယ်၊ ... ”

“ ... နှစ်နှစ် အတွင်း၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်လာ ခဲ့တယ်၊ လွန်ခဲ့တဲ့ ရက် အနည်းငယ်က ငါတို့ အကယ် ဒမီမှာ၊ မင်း ... အရှက်ခွဲ ခဲ့တဲ့ အဖြူဝတ် လူငယ်က၊ သူ့ ညီ ... ။ ”

ဤချန်ယု၏ အကြည့်များ အဘယ်ကြောင့်၊ ဤမျှ ထူးထူး ခြားခြား ဖြစ်နေ ခဲ့သည်ကို နားလည် သွားမိသည်။

ကျောက်စိမ်းဖြူ အကယ်ဒမီ၏ တပည့်များ သာမက၊ အကြီး အကဲများ သည်ပင်၊ လင်းယွန် အပေါ်၊ စူးရှစွာ လှမ်းကြည့် လာကြသည်။

“ ကောင်းကင် ပြည်နယ်က ယန်နန်းတော်ရဲ့၊ အထက် တန်းစား တစ်ဦးကို ဖိတ်ကြား ခဲ့တယ် မဟုတ်လား၊ ဒီကောင်လေးက ဘယ်သူလဲ။ ”

“ ဟား ဟား ဟား၊ သူတို့ ပြုတ်ကျ သွားတာ ဖြစ်နိုင်တယ်၊ နောက်ဆုံးတော့၊ အုပ်စိုးရှင် တပ်ဖွဲ့ ကနေ၊ အထက် တန်းစား တစ်ဦးကို ရဖို့ ဆိုတာ၊ လွယ်ကူတဲ့ အရာ မဟုတ် ပါဘူး။ ”

“ ကောင်းကင် ဓားဂိုဏ်းက မုရွယ် ရှိနေ ပြီပဲ၊ ကောင်းကင် ပြည်နယ် အတွက်၊ အဆိုး ကြီးတော့ မဟုတ်သေး ပါဘူး။ ”

“ ... မှန်တယ် အုပ်စိုးရှင် တပ်ဖွဲ့ ကနေ၊ နောက်ထပ် ပါရမီရှင် တစ်ဦးသာ ဖိတ်ခေါ် နိုင်ခဲ့ရင်၊ ငါတို့ အတွက် တကယ် ခက်ခဲ ရ လိမ့်မယ်၊ ဒါပေမယ့် အခုတော့ အဲဒါ အတွက် စိုးရိမ် နေစရာ မလို တော့ပါဘူး။ ”

“ ဘာပဲ ဖြစ်ဖြစ် ... သူတို့က အရေး မကြီး တော့ပါဘူး၊ ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့၊ မထိုက် တန်တော့တာ သေချာတယ်။ ”

ကေျာက်စိမ်းဖြူ အကယ်ဒမီ အဖွဲ့ဝင် များမှာ၊ ပေါ့ပေါ့ ပါးပါး အမူ အရာဖြင့် ၎င်းတို့၏ အကြည့် များကို ရုပ်သိမ်း သွားသည်။

သို့သော် ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ အကြောင်း၊ တွေးမိ သွားသော အခါ၊ သူတို့ မျက်နှာများ ညှိုးနွမ်း သွားရ၏။

ထို့နောက် သူတို့ မျှော်လင့် ချက်မှာ၊ ကိုးရွှင် အပေါ်တွင်သာ ရှိနေကြောင်း၊ သတိရ သွားကာ လှည့်ကြည့် လိုက်ကြသည်။

၎င်းကို သတိ ပြုမိ လိုက်သော ကိုးရွှင် အနေဖြင့်၊ ပြုံးရယ် လိုက်ပြီး၊

“ ဆောင်းကျန်က သန်မာတာ မှန်ပါတယ်၊ ဒါပေမယ့် ငါဆိုတဲ့ သူကလည်း၊ အလွယ် တကူ အနိုင် ယူလို့ ရတဲ့သူ မဟုတ် ပါဘူး၊ အဲဒါကို စိတ်မပူ ပါနဲ့၊ ဆောင်းကျန်က ဒီအခွင့် အရေးကို အသုံး ချချင် သလို၊ ငါလည်း အတူတူ ပါပဲ။ ”

ကိုးရွှင်၏ ဂုဏ် သတင်းမှာ တောက်ပခြင်း မရှိသေး သော်လည်း၊ မြင့်မားသော ရည်မှန်းချက် ရှိသည်။

အုပ်စိုးရှင် တပ်ဖွဲ့များ၏ အထက် တန်းစား တိုင်းက၊ နှစ်ဝက် ခန့်သာ လိုတော့သည့် သွေးစွန်းသော ဧည့်ခံပွဲ အပေါ်၊ အာရုံ စိုက်နေ ကြသည်ကို သူ သိသည်။

ထို့ကြောင့် ဤပြိုင်ပွဲမှာ သူ့အတွက် အခွင့် အရေး တစ်ရပ် ဖြစ်သည်။

ကျောက်စိမ်းဖြူ အကယ် ဒမီမှာ၊ ကိုးရွှင် စကားကြောင့် အနည်းငယ် စိတ်သက် သာရာ ရသွား တော့သည်။

***

All Chapters