← Chapters

မိုးသားပြာ အကယ်ဒမီ။

Vol. 41 Ch. 561

မိုးသားပြာ အကယ်ဒမီ။

Vol. 41 Ch. 561

“ ဒါက မိုးသားပြာ အကယ်ဒမီပဲ၊ သူတို့က ပြင်ပ အကူ အညီ ပေးသူ အဖြစ်၊ တိမ်ယံ သုံးဆင့် ဂိုဏ်းက ဂျိန်းယီကို ခေါ်ထားတယ်၊ ... ”

“ ... ဂျိန်းယီက တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့၊ အတွင်း တပည့်တွေ အနက်၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်တယ်၊ ‘မူလ ဖျက်စီးခြင်း’ နည်းစနစ်ကို၊ အဋ္ဌမ အဆင့် အထိ ယူဆောင် နိုင်ခဲ့တဲ့ အတွက်၊ သိုင်းပညာမှာ ထူးချွန် သူလို့ ယူဆ ကြတယ်။ ”

“ ဟောဟိုက ‘တိမ်သာ’ အကယ်ဒမီပဲ၊ သူတို့ရဲ့ ပြင်ပ အကူ အညီက၊ ‘သစ်ပြာတော’ရဲ့ ဘိုင်ယုချန်၊ သူကတော့ ထူးခြားတဲ့ ကိုယ်ရည် ကိုယ်သွေး မရှိဘူး၊ ဒါပေမယ့် ... ”

“ ... သူ့မှာ အစွမ်း ထက်တဲ့ ဝိညာဉ် ရေးရာ ပစ္စည်းတွေ ရရှိ တာကြောင့်၊ ဖိတ်ခေါ် ခဲ့တာလို့ ကြားမိတယ်။ ”

မိုလင်းက စိတ်ရှည် လက်ရှည် ရှင်းပြ လာခဲ့ သည်။ ဤအချက် အလက်များ စုဆောင်း ဖို့ရန်၊ အများကြီး ကြိုးစား ခဲ့ရကြောင်း၊ လင်းယွန် ပြောနိုင်သည်။

မုရွယ် စကား များမှာ အမှန် ပေပင်။ အကယ်ဒမီ အသီးသီးမှ ဖိတ်ကြား ထားသော ဧည်သည် ပြိုင်ပွဲဝင် များမှာ၊ သူတို့၏ မျှော်လင့် ချက်များ ဖြစ်လေသည်။

ရိုးရှင်းသော အသွင်ဖြင့် ရှိနေသော ဘိုင်ယုချန်ကို ဦးစွာ လှမ်းကြည့် လိုက်သည်။

ထိုလူငယ်၏ မျက်ဝန်း များမှာ လွန်စွာ တောက်ပ နေပြီး၊ စိတ် စွမ်းအင် များဖြင့် ပြည့်နှက် နေလေသည်။

ဂျိန်းယီ အသွင်မှာ ပို၍ပင် ယေဘုယျ ဆန်လှ၏။ လင်းယွန် ကဲ့သို့ အပြာရောင် ဝတ်ရုံ အား၊ ဆင်မြန်း ထားပြီး၊ မျက်လုံးများ မှိတ်ချ ထား လေသည်။

ဤလူမှာ ဘိုင်ယုချန်ထက် ပို၍ ဒုက္ခ ပေးနိုင်ကြောင်း ခံစား မိသည်။

တိမ်ယံ သုံးဆင့် ဂိုဏ်း၏၊ အတွင်း တပည့်များ အနက်၊ ထိပ်ဆုံး ဆယ်ဦး စာရင်း ပါဝင် နိုင်သည် ဖြစ်ရာ၊ သူ့ပေါ် လျှော့တွက်ရန် သတ္တိ မရှိပေ။

“ စိတ်ဝင် စားစရာ ကောင်းတယ်။ ”

အကြောင်း တစ်ခုခုကြောင့် လင်းယွန် နှလုံး သားတွင်၊ မျှော်လင့်ချက် အချို့ ပြည်နှက် လာသည်။

နေသာ စီရင်စု မြို့သို့ ရောက်ရှိ လာပြီး နောက်တွင်၊ တိုက်ပွဲ များစွာ ကြုံခဲ့ရ သော်လည်း၊ အားလုံးမှာ ကောင်းကင် ပြည်နယ် တပည့် များနှင့်သာ ဖြစ်သည်။ အုပ်စိုး ရှင်များ အကြောင်း၊ သူ ကြားဖူး ရုံမျှသာ ရှိပေ၏။

သို့သော် ခရမ်းရောင် တောင်ကုန်းရှိ၊ ဆောင်းကျန် ဆိုသော လူကို တွေ့ချင် မိသေး သည်။

ဆောင်းကျန် ဆိုသည်မှာ တိမ်နဂါး အဆင့်တွင်၊ မြင့်မြင့် ပျံသန်း နိုင်ရန် မြောက်ပိုင်း နှင်းစံအိမ် အနေဖြင့်၊ ပျိုးထောင်ပေး ထားသော ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ဤအခိုက် အတန့်တွင် တစ်စုံ တစ်ယောက် သူ့အား စိုက်ကြည့် နေသည်ကို ခံစား လိုက်ရ သည်။

ထို့ကြောင့် ခေါင်းမော့ ပြန်ကြည့် လိုက်ရာ၊ မုရွယ်၏ လေးနက်သော အကြည့် များဖြင့် ဆုံမိ သွားသည်။

စကား တစ်ခွန်းမှ မပြော သော်လည်း၊ သူမ ပြောချင် နေသော စကားလုံး များကို၊ လင်းယွန် နားလည် နိုင်သည်။

အကယ်ဒမီ ငါးခု ပြိုင်ပွဲ ဆိုသည်မှာ၊ အုပ်စိုးရှင် ဂိုဏ်းများရှိ ထူးချွန် ထက်မြက် သူများ အတွက်၊ ရည်ရွယ် ထားခြင်း ဖြစ်ကြောင်း၊ သူမ ပြောလို ပုံ ရ၏။

ဤနေရာတွင် လူများစွာ စုရုံး နေခဲ့ ကြပြီး ၎င်းတို့၏ အာရုံမှာ၊ ကိုးရွှင်၊ ဂျိန်းယီနှင့် ဘိုင်ယုချန် တို့ တွင်သာ ရှိလေသည်။

အင်ပါယာပေါင်း ထောင်ဂဏန်း အထိ ရှိနေသော၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး တစ်ခုလုံးတွင်၊ အုပ်စိုးရှင် အင်အား စုမှာ ကိုးစုသာ ရှိ၏။

မဟာချင် အင်ပါယာတွင်၊ အုပ်စိုးရှင် အင်အားစု များ၏ အမည် များကို ကြားမိ ပါက၊ လူတိုင်း တုန်လှုပ် သွားမည်မှာ သေချာသည်။

၎င်းတို့၏ တပည့် များမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တခွင်၊ တောက်ပစွာ ထွန်းလင်း နေသော ကြယ်တာရာ များကဲ့သို့၊ လူတိုင်း အပေါ် ဆွဲဆောင်နိုင် လွန်းပေ၏။

သို့သော် ထိုသူများ အနေဖြင့်၊ တခြားသူ များထက် ပို၍ ကြီးမြတ် နေသယောင် ပြုမူ နေကြ ခြင်းမှာ၊ ရယ်စရာ ကောင်းလှ လေသည်။

ပြိုင်ဘက် ဖြစ်လာသည့် နောက်တွင်၊ သူတို့ ထံ၌ မည်သည့် အတွက်မှ၊ ဦးညွှတ် မိမည် မဟုတ်ချေ။

မျက်လုံး မှိတ်လျက် အရာရာကို လျစ်လျူရှု သွားသော လင်းယွန်၏ မျက်နှာ ပေါ်တွင်၊ မည်သည့် အပြောင်း အလဲမှ၊ မရှိ သည်ကြောင့်၊ မုရွယ် တစ်ယောက် ဒေါသ ဖြစ်လာ ရသည်။

ဟွမ်ရန်ကို အနိုင်ယူ နိုင်လိုက် ရုံဖြင့်၊ ဤလင်းယွန်မှာ ဘဝင်မြင့် နေခဲ့သည်။

စင်ပေါ်၌၊ ပြိုင်ဘက် များအား အနိုင်ယူ နိုင်သော၊ အရည် အချင်း ရှိ၊ မရှိ ဆက်ကြည့် ရပေမည်။

အချိန် ကြာ လာသည်နှင့် အမျှ၊ ပတ်ဝန်း ကျင်ရှိ ဆွေးနွေး သံများ တဖြည်းဖြည်း ကျယ်လောင် လာသည်။

ခဏ အကြာတွင် တောင်ကြီး တစ်ခုလုံး ရွေ့သွား သကဲ့သို့၊ လှုပ်လှုပ် ရှားရှား ဖြစ်လာ ကုန် ကြ၏။

“ လာပြီလား။ ”

လင်းယွန်ပင် မျက်လုံးများ ပြန်ဖွင့်ကာ၊ ဝင်ပေါက်ကို လှမ်းကြည့် လိုက်သည်။ ဝံ့ကြွားသော အမူအရာဖြင့် လျှောက်လှမ်း လာနေသော အဖွဲ့ တစ်ဖွဲ့အား မြင်လိုက် ရသည်။

အဖွဲ့ကို ဦးဆောင်လာ သူ၏ အသွင် အပြင်မှာ ထူးခြားသော ဟန်အမူ အရာများ ရှိ မနေချေ။ သူတွင် နှိမ့်ချ လိုသော စိတ်ထားမျိုး ရှိနေ သော်လည်း၊ လင်းယွန်ကို စိတ်မသက် မသာ ဖြစ်လာ စေသည်။

လူငယ် တစ်ယောက်၏ တက်ကြွ မောက်မာသော အသွင်မျိုး မရှိ ခဲ့ဘဲ၊ ငရဲမှ တိုးထွက် လာသော သရဲဓား တစ်လက် ကဲ့သို့ ခံစား လာရ စေသည်။

ဤသူကို မြင်ဖူး ထားခြင်း မရှိ သော်လည်း၊ ဆောင်းကျန် ဖြစ်ရ မည်ဟု ယုံကြည်သည်။ လင်းယွန် သာမက ဂျိန်းယီ၊ ဘိုင်ယုချန်နှင့် ကိုးရွှင် တို့ပါ၊ ထိုသူ့အား စူးစိုက် ကြည့်လာ ကြ၏။

ဤလူငယ်မှာ လွန်ခဲ့သည့် တစ်နှစ် ကပင် အလယ် အလတ် ယန် အဆင့်ရှိ၊ လမ်းလွဲ ကျင့်ကြံသူ တစ်ဦးကို သတ်ပစ် ခဲ့ကြောင်း၊ သတင်းများ ထွက်ပေါ် နေခဲ့ သည်။

လက်ရှိ ကျင့်ကြံမှု အပေါ် အတိ အကျ မပြော နိုင်ကြ သော်လည်း၊ ခန့်မှန်း ကြည့်နိုင် သည်။

ဆောင်းကျန်၏ ဂုဏ် သတင်းမှာ သူတို့ သုံးယောက် ပေါင်းထား သည် ထက်ပင်၊ သာပေ သည်။ မည်သူမျှ ပေါ့ပေါ့ တန်တန် သဘော မထား ဝံ့ကြပေ။

“ အကယ်ဒမီ (၅)ခု ပြိုင်ပွဲ ကို အနှစ် (၂၀) ကြာရင်၊ တစ်ကြိမ် ကျင်းပ လေ့ရှိတယ်၊ ဒီပွဲရဲ့ စည်းမျဉ်းတွေ အကြောင်း၊ လူတိုင်း ပြီးသား ဖြစ်ပေမယ့် ထပ်ပြော ပါ့မယ်၊ ... ”

“ ... ပထမ အကျော့မှာ အကယ်ဒမီ လေးခုက၊ အချင်းချင်း ရင်ဆိုင် ရမှာ ဖြစ်ပြီး နောက်ဆုံး အနိုင် ရရှိ သူ ကသာ၊ ယခင် ပြိုင်ပွဲရဲ့ ချန်ပီယံကို စိန်ခေါ် ခွင့် ရမှာပါ၊ ... ”

“ ... ပထမ အကျော့ အတွက် အကယ်ဒမီ တစ်ခု စီက၊ ပြိုင်ပွဲဝင် သုံးဦး စေလွှတ် နိုင်ပြီး၊ ပထမ အကျော့ရဲ့ အောင်နိုင် သူကို ဆုံးဖြတ် ပါမယ်၊ ...”

“ ... ဒုတိယ ပွဲစဉ် မှာတော့ နှစ်ဖက် စလုံးက၊ သူတို့ရဲ့ အသန် မာဆုံး ပြိုင်ပွဲ ဝင်ကို စေလွှတ် ပြီး၊ အနိုင် အရှုံး ပေါ်တဲ့ အထိ ယှဉ် ပြိုင်ရ မှာပါ။ ”

စည်းကမ်းချက် များကို ကောင်းကင်မှ ဆင်းသက် လာသော ဒိုင်အဖိုးအို တစ်ဦးက ကြေညာ ပေးခဲ့သည်။

အဆိုပါ အဖိုးအိုမှာ နေသာ စီရင်စု မြို့တော်ရှိ၊ မျိုးနွယ်စု တစ်ခု၏ အကြီးအကဲ တစ်ဦး ဖြစ်သည်ကို လူတိုင်း သိသည်။

တန်ယုက သင်္ကေတ တစ်ခုအား ထုတ်ယူပြီး၊ လေနက်သော အမူ အရာဖြင့်၊ မူလ စွမ်းအင်ကို ၎င်းထဲသို့ သွန်းလောင်း လိုက်သည်။

နောက်တစ် စက္ကန့်တွင် ထိုသင်္ကေတအား၊ ကောင်းကင် ပေါ်သို့ ပစ်လွှတ် လိုက်လေရာ၊ အလင်း တိုင်ကြီး တစ်ခု အဖြစ် ပြောင်းလဲ ထွက်ပေါ် လာ၏။

အခြားသော အကယ်ဒမီ လေးခု သည်လည်း၊ အလားတူ သင်္ကေတ များကို ပစ်ထုတ် လိုက်ကြ သည်။

သင်္ကေတ လေးခု အစား၊ အနက်ရောင် အလင်းတိုင် နှစ်တိုင်နှင့်၊ အဖြူရောင် အလင်းတိုင် နှစ်တိုင်၊ ဖြစ်ပေါ် လာသည်။

စည်းမျဉ်း အရ အနက်ရောင် အလင်း တိုင်သည်၊ အခြားသော အနက်ရောင် အလင်း တိုင်ကို ရင်ဆိုင် ရမည် ဖြစ်ပြီး၊ အဖြူရောင် အလင်းတိုင် သည်လည်း၊ အလားတူ ရင်ဆိုင် ရပေမည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီမှာ အနက်ရောင် အလင်းတိုင် ဖြစ်ပြီး၊ အခြားသော အလင်း တိုင်မှာ မိုးသားပြာ အကယ်ဒမီ ဖြစ်သည်။

“ မိုးသားပြာ အကယ်ဒမီ ။ ”

မိုလင်း၏ မျက်လုံးများ မှေးကျဉ်း သွားသည်။

“ မိုးသားပြာ အကယ်ဒမီက ကိုင်တွယ် ရတာ မခက် ပါဘူး၊ ငါတို့ရဲ့ လူ စာရင်းကို ဆုံးဖြတ် ရအောင်။ ”

အင်အား အနည်းဆုံး ပြိုင်ပွဲ ဝင်မှာ၊ တစ်ဖက် အသင်း၏ အသန် မာဆုံး ပြိုင်ပွဲ ဝင်ဖြင့် ရင်ဆိုင် ရပါ၊ ရှုံးနိမ့် ဖို့ရန် အခွင့် အရေး များပေသည်။

ထို့ကြောင့် ပွဲစဉ် ဇယားစွဲ ရာတွင်၊ ဗျူဟာ အချို့လည်း လိုပေ၏။ ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေဖြင့်၊ အင်အား အနည်း ပြိုင်ပွဲဝင် နေရာတွင်၊ လျူယွမ်ယန်ကို သတ်မှတ် လိုက်ကြသည်။

သဘာဝ အတိုင်း လျူယွမ်ယန်ကို ပထမ ပွဲစဉ်တွင် စေလွှတ်ရန် ဆုံးဖြတ် လိုက်၏။ လင်းယွန်နှင့် မုရွယ်တို့ ကိုမူ၊ နောက်ပိုင်း ပွဲစဉ် အတွက် ရည်ရွယ်သည်။

“ ငါက ဘယ်အချိန် ဖြစ်ဖြစ်၊ သွားနိုင် ပါတယ်။ ”

လင်းယွန်က ခေါင်းညိတ်ကာ ဆိုသည်။

“ ဒါဆို မင်း ... ဒုတိယ ပွဲ အတွက် သွားလိုက်၊ မုရွယ်က နောက်ဆုံး သွားလိမ့်မယ်။ ”

မိုလင်း၏ ဗျူဟာ အပေါ်၊ မုရွယ်က ငြင်းဆန် ခြင်း မရှိချေ။

“ ပြောစရာ မရှိပါဘူး။ ”

ဒုတိယ ပွဲစဉ်မှာ အရေးကြီး သောကြောင့်၊ လင်းယွန်၏ ဖျော်ဖြေမှု ကိုလည်း၊ သူမ မြင်ချင်သည်။

လျူယွမ်ယန် ရှုံးခဲ့သော် ဖိအားက ကြီးမား ပေလိမ့်မည်။ ဆန့်ကျင်ဘက် အနေဖြင့် လျူယွမ်ယန် အနိုင် ရပါလျှင်၊ လင်းယွန်မှာ အရေးကြီး လာပေ၏။

လင်းယွန်မှာ မိုလင်း အတွက်၊ မျှော်လင့်ချက် ဖြစ်သည်ကို မည်သူ မဆို ပြောနိုင်သည်။

“ အမည်းရောင် ...၊ နှစ်ဖက် စလုံးက မင်းတို့ရဲ့ ပထမဆုံး ပြိုင်ပွဲ ဝင်ကို လွှတ်ပေးပါ။ ”

ဒိုင် အဖိုးအို အသံ ပဲ့တင်ထပ် လာသည်နှင့်၊ လျူယွမ်ယန်က ကောင်းကင် ပေါ်သို့ ခုန်တက် သွားတော့သည်။

“ ဒါက လျူယွမ်ယန်ပဲ။ ”

“ အိုး ... စိတ်ဝင် စားစရာ ပါလား၊ သူ့ အဖေက လွန်ခဲ့တဲ့ ပြိုင်ပွဲမှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို၊ အရှက်ရ စေတဲ့သူ မဟုတ်လား။ ”

“ အကယ်ဒမီက နှစ်နှစ်ဆယ် အကြာမှာ၊ သူ့ကို ပထမဆုံး စေလွှတ် လာလိမ့် မယ်လို့ မမျှော်လင့် ထားမိဘူး။ ”

“ သူတို့ ယန်နန်းတော်ရဲ့၊ အကူ အညီ မရခဲ့ ဖူးလို့ ငါကြားတယ်၊ ဒါကြောင့် မဟာချင် အင်ပါ ယာက ဓားသမား တစ်ဦးကို ခေါ်ယူ ထားတယ်။ ”

“ လျူယွန်ယန်သာ ဒီတိုက် ပွဲကို ရှုံးခဲ့ရင်၊ အကယ်ဒမီ အတွက် အန္တရာယ် ရှိလိမ့်မယ်။ ”

လျူယွမ်ယန် ထွက်ပေါ် လာသည်နှင့်၊ အနီး ပတ်ဝန်း ကျင်တွင် ဆွေးနွေး သံများ ဆူညံ လာလေသည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ အကြီး အကဲ များနှင့် တပည့် များ သည်ပင်၊ စိတ်လှုပ်ရှား မှုကို မထိန်းနိုင် ခဲ့ပေ။

တစ်ချိန်တည်း မှာပင် လျူယွမ်ယန်၏ ပြိုင်ဘက် ဖြစ်သော၊ လူရိပ် တစ်ရိပ် စင်မြင့် ပေါ်သို့၊ ညင်သာစွာ ဆင်းသက် လာတော့သည်။

“ သူက ချောင်ချင်းပဲ၊ မိုးသားပြာ အကယ် ဒမီရဲ့ အင်အား အနိမ့် ကျဆုံး ပြိုင်ပွဲဝင် တစ်ယောက်၊ လျူယွမ်ယန်သာ ပုံမှန် အတိုင်း စွမ်းဆောင် နိုင်ရင်၊ အနိုင် ရဖို့ အခွင့် အရေး များတယ်။ ”

မိုလင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ သို့သော် မိုလင်း တစ်ယောက် လက်ချောင်းများ တစ်လှုပ်လှုပ် ကစားနေ သည်ကို၊ လင်းယွန်က သတိပြု မိသည်။ မြင်သလောက် တည်ငြိမ်ပုံ မရချေ။

“ လင်းယွန်၊ ဒီတိုက်ပွဲမှာ ငါတို့ ရှုံးခဲ့ ရင်တောင်၊ မင်း ... အနိုင် ယူနိုင် သရွေ့ ငါတို့မှာ၊ မျှော်လင့်ချက် ရှိပါ သေးတယ်။ ”

ရုတ်တရက် မိုလင်းက လင်းယွန်ကို လှည့်ကြည့်ကာ ဆိုသည်။ တန်ယုနှင့် အခြားသော အကြီး အကဲ များက၊ လင်းယွန် မည်မျှ စွမ်းသည်ကို သိ၏။

လင်းယွန်၏ ခွန်အား အပေါ်၊ ကျင့်ကြံမှု အဆင့်ဖြင့် တိုင်းတာ နိုင်သောသူ၊ မဟုတ် ကြောင်းလည်း နားလည် ထားသည်။

သို့သော် သူ့ ပြိုင်ဘက်မှာ၊ တိမ်ယံ သုံးဆင့် အကယ် ဒမီ၏ ပါရမီရှင် ဂျိန်းယီ ဖြစ်နိုင်သည်။

ထို့ကြောင့် လင်းယွန် တစ်ယောက်၊ သူ့ ပြိုင်ဘက်ကို အနိုင် ယူ၍ မပြီး မချင်း၊ မည်သူမျှ စိတ်သက် သာရာ ရမည် မဟုတ်ပေ။

“ ငါ့ကို စင်ပေါ် တက်ခွင့် ...၊ မင်း ပေးနိုင် မယ်လို့ မျှော်လင့် မိပါတယ်၊ မဟုတ်ရင် ငါ့ရဲ့ ခရီးက အချည်းနှီး ဖြစ်ရ လိမ့်မယ်။ ”

မုရွယ်က အေးစက်စွာ ဆိုလိုက်သည်။ ထို့ကြောင့် လင်းယွန်က စူးရှစွာ တစ်ချက် ကြည့်လိုက်ပြီး၊ ပြိုင်ပွဲ စင်မြင့်ပေါ် ပြန်လှည့် သွားမိ၏။

သူ့ အနေဖြင့် စကား များများ၊ ပြောတတ် သူ တစ်ယောက် မဟုတ် သောကြောင့်၊ အနှောက် အယှက် မဖြစ် ခဲ့ပေ။

အချိန် သည်သာ မည်သူက၊ ဖားငယ် ဖြစ်ကြောင်း၊ မုရွယ်ကို ပြန်ဖြေ ပေလိမ့်မည်။

***

All Chapters