← Chapters

အောင်ပွဲဖြင့် စတင်ခြင်း။

Vol. 41 Ch. 562

အောင်ပွဲဖြင့် စတင်ခြင်း။

Vol. 41 Ch. 562

လျူယွမ်ယန် စင်ပေါ် ရောက်သည်နှင့်၊ သူမ ဖခင်မှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီကို၊ အရှက် ရစေခဲ့ ပုံအကြောင်း၊ ပရိသတ် များက ပြောဆို လာကြသည်။

မောက်မာ လွန်းသူ၊ ကိုယ့်အထွာ ကိုယ် မသိသူ၊ ခါချဉ်ကောင် မာန်ကြီး တောင်ကြီးကို ဖြိုမယ်ကြံ ခါးက မသန်၊ အမှိုက် စသည့် ရည်ညွှန်း နာမ်စား အမျိုး မျိုးကို အသုံး ပြုနေ၏။

ထို့ကြောင့် ဆယ်စုနှစ် နှစ်ခု ကြာပြီး သည့်တိုင်၊ လျူယွမ်ယန်မှာ အာရုံ စူးစိုက် မှု၏ ဗဟိုချက် ဖြစ်လာ နေဆဲ ဖြစ်သည်။

စင်မြင့်နှင့် ပရိသတ် ထိုင်ခုံများ ကြားတွင် အနည်း ငယ်သာ ကွာဝေး သောကြောင့်၊ ထိုသူတို့ ပြော သမျှကို လျူယွမ်ယန် အနေဖြင့် ရှင်းရှင်း လင်းလင်း ကြားနိုင်သည်။

ထို့ကြောင့် သူမ မျက်နှာတွင် အပြောင်း အလဲ အချို့ ရှိလာပြီး၊ နဖူးမှ ချွေးသီးများ ကျဆင်း လာတော့၏။

ချောင်ချင်းက ၎င်းကို ပို၍ မြင်နိုင် သောကြောင့်၊ ပြုံးရယ် မိသည်။

တိုက်ပွဲ မစခင် ပြိုင်ဘက် စိတ်ဓာတ် ပြိုလဲ လာရ ခြင်းမှာ၊ သူ့ အတွက် သတင်းကောင်း တစ်ရပ် ဖြစ်၏။

မိုးသားပြာ အကယ်ဒမီရှိ အခြား တပည့် များနှင့် အကြီးအကဲ များ၏၊ မျက်နှာ ပေါ်တွင် အပြုံးများ တွဲခို လာလေပြီ။

အခြား တစ်ဖက်တွင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အနေဖြင့်၊ စိတ်လှုပ်ရှား လာ၏။ ပွဲစဉ် တိုင်းတွင် အနိုင် ရရှိရန် အရေးကြီး ပေသည်။

လျူယွမ်ယန်သာ အနိုင်ရ ခဲ့ပါလျှင်၊ အကယ်ဒမီ အတွက် များစွာ အထောက် အကူ ဖြစ်စေမည်။

“ အစ်မ လျူက နည်းနည်းတော့ စိုးရိမ်စိတ် ဝင်နေ ပုံပဲ၊ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရလာဒ် ကောင်းလိမ့်မယ် မထင်ဘူး။ ”

လျူယွမ်ယန် တစ်ယောက် စိတ် အခြေ အနေ မကောင်းကြောင်း၊ သတိ ပြုမိ သောကြောင့် မုရွယ်က ခေါင်းကို ခါယမ်း လိုက်သည်။

“ မဟုတ်ဘူး ...၊ ငါ သူ့ကို ယုံတယ်။ ”

သို့သော် သူမ ပြောသည့် စကားနှင့်၊ ဆန့်ကျင်ဘက် တုန့်ပြန် လာသော လင်းယွန် ကြောင့်၊ မျက်မှောင် ကြုတ်လိုက် မိသည် ။

ဤအခြေအနေ အောက်တွင်၊ အစ်မလျူ အနေဖြင့် ပြိုင်ဘက်ကို အနိုင်ယူ နိုင်လိမ့် မည်ဟု သူမ မယုံ နိုင်ပေ။

“ စကြ ရအောင်။ ”

ပြိုင်ပွဲ စတင်ရန် အချက်ပြ လိုက်ပြီး၊ စင်မြင့် ပေါ်မှ ဒိုင်အဖိုးအိုက ခုန်ဆင်း သွားသည်။

“ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုက အရှက်ကွဲ ခဲ့တဲ့၊ မင်းအဖေ အတွက် စိတ်မကောင်း ပါဘူး၊ ဒါပေမယ့် ဒီနေ့တော့ မင်းကို အနိုင်ယူ ရလိမ့်မယ်။ ”

လက်ရုံးရည် တိုက်ပွဲ မစတင်မီ၊ ချောင်ချင်းက နှလုံးရည် တိုက်ပွဲကို စတင် လိုက်သည်။

“ မင်း ... စွမ်းရင် ငါ့ကို အနိုင် ယူပါ။ ”

လျူယွမ်ယန်က တင်းမာသော အမူ အရာဖြင့် ဆိုသည်။ ဓားကို ဆွဲထုတ်ကာ၊ ချောင်ချင်းကို ခုတ်ချ လိုက်၏။

ချောင်ချင်းက ရှေးဟောင်း နတ်ဆိုးသားရဲကြီး တစ်ကောင် ကဲ့သို့ ဟိန်းဟောက် လိုက်ပြီး၊ မူလ စွမ်းအင် များကို စုစည်း သည်။

လျှပ်စီးများ လင်းလက် လာချိန်၌၊ လက်သီးကို ထုတ်ဖော်ကာ၊ သူ့ ဆီသို့ ရောက်ရှိ လာသော ဓားအလင်းကို ထိုးချ ဖျက်ဆီး ပစ်လိုက်သည်။

“ ဒီဓားရေးမှာ အားနည်း ချက်တွေ အများ ကြီး၊ ရှိ နေတယ်။ ”

တန်ယုက တိုက်ပွဲကို လှမ်းကြည့်ကာ၊ ခေါင်းယမ်း လိုက်သည်။ လျူယွမ်ယန်၏ အရည် အချင်း အရ၊ ချို့ယွင်းချက် များစွာ ရှိနေရ ခြင်းမှာ၊ အဓိပ္ပါယ် မရှိပေ။

ချောင်ချင်းက ၎င်းကို မြင်သွား ပုံရ၏။

“ လျူယွမ်ယန်၊ ငါ့ လက်သီးကို ယူ။ ”

အော်ဟစ် ကြုံးဝါး လိုက်ပြီးနောက်၊ လျူယွမ်ယန်၏ ဓားကို လက်သီးဖြင့် ထိုးခွဲကာ၊ နတ်ဆိုး တစ်ကောင် ကဲ့သို့ ဆက်လက် ပြေးဝင် လာသည်။

ပြိုင်ဘက် လက်သီး များကို ဟန့်တား နေရသော၊ ဓားမှာ ပြင်းစွာ တုန်လှုပ် လာပြီး၊ ဆုပ်ကိုင် ထားသော လက်မှ ပြုတ်ကျလု နီးပါး တုန်ယင် လာတော့၏။

တစ်ဖက် လူ၏ လက်သီး များမှာ၊ အားပါ ပြင်းထန် လွန်းသည့် အတွက်၊ နောက်သို့ ပြန်ဆုတ် လိုက် ရကာ၊ သူမ ခွန်အားကို ပြသ ဖို့ရန်၊ အခွင့် အရေး မရှိ တော့ချေ။

“ မင်းတို့ ... ထပ် ရှုံး တော့ မယ်။ ”

ချောင်ချင်းက ရယ်မောလျက် ခန္ဓာ ကိုယ်အား ယိမ်းနွဲ့ လိုက်ပြီး၊ လျူယွမ်ယန်၏ သေစေ လောက်သော ဓားချက် အချို့ကို ရှောင်တိမ်း လိုက်သည်။

ဤမြင် ကွင်းကို မြင်သော အခါတွင် လင်းယွန် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ချောင်ချင်းမှာ လျူယွမ်ယန်၏ အနာ ဟောင်းကို ထိုးဆွရန် ကြိုးစား နေလေပြီ။

သို့မဟုတ် ပါက လျူယွမ်ယန် သည်သာ၊ ပုံမှန် အခြေ အနေသို့၊ ပြန်လည် ရောက်ရှိ သွားသော်၊ အောင်ပွဲ ရယူရန် ချောင်ချင်း အတွက်၊ မသေချာ နိုင်ပေ။

သူတို့ နှစ်ယောက်၏ ခွန်အား ကြားတွင်၊ ကြီးကြီး မားမား ကွာခြားချက် မရှိ သော်လည်း၊ ပတ်ဝန်းကျင် ထိုးနှက်ချက် များက၊ လျူယွမ်ယန်အား ပင်ပန်း နွမ်းနယ် လာစေ သည်။

လျူယွမ်ယန် အနေဖြင့် တစ်ချိန်လုံး အကောင်းဆုံး လုပ်ဆောင် နေကြောင်း၊ လင်းယွန် သိသည်။

ထို့ကြောင့် သူ့အခြေ အနေကို ထိန်းချုပ် နိုင်ပါက၊ ပြိုင်ဘက် အပေါ် အနိုင် ယူရန် ခက်ခဲမည် မဟုတ်ချေ။

ဆယ်ကြိမ်ခန့် ဖလှယ် ပြီးနောက်၊ လက်သီး တစ်ချက် ထိမှန်ကာ၊ လျူယွမ်ယန် လွင့်စင် လာသည်။

“ သူ ... အရမ်း အားနည်း နေသေးတယ်။ ”

“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ တစ်ခုခု လွဲချော် နေတာလား၊ ချောင်ချင်းကို ဆယ်ကွက် အတွင်း ရှုံးနိမ့် တော့မယ်။ ”

အနီး ပတ်ဝန်း ကျင်ရှိ လူများ စွာက ခေါင်းယမ်း လျက်၊ ညည်းတွား ရေရွတ် လာကြ သည်။

လျူယွမ်ယန်၏ နှလုံးသား ထဲတွင်၊ အဆုံး မရှိသော ကြောက်ရွံ့ခြင်း များဖြင့်၊ ပြည့်နှက် လာ ပြီးနောက်၊ မြေပြင် ပေါ်သို့ လဲကျ သွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မှိက် လာ၏။ လူပေါင်း များစွာ ထံမှ စိတ်ပျက် ညည်းတွား သံများ ကြားနေ ရသည်။

နှလုံး သားမှာ ဓားဖြင့် ထိုးခံ နေရ သကဲ့သို့ တဆစ်ဆစ် နာကျင် လာရ၏။

ထိုသူ အပါ အဝင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီမှ လူတိုင်း၊ သူမ အပေါ် မည်မျှ စိတ်ပျက် နေမည်ကို တွေးကြည့် နိုင်သည်။

ထိုသူသည် သူမ အတွက် အပြာရောင် မီးကြာ ပန်းကို ရယူပေး ရာ၌၊ သူ့ အသက်ကို စွန့် ခဲ့သည်။ ထိုသူသာ မရှိ ပါလျှင်၊ ယနေ့ သည်နေရာ၌၊ သူမ ရပ်ခွင့် ရှိမည် မဟုတ်ပေ။

တိမ်ပြာ ရေကန် အတွင်းရှိ၊ အပြာရောင် မီးကြာ ပန်းကို ရယူ ချိန်တွင်၊ အန္တရာယ်ကြား မည်သို့ စွန့်စား ခဲ့ရ သည်ကို၊ ပြန်ပြောင်း သတိ ရပြီး၊ မျက်ရည်များ ပြည့်လျှံ လာခဲ့သည်။

( မင်းက တကယ် အားနည်း နေတာလား၊ အတိတ်က အဖြစ် အပျက် တွေကို မကျော်လွှား နိုင်သေး ဖူးလား။ )

လျူယွမ်ယန်က နာကြည်းစွာဖြင့် သူ့ကိုယ်သူ ပြန်မေး လိုက်သည်။

ပြီးနောက် ရေကန်ကြီး တစ်ခု အတွင်း၊ ဓားသမား တစ်ယောက်နှင့် နတ်ဆိုး သားရဲကြီး တစ်ကောင်၏၊ တိုက်ပွဲ မြင်ကွင်းများ တရွေ့ရွေ့ ထွက်ပေါ် လာသည်။

“ ကောင်းကင် ပြည်နယ်က၊ နောက်ထပ် အမှား တစ်ခုကို ထပ်လုပ် လိုက်တာပဲ၊ မင်းက မင်း အဖေလို ပျော့ညံ့ လွန်းတယ်။ ”

အလဲလဲ အပြိုပြို ဖြစ်နေသော လျူယွမ်ယန် အခြေ အနေကို၊ သတိ ထားမိ လာသည့်၊ ချောင်ချင်းက ကောင်းကင်သို့ ပျံတက်ကာ ရယ်မော လိုက်သည်။

“ အဲ့ဒီ အတွက် တောင်းပန် ပါတယ်၊ ဒါပေမယ့် ရှုံးနိမ့်တဲ့ သူက၊ ငါ မဟုတ်ဖူး မင်းပဲ။ "

ကောင်းကင်သို့ မော့ကြည့် လိုက်ပြီး၊ လျူယွမ်ယန်၏ မျက်လုံးများ အေးစက် တုန်ခါ သွားသည်။

ရုတ်တရက် ပတ်ဝန်း ကျင်တွင် အေးစိမ့်သော လေထုများ သိုင်းခြုံ လာ သည်ကြောင့်၊ ချောင်ချင်း တစ်ယောက် အနည်းငယ် တုန်လှုပ် သွားသည်။

ထို့နောက်တွင် ပြိုင်ဘက်ထံ ပြန်လည် ငုံကြည့် လိုက်ရာ၊ ပြောင်းလဲ လာသော အရှိန် အဝါ အချို့ နှင့် အတူ၊ ဓားချက် သုံးချက်အား ပစ်လွှတ် လာလေပြီ။

တစ်ဖက် လူ၏ ဓား သုံးချက်တွင် တိုက်ခိုက်ရေး စိတ်ဓာတ်များ ပြင်းထန်စွာ၊ တောက်လောင် နေ၏။

သူ့ လက်သီးမှာ လျူယွမ်ယန် အနီးသို့၊ မရောက် ရှိမီ၊ အဆိုပါ ဓားချက်ဖြင့် ဖျက်ဆီး ခံလိုက် ရသည်။

“ ဒါက .... ”

ရုတ်တရက် အံ့အားသင့် လာသော ကြောင့်၊ မြေပြင်ပေါ် ပြန်လည် ဆင်းသက်ကာ ခြေလှမ်းပေါင်း များစွာ၊ ဆုတ်ခွာ လိုက် မိသည်။

“ ကြည့် ရတာ ... ၊ အသုံး မကျတဲ့ မင်းရဲ့ အဖေနဲ့ ယှဉ်ရင်၊ မင်းက နည်းနည်းတော့ အရည် အချင်း ရှိတဲ့ ပုံပဲ၊ ဒါပေမယ့် ဒါက မလုံလောက် သေးပါဘူး။ ”

ချောင်ချင်း၏ အရှိန် အဝါမှာ တရွေ့ရွေ့ တိုးလာပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး၊ အစိမ်း ရောင်များ ပြောင်းလဲ လာကာ၊ လက်သီး များကို လျင်မြန်စွာ လှည့်ပတ် ထိုးချ လိုက်သည်။

နောက်ဆက်တွဲ ပုံရိပ်များ နေရာ အနှံ့ ထွက်ပေါ် လာပြီး၊ လျူယွမ်ယန်ထံ ပြိုကျသွားသော်လည်း၊ ဓားလှိုင်း များကို ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။

ဓားရိပ် များမှာ ပို၍ မြန်ဆန် လာ ပြီးနောက်၊ ချောင်ချင်းပေါင်း များစွာကို ထိမှန် သွား လေပြီ။

နာကျင်စွာ ညည်းတွား သံနှင့် အတူ ပုံရိပ် တစ်ရိပ်က၊ တိုက်ပွဲ ဆီမှ ပြန်လည် ဆုတ်ခွာ သွား၏။

သို့သော် ကြယ်တာရာ တစ်စင်း ကဲ့သို့ တောက်ပ နေသော၊ ဓားချက် တိုင်းက ချောင်ချင်းထံ၊ ထပ်မံ ပြိုကျ လာပြန်သည်။

အဆိုပါ မြင်ကွင်းကို ကြည့်ကာ၊ လူတိုင်း ထိတ်လန့် ကုန်ကြသည်။

ခေျာင်ချင်း မျက်နှာမှာ မည်းမှောင် နေပြီး၊ ပြုံးရန် သတိ မရ တော့ချေ။ သူ့ကိုယ်သူ ခုခံ ကာကွယ် ဖို့ရန်၊ ခက်ခက် ခဲခဲ ရုန်းကန် လိုက်ရကာ၊ ခြေလှမ်း များစွာ ထပ်မံ ဆုတ်ခွာ ပေးလိုက် ရပြန်သည်။

“ ဟင့်အင်း ...၊ မင်းကို လွယ်လွယ်နဲ့ အနိုင် ရခွင့် မပေး နိုင်ဘူး။ ”

ချောင်ချင်းက ဟောက်လိုက် သည်နှင့်၊ သူ့ပတ်ဝန်း ကျင်တွင် ဝိညာဉ် ရေးရာ လှိုင်း သဏ္ဍန်များ၊ ဖြစ်ပေါ် လာတော့သည်။

ချက်ချင်းပင် ဝိညာဉ် ရေးရာ ပန်းချီကား အသွင်၊ ရောယှက် လာကြ၏။ ထို့နောက် အဆိုပါ ဝိညာဉ် ရေးရာ ပန်းချီကား အတွင်းမှ၊ မီးတောက်များ ထွက်ကျ လာပြီး၊ လျူယွမ်ယန် ဆီသို့ ပြေးဝင် သွားသည်။

မီးတောက်များ အတွင်း၊ ယခင် အကြိမ် များထက် ပို၍ ပြင်းထန်သော လက်သီး များကို တွဲလုံး ထုတ်လိုက်သည်။

ပြိုင်ဘက် ထံမှ နောက်ဆုံး ရုန်းကန် မှုကို မြင်သော အခါ၊ လျူယွမ်ယန် တစ်ယောက် ငြိမ်သက် သွားသည်။

ချောင်ချင်း အနေဖြင့် ဝိညာဉ် ရေးရာ ရူရ် များတွင်၊ သူမကို ယှဉ်နိုင် မည် မဟုတ်ကြောင်း ပြောနိုင်သည်။

“ ဒီအဆင့် လေးနဲ့၊ ငါ့ကို အနိုင်ယူ နိုင်မယ် ထင်နေ တာလား။ ”

လျူယွမ်ယန် မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာကာ၊ ရေဝဲ တစ်ခု နောက်ကျော၌ ထွက်ပေါ် လာ၏။

ထို့နောက်တွင် ရေခဲလှံ တစ်ချောင်း တိုးထွက် လာပြီး၊ ချောင်ချင်း၏ မီးတောက် များကို ထိုးဖောက် သွားတော့သည်။

မီးတောက်များ အတွင်း၊ အပေါက်ကြီး တစ်ပေါက် ချက်ချင်း ဖြစ်ပေါ် လာကာ၊ အေးစက်သော အငွေ့ အသက်များ ရင်ဘတ်ထဲ တိုးဝင် လာသည်။။

ယင်းကြောင့် ချောင်ချင်း၏ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားကာ၊ ပါးစပ်မှ သွေးများ စီးကျ လာတော့၏။

ကြမ်းပြင်ပေါ် တအိအိ ပြိုလဲ သွားပြီးနောက်၊ ပြန်မထ နိုင်တော့ချေ။

ခံစား ချက်များကို ငြိမ်သက်အောင် ထိန်းချုပ် လိုသဖြင့်၊ လျူယွမ်ယန်က ရေပွက် ကြီးကို ရုတ်သိမ်း လိုက်သည်။

“ အရှုံးကို ဝန်ခံ ပါတယ်။ ”

တရွေ့ရွေ့ ချဉ်းကပ် လာသော လျူယွမ် ယန်ကို မော့ကြည့် လိုက်ပြီး၊ ချောင်ချင်း တစ်ယောက် အော်ဟစ် လိုက်မိ လေသည်။

လျူယွမ်ယန်က လက်ဝှေ့ ယမ်းပြီး ရေခဲလှံအား ပြန်လည် ဆွဲယူ လိုက်သည်။

“ ထွက်သွား ...။ ”

ထို့နောက် ချောင်ချင်းကို ကြည့်ကာ မောင်းထုတ် ပစ်လိုက်၏။ မတ်တပ် ပြန်ရပ်ရန်၊ အားယူ နေသော ချောင်ချင်းမှာ၊ မျက်နှာ ပျက် သွားသည်။

မိုးသားပြာ အကယ် ဒမီရှိ အကြီး အကဲများ သည်လည်း၊ မျက်နှာများ မည်းမှောင် နေလေ ပြီ။ ပထမ ပွဲကို ရှုံးနိမ့် ခြင်းဖြင့်၊ ဖိအားများ တိုးလာ စေ၏။

“ ငါတို့ နိုင်ပြီ။ ”

မိုလင်း တစ်ယောက် ရွှင်မြူး နေသော မျက်ဝန်း များဖြင့်၊ ရေရွတ် ညည်းတွား လိုက်သည်။

***

All Chapters