ငါ့ဓားက၊ ငါနဲ့ အတူ အမြဲ ရှိတယ်။
Vol. 41 Ch. 574
“ ဒါဆို မင်း ... စကားမှန် မမှန်၊ ငါ့ ဓားကို မေးရ လိမ့်မယ်။ ”
မူလ စွမ်းအင်များ ပွက်ပွက် ဆူလာ ချိန်၌၊ လင်းယွန် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ စူးရှသော မြည်သံ ပြုလာ တော့၏။
သူ့အနေဖြင့် ဒဏ်ရာများ ရရှိ ထားသော်လည်း၊ တိုက်ပွဲ ဝင်လို စိတ် များအား၊ အနည်း ငယ်မျှ ထိခိုက်ခြင်း မရှိ ခဲ့ချေ။
ယင်းကို သတိ ထားမိသော ဆောင်းကျန်က၊ အံ့အားသင့် သွားကာ၊
“ မင်းရဲ့ သတ္တိကို ငါ လေးစား ပါတယ်၊ ဒါပေမယ့် မင်း နားထောင်ပါ၊ မင်းမှာ အခြား ရွေးချယ် စရာ မရှိဘူး၊ ... ”
“ ... မနေ့က မင်းသုံး ခဲ့တဲ့ ဓားက ငါ့ကို အမြင် ကျယ်စေတယ်၊ ဒီနေ့တော့ ကြုံပါ ရစေ၊ ငါ့ရဲ့ နောက်ထပ် လှုပ်ရှား မှုကို ‘တိမ်လွှာ ဝါးမြိုခြင်း’ လို့ ခေါ်တယ်။ ”
ဆောင်းကျန်က သူ၏ ဆေဘာဓားကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်ပြီး၊ အရှိန် အဝါ အား အကန့် အသတ်ထိ တွန်းတင် လိုက်သည်။
ထို့ကြောင့် အထွတ် အထိပ်၊ အလယ် အလတ် ယန် အဆင့်သို့ ရောက်ရှိ သွား၏။
မူလ စွမ်းအင် အားလုံးကို ဆေဘာဓား အတွင်း၊ လောင်းထည့် လိုက်သော အခါတွင်၊ ကောင်းကင်၌ မိုးတိမ်များ စုရုန်းကာ၊ မှောင်မိုက် လာလေသည်။
အမှောင် ထဲ၌ ဆေဘာဓား တစ်လက် သည်သာ အလင်းများ ဖြာထွက် နေ၏။
ထို့နောက်တွင် ဆေဘာဓား ထံမှ၊ အရာ အားလုံးကို ဝါးမျိုချင် သကဲ့သို့၊ ကြောက်ရွံ့ ထိတ်လန့် စေသော ရောင်ဝါ တစ်ခု၊ ထွက်ပေါ် လာသည်။
ဆေဘာဓား ရည်ရွယ်ချက် ထွက်ပေါ် လာသည်နှင့်၊ ဆင့်ခေါ် ထားသော မိုးတိမ်များ တုန်ယင် ကုန်လေသည်။
ခဏ အကြာတွင် အေးစက်သော အငွေ့ အသက်များ၊ စင်မြင့်ပေါ် လွှမ်းခြုံ လာ၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်း လိုက်လဲ ...။ ”
“ ဒါက တိမ်တွေကို ဝါးမြို နေတဲ့ သဘာဝ ဖြစ်စဉ်ပဲ၊ အကြွင်းမဲ့ တိမ်လွှာ ဆေဘာဓားရဲ့၊ အပြင်း ထန်ဆုံး လှုပ်ရှားမှု သုံးခု ထဲက တစ်ခု ဆိုတာ သေချာတယ်။ ”
“ မြောက်ပိုင်း နှင်းစံအိမ်ရဲ့၊ အမာခံ တပည့် တစ်ယောက်က၊ ယင်-ယန် အဆင့် လမ်းလွဲ ကျင့်ကြံသူ တစ်ယောက်ကို၊ သတ်ပစ်ဖို့ ဒီဓားကို အသုံးပြု ခဲ့ဖူး တယ်လို့ ကြားမိတယ်၊ လင်းယွန်က ဒါကို တားနိုင်မယ် မထင်ဘူး။ ”
ကောင်းကင် ပြည်နယ် အကယ် ဒမီမှ၊ အကြီး အကဲ များ၏ မျက်နှာ များမှာ၊ လေးနက် ကုန်သည်။
သူတို့ အားလုံးက ယင်-ယန် အဆင့် ကျင့်ကြံ မှုတွင် ရှိနေ ကြသူများ ဖြစ်သောကြောင့်၊ ဤတိုက်ခိုက် မှု၏ စွမ်းအားကို ခံစားနိုင် ကြသည်။
“ ဒီခွေး ကောင်လေးက ... သူ့ ကန့်သတ် ချက်ကို ရောက်နေပြီ၊ ဒီတိုက်ခိုက် မှုကို ... သူ ခံနိုင်ရည် ရှိမယ် မထင်ဘူး။ ”
“ သေချာပေါက် သေလိမ့်မယ်။ ”
ကျောင်စိမ်းဖြူ အကယ် ဒမီ၏ အကြီးအကဲ များက၊ မုန်းတီးမှု များဖြင့် ပြည့်နှက် နေသော မျက်ဝန်း များနှင့် ကြည့်ကာ ဆိုသည်၊။
ထုံးစံ အတိုင်း၊ သူတို့က လင်းယွန် သေဆုံး သည်ကို စောင့်ကြည့်ရန်၊ စိတ်အား ထက်သန် နေကြ၏။
ဆောင်းကျန် တိုက်ခိုက် မှုကြောင့် ပြိုလဲ သွားမည့်၊ မြင်ကွင်းမျိုး စိတ်ကူး နေခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာချိန်တွင်၊ ထိတ်လန့်ဖွယ် ဖိအား တစ်ခု၊ လင်းယွန်ပေါ် ကျဆင်း လာ၏။
အနည်း ငယ်သော ချို့ယွင်းချက် လေးသည်ပင်၊ သူ့ အသတ်အား နှုတ်ယူ သွား နိုင်မည် ဖြစ်သည်။
သို့သော် ၎င်းကို ရင်ဆိုင်ရ ချိန်၌၊ ထိတ်လန့်ခြင်း မရှိဘဲ၊ နှလုံး သားမှာ ဓား တစ်လက် ကဲ့သို့ ငြိမ်သက် နေခဲ့၏။
ရှန်ရှင်း ဓားကို ထုတ်လွှတ် လိုက်စဉ်၊ ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဓာတ် များဖြင့် ဆူပွက် လာခဲ့သည်။
ပန်းသင်္ချိုင်း ဓားမှ ထွက်ပေါ် လာသော တောက်ပမှု များကြောင့် စင်ပေါ်တွင် နောက်ထပ် အလင်းရောင် တစ်ခု တိုးလာ၏။
“ တိမ်လွှာ ဝါးမြိုခြင်း။ ”
ဆောင်းကျန်က အော်ဟစ်လျက် ဆေဘာဓားကို လွှဲယမ်းကာ၊ စတင် လှုပ်ရှား လာသည်။
ထိုဓားချက်ကြောင့် တိမ်များ ကွဲထွက် သွားပြီး၊ စင်မြင့် ပေါ်သို့ အလင်းများ ပြန်လည် ရောက်ရှိ လာ၏။
လေထဲ ပျံဝဲ နေသော သူ့မျက်နှာ ပေါ်တွင် ဆေဘာဓား အလင်းများ ထင်ဟပ် နေသော ကြောင့်၊ နတ်ဘုရား တစ်ပါး အလား၊ ထင်မှား မိစေ သည်။
နောက်ဆုံးတွင် နာမည်ကြီး ဓားရေး တစ်ရပ်ကို၊ မျက်ဝါး ထင်ထင် မြင်တွေ့ ရတော့ မည် ဖြစ်ရာ၊ လူတိုင်း စိတ်လှုပ်ရှား ကုန်၏။
“ အရမ်း ကောင်းတယ်။ ”
သို့သော်၊ လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိ ခဲ့ဘဲ၊ ယင်းအစား တိုက်ပွဲဝင် ဆန္ဒများ ပေါက်ကွဲ လျက်၊ ရေရွတ် လိုက်သည်။
ဤတိုက်ခိုက်မှု သာလျှင် သခင့်ဓား၏ ဒုတိယ ပုံစံကို အသုံး ပြုရန် ထိုက်တန် ပေ၏။
“ သခင့်ဓား - အလင်း ဖြတ်ခြင်း။ ”
ဆောင်းကျန် အော်ဟစ် နေစဉ်တွင်၊ လင်းယွန်က တိုက်ခိုက် မှုကို ထိပ်တိုက် ရင်ဆိုင် ရန်၊ ဓားအား လွှဲယမ်း လိုက်၏။
စင်မြင့် ပေါ်တွင် ပြင်းထန်သော လှိုင်းလုံးများ ထွက်ပေါ်လာ သကဲ့သို့၊ တဟုန်ထိုး ပေါက်ကွဲ သံကြီးများ ထွက်ပေါ် လာသည်။
လေပြင်း များက မီတာ ရာဂဏန်း အထိ ဖုံးလွှမ်း သွားပြီး၊ ခွန်ပန်၏ တောင်ပံများ ကဲ့သို့၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေ၏။
ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် ထားသော လင်းယွန်က ကောင်းကင် ပေါ်သို့ ခုန်တက်ကာ ဓားဖြင့် ထိုးချ လိုက်၏။
အလင်း အားလုံး ကွဲကြေ သွားကာ၊ ပတ်ဝန်းကျင် အနှံ့ အမှောင်များ ဖုံးလွှမ်း လာလေ သည်။
“ ဘာတွေ ဖြစ်ကုန် တာလဲ။ ”
ရုတ်တရက် အမှောင် ထုကြီး ဝင်ရောက် လာသောကြောင့် လူတိုင်း ထိတ်လန့် သွား သည်။
ဆေဘာဓားကို ဓားဖြင့် ထိုးခုတ် လိုက်ပြီး နောက်တွင်၊ တောက်ပ လွန်းသော ဆေဘာဓား အလင်းမှာ၊ ကွဲအက် သွားခြင်း ဖြစ်သည်။
တစ်ချိန်တည်း မှာပင် အလင်း ရောင်များ ပြန်လည် ထွက်ပေါ် လာချိန်၌၊ လင်းယွန် တစ်ယောက် သွေး များဖြင့် ဖုံးလွှမ်း နေခဲ့၏။
ဓားချက် တစ်ချက် တည်းသာ ရင်ဆိုင် လိုက် ကြခြင်း ဖြစ်သော်လည်း၊ နောက်ဆက်တွဲ ဖြစ်စဉ် များမှာ၊ အတော မသတ် နိုင်သေးချေ။
တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့ဆုံ သွားပြီးနောက်၊ အကန့် အသတ်မဲ့ အမှောင် ထုမှာ ချက်ချင်း ပြန့်ကျဲ သွားသည်။
ကြောက်မက်ဖွယ် စွမ်းအင်များ လွင့်စင် သွားသည် နှင့်အမျှ၊ ပြင်းထန်သော တိုက်ပွဲကို လူတိုင်း မြင်နိုင်သည်။
“ အရမ်း မိုက် တယ်။ ”
လှိုင်းလုံး ကြီးမှာ ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့်၊ ပရိသတ် အများ အပြား၏ မျက်နှာများ ပြောင်းလဲ သွားသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ စွမ်းအင် လှိုင်း များက၊ စင်မြင့်ကို အပျက် အစီးပုံ အဖြစ်သို့ ပြောင်းလဲ ပစ်ပြီးနောက်၊ လူအုပ်ထံ ဦးတည် သွားခဲ့သည်။
ပါးစပ်ထဲ သွေးများ ပြည့်လျှံလျက်၊ စင်မြင့်နှင့် အနီးကပ်ဆုံး သူများ လွင့်စင် ကုန် သောကြောင့်၊ ကျန်ရှိ နေသော လူအုပ် ကြီးမှာ အံ့အားသင့် ကုန်၏။
ထိတ်လန့် ကြောက်ရွံ့မှု များနှင့် အတူ၊ အကယ်ဒမီ အသီးသီးမှ ကျွမ်းကျင်သူ များက၊ ၎င်းကို တားဆီးရန် အလျင်အမြန် လှုပ်ရှား လာသည်။
စွမ်းအင် လှိုင်းများ ဖြတ်ကေျာ် ပျောက်ကွယ် သွားချိန် အထိ၊ လူအများ စု၏ မျက်နှာမှာ၊ ကြောက်စိတ် မပြယ် နိုင်သေးချေ။ ဖြူဖျော့ နေမြဲ ဖြစ်၏။
ဤဆေဘာဓားကို ထိပ်တိုက် ရင်ဆိုင် ရပါလျှင်၊ မည်မျှ ကြောက်စရာ ကောင်းနိုင် မည်ကို တွေးဆ မရ ခဲ့ချေ။ တွေးကြည့် ရုံဖြင့်ပင် အသက်ရှူ ကြပ်လာ စေသည်။
စင်မြင့် အလယ်ရှိ လင်းယွန်နှင့် ဆောင်းကျန် တို့ သည်လည်း၊ တိုက်ပွဲ၏ နောက်ဆက်တွဲ သက်ရောက်မှု များကို ခံစား နေကြ ရသည်။
လင်းယွန်းက အက်ကွဲ ကြောင်းများ ပြန့်ကျဲ နေသော ကြမ်းပြင် ပေါ်သို့၊ သွေးတစ်လုတ် အန်ချ လိုက်၏။
ဆောင်းကျန် သည်လည်း၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ခံစား ရပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အခြေ အနေ၌ ရှိနေ လေသည်။
သူ့ ရင်ဘတ်ကို ဆုပ်ကိုင်ကာ၊ ပါးစပ် ဖွင့်လိုက် တိုင်းတွင်၊ သွေးများ ‘အန်’ အန်ထွက် နေသည်။
ထိုအချိန် မှာပင် ဓားတစ်လက် ကောင်းကင်မှ ပြုတ်ကျ လာပြီး၊ ကြမ်းပြင် ပေါ်သို့ ထိုးစိုက် သွား၏။
“ ပန်း သင်္ချိုင်း ဓား။ ”
“ ... မကောင်း တော့ဘူး။ ”
ကောင်းကင် ပြည်နယ် အကယ် ဒမီမှ လူတိုင်း မတ်တပ် ထရပ် လိုက်မိသည်။ လင်းယွန် တစ်ယောက် သူ့ဓားကို ထိန်းချုပ် နိုင်စွမ်း မရှိ တော့ပေ။
ဓားသမား တစ်ယောက် အနေဖြင့်၊ ဓားကို ဆုံးရှုံးပြီး နောက်တွင်၊ ရှင်သန်ရန် နည်းလမ်း မရှိကြောင်း၊ လူတိုင်း နားလည် ထားသည်။
ထို့ကြောင့် တက်စွမ်း နေသ၍၊ ဓားသမား များက သူတို့၏ ဓားများ အပေါ်၊ စွန့်လွှတ်မည် မဟုတ်ချေ။
ဓားကို တင်းတင်း ကျပ်ကျပ်၊ မဆုပ်ကိုင် နိုင်တော့ သည်မှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ သွားပြီဟု ဆိုရာ ရောက်ပေသည်။
တိုက်ပွဲတွင် ရှုံးနိမ့်ရန် တစ်ဝက် သေချာ နေပြီ ဖြစ်၏။ ဆောင်းကျန်မှာ ဆိုးရွားသော အခြေ အနေတွင် ရှိနေ သော်လည်း၊ ဓားကို ဆုပ်ကိုင် နိုင်ဆဲ ပေပင်။
သို့သော် သူသည်လည်း ဖြူဖျော့ နေသော မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့် နှင့်အတူ၊ အသက်ရှု ကြပ်နေ ခဲ့သည်။
အဆုံး၌ အောင်ပွဲမှာ၊ သူ့လက် ထဲသို့ ရောက်ရှိ လာပြီ ဖြစ်၏။ သို့သော် ဤမျှ ခက်ခဲ နေလိမ့် မည်ဟု၊ မမျှော်လင့် ထားမိ ခဲ့ပေ။
ယနေ့ တိုက်ပွဲမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်လျှောက်တွင်၊ သူ၏ နာမည်ကို ဖြန့်ကျက်ရန်၊ ပထမဆုံး ခြေလှမ်း ဖြစ်သည်။
“ ဟိတ် .... ”
သို့သော် ယင်း အခိုက် အတန့်တွင်၊ လင်းယွန်က ညာဖက် လက်ဖဝါးကို ကြမ်းပြင်ပေါ် ရုတ်တရက် ရိုက်ချ လိုက်ပြီး၊ ကောင်းကင်သို့ ပျံတက် သွားသည်။
ခန္ဓာကိုယ် ပေါ်ရှိ၊ အပြာရောင် အဝတ် အစား များက အပိုင်း အစများ အဖြစ်၊ ထပ်မံ စုတ်ပြတ် သွား၏။
နေရာ အနှံမှ သွေးများ စိမ့်ထွက်ပြီး၊ ဒဏ်ရာ များနှင့် ဖုံးလွှမ်း နေသော်လည်း၊ မျက်လုံး များ၌ ပြင်းပြသော တိုက်ပွဲဝင် စိတ်ဓာတ် များဖြင့် တောက်လောင် နေဆဲ ဖြစ်သည်။
“ သူ့ရဲ့ ရုပ်ခန္ဓာက ဒီလို ဒဏ်ရာတွေ နဲ့တောင်၊ မတ်တပ် ရပ်နိုင် သေးတယ်လား၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ အခြားသူ တစ်ဦး သာဆိုရင်၊ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာကို ခံစား နေရရင်၊ လှုပ်ရှား နိုင်မှာ မဟုတ် တော့ဘူး၊ ... ”
“ ... သူက ကြောက်စရာ ကောင်းတဲ့၊ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို လေ့ကျင့် ထားရမယ်။ ”
“ ဘာဖြစ် ချင်တာလဲ၊ အခု ဓား မပါပဲ၊ ဆောင်းကျန်ကို တိုက်ချင် နေတာလား၊ သူ သေချင် နေတာပဲ ဖြစ်ရမယ်။ ”
ဆောင်းကျန်အား တိုက်ခိုက်ရန် အားယူ နေသော လင်းယွန်ကို မြင်သော အခါ၊ လူတိုင်း ခေါင်းယမ်း လိုက်ကြသည်။
သူတို့ အမြင်တွင် လက်ဗလာဖြင့်၊ ဆောင်းကျန်ထံ တိုးဝင် ရင်ဆိုင် ခြင်းမှာ၊ သေမင်းအား ဖိတ်ခေါ်ရာ ရောက်ပေမည်။
“ မင်း သေချင် နေတဲ့ အတွက်၊ ငါ့ကို အပြစ် မတင် ပါနဲ့ ... ။ ”
သူ့ဆီ ခုန်ဝင် လာသော လင်းယွန်ကို မော့ကြည့်ကာ၊ ဆောင်းကျန်၏ မျက်ဝန်းများ အေးစက် သွားခဲ့သည်။
သို့သော် အဆုံး မရှိသော၊ သတ်ဖြတ်ခြင်း ရည်ရွယ် ချက်များ၊ စင်မြင့် ပေါ်သို့ ရုတ်တရက် ဆင်းသက် လာပြီး၊ အရာ အားလုံး အေးခဲ ပစ် လိုက်သည်။
သတ်ဖြတ်ခြင်း ရည်ရွယ် ချက်မှာ၊ သဘာဝ အားဖြင့် လင်းယွန် ထံမှ ဆင်းသက် လာခြင်း ဖြစ်၏။
ထို့ကြောင့် အံ့သြ နေစဉ် မှာပင်၊ ဆောင်းကျန် တစ်ယောက် သူကိုယ်သူ ပြင်ဆင် ရန်၊ အချိန်နှောင်း သွားပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ ဆေဘာ ဓားကို ဆွဲယူ ခြင်းအား၊ ပြိုင်ဘက်မှ ကန့်သတ်ခြင်း ခံလိုက် ရ၏။
“ ခိုကိုး ရာမဲ့ စေသော လက်သီး။ ”
သတ်ဖြတ်ခြင်း တံဆိပ်၏ စွမ်းအားမှာ၊ ကြောက်မက်ဖွယ် ပေါက်ကွဲ သွားသည်။
ဤစွမ်းအားသည် အထွတ် အထိပ် ယင် အဆင့် ရှိ၊ လင်းယွန်၏ တိုက်ပွဲဝင် စွမ်းအားကို အပြည့် အဝ ထုတ်ပေး ခဲ့၏။
ထို့အပြင် စိတ်နေ စိတ်ထား သည်လည်း ပြောင်းလဲ လာသည်။ လက်သီးကို ထိုးပစ် လိုက်သော အခါတွင်၊ စစ်မြေပြင် အတွင်း ရက်ရက် စက်စက် သတ်ဖြတ် နေသည့်၊ မြင်ကွင်းများ ထွက်ပေါ် လာသည်။
ရက်စက် လွန်းသော လက်သီးမှာ ဆောင်းကျန် ရင်ဝသို့ ထိမှန် သွားသည်။
၎င်းတို့၏ အကန့် အသတ်မဲ့ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ အားဖြည့် ထား သကဲ့သို့ ခံစား လာရ စေ၏။
“ ပဲ့တင် ထပ်ခြင်း။ ”
နောက်ထပ် ဟောက်သံ တစ်သံ နှင့်အတူ၊ လင်းယွန်က လက်သီး များဖြင့် ထပ်မံ ပစ်ချ လာပြန်သည်။
သည်တစ်ကြိမ် ဆောင်းကျန် နံရိုးများ၊ ကွဲအက် သွားသောကြောင့် သူ့ကိုယ်သူ ရပ်နိုင် နိုင်စွမ်း မရှိ တော့ဘဲ၊ လွင့်စင် သွားတော့သည်။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လာ ပြီးနောက်၊ တုန်ယင် နေခဲ့သော ခန္ဓာ ကိုယ်ဖြင့်၊ လင်းယွန်မှာ ပြိုလဲ လုနီးပါး ယိမ်းထိုး လာလေ ပြီ။
ယခု အချိန်တွင် ဦးခေါင်း တစ်ခုလုံး ပေါက်ကွဲ မတက် နာကျင်သော ဝေဒနာကို ခံစား နေရ၏။
သို့သော် ဆောင်းကျန် တစ်ယောက် ပြန်လည် ထရပ်ရန် ရုန်းကန် နေသည်ကို ဝိုးတဝါး လှမ်းမြင် လိုက်ရ ချိန်တွင်၊ ခေါင်းအား ခါယမ်း လိုက်သည်။
ပင်ပန်း နွမ်းနယ်မှု များက၊ အသိ စိတ်ကို လွှမ်းခြုံ သွားပြီး၊ ကြမ်းပြင်ပေါ် လှဲချရန် တောင်းဆို လာပြန်၏။
ရှေ့သို့ တိုးချင် သော်လည်း၊ ခြေထောက် များက၊ သူ့ စကားကို နား မထောင် တော့ချေ။
ဘယ်ဘက် အရပ်ကို သွားရန် အားယူ လိုက် သော်လည်း၊ ခန္ဓာ ကိုယ်က ညာဘက်၊ ဆွဲယူ သွား၏။
လင်းယွန်မှာ သူ၏ အထွတ် အထိပ် ခွန်အား ဖြင့်ပင်၊ တားမြစ် နည်းစနစ် ဖြစ်သော သေမင်း လက်သီး ခုနစ်ချက်ကို မသုံး နိုင်ပေ။
၎င်းကို ဤအခြေ အနေ အောက်တွင် အသုံးပြု လိုက်ရသည့် အတွက်၊ တုံ့ပြန်မှု ဒဏ် ခံစား လာရခြင်း ဖြစ်သည်။
သဘာဝ အတိုင်း၊ ပြိုင်ဘက် အပေါ် အခွင့် အရေး မပေးလို သောကြောင့်၊ ထုတ်ဖော် လိုက်ရခြင်း ဖြစ်၏။
သို့သော် ဆောင်းကျန်မှာ၊ ဖြည်းညှင်းစွာ ပြန်ထ လာသည်ကို မြင်လိုက်ရ ပြီးနောက်၊ သေချင်စိတ် ပေါက်သွား ခဲ့သည်။
သူ့ အနေဖြင့် ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ မတ်တပ် ရပ်ရန် အနိုင် နိုင်ပင် ဖြစ် လာ၏။
ဤတိုက်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှု များမှာ၊ မျှော်လင့်ချက် များကို ကျော်လွန် သွား သောကြောင့်၊ လူတိုင်း ငြိမ်သက် ကုန်သည်။
လင်းယွန် မခံနိုင် တော့သည်ကို၊ သူတို့ ခံစား နိုင်၏။ မတော် တဆ လဲကျ သွား ပါလျှင် ဆောင်းကျန် ကဲ့သို့၊ ပြန်ထ လာနိုင် တော့မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။
ထိုအချိန်တွင် ရင်ဘတ် ဆီမှ ပြင်းထန်သော နာကျင် ကိုက်ခဲ မှုကြောင့်၊ လင်းယွန်မှာ သွေး တစ်လုတ် အန်ချ လိုက်ရ သည်။
နောက်ဆုံး၌ မြေပြင် ပေါ်သို့ ညွတ်ကျ သွားကာ၊ ဒူး တစ်ဖက် ထောက်လိုက် မိ၏။
ဤမြင်ကွင်းကို မြင်သော အခါ၊ ဆောင်းကျန် နှုတ်ခမ်း ပေါ်တွင်၊ အပြုံး တစ်ပွင့် ထွက်ပေါ် လာသည်။
“ သေ စမ်း ...၊ ငါ ဒီမှာ ရှုံးပြီလား။ ”
နာကျင်မှုနှင့် ပင်ပန်း နွမ်းနယ်မှု များကြောင့်၊ လင်းယွန်က သူ့ကိုယ်သူ ကျိန်ဆဲ ပစ်လိုက်၏။ သူ့ အသိ စိတ်များ၊ တဖြည်းဖြည်း မှုန်ဝါး လာပြီ ဖြစ်သည်။
နာကျင် မှုကို မခံစား နိုင်တော့သည့် အတွက်၊ လဲကျ သွားခြင်း ဖြစ်သော်လည်း၊ အိပ်ချင် စိတ်ကို ငြင်းဆန် ထားဆဲ ဖြစ်သည်။
ယခုချိန် အိပ်လိုက်သော်၊ သူ့ ဓားကို ပြန်ကိုင်ရန် မဖြစ်နိုင် တော့ချေ။
မျက်ခွံများ လုံးဝ ပိတ်ကျ တော့မည့် အချိန်၌၊ ‘ဖျတ်ခနဲ’ ပြန်ဖွင့်ကာ၊ ‘ဓား ... ’ ဟု ဆင့်ခေါ် လိုက်သည်။
စူးရှသော ဓားမြည်သံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ပန်းသင်္ချိုင်း ဓားမှာ ပျံတက် လာ၏။
ပန်းသင်္ချိုင်းဓား ဆိုသည်မှာ၊ သူနှင့် အတူ အမြဲ ရှိနေ ခဲ့ပြီး၊ မည်သည့် အချိန်မျှ ထွက်ခွာ သွားမည် မဟုတ်ချေ။
လက်က လွတ်ထွက် သွားပြီး နောက်တွင်၊ လူတိုင်းက မေ့နေ ခဲ့သော်လည်း၊ လင်းယွန်က မမေ့ ခဲ့ချေ။ အနား အမြဲရှိ သည်ကို သူ သိသည်။ နာမည် ခေါ်လျှင် လာမည် ဖြစ်၏။
စူးရှသော အလင်းတန်း အသွင်၊ ပြောင်းလဲ သွားပြီး လင်းယွန်၏ လက်ထဲသို့ တိုးဝင် လာသည်။
ထို့နောက် မလဲ ပြိုခင် မှာပင်၊ ဆောင်းကျန်ကို မော့ကြည့်ကာ၊ ဓားဖြင့် လှမ်းပစ် လိုက်သည်။
“ ဝုန်း .... ”
ထို့နောက် ကြမ်းပြင်ပေါ် လေးကန်သော လဲပြိုကျ သံနှင့် အတူ၊ ဆောင်းကျန့် ရင်ဘတ် ထဲသို့၊ အလင်းတန်း တစ်စ ပြေးဝင် သွား၏။
ပြင်းထန် လွန်းသော အရှိန်ကြောင့်၊ ထပ်မံ လွင့်စင် သွားကာ၊ ပြန်လည် ပြုတ်ကျ လာချိန်၌၊ ကြမ်းပြင်တွင် အဆိုပါ ဓားနှင့် အတူ၊ နစ်မြုပ် သွားရ တော့သည်။
***