ငါ့ ဓားကို မေး။
Vol. 41 Ch. 573
ဆောင်းကျန်က ကျင့်ကြံမှု အမှန်ကို ထုတ်ဖော် ပြသလိုက် သည်နှင့်၊ ကောင်းကင် တစ်ခုလုံး မှောင်ကျ သွားသည်။
အခြား တစ်ဖက်တွင် လင်းယွန် သည်လည်း၊ ကောင်းကင်သို့ ပျံတက်ကာ၊ သူ့ ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။
နောက်ဆုံးတွင် သူ၏ အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များကို အသုံးပြု တော့မည် ဖြစ်၏။
“ ငါ့ ဓား၏ နာမ၌ ပန်းပွင့်လော။ ”
လေထု ထဲ၌ ကြီးမားသော ပန်းတစ်ပွင့် ကောက်ကြောင်းကြီး ထွက်ပေါ် လာချိန်တွင်၊ အရှိှိန် အဝါမှာ မြင့်တက် လာသည်။
ပြီးနောက် ဆောင်းကျန့်အား ဓားဖြင့် ခုတ်ပိုင်း ချလိုက်၏။
ဆေဘာဓား ရောင်ခြည်က ကောင်းကင်မှ ဆင်းသက် လာပြီး၊ ပန်း သင်္ချိုင်း ဓားနှင့် တိုက်မိ သွားသည်။ ဆူညံသော ပေါက်ကွဲ သံများ ထွက်ပေါ် လာချိန်တွင် စင်မြင့် တစ်ခုလုံး တုန်လှုပ် လာသည်။
ယင်းနောက် စင်မြင့်ကြီး ကွဲထွက် သွားကာ၊ ကြောက်မက်ဖွယ် ကောင်းသော ပြတ်ရှ ရာများ ဖြစ်ပေါ် လာလေသည်။
ဖုန်မှုန့်များ တိမ်တိုက် အသွင်၊ ကောင်းကင် ပေါ်သို့၊ လွင့်တက် လာသည်နှင့် အမျှ၊ စင်မြင့်ကို ဖုံးလွှမ်း ထားသော ဝိညာဉ် ရေးရာ အစီရင်မှာ၊ အသက်ဝင် လင်းလက် လာတော့သည်။
သို့သော် လင်းယွန်နှင့် ဆောင်းကျန် တို့၏ တိုက်ခိုက်မှု များကြောင့်၊ အစီရင်မှာ ပြန်လည် ကောင်းမွန်ရန်၊ အခက် အခဲ ရှိလာသည်။
ဆောင်းကျန်မှာ အလယ် အလတ် ယန် အဆင့်တွင် ရှိမည်ဟု ခန့်မှန်း နိုင်သော်လည်း၊ သူ မည်မျှ ကြောက်စရာ ကောင်းနိုင် သည်ကို အတိ အကျ မသိခဲ့ ကြပေ။
သူ့ ဆေဘာဓားက စင်မြင့် တစ်ခု လုံးကို ရှုပ်ပွသွား စေ၏။ ဤမြင်ကွင်းကို မြင်ရ သူတိုင်း အသက်ရှု ကြပ်လာ ကြသည်။
သို့သော် လင်းယွန်က ထိုဓားကို ခုခံနိုင် လိုက်ဖြင့်၊ လူအုပ် ကြီးမှာ ပို၍ပင် တုန်လှုပ် သွားမိ၏။
အနည်းငယ် အောက်စည်း ရောက်နေ သည်ဟု ထင်ရ သော်လည်း၊ ထိပ်တိုက် ရင်ဆိုင် မှုတွင်၊ ကြီးကြီး မားမား ထိခိုက် ဒဏ်ရာ မရှိ ခဲ့ပေ။
အကယ်၍ အခြားသော တစ်စုံ တစ်ယောက် သည်သာ သူ့ နေရာ၌ ရှိနေ ပါက၊ ခန္ဓာ ကိုယ်ကို ထက်ခြမ်းခွဲ ခံရ လိမ့်မည် ဖြစ်သည်။
ထို့နောက် လူအုပ် ကြီးက ဖုန်မှုန့် များကြား၊ လင်းယွန်အား ရှာဖွေ မိ၏။ အဆုံးတွင် ဖုန်မှုန့်များ လွင့်ပျယ် သွားပြီး၊ လင်းယွန်၏ အသွင် ထွက်ပေါ် လာလေသည်။
အပြာရောင် အဝတ် အစား များမှာ၊ အနီရောင် ဆိုးခံ လိုက်ရ သကဲ့သို့၊ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေ၏။
ထိုမြင်ကွင်းကို ကြည့်ကာ၊ ပရိသတ် များ အနက် လူအများ စုက ခေါင်းယမ်း သွားကြ သည်။
“ ရှင်းနေ တာပဲ ဆောင်းကျန် အနိုင် ရ သွားပြီ၊ လင်းယွန်က သူ့တိုက်ခိုက် မှုကို ခံနိုင်ရည် မရှိ သလောက် ပါပဲ။”
“ ဆောင်းကျန်က မြောက်ပိုင်း နှင်းစံအိမ်ရဲ့ ပျိုးထောင်ခံ ထားရတဲ့ အထက်တန်းစား တစ်ယောက်ပါ။ ”
“ ဒီတိုက်ပွဲမှာ စိတ်ဝင်စား စရာ မရှိ တော့ ပါဘူး။ ”
လင်းယွန်နှင့် ဆောင်းကျန် တို့ကြား ကျင့်ကြံမှု ကွာခြား ချက်မှာ၊ အလွန် ကြီးမား သောကြောင့်၊ ကောင်းကင် ပြည်နယ် အကယ် ဒမီရှိ၊ လူတိုင်းက စိုးရိမ် ပူပန် လာကြသည်။
လင်းယွန်က လျှပ်တပြက် လှုပ်ရှားမှုကို ထုတ်ပြခဲ့ သော်လည်း၊ အရေး မကြီး တော့ချေ။
သူ၏ မူလ စွမ်းအင်မှာ၊ လိုရှန်းတို့ လေးယောက် အပေါ် တွင်သာ၊ အလွယ် တကူ ဖိနှိမ် နိုင်ခဲ့ပြီး၊ ဆောင်းကျန် နှင့်မူ၊ ကြီးမားသော ကွာဟချက် တစ်ခု ရှိနေ သေးသည်။
ယင်းအတွက် ရှေးဟောင်း ဓားသုတ္တန်ကို အပြစ် မတင် သာချေ။ ကွာဟ လွန်းသော ကျင့်ကြံမှု အပေါ်၊ မကုစား ပေးနိုင် သည်မှာ၊ သဘာဝ ဖြစ်သည်။
“ ကောင်းကင် ပြည်နယ် အကယ်ဒမီက၊ လင်းယွန်ရဲ့ ခွန်အားနဲ့ ဆောင်းကျန်ကို ရင်ဆိုင် နိုင်လိမ့် မယ်လို့၊ ထင်ရအောင် နုံအ လွန်းပါတယ်။ ”
“ ကြည့်ပါဦး ...၊ သူတို့က တူညီတဲ့ အဆင့် မှာတောင် မရှိ ဘူး။ ”
ခရမ်းရောင် တောင်ကုန်း အကယ်ဒမီ အဖွဲ့မှာ၊ ရွှင်မြူးစွာ ရယ်မော ဝေဖန် လိုက်ကြ သည်။ အဖွဲ့ကို ဦးဆောင် နေသော အကြီး အကဲ အဖိုးအိုက၊
“ စောသေးတယ် အပျော် မလွန် နဲ့ဦး၊ အခုချိန် ဆောင်းကျန်က အသာစီး ရထားတယ် ဆိုပေမယ့်၊ လင်းယွန်မှာ ဒဏ်ရာ ကြီးကြီး မားမား မရ သေးဘူး၊ ဒါက အပေါ်ယံ လေးတွေ ... ။ ”
အဖိုးအို အနေဖြင့်၊ အတွေ့ အကြုံ ကြွယ်ဝ လွန်သူ တစ်ဦး ဖြစ်ရာ၊ ကောက်ချက် ချ၍ မရ သေးကြောင်း သူ သိသည်။
သို့သော် ငြားလည်း ဆောင်းကျန်၌ ပို၍ မျှော်လင့်ချက် ရှိသည်။ လင်းယွန်တွင် အခွင့် အရေးများ ရှိနေ လျှင်ပင်၊ အသာစီး မရ ယူနိုင် သေးချေ။
“ မင်းရဲ့ ဓားသုတ္တန်က အထင်ကြီး စရာပဲ၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ...၊ ငါနဲ့ အဆင့် တူချင်း ဆိုရင်တောင်၊ ဒီဓားကို ဘယ်သူမှ ခုခံ နိုင်မှာ မဟုတ်ဘူး။ ”
တစ်ဖက် လူမှာ သူ၏ တိုက်ခိုက်မှု အပေါ်၊ ထိပ်တိုက် ရင်ဆိုင် နိုင်ရုံသာ မက၊ ဒဏ်ရာ အနည်း ငယ်သာ ရရှိ ခဲ့သည်။ ထို့ကြောင့် လင်းယွန်ကို၊ အသိ အမှတ် ပြုမိခြင်း ဖြစ်၏။
“ ကြောက်စရာ ကောင်းလိုက်တဲ့၊ ဓားရေးပဲ ... ။ ”
လင်းယွန်က လေးနက်သော အမူ အရာဖြင့်၊ ရေရွတ် လိုက်ပြီး သူ့ ခန္ဓာကိုယ် ပေါ်ရှိ၊ ဒဏ်ရာ များကို ငုံ့ကြည့် မိသည်။
ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိ လာပြီး နောက်တွင်၊ ဤမျှ နိမ့်ကျသော အခြေ အနေမျိုး၊ တစ်ကြိမ်မျှ မခံစား ဖူးချေ။
သူတို့ ကြားက ကွာဟ ချက်မှာ၊ ကြီးမားကြောင်း သူ သိသည်။ ကိုးရွှင်တို့ လေးယောက် ပင်လျှင်၊ ဆောင်းကျန် ဓားအား ခံယူ နိုင်မည် မဟုတ်ချေ။
“ မင်းက ငါ့ကို အံ့အားသင့် စေပါတယ်၊ ဒါပေမယ့် ... ဒါက အစပဲ ရှိသေးတယ်၊ ဟိတ် .... ။ ”
စကားဆုံး သည်နှင့်၊ ဆောင်းကျန်က နောက်တစ်ကြိမ် ပျောက်ကွယ် သွားပြီး၊ တိုက်ခိုက်ရန် အားယူ လိုက်သည်။
ထို့ကြောင့် လင်းယွန်မှာ ဓားသုတ္တန်ကို အရူး အမူး ဖြန့်ဝေ ပစ်ပြီး၊ လေးနက်သော အမူ အရာဖြင့် ဆောင်းကျန့်ထံ ခုန်ဝင် သွားလိုက် သည်။
သို့သော် ဆယ်ကြိမ်ခန့် လှုပ်ရှား ရုံမျှဖြင့်၊ ပြိုက်ဘက် ထံမှ ဖိအားများ စတင် ခံစား လာရ တော့သည်။
ဆောင်းကျန့်မှာ မူလ စွမ်းအင်ကို ဂရု တစိုက် သန့်စင် ထားကြောင်း၊ သူ ပြော နိုင်သည်။
ယင်ယန် ကျောက်စိမ်း တိမ်လွှာ ဆေးလုံးကို၊ မသောက်သုံး ထားပါက၊ လျှို့ဝှက် နည်းစနစ် အပေါ်၊ အားကိုး ခြင်းဖြင့်သာ ရင်ဆိုင် နိုင်မည် ဖြစ်သည်။
ဤသို့ ဆိုသော် သုံးကြိမ် အတွင်း ရှုံးရ ပေ လိမ့်မည်။ ယခု ပင်လျှင် ခရမ်းရောင် နန်းတော်ရှိ အိုင်းရစ်(ခရမ်းရောင်) ပန်းကို၊ ပြောင်းပြန် လှည့်ပတ်ခြင်း ဖြင့်သာ၊ နိုင်ချေ ရှိ၏။
ဤအခြေ အနေကို ကြာရှည် ထိန်းနိုင်ခြင်း မရှိ သောကြောင့်၊ မူလ စွမ်းအင်ကို ဦးစွာ သုံးစွဲ ရသူ ဖြစ်လာမည် ဖြစ်သည်။
“ မင်း အခု တုန်လှုပ် နေပြီလား၊ ကြောက်ရွံ့ မှုကို ခံစား လာရပြီ ဆိုရင်၊ စောစော စီးစီး လက်မြှောက် သင့်တယ်၊ မဟုတ်ရင် ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်နိုင်မှာ မဟုတ်ဘူး။ ”
သူ့ ရှေ့တွင် တွက်ဆ ချိန်ထိုး နေသော လင်းယွန်ကို ကြည့်ကာ၊ ဆောင်းကျန်က ခြိမ်းခြောက် လိုက်သည်။
လင်းယွန် နှလုံးသား ထဲသို့၊ အကန့် အသတ် မရှိသော ကြောက်ရွံ့ ခြင်းများ ဝင်ရောက် နေပြီ ဟု သူ ထင်၏။
“ ဟိတ် ....။ ”
တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွား နေခဲ့ပြီး၊ မကြာခင် လင်းယွန် ခေါင်းထက် ပန်းပွင့် ကြီးတွင်၊ အက်ကြောင်းများ ဖြစ်ပေါ် လာ တော့သည်။
ကျွမ်းကျင်သူ အများ စုက ၎င်းကို သတိ ပြုမိ လာပြီးနောက်၊
“ ဆောင်းကျန်က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ ရှန်းရှင်း ဓားနဲ့တောင် ကိုင်တွယ် လို့ မရဘူး။ ”
“ အဲဒီ ပန်းပွင့်ကြီး အက်ကွဲ သွားရင်၊ လင်းယွန်ကို အနိုင် ယူဖို့ အချိန် ကြာတော့မှာ၊ မဟုတ် ဘူး။ ”
“ အကြွင်းမဲ့ တိမ်လွှာ ဆေဘာ ဓားရေး အောက်မှာ၊ လင်းယွန်က ပြန်တိုက်ဖို့ အခွင့် အရေး၊ လုံးဝ မရှိ နိုင်တော့ဘူး။ ”
တိုက်ပွဲကို ကြည့်ပြီး၊ လူတိုင်းက လင်းယွန် အပေါ်၊ အကောင်း မမြင် နိုင်တော့ချေ။ နိမ့်ကျသော အနေ အထားတွင် ရှိနေကြောင်း၊ မည်သူ မဆို ပြောနိုင်သည်။
သို့သော် ဆောင်းကျန် အတွက်မူ၊ လင်းယွန် အပေါ် အလေး အနက် ထားနေမြဲ ဖြစ်သည်။
ပြိုင်ဘက်ကို ဖိအား ပေးကာ၊ အသာစီး ရနေ ခဲ့ သော်လည်း၊ မည်သည့် အမှား မျှပင် မကျူးလွန် ရဲချေ။
အနည်းငယ် မှားယွင်း မိပါက၊ ကစား ပွဲကို လင်းယွန်က ချက်ချင်း လှည့်သွားမည် ဖြစ်သည်။
ဤသို့သာ အခွင့် အရေး ပေးမိသော်၊ ဒဏ်ရာ အနာ တရ ဖြစ်ရုံဖြင့်၊ လွတ်မြောက် နိုင်မည် မဟုတ်ချေ။
“ ဘယ်လောက်တောင် ...၊ အနှောင့် အယှက် ပေးလိုက်လဲ။ ”
ယင်းကို တွေးမိ လာချိန်တွင်၊ ဒေါသ ဖြစ်လာ ရပြီး၊ အော်ငေါက် လိုက်သောကြောင့်၊ ပါးစပ်မှ ရေခဲ အငွေ့များ ပြေးထွက် လာသည်။
မျက်ဝန်းများ ဆီ၌ မီးလျှံများ တောက်ပ လာကာ၊ ဆေဘာဓား ရည်ရွယ်ချက်အား၊ စပါးအုံး မြွေကြီး တစ်ကောင် အသွင်၊ ပြောင်းလဲ ထုတ်လွှတ် လိုက်သည်။
စပါးအုံး မြွေကြီးမှာ ကြီးမား လှပြီး၊ ၎င်းအရွယ် အစား အရ စင်မြင့် ထက်ဝက်အား သိမ်းပိုက် သွားခဲ့၏။
“ လ ခွမ်း ....။ ”
ထိုတိုက်ခိုက် မှုက ကြောက်စရာ ကောင်းလွန်း စေသည့် အတွက်၊ ကောင်းကင် ပြည်နယ် အဖွဲ့မှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
မီတာ ထောင်ဂဏန်း အကွာ မှပင်၊ မည်မျှ ထိတ်လန့် စရာ ကောင်း သည်ကို၊ ခံစား နိုင်၏။
လင်းယွန် ခံစား နေရသော ဖိအား အပေါ်၊ သူတို့ စိတ်ကူး မယဉ် နိုင်ချေ။
“ တိမ်မြူ ကင်းသော လမင်း။ ”
လင်းယွန်က သူ့ဓားကို လွှဲယမ်း လိုက်ပြီး၊ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ ငွေရောင် အလင်းတန်း ကိုးသွယ် အဖြစ် ခွဲထွက် သွားကာ၊ စပါးအုံး မြွေကြီးပေါ် ထိမှန် သွား၏။
ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲ သံများ၊ ဆက်တိုက် ထွက်ပေါ် လာကာ၊ စွမ်းအင် လှိုင်းများ ပျံ့နှံ့ လာလေသည်။
ကြည့်ရှု နေသူ များမှာ၊ စွမ်းအင် လှိုင်းများ ရိုက်ခတ်မှု ဒဏ်မှ ကာကွယ်ရန်၊ မူလ စွမ်းအင်များ လျင်မြန်စွာ ထုတ်ဖော် လိုက်ရ သည်။
တိုက်ပွဲက ပြင်းထန် လွန်းသဖြင့်၊ အသက် နှစ်ဆယ်အောက် လူငယ် နှစ်ဦးမှ ဖန်တီး နေသည်ဟု၊ မယုံကြည် နိုင် ဖြစ်မိ ချေသည်။
နောက်ဆုံး ပေါက်ကွဲသံ ထွက်ပေါ် လာချိန် ၌၊ ဖုန်မှုန့်များ အတွင်းမှ ပုံရိပ် နှစ်ရိပ်၊ ပြန်လည် ဆင်းသက် လာသည်။
“ မင်းရဲ့ ကျင့်ကြံမှု နည်းစနစ်က၊ ဒီလောက် အစွမ်းထက် လိမ့်မယ်လို့၊ ငါ မထင် ထားမိတာ အမှန် ပါပဲ၊ ဒါပေမယ့် ခရမ်းရောင် တောင်ကုန်း ရဲ့၊ ပိုင်ဆိုင်မှု တွေကို ဘယ်သူ ကမှ လုယူလို့ မရ ပါဘူး။ ”
ဆောင်းကျန် မျက်လုံး များတွင်၊ အလင်းများ တောက်ပ လာပြီး၊ အေးစက်စွာ ဆိုသည်။
“ ဒါဆို မင်း ... စကားမှန် မမှန်၊ ငါ့ ဓားကို မေးရ လိမ့်မယ်။ ”
လင်းယွန်က မျက်ခုံး ပင့်ကာ ပြုံးလိုက် သည်။ သွေးများဖြင့် ဖုံးလွှမ်းနေ သော်လည်း၊ အရှုံး ပေးရန် သူ့ဓားက ငြင်းဆန် သည်။
မူလ စွမ်းအင်များ ပွက်ပွက် ဆူလာ ချိန်၌၊ သူ့လက် ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ စူးရှသော မြည်သံ ပြုလာ တော့၏။
***