ပြင်းထန်သော တိုက်ပွဲ။
Vol. 41 Ch. 563
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ လျူယွမ်ယန် အနိုင် ရပြီ။ ”
ဒိုင် အဘိုးအို၏ အသံ ထွက်ပေါ် လာပြီး၊ ပထမ ပွဲစဉ်ကို အဆုံးသတ် လိုက်သည်။ ဒုတိယ ပွဲစဉ်မှာ မည်သူ မည်ဝါ ဖြစ်မည်ကို၊ စောင့်မျှော် နေချိန်တွင် လူတိုင်း တိတ်ဆိတ် သွား၏။
လျူယွမ်ယန်နှင့် ချောင်ချင်းတို့ တိုက်ပွဲမှာ၊ အလွန် စိတ်ဝင် စားစရာ ကောင်းခဲ့သည်။
အထူး သဖြင့် လျူယွမ်ယန်၏ ဓားရေးနှင့် ဝိညာဉ် ရေးရာ ရူရ် များက၊ ကစားပွဲ အပေါ် လှည့်နိုင် ခဲ့သည်။
ယင်းကြောင့်၊ ယခု အချိန်တွင် မိုးသားပြာ အကယ် ဒမီ၌၊ ဖိအားများ ရှိလာ ခဲ့ရ လေပြီ။
“ လင်းယွန် ... ၊ မင်းက ဂျိန်းယီနဲ့ ဖြစ်နိုင် တယ်။ ”
လင်းယွန်ကို ကြည့်ပြီး မိုလင်းက ဆိုသည်။ ဂျိန်းယီ ဆိုသည်မှာ တိမ်ယံ သုံးဆင့် ဂိုဏ်း၏၊ အတွင်း တပည့်များ ထဲတွင်၊ ထိပ်တန်း ဆယ်ဦး အဆင့် ဝင်သော၊ အထက် တန်းစား တစ်ဦး ဖြစ်သည်။
အုပ်စိုးရှင် အင်အား စု၏ နက်ရှိုင်းသော အခြေခံ အုတ်မြစ် ကြောင့်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီရှိ တပည့် တိုင်းက၊ လင်းယွန်ကို လေးနက်သော အမူ အရာဖြင့်၊ လှည့်ကြည့် လိုက်ကြသည်။
အစောပိုင်း အချိန် အထိ၊ ဂျိန်းယီကို မုရွယ်မှ ကိုင်တွယ် မည်ဟု ယူဆ နေမိ ကြသည်။
၎င်းတို့ သူတို့ နှစ်ဦး စလုံးမှာ၊ အုပ်စိုးရှင် ဂိုဏ်းရှိ၊ အတွင်း တပည့်များ ဖြစ်ပေသည်။
ပတ်ဝန်း ကျင်၏ အကြည့်များ အရ၊ သူ့ အပေါ် အကောင်းမြင် စိတ် မရှိကြောင်း၊ လင်းယွန်က သိသည်။
ထို့ကြောင့် အုပ်စိုးရှင် တပ်များရှိ၊ အထက် တန်းစား များထက် မနိမ့်ကျ သည်ကို၊ သူ့ကိုယ် သူ သက်သေပြ ရပေမည်။
“ မင်းရဲ့ စကားတွေ အတိုင်း၊ အရည် အချင်း ရှိ မယ်လို့၊ ငါ မျှော်လင့် ပါတယ်၊ ငါ့ကို မလို အပ်ရင် အကောင်းဆုံး ဖြစ်မှာပါ။ ”
မုရွယ်က လင်းယွန်ကို ကြည့်ကာ ဆိုလိုက် သည်။ သူမ အနေဖြင့် လင်းယွန် အပေါ်၊ အကောင်း မြင်စိတ် မရှိ သောကြောင့်၊ အနိုင် ရခဲ့ ပါသော်၊ အံ့သြ စရာ ဖြစ်ပေ လိမ့်မည်။
“ အချိန် ကျပြီ။ ”
မိုလင်းက ဆိုသည်။ လင်းယွန်က ခေါင်းညိတ် ပြကာ၊ ကောင်းကင်သို့ ခုန်တက် သွားပြီး၊ စင်မြင့်ပေါ် ဆင်းသက် လိုက်၏။
တစ်ချိန်တည်း မှာပင်၊ ဂျိန်းယီ သည်လည်း ကောင်းကင်မှ ဆင်းသက် လာခဲ့သည်။
စင်မြင့်ပေါ် ရပ်နေသာ လင်းယွန်၏ အသွင် အပြင်ကြောင့်၊ လူတိုင်းက မျက်မှောင်ကြုတ် မိကုန်၏။
“ သူ ... ဘယ်သူလဲ၊ ဒီမြို့က မဟုတ်ဘူး ထင်တယ်၊ အုပ်စိုးရှင် ဂိုဏ်းတွေ ကလည်း ဟုတ်ပုံ မရဘူး။”
“ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့ ဧည့်သင်းထောက် တစ်ယောက်ပါ၊ ကြည့်ရတာ နည်းနည်းတော့ အားနည်းနေ သလိုပဲ၊ ယန် အဆင့် မှာတောင် မရှိ ဘဲနဲ့၊ ဂျိန်းယီကို ဘယ်လိုလုပ် ရင်ဆိုင်နိုင် မှာလဲ။ ”
“ မုရွယ်ကို ဝှက်ဖဲ ထားပြီး၊ သူက ဒီမှာ အမြောက်စာ ဖြစ်ရမယ်၊ ကြည့်ရတာ ဒီပွဲ ပျင်းစရာ ကောင်းမှာ သေချာတယ်။ ”
ပတ်ဝန်း ကျင်မှ တီးတိုး လေသံ များကို ကြားနေ ရသော်လည်း၊ လင်းယွန်က တုန်လှုပ်ခြင်း မရှိ ခဲ့ပေ။
“ တိမ်ယံ သုံးဆင့် ဂိုဏ်းက ဂျိန်းယီပါ။ ”
တစ်ဖက် လူထံမှ မိတ်ဆက် လာမှုကြောင့်၊ လင်းယွန်က သူ့နာမည်ကို ပြန်လည် မိတ်ဆက် လိုက်သည်။
“ လင်း ယွန် ”
“ အိုး ... လင်းယွန်လား၊ မင်းအကြောင်း ငါကြား ဖူးတယ်။ ”
လင်းယွန် အနေဖြင့် သူ့ နာမည် ကိုသာ မိတ်ဆက် လိုက်ခြင်း ဖြစ်သော်လည်း၊ တစ်ဖက် လူမှ၊ သူ့အား သိသည်ဟု ဆိုလာ လေသည်။
“ ငါတို့ တိမ်ယံ သုံးဆင့် ဂိုဏ်းမှာ၊ တစ်စုံ တစ်ယောက်က ပန်းသင်္ချိုင်း ဓားသမား လင်းယွန် ဆိုတဲ့၊ လူတစ်ယောက် အကြောင်း ပြောပြ ဖူးပါတယ်၊ ... ”
“ ... သူက နဂါး တံခါး ပြိုင်ပွဲမှာ၊ မင်းကို ရှုံးနိမ့် ခဲ့ဖူးတယ်။ ”
“ ဘယ်သူ လဲ။ ”
လင်းယွန်က စူးစမ်း လိုစိတ်ဖြင့်၊ ပြန်မေး လိုက်သည်။
“ သုံးလ အတွင်း၊ မယုံနိုင် စရာ ကောင်းတဲ့ အရည် အချင်း တွေကို ပြသ ခဲ့တဲ့၊ လူ တစ်ယောက် ဆိုတာက လွဲပြီး၊ လောလောဆယ် ဘာမှ မပြောနိုင် သေးပါဘူး၊ သွေးစွန်းသော ဧည့်ခံပွဲမှာ၊ မင်းတို့ နှစ်ယောက် ပြန်ဆုံ ပါလိမ့် မယ်။ ”
ဂျိန်းယီက လျို့ဝှက်စွာ ပြုံးလျက် ပြန်ဖြေ လာသည်။
( ငါ့ကို ရှုံးခဲ့တဲ့ သူ တစ်ယောက်လား၊ ဒါဆို ဘိုင်လိရွှမ် ဇိုယန်နဲ့ စီရွှယ်ယီ တို့ထဲက၊ တစ်ယောက် ယောက် ဖြစ်မယ် ထင်တယ်။ )
“ အခုတော့ တိုက်ပွဲ ကိုပဲ အာရုံ စိုက်ပါ၊ မင်း သိတဲ့ အတိုင်း ... ငါက ဒီတိုက် ပွဲမှာ၊ နည်းလမ်း အားလုံး သုံးရ လိမ့်မယ်၊ ငါ မင်း အပေါ် လွယ်ကူ တဲ့၊ ပြိုင်ဘက် တစ်ယောက်လို ဆက်ဆံ နေမှာ မဟုတ်ဘူး။ ”
ကြီးစိုး နိုင်လွန်းသော ရောင်ဝါများ ထုတ်ဖော် လိုက်ကာ၊ ဂျိန်းယီက သတိပေး လိုက်သည်။
ပြီးနောက် ‘မူလ ပျက်စီးခြင်း ကိုးပါး’ နည်းစနစ်ကို ဖြန့်ဝေ ထုတ်လွှတ် လိုက်၏။ မူလ စွမ်းအင် များမှာ၊ စင်မြင့် ပေါ်၌ တဟုန်ထိုး ဆူညံစွာ ပေါက်ကွဲ ထွက်ပေါ် လာသည်။
တစ်ဖက်တွင် လင်းယွန်က ဓားသုတ္တန်အား ဖြန့်ကျက် လိုက်ပြီး၊ သူ့ခန္ဓာ ကိုယ်ကို မူလ စွမ်းအင်ဖြင့် ပြည့်စေ ခဲ့၏။
သူတို့ နှစ်ဦး၏ မျက်လုံး များမှ၊ လျှံထွက် လာသော အခိုး အငွေ့ များကို လူတိုင်း ခံစား နိုင်သည်။
ထို့ကြောင့် တင်းမာသော လေထုမှာ၊ လျင်မြန်စွာ ပြန့်နှံ့ သွားပြီး၊ အနီး ပတ်ဝန်း ကျင်ရှိ ပရိသတ် များကို၊ တိတ်ဆိတ် သွားစေ တော့၏။
အရှိန် အဝါ အထွတ် အထိပ်သို့ ရောက်ရှိ လာသည်နှင့်၊ ဂျိန်းယီ၏ မျက်လုံးများ အေးစက် လာကာ၊ ရှေ့တစ်လှမ်း နင်းချ လိုက်သည် ။
အက်ကြောင်း များက ကြမ်းပြင် ပေါ်တွင် လျင်မြန်စွာ ဖြစ်ပေါ် လာပြီး၊ လူတိုင်း၏ မျက်စိ ရှေ့မှ၊ ရိပ်ခနဲ ပျောက်ကွယ် သွားခဲ့သည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန် တစ်ယောက် ဓားရောင်ဝါကို၊ သူ့ ပတ်ဝန်း ကျင်၌ ဖြန့်ကျက် ထားလိုက်ပြီး၊ အာရုံ ခံစား မှုများ ပို၍ ပြတ်ထင် လိုသော ကြောင့်၊ ရှန်ရှင်း ဓားအား ထုတ်ဖော်ရန် ကြံရွယ်သည်။
ထို့နောက် ခန္ဓာ ကိုယ်ကို စောင်း လိုက်ကာ၊ လက်သီးဖြင့် ထိုးချ လိုက်၏။ ငွေရောင် မူလ စွမ်းအင်များ ပြေးထွက် သွားပြီး၊ ဂျိန်းယီ၏ အရှိန် အဝါကို နောက်ပြန် တွန်းထုတ် ပစ်လိုက် သည်။
ဤတုံ့ပြန်မှု အရှိန် အဟုန်ကြောင့် လူတိုင်း ထိတ်လန့် သွားပြီး၊ လင်းယွန် အပေါ် မထီ မဲ့မြင် မပြုရဲ ကြတော့ချေ။ ထိုလက်သီးမှာ မည်မျှ ပြင်းထန်ကြောင်း၊ သူတို့ ခံစား နိုင်သည် ။
“ ... နှေး တယ်။ ”
ဂျိန်းယီက ရှေ့ဆက်တိုး လာကာ၊ ညာဖက် လက်ကို ဆန့်ထုတ်ပြီး၊ ပြုံးရယ် လိုက်သည်။
ထို့ကြောင့် လင်းယွန် အနေဖြင့် လက်သီးကို နောက်ပြန် ဆုတ်လို ခဲ့သော်လည်း၊ ပြိုင်ဘက်၏ ဖမ်းဆီးခြင်း ခံလိုက် ရလေသည်။
ဂျိန်းယီမှာ လက်သီးကို တားဆီးရန်၊ လက်ကောက်ဝတ် အပေါ် ဆုပ်ကိုင် လိုက်၏။ လွတ်ထွက် သွားခဲ့သော် ထိုးနှက်ခြင်း ခံရ နိုင်ပြီး၊ ရှုံးနိမ့် သွား နိုင်သည်။
သူတို့ နှစ်ယောက်ကြား တိုက်ပွဲမှာ၊ ချက်ချင်းပင် အသက် လုပွဲ အဆင့်သို့ ရောက်ရှိ လာသည်။
သို့သော် ဂျိန်းယီ အတွေးကို မှန်းဆ နိုင်သော လင်းယွန်က၊ လက်သီးအား ဖြန့်လိုက်ကာ၊ တစ်ဖက် လူ၏ လက်ကောက် ဝတ်ထံ၊ ပြန်လည် ဆုပ်ကိုင် လိုက်သည်။
နှစ်ယောက်သား တစ်ဦး လက်ကောက် ဝတ်ကို၊ တစ်ဦး ချုပ်ကိုင်လျက်၊ မူလ စွမ်းအင် အသီးသီး လောင်းထည့် လိုက်ကြ၏။
မူလ စွမ်းအင် များမှာ ကမ္ဘာဦး သားရဲ နှစ်ကောင်၊ အချင်းချင်း ထိပ်တိုက် တွေ့ဆုံ သွား သကဲ့သို့၊ ပေါက်ကွဲ သံများ ဖြစ်ပေါ် လာသည်။
လေထုထဲ လက်တွဲလျက် အနေ အထားဖြင့်၊ အကြိမ်ကြိမ် လည်ထွက် နေခဲ့ပြီး၊ မည်သူမျှ မတိုးသာ၊ မဆုတ်သာ ဖြစ်သွား ရသည်။
ရုတ်တရတ် ဆိုသလိုပင် ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာပြီး၊ စင်မြင့် ပေါ်၌ ပေါက်ကွဲ သံများ ဆူညံ လာ၏။
“ ဒါ က ... ”
တစ်ဦးကို တစ်ဦး မလွှတ်တမ်း ဆုပ်ကိုင်လျက် အနေ အထားဖြင့်၊ မူလ စွမ်းအင် များ အားပြိုင် နေသော မြင်ကွင်းကြောင့်၊ လူတိုင်း အံ့ဩသွား ကုန်သည်။
ဂျိန်းယီမှာ ကျင့်ကြံ မှု၌ လင်းယွန် အပေါ်၊ အသာစီး ရထား သည်ဖြစ်ရာ၊ နောက်ဆုံးတွင် သူ့ ပြိုင်ဘက်အား မြေပြင် ပေါ်သို့၊ ပြန်လည် တွန်းချ နိုင် ခဲ့သည်။
သို့သော် လေထဲမှ ပြုတ်ကျ လာ သော်လည်း၊ လင်းယွန် တစ်ယောက် သူ့ ခြေထောက်ပေါ် မြဲမြံစွာ ရပ်နေ နိုင်ခဲ့သည်။
ကြမ်းပြင်၌ နက်ရှိုင်းသော ခြေရာ မျှပင် မကျန် ရစ်ခဲ့ဘဲ၊ ဂျိန်းယီ၏ မူလ စွမ်းအင် များကို ချေဖြတ် နိုင်လိုက်သည်။
ယင်းကို သတိထား မိသော လူအုပ် ကြီးမှာ၊ ချက်ချင်း တိတ်ဆိတ် သွား၏။ တစ်စုံ တစ်ရာသော ဝေဖန် သံများ မပြု နိုင်မီ မှာပင်၊ တိုက်ပွဲက ပြန်လည် စတင် နေနှင့် လေပြီ။
ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ လေထု အလယ်၌ ပုံရိပ်များ ဝေဝါး သွားကုန်၏။
ဂျိန်းယီက သူ့ လက်ချောင်း များကို လင်းယွန်၏ မျက်ခုံး အလယ် ဗဟိုသို့၊ ဓား တစ်လက် အသွင် ထိုးသွင်း လိုက်သည်။
ဓားမြှောင် တစ်လက် ကဲ့သို့ တိုးဝင် လာသော လက်ချောင်း များကို လင်းယွန်က တည်ငြိမ်စွာ ဟန့်တား နိုင်သည်။
၎င်းတိုက်ခိုက်မှု များကို ချေဖျက် ပစ်လိုက် ပြီးနောက်၊ လက်သီးဖြင့် ဂျိန်းယီ လည်ပင်းအား ပြန်လည် ထိုးချ လိုက်သည်။
ထိုလက်သီးကို ကာကွယ်ရန် လက်မောင်းအား ပြန်လည် ကွေးယူလျက်၊ ဂျိန်းယီ မျက်နှာမှာ ပြောင်းလဲ သွားခဲ့သည်။
လက်သီးက လက်မောင်း အိုးပေါ် ကျရောက် လာပြီး၊ နောက်ထပ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာသည်။
ထို့နောက် ၎င်းတို့ နှစ်ဦး စလုံးက၊ အရှိန် အဟုန်ကို အားပြု၍ လေထု အလယ်၌ ထပ်မံ လှည့်ပတ် တိုက်ခိုက် လိုက်ကြ ပြန်သည်။
လှည့်ပတ်ခြင်း ရပ်တန့် သွားသော အခါတွင်၊ လင်းယွန်နှင့် ဂျိန်းယီ၏ မျက်လုံးများ အေးစက် နေခဲ့၏။
အစောပိုင်း တိုက်ခိုက် မှုများ အရ၊ အနည်းငယ် တုန့်နှေး သူမှာ၊ ပြိုင်ဘက်၏ လက်ချက်ကြောင့် ဦးခေါင်း ပေါက်ကွဲ သေဆုံး ရပေ လိမ့်မည်။
၎င်းကို၊ တွေးမိ လာသော လူအုပ် ကြီး အနေဖြင့်၊ ချွေးသီးများ စီးကျလာ လေသည်။
တစ်ချိန် တည်း မှာပင်၊ ကန်ချက်များ ထပ်မံ ထုတ်ဖော် လိုက်ချိန်တွင်၊ လင်းယွန်နှင့် ဂျိန်းယီ၏ တိုက်ပွဲက၊ နောက်တစ်ဆင့််သို့ ထပ်မံ ရောက်ရှိ သွား၏။
လေထု ထဲတွင် မရေတွက် နိုင်သော နောက်ဆက်တွဲ ပုံရိပ်များ ပြည့်နှက် လာသည်။
ဤအဆင့် တိုက်ပွဲ သည်ပင်၊ လျူယွမ်ယန်နှင့် ချောင်ချင်း တို့ကြား တိုက်ပွဲကို၊ ကလေး နှစ်ယောက် ကစားသွား သကဲ့သို့ ထင်မြင်လာ မိ စေ၏။
နှစ်ဦး စလုံးမှာ ပြိုင်ဘက်၏ သေစေ လောက်မည့် နေရာ များကို ပစ်မှတ် ထားကာ၊ အစွမ်းရှိ သမျှ အသုံးပြု နေခဲ့ ကြသည်။
ယင်းကို ကြည့်ခြင်းဖြင့်၊ ၎င်းတို့ နှစ်ဦးတွင် အတွေ့ အကြုံ ကောင်းများ ရှိကြောင်း သက်သေ ပြနေ ခဲ့သည်။
လင်းယွန် အပေါ် အကောင်း မြင်စိတ် မရှိ သောကြောင့်၊ ထိုကဲ့ သို့သော တိုက်ပွဲဝင် စွမ်းအားမျိုး မြင်လိုက် ရချိန်တွင်၊ မှင်သက် ကုန်ကြ သည်မှာ၊ သဘာဝ ပေပင်။
ဂျိန်းယီကို မလူးသာ မလွန့်သာ ဖြစ်စေ ခြင်းဖြင့်၊ သူတို့ အားလုံး၏ အမြင်များ မှားယွင်း နေကြောင်း သက်သေပြ နေခဲ့၏။
လူပြက် တစ်ယောက် အဖြစ် လင်းယွန် အပေါ်၊ ပျက်ရယ် ပြုရန် စောင့်မျှော် နေသာ မုရွယ် ပင်လျှင်၊ လေးနက် လာရ သည်။
စင်ပေါ်၌ ဤမျှ ရက်စက်စွာ၊ တိုက်ပွဲ ဝင်နိုင် လိမ့်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။ ယင်းကို တွေးလိုက် မိရုံဖြင့်၊ ကျောရိုး တစ်လျှောက် အေးစိမ့် လာရ လေပြီ။
***