နောက် တစ်ကြိမ်။
Vol. 41 Ch. 567
“ ငါ့ကို ... သွားခွင့် ပြုပါ။ ”
လင်းယွန် အသံက ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ လူတိုင်း ကြားရ စေ ခဲ့သည်။
သူတို့ သိထားသော လင်းယွန်မှာ၊ အမြဲတမ်း တည်ငြိမ် လှပြီး ဒေါသကြောင့်၊ သူ့ ဆုံးဖြတ် ချက်ကို ပြောင်းလဲ ခဲပေ၏။
သို့သော် ၎င်းကို ဆန့်ကျင့် ကာ၊ ပြိုင်ပွဲ ဝင်ခွင့်အား တောင်းဆို လာသည်။ တန်ယု မိုလင်းနှင့် လျူယွမ်ယန် တို့က၊ လင်းယွန်ကို ထိတ်လန့်စွာ လှည့်ကြည့် လိုက်ကြသည်။
သူတို့ အားလုံးတွင် စူးရှသော အမြင်များ ရှိသောကြောင့်၊ လင်းယွန်၏ အတွေး များကို အကြမ်းဖျင်း ဖမ်းယူ နိုင်သည်။
၎င်းတို့ အတွက် မျှော်လင့်ချက် မရှိ တော့သည့် နောက်တွင်၊ လျူယွမ်ယန် တစ်ယောက် စင်ပေါ် တက်ပြီး၊ မုရွယ် ကြုံတွေ့ ခဲ့ရသော အလားတူ နာကျင် မှုမျိုး၊ မခံစား စေလို ပုံရသည်။
ထို့ပြင် ကျောက်စိမ်း အကယ်ဒမီကို၊ သင်ခန်းစာ တစ်ခု ပြန်ပေးရန် ရည်ရွယ် နေခြင်းလည်း ဖြစ်နိုင်သည်။
“ မဟုတ်ဘူး ... ငါ့ကို ခွင့်ပြုပါ။ ”
လျူယွမ်ယန်၏ မျက်နှာမှာ၊ ဖြူဖျော့ နေသော်လည်း၊ အံကြိတ်ကာ ပြတ်သားသော အမူ အရာဖြင့်၊ ဆိုလိုက်သည်။
“ ချန်ယုကို ရင်ဆိုင်ဖို့၊ နည်းလမ်း မရှိ ပေမယ့်၊ စမ်းကြည့် ဖို့တော့ လိုပါ သေးတယ်၊ ကျေးဇူး ပြုပြီး ... ငါ့ကို တစ်ခါလောက် ယုံပေးပါ။ ”
တိုးညှင်းစွာ တောင်းဆို လာသော လျူယွမ်ယန်ကို လင်းယွန်က ပြန်ကြည့်ကာ၊ တိတ်ဆိတ် သွား၏။ မုရွယ် အပေါ် သဘော မကျ သော်လည်း၊ လိုရှန်းကို ဒေါသ ထွက်မိ သည်။
သူနှင့် ရင်းနှီးသော ဘိုင်ရီ သို့မဟုတ်၊ တစ်စုံ တစ်ယောက် သည်သာ၊ ထိုသို့ ဝေဒနာမျိုး ကြုံတွေ့ ခဲ့ရ ပါက၊ သူ့ကိုယ်သူ ထိန်းနိုင် တော့မည် မဟုတ်ချေ။
“ ကျေးဇူး ပြုပြီး စမ်းကြည့်ခွင့် ပြုပါ၊ မင်းက နောက်ဆုံးပဲ နေပါ၊ ငါတို့ ဒီနေ့ အောင်ပွဲ လိုတယ်၊ ငါ ... လက် မလွှတ် ချင်သေးဘူး။ ”
လျူယွမ်ယန်က လင်းယွန်ကို ပြန်ကြည့်ကာ တောင်းဆို လိုက်သည်။ လူတိုင်းတွင် ကိုယ်ပိုင် ဘဝ ခံယူ ချက်များ ရှိနေ ကြပြီး၊ အကယ် ဒမီ အတွက် အသက် စွန့်လွှတ်ရန်၊ ဆန္ဒ ရှိသည်။
ထို့ကြောင့် အခွင့် အရေး အနည်းငယ် ရှိလျှင် ပင်၊ စင်မြင့် ပေါ်သို့ တက်ရ ပေမည်။
လင်းယွန်မှာ အကယ် ဒမီ၏ မျှော်လင့်ချက် ဖြစ်သော ကြောင့်၊ နောက်ဆုံး မှသာ သွားစေ လို၏။
“ ကောင်းကင် ပြည်နယ် အကယ် ဒမီနဲ့၊ ကျောက်စိမ်းဖြူ အကယ်ဒမီ၊ ကျေးဇူး ပြုပြီး ... ဒုတိယ ပွဲစဉ် အတွက်၊ မင်းတို့ရဲ့ ပြိုင်ပွဲဝင် တွေကို လွှတ်ပေးပါ။ ”
ဒိုင် အဖိုးအိုက နောက်တစ်ကြိမ် ထပ်မံ ဖိတ်ခေါ် လိုက်သည်။
မျက်လုံးပေါင်း များစွာက၊ သူ့တို့ ထံသို့ လှည့်ကြည့် လာကြောင်း သိသော်လည်း၊ လျူယွမ်ယန်က ထိုသူ များအား ပြန် မကြည့် ဝံ့ချေ။
နောက်ဆုံးတွင် လင်းယွန်က လျူယွမ်ယန်ကို လှမ်းကြည့် လိုက်သည်။ သူမ မျက်လုံးများ အတွင်း၌၊ သူ့ကိုယ်သူ ပြန်မြင် လိုက် ရ၏။
ထို့ကြောင့် သက်ပြင်းချ လိုက်ပြီး၊ လျူယွမ်ယန်အား ခေါင်းညိတ် ပြလိုက်သည်။
“ မင်း ပြန်လာခဲ့ မဟုတ်ရင် ...၊ ကျောက်စိမ်း အကယ် ဒမီဆိုတာ ဒီနေ့ နောက်ဆုံးပဲ ဖြစ်ရ လိမ့်မယ်။ ”
“ ...... ”
နောက်တစက္ကန့်တွင် လူရိပ် နှစ်ရိပ် ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ စင်မြင့် ပေါ်သို့ ဆင်းသက် လာသည်။
ထိုလူရိပ်မှာ သူတို့ အားလုံး မှန်းဆထား သကဲ့သို့၊ လျူယွမ်ယန်နှင့် ချန်ယု ဖြစ်သည်။
“ တိမ်သာ အကယ်ဒမီက၊ ပြင်ပ ပြိုင်ပွဲ ဝင်ကို၊ ငါအနိုင် ယူပြ ပြီး တာတောင်၊ မင်းက ငါ့ရှေ့မှာ၊ ပေါ်လာ ရဲတဲ့ သတ္တိကို၊ ချီးကျူး မိ ပါတယ်။ ”
ချန်ယုက အထင် အမြင် သေးစွာဖြင့်၊ ပြုံးရယ်ကာ ဆိုလိုက်သည်။
“ ငါတို့ မတိုက် ပဲနဲ့၊ ရလဒ်က မသိ နိုင်သေး ပါဘူး။ ”
အေးစက်သော လေသံဖြင့်၊ လျူယွမ်ယန်က ပြန် ဖြေသည်။ ယင်းကြောင့် ချန်ယုမှာ မျက်လုံး များ မှိတ်ချ လိုက်ပြီး၊ စူးရှသော မျက်ဝန်းများ အဖြစ်၊ ပြန်လည် ဖွင့်ယူ လိုက်ကာ၊
“ ဟား ဟား၊ ကောင်းပြီ ... ရှုံးနိမ့်ကြောင်း ဝန်ခံဖို့၊ အကြံပေး ပါရစေ၊ ဒီလိုမှ မဟုတ်ရင် ... ငါ့ညီရဲ့ အရှက် တရား အတွက်၊ မင်းကို တာဝန် ယူခိုင်း ရလိမ့်မယ်။ ”
“ မင်း စကားလုံး တွေလို စွမ်းနိုင် မလား၊ ကြည့်ရ အောင်။ ”
လျူယွမ်ယန်က ဓားကို ဆွဲထုတ် လိုက်ပြီး ရှေ့တစ်လှမ်း တိုးကာ၊ ခုတ်ပိုင်း ချလိုက်သည်။
“ သနား စရာ ကောင်းတဲ့၊ လှည့်ကွက် လေးတွေ။ ”
ချန်ယုက ယပ်တောင်ကို ဖြန့်ကာ၊ ပြုံးလိုက် သည်။ ပြီးနောက် ရှေ့သို့ ရိုက်ချ လိုက်ရာ၊ အေးစက်သော အငွေ့ အသက်များ၊ ပြေးထွက် သွားသည်။
“ မင်းကို အနိုင် ယူဖို့၊ လှုပ်ရှားမှု သုံးကြိမ်ပဲ လိုတယ်။ ”
ချန်ယုက သူ့ ရောင်ဝါကို ထုတ်လွှတ် လိုက်ပြီး၊ ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်း လိုက်၏။
သူ၏ လှုပ်ရှားမှု များမှာ၊ ပေါ့ပေါ့ ပါးပါး ရှိပုံ ရသော်လည်း၊ ထွက်ပေါ် လာသော စွမ်းအား များက၊ ဒီရေလှိုင်း များလို တရိပ်ရိပ် တိုးနေသည်။
လျူယွမ်ယန် ဓားနှင့် ယပ်တောင် ရိုက်ခတ် သွားပြီးနောက်၊ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာသည်။
တစ်ဆက် တည်းမှာပင်၊ လျူယွမ်ယန် တစ်ယောက် လွင့်စင် သွားရ၏။ သူတို့ နှစ်ဦး၏ ကျင့်ကြံမှု ကွာခြားချက် များအရ၊ ရလာဒ်မှာ သိသာ နေပေသည်။
ထို့ပြင် သိုင်းတာအို၌ ချန်ယု၏ အောင်မြင်မှု များမှာ၊ သိသိ သာသာ မြင့်မား နေ၏။
“ ဒါက ပထမ လှုပ်ရှား မှုပဲ။ ”
ချန်ယုက ပြုံးလျက် ယပ်တောင်ကို ဖွင့်ကာ၊ လျှပ်စီး တစ်စ ကဲ့သို့ ခုန်ဝင် သွားသည်။
လှုပ်ရှား လိုက်သည်နှင့်် အေးစက်သော အငွေ့ အသက်များ၊ အလင်းတန်း တစ်ခု အသွင် ပြေးထွက် လာပြီး၊ လျူယွမ်ယန် အပေါ် ဖုံးလွှမ်း သွား၏။
ချန်ယု၏ ယခင် တိုက်ခိုက်မှု ကပင်၊ အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်သောကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာ ကုန်သည်။
လင်းယွန်က ထိုမြင်ကွင်းကို အေးစက်စွာ စိုက်ကြည့် နေခဲ့သည်။ ချန်ယု ဆို သည်မှာ၊ လျူယွမ်ယန်ကို မဆိုနှင့်၊ အုပ်စိုးရှင် တပည့် ကိုပင် အနိုင်ယူ ထားသည်။
မိုလင်းနှင့် အခြားသူ များမှာ၊ သူတို့၏ နောက်ဆုံးသော မျှော်လင့် ချက် ပျက်ပြယ် လာသည့် အတွက်၊ မျက်ဝန်းများ မှိန်ကျ သွားသည်။
ဒုတိယမြောက် တိုက်ခိုက်မှု နှင့်အတူ၊ နောက်ထပ် လှုပ်ရှားမှု တစ်ခုအား၊ ချန်ယုက ထပ်မံ ထုတ်ဖော် လာသည်။
ထို့ကြောင့်၊ ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ လျှံတက် လာပြီး၊ အရှိန် အဝါများ အပြည့် အ၀ ပေါက်ကွဲ သွားသည်။
ထိုအရှိန် အဝါ ဖိအား ဖြင့်ပင်၊ လျူယွမ်ယန် အတွက်၊ ဆက်လက် ရပ်တည်ရန် ခက်ခဲ လာစေ ခဲ့သည်။
“ ဒါက နောက်ဆုံးပဲ။ ”
ချန်ယု မျက်လုံး များက ဓားများ သွား ကဲ့သို့၊ စူးရှ တောက်ပ လာပြီး၊ မီတာ သုံးရာကေျာ် ရှည်လျားသော မိုးကြိုး လျှပ်စီး များကို ဆင့်ခေါ် လိုက်သည်။
၎င်း လျှပ်စီးမှာ တောင်တစ်လုံး ကိုပင်၊ ခွဲပစ် နိုင်လောက် သည်အထိ အစွမ်းထက် ပေ၏။
တစ်ဖက် လူကို ကြည့်ကာ၊ လျူယွမ်ယန်က မူလ စွမ်းအင် အားလုံး၊ ဓား ထဲသို့ လောင်းချ လိုက်ပြီး၊ ရှေ့သို့ တွန်းထုတ် လိုက်သည်။
နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံသွား ကြသော အခါတွင်၊ ပေါက်ကွဲသံ များနှင့် အတူ၊ မိုးကြိုး လျှပ်စီး များက၊ ဓား အလင်း များကို ချေမွ ပစ်လိုက်၏။
ပြီးနောက် လျူယွမ်ယန်ထံ ဆက်လက် တိုးဝင် သွားသောကြောင့်၊ ချက်ချင်းပင် သွေး တစ်လုတ်ဖြင့်၊ လွင့်စင် သွားရ လေသည်။
စင်မြင့်ပေါ် ပြန်လည် ဆင်းသက် လိုက်သော အခါတွင်၊ ခြေထောက်ပေါ် တည်ရန် ခက်ခက် ခဲခဲ ကြိုးစား လိုက်ရသည်။
“ မင်း ... လက်နက် မချ သေး ဖူးလား။ ”
ချန်ယုက ယပ်တောင်ကို ဖွင့်ကာ၊ ပြုံးလျက် မြေပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လာခဲ့ သည်။
လျူယွမ်ယန်မှာ စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ ရှေးဟောင်း တံဆိပ် တစ်ခုကို ထပ်မံ ဖန်တီး လိုက်၏။
လက်များ အတွင်း ၌ စူးရှသော အလင်းတန်း တစ်ခု၊ ပြိုးပြက်စွာ တောက်ပ လာခဲ့သည်။
ထို့နောက်တွင်၊ မရေ မတွက် နိုင်သော ဝိညာဉ် ရေးရာ ရူရ်များ၊ သူမ ပတ်ဝန်း ကျင်၌၊ ပြေးလွှား ရုန်းကြွ လာပြီး၊ အရှိန် အဝါကို တိုးလာ စေတော့သည်။
“ ဒါက ...။ ”
“ ဒါက ကနဦး နတ်ဘုရား စွမ်းရည်ရဲ့ အရှိန် အဝါပဲ။ ”
လေထု အတွင်း၊ မူ မမှန် မှုကို သတိပြု မိ သွားသော လူအုပ် ကြီးမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
မိုလင်းက မျက်မှောင်ကြုတ် လိုက် ပြီးနောက်၊ ရုတ်တရက် ခေါင်းယမ်း လိုက်သည်။
ချန်ယု အနေ နှင့်မူ အရှိန် အဝါကြောင့်၊ အနည်းငယ် မငြိမ် မသက် ဖြစ်လာပြီး၊ လန့်ဖြန့် သွားခဲ့သည်။ သို့သော်၊
“ ခေါင်းမာ လိုက်တဲ့ ကောင်မလေး၊ မင်းရဲ့ အောင်မြင် မှုနဲ့၊ ကနဦး မြင့်မြတ်သော စွမ်းရည် ကို၊ အသုံး ပြုဖို့ ဆိုတာ မဖြစ်နိုင် သေးပါဘူး၊ ငါ မင်းကို ပြတ်ပြတ် သားသား အနိုင်ယူ ပြမယ်။ ”
စကားဆုံး သည်နှင့်၊ လျှပ်ပြက်သွား သကဲ့သို့ ယပ်တောင်ဖြင့် တွန်းထုတ် ပစ်လိုက်သည်။
ကနဦး မြင့်မြတ်သော စွမ်ရည်၏၊ လိုအပ်သော ဝိညာဉ် ရေးရာ ရူရ်များ အားလုံး၊ မရေး ထွင်းနိုင်မီ၊ ယပ်တောင်က ဓား တစ်လက် လို၊ တိုးဝင် လာခဲ့သည်။
သူမ ပတ်ဝန်း ကျင်ရှိ ဖွဲ့စည်း ကာစ၊ ဝိညာဉ် ရေးရာ ရူရ် များ ပြန်လည် ပြိုကျ သွားပြီး နောက်၊ သွေးအန်လျက် လွင့်စင် သွားရသည်။
“ မင်းက မြင့်မြတ်သော စွမ်းရည်ကို အသုံးချ ချင်နေ တာလား၊ သေမင်းကို ဖိတ်ခေါ်ဖို့၊ ကြိုးစား နေမိတယ် ဆိုတာ မသိ ဖူးလား။ ”
ချန်ယုက အထင် အမြင် သေးစွာဖြင့် ၊ အော်ငေါက် လိုက်သည်။ ဝေးရာသို့ ရိုက်ထုတ် ခံလိုက် ရသော လျူယွမ်ယန်ကို ဖမ်းယူရန်၊ မိုလင်းက တင်းမာသော အသွင်ဖြင့်၊ မတ်တပ် ထရပ် လိုက်သည်။
သို့သော် လင်းယွန် တစ်ယောက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ လျူယွမ်ယန် အား ဖမ်းယူ လိုက်သည်ကို တွေ့လိုက် ရသည်။
ယင်းကို မြင်သည်နှင့် ချန်ယုက မျက်မှောင် ကြုတ်လိုက် ပြီးနောက်၊ ကျေနပ်စွာ ရယ်မော လာသည်။
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ ရှုံးနိမ့် မှုကို ဝန်ခံ ရုံက လွဲလို့၊ ဘာ စွမ်းရည်မှ ရှိပုံ မရ ပါလား၊ သူ့အစား ... ရှုံးနိမ့် တာကို ဝန်ခံဖို့၊ မင်း ... ဒီကို ရောက်လာ တယ်ဆိုတာ ငါ သိတယ်။ ”
လှောင်ပြောင် ရယ်မော သံများက၊ ကောင်းကင် ပြည်နယ် အကယ် ဒမီမှ လူတိုင်း ၏၊ မျက်နှာကို မည်မှောင် သွားစေ ခဲ့သည်။
သို့သော် ၎င်းမှာ အမှန် တရား ဖြစ်သည် မို့လို့၊ သူတို့ အနေဖြင့် တုန့်ပြန် နိုင်သော စကား လုံးများ မရှိချေ။
မိုလင်းက မုရွယ် အတွက်၊ ရှုံးနိမ့် မှုကို ဝင်ခံ လိုက်ပြီးနောက်၊ မကြာခင် မှာပင် လျူယွမ်ယန် ကိုယ်စား၊ ရှုံးနိမ့်ကြောင်း ဝန်ခံရန်၊ သဘာဝ အတိုင်း ထပ်မံ ဖြစ်ပွား လာခဲ့သည်။
ချန်ယု မျက်နှာ ပေါ်ရှိ၊ လှောင်ပြုံးကို လှမ်းမြင် လိုက်သော လင်းယွန်၏ မျက်နှာမှာ၊ ထိတ်လန့်ဖွယ် ကောင်းအောင် အေးစက် သွားခဲ့ ရ၏။
“ ဘာလဲ ...၊ ငါ ပြောတာ မှားနေ လို့လား၊ ... ”
ချန်ယုက သဘော ကျစွာ ပြုံးရယ်ပြီး၊ မျက်ခုံး ပင့်ကာ၊ မေးခွန်းထုတ် လိုက်သည်။
“ မင်းမှာ ... ဒေါသတွေ ရှိပေမယ့်၊ ဘာမှ မလုပ် နိုင်တော့တာ သနား စရာပဲ၊ ကောင်းကင် ပြည်နယ်က ပြီးသွားပြီ၊ ထွက် သွား ပါ .... ။ ”
တစ်ဖက် လူ၏ မျက်ဝန်းများ ထဲတွင်၊ ကူကယ် ရာမဲ့ နေသော ဒေါသ တရားကို မြင်လိုက် ရသည် ကြောင့််၊ များစွာ ကေျနပ် ဝမ်းသာ သွားသည်။
တိုက်ရိုက် အနိုင်ယူ ရခြင်း ထက်၊ ဒေါသ များနှင့် ပိတ်မိ နေသော လင်းယွန် အမူ အရာကို ပို၍ အားရ မိပေသည်။
“ သူနဲ့ အဆင့် တူတဲ့ အထိ၊ နှိမ့်ချ မခံနဲ့ ... သွား ကြ စို့။ ”
ရင်ခွင် ထဲ၌ ပွေ့ဖက်ခံ ထားရသော လျူယွမ်ယန်က၊ တိုးတိုးလေး ဆိုလိုက်သည်။ သူမ ဘဝတွင် ဤမျှ ပြင်းထန်သော ဒဏ်ရာကို၊ တစ်ကြိမ် တစ်ခါမျှ မခံစား ခဲ့ရ ဖူးချေ။
အကယ်ဒမီ ငါးခု ပြိုင်ပွဲ အတွက်၊ သူ့ ဘ၀ကို ပေးအပ် ခဲ့ သော်လည်း၊ ရှုံးနိမ့်ခြင်း ဖြင့်သာ အဆုံးသတ် ခဲ့ရသည်။
“ ငါ မင်းကို ကတိပေး ထားတာ၊ မေ့နေ ပြီလား။ ”
“ ဒါပေမယ့် ငါတို့ ... ရှုံးနေ ပြီလေ။ ”
လျူယွမ်ယန်က ကူကယ် ရာမဲ့ ဟန်ဖြင့် ပြောသည်။
“ ငါက ... ငရဲက ထွက်လာတဲ့ လူဆိုတာ မင်း သတိ မရဖူး ထင်တယ်၊ ဒါကြောင့် သွားပါ ရစေ။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ တစ်ချိန်က သူဘဝ အတွက် ငရဲ လမ်းကို ရွေးချယ် ခဲ့ဖူးသည်။
ယနေ့ သူငယ်ချင်း အပေါ်၊ ပေးထားသော ကတိကြောင့် နောက်တစ်ကြိမ် ဖြတ်သန်း ရပေ မည်။
လျူယွမ်ယန်ကို စင်အောက်သို့ ချပေး လိုက်ပြီး၊ ဒိုင် အဖိုးအိုကို ပြန်လည် မော့ကြည့်ကာ၊
“ ငရဲ လမ်းကို တောင်းဆို ချင်ပါတယ်။ ”
“ ငရဲ လမ်း။ ”
လူအုပ် ကြီးမှာ ရုတ်တရက် အံ့ဩ သွားရသည်။ ကြားလိုက် မိသော စကားများ အပေါ်၊ သံသယ ဖြစ်ဟန်ဖြင့်၊ လင်းယွန်အား ပြန်မော့ ကြည့်လာ ကြ၏။
လွန်ခဲ့သော နှစ်ပေါင်း (၂၀)က၊ ငရဲ လမ်းကို ရွေးချယ်ခဲ့ သူ တစ်ဦးကြောင့်၊ ကောင်းကင် ပြည်နယ်မှာ၊ အရှက်ကွဲ ခဲ့ ဖူးပေသည်။
ထို့ကြောင့် ငရဲလမ်းကို၊ နောက်တစ်ကြိမ် ဖြတ်သန်းရန် ဆန္ဒ ရှိနေ ခဲ့သည့် အပေါ်၊ မယုံ နိုင်သည်မှာ သဘာဝ ပေပင်။
***