← Chapters

မနက်ဖြန် မင်းကို ငါ စောင့်နေမယ်။

Vol. 41 Ch. 570

မနက်ဖြန် မင်းကို ငါ စောင့်နေမယ်။

Vol. 41 Ch. 570

လင်းယွန်၏ ဓားမှာ လျှပ်စီး ကဲ့သို့ လျင်မြန် လွန်းပြီး၊ တိမ်များ ကိုပင် လှုပ်ရှား သွားစေ ခဲ့သည်။

ထို့ကြောင့် ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက်၊ အပြာရောင် ဝတ်ရုံ စများ၊ တဖျပ်ဖျပ် ခတ်နေသော လူငယ် လေးထံ၊ ထိတ်လန့်စွာ ကြည့်လိုက် မိသည်။

ကျောက်စိမ်းဖြူ အကယ်ဒမီ၏ မျှော်လင့်ချက် ဖြစ်သော၊ ကိုးရွှင်မှာ လွယ်လင့် တကူ သေဆုံး သွား၏။

တိမ်ယံ သုံးဆင့် ဂိုဏ်းမှ ဂျိန်းယီ တစ်ယောက် အဘယ့်ကြောင့်၊ လက်နက်ချ ခဲ့သည်ကို လူတိုင်း နားလည် လာသည်။

သူတို့ အားလုံးက အုပ်စိုးရှင် တပည့်များ အပေါ် မျောနေ မိပြီး၊ လင်းယွန်အား လျှော့တွက် ထားမိ ခဲ့သည်။

ကိုးရွှင်ကို ထက်ပိုင်း ဖြတ်ပြီး မှသာ၊ ၎င်း မည်မျှ အစွမ်း ထက်ကြောင်း သတိ ရလာ၏။

ယင် အဆင့်၌၊ ရှိနေသော တစ်စုံ တစ်ယောက် အနေဖြင့်၊ ဤမျှ အစွမ်းထက် လိမ့်မည်ဟု၊ မည်သူမျှ မထင် ထားသည်မှာ၊ အမှန် ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကာမူ၊ ကျောက်စိမ်းဖြူ အကယ် ဒမီ အနေဖြင့်၊ သူတို့၏ ပြိုင်ပွဲဝင် သုံးဦး လုံးကို၊ ဆုံးရှုံး သွားရပြီ ဖြစ်သည်။

လိုရှန်း လက်ကို၊ ဦးစွာ ဖြတ်တောက် လိုက် ပြီးနောက်၊ ခေါင်းဖြတ် ခံရ၏။ ချန်ယု အတွက်မူ အငြိုး တကြီး ချမွေ ဖျက်ဆီး ခြင်း ခံလိုက် ရသည်။

ယင်းကြောင့် လင်းယွန်ကို သတ်ရန် ဘိုင်ယုချန်နှင့် လက်တွဲ လိုသော်လည်း၊ မတိုက် ခိုက် နိုင်မီ ကိုးရွှင် နှစ်ပိုင်းပြတ် သွား ခဲ့သည်။

အထက်ပါ မြင်ကွင်း များကို၊ တစ်ကွက်ချင်း ပြတ်ထင်စွာ ပြန်မြင် လာပြီးနောက်၊ တရွေ့ရွေ့ ချဉ်းကပ် လာသော လင်းယွန်အား၊ ငေးကြည့် လိုက်မိသည်။

ကြောက်ရွံ့ မှုကြောင့် ခွန်အားများ ဆုတ်ယုတ် လာပြီး၊ ဒူများ တဆက်ဆက် တုန်လာသည်။

ရှုံးနိမ့် မှုကို ဝန်ခံ ချင်သော်လည်း၊ နှုတ်ခမ်း ဖွင့်မရ ခဲ့ချေ။ သို့သော် သူ့ အဖြစ်အား၊ မည်သူမျှ ပြက်ရယ် ပြုခြင်း မရှိ ကြဘဲ၊ စာနာ စိတ်ဖြင့်သာ ကြည့်နေ မိသည်။

ဘိုင်ယုချန် နေရာ၌ သူတို့သာ ဆိုပါက၊ ဆိုဖွယ် မရှိကြောင်း သိသည်။

ရုတ်တရက် လင်းယွန်က ခြေလှမ်းကို ရပ်ကာ၊ ဒိုင် အဖိုးအိုဘက် ပြန်လှည့် ကြည့်သည်။

“ ငါ အနိုင် ရပြီ ...၊ မဟုတ်လား။ ”

သူ့ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ တိတ်ဆိတ် နေသော ပတ်ဝန်း ကျင်၌ မိုးခြိမ်းသံ တစ်သံလို၊ မြည်ဟီး လာ၏။

“ ဟုတ်တယ် ... သူ နိုင် ပြီ။ ”

“ ဘိုင်ယုချန်က ရှုံးနိမ့် တာကို ဝန်ခံ ဖို့တောင် အင်အား မရှိ တော့ဘူး၊ ဒါက တိမ်ပြာ အကယ် ဒမီနဲ့ သစ်ပြာတောကို၊ အရှက်ရ စေလိမ့်မယ်။ ”

“ မင်း ... သူ့ကို အပြစ် ပြောလို့ မရဘူး၊ သူ့ နေရာမှာ သာဆို ...၊ ဘယ်သူ မဆို ဒီလိုပဲ တုံ့ပြန် မိမှာပါ။ ”

“ လင်းယွန်က ရက်စက် လွန်းတယ်၊ လူသတ် စက်တစ်ခု လိုပဲ၊ ဒါကြောင့် ဘိုင်ယုချန် ထိတ်လန့်တာ မဆန်း ပါဘူး။ ”

“ ဘာပဲ ဖြစ်ဖြစ် ကျောက်စိမ်း အကယ် ဒမီက ပြိုင်ပွဲဝင် တွေလိုတော့၊ အသတ်မခံ ရတဲ့၊ ကျေးဇူးတင်ရမယ်။ ”

“ သူတို့ရဲ့ ဆုံးရှုံး မှုက၊ အိမ်မက် ဆိုးကြီး တစ်ခု ပါပဲ၊ ပြိုင်ပွဲ သမိုင်း တစ်လျောက်၊ ငရဲလမ်းကို ဒီလင်းယွန်သာ ပထမဦးဆုံး အောင်မြင် ခဲ့တဲ့ သူ ဖြစ်လာပြီ။ ”

“ အမှန်ပဲ ... ဒါကြောင့် နောက်ဆုံး တိုက်ပွဲ မှာ၊ ဆောင်းကျန်ကို အနိုင် မရ ခဲ့ရင်တောင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီရဲ့ အနေ အထားက၊ တည်ငြိမ် သွားပါ လိမ့်မယ်။ ”

“ ဒါပေါ့ ...၊ ဂုဏ်သိက္ခာ ဆိုတာ အင်အားစု တစ်ခု အတွက်၊ အရေး ကြီးဆုံး ဖြစ်ပြီး၊ အခြေခံ အုတ်မြစ်လို့ ဆိုနိုင်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)က အရှက် တရားကို သန့်စင် နိုင်လိုက်ပြီ။ ”

မှင်တက် နေရာမှ ပြန်လည် သတိ ဝင်လာ ပြီးနောက် လူတိုင်းက၊ အချင်းချင်း တီးတိုး ပြောဆို လာကြသည်။

သို့သော် ဆက်လက် မိန်းမော နေသော သူများ သည်လည်း၊ ရှိနေ ခဲ့သေးသည်။

ဘိုင်ယုချန်၊ ကိုးရွှင်၊ ချန်ယု၊ လိုရှန် စသော သူများနှင့်၊ နှိုင်းယှဉ် နိုင်သည့်၊ လူများစွာ မရှိပေ။

သို့သော် ၎င်းတို့ အားလုံးမှာ၊ လင်းယွန် လက်၌ ကျရှုံး သွားခဲ့သည်။

ဤတိုက်ပွဲသည် နေသာ စီရင်စု တခွင်၊ ပန်း သင်္ချိုင်း ဓားသမား ဟူသော အမည်ကို တွင်ကျယ် စေတော့မည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဒိုင်အဖြစ်၊ ပါဝင် ကူညီပေး ခဲ့သော အဖိုးအိုမှာ၊ သူ့အမြင်နှင့် အတွေ့ အကြုံများ အရ၊ နေသာ စီရင်စုတွင် ပြည့်ဝသူ တစ်ဦး အဖြစ်၊ သတ်မှတ် ခံထား ရသည်။

သို့သော် သည် တိုက်ပွဲ၏ ရလဒ်ကြောင့်၊ အသိစိတ် လွတ်လု နီးပါး တုန်လှုပ် နေခဲ့သည်။

ထို့ကြောင့် လင်းယွန် မေးခွန်းကို ချက်ချင်း ပြန်မဖြေ နိုင် သေးဘဲ၊ ဘိုင်ယုချန်အား တစ်ချက် လှည့်ကြည့် လိုက်သည်။

ထို့နောက် တံတွေး တစ်ချက် မြိုချကာ၊ တိုက်ပွဲ ရလဒ်အား ကြေညာရန် ခေါင်းညိတ် ပြလိုက်၏။

“ လင်းယွန်က ဒီတိုက်ပွဲကို အနိုင် ရရှိ သွားတဲ့ အတွက်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အနေနဲ့၊ ငရဲလမ်းကို အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့ ပါပြီ၊ ဂုဏ်ယူ ပါတယ်။ ”

ကျောက်စိမ်းဖြူ အကယ်ဒမီ နေထိုင်ရာ အရပ်ရှိ လေထုမှာ၊ ချက်ချင်း အုံ့မှိုင်း သွားတော့ ၏။

၎င်းတို့ အနေဖြင့် ပြိုင်ပွဲကို အပြတ် အသတ် အနိုင် ရပြီး ဖြစ်သော်လည်း၊ လင်းယွန်က ငရဲ လမ်းမှ ပြန်တက် လာခဲ့သည်။

ထို့ကြောင့် မည်သူ မဆို၊ သူတို့ ခံစား ချက်များ အပေါ်၊ နားလည် ပေးနိုင်၏။ သည့် အပြင် လိုရှန်း၊ ချန်ယုနှင့် ကိုးရွှင် တို့ကိုလည်း၊ ဆုံးရှုံး ခဲ့ရသည်။

ယင်းမှာ သူတို့ အကယ် ဒမီကို၊ လုံးလုံး လျားလျား ပြိုလဲ မှုထံ၊ ဦးတည် သွားစေသည့်၊ ရိုက်ချက်ကြီး ပေပင်။

“ သေစမ်း ... ဒီကောင်က ဘယ်သူလဲ၊ သူက ငါတို့ ကျောက်စိမ်းဖြူ အကယ်ဒမီကို၊ ဘာလို့ ဒီလောက် ရက်စက် ခဲ့ရ တာလဲ၊ ... ”

“ ... ပြောစမ်း၊ ဒီကောင် ဘယ်က လာတာလဲ၊ မင်းတို့က အသုံး မကျတဲ့ ကောင်တွေလား၊ ဒီလို လူ တစ်ယောက်ရဲ့ အချက် အလက် တွေကို၊ မစုနိုင် ဖူးလား၊ ... ”

“ ... သွားကြ သွား၊ အခု ... သူ့ ဇာစ်မြစ်ကို စုံစမ်း၊ ဘာပဲ ဖြစ်ဖြစ် ငါတို့ အနေနဲ့ လက်စား ချေရမယ်။ ”

ကျောက်စိမ်းဖြူ အကယ် ဒမီမှ၊ အကြီး အကဲ တစ်ဦးက၊ လင်းယွန်ကို သတ်ပစ်ချင် သောကြောင့်၊ ဒေါသ တကြီး အော်ဟစ် ကျိန်ဆဲ နေခဲ့သည်။

အခြား တစ်ဖက်တွင်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ၊ လူတိုင်း၏ မျက်နှာ ပေါ်၌၊ အပြုံး ပန်းများ ဝေဆာ နေ၏။

“ ငါ တို့ နိုင် ပြီ။ ”

“ ငရဲ လမ်းကို ငါတို့ အောင်မြင်ပြီ။ ”

“ အနှစ် နှစ်ဆယ် ...၊ ဟား ဟား ဟား ... နောက်ဆုံးတော့ ငါတို့ရဲ့ အရှက် တရားက ကင်းစင် သွားပြီ။ ”

လင်းယွန်မှာ ကျောက်စိမ်းဖြူ အကယ် ဒမီကို၊ ရက်စက် ကြမ်းကြုတ်သော သင်ခန်းစာ တစ်ခု သင်ပေး သွားခဲ့သည်။

ထိုကြောင့် သူတို့၏ ဝန်ထုပ် ဝန်ပိုး ပျောက်ကွယ် သွားသည်ဟု၊ လူတိုင်း ခံစား ခဲ့ရ ၏။

“ အစ်မ မို၊ ငါတို့ အနိုင် ရပြီ၊ သူ ... သူ တကယ် လုပ်နိုင် ခဲ့တယ်။ ”

လျူယွမ်ယန် တစ်ယောက် မျက်ရည်များ ဝဲလျက်၊ မိုလင်းကို လှည့်ဖက် လိုက်သည်။

ယခု အချိန်၌ သူမ၏ ခံစား ချက်များ အပေါ်၊ ထိန်းမထား နိုင်တော့ချေ။ မိုလင်းက လျူယွမ်ယန်ကို ပြန်လည် ပွေ့ဖက် လိုက်ပြီး၊

“ မ ငို နဲ့ ... ” -ဟု ပြုံးကာ ဆို၏။

အချိန် အတော်ကြာ ပြီးနောက်၊ လျူယွမ်ယန် တစ်ယောက်၊ သူမ၏ ခံစားချက် များအား ပြန်ထိန်း နိုင်လာ ခဲ့သည်။

စိတ်လွတ် သွားသော အပြုမူ များကို ပြန်လည် သတိရ လာ ချိန်၌၊ အနည်းငယ် ရှက်ရွံ့ သွားသည်။

သို့သော် စင်မြင့် ပေါ်ရှိ လူငယ်ကို မော့ကြည့် လိုက်ပြီး၊ သဘော ကျစွာ ပြုံးရယ် လျက်၊

“ အစ်မ မို ... ကြည့်ပါဦး၊ သူက အရမ်းကို ကြီးစိုး နေ သလိုပဲ။ ”

“ ဟုတ် လား။ ”

လျူယွမ်ယန်၏ ချစ်စဖွယ် အမူအရာ ကြောင့်၊ မိုလင်း တစ်ယောက် ပြုံးကာ စင်မြင့် ပေါ်၊ လှမ်းကြည့် လိုက်ချိန်တွင်၊ မငြိမ်းသတ် နိုင်သေးသော ဓား တစ်လက်အား တွေ့လိုက် ရသည်။

ကောင်းကင် ပြည်နယ် အကယ် ဒမီတွင်၊ တစ်ကြိမ်ပင် မပြသ ခဲ့ဖူးသော ရက်စက် ကြမ်းကြုတ် လွန်းသည့်၊ မျက်နှာစာကို ဖွင့်လှစ် လာ ခဲ့သည်။

ပြတ်သားသော ဓားချက် များနှင့် ယှဉ်ပါက၊ မောက်မာ တက်သည့် သူ့ အသွင်မှာ၊ မဆိုးဟု ယူဆ နိုင်သည်။

ဓားကို ရုတ်သိမ်း လိုက်ပြီးနောက်၊ လင်းယွန်က မိုလင်းထံ ဦးတည် လျှောက်လှမ်း သွား လိုက်၏။

“ ကျေးဇူး တင်ပါတယ်၊ အစ်မကြီး ... ။ ”

လင်းယွန်က ခေါင်းညိတ်ကာ၊ ဆိုသည်။ အရာ အားလုံးမှာ မိုလင်းကြောင့် ဖြစ်လာ ရခြင်း ဖြစ်သည်။

ဓားတစ်လက် အနေဖြင့်၊ မည်မျှပင် ထက်ရှ နေစေ ကာမူ၊ ဆွဲမည့်သူ မရှိ ပါက၊ အသုံး ဝင်မည် မဟုတ်ချေ။

တန်ယုနှင့် အခြားသော အကြီးအကဲ များက ပြုံးလျက်၊ လင်းယွန်ထံ လျှောက်လှမ်း လာ၏။

“ မင်း ...၊ ဒဏ်ရာ ရသေးလား။ ”

“ ဒဏ်ရာက နည်းနည်း လေးပါ၊ အဆင်ပြေ ပါတယ်။ ”

လင်းယွန်က ပြန်ဖြေ လိုက်သည်။ ဓားကို မည်မျှပင် ဆွဲချင် နေ သော်လည်း၊ ဆွဲရန် ခွင့်ပြု မည့်သူ မရှိ ပါက၊ အသုံးဝင် ဦးမည် မဟုတ် သေးချေ။

“ အဲဒါ ကောင်းတယ်၊ မင်းရဲ့ အထွတ် အထိပ် ပုံစံနဲ့ ဆောင်းကျန်ကို ရင်ဆိုင်ခွင့် ရရင် ...၊ မင်း အတွက် အခွင့် အရေးပို ရှိနိုင်တယ်။ ”

တန်ယုက ပြုံးလျက် ခေါင်းညိတ် လိုက်သည်။ ဤလူငယ်ပေါ် ကစား ခဲ့သော ကြေးမှာ၊ ကြီးမြင့် လှ သလို၊ အကျိုး အမြတ် မှာလည်း မယုံ နိုင်ဖွယ် ပေပင်။

‘မို’ မိသား စုမှ တာဝန် ယူမည်ဟု ဆိုခဲ့ သော်ငြားလည်း၊ ၎င်းနှင့် အတူ ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေဖြင့်၊ မျက်နှာလွှဲ နေမည် မဟုတ်ချေ။

တပည့်များ အပေါ် အမြတ်ထုတ် တက်သော အပြု အမူ မျိုးမှာ၊ ကောင်းကင် ပြည်နယ်၏ ပုံစံ မဟုတ် ကြောင်း၊ တန်ယု ပြောနိုင်သည်။

ယနေ့တွင် နှစ်(၂၀) တိုင်တိုင်၊ ခံစား ခဲ့ရသော ကောင်းကင် ပြည်နယ် အကယ် ဒမီ၏ အရှက် တရားကို၊ သန့်စင် နိုင်ခဲ့သည်။

ပြင်ပ အကူ အညီ ပေးသူ တစ်ဦး အနေဖြင့်၊ လင်းယွန်၏ စွမ်းဆောင် ရည်မှာ၊ ပြီးပြည့်စုံ နေပြီ ဖြစ်၏။

မနက်ဖြန်၌ ဆောင်းကျန်ကို ရှုံးနိမ့် ခဲ့လျှင်ပင်၊ အကယ်ဒမီ၏ ဂုဏ် သိက္ခာအား၊ ထိခိုက် တော့မည် မဟုတ်ချေ။

မပြည့် မစုံသော နတ်ဘုရား ရူရ် များနှင့် ပတ်သက် ၍မူ၊ အနာဂတ်တွင် ပြန်လည် ရယူရန်၊ အမြဲတမ်း အခွင့် အရေး ရှိနေ ပေသည်။

ဆောင်းကျန်မှာ အလယ် အလတ် ယန် အဆင့်တွင် ရှိနိုင် သောကြောင့်၊ လင်းယွန် အတွက် အခွင့် အရေး မရှိချေ။

“ မနက်ဖြန်မှ ...၊ ဆောင်းကျန်နဲ့ တိုက်ရ မှာလား။ ”

လင်းယွန်က မေးသည်။ တန်ယုက သူ့ မုတ်ဆိတ်မွေး များကို၊ ပွတ်သပ် နေလျက်မှ ပြုံးရယ် ပြလာပြီး၊

“ ဟုတ်တယ် ...၊ အမှန်တော့ ဒုတိယ အကျော့က ဆက်သွား ရမှာ၊ ဒါပေမယ့် ငရဲလမ်းကို ဖြတ်သန်း လာတဲ့ သူတွေ အတွက်၊ တစ်ရက်တာ အနား ယူခွင့် ပေးထားတယ်။ ”

တန်ယု စကားကြောင့် လင်းယွန်က ခေါင်းညိတ် လိုက်သည်။ မနက်ဖြန် ဖြစ်ဖြစ်၊ သည်နေ့ ဖြစ်ဖြစ်၊ သူ့ အတွက် မထူးချေ။

“ ဒါက ဟိုးအရင် ကတည်းက၊ ချမှတ် ထားတဲ့ စည်းမျဉ်း တစ်ခုပါ၊ ဒါပေမယ့် ဒီစိန်ခေါ် မှုကို အောင်မြင် ခဲ့တဲ့ သူကတော့ ...၊ မင်းက ပထမ ဦးဆုံးပဲ။ ”

တန်ယုက ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ ရှိရာ အရပ် ဆီသို့ မျှော်ကြည့် လိုက်ပြီး၊ ငြိမ်သက် သွားသည်။

“ ဆောင်းကျန်က မင်းအနိုင် ယူခဲ့တဲ့ သူတွေနဲ့ မတူဘူး၊ မြောက်ပိုင်း နှင်းစံအိမ်မှာ၊ ကြီးပြင်း လာရတဲ့ ပါရမီရှင် တစ်ဦးပဲ။ ”

တန်ယု စကားဆုံး သည်နှင့်၊ မိုလင်းက ဝင်ရောက် သတိ ပေးလာသည်။

ဤအခိုက် အတန့်တွင်၊ လူတိုင်းက ပြန်လည် ထွက်ခွာ တော့မည့် ဟန်ဖြင့်၊ ထရပ် လာကြ၏။

သို့သော် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ရုတ်တရက် ပွက်ပွက်ဆူ လာပြီး၊ တောင်ကြီး တစ်လုံး လုံးအား ဖုံးလွှမ်း သွားသည်။

ထို့ကြောင့် လူတိုင်းက၊ ၎င်းအငွေ့ အသက် ထွက်ပေါ် လာရာသို့၊ ပြန်လည် လှည့်ကြည့် လိုက်ကြ၏။

ရေခဲ တမျှ အေးစက် နေသော အငွေ့ အသက် များကို၊ လူငယ် တစ်ဦးက ရည်ရွယ်ချက် ရှိရှိ၊ ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။

“ ဆောင်း ကျန် ...။ ”

အရှိန် အဝါ ထုတ်လွှတ် လိုက်သော ထိုလူငယ်မှာ၊ ဆောင်းကျန် ဖြစ်ပြီး၊ ဤသို့ ပြုမူ ပြခြင်းဖြင့်၊ သူ၌ ပြောစရာ တစ်စုံ တစ်ရာ ရှိလာကြောင်း၊ အဓိပ္ပါယ် ရလေသည်။

သည့်နောက်တွင် ဆောင်းကျန်က မျက်လုံးများ ဖွင့်ကာ၊ လင်းယွန်အား လှမ်းကြည့် လိုက်၏။

သူ့ပေါ် ကျရောက် လာသော၊ အကြည့် တစ်စုံကြောင့်၊ လင်းယွန်က စူးစမ်း ဟန်ဖြင့် ပြန်လှည့် ကြည့် မိသည်။

နောက်ဆုံးတွင် သဂေါင့်သားမှာ၊ သူ့အား ကြည့်ရန် စိတ်ဝင်စား လာပုံ ရလေသည်။

(သဂေါင့်သား= သူကောင်းသား)

ဤပြိုင်ပွဲမှာ သူနှင့် မသက်ဆိုင် သကဲ့သို့၊ တစ်ချိန်လုံး တရား ထိုင်ခြင်း ဖြင့်သာ၊ လူတိုင်း အပေါ် လျစ်လျူရှု ထားခဲ့သည်။

ဆောင်းကျန်၏ အေးစက်သော မျက်ဝန်း များမှာ၊ ရုတ်တရက် နွေးထွေးစွာ ပြုံးလာပြီး၊

“ မနက်ဖြန် ...၊ မင်းကို ငါစောင့် နေမယ်။ ”

-ဟု စကားပါး လာခဲ့ လေသည်။

***

All Chapters