← Chapters

ဓားတစ်လက်၏ တန်ဖိုး။

Vol. 41 Ch. 564

ဓားတစ်လက်၏ တန်ဖိုး။

Vol. 41 Ch. 564

“ သူတို့က တစ်ကယ့်ကို လက်ရည်တူပဲ။ ”

ကိုးရွှင်က ဤမြင်ကွင်းကြောင့် အံ့အားသင့် သွားခဲ့သည်။ မုရွယ် အပြင် နောက်ထပ် အစွမ်း ထက်သည့် လူတစ်ဦး၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ၌ ရှိနေ လိမ့်မည်ဟု မထင်ထား မိချေ။

လွန်ခဲ့သော ရက်ပိုင်းက ဤလူငယ် အပေါ်၊ အလွယ် တကူ ချိုးနှိမ် နိုင်မည်ဟု သူ ထင်ခဲ့ သည်။

“ ဒါက ငါ့ညီကို၊ အရှက် ခွဲတဲ့ တစ်ယောက် လား။ ”

ချန်ယုက စိတ်ဝင် တစားဖြင့်၊ မေး လာသည်။

“ ဟုတ်တယ် ... သူပဲ။ ”

ကိုးရွှင်က ပြန်ဖြေ၏။ ထိုအဖြေကြောင့် ချန်ယုက၊ လှောင်ပြောင်ရယ် မောလိုက်ကာ၊

“ သူ့ကို ငါ ဖြေရှင်း ပါရစေ၊ ဟီး ... ဟီး အားနည်း နေရင် သူ့ကို အနိုင်ယူ ရတာ ပျင်းစရာ ကောင်းလိမ့်မယ်။ ”

“ သူ အနိုင် ရမှ အဲဒါကို ဆက်ပြော ကြရအောင်၊ ဂျိန်းယီက အလွယ်တကူ အနိုင် ယူလို့ ရတဲ့သူ တစ်ယောက် မဟုတ်ဘူး။ ''

ဓားပြားကြီး ကိုင်ထားသော လူငယ်က၊ ဝင်ရောက် ပြောဆို လိုက်သည်။

ဂျိန်းယီမှာ၊ မူလ ပျက်စီးခြင်း ကိုးပါး နည်းစနစ်၏ စွမ်းအားကို အပြည့် အ၀ မထုတ်ဖော် ထားသေးကြောင်း သူပြော နိုင်သည်။

လက်ရှိ ခွန်အားမှာ လင်းယွန်၏ အထွတ် အထိပ်သာ ဖြစ်ခဲ့ ပါလျှင်၊ မကြာမီ ရှုံးနိမ့် ရပေ လိမ့်မည်။

သုံးယောက်သား အချင်းချင်း စကား စမြည် ပြောနေ ကြစဉ်၊ စင်မြင့် ပေါ်ရှိ တိုက်ပွဲမှာ ပို၍ ပြင်းထန် လာ၏။

“ မူလ ပျက်သုဉ်းခြင်း မိုးကြိုး လက် ။ ”

ဂျိန်းယီ၏ လက်ဖဝါး ပေါ်တွင်၊ ခရမ်းရောင် လျှပ်စီး ကြောင်းများ လင်းလက် လာပြီး၊ ကောင်းကင် သို့တိုင် လွင့်တက် သွားသည်။

ဤမျှ ကြောက်စရာ ကောင်းသော ဖြစ်စဉ်ကို သဘာဝ အတိုင်း၊ မူလ စွမ်းအင်၏ ပံ့ပိုးမှုဖြင့် ဖန်တီးထား ရခြင်း ဖြစ်လေသည်။

စစ်မှန်သော စွမ်းအားကို ထုတ်ဖော် တော့မည်ဟု၊ ဂျိန်းယီ တစ်ယောက် ဆုံးဖြတ် ထားပုံ ရ၏။

သို့သော် သူ့ တိုက်ခိုက်မှု မစတင်ခင် မှာပင်၊ ထက်ရှသော ဓားအော်သံ တစ်သံ ထွက်ပေါ် လာသည်။ ၎င်းဓားအော် သံမှာ၊ ပြီးပြည့် စုံလု နီးနီး ဖြစ်နေသော၊ ရှန်ရှင်း ဓား ရည်ရွယ်ချက် ဖြစ်၏။

ဓားရောင်ဝါ အထွတ် အထိပ်သို့ ရောက်ရှိ လာသော အခါ၊ လင်းယွန်၏ လက်သီးက ငွေရောင် အလင်းများ တောက်ပ နေသော၊ ဓား တစ်လက်နှင့် တူလာ တော့၏။

ခရမ်းရောင် လျှပ်စီး ကြောင်းနှင့်၊ ငွေရောင် လက်သီးတို့ ထိပ်တိုက် တွေ့ဆုံ ချိန်၌၊ ပြင်းထန် သော စွမ်းအင် ပေါက်ကွဲ မှုများ၊ ဖြစ်ပေါ် လာသည်။

တစ်ဖက် လူကို ဖိအား မပေး နိုင်သည်အား မြင်လိုက်ရ သဖြင့်၊ ဂျိန်းယီ မျက်နှာ ပြောင်းလဲ သွားသည်။

ထို့နောက် ရှေ့သို့ တိုးလာကာ၊ လက် နှစ်ဖက်ကို ဆုပ်ပြီး၊ လက်သီး များဖြင့် ထုတ်ပစ် လိုက်သည်။

ကနဦး ယန် အဆင့် ကျင့်ကြံ မှုဖြင့်၊ ပံ့ပိုး ထားသော မိုးကြိုး လက်ဝါး၏ စွမ်းအားမှာ၊ ကြောက်မက်ဖွယ် ကောင်းနေ လေသည်။

သို့သော် ဤတိုက်ခိုက် မှုကို ရင်ဆိုင် ရသည့် အခါ တွင်ပင်၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။

ဆန့်ကျင်ဘက် အနေဖြင့်၊ ကောင်းကင်သို့ ခုန်တက် သွားပြီး၊ ပြင်းထန်သော တိုက်ခိုက်ရေး စိတ်များ၊ လောင်ကျွမ်း လာသည်။

ဂျိန်းယီက တိုက်ခိုက် ချင် နေသောကြောင့်၊ သူ့ အနေဖြင့် ဆန္ဒကို ဖြည့်စည်း ပေးရ ပေမည်။

လျှပ်စီး ကြောင်းနှင့် ဓားရောင်ဝါ တို့ကြား ထိပ်တိုက် တွေ့ဆုံမှု များကြောင့်၊ လူတိုင်း၏ နားထဲတွင် ပေါက်ကွဲ သံများ ထွက်ပေါ် လာ တော့သည်။

“ မူလ ပျက်စီးခြင်း ... မိုးကြိုး လက်။ ”

စူးရှသော ခရမ်းရောင် များဖြင့်၊ ညာလက် တစ်ခုလုံး လွှမ်းခြုံ လာချိန်တွင်၊ ဂျိန်းယီက ထပ်မံ အော်ဟစ် လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ သူ၏ တိုက်ခိုက် မှုထံမှ ဖန်တီးထား ခဲ့သော ဖြစ်စဉ်ကို၊ နှစ်ဆ တိုးပစ် လိုက်၏။

ကောင်းကင်မှ လျှပ်စီး ကြောင်းများ ပြိုကျ လာပြီး၊ ဂျိန်းယီ၏ အသွင်မှာ လေထု အလယ်တွင်၊ မယုံ ကြည်ဖွယ် လွှမ်းမိုး နိုင်စွမ်းများ ထုတ်လွှတ် လာလေသည်။

ဂျိန်းယီက ကြီးမား လှသော ခရမ်းရောင် လက်ကြီးကို အောက်သို့ ဖိချ လိုက်သည် နှင့်အမျှ၊ လင်းယွန်၏ ဓားရောင်ဝါမှာ ပြိုပျက် လာသည်။

“ ... သေ ပြီ။ ”

ကောင်းကင် ပြည်နယ် အကယ်ဒမီ၏ တပည့်တိုင်း၊ နှလုံး သားများ တုန်ရီ သွားသည်။ ဤလက် ဖဝါးကို အကြီး အကဲ များပင်၊ တုံ့ပြန်ရန် နည်းလမ်း မရှိချေ။

“ ဒါဟာ အုပ်စိုးရှင် အင်အား စုရဲ့၊ စစ်မှန်တဲ့ အခြေခံ အုတ်မြစ်ပဲ။ ”

“ ဘယ်လောက် အစွမ်းထက် လိုက်လဲ၊ လင်းယွန် အတွက် ထိပ်တိုက် ရင်ဆိုင် ခြင်းက နည်းလမ်း အမှန် မဟုတ်ဘူး။ ”

ပတ်ဝန်း ကျင်တွင် ဆွေးနွေး မှုများ မြင့်တက် လာပြီး၊ ရှုံးနိမ့် နိုင်မည့် သူကို၊ လူတိုင်း အမြင်များ မျှဝေ လာ ကြသည်။ သို့သော် သူတို့ အားလုံးက၊ တစ်စုံ တစ်ရာကို မေ့နေ ခဲ့၏။

“ ဓား .... ။ ”

လင်းယွန်က ပန်း သင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်သော ကြောင့်၊ ဓားက စိတ်လှုပ်ရှား စွာဖြင့် သူ့လက် ထဲတွင် တုန်ခါ လာသည်။

ထိုနောက်တွင် လရောင် ရေစင် ဓား၏၊ လရောင် အလင်းပြန် ခြင်းကို ထုတ်ဖော် လိုက်၏။

ဓားကို ဆွဲထုတ် လိုက်ချိန်၌၊ ပျံတက် သွားသော ရှန်ရှင်းဓား ရည်ရွယ် ချက်က ကောင်းကင်တွင် စတင် သိပ်သည်း လာသည်။

ပြီးနောက် ဓားရောင်ခြည် တစင်းက၊ ခရမ်းရောင် လက်ဖဝါး ကြီးကို ချက်ချင်း ထိုးဖောက် သွားကာ၊ လမင်းကြီး တစင်း ကဲ့သို့ တောက်ပ လာတော့၏။

“ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း — ရွှေကျီးကန်း တောင်ပံများ။ ”

အက်ကြောင်းများ ထပ်လာသော ခရမ်းရောင် လက်ဖဝါး ဆီသို့၊ လက်နှစ် ဖက်ကို ခွဲဆန့်ကာ ပျံတက် သွားသည်။

သိပ်မကြာခင် မှာပင်၊ ခရမ်းရောင် လက်ဖဝါးကြီး ထံမှ၊ ကြောက်စရာ ကောင်းသော ရောင်ဝါများ အရပ် ရပ်သို့၊ လွင့်ပြယ် ပျောက်ကွယ် သွားတော့သည်။

ဖုန်မှုန့်များ ကောင်းကင်ပေါ်၊ ထိုးတက် လာချိန်တွင်၊ မြေပြင်ပေါ် ပြန်လည် ပြုတ်ကျ လာသော ပုံရိပ် တစ်ရိပ်ကို၊ ယောင်ဝါးဝါး လှမ်းမြင် လိုက်ရသည်။

“ ပန်းသင်္ချိုင်း၊ မင်းရဲ့ ဂုဏ်သတင်းနဲ့ တကယ်ပဲ၊ ထိုက်တန် ပါတယ်။ ”

ဓားကို ဆွဲပြီးနောက် တစ်ဖက် လူမှာ၊ ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု၊ ဂျိန်းယီ အနေဖြင့် မထင်ထား မိချေ။ သူ့တင် မကဘဲ လူတိုင်း တူညီသော၊ ခံစား ချက်များ ရှိနေကြ လေပြီ။

မျက်လုံး များတွင် အံ့သြမှု များဖြင့် တောက်ပ လာပြီး၊ ဂျိန်းယီက ခေါင်းမော့ ကြည့် လိုက်၏။

မဟာချင် အင်ပါယာ၏၊ ဓားသမား တစ်ဦး ဖြစ်သော လင်းယွန် ဆိုသူမှာ၊ သူ့ ဓားကို ဆွဲလိုက်သည့် အချိန်၌၊ လူသစ် တစ်ယောက် အဖြစ်၊ ပြောင်းလဲ သွားကြောင်း၊ ကြားခဲ့ ဖူးသည်။

ကြည့်ရ သည်မှာ အမှန်ပင် ဖြစ်၏။

“ ငါ့ရဲ့ ခွန်အားကို အပြည့် အဝ အသုံးချ ရမယ် ထင်ပါတယ်၊ တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဆိုတဲ့ အဆင့် အတန်းက၊ မင်းအပေါ် အသုံး ဝင်ပုံ မရဘူး။ ”

ဂျိန်းယီက ရေရွတ်ပြီး ပြုံးလိုက်သည်။ နောက်အခိုက် အတန့်တွင် သူ့ မျက်ဝန်း များ၌ မီးတောက်များ ထွက်ပေါ် လာတော့၏။

မူလ ပျက်စီးခြင်း ကိုးပါးကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်နှင့်၊ သူ၏ ဖြူဖျော့ နေသော မျက်နှာ ပေါ်တွင် သွေးကြောများ ယောင်ကိုင်း နီရဲ လာသည်။

ထို့နောက် သူ့မျက်ဝန်း များက မီးတောက် နှစ်စ ကဲ့သို့ စူးရှ နီရဲ လာ၏။ ၎င်းနှင့် အတူ တောက်ပသော အလင်းများ ထွက်ပေါ် လာပြီး၊ ပတ်ဝန်း ကျင်ကို ကန့်သတ် ပစ်လိုက် လေသည်။

“ ဒါ ... မူလ ဖျက်စီးခြင်း နတ်ဘုရား အသွင် ကူးပြောင်း ခြင်းပဲ။ ”

“ ဟုတ်တယ် ...၊ ပထမ အဆင့် အပြောင်း လဲခြင်းပဲ။ ”

‘မူလ ဖျက်ဆီးခြင်း နတ်ဘုရား အသွင် ကူးပြောင်း ခြင်း’မှာ၊ ထူးခြား လှသော အသွင်ပြောင်း လဲမှု၊ တစ်ခု ဖြစ်သည်ကြောင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တခွင်၊ လူသိ များလေသည်။

“ ဒီ ကျင့်ကြံမှု နည်းစနစ်က အရမ်း ကြောက်စရာ ကောင်းတယ်၊ ပထမဆုံး အသွင် ပြောင်းလဲ မှုက၊ ရုပ်ခန္ဓာ ကြံ့ခိုင် မှုနဲ့ မူလ စွမ်းအင်ကို တိုးပွား စေလိမ့်မယ်၊ ... ”

“ နဝမမြောက် အသွင် ကူးပြောင်း နိုင်တဲ့ အခါ၊ လက်ဝါး တစ်ချက် တည်းနဲ့၊ မြို့ကြီး တစ်မြို့လုံး ကိုတောင် ဖျက်ဆီး နိုင်တယ်လို့၊ ဒဏ္ဍာရီ တွေမှာ ဆိုထား တယ်။ ”

“ ကြည့်ရတာ ဂျိန်းယီက အလေး အနက် ထား လာပြီ ထင်တယ်။ ”

၎င်းနည်းစနစ်မှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ ဤနေရာရှိ လူတိုင်း ပြောပြ နိုင်သည်။ ယင်းကြောင့် ဂျိန်းယီ၏ ပထမဆုံး အသွင် ပြောင်းလဲ မှုကို တွေ့လိုက် ရချိန်၌၊ စိတ်လှုပ်ရှား လာကြသည်။

“ ငါ ခန့်မှန်းတာ မှန်တယ်၊ ဂျိန်းယီက မူလ ပျက်စီးခြင်း ကိုးပါး အသွင် ပြောင်းခြင်း၊ နည်းစနစ်ကို အဋ္ဌမ အဆင့် အထိ၊ ကျင့်ကြံ ထားနိုင် ခဲ့တယ်။ ”

ကိုးရွှင်က ပြောကြား လိုက်သည်။ ချန်ယု မှာမူ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ ၊

“ သူက တိမ်ယံ သုံးဆင့် ဂိုဏ်းရဲ့ အတွင်း တပည့်တွေ ထဲမှာ၊ ထိပ်ဆုံး ဆယ်ဦး ဝင်တာ ထိုက်တန် ပါတယ်၊ ကံကောင်း ရင်တော့ သူ့နဲ့ ရင်ဆိုင် ရလိမ့်မယ်။ ”

လိုရှန်းက ၎င်းကို မျှော်လင့် ထားပြီးသား ဖြစ်သောကြောင့်၊ သူ့ မျက်နှာမှာ ပြောင်းလဲခြင်း မရှိ ခဲ့ပေ။ သို့သော် လင်းယွန် အနေဖြင့် ဂျိန်းယီကို အနိုင် ယူနိုင် မည် မဟုတ်ကြောင်း၊ သူ ပြောနိုင်သည်။

“ စိတ်မကောင်း ပါဘူး၊ နောက်ထပ် နှစ်ဝက် လောက် အချိန်ရှိ သေးရင်၊ မင်းငါ့ကို ကျော်တက် နိုင်ပေမယ့်၊ အခုတော့ မဖြစ် နိုင်သေး ပါဘူး၊ အရှုံးကို ဝင်ခံပါ။ ”

ဂျိန်းယီက တည်ငြိမ်စွာ ဆိုလိုက် သော်လည်း၊ သူ့ အသံတွင် ပြိုင်ဘက် အပေါ် အနိုင် ယူရန်၊ ယုံကြည်မှု အပြည့် ရှိကြောင်း၊ မြင်သာ ပေသည်။

“ ငါ့ကို အရှုံး ပေးခိုင်း တာလား၊ ဒီဓားကို အရင် ကြည့်ပြီးမှ ... မင်း ဆက်ပြော နိုင်တယ် ။ ”

သခင့်ဓား— မိုးကြိုးကို ထုတ်ဖော်ရန်၊ ညာလက်ကို ယမ်းလျက် ပြုံးကာ ဆိုလိုက် သည်။

တစ်ချိန်တည်း မှာပင် တောက်ပသော လျှပ်စီး များက၊ လူတိုင်း၏ အမြင် အာရုံကို ဖုံးကွယ် လာတော့၏။

ခဏ အကြာတွင် မြင်ကွင်းများ ပြန်လည် ကြည်လင် လာသောကြောင့်၊ တိုက်ပွဲထံ မော့ကြည့် လိုက်ကြသည်။

လင်းယွန်၏ ခြေဖျားမှ စလျက်၊ ဂျိန်းယီ ခြေဖျား အထိတိုင် နက်ရှိုင်းသော ပြတ်ရှ ရာကြီး တစ်ခု၊ ဖြစ်ပေါ် နေခဲ့သည်။

လူတိုင်း ထိတ်လန့် ကုန်ပြီး၊ ဂျိန်းယီကို ပြန်ကြည့် မိလေရာ၊ သူ့ပတ်ဝန်း ကျင်ရှိ မီးတောက်များ သေဆုံးနေ သည်အား၊ သတိ ပြုမိ လိုက်သည်။

သူ့အရှိန် အဝါမှာ လုံးလုံး လျားလျား ပြိုကျ နေခဲ့၏။ လင်းယွန် တစ်ယောက် မည်သို့ မည်ပုံ တိုက်ခိုက် လိုက်သည်ကို မသိ လိုက် ကြချေ။

ဂျိန်းယီ၏ ညာလက် တစ်ဖက် ပြင်းထန်စွာ တုန်ယင် နေပြီး၊ လျင်မြန် လွန်းသော နှလုံးခုန် သံကြောင့်၊ ဖြူဖပ် ဖြူရော် ဖြစ်လာသည်။

တစ်ဖက် လူမှာ ဤတိုက်ခိုက် မှုကို ရည်ရွယ်ချက် ရှိရှိ၊ လွဲခုတ် ခဲ့ကြောင်း သူ သိသည်။

တစ်ဖက်တွင် သခင့်ဓား၏ ဒုတိယ ဓားချက် အပေါ် ဆုပ်ကိုင် ထားနိုင် ပြီးနောက်၊ မိုးကြိုး ဓားချက်ကို စွမ်းအင် စုဆောင်း နေစရာ မလိုဘဲ၊ အတွေး တစ်ချက် ဖြင့်ပင် ထုတ်ဖော် နိုင်ခဲ့ သည်။

ထို့ကြောင့် လင်းယွန် ကသာ စွမ်းအင် စုဆောင်း နေ ခဲ့သော်၊ ပို၍ ကြောက်စရာ ကောင်းလာ ပေလိမ့်မည်။

“ မလုံလောက် သေးဖူးလား။ ”

အကန့် အသတ်မဲ့ မိုးကြိုး တိမ်တိုက်များ သူ့ခေါင်းထက် စုရုန်း စေလိုက်ပြီး လင်းယွန်က ရယ်ဟ ဟဖြင့်၊ မေးလိုက်သည်။

ထို့နောက် မိုးကြိုး တိမ်တိုက် များက၊ လင်းယွန် ခန္ဓကိုယ် ထဲသို့ နဂါး တစ်ကောင် အဖြစ်၊ ပြောင်းလဲ ဝင်ရောက် လာ၏။

“ အရှုံး ပေးတယ်၊ ငါ အရှုံး ပေးတယ်။ ”

ဂျိန်းယီက မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ ထိတ်လန့် တကြားဖြင့် အံကြိတ်ကာ အော်ဟစ် လိုက်သည်။

“ ... ကျေးဇူး တင်ပါတယ်။ ”

စုစည်း ထားသော မူလ စွမ်းအင် များကို၊ ချက်ချင်းပင် ပြန်လည် ဖြည်လျော့ ပစ်ကာ၊ လင်းယွန်က ဆိုလိုက်သည်။

ယင်းမှာ လူတိုင်း အတွက်၊ မယုံ နိုင်စရာ ကောင်းသော အဆုံးသတ် ဖြစ်လာ ခဲ့လေပြီ။

***

All Chapters