သန်မာသော ပြိုင်ဘက်။
Vol. 41 Ch. 565
“ အရှုံး ပေးတယ်၊ ငါ အရှုံး ပေးတယ်။ ”
ဂျိန်းယီက မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ ထိတ်လန့် တကြားဖြင့် အံကြိတ်ကာ အော်ဟစ် လိုက်သည်။
မူလ ပျက်စီးခြင်း ကိုးပါး နည်းစနစ်ကို ထုတ်ဖော် ခဲ့သော်လည်း၊ လင်းယွန်အား အနိုင် ယူနိုင်ခြင်း မရှိ ခဲ့ချေ။
လူအုပ် ကြီးမှာ မျက်လုံးများ ပြူးကျယ် သွား ပြီးနောက်၊ လင်းယွန်၏ တိုက်ပွဲဝင် စွမ်းအား အပေါ်၊ နှစ်ခြိုက် သွားမိသည်။
ခါးသက်သက် အပြုံးဖြင့် တိတ်ဆိတ် နေသော မုရွယ်မှ လွဲ၍၊ ကောင်းကင် ပြည်နယ်ရှိ လူတိုင်း ရွှင်မြူး ကုန်ကြ၏။
နောက်ဆုံး ဓားမှာ၊ ဂျိန်းယီကို အနိုင်ယူ နိုင်ရုံသာ မက၊ မုရွယ်၏ မာန တရား များအား ဖျက်ဆီး ပစ်လိုက်သည်။
အုပ်စိုးရှင် တပည့် တစ်ဦး ဖြစ်လျှင်ပင်၊ သူမ အပေါ် လင်းယွန်က ဂရုစိုက် နေမည် မဟုတ်ချေ။
တိမ်ယံ သုံးဆင့် ဂိုဏ်း၏ အထက် တန်းစား ဖြစ်သော၊ ဂျန်းယီကို အနိုင်ယူ ပြီးနောက်၊ ကောင်းစွာ မောက်မာ နိုင်ပြီ ဖြစ်သည်။
စိတ်ပျက် စရာကောင်းသော အမှန် တရားမှာ၊ သူမ အနေဖြင့် ဂျိန်းယီ မျှပင် သန်မာမှု မရှိချေ။
“ ဓားသမား တစ်ယောက် ဆိုတာ၊ မေ့လု နီးပါး ပါပဲ။ ”
ပန်းသင်္ချိုင်း ဓားကို ကိုင်ဆွဲ ထားသော လင်းယွန်ထံ လှမ်း ကြည့်ကာ၊ တိမ်ပြာ ရေကန် ထက်က ဓားသမား တစ်ယောက်အား၊ ပြန်သတိ ရသွား ဟန်ဖြင့်၊ လျူယွမ်ယန်က ပြုံးလျက် ရေရွတ် လိုက်သည်။
“ ငါတို့ မှန်တယ်။ ”
တန်ယုက မုတ်ဆိတ် မွေးကို ပွတ်ပြီး၊ ရယ်မော လိုက်၏။ သူ့ အနေဖြင့် လင်းယွန် အပေါ်၊ ထောက်ခံ အားပေးသူ တစ်ဦး ဖြစ်သည်။
ယခု ပြသ လာသော ခွန်အား အရ၊ ဆန့်ကျင် လိုသည့် အကြီး အကဲ များပင်၊ စကား တစ်ခွန်း မျှ၊ မဆိုသာ တော့ချေ။
“ အဲဒီ ကောင်က နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်။ ”
ကေျာက်စိမ်းဖြူ အကယ် ဒမီမှ ချန်ယုက၊ စိတ်မသက် မသာဖြင့် ရေရွတ် လိုက်သည်။
သူ့ အပြင် ဓားပြား ကြီးကို၊ ကိုင်ဆောင် ထားသော လိုရှန်း သည်လည်း၊ တုန်လှုပ် သွားခဲ့၏။
ထို့ကြောင့် စိတ်လှုပ်ရှား မှုကို ဖုံးကွယ်ရန်၊ လက်ထဲရှိ ဓားပြား ကြီးကို နောက်ကျောသို့၊ ရွေ့ပြောင်း ပိုးလွယ် ပစ်လိုက်သည်။
သို့မှသာ ဓားပြားကြီး ထံမှ၊ မုန်းတီး နာကျင် နေသော၊ ခံစား ချက်ပေါင်း များစွာကို နက်ရှိုင်းစွာ ခံစား လိုက်ရပြီး၊ အနည်းငယ် ယုံကြည်မှု ရှိလာ ခဲ့၏။
တစ်ချိန်က ကျောက်စိမ်းဖြူ အကယ် ဒမီသို့ မ၀င်ရောက် နိုင်မီ၊ တိမ်ယံ သုံးဆင့် ဂိုဏ်း၏ တပည့် တစ်ဦး လက်၌၊ အကြီး အကျယ် ရှုံးနိမ့် ခဲ့ရ ကာ၊ သေဆုံး လုနီးပါး ခံစား ခဲ့ရ ဖူးလေသည်။
သို့သော် ဤလင်းယွန်မှာ၊ ထိုအုပ်စိုးရှင် ဂိုဏ်း၏ အထက် တန်းစား တစ်ဦးကို၊ ရှုံးနိမ့် ကြောင်း ဝန်ခံ လာသည် အထိ၊ အတင်း အကျပ် ဖိအား ပေးနိုင် ခဲ့၏။
“ သူ့ကို ငါ မသိဘူး၊ သူ ဘယ်က လာတာလဲ။ ”
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ ဒီတစ်ကြိမ်တော့ တကယ့်ကို အားကောင်းတဲ့၊ ပြိုင်ပွဲဝင် တစ်ယောက် ရလိုက် တာပဲ။ ”
ကေျာက်စိမ်းဖြူ အကယ် ဒမီ၏ အကြီး အကဲများ အားလုံးက၊ လေးနက်သော အသွင် အပြင်ကို ထုတ်ဖော် လာကြသည်။
ခရမ်းရောင် တောင်ကုန်း အပြင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီမှာ၊ သူတို့၏ အသန် မာဆုံး ပြိုင်ဘက် ဖြစ်လာ လိမ့်မည်ဟု မထင် ထား မိချေ။
သို့သော် လင်းယွန်၏ နောက်ခံကို သတိရ သွားကာ၊ သူတို့ သိပ် စိုးရိမ် မနေခဲ့ ကြဘဲ၊ အနည်းငယ် ဆွေးနွေး ပြီးနောက်၊ ကိုးရွှင်၏ မျက်လုံးများ ပြန်လည် တောက်ပ လာခဲ့၏။
“ ဒီကောင်ကို ငါတာဝန် ယူလိုက်မယ်၊ ဆောင်းကျန်ကို စိန်မခေါ် ခင်မှာ သွေးပူလေး လုပ်ရ တာပေါ့။ ”
အခြား တစ်ဖက်တွင် ဂျိန်းယီမှာ မူလ ပျက်စီးခြင်း ကိုးပါးကို ဖယ်ရှား လိုက်သော ကြောင့်၊ ဖြူဖျော့စွာ ကျန်ရစ် ခဲ့သည်။
ပြိုင်ဘက် ဓားမှာ အလွန် ထိတ်လန့် စရာ ကောင်းလှပြီး၊ ထိုဓားသာ သူ့ဆီ ရည်ရွယ် လာခဲ့ ပါက၊ မည်သို့ အဆုံးသတ် နိုင်မည်ကို တွေးတော လိုက် မိသည်။
၎င်းဓား မတိုင်မီ၊ တစ်ဖက် လူအား လက်နက် ချရန်၊ ယုံကြည်ချက် ရှိစွာ တောင်းဆို ခဲ့သည်ကို၊ ပြန်လည် သတိ ရလာ ပြီးနောက်၊ ချက်ခြင်းပင် မသက် မသာ ခံစား လာရ ပြန်သည်။
ထို့ကြောင့် ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊
“ မင်းရဲ့ ... အသိ မိတ်ဆွေ စကား တွေက တကယ် အမှန် ပါပဲ၊ သူ ပြောတဲ့ အတိုင်း မင်းက လျှော့တွက်လို့ ရတဲ့၊ လူ တစ်ယောက် မဟုတ်ဘူး။ ”
သူ့ အနေဖြင့် လင်းယွန် အပေါ်၊ လျော့ မတွက် ခဲ့သော် ငြားလည်း၊ အုပ်စိုးရှင် ဂိုဏ်း၏ ပါရမီရှင် တစ်ဦး အဖြစ်၊ ဂုဏ်ယူစွာ ပြုမူ မိခဲ့ သေးသည်။
ယင်းကို အပြစ် မဆို သာချေ။ အုပ်စိုးရှင် ကိုးပါးမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေတွင်၊ ကြောက်စရာ ကောင်းသော ဘီလူးများ ဖြစ်လေ သည်။
ထို့ကြောင့် မည်သည့် အရပ်သို့ သွားစေ ကာမူ၊ သူတို့ အပေါ် လူတိုင်းက ရိုရို သေသေ ဆက်ဆံ ကြမည် ဖြစ်သည်။
ဤမာန မျိုးမှာ အရိုးများ ထိတိုင်၊ အမြစ် တွယ်လာ ပြီးနောက်၊ ပြောင်းလဲ၍ မရနိုင် တော့ပေ။
လင်းယွန် မှာမူ၊ ပွင့်လင်း ရိုးရှင်းစွာ ရင်ဆိုင် ခဲ့သော၊ ဂျိန်းယီ၏ ရက်စက်သည့် အပြု အမူများ အပေါ်၊ မုန်းတီးခြင်း မရှိ ခဲ့ချေ။
သို့သော် ဂျိန်းယီ ပြောပြော နေသော၊ သူ့ မိတ်ဆွေ ဆိုသူအား သိချင် မိပြန်သည်။
“ မင်းရဲ့ မိတ်ဆွေ ဟောင်းက၊ ဘယ်သူလဲ ဆိုတာ သိချင် နေပြီလား။ ”
ဂျိန်းယီက ညစ်ကျယ် ကျယ်ဖြင့် ပြုံးရယ် လိုက်ပြီး။
“ ငါ မင်းကို အခု မပြော နိုင်သေးဘူး၊ ဒါပေမယ့် ဒီလူက မင်း အကြောင်း စဉ်းစား နေလိမ့် မယ် လို့တော့ ငါပြော နိုင်တယ်၊ ... ”
“ ... အခုတော့ ငါတို့ ဂိုဏ်းရဲ့၊ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က၊ သူ့ကို တပည့် အဖြစ် ကောက်ယူ ခဲ့လို့၊ မြန်မြန် ဆန်ဆန် ကြီးထွား လာနေြပီ။ ”
“ ငါ သူ့ကို စောင့်မယ်။ ”
လင်းယွန်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။ စောင့်ရုံက လွဲပြီး သူတက် နိုင်တာ မရှိချေ။ နောက်ဆုံးတွင် ထိုသူမှာ သွေးစွန်းသော ဧည့်ခံ ပွဲသို့၊ အလွဲ မသွေ တက်ရောက် လာမည် ဖြစ်သည်။
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ မင်းကို ချောင်ချင်းနဲ ရင်ဆိုင်ဖို့ ဖိတ်ခေါ် ခဲ့တာ လို့ ငါယုံတယ်၊ ဒါပေမယ့် ... ”
“ ... မင်းက ကျောက်စိမ်း အကယ်ဒမီကို သတိထား ရလိမ့်မယ်၊ ကိုးရွှင်က လွယ်တဲ့ ပြိုင်ဘက် မဟုတ် သလို၊ မင်း သတိ မထား မိရင် ...၊ ရုန်းထွက် နိုင်တော့မှာ မဟုတ်ဘူး။ ”
ဂျိန်းယီက ပြုံးပြီး သတိ ပေးကာ၊ လက်ဝှေ့ ယမ်းလျက် ပြန်လည် ထွက်ခွာ သွားတော့သည်။
တစ်ဖက် လူမှာ ‘တိမ်သာ အကယ် ဒမီ’ကို၊ မျက်လုံး ထဲတွင်၊ ထည့်ထားပုံ မရချေ။ ကျောက်စိမ်းဖြူ အကယ် ဒမီ အနိုင် မည်ဟု သေချာ နေလေသည်။
ထို့ကြောင့် မျက်လုံး မှိတ်ကာ၊ တရား ထိုင်နေသော၊ ခရမ်းရောင် တောင်ကုန်း အကယ် ဒမီ၏၊ ဆောင်းကျန်ကို မော့ကြည့် လိုက်မိ သည်။
ထိုသူမှာ မျက်လုံး များကို ဖွင့်ကြည့် ဖို့ရန် စိတ်ကူး ရှိပုံ မရချေ။ သူ့ ပြိုင်ဘက် မည်သူ ဖြစ်လာ မည်ကို ဂရု မစိုက်ဘဲ၊ ငြိမ်သက်စွာ လျစ်လျူရှု နေခဲ့သည်။
သူတင် မက ၎င်းတို့ တစ်ဖွဲ့လုံး သည်ပင်၊ တည်ငြိမ် စွာဖြင့်၊ ပြုမူ လှုပ်ရှား နေကြ၏။
ယင်းကြောင့် ဆောင်းကျန် တစ်ယောက်၊ ကောလ ဟာလများ ကဲ့သို့ ကြောက်စရာ ကောင်း နိုင်ခြင်း ရှိ၊ မရှိ တွေးတော လာမိ ပြန်သည်။
ထို့နောက်တွင် အတွေး များကို ဖြတ်ချ လိုက်ပြီး၊ သူ့ ထိုင်ခုံဆီ ပြန်လျှောက် လာခဲ့၏။
“ ကျေးဇူး ပါပဲ။ ”
တန်ယု၊ မိုလင်းနှင့် ကျန်သူများ အားလုံး ထရပ်ကာ ပြုံးပြလျက် ဆိုလာ ကြသည်။ သူတို့ မျက်ဝန်း များတွင်၊ လေးစား မှုများ ထင်ဟပ် နေပေသည်။
နောက်ဆုံးတွင် မိုးသားပြာ အကယ် ဒမီကို၊ အပြတ် အသတ် အနိုင်ယူ နိုင်ခဲ့သည့် အတွက် လင်းယွန် အပေါ်၊ ကျေးဇူးတင် ရမှန်း နားလည် လာကြ ပေသည်။
“ မင်းရဲ့ နိုင်ပွဲ အတွက် ဂုဏ်ယူ ပါတယ်၊ ငါ အမှား လုပ်မိ ကြောင်း ဝန်ခံ တယ်။ ”
မုရွယ်က မချိ ပြုံးဖြင့် ဆိုလိုက်သည်။ နှာခေါင်းကို ပွတ်သပ် လိုက်ပြီး၊ လင်းယွန်က ပြုံး၏။ ပြီးနောက်၊
“ ရပါတယ်၊ မင်း ... အမှားကို ဝန်ခံ ရလိမ့်မယ်၊ ဆိုတာ ငါ သိထား ပြီးသားပါ။ ”
“ မင်းက အမြဲတမ်း မောက်မာ နေတဲ့ ကောင်လေးပဲ၊ ဒါပေမယ့် ဂျိန်းယီကို အနိုင်ယူ နိုင်ပြီးတဲ့ နောက်တော့ ...၊ ငါမင်းကို ပြောစရာ မရှိတော့ ပါဘူး။ ”
မိုလင်းက သဘော ကျစွာ ပြုံးရယ် လိုက်ပြီး၊
“ ကောင်းပြီ ... တိမ်သာ အကယ် ဒမီနဲ့၊ ကျောက်စိမ်းဖြူ အကယ် ဒမီတို့ ကစား ရမဲ့ အချိန် ကျပြီ၊ အမှား အယွင်းသာ မရှိရင် ကျောက်စိမ်းဖြူ အကယ် ဒမီက အနိုင် ရဖို့၊ အခွင့် အလမ်း မြင့်မား ပါတယ်။ ”
သူမ စကားကြောင့် တစ်ဖွဲ့လုံး စင်မြင့်ပေါ် အာရုံ ပြောင်းသွားသည်။ ကျောက်စိမ်းဖြူ အကယ်ဒမီ ဆိုသည်မှာ၊ သူတို့ လမ်းကြောင်း ပေါ်ရှိ၊ အင်အား ကြီးမားသော ရန်သူ ဖြစ်၏။
“ ကျောက်စိမ်းဖြူ အကယ် ဒမီမှာ ကိုးရွှင်က အသန်မာ ဆုံး ပါပဲ၊ လိုရှန်းလည်း ရှိနေ မှတော့ ပြောစရာ မလို တော့ဘူး၊ ... ”
“ ... တစ်ယောက်က မီးလျှံနက် ဂိုဏ်းက ကြီးကျယ် ခမ်းနားတဲ့ ပါရမီရှင်၊ နောက် တစ်ယောက်က ငါတို့ မမြင်နိုင် သေးတဲ့ လိုရှန်း။ ”
( လိုရှန်း။ ဓားပြား ကြီးကို ကိုင်ဆောင် ထားသည့်၊ လျှို့ဝှက် နိုင်လွန်းသော လူငယ်။ )
မိုလင်း စကားကြောင့်၊ လင်းယွန်က လိုရှန်းနှင့် ကိုးရွှင်ကို လှမ်းကြည့် လိုက်သည်။
“ အင်း ... သူတို့ကို ကိုင်တွယ် ဖို့က ...၊ တကယ် မလွယ် ဖူးပဲ။ ”
-ဟု တီးတိုး ရေရွတ် လိုက်သည်။ ၎င်းတို့ နှစ်ဦး စလုံးမှာ ဂျိန်းယီနှင့် အဆင့် တူ၌ ရှိနိုင် ပေမည်။
ကိုးရွှင် မှာမူ ပို၍ပင် သန်မာ နိုင်သည်။ သို့မဟုတ် ပါသော် ဂျိန်းယီက ထိုသူကို သတိ ထားမိ နေမည် မဟုတ်ချေ။
ခဏ အကြာတွင် ကျောက်စိန်းဖြူ အကယ်ဒမီနှင့် တိမ်သာ အကယ်ဒမီတို့ အကြား၊ တိုက်ပွဲ စတင် လာခဲ့သည်။
ကျောက်စိမ်းဖြူ အကယ်ဒမီ အနေဖြင့်၊ လိုရှန်းကို ပထမဆုံး တိုက်ပွဲ အတွက် စေလွှတ် ထား၏။
ကြီးမား လှသော ဓားပြား၏ အရွယ် အစားကြောင့် လူအုပ် ကြီးက၊ ဓားကို လွှဲယမ်း နိုင်ခြင်းရှိ မရှိ သံသယ ရှိလာ ကုန်သည်။
များမကြာခင် တိုက်ပွဲ မြင်ကွင်း များမှာ၊ လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။ လိုရှန်း အနေဖြင့် ဓားကို လွှဲနိုင် ရုံသာ မကဘဲ၊ အလွန် လျင်မြန်စွာ လှုပ်ရှား သွားလာ ပြနေ၏။
ဓားလှိုင်း တိုင်းက တိမ်သာ အကယ်ဒမီ ပြိုင်ပွဲ ဝင်ကို၊ ကြီးစွာသော ဝေဒနာ ခံစား ရစေ သကဲ့သို့၊ တိုးဝင် သွားသည်။
လှုပ်ရှားမှု ငါးခု ပြီးနောက်၊ တိမ်သာ အကယ်ဒမီမှ ပြိုင်ပွဲ ဝင်ကို၊ လိုရှန်းက ရိုက်ထုတ် နိုင်ခဲ့ လေပြီ။
မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသော အခါတွင်၊ သူ့ ပြိုင်ဘက်မှာ ပြန် မထနိုင် တော့ဘဲ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာ၏။
ဤတိုက်ပွဲ သည်မျှ လျင်မြန်စွာ၊ ပြီးဆုံး သွားရ သည်ကြောင့်၊ လူတိုင်း အံ့အားသင့် ကုန်သည်။ မိုလင်းက၊
“ သူက ကျောက်စိမ်းဖြူ အကယ် ဒမီရဲ့၊ ပြင်ဆင် ထားတဲ့ ဝှက်ဖဲ တစ်ချပ် ဖြစ်ရမယ်။ ”
ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့ဝင် တိုင်းက၊ မိုလင်း စကား အပေါ် ခေါင်းညိတ် လက်ခံ လိုက် ကြသည်။
“ သူ တိုက်ခိုက်တဲ့ ပုံစံက ထူးဆန်း နေတယ်၊ ပထမဆုံး တိုက်ခိုက် မှုကိုသာ မတွန်းလှန် နိုင်ရင်၊ မင်းတို့ ... ရှုံး လိမ့်မယ်။ ”
တိုက်ပွဲမှ သဲလွန်စ အချို့ကို၊ မိုလင်းက ထုတ်ယူ နိုင်ခဲ့သည်။
လင်းယွန် အနေဖြင့် မိုလင်းနှင့်၊ တူညီသော အမြင် ရှိသည်ကြောင့်၊ ခေါင်းညိတ် လိုက်မိသည်။ သူက လိုရှန်းကို ပို၍ စိတ်ဝင်စား နေချိန် မှာပင်၊ တိုက်ပွဲ ပြီးဆုံး သွားခဲ့သည်။
ဒုတိယ တိုက်ပွဲတွင် ချန်ယုကို ကိုးရွှင် အစား၊ ကျောက်စိမ်းဖြူ အကယ်ဒမီမှ၊ စေလွှတ် လိုက်သော ကြောင့် အံ့အားသင့် ကုန်ကြသည်။
မိုလင်း မျှဝေ ချက်များ အရ၊ ချန်ယုမှာ ကျောက်စိမ်းဖြူ အကယ်ဒမီရှိ၊ ပြိုင်ပွဲဝင် သုံးဦး အနက်၊ အင်အား အနိမ့်ကျ ဆုံးသူ ဖြစ်သည်။
ထို့ကြောင့် အုပ်စိုးရှင် တပည့် တစ်ဦးအား ကိုင်တွယ်ရန်၊ မည်သူမျှ မမျှော်လင့် ထားကြ ချေ။
သို့သော် အသန် မာဆုံး ပြိုင်ဘက်ကို၊ အင်အား အနည်းဆုံး သူနှင့် ရင်ဆိုင် စေခြင်း ဖြင့်၊ ကိုးရွှင် အတွက် လွယ်ကူသော နိုင်ပွဲ ဖြစ်လာ စေရန်၊ ရည်ရွယ် ပုံရသည်။
သို့သော် ရလဒ်က လူတိုင်းကို၊ နောက်တစ်ကြိမ် တုန်လှုပ် စေခဲ့ ပြန်၏။ ပြိုင်ပွဲဝင် သုံးဦး အနက် အနိမ့် ပါးဆုံး ဖြစ်သော ချန်ယု သည်ပင်၊ တိမ်သာ အကယ် ဒမီ၏ ပြင်ပ ပြိုင်ပွဲ ဝင်ကို၊ အနိုင်ယူ ပြလာခြင်း ဖြစ်သည်။
“ ကျောက်စိမ်း အကယ် ဒမီက၊ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။ ”
“ အညံ့ဆုံး ချန်ယု ကတောင် အစွမ်းထက် နေတယ်၊ ကိုးရွှင် သာဆို ဘယ်လောက် အထိ သန်မာ လိုက် မလဲ။ ”
“ ကျောက်စိမ်း အကယ် ဒမီက၊ ချန်ပီယံ ဆုကို မျှော်လင့် ထားပုံပဲ၊ ဘယ်သူ သိမှာလဲ၊ သူတို့က ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ ဆီ ကနေ၊ လုယူသွား နိုင်မလား ဆိုတာ ... ။ ”
“ ဟား ဟား ဟား၊ ဒါက စိတ်ဝင်စား စရာ ပါပဲ၊ မြင့်မြတ်သော ရူရ်ကို ဆက်ထိန်းထား နိုင်ဖို့ ဆိုတာ၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေနဲ့ ခက်ခဲ လာရပြီ။ ”
ပရိသတ် များမှာ ၎င်းကို ကြည့်ပြီး၊ ပို၍ စိတ်လှုပ်ရှား လာခဲ့၏။ ကောင်းကင် ပြည်နယ် အကယ် ဒမီနှင့်၊ ကျောက်စိမ်းဖြူ အကယ် ဒမီတို့ အကြား၊ တိုက်ပွဲများ မည်မျှ ပြင်းထန် နိုင်မည် ကို၊ စိတ်ကူး ကြည့်နိုင် သည်။
ချန်ယုက သူ့ ပြိုင်ဘက်ကို အနိုင်ယူ ပြီးနောက်၊ ဒေါသနှင့် ပြည့်နှက် နေသော ကြောက်မက်ဖွယ် အပြုံးဖြင့်၊ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။
“ ဒါက ခက်လိမ့်မယ် ...။ ”
တန်ယုက လေးနက်သော အမူ အရာကို ထုတ်ဖော် လိုက်သည်။ မိုလင်းနှင့် လျူယွမ်ယန် တို့မှာ စကား တစ်ခွန်းမျှ မဆို တော့ချေ။
လင်းယွန်၏ အောင်ပွဲကြောင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အနေဖြင့်၊ ပေျာ်ရွှင်၍ အဆုံး ခင် မှာပင်၊ တင်းကြပ်သော လေထုကို ခံစား လိုက်ရသည်။
ကျောက်စိမ်းဖြူ အကယ် ဒမီ၏ ခွန်အား အပေါ်၊ သိရှိ ထားသော်လည်း၊ ဤမျှ တက်စွမ်း လိမ့်မည်ဟု မည်သူမှ၊ မမျှော်လင့် ထားမိ သည်မှာ၊ သဘာဝ ပေပင်။
ချန်ယု သို့မဟုတ် လိုချန်းကို၊ အနိုင် ယူရန် နိုင်ခြေ (၆၀%) ပင် မရှိကြောင်း၊ သူ့ကိုယ်သူ သိထားသော မုရွယ် တစ်ယောက်၊ တိတ်ဆိတ် သွားမိသည်။
အရှုံးကို မခံစား လိုတော့သည် ဖြစ်ရာ၊ စိတ်ဓာတ်များ ပြိုလဲ လာကုန် ကြသည်။
***