← Chapters

မြင့်မြတ်သော ရူရ်။

Vol. 42 Ch. 576

မြင့်မြတ်သော ရူရ်။

Vol. 42 Ch. 576

ဆောင်းကျန် တစ်ယောက် စင်မြင့် ပေါ်မှ ပျောက်ကွယ် သွားသည်နှင့် ပြိုင်ပွဲမှာ၊ အဆုံးသတ် သွားပြီ ဖြစ်သည်။

နောက်ဆုံးတွင် လူတိုင်း ပြန်လည် ထွက်ခွာ သွားကြပြီး၊ ပန်းသင်္ချိုင်းဓား သမား အကြောင်း လေးနက်စွာ စွဲထင် ကုန်ကြ၏။

သည်နေ့ ပြိုင်ပွဲမှာ၊ နေသာ စီရင်စု တစ်လျှောက် မကြာခင် ပျံ့နှံ့ သွားတော့မည် ဖြစ်သည်။

ကောင်းကင် ပြည်နယ် အကယ်ဒမီ အဖွဲ့ဝင် များက လင်းယွန် အပေါ် လေးလေး စားစား ဆက်ဆံ လာကြသည်။

တန်ယုက လက်ဝှေ့ ယမ်းကာ ပြုံးရယ် ပြပြီး၊

“ မင်းရဲ့ အကူအညီ အတွက် ကျေးဇူး တင်ပါတယ်၊ အကယ်ဒမီက မင်းကို ဆုစီစဉ် ပေးပါ လိမ့်မယ်။ ”

“ အဆင်ပြေ ပါတယ်၊ ကတိ ပေးထားတဲ့ အတိုင်း၊ နတ်ဘုရား ရူရ် တွေကို လေ့လာ ခွင့်ပဲ ပေးပါ။ ”

“ ဒါပေါ့ ... ဒီပြိုင်ပွဲမှာ၊ မင်းရဲ့ ကူညီမှုကို ငါတို့ အားလုံး မြင်တွေ့ ခဲ့ရ တာမို့၊ မင်း စိတ်မပျက် စေရ ပါဘူး၊ ... ”

“ ... အခု ချက်ချင်း ပြန်ရောက်တာနဲ့၊ ဒဏ်ရာ တွေကို ကုသ ဖို့ပဲ အာရုံ စိုက်ပါ၊ သက်သာ လာတဲ့ အခါ မင်း ဆန္ဒရှိ သလောက်၊ ဘယ်လောက် ကြာကြာ ကြည့်နိုင် ပါတယ်။ ”

တန်ယုက သူ့မုတ်ဆိတ် မွေးကို လက်ဖြင့် သပ်ကာ ပြုံးလျက် ဆိုသည်။

ထိုစကားကြောင့် လင်းယွန် မျက်လုံးများ တွင်၊ မျှော်လင့် ချက်များ တောက်ပ လာသည်။ နှင်းဆီ ပန်းချီ ကားရှိ လျှို့ဝှက် ချက်ကို သေချာပေါက် ရှာ ရပေမည်။

သို့မှသာ ပြာရောင်ဝတ် ဓားသမားနှင့် အတူ၊ စီနီယာ ဟောင် မြင်ခဲ့ ရသော မိစ္ဆာသတ် ဓားကို တွေ့မြင် နိုင်မည် ဖြစ်သည်။

နှင်းဆီ ပန်းချီ ကားတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားရေး တစ်ရပ် ပါဝင်ကြောင်း၊ သူ ပြော နိုင်၏။

၎င်းကို အနည်းငယ် နားလည်နိုင် ရုံဖြင့်၊ မထင်မှတ် လောက်သော အမြင့် ထိတိုင် ကြီးထွား လာမည် ဖြစ်သည်။

မပြည့် စုံသော နတ်ဘုရား ရူရ် များမှာ၊ ဤသို့ လုပ်ဆောင်ရန် အဓိက နေရာမှ ပါဝင် နေပေသည်။

သုံးရက်ကြာ ပြီးနောက် လင်းယွန် တစ်ယောက်၊ မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်လိုက် သည်။

ဒရာကိုဖီ ခန္ဓာ ကိုယ်ကြောင့်၊ ဒဏ်ရာ များမှ အပြည့် အဝ ပြန်လည် ကောင်းမွန် လာခဲ့သည်။ သည့်အပြင် ပြိုင်ပွဲမှ အသစ် သစ်သော နားလည်မှု များကို၊ ကြေညက် စေခဲ့၏။

အထူး သဖြင့် နောက်ဆုံး တိုက်ပွဲ ဆီမှ နေ၍၊ အကျိုး အမြတ် များစွာ ရရှိ ခဲ့သည်။ ဆောင်းကျန်၏ အကြွင်းမဲ့ တိမ်လွှာ ဆေဘာဓား အပေါ်၊ လေးလေး နက်နက် စွဲလမ်း နေမိသည်။

ထိုအကြောင်းကို တွေးကြည့် လိုက်သော အခါတွင်၊ သူ့၌ ၎င်းတိုက်ပွဲအား အောင်နိုင် စရာ နည်းလမ်း မရှိချေ။ ကံတရားက သူ့ဘက် ပါနေသော ကြောင့်သာ ဖြစ်သည်။

“ ငါ့ရဲ့ ဓားရေးမှာ ပိုအား ကောင်းလာရင် ...၊ ငါ သူ့ကို အနိုင် ယူဖို့ ဒီလောက် ခက်ခဲ နေမှာ မဟုတ်ဘူး။ ”

မျက်လုံး များ၌ အလင်း ရောင်များ တဖျပ်ဖျပ် ခတ်လာကာ၊ စဉ်းစား နေမိသည်။ သခင့်ဓားမှာ အစွမ်းထက် လှသော်လည်း၊ တိုက်ပွဲဝင် စွမ်းရည်ကို မတိုးမြှင့် နိုင်ခဲ့ပေ။

ထို့ကြောင့် သူ၏ တိုက်ပွဲ များတွင် လရောင် ရေစင် ဓားနှင့်၊ သေမင်း လက်သီး ခုနစ်ချက် ကိုသာ၊ အသုံး ပြုခဲ့ ရသည်။

သို့ရာတွင်၊ ကောင်းကင် ပြည်နယ် အကယ်ဒမီ အနေဖြင့်၊ ၎င်းတို့၏ ကတိကို ဖြည့်ဆည်း ရန်၊ ချိန်တန် ပေပြီ။

သည်ရက်ပိုင်း အတွင်း တစ်စုံ တစ်ရာ၊ ပြောင်းလဲ ဖြစ်ပျက် သွားမည်ကို စိုးရိမ် မိ၏။

နောက်ဆုံးတွင်၊ မပြည့် စုံသော နတ်ဘုရား ရူရ် ဆိုသည်မှာ၊ မယုံနိုင် လောက်အောင် တန်ဖိုး ရှိပေသည်။

သို့သော် ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာပြီး နောက်တွင်၊ မိုလင်း ရောက်ရှိ လာပြီး၊ သူ့ သံသယ များအား လွင့်ပျယ်သွား စေခဲ့သည်။

သူမ ကပင် လျှို့ဝှက်သော လှိုဏ်ဂူ တစ်လုံး ဆီသို့ ပို့ဆောင် ပေးခဲ့၏။ ထိုလှိုဏ်ဂူ အနားတွင်၊ အစောင့် အကြပ်များ ထူထပ်စွာ ချမှတ် ထားပြီး၊ တားမြစ် နယ်မြေ အဖြစ် သတ်မှတ် ထားသည်။

“ ဒါက ချင်းယန် လှိုဏ်ဂူပါ၊ ဒီနေရာမှာ အကယ် ဒမီက စုဆောင်း ထားတဲ့ ဝိညာဉ် ရေးရာ ရူရ်တွေ အားလုံး ရှိတယ်၊ ... ”

“ ... ချင်းယန်းဂူ အဖြစ်၊ ဘာလို့ ခေါ်ရ သလဲ ဆိုတော့ အကယ် ဒမီရဲ့ တည်ထောင်သူ နာမည်က ချင်းယန် မိုလို့ပဲ။ ”

လူများ ပြုပြင် ထားသော သဘာဝ လှိုဏ်ဂူကို ကြည်ကာ၊ မိုလင်းက ရှင်းပြ လာသည်။

သူမ ဦးဆောင် နေသည့် အတွက်၊ အစောင့် အကြပ်များ ဖြစ်သော အကြီးအကဲ များက၊ သဘာဝ အတိုင်း မတား ခဲ့ချေ။

ထို့ပြင် ပြိုင်ပွဲ အကြောင်း ကြားသိ ထားပြီး ဖြစ်ရာ၊ လင်းယွန် အပေါ် စူးစူး ရဲရဲ အကဲခတ် လာကြ၏။

အသက် (၁၈) နှစ် မျှသာ ရှိပြီး၊ ချင် အင်ပါယာမှ ဆင်းသက်သော ဓားသမား အဖြစ် မယုံနိုင် ဖြစ်လာ မိသည်။

မိုလင်း၏ နောက်မှ ကပ်လိုက် လာသော လင်းယွန်က နေရာ အနှံ့ရှိ ကျောက်ပြား များစွာကို သတိ ပြုမိ လာ၏။

ကျောက်ပြား တစ်ချပ် စီတွင်၊ ဝိညာဉ် ရေးရာ အစီရင် အမျိုး မျိုးဖြင့် ဖုံးအုပ် ထားသည်။

ထိုအစီရင် များကို စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် များမှ၊ ရေးထွင်း ပေးထား ခြင်း ဖြစ်၏။

“ ဒါတွေ အားလုံးက တတိယတန်း ဝိညာဉ် ရေးရာ ရူရ် တွေပါ၊ ရှေးဟောင်း ပစ္စည်းတွေ သန့်စင်ဖို့ အပြင်၊ ဆေးလုံးတွေ၊ အစီရင်တွေ အတွက်ပါ အသုံးပြု နိုင်တယ်၊ ဒီနေရာကို အတွင်း တပည့်တွေ မဆိုနဲ့၊ အမာခံ တပည့် တွေတောင် လာခွင့် မရှိဘူး၊ ...”

“ ... အကယ်ဒမီ အပေါ် သစ္စာစောင့် သိတဲ့ အကြီးအကဲ တွေသာ သူတို့ကို စောင့်ကြည့် လေ့လာဖို့ အခွင့် အရေး ရှိတယ်။ ”

ပိုမို ဝင်ရောက်လာ သည်နှင့် အမျှ၊ ဝိညာဉ် ရေးရာ ရူရ် များ အပြင်၊ ပန်ချီကား ကိုးချပ် ကိုပါ တွေ့မြင် လာရသည်။

ပန်းချီကား တစ်ချပ် စီတွင် မှတ်တမ်း တင်ထားသော ဝိညာဉ် ရေးရာ ပုံကြမ်း များမှ၊ ကြောက်မက်ဖွယ် ဖိအားများ ထုတ်လွှတ် ထား လေသည်။

၎င်းတို့ အနက် တစ်ချပ် ဆီသို့ လျှောက်သွား ကြည့်လိုက်သော အခါတွင်၊ ဖီးနစ် မီးလျှံ ပန်းချီကား ဖြစ်ကြောင်း တွေ့လိုက် ရသည်။

အဆိုပါ ပန်းချီကားမှ ထွက်သော ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစား နိုင်၏။ နံရံ ပေါ်ရှိ ဖီးနစ် ငှက်မှာ၊ သူ့အား လုံး၀ ဝါးမျို တော့မည့်ဟန် အသက်ဝင် ရုန်းကြွ လှပေသည်။

“ ငါ့ရဲ့ ဖီးနစ် ငှက်နဲ့ တော်တော် ကွာတာပဲ။ ”

လင်းယွန်က အနည်းငယ် အံ့သြသွား သော်လည်း၊ ချက်ချင်းပင် ပုံမှန် အတိုင်း ပြန်လည်၊ ပြုမူ လာနိုင်သည်။

ပန်းချီကား ထံမှ ဖန်တီး သူ၏ ကျန်ရစ် ခဲ့သော ဝိညာဉ် စွမ်းအင် အတက် အကျကို သူ ခံစား နိုင်၏။

“ အင်အား အကောင်းဆုံး တတိယတန်း ဝိညာဉ် ရေးရာ၊ ပုံကြမ်း ဆယ်ခု ထဲက ကိုးခု တိတိ ... ဒီမှာ ရှိတယ်၊ အားလုံးက ပြီးပြည့် စုံပြီး စတုတ္ထတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တွေက ချန်ထား ခဲ့ကြ တာပဲ။ ”

ငေးစိုက် နေသော လင်းယွန်ကို ကြည့်ကာ၊ မိုလင်းက ရှင်းပြသည်။ သူမ အနေဖြင့် သည်နေရာသို့၊ ပထမ ဦးဆုံး အကြိမ် ရောက်ဖူးချင်း မဟုတ်ကြောင်း သိသာ သည်။

အခြားသော ဝိညာဉ် ရေးရာ ပုံကြမ်း များကို ထပ်မံ ကြည့်ရှု လိုက် ပြီးနောက်၊ အကယ် ဒမီ၏ အုတ်မြစ် အပေါ် ထိတ်လန့် သွားသည်။

တပည့် များမှာ၊ အကယ်ဒမီ အုတ်မြစ်၏ နိဒါန်း နှင့်သာ ထိတွေ့ခွင့် ရနေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ဝိညာဉ် ရေးရာ ကျင့်ကြံသူ တစ်ဦး အနေဖြင့်၊ သူလျှောက်သော လမ်းမှာ ပျင်းရိဖွယ် ကောင်းလှ၏။

လူလတ်ပိုင်း အရွယ် မရောက်မီ တတိယတန်း ဆရာ သခင် ဖြစ်လာ သူများသာ၊ ပါရမီရှင် အဖြစ် သတ်မှတ် နိုင်ပေမည်။

ထို့ကြောင့် ငြီးငွေ့ဖွယ် အခြေ အနေကို သည်းခံ နိုင်သော အကြီးအကဲ များ သည်သာ၊ အကယ်ဒမီ၏ အမွေအား ဆက်ခံ နိုင်သည်။

နောက်တဖန်၊ မိုလင်း ကဲ့သို့ စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်လာရန် မဝေး တော့သည့်၊ ပါရမီရှင် တစ်ဦး သည်သာ အဆင့်မှီ လေသည်။

၎င်း အဆင့်မှာ အထွတ် အထိပ် ယန် အဆင့် ခွန်အားနှင့် ညီမျှ၏။

ရှေ့ဆက် လာမိ သည်နှင့် အမျှ၊ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း လျှို့ဝှက် လာသည်ကို မြင်တွေ့ လာရသည်။

လေထု ထဲတွင် မြူမှုန်များ ခပ်ပါးပါး ရစ်သိုင်း နေပြီး၊ အန္တရာယ် အငွေ့ အသက်များ ရရှိ လာသည်။

“ ဝိညာဉ် ရေးရာ အစီရင် ....။ ”

အစီရင် တစ်ခု ထဲသို့ ဝင်ရောက် ခဲ့ကြောင်း ချက်ချင်း သိလိုက်၏။ ထို့ကြောင့် ပေါ့ပေါ့ ဆဆ မလှုပ်ရှား ဝံ့ တော့ဘဲ၊ မိုလင်း အနား တိုးကပ် သွားခဲ့ သည်။

“ ငါတို့ ဒီမှာ ... ”

အခန်း တစ်ခန်း အရောက်တွင်၊ မိုလင်းက အသံပြု လိုက်သည်။

ထို့ကြောင့် လင်းယွန်က လှည့်ပတ် ကြည့်လိုက် သော်လည်း၊ ပတ်ဝန်း ကျင်တွင် လူသူ အရိပ် အယောင်မျှ မတွေ့ ခဲ့ချေ။

ရုတ်တရက် ကြယ်ရောင်များ ဆင်းသက် လာပြီး၊ ကြယ်ရောင်စုံ ကောင်းကင်ကြီး ကဲ့သို့ ပြောင်းလဲ သွားသည်။

ကျိန်းစပ် လာသောကြောင့် မျက်စိ စုံမှိတ် ပစ်ကာ၊ ခေါင်းယမ်းလျက် ပြန်ကြည့် ယူလိုက် သည်။

ဤတစ်ကြိမ်၌ ကြယ်ရောင်စုံ ကောင်းကင်ကြီး မဟုတ် တော့ဘဲ၊ မျက်နှာကြက်တွင် ရေးထွင်း ထားသော ကြယ်ပုံ တစ်ပုံ ဖြစ်ကြောင်း၊ တွေ့လိုက် ရသည်။

ကြယ်ပုံ ပန်းချီ ကားကို၊ အနုစိတ် ကျသော ရူရ် များဖြင့် ရေးဆွဲ ပေါင်းစပ် ထား၏။

“ အဲဒါတွေ အားလုံးက စတုတ္ထတန်း ဝိညာဉ် ရေးရာ ရူရ် တွေပဲ၊ တစ်ခုချင်း စီက အဖိုး တန်တယ်၊ ... ”

“ ... ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦးက၊ သူ့ရဲ့ စိတ်ဝိညာဉ် နန်းတော် ထဲမှာ၊ ဝိညာဉ် အမှတ် အသားတွေ ပိုပြီး၊ သန့်စင်လာ နိုင်တာနဲ့ အမျှ၊ ပိုအားကောင်း လာလိမ့်မယ် ဆိုတာ မင်း နားလည်တယ် မဟုတ်လား။ ”

စတုတ္ထတန်း ဝိညာဉ် ရေးရာ ရူရ် များမှာ ရှားပါး လှသည် ဖြစ်ရာ၊ ၎င်းတို့ကို အကယ်ဒမီ၏ အခြေခံ အုတ်မြစ် အဖြစ် သတ်မှတ် နိုင်သည်။

“ စုစုပေါင်း (၇၄) လုံး ရှိတယ်၊ ဒါနဲ့ သူတို့ကို မင်း ဘယ်လို ထင်လဲ။ ”

မိုလင်းက လင်းယွန်ကို လှည့်မေး လာသည်။

“ မပြည့် စုံတဲ့ နတ်ဘုရား ရူရ်တွေ အတွက် ငါ ဒီမှာ ရှိနေ တာပါ၊ ဒါတွေနဲ့ ကျေနပ် လိမ့်မယ် လို့၊ မင်း မျှော်လင့် နေတာလား။ ”

ဤနေရာက သူ့ အမြင်ကို များစွာ ကျယ်စေ သော်လည်း၊ စိတ် ကြေနပ်မှု မပေး နိုင်သေးချေ။

ဝိညာဉ် ရေးရာ ရူရ် တစ်လုံး စီတွင်၊ သူ့ကို ချက်ချင်း ဖျက်ဆီး နိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ၊ ပါရှိ နေသည်။

“ မှန်တယ်၊ ... ဒါတွေက မပြည့် စုံတဲ့ နတ်ဘုရား ရူရ် တွေနဲ့ ယှဉ်ရင်၊ ဘာမှ မဟုတ် ပါဘူး၊ မင်း စိတ် မရှည် တော့တာ ငါသိတယ်၊ သွား ရ အောင်။ ”

မိုလင်းက ပြုံးကာ ဆိုသည်။ ထို့နောက် ဝိညာဉ် ရေးရာ ရတနာများ၊ ပြည့်နှက် နေသည့် အခန်း အတွင်းသို့၊ ဆက်လက် ရောက်ရှိ လာသည်။

၎င်းကို ဖြတ်ကာ၊ ယန္တရား ရုပ်သေး များဖြင့် ပြည့်နှက် နေသော အခန်း တစ်ခန်း အတွင်းသို့၊ ရောက်ရှိ လာပြန်သည်။

စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး အနေဖြင့်၊ ဤနေရာရှိ ရုပ်သေး တစ်ရာကို ထိန်းချုပ် နိုင်ပြီး၊ ပြိုင်ဘက် များအား အလွယ် တကူ သတ်ဖြတ် နိုင်သည်ဟု ဆိုသည်။

သို့သော် ဤအဆင့် ဆရာ သခင် များမှာ၊ ယန္တရား ရုပ်သေး များကို ထိန်းချုပ် နိုင်သော် လည်း၊ သန့်စင်ရန် မစွမ်းနိုင် သေးချေ။

နောက်ထပ် အနည်းငယ် ဆက်သွား ပြီးနောက်၊ မိုလင်းက ရပ်လိုက်ကာ၊ ‘ငါတို့ ဒီမှာ၊’ ဟု ဆိုလိုက် ပြန်၏။

“ ....... ”

အခန်းပတ်ပတ် လည်အား၊ ထပ်မံ စစ်ဆေး လိုက်သော်လည်း၊ မည့်သည့် အရပ် တွင်မှ နတ်ဘုရား ရူရ်များ ထွက်ပေါ် လာခြင်း မရှိ ခဲ့ချေ။

“ စိတ် လျှော့ ... ။ ”

မိုလင်းက ပြုံးကာ ကျောက်စိမ်းတုံး တစ်တုံး အား၊ ထုတ်ယူ လိုက်ပြီး ဝိညာဉ် စွမ်းအင်များ လောင်းထည့် လိုက်သည်။

နောက် တစ်စက္ကန့်တွင် မြေပြင်မှာ တုန်ခါ လျက်၊ အခန်း တစ်ခန်းလုံး လင်းထိန် စေသော၊ အက်ကွဲ ကြောင်းကြီး တစ်ခု ထွက်ပေါ် လာသည်။

အက်ကွဲကြောင်း အတွင်းရှိ၊ အလင်း ရောင်မှာ တောက်ပ လွန်းသဖြင့်၊ လင်းယွန် တစ်ယောက် လက်ဖဝါးနှင့် ကာလျက်၊ ချောင်းကြည့် လိုက်ရသည်။

နံရံ တစ်ချပ်လုံး ဟင်းလင်း ပွင့် လာပြီး၊ ကြမ်းပြင်၌ အောက်သို့ ငုပ်လျှိုး သွားသော လှေကား ထစ်များ၊ ထွက်ပေါ် လာသည်။

လှေကား ပေါ်မှ ဆင်းသက် လိုက်သည်နှင့်၊ နန်းတော် တမျှ ခမ်းနား လှသော အပြင် အဆင် များကို သတိထား မိလိုက်၏။

ထို့နောက် အခန်း၏ အလယ် ဗဟို၌ ရွှေရောင် အလင်းများ စူးရှစွာ ထွက်နေသော၊ ပလ္လင် တစ်ခုကို သတိပြု မိသည်။

ပလ္လင် ပေါ်၌ မီးလျှံများ ဖုံးလွှမ်း နေသည့့်၊ ရှေးဟောင်း ပုရပိုက် တစ်ချပ် ရှိ၏။

အခန်းတစ်ခု လုံးကို လွှမ်းခြုံ ထားသော အလင်း များမှာ၊ ၎င်းပုရပိုက်မှ ထွက်ရှိ လာခြင်း ဖြစ်သည်။

“ ဒါ ပဲ ...”

ပုရပိုက်မှ ထွက်ရှိသော ဖိအား များမှာ၊ နှင်းဆီ ပန်းချီကား ထဲရှိ အပြာဝတ် ဓားသမား ထံမှ၊ ထုတ်လွှတ်သည့် ရောင်ဝါ ရောင်နှင့် ဆင်တူ နေပေသည်။

ယင်းကို သတိထား မိလိုက် သည်နှင့်၊ လင်းယွန်၏ မျက်ဝန်း များက၊ ကြယ်တာရာ နှစ်စင်း ကဲ့သို့ လင်းလက် သွားကာ၊ စိတ် လှုပ်ရှားစွာ ရေရွတ် လိုက်တော့သည်။

***

All Chapters