← Chapters

အနိုင်ရသူ လင်းယွန်။

Vol. 42 Ch. 575

အနိုင်ရသူ လင်းယွန်။

Vol. 42 Ch. 575

ထို့နောက်တွင် ဆောင်းကျန် အရှိန် အဝါမှာ၊ သွေးအန်လျက် လျော့ပါး လိုက်လာသည်။

ပန်းသင်္ချိုင်း ဓားကို နုတ်ယူရန်၊ ခက်ခက် ခဲခဲ ရွေ့လျား လိုက် သော်လည်း၊ မအောင်မြင် တော့ပေ။

တစ်ချိန်တည်း မှာပင် လင်းယွန် သည်လည်း ကြမ်းပြင် ပေါ်၌ ငြိမ်သက် သွား၏။

လင်းယွန်၏ ကျယ်လောင်သော ‘ဓား’ ဆိုသည့် အသံပြာ ကြီးမှာ၊ လူတိုင်း နားထဲတွင် ပဲ့တင် ထပ် နေဆဲ ဖြစ်သည်။

တစ်ချိန် တည်းမှာပင်၊ သူတို့ ရှေ့မှ ပေါက်ကွဲ နေသော မြင်ကွင်းကို ကြည့်ပြီး၊ ငြိမ်သက် ကုန် ကြသည်။

လင်းယွန် တစ်ယောက် ကစားပွဲ များကို အမှန် တကယ် လှန်နိုင် လိမ့် မည်ဟု မည်သူမျှ မထင် ထားမိပေ။

ကြမ်းပြင်ပေါ် လဲကျ ချိန်တွင်၊ တိုက်ပွဲ ပြီးဆုံး သွားပြီးဟု၊ ယူဆ ခဲ့ကြသည်။ သို့သော် အိမ်မက်ထဲ ယောင်အော် သကဲ့သို့၊ ဓားကို လှမ်း ခေါ်ပြီး၊ ပြိုင်ဘက်အား အဆုံးသတ် ခဲ့သည်။

ပြီးနောက် လုံးဝ သတိ လစ်သွား၏။ သူ့ပြိုင်ဘက် မှာမူ ကြမ်းပြင်၌ သူ့ ဓားဖြင့်၊ သပ်ရိုက် ထားခြင်း ခံလိုက် ရသည်။

လင်းယွန် သတိ ပြန်မရ မချင်း၊ လွတ်ပေးရန် ဆန္ဒ မရှိဟု ပန်းသင်္ချိုင်း ဓားက၊ ဆိုနေ သယောင် ယောင် ပေပင်။

နောက်ဆုံး အခိုက် အတန့်တွင်၊ ဓားသမား တစ်ယောက်၏ ပြတ်သားသော အသွင်ကို အသက်ဖြင့် ရင်းကာ၊ သက်သေပြ ခဲ့သည်။

ဤအဆင့်နှင့် ယှဉ်ပါက၊ ငရဲလမ်းမှာ ကလေး ကစားသော အဆင့်သို့ လျောကျ သွားရ၏။

နှစ်ယောက် စလုံးမှာ ပြိုင်ဘက်များ အပေါ်၊ ရက်စက် ရုံသာ မက သူတို့ကိုယ် သူတို့လည်း အကြင်နာ ကင်းလှ လှချေသည်။

သေမင်း လက်သီးများ ထိမှန် ပြီးနောက် တွင်ပင်၊ ဆောင်းကျန်က မတ်တပ် ထရပ်ရန် သတ္တိရှိ နေခဲ့ သေးသည်။

သူ့ကိုယ်သူ ယုံကြည်ချက် မည်မျှ ပြင်းထန် သည်အား၊ ပြသရာ ရောက်ပေ၏။

ထို့ပြင် လင်းယွန် သည်လည်း သူ့အောက် မလျော့ချေ။ သေဆုံး ခဲ့လျှင်ပင် ပြိုင်ဘက်ကို ဒူး ထောက်မည် မဟုတ်ကြောင်း၊ ပြသ လာပြန် သည်။

ဤအရာက ခရမ်းရောင် တောင်ကုန်း အဖွဲ့ကို ဦးဆောင်သော အကြီးအကဲ အဖိုးအိုကို၊ အံသြ သွားစေသည်။

အဆုံးတွင် ပုရွတ်ဆိတ် တစ်ကောင်၊ ကိုက်ခြင်းကို ခံလိုက် ရ၏။ အရှုံးကို အမှန် တကယ် မယုံ နိုင်ချေ။

လူတိုင်း အသိ ပြန်ဝင် လာချိန်တွင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီမှ ပုံရိပ် နှစ်ရိပ် စင်မြင့် ပေါ်သို့၊ လျင်မြန်စွာ ဆင်းသက် လာသည်။

ထိုပုံ ရိပ် များမှာ သဘာဝ အတိုင်း မိုလင်းနှင့်၊ လျူယွမ်ယန် တို့ဖြစ်၏။ အပျက် အစီး များ ထဲတွင်၊ သတိ လစ်နေသော လင်းယွန်ကို ကြည့်ကာ၊ သူတို့ မျက်နှာများ ပြောင်းလဲ သွားသည်။

လင်းယွန်တွင် သွေးများဖြင့် ဖုံးလွှမ်း နေသည်ကို သိထား သော်လည်း၊ ဤမျှ ဒဏ်ရာ ပြင်းထန် နေလိမ့် မည်ဟု မထင် မိချေ။

မိုလင်းက လင်းယွန်၏ လက်ကောက်ဝတ်ကို ကောက်ကိုင်ကာ၊ သွေးခုန် နှုန်းအား စမ်းယူ လိုက်သည်။

ခန္ဓာကိုယ် အတွင်းမှ အေးစက်သော မူလ စွမ်းအင် များကို၊ ခံစားမိ လိုက်သောကြောင့်၊ သူမ မျက်နှာမှာ ပျက်ယွင်း သွား၏။

ယင်းက လျူယွမ်ယန်ကို စိတ်ပူ လာစေသည်။ သို့သော် ခဏ အကြာတွင် မိုလင်း၏ အမူ အရာမှာ၊ အနည်းငယ် ဖြေလျှော့ လာပြီး၊

‘ သူ့ကို ကယ်လို့ ရနိုင် သေးတယ်၊ ငါ့ကို ကူညီ ပါဦး။’ -ဟု ဆိုလိုက် လေသည်။

လျူယွမ်ယန်က အနည်းငယ် စိတ် သက်သာရာ ရသွားပြီး၊ မိုလင်း လက်ထဲမှ၊ လင်းယွန်ကို လွှဲယူ လိုက်၏။

ထို့နောက်တွင် ကျောက်စိမ်း ပုလင်း ထဲမှ၊ အနီရောင် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ၊ လင်းယွန် ပါးစပ် ထဲသို့ မိုးလင်းက ပစ်ထည့် ပေး လိုက်သည်။

ဆေးလုံး ပါးစပ် ထဲသို့ ဝင်ရောက် သွားသည်နှင့် တပြိုင်နက်၊ အရည် ပျော်ပြီး နွေးထွေးသော စီးကြောင်း တစ်ခု အဖြစ်၊ စီးဆင်း လာသည်။

သိပ်မကြာခင် မှာပင်၊ ခန္ဓာကိုယ် အပူချိန် တက်လာ သည်အား၊ လျူယွမ်ယန် တစ်ယောက် သတိထား မိသွား၏။

“ သူက ဆောင်းကျန်ရဲ့ မူလ စွမ်းအင်ကို ချေဖြတ်ချိန် မရ ခဲ့ဘူး၊ မဟုတ်ရင် သူ့အတွင်း ဒဏ်ရာ တွေက၊ ဒီလောက် ပြင်းထန် မနေမှာ သေချာတယ်၊ ...”

“ ... ဒါပေမယ့် ဒီဆေးလုံးကို ယူပြီး မှတော့ ...၊ သူရဲ့ အစွမ်း ထက်တဲ့ ရုပ်ခန္ဓာ အရ၊ မြန်မြန် ဆန်ဆန်ပဲ သက်သာ လာပါ လိမ့်မယ်။ ”

လင်းယွန်၏ ခန္ဓာကိုယ် အပူချိန်မှာ၊ တည်ငြိမ် သွား သော်လည်း၊ မိုလင်းနှင့် လျူယွမ်ယန်တို့ အနေဖြင့်၊ စိုးရိမ်သော အမူ အရာများ ထုတ်ဖော်ထား နေဆဲ ဖြစ်သည်။

ဤတိုက်ပွဲမှာ မည်မျှ ခက်ခဲ ခဲ့သည်ကို၊ သူတို့ နားလည်သည်။

“ အနိုင် ရသူ လင်းယွန်။ ”

ထိုအချိန်တွင် ရင်းနှီးသော ကြေငြာသံ တစ်သံ ထွက်ပေါ် လာ၏။

အားလုံးက မျက်လုံးများ မှေးစင်းလျက် ကြမ်းပြင်တွင် သပ်ရိုက်ခံ ထားရသော ဆောင်းကျန်ထံ၊ လှမ်းကြည့် လိုက်ကြသည်။

သူ့ ခန္ဓာကိုယ် ထဲရှိှ ပန်းသင်္ချိုင်း ဓားထံမှ၊ တိုက်ပွဲဝင် လိုသော ဆန္ဒ များကို ခံစား နိုင်သည်။

ဆောင်းကျန် မည်မျှပင် ကြိုးစား စေကာမူ၊ ဓားအား ဆွဲ မထုတ် နိုင်ခဲ့ချေ။ ထို့ကြောင့် ကူကယ်ရာ မဲ့စွာဖြင့်၊ ဓားကို ဆုပ်ကိုင်ထား ရာမှ လွှတ်ချ လိုက်ရသည်။

ပြီးနောက် ခေါင်းကို ပြန်မော့ပြီး၊ အနိုင်ယူ သွားသော ပြိုင်ဘက်ထံ လှမ်းကြည့် လိုက်ရာ၊ လှပသော အမျိုး သမီး တစ်ဦးက ပွေ့ယူ ထားပြီး၊ ကျက်သရေ ရှိသော နောက် တစ်ဦးမှာ၊ ပြုစုပေး နေခဲ့ သည်ကို တွေ့လိုက် မိ၏။

ထိုသူ နှစ်ဦးမှာ နေသာ စီရင်စု၏ အလှ ပဂေးများ ဖြစ်လေသည်။ ၎င်းတို့ အနက် မိုလင်းမှာ၊ တိမ်နဂါး အဆင့် အတွင်း ဝင်ရောက် ထားနိုင်သော၊ ပါရမီရှင် တစ်ဦးလည်း ဖြစ်၏။

ခရန်းရောင် တောင်ကုန်း အတွက်မူ၊ ခါးသီး လွန်းသော ခံစားချက် များကြောင့်၊ ဆောင်းကျန် အပေါ် ချက်ချင်း အာရုံ မစိုက်နိုင် ခဲ့ချေ။

ထို့ကြောင့် ဆောင်းကျန်မှာ ကြမ်းပြင်ပေါ်၊ ပက်လက် လှန်ချ လိုက်ပြီး တိမ်များကို မော့ကြည့် လိုက်မိ သည်။

သည်နေ့တွင် အရာ အားလုံး ဆုံးရှုံး သွားပြီဟု သိလိုက် ရ၏။ မှိန်ဖျော့ သွားသော ရောင်ဝါကြောင့်၊ လူတိုင်းက စိတ်မကောင်း ဖြစ်လာ ကြသည်။

ယနေ့ မတိုင်မီ ယင် အဆင့်မှ တစ်စုံ တစ်ယောက် လက်တွင်၊ ရှုံးနိမ့် လိမ့်မည်ဟု မည်သူမျှ မထင် ထား ကြချေ။

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရှိ လူငယ် တိုင်းက၊ တိမ်နဂါး အဆင့် အတွက် ဆောင်းကျန်မှာ၊ အားကောင်းသော ပြိုင်ပွဲဝင် တစ်ဦး အဖြစ်၊ မှတ်ယူ ထားပြီး ဖြစ်သည်။

သို့သော် မဟာချင် အင်ပါယာမှ လာသော အသက် ဆယ့်ရှစ်နှစ် အရွယ်၊ ဓားသမား တစ်ဦး လက်၌ ရှုံးနိမ့် ခဲ့ရပြီ ဖြစ်သည်။

အဆုံးတွင် တစ်စုံ တစ်ယောက်၏ ခြေနင်းတုံး ဖြစ်လာ ခဲ့ရ၏။ ယုံမှား သံသယ ဖြစ်စရာ မလိုဘဲ၊ ထိုဓားသမား နာမည်မှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တခွင်၊ ပျံ့နှံ့ သွားတော့မည် ဖြစ်သည်။

ရုတ်တရက် လျူယွမ်ယန် ရင်ခွင် ထဲရှိ၊ လင်းယွန်မှာ ချောင်းဆိုးလျက် နိုးထ လာပြီး၊ မျက်ခွံ များကို ခက်ခက် ခဲခဲ ဖွင့်ယူ လိုက်ရ၏။

“ မင်း ... နိုးပြီလား။ ”

မိုလင်းက တည်ငြိမ်စွာ မေးလိုက် ချိန်တွင်၊ လျူယွမ်ယန် တစ်ယောက် ဝမ်းမြောက် သွားမိ သည်။

လင်းယွန် ခန္ဓာကိုယ် ထဲရှိ၊ အအေး စွမ်းအင်များ ပျောက်ကွယ် သွားသည်ကို၊ သိရှိ လိုက်သော ကြောင့်၊ မကြာခင် သက်သာ လာတော့ မည်ဟု ယုံကြည်၏။

“ ငါ့ကို ကူ ပါဦး ...။ ” လင်းယွန်က ပြုံးကာ တောင်းဆို လိုက်သည်။

အမျိုးသမီး နှစ်ဦး၏ ဘယ်ညာ ထိန်းကြပ် ပေးမှု များကြောင့်၊ မတ်တပ် ထရပ် နိုင်ခဲ့ပြီး၊ ဆောင်ကျန့်ထံ လှမ်းကြည့် မိသည်။

ထို့နောက် ပန်းသင်္ချိုင်း ဓားထံ အကြည့်ရောက် သွားကာ၊ ဖြည်းညှင်းစွာ လျှောက်လှမ်း သွားလိုက်သည်။

နောက်ဆုံး အချိန် ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင် လိုက်ချိန်တွင်၊ သူ့စိတ်ထဲ ဝင်ရောက် လာသော မြင်ကွင်း များမှာ၊ ရောထွေး နေခဲ့ သည်။

သို့သော် နောက်ဆုံး၌ နှင်းဆီ ပန်းချီကား ထဲရှိ၊ အပြာဝတ် ဓားသမားကို တွေ့မြင် လိုက်ရ ၏။

တဒင်္ဂ အတွင်း သူ့ ခန္ဓာနှင့် ထိုဓားသမား ဝိညာဉ် ခွဲမရ တော့ဘဲ၊ ဓားအား ပစ်လွှတ် လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဆောင်းကျန်မှာ ၎င်း၏ အရေး ကြီးသော နေရာ များကို ကာကွယ် နိုင်ခဲ့ပြီး၊ သေဘေးမှ လွတ်မြောက် နိုင်ခဲ့သည့် အတွက် အံ့သြသွား မိသည်။

အနားတိုး ကပ်လာသော လင်းယွန်ကို မော့ကြည့်ကာ ဆောင်းကျန်က၊

“ မင်း နိုင်ပြီ။ ” -ဟု ဆိုလိုက် လေသည်။

ဤတစ်ကြိမ် ရှုံးနိမ့် မှုမှာ၊ သူ့အတွက် မည်သည့် အရာကို ဆိုလိုကြောင်း နားလည် မိ၏။

ဆိုလို သည်မှာ လင်းယွန်၏ ခြေနင်းတုံး တစ်တုံး ဖြစ်လာ ပြီးနောက်၊ အချိန် အတော် ကြာသည့်တိုင် လောင်းရိပ်ဖြင့် ရှင်သန် နေရ တော့မည် ဖြစ်သည်။

“ တောင်းပန် ပါတယ်။ ”

လင်းယွန် အနေဖြင့် ပန်းသင်္ချိုင်း ဓားကို ပြန်ယူရန်၊ ဆောင်းကျန်ထံ ရောက်ရှိ လာခြင်း ဖြစ်သည်။

ထို့ကြောင့် ဆောင်းကျန်က ခေါင်းညိတ် ပြပြီး၊ သူလည်း ဓားကို ပြန်ဆွဲထုတ် စေလို ကြောင်း၊ အချက်ပြ လိုက်၏။

ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်သော အခါတွင်၊ ဒဏ်ရာမှ သွေးများ ပန်းထွက် လာကာ၊ မျက်နှာ ရှုံ့မဲ့ သွားသည်။

သို့သော် ချက်ချင်းပင်၊ မူလ စွမ်းအင် များကို လှည့်ပတ်လျက်၊ သွေးကြော များအား ပိတ်ဆို့ ပစ်လိုက် သည်။

အသက် ပြင်းပြင်း တစ်ချက် ရှိုက်ယူ လိုက်ပြီးနောက်၊ ခက်ခက် ခဲခဲ ထရပ် လာ၏။

ဤသည်ပင် အလယ် အလတ် ယန် အဆင့်၏ စွမ်အားမှာ မည်မျှ ကြောက်စရာ ကောင်းသည် ကို၊ မည်သူ မဆို ပြောပြ နိုင်သည်။

“ ခရမ်းရောင် နန်းတော် နယ်မြေ မရောက်ခင်၊ ရှန်ရှင်း ဓားကို ဆုပ်ကိုင် နိုင်ခဲ့ တာလား။ ”

လင်းယွန် ဘေးမှ အဖြတ်တွင်၊ ဆောင်းကျန်က မေးလာ သည်ကြောင့်၊ ခေါင်းညိတ် ပြလိုက်သည်။ ၎င်းအား ဖုံးကွယ် ထားရန် ဆန္ဒ မရှိချေ။

“ အံ့ဩ စရာ မရှိတော့ ပါဘူး ...။ ”

ဆောင်းကျန် တစ်ယောက် ပြုံးလိုက်ပြီး၊ မျက်ဝန်းများ မှိန်ကျ သွား၏။ လင်းယွန် ခေါင်းညိတ် လိုက်ချိန်တွင်၊ တစ်ဖက် လူကို အမှီ လိုက်ရန်၊ မဖြစ် နိုင်တော့ကြောင်း သူ သိလိုက် သည်။

နောက်ဆုံးတွင် စီနီယာ အစ်ကို နန်းဂွန်း ဝမ်းယူ သည်သာ၊ ဤအရာအား ပြီးမြောက် ထားခဲ့ လေသည်။

ဆောင်းကျန်က ပတ်ဝန်း ကျင်ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီး၊ ရှည်လျားသော သက်ပြင်း နှင့် အတူ ခေါင်းယမ်း လိုက်၏။

“ ငါ့ရဲ့ အရှုံးက တရား မျှတမှု မရှိဘူး၊ သူတို့ အားလုံးက ဒါကို မင်း အနေနဲ့ ...၊ ပြီးမြောက် ခဲ့တယ် ဆိုတာ မသိတာ သေချာတယ်၊ ပြီးတော့ ... ”

“ ... ဒါက ငါ့ရဲ့ စီနီယာ အစ်ကိုကြီး ဆိုတာ၊ ကြောက်စရာ ကောင်းတဲ့ ဘီလူး တစ်ကောင်ပါ။ ”

စကားဆုံး သည်နှင့်၊ ခေါင်းယမ်းပြီး သူ့ ဓားကို ကောက်ယူရန်၊ လျှောက်လှမ်း သွား သည်။ သူ့ အရည် အချင်းမှာ၊ စီနီယာ အစ်ကို၏ တစ်ဝက်ပင် မရှိချေ။

“ သူ ဘာပြော သွားတာလဲ။ ”

လျူယွမ်ယန်က ကြေနပ်စွာ ထွက်ခွာ သွားသော၊ ဆောင်းကျန် နောက်ကေျာကို မျက်မှောင် ကြုတ်လျက် လှမ်းကြည့်ကာ၊ မေးလာ ခဲ့သည်။

သူမ ကဲ့သို့ပင် မိုလင်း သည်လည်း၊ သိချင် နေ၏။ သို့သော်။

“ ဘာမှ မဟုတ် ပါဘူး၊ ဒီ အတိုင်း ပြောသွား တာပါ၊ ... ”

လင်းယွန်က အတွေးထဲ နစ်မျော ဟန်ဖြင့်၊ ငြိမ်သက် သွားသည်။ သွေးစွန်းသော ဧည့်ခံပွဲ တွင်၊ နန်းဂွန်း ဝမ်းယူ ဆိုသော သူကို ကြည့်ရန်၊ စိတ်ထဲ တေးမှတ် ထား လိုက်သည်။

***

All Chapters