← Chapters

ငါ့ ဓားက ဘယ်သော အခါမှ မယိမ်း ယိုင်ဘူး။

Vol. 41 Ch. 572

ငါ့ ဓားက ဘယ်သော အခါမှ မယိမ်း ယိုင်ဘူး။

Vol. 41 Ch. 572

နောက်တနေ့ နံနက်။

ကောင်းကင်၌ ရောင်နီ မပျို့ခင်၊ မရေ မတွက် နိုင်သော ပုံရိပ်များ တောင်ထိပ် ဆီသို့ တရိပ်ရိပ် တက်လှမ်း လာကြ သည်။

တောင်ကုန်းကြီး တစ်ခု လုံးတွင် ပရိသတ်များ ပြည့်နှက်ရန် အချိန် သိပ်မကြာ လိုက်ပေ။

နောက်ကျ သွားသူ အချို့မှာ၊ အစွန် အဖျား နေရာများ ဖြင့်သာ၊ ကြေနပ် လိုက်ရသည်။

ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ ရှိရာ အရပ်တွင်၊ ဆောင်းကျန် တစ်ယောက် မျက်လုံးများ မှိတ်ပြီး ထိုင်နေ ခဲ့သည်။

သူ၏ တည်ရှိ မှုမှာ၊ လူတိုင်း အာရုံကို ချက်ချင်း ဆွဲဆောင် သွားသည်။ ထို့ပြင် စောလျင်စွာ ရောက်ရှိ နေသော ဆောင်းကျန့် အပေါ်၊ အံ့သြ မိကြ သည်။

ပတ်ဝန်း ကျင်၌ ဆွေးနွေး သံများ ကျယ်လောင် နေခဲ့ သော်လည်း၊ ဆောင်းကျန် အမူ အရာမှာ ပြောင်းလဲခြင်း မရှိပေ။

“ ဒါ ဆောင်းကျန့် လား။ ”

ယနေ့မှ ထပ်မံ ရောက်ရှိ လာသော လူသစ် များစွာက၊ သူ့ကို ကြည့်ကာ အံ့သြသွား ကြသည်။

ဆောင်းကျန်မှာ သေးသွယ်သော ဓားရှည် တစ်လက်နှင့် တူသော်လည်း၊ သန်မာ သည်ဟု အကြည့် တစ်ချက်ဖြင့် ပြောနိုင် သည်။

သို့သော် ဆောင်းကျန်ကို၊ သည်နေ့ မတိုင်မီ မြင်ထား သူများ အတွက်မူ၊ မနေ့က ထက်ပင် ပို၍ ကြောက်စရာ ကောင်းမှန်း သိလာ ကြ၏။

ပြိုင်ဘက်ကို တွေ့ရှိ သွားသော သားရဲ ဘုရင် တစ်ပါး ကဲ့သို့၊ ခံစားလာ ရစေသည်။

သူ့ဘေး နားရှိ ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ၏ အကြီးအကဲ များနှင့်၊ တပည့် များစွာ တို့က၊ ယုံကြည်မှု အပြည့်ဖြင့် ပြုံးရယ် ပြုမူ နေကြ၏။

ယနေ့တွင် သူတို့ စကား အတိုင်း၊ မြင့်မြတ်သော ရူရ်ကို ရယူ နိုင်တော့မည် ဖြစ်သည်။

“ ပန်းသင်္ချိုင်း လင်းယွန် လာပြီ ... ။ ”

တစ်စုံ တစ်ယောက်က ရုတ်တရက် စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ် လိုက်သည်။

လူတိုင်းက ထိုသူ ကြည့်ရာ၊ အရပ် ဆီသို့ ချာခနဲ လှည့်ကြည့် လာ၏။

ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော လင်းယွန်၏ အသွင်မှာ၊ ကောင်းကင် ပြည်နယ် အကယ် ဒမီ အတွင်း၊ ထင်ရှားစွာ ကွဲထွက် နေ လေသည်။

ပြိုင်ပွဲ အစတွင် အကယ်ဒမီ ငါးခု၏၊ ပြင်ပ ကူညီ သူများ အနက်၊ အညံ့ဆုံး ပြိုင်ပွဲဝင် တစ်ဦး အဖြစ်၊ သတ်မှတ်ခံ ခဲ့ရသည်။

သို့သော် ငရဲလမ်းကို ဖြတ်ကာ၊ ရက်စက် ကြမ်းကြုတ်သော အသွင်ကို၊ လှစ်ဟ ပြပြီး နောက်တွင်၊ သူ့ အပေါ် မည်သူမျှ လျှော့မတွက် ရဲကြ တော့ချေ။

လိုရှန်း၊ ချန်ယုနှင့် ကိုးရွှင်တို့ သေဆုံး ခဲ့ရ ပုံကို တွေးကြည့် ရုံဖြင့်၊ ကျောရိုးများ စိမ့်တက် လာပြန်သည်။

ထို့ကြောင့် သူတို့ အားလုံး အာရုံ စူးစိုက်မှု ဗဟို ချက်မှာ၊ လင်းယွန် ဖြစ်လာ သည်ကို သံသယ ဖြစ်စရာ မလို တော့ချေ။

လင်းယွန်က စင်မြင့် ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက် လိုက်ပြီး၊ ဆောင်းကျန်ထံ လှမ်းကြည့် ကာ၊

“ မင်း ... အရမ်း စောတယ်။ ”

-ဟု နှုတ်ဆက် လိုက်သည်။

“ ငါ မင်းကို စောင့်နေ မယ်လို့ ...၊ ပြောခဲ့ တယ် မဟုတ်လား။ ”

ဆောင်းကျန်က မျက်ဝန်းများ ဖွင့်ကာ၊ တုန့်ပြန် စကား ဆိုလိုက်သည်။

သူ့မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ ထက်ရှသော ဓားတစ်လက် ကဲ့သို့ တောက်ပ နေသည်ကို၊ တွေ့မြင် လိုက်ရ၏။

ထို့နောက်တွင် ကောင်းကင် ထက်သို့ ခုန်တက် လိုက်ကာ စင်မြင့်ပေါ် ဆင်းသက် လာခဲ့သည်။

တစ်ဦးက ကောင်းကင်ကို လှုပ်ခါ နိုင်သော ဓား တစ်လက်နှင့် တူပြီး၊ ကျန် တစ်ဦးမှာ နှင်းမုန်တိုင်း အတွင်း၊ မယိမ်း မယိုင်သော ဓား တစ်လက် အသွင်၊ ခမ်းနား နေလေသည်။

ဤသည်မှာ အကယ်ဒမီ ငါးခု ပြိုင်ပွဲ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်သည်ကို လူတိုင်း သိသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တည်ငြိမ်စွာ စိုက်ကြည့် လိုက်မိ၏။

ဆောင်းကျန် ဆိုသည်မှာ၊ လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း၊ လင်းယွန် သိသည်။

“ ကိုးရွှင်လို လူတွေထက် စာရင်၊ မင်းဟာ ပြိုင်ဘက် တစ်ယောက် အနေနဲ့၊ အရည် အချင်း ပြည့်မီ ပါတယ်၊ မင်း ငါ့ကို သတိ ထားဖို့ အကြံပေး ပါရစေ၊ ဒါမှ မဟုတ်ရင် မင်းသေတဲ့ အခါ၊ အရမ်း နာကျင် ရလိမ့်မယ်။ ”

ဆောင်းကျန်က ခေါင်းညိတ်ကာ သတိ ပေးလာသည်။ သူ့ခန္ဓာ ကိုယ်မှ ပေါက်ကွဲထွက် မတက် ဆူပွက် နေသော ကြောက်မက်ဖွယ် စွမ်းအား များကို၊ လင်းယွန် တစ်ယောက် ခံစား နိုင်၏။

ထိုစကား များကို ပြောသော အခါ၊ ပတ်ဝန်းကျင် လေထု၊ အေးခဲသွား သည်ကို လူတိုင်း သတိ ထားမိ လာသည်။

( သူတို့ ချက်ချင်း စ တော့မှာလား။ )

ပြိုင်ပွဲဝင် အကယ်ဒမီ နှစ်ခုက၊ စိတ်လှုပ် ရှားဖွယ် အမူ အရာများ ပြသ လာသောကြောင့်၊ ပတ်ဝန်း ကျင်မှာ၊ ရုတ်တရက် တိတ်ဆိတ် သွားသည်။

လင်းယွန်နှင့် ဆောင်းကျန် တို့နှစ်ဦး စလုံးမှာ၊ သန်မာ ကြသည် ဖြစ်ရာ၊ မည်သူ အနိုင် ရမည်ကို မပြော နိုင်ချေ။

ခရမ်းရောင် တောင်ကုန်း အကယ် ဒမီတွင်၊ အတိုင်း အတာ တစ်ခု အထိ ယုံကြည်ချက် ရှိနေ လျှင်ပင်၊ လင်းယွန်၏ မိုးကြိုး ဓား အပေါ်၊ စိုးရိမ် နေကြဆဲ ဖြစ်သည်။

“ လူတိုင်းက သေရ မှာကို ကြောက်ကြတယ်၊ ဒါပေမယ့် သေခြင်းနဲ့၊ သက်သေပြ ရမယ့် အရာတွေ ရှိတယ်။ ”

လင်းယွန်က လေးနက်စွာ ဆိုသည်။ လူ့ သဘာဝ အတိုင်း၊ သေခြင်း တရား အပေါ်၊ ကြောက်ရွံ့ မိ သော်လည်း၊ ဓားသမား တစ်ယောက် အဖြစ်၊ လမ်းပျောက် သွားမည်ကို၊ ပို၍ ကြောက်သည်။

ဤသည်မှာ ချင် အင်ပါယာမှ ထွက်ခွာ လာပြီးနောက်၊ သူ ရင်ဆိုင် ရမည့် အပြင်း ထန်ဆုံးသော တိုက်ပွဲ ဖြစ်သည်။

လျူယွမ်ယန် အတွက် ကတိကို ဖြည့်ဆည်း ရမည့် အပြင်၊ သူ့ကိုယ်သူ ပြန်လည် သွေးယူ နေ ခြင်းလည်း ဖြစ်သည်။

သူ့ဓားမှာ မည်သည့် အခါမှ၊ ယိမ်းယိုင် နေမည် မဟုတ် သောကြောင့်၊ ရှေ့ဆက် တိုးရန် အဆင်သင့် ဖြစ်နေသည်။

“ ဒီနေ့ မင်းကို အနိုင် ယူဖို့ ဆိုတာက၊ ငါလင်းယွန် လုပ်ကို လုပ်ရမဲ့ အရာပဲ။ ”

ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ အရှိန် အဝါကို ထုတ်လွှတ် လိုက်စဉ်၊ တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ ထွက်လာ ခဲ့သည်။

“ ဒါဆိုလည်း ... စလိုက် ရအောင်။ ”

ဆောင်းကျန်က ပြုံးလျက် ဆိုသည်။ ပြီးနောက် နှစ်ယောက် စလုံး၊ တပြိုင် နက်တည်း ပျောက်ကွယ် သွားကာ၊ တိုက်ခိုက် မှုများ စတင် လိုက်ကြ၏။

“ ဘာတွေ ဖြစ်ကုန် ပြီလဲ။ ”

“ ဘယ်လောက်တောင် မြန်လိုက်လဲ။ ”

“ စပြီလား မြန်လိုက်တာ ...။ ”

သူတို့ နှစ်ယောက်မှာ၊ ဤမျှ ပြတ်သားစွာ မြန်မြန် ဆန်ဆန် လုပ်ဆောင်ကြ လိမ့်မည်ဟု မည်သူမျှ မထင်ထား ကြချေ။

ဓား၊ ဓားချင်း၊ ထိပ်တိုက် တွေ့ဆုံ သွားပြီးနောက်၊ စင်မြင့် ပေါ်၌ ပေါက်ကွဲ သံများ ထွက်ပေါ် နေသည်။

လက်နက်ကြီး နှစ်စင်း၊ တိုက်မိ သွား သကဲ့သို့၊ တောင်ကြီး တစ်ခုလုံး တုန်ခါ သွားရ ၏။

ကြည့်ရှုသူ အချို့မှာ၊ အနည်းငယ် နောက်ကျ သွား သောကြောင့်၊ တိုက်ပွဲ ထံမှ စွမ်းအင်လှိုင်း များကို၊ မကာကွယ် နိုင် ခဲ့ချေ။

ရလာဒ် အနေဖြင့် ပေါက်ကွဲ မှုကြောင့်၊ အတွင်း အင်္ဂါများ တုန်ခါသွား သည်ကို ခံစား မိသည်။

ထို့ကြောင့် မူလ စွမ်းအင် များကို အလျင်အမြန် ထုတ်ဖော် ကာကွယ် ထားလိုက် ရသည်။

စင်မြင့်ပေါ် တွင်မူ ငွေရောင်ဓား တစ်လက်နှင့်၊ အဖြူရောင် ဆေဘာဓား တစ်လက်တို့၊ ထိပ်တိုက် တွေ့ဆုံ နေကြပြီး၊ အထပ်ထပ် ပြန့်ကျဲ နေသော လှိုင်း များ ထုတ်လွှတ် နေလေသည်။

ရုတ်တရက် ပြင်းထန်သော စွမ်းအင် လှိုင်းများကြောင့်၊ ဖုန်မှုန့်များ ‘ထောင်းထောင်း ထ’ လာကာ၊ လေ ဆင်နှာမောင်း အသွင် ဖြတ်၍ တိုက်ခတ် လာသည်။

ပြိုင်ပွဲ စင်မြင့်နှင် အနီးဆုံး နေရာ၌ ရှိ နေသော ပရိသတ် များစွာက၊ လက်ဖဝါးဖြင့် ကွယ်ကာ စောင်းငဲ့ လိုက်ပြီး၊ မျက်လုံးများ အမြန်မှိတ် ချလိုက် ရသည်။

စင်မြင့်မှာ မီတာထောင် ဂဏန်း အကွာတွင် ရှိနေ သော်လည်း၊ လူအများ အပြား အပေါ်၊ ဖိအားများ ပေးနိုင် နေဆဲ ဖြစ်သည်။

ဤအဆင့် တိုက်ပွဲက ကြောက်စရာ ကောင်းလှ လေသည်။ တိုက်ပွဲ တစ်လျှောက် လုံးတွင်၊ လင်းယွန်၏ ရှန်ရှင်း ဓားမှာ ပြင်းပြသော ဆန္ဒကို စားသုံးကာ၊ အဆက် မပြတ် ကြီးထွား လာနေ ခဲ့သည်။

လက်ကောက် ဝတ်ကို ချိုးချ လိုက်စဉ်၊ ပန်းသင်္ချိုင်း ဓားထံမှ ထက်ရှသော ဓား ရိပ်များ ထွက်ပေါ် လာ၏။

ဓားရိပ် တိုင်းမှာ အစစ် အမှန် ဖြစ်၏၊ ထို့ကြောင့် မည်သည့် အရာက၊ ပုံရိပ်ယောင် ဖြစ် သည်ကို မပြော နိုင်တော့ချေ။

ကြောက်မက်ဖွယ် ကောင်းသော ဓားရိပ် များစွာကို ထုတ်လွှတ်ရန်၊ သခင့်ဓားနှင့် လရောင် ရေစင်ဓား တို့ကို ပေါင်းစပ် ပစ်လိုက် ခြင်း ဖြစ်သည်။

“ စိတ်ဝင် စားစရာပဲ ။ ”

ဆောင်းကျန်က ဤလုပ် ဆောင်ချက် အပေါ်၊ မျက်မှောင်ကြုတ် မိသည်။ ပြိုင်ဘက်၏ ဓားရေးမှာ၊ သူ့ကို ခေါင်းကိုက် စေကြောင်း ဝန်ခံ ရပေမည်။

ယမန် နေ့က ပြသ ခဲ့ပြီးသော ဓားရေးနှင့် များစွာ ကွာခြား နေပြီး၊ အံ့အားသင့် ဖွယ်များ ဆောင်ကြဉ်း လာ၏။

“ အကြွင်းမဲ့ တိမ်လွှာ ဆေဘာဓား- တိမ်ခွဲ ဓား။ ”

ဆေဘာဓား တစ်ချက်ခြင်း စီတွင်၊ တိမ်တိုက် များကို ရွေ့လျားသွား စေသော လေပြင်း များ ပါဝင် လာသည်။

ဤသို့သော လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ ဆောင်းကျန် ဝန်းကျင်ရှိ အရှိန် အဝါမှာ၊ လွှမ်းမိုး နိုင်သော အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။

သို့သော် ၎င်းအခိုက် အတန့်တွင် လင်းယွန် ဓားမှ၊ ထက်ရှသော သတ်ဖြတ်ခြင်း ရည်ရွယ်ချက် များ ပေါက်ကွဲ ထွက်လာသည်။

“ လရောင် ရေစင်ဓား - ကောင်းကင်က တိမ်တိုက် တွေကို ဖြိုခွင်းမယ်။ ”

ကောင်းကင်သို့ ထိုးတက် လာသော ဓားကို ကြည့်ပြီး၊ ဆောင်းကျန် မျက်နှာက အနည်းငယ် ပြောင်းလဲ သွားသည်။

ပြိုင်ဘက် ဓားမှာ စင်မြင့် ပေါ်သို့ ကျရောက် သွားပြီး၊ မီတာ များစွာ ရှည်သော ပြတ်ရှ ရာ ကြီးကို၊ ဖြစ်ပေါ် လာစေ ခဲ့သည်။

ပြတ်ရှရာ အဆုံးတွင် ရုတ်တရက် ပေါက်ကွဲ သွားကာ၊ မီတာ အနည်းငယ်ခန့် နက်သော တွင်းပေါက်ကြီး တစ်ခု ဖန်တီး သွား၏။

ယင်းကြောင့် တောင်ကြီး တစ်ခုလုံး ယိမ်းထိုး သွားသည်။ အရေှာင် မြန်၍သာ ပေပင်။

၎င်းမှာ အထွတ် အထိပ် ဝိညာဉ် အဆင့်၊ ဓားရေး တစ်ရပ် မျှသာ ဖြစ် သော်လည်း၊ သရုပ်ဖော် အဆင့်သို့ ရောက်ရှိ သွားပြီး နောက် တွင်၊ များစွာ ကြောက်စရာ ကောင်းလာ၏။

အကယ်၍ ဆောင်းကျန် ကိုသာ ထိမှန် သွားပါက၊ ပြင်းထန်သော ဒဏ်ရာများ ရရှိ သွားမည် ဖြစ်သည်။

ထို့ကြောင့် လူတိုင်းက လင်းယွန်၏ ဓားတာအို အောင်မြင်မှု အပေါ်၊ အံ့အားသင့် မှင်တက် သွား ကုန်၏။

ဆောင်းကျန်က မျက်လုံးများ မှေးကျဉ်း လိုက်ပြီး၊

“ မင်းမှာ ဝှက်ဖဲတွေ နည်းနည်းတော့ ရှိနေပုံ ရတယ်၊ မနေ့က မင်း သုံးခဲ့တဲ့ ဓားရေးကို မသုံး ဘဲနဲ့၊ ငါ့ကို ဒီလောက် အထိ ဖိအားပေး နိုင်ခဲ့တာ အံ့သြ စရာ ပါပဲ၊ ... ”

“ ... ဒါပေမယ့် မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်ပြ ရမယ့် အချိန် ရောက်ပြီ။ ”

စကားဆုံး သည်နှင် ဆောင်းကျန် တစ်ယောက် အရှိန် အဝါ မြင့်တက် လာပြီး၊ မူလ စွမ်းအင်များ ပွက်ပွက်ဆူ သွားလေသည်။

အသက် နှစ်ဆယ် မတိုင်မီ၊ အလယ် အလတ်ယန် အဆင့်သို့၊ ရောက်ရှိ နေမှန်း သိရှိ သွားသောကြောင့်၊ လူအုပ်ကြီးမှာ မှင်တက် ကုန် တော့၏။

***

All Chapters