သွေးဆာ နေသော ဓား။
Vol. 41 Ch. 568
လွန်ခဲ့သော နှစ်ပေါင်း (၂၀)က၊ ဤနေရာ၌ ငရဲ လမ်းအား တစ်စုံ တစ်ဦးက ရွေးချယ် ခဲ့သည်။
သို့သော် ထိုသူမှာ ငရဲသားများ လက်တွင်၊ ဆိုးရွားစွာ ရှုံးနိမ့် သွားသည်။
ထို့ကြောင့် အကယ် ဒမီကို အရှက် ရစေသည် သာမက၊ အကြီးအကဲ များပင် ခေါင်းဖော် ဝံ့ခြင်း မရှိ ခဲ့ချေ။
၎င်းမှာ လျူယွမ်ယန် အတွက်၊ ဘဝ တစ်လျှောက်လုံး ထမ်းထား ခဲ့ရသော၊ ဖိအား များ ဖြစ်လာ လေသည်။
ယခုမူ အကယ် ဒမီ၏ ဧည့်သင်းထောက် တစ်ယောက်က၊ ငရဲလမ်းကို နောက်တစ်ကြိမ် စိန်ခေါ်ရန် တောင်းဆို နေပြန်၏။
စိတ်လှုပ်ရှား မှုကို ကွယ်ဝှက် ထားသော၊ ဒိုင် အဖိုးအိုက လင်းယွန် အနား၊ တည်ငြိမ်စွာ လျှောက်လှမ်း လာခဲ့သည်။
ပြီးနောက် လင်းယွန်ကို ကြည့်ပြီး၊ ‘ငရဲ လမ်းရဲ့ စည်းမျဉ်း တွေကို မင်းသိလား၊’ ဟု မေးယူ လိုက်သည်။
ထို့ကြောင့် လင်းယွန်က ခေါင်းညိတ် ပြမိ၏။ စိန်ခေါ်သူ အနေဖြင့်၊ ကေျာက်စိမ်းဖြူ အကယ် ဒမီ၏ ပြိုင်ပွဲဝင် သုံးဦးကို၊ တစ်ပြိုင်နက် ရင်ဆိုင် ရမည် ဖြစ်သည်။
သည့်တင်မက တိမ်သာ အကယ် ဒမီနှင့်၊ မိုးသားပြာ အကယ်ဒမီ တို့မှလည်း၊ ဟန့်တား လိုသူ တစ်ဦးစီ စေလွှတ် နိုင်ပေမည်။
ဆိုလို သည်မှာ စိန်ခေါ် သူသည် နဂါး တံခါး ပြိုင်ပွဲထက် အဆ များစွာ ပို၍ ကြမ်းတမ်းသော လမ်းကို ဖြတ်ရမည် ဟု အဓိပ္ပါယ် ရ၏။
ပြိုင်ဘက် ငါးဦးကို တစ်ပြိုင် နက်တည်း ရင်ဆိုင် ရခြင်းဖြင့်၊ မည်မျှ ရက်စက် နိုင်မည်ကို ခန့်မှန်း နိုင်ပေသည်။
သို့သော် ဆုံးဖြတ် ချက်က လင်းယွန်နှင့် မသက် ဆိုင်ဘဲ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ ဖြင့်သာ၊ စကားပြော ရမည် ဖြစ်သည်။
ယခင် ပြိုင်ပွဲ၌ ငရဲလမ်းကို ဆုံးရှုံး ခဲ့ရ သောကြောင့်၊ ကောင်းကင် ပြည်နယ်မှာ ကြီးစွာသော တန်ဖိုး ပေးချေ ထားရသည်။
၎င်းတို့မှာ မြင့်မြတ်သော စွမ်းရည်၊ စတုတ္ထ တန်း မှော်ဆေးလုံး တစ်ရာ၊ ပဉ္စမတန်း မှော် ဆေးလုံး ဆယ်လုံးနှင့်၊ ဝိညာဉ် ကျောက်စိမ်း ပေါင်းများစွာ ဖြစ်သည်။
ထို့ကြောင့် လင်းယွန်၏ တောင်းဆို မှုကို၊ သဘော တူညီခြင်း ရှိမရှိ အတည် ပြုရန် လိုပေသည်။
သည့်အပြင် ယခု အကြိမ် လင်းယွန်၏ ရွေးချယ် မှုမှာ၊ အဓိပ္ပါယ် မရှိဟု သူ မြင်သည်။
ငရဲလမ်းမှ ထွက်လာ နိုင်ခဲ့ လျှင်ပင်၊ ဆောင်းကျန်ကို ဆက်လက် ရင်ဆိုင်ရ ဦးမည် ဖြစ်၏။
ဆောင်းကျန့်၏ ကျင့်ကြံ မှုမှာ၊ လွန်ခဲ့သော တစ်နှစ်ခန့် ကတည်းပင်၊ ယန် အဆင့်၌ ရှိနေပြီ ဖြစ်ရာ၊ အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ နိုင်ချေ ရှိသည်။
အဆုံးတွင် ဆောင်းကျန် ဟူသည်၊ သွေးစွန်းသော ဧည်ခံပွဲ တက်ရောက်ရန် အတွက်၊ မြောက်ပိုင်း နှင်းစံအိမ်မှ ရည်ရွယ် ထားသော၊ ပါရမီရှင် တစ်ဦး ဖြစ်သည်။
အကယ်ဒမီ ငါးခု ပြိုင်ပွဲမှာ၊ သူ့အတွက် ဦးစွာသော ခြေ တစ်လှမ်း ဖြစ်လေသည်။
‘နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် ကြာပြီး နောက်တွင်ပင်၊ မြင့်မြတ် သော ရူရ်ကို၊ ရယူ ပြမည်’ ဟု ဆိုခဲ့သော စကား တစ်ခွန်း အတွက်၊ ခရမ်းရောင် တောင်ကုန်းက သူ့အား ဖိတ်ခေါ် ထားခဲ့ခြင်း ဖြစ်သည်။
နေသာ စီရင်စုတွင် ဆောင်းကျန်နှင့် အသက် အရွယ် တန်း၌၊ သူ့ထက် သာလွန်သော စွမ်းရည် ရှိသူ၊ တစ်ဦးမျှ မရှိပေ။
ထို့ကြောင့် ကောင်းကင် ပြည်နယ် အကြီးအကဲ များ၏ မျက်နှာ များမှာ၊ ပြောင်းလဲ သွားသည်။
ဆောင်းကျန် မဆိုနှင့် ငရဲ လမ်းကို ပြီးမြောက် အောင်ပင်၊ လင်းယွန် တစ်ယောက် ဖြတ်သန်း နိုင်လိမ့် မည်ဟု မထင်ချေ။
နောက်ဆုံးတွင် ရှုံးနိမ့် မှုအား ဝန်ခံရန် အချိန် မမှီဘဲ၊ အသတ် ခံရ နိုင်ပေမည်။
ကျောက်စိမ်းဖြူ အကယ် ဒမီ၏ ပြသ ထားသော ကြမ်းကြုတ်မှု များ အရ၊ လင်းယွန်ကို သတ်ပစ်ရန် ကြိုးစား လာ နိုင်သည်။
ထိုသို့ တွေဝေ နေချိန်တွင်၊ လင်းယွန်က အကြီး အကဲ များထံ ဝေ့ကြည့်ကာ၊ သူ့ အရှိန် အဝါအား ထုတ်လွှတ် ပစ်လိုက်သည်။
ဆွဲတော့မည့် ဓားတစ်လက် ကဲ့သို့၊ စင်ပေါ်၌ မြဲမြံစွာ၊ ရပ်နေ ခဲ့၏။ နောက်ဆုံးတွင် သူ့ကို ဆွဲရန် ဆန္ဒ မရှိ ခဲ့ကြ ပါက၊ မည်သည့် အရာ ကိုမျှ လုပ်နိုင် တော့မည် မဟုတ်ပေ။
ထက်ရှသော ဓားတစ်လက် ကဲ့သို့ စင်မြင့် ပေါ်၌ ရပ်နေ ခဲ့သော လူငယ် လေးကို ကြည့်ပြီး၊ တန်ယု တစ်ယောက် ငြိမ်သက် သွား၏။
ထိုလူငယ်နှင့် အကြည့်ချင်း ဆုံမိသော အချိန်တွင်၊ နှလုံးသား တစ်ခုလုံး အေးစက် လာပြီး၊ သွေးဆာ နေသော သရဲဓား တစ်လက် အား၊ မြင်လိုက်ရ သကဲ့သို့ ခံစား မိလာသည်။
ယင်းကို သတိ ထားမိ လိုက်သည့် မိုလင်းက၊ မျက်ဝန်းများ မှေးစင်း သွားကာ၊ သွားကြား ထဲမှ ထွက်လာသော လေသံဖြင့်၊
“ သဘော တူတယ်၊ သူနဲ့ အတူ ငါ့ရဲ့ ‘မို’ မိသား စုက၊ အဆုံးထိ သွားဖို့ ဆန္ဒ ရှိပါတယ်၊ စီနီယာ တန် ... သူ ရှုံးရင် အကျိုး ဆက်ကို၊ ငါ တာဝန် ယူမယ်။ ”
လင်းယွန် အတွက် အာမခံ ပေးလာသည့် မိုလင်း ကြောင့်၊ အခြားသော အကြီးအကဲ များ မှာ၊ အံ့အားသင့် ကုန်ကြ၏။
တန်ယုက မိုလင်းကို တစ်ချက် ကြည့်လိုက် ပြီးနောက်၊ လင်းယွန်ထံ ခေါင်းပြန် လှည့်သွား သည်။
“ ကောင်းကင် ပြည်နယ်က၊ ကန့်ကွက် စရာ မရှိ ပါဘူး။ ”
သူ့ စကားကြောင့် လူအုပ် ကြီးမှာ၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်၏။ နောက်ဆုံးတွင် ကောင်းကင် ပြည်နယ် မှာ၊ ငရဲလမ်းကို ထပ်မံ ရွေးချယ် ခဲ့လေပြီ။
“ အို့ ... သူတို့ တကယ် သဘော တူလိုက် တာပဲ။ ”
“ ကောင်းကင် ပြည်နယ် အကယ် ဒမီက၊ ဒီလင်းယွန်နဲ့ အတူ ရူးသွပ် ကုန်ကြပြီ။ ”
“ တစ်ကြိမ် အရှက် ရမှုက သူတို့ အတွက်၊ မလုံ လောက်သေး ဖူး ထင်တယ်။ ”
ဤဆုံးဖြတ် ချက်မှာ လင်းယွန် အပေါ်၊ အလေး အနက် ထားကြောင်း၊ ပြသရာ ရောက် သဖြင့်၊ အခြားသော အကယ်ဒမီ သုံးခုမှာ အံ့ဩ နေပေသည်။
ဓားသမား တစ်ဦးက၊ သူ့ အသက်ကို အရင်း ပြုလာ ချိန်၌၊ အကယ် ဒမီ အနေဖြင့် သူတို့၏ ဂုဏ်သိက္ခာ အား၊ လောင်းကြေး ထပ်လာ ခဲ့လေ ပြီ။
“ ဘယ်လောက်တောင် မောက်မာ လိုက်တဲ့ ကောင်လဲ၊ ကောင်းကင် ပြည်နယ်က ငါတို့ကို လက်ဆောင် ပေးချင် မှတော့ ...၊ အဲဒါကို အားနာ မနေတော့ ပါဘူး။ ”
လိုရှန်းနှင့် ကိုးရွှင်တို့ နှစ်ယောက်က စင်မြင့် ပေါ်သို့၊ တပြိုင်နက်တည်း ခုန်ဆင်း လာခဲ့ ကြသည်။
ပြီးနောက် စင်ပေါ်၌ အသင့်ရှိ နေသော ချန်ယု အနား၊ တိုးကပ် သွားလိုက်၏။
ဒိုင် အဖိုးအိုက တိမ်သာ အကယ် ဒမီ၏၊ စုရပ်ကို လှမ်းကြည့် လိုက်ရာ၊ ဘိုင်ယုချန် တစ်ယောက် ပျံသန်း လာသည်အား၊ တွေ့လိုက် ရသည်။
ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေ ဖြင့်၊ မုန့်ဝေ နေခြင်း ဖြစ်သောကြောင့်၊ ထိုကဲ့သို့ အခွင့် အရေး မျိုးကို၊ စွန့်လွှတ်ရန် နည်းလမ်း မရှိချေ။
ထို့နောက် ဒိုင်အဖိုးအိုမှာ၊ မိုးသားပြာ အကယ် ဒမီကို ထပ်မံ လှည့်ကြည့် လိုက်သည်။ ဂျိန်းယီက သူ့အဖွဲ့သား များနှင့် အတူ၊ ပြုံးကာ ခေါင်းယမ်း ပြလာသည်။
ထို့ကြောင့် လင်းယွန်က ပြန်လှမ်း ကြည့် လိုက်ပြီး၊ ပြုံးလျက် အသိအမှတ် ပြုမိ၏။
ဂျိန်ယီ အနေဖြင့် လင်းယွန် အပေါ်၊ လေးစားမှု အပြည့်ရှိ သောကြောင့်၊ တက်စွမ်း သမျှ ကူညီရန်၊ အကောင်းဆုံး လုပ်ဆောင် ပေးခဲ့သည်။
လင်းယွန်၏ သတ္တိ အပေါ်၊ လေးစား သော်လည်း၊ ပြိုင်ဘက် များကို အနိုင်ယူ နိုင် မည်ဟု၊ အကောင်း မြင်ခြင်း မရှိပေ။
ချန်ယု၊ လိုရှန်း၊ ကိုးရွှင်နှင့်၊ ဘိုင်ယုချန် တို့မှာ၊ ကောက်ကျစ်သော မျက်ဝန်း များဖြင့် လင်းယွန်ကို ပြုံးကြည့် နေ ခဲ့သည်။
“ ငရဲလမ်း စပြီ။ ”
ဒိုင် အဖိုးအိုက အချက်ပြ လိုက်ပြီး၊ စင်မြင့် ပေါ်မှ စိတ် လှုပ်ရှားစွာ ခုန်ဆင်း သွားသည်။
ဤတစ်ကြိမ် စင်မြင့် ပေါ်၌၊ သွေး မတိတ် မချင်း မုန်တိုင်း ရပ်မည် မဟုတ်ကြောင်း၊ သူပြော နိုင်သည်။
ပြင်းထန်သော အရှိန်အဝါ လေးခု ပေါက်ကွဲ ထွက်လာပြီး၊ လှိုင်းလုံးများ အသွင် လင်းယွန်ထံ ပျံ့နှံ့ လာသည်။
၎င်းကို မြင်သည်နှင့်၊ လင်းယွန်၏ မျက်လုံး များ၌၊ တိုက်ပွဲဝင် ဆန္ဒ များဖြင့် လောင်ကျွမ်း လာတော့၏။
လိုရှန်းက လင်းယွန်ကို ကြည့်ပြီး၊ အေးစက်စွာ ပြုံးလိုက်သည်။
“ ငါ့ ဓားနဲ့ အခုတ်ခံ လိုက်ရတဲ့ ကောင်မလေးက၊ အခု ချိန်မှာ အရမ်း နာကျင် နေလိမ့်မယ် ထင်တယ်၊ ဒါပေမယ့် စိတ်မပူ ပါနဲ့၊ မကြာ ခင်မှာ မင်းကို ငါ့ဓားက နှစ်ခြမ်း ခွဲပစ် တော့မှာမို့၊ ဒီလို နာကျင် မှုမျိုး မခံစား စေရ ပါဘူး။ ”
လိုရှန်း စကားဆုံး သည်နှင့်၊ ချန်ယုက ယပ်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်ပြီး၊
“ သတ် မလို့လား၊ ဒါ သူ့အတွက် အရမ်း လွယ်ကူ သွား လိမ့်မယ်၊ ငရဲလမ်းကို စိန်ခေါ် ရဲတဲ့ သူ့ အတွက်၊ ပျော်စရာ လေးတွေ ပေးလိုက် ရအောင်။ ”
-ဟု ဆိုလာ လေသည်။
သူတို့ လေးယောက်မှာ၊ ‘အမဲဖျက်’ တော့မည့် မုဆိုး ကြီးများ ကဲ့သို့၊ လင်းယွန်ကို ကြည့်ကာ၊ ‘တဟားဟား’ အော်ရယ် လိုက်ကြသည်။
“ အမှန်တော့ ... ငါက သတ်တော့ မှာမို့၊ မင်းတို့တွေ ကိုယ့်ကိုကိုယ် စိတ်ပူ နေသင့်ပြီ။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။
“ ဘယ်လိုတောင် မောက်မာ လိုက်တဲ့ ကောင်လဲ။ ”
ပြိုင်ဘက် လေးဦး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သူတို့ အားလုံးမှာ သက်ဆိုင်ရာ နေရပ် အသီးသီး၌၊ အထက် တန်းစားများ ဖြစ်ကြ လေသည်။
မောက်မာခြင်း ဟူသော အပြုအမူ မျိုးမှာ၊ သူတို့၏ မူပိုင် ဖြစ်ပြီး၊ အခြားသူ တစ်ဦး တစ်ယောက် အနေဖြင့်၊ ဤသို့ ပြုမူ လာခြင်း အပေါ်၊ မခံ မရပ် နိုင်အောင် နာကျင် မိ၏။
ထိုပြင် မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ယောက်မှာ၊ သူတို့ထက် ပို၍ သန်မာ လိမ့်မည် မဟုတ်ချေ။
“ ငါ့ နာမည် ပန်းသင်္ချိုင်း ... ၊ မင်းတို့ကို ဒီနေ့ ဒီနေရာမှာ မြှပ်နှံ ပေးမဲ့ သူပဲ။ ”
ရုတ်တရက် လင်းယွန် ထံမှ၊ သတ်ပစ် လိုသည့် ရည်ရွယ်ချက် များကို၊ ခံစား သိရှိ သွားသော ပန်းသင်္ချိုင်း ဓားက၊ မြည်သံ ပြုလျက် ဆွဲရန် တောင်းဆို လာ၏။
ပြိုင်ဘက် လေးယောက် မလှုပ်ရှား နိုင်ခင် မှာပင်၊ လင်းယွန်က တိုက်ပွဲကို စတင် လိုက် သည်။
“ စိတ်ဝင်စား စရာပဲ ...။ ”
“ မင်းက သေဖို့ ဒီလောက် အထိ၊ အလျင်လို နေ တာလား။ ”
သားရဲကြီး တစ်ကောင်လို ပြေးဝင် လာသော လင်းယွန်အား လှမ်းကြည့် လိုက်ပြီး၊ လေးယောက်သား ရယ်မော မိလေသည်။
သို့သော် ကောင်းကင်၌ အိုင်းရစ်ပန်း တစ်ပွင့် ပုံစံ ကောက်ကြောင်းကြီး၊ ရုတ်တရက် ထွက်ပေါ် လာ သဖြင့်၊ သူတို့ အပြုံးများ အေးခဲ သွားသည်။
“ ဓား ....။ ”
ပန်းကောက် ကြောင်းကြီး ပြတ်ထင် လာချိန်တွင်၊ လင်းယွန်၏ ခြေလှမ်း များမှာ ပို၍ မြန်ဆန် လာပြီး၊ ဓားအား ဆင့်ခေါ် လိုက်သည်။
“ ငါ့ဓား၏ နာမ၌ ပန်းပွင့်လော့။ ”
ကြီးစိုး နိုင်လွန်းသော ဓားရောင်ဝါများ၊ ပေါက်ကွဲ ထွက်ပေါ် လာသောကြောင့်၊ အခြား သူများ၏ အမြင်တွင်၊ ခိုင်မာ လွန်းသည့် တောင်ကြီး တစ်လုံး ကဲ့သို့၊ ခံစား လာရ စေ၏။
ကြည့်နေ ဆဲမှာပင်၊ ရွှေရောင် အလင်းတန်း အသွင် ပြောင်လဲ သွားပြီး၊ လင်းယွန် တစ်ယောက် ပျောက်ကွယ် သွားတော့သည်။
ရုတ်တရက် ဘိုင်ယုချန်၏ နောက်ကျော အရပ် ဆီမှ၊ ဓားသွားအော် မြည်သံ နှင့်အတူ ငွေရောင် ဓားရောင်ခြည် တစ်စင်း၊ ပြန်လည် ထွက်ပေါ် လာသည်။
စဉ်းစား ချိန် မရှိ တော့ဘဲ၊ ထိပ်တိုက် ဟန့်တားရန် ဓားအား ဆွဲထုတ် လိုက်၏။ ဓား နှစ်လက် ရိုက်ခတ် သွား ပြီးနောက်၊ ဘိုင်ယုချန် တစ်ယောက်၊ အဝေးသို့ လွင့်စင် သွားလေ သည်။
လက်မနှင့် လက်ညိုးကြား အရည်ပြား ပေါက်ပြဲ သွားကာ၊ သွေးများ စီးကျ လာခဲ့၏။
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ပူနွေး ပျစ်တွဲ နေသော သွေးများကို၊ ငုံ့ကြည့် ပြီးနောက်၊ လင်းယွန်ထံ ပြန်မော့ကြည့် လိုက်သည်။
သူတို့ နှစ်ဦး၏ ကျင့်ကြံမှု အဆင့်မှာ၊ ကွာခြား ပေ၏။ ထို့ကြောင့် ပြိုင်ဘက် ထံမှ၊ ပို၍ အားကောင်းသော မူလ စွမ်းအင်ကို၊ မြင်လိုက်ရ သည့်အတွက်၊ အံ့ဩ သွားခြင်း ဖြစ်သည်။
တစ်ဖက် လူမှာ၊ ရှန်ရှင်း ဓား ရည်ရွယ်ချက် အပြင်၊ တိုက်ပွဲဝင် စွမ်းအား သည်လည်း၊ သူ့ထက် သာလွန် ပေ၏။
ဘိုင်ယုချန်ကို တွန်းထုတ် ပစ်လိုက် ပြီးနောက်၊ လင်းယွန်က ပန်းသင်္ချိုင် ဓားအား ပြန်ဆွဲ ယူလိုက်သည်။
ပန်းသင်္ချိုင် ဓားထံမှ အလင်း တန်းများ တောက်ပ လာချိန်တွင်၊ မထီတရီ နိုင်သော အပြုံးဖြင့်၊ ကိုးရွှင်အား ခုတ်ချ လိုက် သည်။
“ သေ စမ်း ...။ ”
လင်းယွန် ဓားကြောင့် ထိတ်လန့် သွားကာ၊ ကိုးရွှင် တစ်ယောက် လျင်မြန်စွာ နောက်ပြန် ဆုတ်မိ၏။
ထိုအချင်း အရာကို မြင်ချိန်၌၊ ချန်ယုက ယပ်တောင် ဖွင့်ကာ၊ ကျောပေး ထားသော လင်းယွန်ထံ၊ ရိုက်ချ ပစ်လိုက်သည်။
သို့သော် လင်းယွန်က ချက်ချင်း ပြန်လှည့် ကြည့်လာပြီး၊ ပန်းသင်္ချိုင်း ဓားကို လွှဲရမ်းကာ၊ ဟန့်တား သွားခဲ့သည်။
ယပ်တောင်ဖြင့် ဖန်တီး လိုက်သော လှိုင်းများကို ချေဖြတ် ပစ်ပြီး၊ လင်းလွန်၏ ဓားအလ်ငး များက ဆက်လက် တိုးဝင် လာသည်။
၎င်း ဓားအလင်း များအား တားဆီးရန်၊ ချန်ယု တစ်ယောက် လက် နှစ်ဖက်ကို၊ အလျင် အမြန် လှုပ်ရှား ပစ်လိုက် သည်။
လေထု ထဲ၌ ရူရ်များ အသက်ဝင် လာပြီး၊ သူ့အား ဖုံးအုပ် သွားချိန်တွင်၊ ဓားအလင်း များက လေပြင်း များ အသွင်၊ ဖြတ်ဝင် လာတော့ သည်။
ထို့ကြောင့် ချန်ယုမှာ အံကြိတ်ပြီး၊ နောက် ပြန်ဆုတ် သွား ရ၏။ ခြေလှမ်း ဆယ်လှမ်း အထိ ဆုတ်ခွာ ပြီးသည့်တိုင်၊ လင်းယွန်က သူ့အား လွှတ်ထား ချင်ပုံ မရ ခဲ့ချေ။
ပန်းသင်္ချိုင်း ဓားကို ထပ်မံ ခုတ်ပိုင်း လိုက်ကာ၊ ဓား အလင်းဖြင့် ပစ်လွှတ် လာလေ သည်။ လျင်မြန် လွန်းသော အရှိန်ကြောင့်၊ ထိမှန် သွားပြီး၊ အဝေးသို့ လွင့်စင် သွားရ ပြန်၏။
ထိုအချိန် မှာပင် လိုရှန်း သည်လည်း၊ တိုက်ပွဲဝင်ရန် လှုပ်ရှား လာပြီ ဖြစ်ရာ၊ စင်မြင့် တစ်ခုလုံး ရုတ်တရက် တုန်ခါ လာတော့သည်။
ဓားပြား ကြီးကို ပိုးလွယ် ထားရာမှ ဖြုတ်ယူပြီး၊ တောင်ကြီး တစ်လုံး ကဲ့သို့ ကြမ်းပြင်ပေါ်၊ ဓားဖျားဖြင့် ထောက်ချ လိုက်သည်။
လိုရှန်း၏ ဓားရေးနှင့် ပတ်သက်ပြီး၊ တစ်စုံ တစ်ရာ မြုပ်ကွက် ရှိနေကြောင်း၊ သူတို့ ပြောနိုင် သည်။
ပထမဆုံး ဓားချက်ကို မတွန်းလှန် နိုင်ပါက၊ မုရွယ် ကဲ့သို့ပင် လင်းယွန် တစ်ယောက် အဆုံးသတ် ရပေ လိမ့်မည်။
သို့သော် လိုရှန်းက ဓားပြား ကြီးကို ‘မ’လိုက် ချိန်တွင်၊ လင်းယွန်မှာ ရုတ်တရက် ပြန်လှည့် လာပြီး၊ ငွေရောင် ဓား အလင်းဖြင့် ပစ်ခတ် လိုက်သည်။
“ အချိန် ကောင်းပဲ။ ”
၎င်းကို သတိ မထား မိသော လိုရှန်းက၊ အပြုံး တစ်ပွင့်နှင့် အတူ၊ သတ်ဖြတ် လိုသည့် ရောင်ဝါ များအား၊ ထုတ်လွှတ် လိုက်သည်။
သို့သော် ရုတ်တရက် ညာဘက် လက်မောင်းကို၊ ဖောက်ဝင် လာသော နာကျင် မှုကြောင့်၊ သူ့ အပြုံးမှာ အေးခဲ သွားခဲ့ ရ၏။
လင်းယွန်၏ တိုက်ခိုက် မှုကို မည်သူမျှ မမြင်နိုင် ခဲ့ပေ။ လိုရှန်း တစ်ယောက် သူ့ဓား ကြီးကို၊ ပင့်မြောက် တော့မည့် အချိန်၌၊ ငွေရောင် အလင်းများ လင်းလက် သွားခြင်း ကိုသာ၊ တွေ့မြင် လိုက်ရသည်။
ထို့နောက်တွင် လိုရှန်းက နာကျင်စွာ အော်ဟစ် လိုက်ပြီး၊ ဘယ်လက်ဖြင့် ဓားကြီးကို ဆုပ်ကိုင်ရန်၊ ထပ်မံ လှမ်းယူ လိုက်ပြန်သည်။
သို့သော် လင်းယွန်က ၎င်းကို ဆုပ်ကိုင်ခွင့်၊ မပေး တော့ချေ။ ငွေရောင် ဓားတစ်လက်ဖြင့် ထပ်မံ ပစ်ခတ် လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားအား မြောက်ကာ၊ ခုတ်ပိုင်း ပစ်လိုက် သည်။
ပြီးနောက် ချက်ချင်း ပြန်လှည့် ကြည့်လိုက်ရာ၊ အချိန်များ ရပ်တန့်သွား သကဲ့သို့၊ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် လာသည်။
ငွေရောင် ဓား အလင်း တစ်ချက် ပြက်ခနဲ ထွက်ပေါ် သွားပြီး၊ လိုရှန်း တစ်ယောက် မျက်လုံးများ ပြူးကျယ်လျက်၊ ကောင်းကင်ပေါ် ပျံတက် သွားလေသည်။
ထို့နောက်တွင် တအိအိ ပြိုလဲ လာသော ခန္ဓာ ကိုယ်ကြီး ထံမှ၊ သွေးများ ပန်းထွက် လာ တော့၏။
***