← Chapters

သည်းခံခြင်း။

Vol. 41 Ch. 566

သည်းခံခြင်း။

Vol. 41 Ch. 566

ပတ်ဝန်းကျင် လေထုတွင်၊ စိတ်လှုပ် ရှားသော အငွေ့ အသက်များ၊ ပို၍ မြင့်တက် လာချေသည်။

ကောင်းကင်၌ နေမင်းကြီး တရွေ့ရွေ့ မြင့်တက် လာ၏။ ခရမ်းရောင် တောင်ကုန်း သည်သာ၊ စိတ်လှုပ် ရှားခြင်း မရှိသော အဖွဲ့ ဖြစ်လာ သည်။

သို့သော် ပရိသတ် များက ၎င်းတို့ အပေါ် ဂရု မစိုက် နိုင်ကြ သေးပေ။ ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေဖြင့်၊ အတိတ်မှ အရှက် တရားများ အပေါ်၊ သန့်စင် နိုင်ခြင်း ရှိ မရှိကို၊ သိချင် နေ ကြသည်။

တစ်ဖက်တွင် ကျောက်စိမ်းဖြူ အကယ်ဒမီ ချန်ပီယံ ဖြစ်လာ နိုင်မည်ဟု၊ မှန်းဆ တွက်ချက် နေပြန်၏။

အထူး သဖြင့် ဤသို့သော ပြိုင်ပွဲ မျိုးတွင်၊ လူတိုင်းက အံ့အားသင့် စရာများ ယူဆောင် လာတက် ကြပေသည်။

ကျောက်စိမ်းဖြူ အကယ်ဒမီ၏ အောင်ပွဲများ အရ၊ ဖြစ်နိုင်ခြေ များစွာ ရှိသော ကြောင့်၊ အကယ် ဒမီ ငါးခု ပြိုင်ပွဲမှာ ပို၍ပင် စိတ်လှုပ်ဖွယ် ကောင်းလာ တော့၏။

“ အကယ်ဒမီ နှစ်ခု စလုံးက ပြိုင်ပွဲဝင် နှစ်ဦးပဲ၊ စေလွှတ် ထားသေး ပါတယ်၊ ငါ့အမြင် အရတော့ ... ၊ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့ ပြိုင်ပွဲဝင် နှစ်ဦးက၊ အကြွင်းမဲ့ နိုင်ပွဲ မဟုတ်ဘူး။ ”

“ မှန်တယ် ... သူတို့က ရှုံးနိမ့်မဲ့၊ အလား အလာတောင် ရှိခဲ့ သေးတယ်၊ လျူယွမ်ယန်က သူတို့ သုံးယောက် ထဲမှာ၊ အပျော့ညံ့ ဆုံးပဲ။ ”

“ ... လင်းယွန် အတွက်တော့ ...၊ လိုရှန်း ဒါမှ မဟုတ် ချန်ယုကို အနိုင် ယူဖို့၊ အခွင့် အရေး (၅၀%)ပဲ ရှိတယ်။ ”

“ နောက်ဆုံးတော့ ချန်ယုက အုပ်စိုးရှင် တပည့် တစ်ဦးကို အနိုင်ယူ ပြခဲ့တယ် မဟုတ် လား၊ သူ့ စွမ်းဆောင် ရည်က လင်းယွန်ထက် မနိမ့် ကျပါဘူး။ ”

“ ဒါဆို အဓိက ပြိုင်ပွဲ ဝင်က မုရွယ်ပေါ့၊ သူသာ အနိုင် ရခဲ့ရင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အတွက်၊ အခွင့် အရေး ရှိသေး တယ်၊ ... ”

“ ... ဒါပေမယ့် သူ ရှုံးသွား ရင်တော့ ကောင်းကင် ပြည်နယ် အတွက်၊ ဘာမျှော်လင့် ချက်မှ ကျန်တော့မှာ မဟုတ် ဘူး။ ”

အထက်ပါ ဆွေးနွေး သံများကို ကောင်းကင် ပြည်နယ် အဖွဲ့ သားများ အားလုံး၊ ကြားနေ ခဲ့ရ သော်လည်း၊ အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိ ခဲ့ပေ။

ထိုစကားများ မှန်ကန် နေကြောင်း၊ သူတို့ သိသည်။ မုရွယ်မှာ အကယ်ဒမီ အတွက်၊ အဓိက ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်သည်။

သို့သော် သူမ အနိုင် ရခဲ့ လျှင်ပင်၊ လိုရှန်းနှင့် ချန်ယုမှာ အစွမ်းထက် လွန်းသောကြောင့်၊ ကျန်သူများ အနေဖြင့်၊ အခြေ အနေ မကောင်း နိုင်သေး ချေ။

လျူယွမ်ယန်မှာ အနိုင် ရရန်၊ အလား အလာ နည်းလွန်းသည့် အတွက်၊ လင်းယွန်နှင့် မုရွယ် အပေါ်၊ ဖိအားများ များစွာ သက်ရောက် နေပေ သည်။

“ လူတိုင်း အတွက် စိတ်ပျက် စေ မိလို့၊ တောင်းပန် ပါတယ်။ ”

လျူယွမ်ယန်က ခေါင်းငုံ့ပြီး၊ ဆိုလိုက်၏။

“ မင်း ... အကောင်းဆုံး လုပ်ထား ပြီး သားပါ၊ အကယ် ဒမီမှာ မင်းထက် ပိုကောင်းတဲ့ သူ မရှိဘူး၊ တစ်ယောက် ယောက် ကိုသာ၊ မှား တယ်လို့ ဆိုရကြေး ဆိုရင်၊ အဲ့ဒါ ... ငါ ပါပဲ။ ”

လျူယွမ်ယန်ကို နှစ်သိမ့် ပြုံးပြ လိုက်ပြီး၊ တန်ယုက ဆိုသည်။ ဤမိန်းကလေး မည်မျှ ကြိုးစား ခဲ့သည်ကို သူ သိသည်။

သို့သော် ပြိုင်ဘက် အကယ် ဒမီမှာ၊ အလွန် အစွမ်းထက် လွန်းလှ လေပြီ။ သူမကို မှားယွင်းသော ရွေးချယ်မှု ဟု ဆိုပါက၊ သူ့ထက် အားနည်းသော တပည့် များ အတွက်မူ၊ ဆိုဖွယ် မရှိ တော့ချေ။

ထို့အပြင် လျူယွမ်ယန်မှာ၊ မိုးသားပြာ အကယ် ဒမီကို အနိုင်ယူ ပြပြီးပြီ ဖြစ်သည်။ ထို့ကြောင့် မိုလင်းက အချိန် အတော်ကြာ စဉ်းစား နေခဲ့ ပြီးနောက်၊

“ ငါတို့မှာ အခွင့် အရေး ရှိပါ သေးတယ်၊ ယွမ်ယန်က ပထမ၊ မုရွယ်က ဒုတိယနဲ့ လင်းယွန်က နောက်ဆုံး သွား ရအောင်၊ ... ”

“ ... တကယ်လို့ ယွမ်ယန်က ကိုးရွှင်၊ ဒါမှ မဟုတ် ချန်ယုဆီ ပြေးမိရင်၊ မုရွယ်နဲ့ လင်းယွန် အတွက် ဖိအား နည်းသွားလိမ့်မယ်။ ”

“ ဒါက မကောင်းဖူး၊ ပထမ ပွဲကို လိုရှန်းနဲ့ ဖွင့်ပြီး၊ ကိုးရွှင်ကို ဆက်တိုက် လွှတ်လာ ခဲ့ရင် ဘာဖြစ် မလဲ၊ နှစ်ပွဲ ဆက်တိုက် ရှုံးမယ်လို့ ဆိုလိုတာ မဟုတ်လား။ ”

“ ငါတို့ ဘယ်လိုပဲ၊ ပွဲထွက် ပွဲထွက် အဆင် မပြေ နိုင်ဖူးလို့ ထင်ပါတယ်၊ ဒါပေမယ့် လင်းယွန်ကို နောက်ဆုံး ထားမဲ့ အပေါ်၊ အမြင် မရှိ ပါဘူး။ ”

“ ဒါတော့ မှန်တယ်၊ သူ့ရဲ့ ခွန်အားကို အကုန် အစင် မသုံး ရသေး ဖူးလို့၊ ပြောနိုင် သလို သူနဲ့ အတူ၊ ငါတို့ မျှော်လင့် ချက်တွေ ရှိလာ နိုင်တယ်။”

အကြီး အကဲ များက မိုလင်းနှင့် ပွဲထွက် လူ စာရင်းကို ဆွေးနွေး လာကြသည်။ မည်သို့ပင် စီစဉ် စေကာမူ၊ အဆင် မပြေ သည်ကို သိနေ သောကြောင့်၊ ခေါင်းကိုက် ကုန်၏။

သို့သော် ကျောက်စိမ်းဖြူ အကယ် ဒမီမှာ၊ မိုက်မဲမည် မဟုတ် သောကြောင့်၊ ကိုးရွှင်ကို ပထမပွဲ အတွက်၊ စေလွှန်ရန် နည်းလမ်း မရှိပေ။

လင်းယွန်က ခေါင်းကို ခါယမ်း လိုက်သည်။ ခွန်အား ကွာခြားချက် ကြီးကြီး မားမား မရှိ သော်၊ ဤလူ စာရင်းကို သုံးနိုင်သည်။

ခွန်အား များစွာ ကွာခြား ပြီးနောက်တွင်၊ မည်သို့ပင် စီစဉ် စေကာမူ၊ အသုံး မဝင် နိုင် တော့ချေ။

“ ဒါကြောင့် ... အရင် သွားခွင့် ပြုပါ။ ”

မုရွယ်က တောင်းဆို လိုက်သည်။

“ လင်းယွန်ကို နောက်ဆုံး ထားဖို့ ကိုလည်း၊ ငါ သဘော တူ ပါတယ်၊ အစ်မ ယွမ်ယန်က တစ်ပွဲ တိုက်ပြီး မှတော့၊ သူ့ကို အနား ပေးထား သင့်တယ် မဟုတ်လား။ ”

မုရွယ်၏ အကြံ ပြုချက် အပေါ်၊ လူတိုင်းက သဘော ကျခြင်း မရှိ ကြ သော်လည်း၊ ပို၍ ကောင်းမွန်သော အစီ စဉ်မျိုး၊ မည်သူမျှ ချမပြ နိုင်ချေ။

နောက်ဆုံးတွင် ဤတိုက်ပွဲ အပေါ်၊ ခံစား ချက်များ မကောင်း နိုင်သော ကြောင့်၊ မည်သူ ဦးစွာ သွားသင့်သည် ဆိုသော အမြင်မှာ၊ အရေး မကြီး တော့ဟု ယူဆ လာမိ ကြသည်။

“ အချိန် စေ့ပြီ၊ ကောင်းကင် ပြည်နယ်နဲ့ ကေျာက်စိမ်းဖြူ အကယ် ဒမီ၊ ကျေးဇူး ပြုပြီး မင်းတို့ရဲ့ ပြိုင်ပွဲ ဝင်ကို စေလွှတ် ပေးပါ။ ”

ဒိုင်အဖိုး အို၏ အသံက စင်မြင့် ပေါ်မှ၊ ကျယ်လောင်စွာ ထွက်ပေါ် လာပြန်၏။

ပုံရိပ် နှစ်ရိပ် ကောင်းကင် ပေါ်သို့ ပျံတက် သွားသော အခါ၊ ကျောက်စိမ်းဖြူ အကယ်ဒမီမှ လိုရှန်းကို စေလွှတ် လိုက်ကြောင်း၊ မြင်လိုက် ရသဖြင့် လူတိုင်း ခေါင်းညိတ် လိုက် ကြသည်။

လိုရှန်း မျက်လုံး များရှိ၊ သတ်ပစ် လိုသော ရည်ရွယ် ချက်များက၊ လမ်းလွဲ ကျင့်ကြံသူ များထက်ပင် ပို၍ ပြင်းထန် လေသည်။

“ မင်းတို့ ...ပန်းသင်္ချိုင်းကို အရင် မလွှတ် ဖူးလား၊ သူ့ကို နောက်ဆုံး ထားဖို့ စဉ်းစား နေတာ လား၊ မင်း ရှုံးပြီးတဲ့ နောက်တော့ နိုင်ပွဲ ရဖို့၊ အစီစဉ် ပြောင်းကြ လိမ့်မယ်လို့၊ ငါ ထင်တယ်။ ”

လိုရှန်းက ရယ်မော လိုသော အသွင်ဖြင့်၊ သုံးသပ် ပြလာသည်။

“ မင်းက ငါ့ကို ...၊ အနိုင်ယူ နိုင်မယ်လို့ ထင်နေ တာလား။ ”

မုရွယ် မျက်လုံး များတွင်၊ ဒေါသဖြင့် တောက်ပ လာသည်။ လိုရှန်းကို အနိုင် ယူရန် မသေချာ သော်လည်း၊ အုပ်စိုးရှင် တပ်ဖွဲ့၏ တပည့် တစ်ယောက် ဖြစ်သော၊ သူ့ မာနက ဦးညွှတ်ရန် ခွင့်မပြု ချေ။

“ ဟား ဟား ဟား ...၊ ငါတို့ တွေ့ရင် သိပါ လိမ့်မယ်။ ”

လိုရှန်းက ရယ်မောကာ၊ တုန့်ပြန် လိုက်သည်။

“ ဒါပေါ့ ... သတိထား ။ ”

တုန့်ဆိုင်းခြင်း မရှိဘဲ၊ မုရွယ်က ဓားကို ဆွဲထုတ် ပြီးနောက် ဟစ်အော် လိုက်သည်။ သူမ၏ ဓားထံမှ အေးစက်သော အလင်း ရောင်များ တဖျပ်ဖျပ် ခတ်လာ၏။

စကြာဝဠာ လက်နက် များ ဖြင့်ပင်၊ ယှဉ်နိုင်သော တော်ဝင် ဓားတစ်လက် ဖြစ်သည်။

“ ဓားကောင်း တစ်လက်ပဲ။ ”

လိုရှန်းက ခေါင်းညိတ် လိုက်ပြီး၊ နောက်ကျောတွင် ပိုးလွယ် ထားသော ဓားပြား ကြီးကို လက်လှမ်း လိုက်၏။

“ ကြည့်ရတာ မင်းတို့က ငါ့ရဲ့ ဓားရေးမှာ၊ တစ်ခု ခုကို မြင်ထား ပုံရတယ်၊ ဒါပေမယ့် အဲဒါကို သိနေ ရင်တောင် အရေး မကြီး ပါဘူး၊ ငါ့ရဲ့ တောင်ခွဲဓားက ပထမ အရွေ့ကို၊ မတားဆီး နိုင်ရင် ... မင်းရှုံး လိမ့်မယ်။ ”

လိုရှန်းက ဓားဖျားကို ကြမ်းပြင်ပေါ်၊ မနိုင့် တနိုင် ပစ်ချ လိုက်ရာ၊ နှစ်လက်မ ခန့် နစ်မြုပ် သွားခဲ့ သည်။

နောက်တစ်စက္ကန့်တွင်၊ သူ့ထံမှ ပြင်းထန်သော သတ်ဖြတ် လိုသည့် ရည်ရွယ် ချက်များ၊ တောင်ကြီး တစ်လုံး ကဲ့သို့ မုရွယ်ပေါ် ပြိုကျ သွား၏။

“ ပထမ ဓား၊ ... ”

ဓားပြား ကြီးကို မကာ လေထုထဲ ဖြန့်ကျက် ပြီး၊ ရှေ့သို့ တွန်းထုတ် လျက်မှ၊ လိုရှန်း တစ်ယောက် ပြုံးလိုက် မိသည်။

သူ့ခြေ ဖဝါးအောက် ကြမ်းပြင်မှ သားရဲ ကြီး တစ်ကောင် နိုးထ လာ သကဲ့သို့၊ ပြေးတက် သွား၏။

ပတ်ဝန်း ကျင်တွင် စူးရှသော ဓားရောင်ခြည် ကိုးစင်းနှင့် အတူ၊ ဟောက်သံများ ဖုံးလွှမ်း လာသည်။

အဆိပ် ရှိသော သားရဲ တစ်ကောင်၊ လှုပ်ရှား နေသည်ဟု ခံစား လာရ သောကြောင့်၊ လူတိုင်း ကေျာရိုးများ စိမ့်တက် သွားသည်။

လိုရှန်းကို သိုင်းခြုံ ထားသော ဓားရောင်ခြည် ကိုးစင်း အပေါ် အာရုံခံ လိုသဖြင့်၊ လင်းယွန်က မျက်လုံးများ မှိတ်ချ လိုက်သည်။

မျက်လုံးများ ထဲသို့ စိတ် စွမ်းအင်များ လောင်းထည့် လိုက်ကာ၊ ချက်ချင်း ပြန်ဖွင့်ပြီး သဲလွန်စ အချို့ကို ရှာဖွေ လိုက်သည်။

ဓားရောင် ခြည်များ ထဲတွင်၊ ကြက်သွေးရောင် အစအနများ ပါရှိ နေ၏။

ကြည့်နေ ဆဲမှာပင်၊ ကြက်သွေးရောင် အစအန များက မီးလျှံများ အဖြစ်၊ လျင်မြန်စွာ လောင်ကျွမ်း လာတော့သည်။

ထိုမီးတောက်ကို မြင်ချိန်၌၊ လိုရှန်း တစ်ယောက် အဘယ့်ကြောင့်၊ ဤမျှ ယုံကြည် စိတ်ချစွာ ပြောဆို ဝံ့သည်ကို၊ နားလည် သွားမိသည်။

သူ၏ ကျင့်ကြံမှု နည်းစနစ်မှာ၊ ယာယီ ခွန်အား တိုးလာ စေရန်၊ သွေးသားကို လောင်ကျွမ်း ပစ်ရသော၊ အမှောင် ဓားရေး တစ်ရပ်နှင့် ဆက်စပ် နေလေပြီ။

ထို့ကြောင့် သူ့ပြိုင်ဘက်မှာ ပထမ အရွေ့ကို မတားဆီး နိုင်ခဲ့ ပါက၊ ပို၍ အားကောင်း လာသော၊ နောက်ထပ် ဓားချက်များ အတွင်း ပိတ်မိ သွားမည် ဖြစ်သည်။

ဆိုလို သည်မှာ အနည်းငယ် တုံ့ဆိုင်း သွားခြင်းဖြင့်၊ ပြိုင်ဘက်၏ တိုက်ခိုက်မှု များကို၊ အချည်းနှီး အနေ အထားသို့ ရောက်ရှိ သွား စေမည် ဖြစ်သည်။

ထို့ကြောင့် မုရွယ်၏ မျက်လုံး များတွင်၊ အနည်းငယ် တုံ့ဆိုင်း သွားသည်ကို ကြည့်ကာ၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်မိသည်။

သူမ အနေဖြင့် ဝှက်ဖဲကို သုံးသင့်၊ မသုံးသင် တွေဝေ နေ၏။ ဝှက်ဖဲဖြင့် ဤဓားကို၊ မတားဆီး နိုင်ခဲ့ ပါလျှင်၊ ရှုံးနိမ့် သွားရုံသာ မက၊ ဒဏ်ရာများ အပြင်း အထန် ရနိုင် ပေမည်။

“ ရှုံး သွား ပြီ။ ”

လင်းယွန်က သက်ပြင်း ချကာ ဆို လိုက်သည်။ စကားဆုံး သည်နှင့်၊ မုရွယ်၏ တုံ့ဆိုင်း မှုကြောင့်၊ ပြိုင်ဘက်မှ ဓားဖြင့် ရိုက်နှက်ခြင်း၊ ခံလိုက် ရသည်။

နာကျင် လွန်းလှ သည်ဖြစ်ရာ၊ ဆုပ်ကိုင် ထားသော ဓားပင်၊ ပြုတ်ကျ လုနီးပါး ဖြစ်လာ သည်။

တစ်ဆက်တည်း မှာပင်၊ လိုရှန်း၏ ဓားရောင်ခြည် များက၊ ကြက်သွေးရောင် နဂါး ကိုးကောင် အဖြစ်သို့ ပြောင်းလဲ သွားသည်။

ပြိုင်ဘကါ ထံမှ နောက်ထပ် ခုတ်ပိုင်းချက် တစ်ချက်ကြောင့်၊ မုရွယ်မှာ သွေးတစ်လုတ် အန်လျက်၊ လွင့်စင် လာရ ပြန်သည်။

“ ဒါက ကောင်းကင် ဓားဂိုဏ်းက၊ ပေးနိုင်တာ အကုန် ပဲလား။ ”

လိုရှန်းက လှောင်ပြောင် ရေရွတ် လိုက်ပြီး၊ ကောင်းကင်ပေါ် ထပ်မံ ခုန်တက် သွားကာ၊ မုရွယ်အား နောက်ထပ် ခုတ်ပိုင်း ချလိုက် ပြန်သည်။

ဤဓားချက် အပေါ်၊ အစွမ်းကုန် ခုခံ ကာကွယ်ခဲ့ သော်လည်း၊ အလွန် ပြင်းထန် လှသဖြင့်၊ မုရွယ် ထံမှ အရိုးကျိုး အသံများ ကျယ်လောင်စွာ ထွက်ပေါ် လာတော့၏။

၎င်း အချင်း အရာက လူတိုင်းကို အသက် ရှူရ ကြပ်လာ စေသည်။ အရုပ် တစ်ရုပ်လို၊ ရိုက်နှက် ခံ နေရသော မြင်ကွင်းကြောင့်၊ တုန်လှုပ် ခြောက်ခြား ကုန်ကြ၏။

လိုရှန်းမှာ သည်မျှနှင့် ကြေနပ်ပုံ မရ သေးချေ။ ဓားပြားကြီးကို မြောက်ခါ ထုတ်မံ ခုတ်ပိုင်း ချလိုက်သည်။

သို့သော် သူ့ဓားက လဲကျ နေသော မုရွယ်ထံ မကျရောက် မီတွင်၊ တစ်စုံ တစ်ယောက် ပြေးဝင် လာပြီး၊ တိုက်ခိုက် မှုအား တားဆီး သွားခဲ့သည်။

“ ထန် ....။ ”

ငွေရောင် ယပ်တောင်မှာ ဓားပြား ကြီးနှင့် ယှဉ်လျှင် သေးငယ်လှ သော်လည်း၊ ကောင်းမွန်စွာ ဟန့်တား နိုင်၏။

“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ ဒီပွဲကို ရှုံးနိမ့် ကြောင်း ဝန်ခံတယ်။ ”

“ ရှုံးနိမ့် ကြောင်းကို ဝန်ခံ တာလား၊ ဒါပေမယ့် သူ ပြောတာ ငါမကြား ရသေးဘူး။ ”

လိုရှန်းက ကြားဝင် ဟန့်တား လာသော မိုလင်းကို ဂရု မစိုက် ဟန်ဖြင့်၊ တုန်ပြန် လိုက်သည်။ မုရွယ်ကို လွှတ် ထားရန် ရည်ရွယ်ချက် မရှိ သည်မှာ၊ ထင်ရှား ပေသည်။

“ ငါ ... ပြောတယ်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ ဒီပွဲမှာ ရှုံးနိမ့် တာကို ဝန်ခံ တယ်။ ”

မိုလင်း မျက်နှာမှာ ချက်ချင်း အေးစက် သွားပြီး၊ လိုရှန်းကို သူမ အရှိန် အဝါဖြင့်၊ ဖိနှိပ် ပစ်လိုက်၏။

“ လိုရှန်း ပြန်လာပါ။ ”

ကိုးရွှင်က ရွှတ်နောက် နောက်ဖြင့် ပြန်လည် ခေါ်ယူ လိုက်သည်။ ကောင်းကင် ပြည်နယ် အကယ် ဒမီ အပေါ်၊ သင်ခန်းစာ ပေးခြင်း အတွက် ဆိုဖွယ် မရှိ သော်လည်း၊ ၎င်းတို့အား အတင်း အကြပ် ဖိအား ပေးခြင်း မျိုးမှာ၊ အဓိပ္ပါယ် မရှိပေ။

“ ဟွန့် ...။ ”

နှာခေါင်းကို ပွတ်သပ်လျက် လိုရှန်းက လှောင်သံ ပြုလိုက်ကာ၊ ပြန်လည် ဆုတ်ခွာ သွားသည်။

မိုလင်း တစ်ယောက် မုရွယ်ကို ခေါ်ယူ လာချိန်တွင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ တပည့် တိုင်းက၊ ပျက်ယွင်းသော အမူ အရာများ၊ ထုတ်ဖော် လိုက်ကြသည်။

“ ... မ ဟုတ် ဘူး။ ”

မုရွယ်က တိုးတိုးလေး ငြင်းဆန်လျက်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားသည်။

သူမ ခါးမှ စီးကျ နေသော သွေးကို မြင်သည့် အခါ၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားလေသည်။

မုရွယ်ကို မကြိုက် သော်လည်း ပြိုင်ပွဲတွင်၊ တစ်ဖက် လူ၏ အသက်ကို နုတ်ယူရန် မလို အပ်ချေ။ ရည်ရွယ် ချက်မှာ အနိုင် အရှုံး ထင်းရှား ရန်သာ ဖြစ်လေ သည်။

နှစ်ဖက် စလုံးတွင် ရန်စပင် မရှိ သောကြောင့်၊ သွေးထွက် သံယိုဖြင့် အဆုံးသတ် နေစရာ မလိုချေ။ ဤလိုရှန်းမှာ များစွာ ရက်စက် လွန်း လေပြီ။

ကျောက်စိမ်းဖြူ အကယ် ဒမီ အနေဖြင့်၊ သူနှင့် ရက်စက် မှုခြင်း ပြိုင်ချင် လိုပုံ ရသည်။

ထို့ကြောင့် မျက်လုံးများ မှေးစင်း သွားပြီး၊ မိုလင်းအား မော့ကြည့်ကာ၊ လင်းယွန်က တောင်းဆို လိုက်မိ၏။

“ အခု ... ငါ သွား ပါရစေ။ ”

***

All Chapters