နှင်းများ ကဲ့သို့ အေးစက် နေသော ငါ့ဓား။
Vol. 41 Ch. 569
ကောင်းကင်မှ ပြန်လည် ကျဆင်း လာသော၊ ခေါင်းပြတ် ကြီးကို လူတိုင်းက မှင်သက်စွာ လိုက်ကြည့် နေမိ ကြသည်။
သူတို့ အနေဖြင့််၊ ကောင်းကင် ဓားဂိုဏ်းမှ မုရွယ်ကို ရက်စက်ပြ ခဲ့သော လိုရှန်း၏ ခွန်အား အပေါ် နက်ရှိုင်းစွာ စွဲထင် ခဲ့ကြ ဖူးသည်။
သို့သော် အဆိုပါ လိုရှန်းမှာ ခေါင်းဖြတ် ခံလိုက် ရပြီ ဖြစ်၏။ ထို့အပြင် သူ့အား သတ်ရန်၊ ပြိုင်ဘက်က ဓားချက် သုံးချက်သာ၊ အသုံး ပြုခဲ့ လေသည်။
ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ၊ လင်းယွန်က တစ်ချက်ပင် ပြန်လှည့် မကြည့် ခဲ့ပေ။ သတ်ဖြတ် ခြင်းကို ထမင်းစား ရေသောက် ပြုမူ နေသည်။
ကျန် သုံးယောက်မှာ၊ လင်းယွန် နောက်တွင် ပြန်လည် ပြုတ်ကျ နေသော ခေါင်းပြတ်ကို ငေးကြည့်ပြီး၊ နှလုံး သားများ အေးခဲ သွားကြ၏။ လိုရှန်း သေသွား သည်ကို၊ မယုံနိုင် သေးချေ။
ဤအခိုက် အတန့်တွင်၊ လင်းယွန် ထံမှ ထွက်ပေါ် နေသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် များမှာ၊ သူတို့ မျက်နှာ များကို ဖြူဖျော့ အေးစက် သွားစေ၏။
“ နောက် ဆုတ် ... ။ ”
ထိတ်လန့် မှုကြောင့်၊ အလိုလို နောက်ဆုတ် လိုက်မိ ကြသည်။ လင်းယွန်ထံ တိုးဝင် ခြင်းမှာ၊ သေမင်းကို ဖိတ်ခေါ် နေခြင်း ဖြစ်သည်ဟု၊ ထင်မြင် လာမိ၏။
သို့သော် လင်းယွန်က သူတို့ကို ဆုတ်ခွာခွင့် မပေး တော့ချေ။ မဆိုင်း မတွဘဲ ပန်းသင်္ချိုင်း ဓားဖြင့်၊ ခုတ်ပိုင်း ပစ်လိုက်သည်။
အထင် ကြီးဖွယ် မရှိသော ဓားသမား တစ်ယောက်သည်၊ ကိုးရွှင်၊ ဘိုင်ယုချန်နှင့်၊ ချန်ယု တို့အား နာခံမှု ရှိရှိ၊ နောက်ပြန် ဆုတ်ခိုင်း နိုင်ခဲ့၏။
ယင်းကို သတိထား မိသော လူအုပ် ကြီးမှာ၊ စိတ်လှုပ်ရှား အံ့ဩ သွားကုန်သည်။
“ တိုက် ...။ ”
ထပ်မံ ဆုတ်ခွာရန် နေရာလွတ် မရှိ တော့မှန်း သိသဖြင့်၊ လင်းယွန်ကို ပြန်လည် တိုက်ခိုက် လာကြသည်။
သို့သော် လင်းယွန်က ၎င်းအား မျှော်လင့် ထားပြီး ဖြစ်၏။ ပန်းသင်္ချိုင်း ဓားဖြင့်၊ အောက်သို့ အုပ်မိုး ခုတ်ချ ပစ်လိုက်ကာ၊ ပြိုင်ဘက် များ၏ တိုက်ခိုက်မှု များကို ဟန်တား လိုက်သည်။
ယင်းကြောင့် သူတို့ အားလုံး နာကျင်စွာ ညည်းတွား နေချိန် မှာပင်၊ ထပ်မံ အားယူ နေသော လင်းယွန်ကို မြင်လိုက်ရ ပြန်ရာ၊ ဒေါသ တကြီး ကျိန်ဆဲ မိ၏။
“ ဒီကောင် ....။ ”
လင်းယွန်က ရှေ့သို့ ဆက်၍ လှမ်းတက် လိုက်ပြီး၊ ရပ်တန့်ခြင်း မရှိ ခဲ့ချေ။ သူ့ဓား ဦးတည် ရာရှိ ချန်ယုမှာ၊ ရင်ဘတ်ကို ထိုးသွင်း ခံလိုက် ရကာ၊ လွင့်စင် သွားတော့၏။
သို့သော် ကိုးရွှင်နှင့် ဘိုင်ယုချန်က မရပ်တန့် ခဲ့ဘဲ၊ တစ်ဖက်ကို အာရုံ ရောက် နေသော လင်းယွန်အား၊ ဘယ်ညာ ညှပ်ပြီး တိုက်ခိုက် လိုက်သည်။
ညှပ်ပူး ညှပ်ပိတ် တိုက်ခိုက် ခံလိုက် ရသော ကြောင့်၊ လင်းယွန်က လက်နှစ် ဖက်ကို ဆန့်ခွဲ လျက်၊ ကောင်းကင်ပေါ် ခုန်တက် ပစ်သည်။
ထို့နောက် လျင်မြန် လွန်းသော အဟုန်ဖြင့် စောက်ထိုး ပြန်ဆင်း လာခဲ့၏။
ဘိုင်ယုချန်နှင့် ကိုးရွှင် တို့၏ တိုက်ခိုက်မှု များမှာ၊ ကြမ်းပြင် ပေါ်သို့ ပြုတ်ကျ သွားပြီး၊ ပြင်းထန်သော ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာသည်။
လွတ်မြောက် သွားသော လင်းယွန်ကို ရှာရန်၊ နှစ်ယောက်သား ခေါင်းမော့ကြည့် လိုက်၏။
လရောင် ခြည်များ ကဲ့သို့၊ စူးရှသော အလင်းများ နောက်ခံ ပြုလျက်၊ ကောင်းကင်မှ ပြန်လည် ထိုးဆင်း လာသော လင်းယွန်အား၊ တွေ့လိုက် ရသည်။
လရောင် ရေစင် ဓား၏ တိမ်မြူ ကင်းသော လမင်းနှင့် အတူ၊ ဆင်းသက် လာခြင်း ဖြစ်၏။ ဓားသုတ္တန်၏ အောင်မြင်မှုကြောင့်၊ ၎င်း စွမ်းအားမှာ မယုံနိုင် လောက်အောင်၊ ပြင်းထန် နေသည်။
ကောင်းကင်မှ ကျလာသော ဓားက၊ ဘိုင်ယုချန်တို့ နှစ်ယောက်၏ အရှိန်အဝါ များကို ဆုတ်ဖြဲကာ၊ ခန္ဓာကိုယ် ပေါ်တွင် ပြတ်ရှ ရာများ ကျန်ရစ် စေခဲ့သည်။
“ ဒါ ... ဒါက သူဘယ်လို လုပ်လိုက် တာလဲ။ ”
အုပ်စိုးရှင် ဂိုဏ်း များ၏ အထက် တန်းစား နှစ်ဦးက၊ လင်းယွန် ဓားကို အတူ တကွ ကာကွယ် ခဲ့ကြ သော်လည်း၊ ဒဏ်ရာ ရရှိ ကုန်ကြ သည်။
အထွတ် အထိပ် ယင် အဆင့် တွင်သာ ရှိသော၊ တစ်စုံ တစ်ဦး အနေဖြင့်၊ ဤမျှ အစွမ်း ထက် နေခြင်းမှာ၊ အဓိပ္ပါယ် မရှိ နိုင်ပေ။
“ ဒါက ဘယ်လို ကျင့်ကြံမှု နည်းစနစ် မျိုးလဲ။ ”
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ဓားလဲ၊ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ်က၊ အားကောင်းမှာ သေချာတယ်။ ”
“ အဲဒါက လင်းယွန်ရဲ့ အပြင်းထန်ဆုံး ဓား မဖြစ် နိုင်ဘူး၊ ဒီလောက် မရိုးရှင်း မှာကို ငါ ကြောက်မိတယ်။ ”
“ ရှန်ရှင်း ဓား ရည်ရွယ် ချက်က ကြောက်စရာ ကောင်းလိုက်တာ၊ ကြည့်ရတာ ပြီးလု နီးနေပြီ ထင်တယ်။ ”
“ အခုတော့ သူ့ရဲ့ တိုက်ခိုက် မှုက၊ ဘာကြောင့် ဒီလောက် ပြင်းထန် နေရလဲ ဆိုတာ ငါ နားလည်ပြီ။ ”
သွေးစွန်း နေသော စင်မြင့် ပေါ်က မြင်ကွင်းကို ကြည့်ပြီး၊ လူအုပ် ကြီးမှာ ပွက်လော ရိုက်ကုန်၏။
လင်းယွန် ခွန်အားကြောင့်၊ သူတို့၏ မျက်လုံး များကို တောက်ပ လာစေသည်။
နေသာ စီရင်စုရှိ သွေးတောင်ပံ ခန်းမနှင့်၊ ဖျက်ဆီးခြင်း ဓားခန်းမ တို့၌ပင်၊ ဤမျှ ကြောက်စရာ ကောင်းသော ဓား တစ်လက်ကို ပျိုးထောင် ပေးနိုင်မည် မဟုတ်ပေ။
ပတ်ဝန်းကျင် ဆွေးနွေး သံများကို ကြားသော အခါတွင်၊ ဂျိန်းယီက ခေါင်းညိတ်ပြ လိုက်သည်။
ဤလူများ မှားသည်ဟု မဆိုသာ သော်လည်း၊ အားလုံးက တစ်စုံ တစ်ရာကို လစ်လျူရှု ထားမိ နေသည်။
လင်းယွန် တစ်ယောက်၊ အခြေ အနေ တစ်ရပ်လုံး အပေါ် အုပ်စီး နိုင်ခဲ့ ခြင်းမှာ၊ အစွမ်းထက် လွန်းသောကြောင့် မဟုတ်ချေ။
ကျန်ရှိသူ (၃)ဦး အတူ တကွ ပူးပေါင်း တိုက်ခိုက် ခဲ့ပါက၊ အနည်းဆုံး (၆၀%) အနိုင် ရရန်၊ အခွင့် အရေး ရှိလေသည်။
သို့သော် လိုရှန်းကို သတ်ဖြတ် ပြလိုက် ခြင်းဖြင့်၊ စိတ် ဒဏ်ရာများ ပေးစွမ်း နိုင်ခဲ့သည်။
ထို့ပြင် အရေး ကြီးဆုံး အချက်မှာ၊ လင်းယွန် စိတ်ဓာတ် ဖြစ်၏။ မယိမ်း မယိုင်သော ဓား တစ်လက် ကဲ့သို့၊ တစ်ချိန်လုံး ပြုမူ နေခဲ့သည်။
ကောင်းကင် ပြည်နယ် အကယ် ဒမီ၏၊ အဖွဲ့ဝင် တိုင်းက ဤမြင် ကွင်းကြောင့် ထိတ်လန့် သွား ကုန်သည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓားရေး။ ”
“ ကောင်းလိုက်တာ ... လိုရှန်း သေပြီ။ ”
“ ဟား ... ဟား ... ဟား၊ ကောင်းတယ် အရမ်း ကောင်းတယ်။ ”
“ စီနီယာ အစ်မ မိုရဲ့ ...၊ အမြင် အာရုံက တကယ့်ကို ထူးခြား ပါပေတယ်၊ ဒီပြိုင် ပွဲမှာ ရှုံးခဲ့ ရင်တောင်၊ ငါတို့ရဲ့ အကယ် ဒမီကို ဘယ်သူမှ လျှော့တွက် ဝံ့မှာ မဟုတ် တော့ဘူး။ ”
“ မှန် တယ် ...၊ လင်းယွန် လုပ်ခဲ့တာ တွေကို လူဘယ် နှစ်ယောက်က ပြီးမြောက်အောင် လုပ်နိုင် မှာလဲ။ ”
လင်းယွန်၏ တိုက်ပွဲကို ကြည့်ပြီး၊ သူတို့ အားလုံး စိတ်လှုပ်ရှား နေကြသည်။ ထိုင်ခုံ ပေါ်တွင် လဲလျောင်း နေသော မုရွယ်က၊ မျက်လုံး များကို ဖြည်းညင်းစွာ ဖွင့်ယူ လိုက်၏။
သူမ၏ အမြင် အာရုံများ မှုန်ဝါး နေသော်လည်း၊ စင်မြင့် ပေါ်ရှိ လူများကို ဖမ်းယူ နိုင်သေးသည်။
ဤအခိုက် အတန့်တွင် သူမ၏ ကနဦး ရှန်ရှင်း ဓားဖြင့်၊ လင်းယွန်အား ခြိမ်းခြောက်ရန် ကြိုးစားခဲ့ ပုံကို ရုတ်တရက် သတိရ သွားသည်။
လင်းယွန်သာ တုန့်ပြန် လိုပါက၊ တန်ယု ရှေ့မှောက်၌ သူမကို အလွယ် တကူ အရှက်ခွဲ နိုင်၏။
စင်ပေါ်ရှိ လင်းယွန်မှာ ကိုးရွှင်နှင့် ဘိုင်ယုချန်ကို ဆုတ်ခွာ ခိုင်းလိုက် ပြီးနောက်၊ အဆိပ် ပြင်းသော မြွေ တစ်ကောင်လို စိုက်ကြည့် လိုက်သည်။
ရုတ်တရက် ဓားဖြင့် ထိုးခံ ထား ရသော ချန်ယုက၊ တိတ်တဆိတ် လှုပ်ရှား လာခဲ့သည်။
“ သေ ...။ ”
လက်ထဲမှ ယပ်တောင်ကို၊ ပိတ်လျက် အနေ အထားဖြင့်၊ ပြိုင်ဘက် လည်ပင်း ဆီသို့ ခုန်ဝင် ထိုးသွင်း လိုက်၏။
အခွင့် အရေးကို အချိန် အတော်ကြာ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်ရာ၊ ဤတိုက်ခိုက် မှုဖြင့် တစ်ဖက်လူ အပေါ်၊ ဒဏ်ရာ ကြီးကြီး မားမား ပေးနိုင် လိမ့်မည်ဟု ယုံကြည်သည်။
လင်းယွန်ထံ ရောက်ရှိ တော့မည့် အချိန်တွင်၊ ဓားပါး (12)လက် ပေါက်ကွဲ ထွက်ပေါ် လာပြီး၊ သေကွင်း သေကွက်များ ဆီသို့၊ ဦးတည် တိုးဝင် သွားသည်။
သည်မြင်ကွင်းကို ကြည့်ကာ၊ ကြေနပ် အားရ ဟန်ဖြင့်၊ ချန်ယုက ရယ်မော လိုက်၏။
“ ဟား ဟား ဟား ၊ လင်းယွန် ... မင်းသေ လိုက်တော့။ ”
သို့သော် ပန်းပွင့် လာ သကဲ့သို့၊ ဓား (၈၁)လက် ထွက်ပေါ် လာပြီး၊ လင်းယွန်က ပြန်လှည့် ကြည့်လာ၏။
တစ်ချိန်တည်း မှာပင်၊ ဓားပါး (၁၂)လက်က စွမ်းအင်ဓား (၈၁) လက်ဖြင့်၊ ရိုက်နှက် ခံလိုက် ရကာ၊ ချန်ယု ခန္ဓာ ကိုယ်၏ သေကွင်း သေကွက် များ ဆီသို့၊ ဖြူဆူး များလို၊ ပြန်လည် ပြေးဝင် လာခဲ့သည်။
အံ့အားသင့် နေချိန် မှာပင်၊ ဓား တစ်လက်က နဖူးအား ဖောက်ဝင် သွားသည်။
ထိုနောက်တွင်၊ နှလုံး၊ အဆုတ်၊ လည်ပင်း စသည့် နေရာများ ဆီသို့၊ တစ်လက်ပြီး တစ်လက် ဆက်လက် ဝင်ရောက် လာကုန်၏။
မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားပြီး၊ အသက် ဓာတ်များ ဆုတ်ယုတ် လာသည်ကို၊ ချန်ယု တစ်ယောက် ထိတ်လန့်စွာ ခံစား လိုက်ရသည်။
“ လက်သီးပုန်း ထိုးတက်တဲ့၊ သူ တွေကို ငါ အမုန်းဆုံးပဲ။ ”
မုန်းတီးစွာ ဆိုလိုက် ပြီးနောက်၊ လင်းယွန်က နောက်ပြန် လှည့် သွားသည်။ သို့သော် ရုတ်တရက် ရှင်းဂျူ သေဆုံး မှုကို၊ သတိရ သွားကာ၊ ချန်ယုထံ အလင်းတန်း အသွင်၊ ပြေးဝင် ခုတ်ပိုင်း ပစ်လိုက်သည်။
“ ဖောင်း.... ။ ”
ခဏချင်း မှာပင်၊ ချန်ယု၏ ခန္ဓာကိုယ် တစ်ခုလုံး၊ အစိတ်စိတ် အမွှာမွှာ ပေါက်ကွဲ လာပြီး၊ ဖျက်ဆီး ခံလိုက် ရသည်။
ခြေပြတ် လက်ပြတ်များ ပလူပျံ သွားကာ၊ မြေပြင် ပေါ်သို့ ပြန်လည် ပြုတ်ကျ လာချိန်၌၊ ဓားရောင်ဝါ များက ဖုန်မှုန့်များ အဖြစ်သို့၊ ထပ်မံ ချေမွပစ် လိုက်သည်။
ထို့ကြောင့်၊ ကျောက်စိမ်းဖြူ အကယ် ဒမီ၏ အထက် တန်းစား တစ်ဦး ဖြစ်သော ချန်ယုမှာ၊ လိုရှန်းထက် ပို၍၊ ကြောက်စရာ ကောင်းသော သေခြင်း မျိုးဖြင့်၊ အဆုံးသတ် သွားခဲ့သည်။
ယင်းက လူတိုင်း မျက်နှာကို၊ ပြောင်းလဲ သွားစေ တော့၏။
လင်းယွန် တစ်ယောက်၊ ဤမျှ ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း မျိုးဖြင့်၊ မုန်းတီးစွာ ပြုမူ ရလောက်အောင်၊ ချန်ယု အနေဖြင့် မည်သည့် အရာများ၊ လုပ်ဆောင်ခဲ့ သည်ကို၊ သူတို့ တွေးဆ မရနိုင် ကြချေ။
တစ်ချိန်တည်း မှာပင် ကျောက်စိမ်းဖြူ အကယ် ဒမီ၏ အဖွဲ့ဝင် တိုင်းတွင်၊ အမုန်း တရားများ၊ ပြည့်နှက် လာသည်။
“ ဘိုင်ယုချန် ... နောက်မဆုတ် ပါနဲ့၊ မဟုတ်ရင် ငါတို့က သူတို့ လိုပဲ အဆုံးသတ် သွား နိုင်တယ်။ ”
နှုတ်ခမ်း ပေါ်ရှိ သွေးစ များကို သုတ်ယူ လိုက်ပြီး၊ လင်းယွန်ထံ လှမ်း ကြည့်ကာ ကိုးရွှင်က အကြံပြု လိုက်သည်။
( ဒီကောင်က ဘယ်လိုတောင် ရက်စက် လွန်းရ တာလဲ။ )
လင်းယွန်ကို အုပ်စု ဖွဲ့ပြီး၊ သတ်ပစ် နိုင်မည်ဟု၊ ယူဆ ထားမိ သော်လည်း၊ အခြေ အနေ လုံးဝ ပြောင်းသွား ခဲ့သည်။
လင်းယွန် အတွက် ငရဲ လမ်းမှာ၊ သူတို့၏ ငရဲခန်း ဖြစ်လာ တော့သည်။
ထို့အပြင်၊ ကျောက်စိမ်း အကယ်ဒမီ အနေဖြင့်၊ အရှက်ရ ခဲ့ပြီး ဖြစ်ကာ၊ လင်းယွန်၏ ခြေနင်းတုံး ဖြစ်လာ ရပြီ ဖြစ်သည်။
ယင်းကို သူ မလို လားချေ။ မည်မျှပင် သန်မာ စေကာမူ၊ လင်းယွန် သေရ ပေမည်။
သတ်ပစ် လိုသော ရည်ရွယ်ချက် များကို အရှိန် အဝါဖြင့် ပေါင်းစပ် လိုက်ပြီးနောက်၊ သူ့ မျက်လုံးများ စူးရှ လာတော့၏။
ကိုးရွှင် အနားတွင် ရပ်နေသော ဘိုင်ယုချန်က၊ လင်းယွန်ကို အေးစက်စွာ ပြန်ကြည့် လိုက်ပြီး၊
“ ငါ... အဆင်ပြေ ပါတယ်၊ သူ့ကို လွယ်လွယ်နဲ့ သွားခွင့် ပြုဖို့၊ စိတ်ကူး မရှိ တော့ဘူး၊ သူ မသေရင် ... ဒီနေ့ ကစား ပွဲက၊ ရပ်မရ တော့မှာ သေချာတယ်၊ ဒါ … ”
သို့သော် သူ့စကား မဆုံး မီတွင်၊ ဓား အလင်း တစ်လက် ဖြာထွက် လာခဲ့ပြီး၊ ကိုးရွှင်အား ထက်ခြမ်း ခွဲ ပစ်လိုက် တော့သည်။
တအိအိ ပြိုကျ လာသော ကိုးရွှင်၏ ခန္ဓကိုယ် နှစ်ခြမ်းကို ကြည်ပြီး၊ ဘိုင်ယုချန် တစ်ယောက် ခြေထောက်များ ပျော့ခွေ သွား၏။
ဤဓားမှာ ဂျိန်းယီကို၊ လက်နက်ချ ခိုင်းခဲ့သော ဓား အဖြစ်၊ ပြန်လည် အမှတ်ရ သွားကာ၊ နှုတ်ခမ်းများ တုန်ယင် လာသည်။
( သခင့်ဓား — မိုးကြိုး။ )
ဓားသွား အော်မြည်သံ ထွက်ပေါ်လာ ချိန်၌၊ ကိုးရွှင်မှာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အသေကောင် ကြီးအား လျစ်လျူရှု လိုက်ပြီး၊ ဘိုင်ယုချန် ဆီသို့ ဖြည်းညှင်းစွာ ဆက်လျှောက် လာလိုက်သည်။
***